Showing posts with label နိုင်ငံတကာရုပ်ရှင်သတင်း. Show all posts
Showing posts with label နိုင်ငံတကာရုပ်ရှင်သတင်း. Show all posts

အချစ်အတွက်......အသက်ကိုတောင်စွန့်လိုက်တဲ့ ရန်ဂျီဆန်(တောသူမလေးရဲ့ချစ်ပုံပြင်)


မြို့ပြမုဆိုး၊လျှို့ဝှက်အချစ်ဇာတ်လမ်းတွဲများတွင်ဇာတ်ပို့နေရာတွင်သရုပ်ဆောင်
ခဲ့သောရန်ဂျီဆန်သည်F.T Island ဂီတအဖွဲ့ဝင်လီဟုန်ကီး နဲ့တွဲဖက်သရုပ်ဆောင်ခဲ့သော“တောသူမလေးချစ်ပုံပြင်ဇာတ်လမ်းတွဲ”ဖြင့်
လူကြိုက်များသောသရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့ပါသည်။ဒီတစ် ပတ်တော့“တောသူမလေးရဲ့ချစ်ပုံပြင်”ဇာတ်လမ်းတွဲကိုနှစ်သက်သော
ပရိတ်သတ်တွေအတွက်သူမရဲ့အင်တာဗျူးတစ်ချို့ကိုဖော်ပြလိုက်ပါတယ်။
မေး။ရှင်ဒီဇာတ်လမ်းထဲမှာနှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာနဲ့ပတ်သတ်
လို့ဘယ်လိုခံစားရသလဲ။
ဖြေ။အစမှာတော့နှစ်ကိုယ်ခွဲကိုသရုပ်ဆောင်ရတာအဓိပ္ပာယ်ရှိလိုက်တာ
လို့ခံစားမိတယ်။ကျွန်မရီယောင်းနေရာမှာသရုပ်ဆောင်တော့ ဘယ်သူကမှကျွန်မကိုစကားပြောခွင့်မပြုခဲ့ဘူး။ဇာတ်ကောင်ပေါ်မှာ
သိပ်ဈာန်ဝင်သွားလို့တဲ့။စကားတွေမပြောပေမဲ့လည်းဇာတ်လမ်းထဲက ဇာတ်ကောင်အတိုင်းပြောင်းလဲသွားနိုင်တာပဲလေ။
မေး။နာဒိုရင်ဇာတ်ကောင်ကသိပ်ကိုခံနိုင်ရည်ရှိလွန်နေတယ်နော်။
ဇာတ်ကောင်တစ်ခုရဲ့ပုံရိပ်ကိုထိုးဖောက်နိုင်ဖို့အတွက်ဖိအားတွေ
ကတော့ရှိ နေမှာပဲ။
ဖြေ။ ဇာတ်လမ်းတွဲစပြတဲ့အပိုင်း(၁)(၂)တွေကိုကျွန်မကြည့်တောင် မကြည့်ရဲခဲ့ဘူး။ကျွန်မနာဒိုရင်ကိုသရုပ်ဆောင်တုန်းကလည်းလီဟုန်ကီး ကဘေးကနေရယ်နေတာပါးစပ်တောင်မပိတ်နိုင်ဘူးလေ။မျက်နှာကိုလည်း
မလှမပဖြစ်အောင်ပြင်ရသေးတယ်။ဘောင်းဘီပွပွကိုဝတ်ထားရတယ်။
ကျွန်မဇာတ်ကောင်ကပိုက်ဆံသိပ်ရှာနိုင်တယ်လေ။အက်ရှင်ခန်းက
လည်းပါသေးတယ်။ရိုက်ကွင်းနေရာတွေကလည်းများတယ်။ ဒါပေမဲ့သရုပ်ဆောင်ရတာပျော်စရာကောင်းပါတယ်။မနက်ဖြန်ဆို
တာတွေကိုတကယ့်ကိုပဲမစဉ်းစားခဲ့ဘူး။ရိုက်ကွင်းမှာသရုပ်ဆောင်
တဲ့အချိန်တိုင်း ငါ့တကယ့်ကိုသရုပ်ဆောင်နေတာပါလားလို့ခံစားမိတယ်။
မေး။လီဟုန်ကီးနဲ့ဒီဇာတ်လမ်းမှာသရုပ်မဆောင်ခင်၊သူ့အပေါ်မှာဘယ်
လိုအမြင်တွေရှိခဲ့သလဲ။
ဖြေ။သူကကလေးသရုပ်ဆောင်ဘ၀ကတည်းကတော်တဲ့သူတစ်ဦးလေ။
သူကိုသိတုန်းကအဆိုတော်တစ်ဦးအနေတောင်နဲ့မဟုတ်ဘူး။ သရုပ်ဆောင်အလုပ်ကိုစိတ်ပါဝင်စားလုပ်တတ်တဲ့လူတစ်ဦးပါလား
ဆိုတဲ့အတွေးတွေပါရှိခဲ့တယ်။ကျွန်မအနေနဲ့ဆိုရင်တောင်သရုပ်ဆောင် တာနဲ့ပတ်သတ်ပြီးလိုအပ်ချက်တွေရှိသေးတယ်။တစ်ခါတစ်ခါလီဟုန်ကီး
ကတောင်ကူညီရသေးတယ်။အဲဒီအတွက်သူ့ကိုတောင်ကျေးဇူးတင်ရ
တယ်။နောက်ပြီးရိုက်ကွင်းမှာလီဟုန်ကီးကရယ်စရာတွေအင်မတန်ပြော
တတ်သေးတယ်။
မေး။“တောသူမလေးချစ်ပုံပြင်”ဇာတ်လမ်းတွဲကိုနှစ်သက်တဲ့ပရိတ်သတ် တွေအတွက်စကားလေးတစ်ခွန်းလောက်ပြောပေးပါအုံး။
ဖြေ။ကျွန်မတို့တွေဒီဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့တာ၃လလောက်ကြာခဲ့
ပါတယ်။ရိုက်ကွင်းမှာကျွန်မတို့တွေအားလုံးကြိုးကြိုးစားစားအလုပ် လုပ်ခဲ့ကြပါတယ်။ပရိတ်သတ်တွေအားလုံးအားပေးကြပါလို့ပြောပါရစေ။
သက်(ref:psr project)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မြန်မာနိုင်ငံမှာ ပြသဖို့ဆင်ဆာတင်တားတဲ့ ‘ဘယ်လိုအချစ်မျိုးလဲ’



ထိုင်းနိုင်ငံတွင် လက်ရှိ ရုံတင်လျက်ရှိသော ထိုင်း-မြန်မာ ဖက်စပ်ရိုက်ကူးထားသည့် ‘ဘယ် လိုအချစ်မျိုးလဲ’ (Myanmar in love in Bangkok)ဇာတ်ကားကို မြန်မာနိုင်ငံ၌ ရုံတင်ပြသနိုင် ရန်ဆင်ဆာတင်ထားပြီး အောက် တိုဘာလကုန်တွင် ပြသနိုင်မည် ဟု မျှော်မှန်းကြောင်း Media 7 ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ပြော သည်။ 

ထိုဇာတ်ကားသည် ထိုင်း နိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားလေးတစ်ဦးနှင့် တက်တူးထိုးသော ထိုင်းမလေး တို့၏ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ရွှေ့ပြောင်းလုပ် သမားလေး 'Dan' အဖြစ် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မွန်၊ကချင်တိုင်းရင်းသား အောင်နိုင်စိုးက အဓိက သရုပ်ဆောင်ထား သည်။ ထိုင်းနိုင်ငံတွင် အောင်မြင် သလို အဆိုပါဇာတ်လမ်းသည် မြန်မာလူမျိုးတစ်ဦး၏ အကြောင်း ဦးစားပေး ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ပြသပါက ထိုင်းနိုင်ငံတွင် ပြသသည်ထက် ပရိသတ်အားပေးမှုရရှိမည်ဟု မျှော်လင့်ကြောင်း ကိုဝေမင်းမောင်က ပြောသည်။ 

ဘယ်လိုအချစ်မျိုးလဲဇာတ် ကား မြန်မာနိုင်ငံတွင်ပြသဖြစ်ပါ က ယင်းဇာတ်ကား၌ အတူတွဲ ဖက်သရုပ်ဆောင်သည့် ထိုင်းမင်း သမီး၊ အခြားသရုပ်ဆောင်များ နှင့်အတူ လာရောက်ရန်အစီအ စဉ်ရှိသလို မြန်မာပရိသတ်များ နှင့်လည်း တွေ့ဆုံသွားရန်ရှိ ကြောင်း အဓိကသရုပ်ဆောင် အောင်နိုင်စိုးကပြောသည်။ 

နှစ်နိုင်ငံ ဖက်စပ်ရိုက်ကူး ခြင်းဖြစ်သော်လည်း အဆိုပါ ဇာတ်ကားရိုက်ကူးရေးပိုင်းကို ထိုင်းနိုင်ငံဘက်မှသာ တာဝန်ယူ ရိုက်ကူးခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ပြသရန်အတွက်သာ တာဝန်ယူရ ကြောင်း ၎င်းကဆိုသည်။ 

ယင်းဇာတ်ကားကို ထိုင်း နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် စက်တင် ဘာ ၁၈ ရက်မှစ၍ ပြသလျက်ရှိ သည်။ 

7Day

ပွဲဦးထွက် ၀င်ငွေ အကောင်းဆုံး ရုပ်ရှင် စာရင်း၌ “The Maze Runner” ဇာတ်ကား ထိပ်ဆုံး နေရာယူ

နယူးယော့ခ်၊ စက်တင်ဘာ၂၁။ စက်တင်ဘာလ ၁၉ ရက် (သောကြာနေ့)က အမေရိကန်နိုင်ငံတွင် “The Maze Runner” ဇာတ်ကား ရုံတင်ခဲ့ရာ ပွဲဦးထွက်နေ့တွင် ဝင်ငွေ ဒေါ်လာ ၁၁ သန်းခန့် ရရှိခဲ့သဖြင့် ယခုအပတ်၏ ပွဲဦးထွက် ၀င်ငွေ အကောင်းဆုံး ဇာတ်ကား ဖြစ်လာခဲ့သည်။ 



ထိုဇာတ်ကား အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ဒေါ်လာ သန်း ၃၀ခန့် ဖြစ်ကာ၊ ဇာတ်ကား ဝင်ငွေသည် ပွဲဦးထွက် သုံးရက် အတွင်းတွင်ပင် ထုတ်လုပ်မှု ကုန်ကျစရိတ် ပမာဏကို ကျော်လွန်သွား ဖွယ်ရာရှိပြီး၊ စက်တင်ဘာလ အတွင်း ပွဲဦးထွက် ၀င်ငွေ အကောင်းဆုံး ဇာတ်ကား ၁၀ ကား စာရင်းတွင် ပါဝင်လာဖွယ်ရာ ရှိသည်။

ထိုဇာတ်ကားမှာ သိပ္ပံအက်ရှင် လျှို့ဝှက်သည်းဖို ဇာတ်ကားဖြစ်ပြီး၊ ဂျိမ်းစ်ဒက်ရှ်နာ၏ ဝတ္ထုကို ဒါရိုက်တာ ၀က်စ်ဘောက ရုပ်ရှင်အဖြစ် ရိုက်ကူး ထားခြင်း ဖြစ်သည်။ ထိုဇာတ်ကားတွင် အသက် ၂၃ နှစ်အရွယ် မင်းသား ဒီလ်လန် အိုဘရိုင်ယန်၊ မင်းသမီး ကာယာစကော့ ဒယ်လာရီယို၊ မင်းသား အမ်လ် အိုင်ဆန် အန်မီးန် နှင့် မင်းသား သောမတ်စ် ဆန်းစတား တို့ ပါဝင် သရုပ်ဆောင်ထားသည်။ “The Maze Runner” ဇာတ်ကားကို 21st Century Fox ကုမ္ပဏီက ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

ယခု အပတ်၏ ပွဲဦးထွက် ၀င်ငွေ အကောင်းဆုံး ဇာတ်ကားများ စာရင်းတွင် မှုခင်းဆိုင်ရာ လျှို့ဝှက်သည်းဖို ဇာတ်ကား “A Walk Among the Tombstones” က ဒုတိယ နေရာတွင် ရှိခဲ့ပြီး ပွဲဦးထွက် သောကြာနေ့တွင် ဝင်ငွေ ဒေါ်လာ ၄.၇ သန်း ရရှိ ခဲ့သည်။ ဒါရိုက်တာ ရွှန်လီဗီ၏ ဇာတ်မြူး “This is Where I Leave You” ဇာတ်ကားက တတိယ လိုက်နေပြီး ပွဲဦးထွက် သောကြာ နေ့တွင် ဝင်ငွေ ဒေါ်လာ ၃.၉ သန်း ရရှိခဲ့သည်။
by Mizzima News

ရုံတင်နေပြီ ဖြစ်တဲ့ Myanmar in Love in Bangkok (รักภาษาอะไร) “ဘယ်လိုအချစ်မျိုးလဲ”

ထိုင်းနိုင်ငံ ဘန်ကောက်ရောက် မြန်မာ အလုပ်သမားလေး “ဒန်” နဲ့ ခေတ်ဆန်ဆန် မိုက်ကန်းကန်း စတိုင်လ်နဲ့ ထိုင်းလူမျိုး တက်တူးဆရာမလေး “ကေ” တို့ရဲ့ မတူညီတဲ့ ဘဝ၊ မတူညီတဲ့ အသိုင်းအဝိုင်းနဲ့ မတူညီတဲ့ ဘာသာစကား အခက်အခဲတွေ ကြားထဲက လူငယ်သဘာဝ သံယောဇဉ် ချည်နှောင်မိတဲ့ အကြောင်းကို Tanadnung Film မှ ရိုက်ကူး တင်ဆက်ထားတာ ဖြစ်ပါတယ်။ ထိုင်းရောက် မြန်မာ အလုပ်သမားတွေ အတွက် ရင်ထဲမှာ တခုခု စွဲကျန်ရစ်နေမယ့် (Myanmar in Love in Bangkok) ရုပ်ရှင်ကို စက်တင်ဘာလ (၁၈) ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက် မြို့နယ်ထဲက မဟာချိုင် / စင်ထရမ် ဖလန် ၂ / စင်ထရမ် ဖလန် ၃ / မေဂျာ စံမရို / မေဂျာ ရန်စစ် / အက်စ်ဖလာနတ် ရချဒါ တို့မှာ ရုံတင်နေပြီ ဖြစ်တယ်ဆိုတဲ့ အကြောင်း၊ ထိုင်းတနိုင်ငံလုံးကိုတော့ မကြာမီ ရုံတင်ပြသမည် ထင်ပါကြောင်း ... ခေတ်ဆန်ဆန် မိုက်ကန်းကန်း စတိုင်လ်နဲ့ ထိုင်းလူမျိုး တက်တူးဆရာမလေး Kay (ကေ) အဖြစ် Kaew (ကယောက်)၊ ရိုးသားတဲ့ မြန်မာ အလုပ်သမားလေး Dan (ဒန်) အဖြစ် အောင်နိုင်စိုး၊ Dan ရဲ့ သူငယ်ချင်း Soe အဖြစ် စောဖောဒေး တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။

(အဉ္ဖလီ)
ဧရာဝတီ

ထိုင်းနှင့်မြန်မာအချစ်ဇာတ်လမ်း ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသပြီ


ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘ၀ တစိတ်တပိုင်းကို ပုံဖော်ရိုက်ကူး ထားတဲ့ “ဘယ်လို အချစ်မျိုးလဲ” ဆိုတဲ့ ဇာတ်ကားကို မနက်ဖြန် စက်တင်ဘာလ ၁၈ ရက်နေ့ကစပြီး ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ ရုံရှင်ရုံကြီးတွေမှာ ရုံတင်ပြသပါတော့မယ်။

ဒီဇာတ်ကားမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတယောက်နဲ့ ထိုင်းကောင်မလေးတ ယောက် တို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသား Dan အဖြစ်သရုပ်ဆောင်သူကတော့ မြန်မာအလုပ်သမား ကိုအောင်နိုင်စိုးဖြစ်ပြီး မင်းသမီး Kay ဖြစ် ထိုင်းအမျိုးသမီးလေး Kaew တို့က ပါဝင်သရုပ် ဆာင်ထားပြီး မင်းသားရဲ့ သူငယ်ချင်းတွေကလည်း ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဘန်ကောက်မြို့ကို အလုပ်လုပ်ဖို့ ရောက်ရှိနေတဲ့ မြန်မာကောင်လေးက ထိုင်းကောင် မလေးကို ဘတ်စ်ကားပေါ်တွေ့တွေ့ချင်း ချစ်မိပြီး သူတို့ရဲ့ အချစ်ဇာတ်လမ်း ဖြစ်တည်လာပုံကို ဖော်ကျူး ထားတာပါ။ ဒါ့ပြင် ဒီ ဇာတ်ကားမှာ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝတစေ့တစောင်းကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို အာဆီယံနိုင်ငံတွေ အားလုံး ပါဝင်တဲ့ အာဆီယံစီးပွားရေးအသိုက်အ၀န်း AEC အဖြစ် မကြာခင် ပူးပေါင်းတော့မှာမို့ အိမ်နီးချင်း နိုင်ငံသားတွေ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေဖို့ ဒီဇာတ်လမ်း လေးက တဖက်တလမ်းကနေ အထောက်အကူ ဖြစ်စေချင်ကြောင်း ထုတ်လုပ်သူများက ထိုင်းရုပ်သံ အင်တာဗျူးတခုမှာ ပြောပြသွားပါတယ်။

မြန်မာနိုင်ငံမှာတုန်းက လယ်သမားမိသားစုကနေ မွေးဖွားကြီးပြင်းလာပြီး ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ရင်းကနေ ထိုင်းနိုင်ငံက ရိုက်ကူးတဲ့ “ဘယ်လို အချစ်မျိုးလဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင် သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ကိုအောင်နိုင်စိုးကို ဇာတ်ကား ရိုက်ကူးမှုများ ပါဝင်ခဲ့ရပုံ၊ ကြုံတွေ့ရတဲ့ ရိုက်ကွင်းအတွေ့အကြုံတွေနဲ့ သူ့ဘ၀ အကြောင်း တစေ့တစောင်းနဲ့ ပတ်သက်ပြီး ဒီဗွီဘီ သတင်းထောက် နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
အသံဖိုင်ကို နားဆင်ရန်
https://soundcloud.com/dvbradio/nr-interview-with-aung-nai-loe-17092014