Showing posts with label ဓမ္မစေတီသတင်း. Show all posts
Showing posts with label ဓမ္မစေတီသတင်း. Show all posts

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေး သုတေသနဆပ်ကော်မတီဖွဲ့စည်းပြီး ထပ်မံရှာဖွေမည်


ဓမ္မစေ တီခေါင်းလောင်း ဆက်လက်ရှာဖွေမှု အတွက် သုတေသနပြုရေးဆပ်ကော် မတီတစ်ခုကို ယခုလအတွင်းဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ဦးဝင်းမြင့်(ရွှေ အုန်းပင်စားသောက်ဆိုင်)က ပြော သည်။
ဓမ္မစေတီခေါင်းလောင်းရှာဖွေ မှုကို မစတင်မီ ခေါင်းလောင်းရှိနိုင် သည့်နေရာကို သေချာစွာသိရှိနိုင်ရန် သုတေသပြုရေးဆပ်ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း အောက်တို ဘာ ၅ရက်တွင်ပြုလုပ်သော မွန်ဓမ္မ စေတီခေါင်းလောင်းဆယ်ယူနိုင်ရေး ဆွေးနွေးပွဲတွင် ယင်းကပြောကြားခဲ့ သည်။

''ခေါင်းလောင်းရှာဖွေဖို့အတွက် အရင်သုတေသနလုပ်မယ်။ ခေါင်း လောင်းက ရှိတာတော့ ရှိထားပြီးပြီ။ ပိုသေချာအောင်ပေါ့။ နိုင်ငံတော်ကို တင်တဲ့နေရာမှာလဲ တိကျ မှန်ကန် တာဖြစ်စေချင်တယ်။ လွဲချော်မှုတွေ မဖြစ်စေချင်တော့ဘူး''ဟု ဦးဝင်းမြင့် က ပြောသည်။

ယင်းသုတေသနအဖွဲ့တွင် နိုင် ငံတကာမှ ပညာရှင်များနှင့် ပြည် တွင်းမှပညာရှင်များ ပါဝင်မည်ဖြစ် ပြီး ဦးဝင်းမြင့်နှင့်အတူ မွန်တိုင်းရင်း သားများကလည်း ပူးပေါင်းပါဝင်ကာ ခေါင်းလောင်းရှာဖွေရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
''ခေါင်းလောင်းရဲ့ နောက်ဆုံး အခြေအနေမှန်ကို စနစ်တကျဖော် ထုတ် သုတေသနပြုပြီး ရလဒ်တွေ အပေါ်ကိုအခြေခံပြီး သိပ္ပံနည်းကျ ရှာဖွေဆယ်ယူခြင်းကို လုပ်သင့်ပါ တယ်''ဟု မွန်သမိုင်းသုတေသနအ သင်းမှ အတွင်းရေးမှူး ဦးနိုင်ရဲဇော် က ပြောသည်။

တိကျသည့် သုတေသနပြုချက် များအရ ခေါင်းလောင်းမရှိနိုင်တော့ ဆိုသည့်အဖြေထွက်လာပါက ရှာဖွေ မှုကို ရပ်ဆိုင်းသင့်ကြောင်းနှင့် မည် သည့်နေရာတွင်ရှိနိုင်သေးသည်ဆို ပါက နိုင်ငံတော်သို့ခွင့်ပြုမိန့်တောင်း ခြင်း၊ ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ဆယ်ယူရေး အသေးစိတ်စီမံချက်ရေး ဆွဲခြင်း၊ ခေါင်းလောင်းနေရာအား အတည်ပြုခြင်းတို့ကို ဆောင်ရွက်သင့် ကြောင်း ဦးနိုင်ရဲဇော်က အကြံပြုပြော ကြားခဲ့သည်။

ခေါင်းလောင်းရှာဖွေခြင်းနှင့် ပတ်သက်၍ ဦးစံလင်း၏ရှာဖွေမှုမှာ အောင်မြင်ခြင်းမရှိခဲ့ဘဲ တွေ့ရှိပြီဟု သတင်းထုတ်ပြန်ခြင်းကို ဦးဝင်းမြင့် က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားခဲ့ပြီး ဦးစံလင်းက ထိုကိစ္စ နှင့်ပတ်သက်၍ တစ်စုံတစ်ရာပြော ကြားခြင်းမရှိကြောင်းလည်း သိရ သည်။

ယင်းနှင့်ပတ်သက်၍ ဦးစံလင်း ထံသို့ ဆက်သွယ်မေးမြန်းရာတွင် ''ခေါင်းလောင်းရှာဖွေတာနဲ့ ပတ် သက်ပြီး အခုဘာမှမပြောချင်ပါဘူး'' ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရန်အတွက် မွန်စာပေနှင့် ယဉ်ကျေး မှုကော်မတီ(ရန်ကုန်)မှ ကမကထပြု ၍ ဦးဝင်းမြင့်ဦးဆောင်မှုဖြင့် မွန်ဓမ္မ စေတီခေါင်းလောင်း ဆယ်ယူနိုင်ရေး ဆွေးနွေးပွဲတစ်ခုကို အောက်တိုဘာ ၅ရက်တွင် ရွှေတိဂုံဘုရားလမ်းရှိ မွန်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ခေါင်းလောင်းရှာဖွေမှုအတွက် သုတေသနပြုရေးဆပ်ကော်မတီကို ဖွဲ့စည်းရန်အတွက် ယခုလအတွင်း မွန်တိုင်းရင်းသားများနှင့် ဒုတိယအ ကြိမ်ဆွေးနွေးပွဲတစ်ခု ထပ်မံကျင်းပ သွားမည်ဖြစ်သည်။
Yangon Media Group

ဓမ္မစေတီခေါင်းလောင်း ရှာဖွေခွင့်ရရန် ဦးဝင်းမြင့်က သမ္မတထံ ခွင့်ပြုမိန့်တင်မည်


ဓမ္မစေတီခေါင်း လောင်း ဒုတိယအကြိမ် ထပ်မံရှာဖွေခွင့်ရရှိရန် နိုင်ငံတော်သမ္မတထံ နှစ်လအတွင်း ခွင့်ပြုမိန့် တင်သွားမည်ဟု ဦးဝင်းမြင့်က စက်တင်ဘာ ၂၅ ရက်က ပဲခူးမြို့ ရွှေအုန်းပင်ထမင်းဆိုင်၌ ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

''ဓမ္မစေတီခေါင်းလောင်း ရန်ကုန်မြစ် ဆုံမှာရှိနေတယ်ဆိုတာ မွန်တစ်မျိုးသားလုံး ယုံ ကြည်တယ်။ ဒီယုံကြည်ချက်ကြောင့် နောက် တစ်ခါ ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီး သိပ္ပံ ပညာရော ဝိဇ္ဇာပညာရောပေါင်းပြီး ရှာဖွေမယ်။ ရှာဖွေခွင့်ရဖို့လဲ နိုင်ငံတော်သမ္မတထံ နှစ်လ အတွင်း ခွင့်ပြုမိန့်တင်သွားမယ်''ဟု ပြောသည်။

အဆိုပါဓမ္မစေတီခေါင်းလောင်း ထပ်မံ ရှာရာတွင် နိုင်ငံခြားမှနည်းပညာရှင်များ ကို ခေါ် ယူသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ရွှေမော် ဓောဘုရား ဂေါပကအဖွဲ့ဝင်ဦးစိုးသိန်း (တရား သူကြီး ငြိမ်း)က ''ကျွန်တော်တို့ကတော့ ဓမ္မစေတီ ခေါင်းလောင်းဆိုတာ မွန်တစ်မျိုးသားလုံးရဲ့အမွေ အနှစ်ဖြစ်သလို မြန်မာလူထုရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်ပါ။ နောက်တစ်ကြိမ် ဆက်လက်ရှာ ဖွေခွင့်ရဖို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးသွား မယ်''ဟု ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးကို ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်ကိုယ်တိုင် ၁၉၉၇ ခုနှစ် စက်တင်ဘာလအတွင်းက ခေါင်းလောင်း ရှာဖွေဆယ်ယူနိုင်ရေး ကြိုးပမ်းခဲ့သည်။ ထို့နောက် ခေါင်းလောင်းရှာဖွေရေးကို ခြောက်ကြိမ်ထက် မနည်း နိုင်ငံတော်အစိုးရနှင့်နီးစပ်သူများက ရှာ ဖွေခဲ့ကြသည်။ အလားတူ ဦးစံလင်းဦးဆောင်၍ သြဂုတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၏ ခွင့်ပြုမိန့်ဖြင့် ထပ်မံရှာဖွေခဲ့ကြသည်။

Flower News Journal

ဓမ္မစေတီခေါင်းလောင်းကြီးကို သိပ္ပံနည်းကျ ဆယ်မဲ့လူ ထပ်ပေါ်လာပြန်ပြီ

ရွှေအုန်းပင်ဦးဝင်းမြင့်က ဓမ္မစေတီခေါင်းလောင်းကြီးကို ၎င်းကိုယ်တိုင် ဆယ်ယူမည်ဟု စက်တင်ဘာ ၂၅ ရက်၊ ပဲခူးမြို့ရှိ ၎င်းပိုင်ဆိုင်သည့် ရွှေအုန်းပင် ထမင်းဆိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောဆိုလိုက်သည်။ 

ဦးဝင်းမြင့်က ပထမဆုံးအနေနှင့် ကျပ်သိန်းတစ်ထောင်နှင့် စတင်တူးဖော်မည်ဟု ဆိုပြီး ယခုတစ်ပတ်အတွင်း တိုင်းဒေသကြီးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့သို့ စာတင်သွားမည် ဖြစ်ပြီး ခွင့်ပြုချက်ရပါက ချက်ချင်းတူးဖော်သွားမည်ဟု ဆိုသည်။ 

ယခုတစ်ကြိမ်တူးဖော်မှုတွင် မြန်မာ့နည်းမြန်မာ့ဟန်များဖြင့်သာ တူးဖော်မည် မဟုတ်ဘဲ သိပ္ပံနည်းကျ စူးစမ်းလေ့လာ၍ တူးဖော်သွားမည်ဟု ဦးဝင်းမြင့်က ဆိုသည်။ 

ယခင်က ဦးစံလင်းတူးဖော်ရာတွင် ပွင့်လင်းမြင်သာသည့် သတင်း ထုတ်ပြန်မှုမရှိခဲ့ဘဲ ဦးဝင်းမြင့်ကမူ ၎င်းတူးဖော်နေစဉ် နေ့စဉ် သတင်းထုတ်ပြန် သွားမည်ဟုဆိုသည်။ 

ဦးဝင်းမြင့်သည် ဦးစံလင်းခေါင်းဆောင်သည့် ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုတွင် အဓိက အလှူငွေပံ့ပိုးခဲ့သူဖြစ်သည်။

Mizzima

ဓမ္မစေတီ ခေါင်းလောင်းတွေ့ပြီဟု ဦးစံလင်း ညာပြောခဲ့ခြင်း ဖြစ်ကြောင်း အလှူရှင် ရွှေအုန်းပင် ဦးဝင်းမြင့် ပြောကြားပြီ

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးတွင် အလှူရှင်လည်းဖြစ်၊ ကိုယ်တိုင်ကိုယ်ကျလည်း ပါဝင်ခဲ့သူ ပဲခူးရွှေအုန်းပင် မြန်မာ ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က ယနေ့ စက်တင်ဘာ ၂၅ရက်နေ့က ၎င်း၏ဆိုင်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ဓမ္မစေတီ ခေါင်းလေင်းကြီး တွေ့ပြီ၊ နဂါးများက မီးပူဇော်နေသည် စသည်ဖြင့် ပြောခဲ့သူမှာ ဦးစံလင်းသာ ဖြစ်ကြောင်း၊ နောက်ဆုံး ခေါင်းလေင်းကြီးအား မတွေ့ရှိတော့မှ ဟိုလူ၊ ဒီလူပြောသည်ဟု လွှဲချနေကြောင်း မီဒီယာများအား ရှင်းလင်း ပြောကြား ခဲ့သည်။

ဆိုခဲ့သော လိမ်ညာမှုများကြောင့် ဦးစံလင်းနှင့် ၎င်းတို့ လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း၊ သမိုင်းပညာရှင်များက အထောက်အထားမရှိဘူးပြောပေါစေ ခေါင်းလောင်းကြီးသည် ပုဇွန်တောင်ချောင်း၊ ဒေါပုံမြစ်နှင့် ပဲခူးမြစ်ဆုံအနီးတ၀ိုက်တွင် ရှိကိုရှိရမည်ဟု ယုံကြည်ကြောင်း၊ ၎င်း၏ကိုယ်ပိုင်ငွေဖြင့် ၆၂ရက်ကြာ ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရှာဖွေရာတွင် ဦးစံလင်းကဲ့သို့ နတ်၊ နဂါး စသည့် ဂမ္ဘီရလမ်းစဉ်သက်သက်ဖြင့် မဟုတ်ဘဲ ၀ိဇ္ဖာနည်း(ဂမ္ဘီရနည်း) ၅၀%၊ သိပ္ဗံနည်း ၅၀% ပေါင်းစပ်၍ ရှာဖွေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဦးစံလင်းရဲ့ နာမည်ကျော် ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှု နိဋ္ဌိတံပြီ



ဓမ္မစေတီခေါင်းလောင်း ရှာဖွေ မှု အပြီးရပ်ဆိုင်းလိုက်ပြီဟု ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ပြော ကြားလိုက်ပြီ ဖြစ်သည်။
ကုန်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ် သည့် ခေါင်းလောင်းရှာဖွေရေးအဖွဲ့ ခေါင်းဆောင် ဦးစံလင်းက စက်တင် ဘာ ၂၃ ရက်တွင် ထိုသို့ ပြောကြားခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု သိရသည်။

အဆိုပါ ဓမ္မစေတီခေါင်းလောင်းကို သြဂုတ်လ ၉ ရက်တွင် စတင် ရှာဖွေ ခဲ့ပြီး ပထမသတ်မှတ်မှု ၁၈ ရက်ပြည့် သည့်အချိန်တွင် ခေါင်းလောင်းအား တွေ့ရှိနေ၍ ကြိုး ဆိုင်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် ရှာဖွေရက် ၁၇ ရက်ကို ထပ်မံတိုးမြှင့်လိုက်ပြီး ဆက်လက်ကြိုးပမ်းနေကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ ထို အချိန်တွင် ရေငုပ်အဖွဲ့ ခေါင်းဆောင် ဦးသန်းညွန့်အဖွဲ့မှာ နေရပ်ပြန်သွားပြီး ခေါင်း လောင်းမဟုတ်ဘဲ သင်္ဘောပျက်တစ် စင်း အပါအဝင် သံပြားကြီးတစ်ခုသာတွေ့ရှိသည်ဟု ရေငုပ်အဖွဲ့က ပြောခဲ့ သည်။

”၂၆ ရက်အထိ ဦးစံလင်း ကြိုးပမ်း မှုကို လက်ခံတယ်။ အဲဒီနောက်ပိုင်းက လိမ်တဲ့ အပိုင်းရောက်သွားပြီ။ သူရှင်း လင်းပွဲ လုပ်ရင် ပြည်သူကို ရိုးရိုးသား သား ပြန်ဝန်ခံရ မယ်။ ပြည်သူ့အတွက် လည်း ဒါကြီးမားတဲ့ သင်ခန်းစာ တစ်ခု လို့ မှတ်ပါ” ဟု မွန်သမိုင်းသုတေသန အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးနိုင် ရဲဇော်က ဆိုသည်။

ထိုဓမ္မစေတီ ခေါင်းလောင်းမှာ မြစ်သုံးခွဆုံရာ ဖြစ်သည့် ပုဇွန်တောင် ချောင်း၊ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့နှင့် ထိစပ်သော နေရာတွင်ရှိသည် ဟူသော သမိုင်းအထောက် အထားများအရ ပြဆို ထားပြီး ထိုဝန်းကျင်တွင်ပင် အကြိမ် ကြိမ် ရှာဖွေခဲ့ရာ မည်သူမှမတွေ့ရှိခဲ့ ကြပေ။ ထို့ကြောင့် သမိုင်းအထောက် အထားအရ လူတိုင်း တန်ဖိုးထား ကြ သော ဓမ္မစေတီခေါင်းလောင်း၏ တန် ဖိုးမှာ ယုတ်လျော့လာပြီး လှောင်ပြောင် စရာ တစ်ခုဖြစ်နေကာ ငွေကြေးဆုံးရှုံးမှု များသာ အဖတ်တင်ကြောင်း ဦးနိုင်ရဲ ဇော်ကဆက်လက်ပြောသည်။

အလားတူပင် စက်တင်ဘာ ၂၅ ရက်တွင် ခေါင်းလောင်း ရှာဖွေရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းမြင့် က ၄င်းနေထိုင်ရာ ပဲခူးရှိ ရွှေအုန်းပင် ထမင်းဆိုင်တွင် မီဒီယာ များအား ဖိတ် ခေါ်၍ လှူဒါန်းမှု ငွေစာရင်းများ၊ ကုန် ကျစရိတ်များ၊ သင်္ဘောပေါ်တွင် လုပ် ဆောင်ခဲ့ရသည့် အခြေအနေတို့ကို တရားဝင် သတင်းစာ ရှင်းလင်းပွဲ ပြု လုပ် မည်ဖြစ်ကြောင်း ပြန်ကြားရေးတာ ဝန်ခံ ဦးကြည်ဝင်းထံမှ သိရသည်။

”ဒီရှင်းလင်းပွဲကို ဦးစံလင်းလည်း တက်ဖို့ ရှိတယ်။ သူတို့ ဦးစီးလုပ်တဲ့ကိစ္စ ကျွန်တော်တို့လည်း သေချာမသိတော့ သူတို့ကိုယ်တိုင် ရှင်းပြတာ ပိုစိတ်ဝင် စားဖို့ ကောင်းလိမ့်မယ်” ဟု ၄င်းက ပြောသည်။

လက်ရှိတွင် ခေါင်းလောင်း ရှာ ဖွေရာတွင် သုံးသည့် သောင်တူးစက်ကို လည်း ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြန်လည် သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။

အောင်ဇော်ထူး
Popular News

ဓမ္မစေတီခေါင်းလောင်း ရှာမတွေ့ပါကအလှူငွေများ ပြန်ပေးမည်


ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေ၊ ဆယ်ယူခြင်းအတွက် ပြည်တွင်း 
အလှူရှင်များလှူဒါန်းထားသည့် ငွေကျပ် ၁၃၄သိန်းအား ရိုးမဘဏ်
တွင်အပ်နှံထားပြီးခေါင်းလောင်းကြီး ရှာဖွေမတွေ့ရှိပါက အလှူရှင်
များကို ပြန်လည်ပေးအပ်သွားမည်ဟု ခေါင်းလောင်းရှာဖွေရေး ပြန်
ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက ပြောကြားခဲ့သည်။ 
အလှူငွေများ ပြန်လည်ပေးအပ်ရာ၌ အလှူရှင်များ ပြန်လည်ရယူခြင်း
မရှိပါက အလှူရှင်များ၏ဆန္ဒအတိုင်းဘုရားတစ်ဆူဆူသို့လှူဒါန်းသွား
မည်ဟုလည်း ၎င်းက ပြောဆိုသည်။ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁
နာရီတွင် သန်လျင်မြို့နယ် နတ်စင်တစ်ရာ ဘုန်းကြီးကျောင်းတွင်နတ်
စင်တစ်ရာဆရာတော်ဦးဆောင်ပြီး ဓမ္မစေတီခေါင်းလောင်းကြီးနှင့်ပတ်
သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 
"ခေါင်းလောင်းကြီးရှာဖွေနေတာကိုလာရောက်ကြည့်ရှုတဲ့ခုနစ်ရက်သား
သမီးတွေလာလှူထားတဲ့အလှူငွေက၁၃၄သိန်းရှိတယ်။ဒါကိုဦးစံလင်းက 
တစ်ကျပ် မှ ထုတ်ယူသုံးစွဲခြင်းမရှိသေးပါဘူး။သူသုံးစွဲနေတာကတခြားအ
လှူရှင်တွေလှူတဲ့ သိန်း ၁၅၀၀ထဲကသိန်း ၇၀၀လောက်ကိုသုံးစွဲနေတာ
ပါ။ ကုန်းပေါ်ကလာလှူတဲ့ အလှူငွေတွေက ဘဏ်မှာအပ်ထားပါတယ်။အ
လှူရှင်တွေရဲ့စာရင်းတွေပါ ရှိပါတယ်။ခေါင်းလောင်းကြီးမတွေ့လည်းပြန်
ပေးမယ်။ အလှူရှင်တွေဆန္ဒအတိုင်း လုပ်ပေးသွားမှာပါ" ဟုဦးကြည်ဝင်း
က ပြောဆိုသည်။ရက် ၄၀ ကျော်ဓမ္မစေတီခေါင်းလောင်းကြီးကိုဦးစံလင်း
က ဦးဆောင်ကာ ၂၀၁၄ ခုနှစ်သြဂုတ် ၈ ရက်တွင် စတင်ရှာဖွေခဲ့ခြင်း
ဖြစ်ပြီး စက်တင်ဘာ၁၅ရက် အရောက်တွင် ရှာဖွေနေခြင်းမှာ ရက်ပေါင်း 
၄၀ကျော်ခဲ့သည်။
စံတော်ချိန်

ဓမ္မစေတီ ခေါင်းလောင်း ရက်ကန့်သတ်ချက်မရှိ ဆက်ရှာမည်ဟုဆို


ဓမ္မစေတီ ခေါင်းလောင်းကြီး ကိုရက်အကန့်သတ်မရှိ ရှာဖွေ မည်ဖြစ်ကြောင်း ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်းက ပြည် ထောင်စု နေ့စဉ်သို့ ပြောသည်။
ယနေ့ ရန်ကုန်မြို့ သန်လျင် မြို့နယ်ရှိ နတ်စင်တစ်ရာ ကျောင်းတိုက်၌ နတ်စင်တစ်ရာ ဆရာတော်နှင့် ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့တို့ ပူးတွဲပြု လုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြည်ထောင်စု နေ့စဉ်သို့ သီးခြား အတည်ပြု ပြောကြား ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာ ရှင်းလင်း ပွဲ၌ နတ်စင်တစ်ရာ ဆရာတော် က''ဘုန်းကြီးအနေနဲ့ ဒီနေ့ရှင်း လင်းမိန့်ကြားရတာက မီဒီယာ တွေမှာ နတ်စင်တစ်ရာ ဆရာ တော်ကဦးစံလင်းနဲ့စသည်ဖြင့် ရေးသားချက်တွေနဲ့ပတ်သက်ပြီး မိန့်ကြားမှာ ဖြစ်ပါတယ်။ ဆရာတော့်အနေနဲ့ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့၊မွန်အထောက် အကူပြုအဖွဲ့တွေနဲ့ရင်းနှီးခဲ့တာ ကတော့နှစ်ပေါင်း၂ဝကျော်ကြာ ပြီ။ အဲဒီ့အတွက်ခေါင်းလောင်း ဆယ်ယူတဲ့ နေရာမှာအန္တရာယ်ကင်းအောင်ပရိတ် ရွတ်ပေးတယ်။ ပြီးတော့ဦးစံလင်း ခေါင်းလောင်းတွေ့ပြီလို့ကြေညာ တဲ့အချိန် ဘုန်းကြီးပြည်ပမှာ ဆေး သွားကုနေတာပါ။ မွန်အဖွဲ့တွေ ဘုန်းကြီးဆီကို ခေါင်းလောင်းတွေ့ပြီ လို့ လာလျှောက်တုန်းကလဲ ခေါင်း လောင်းကိုကြိုးချည်ပြီးမှပြန်လာပြော ပါ၊ အဲဒီအခါလိုအပ်တာကူညီမယ် လို့ဘုန်းကြီးမိန့်ခဲ့တယ်။ အခုလဲ အများပြည်သူကို မိန့်ချင်တာက ကြိုးချည်ပြီးမှယုံကြပါ။ ပြီးတော့ ဦးစံလင်းအနေနဲ့စေတနာသုံးတန် နဲ့ ဒီလုပ်ငန်းကိုဆောင်ရွက်နေတာ ပါ''ဟု မိန့်ကြားသည်။

ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံဦးကြည်ဝင်းက ခေါင်းလောင်းတွေ့ရှိခြင်းမတွေ့ခြင်း ကိုအတည်မပြုနိုင်ကြောင်း၊ ဦးစံလင်း အနေဖြင့် မီဒီယာများတွင်ဖော်ပြ သကဲ့သို့တိမ်းရှောင်သွားခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေကြောင်း ပြောသည်။

ဦးကြည်ဝင်းက''ကျွန်တော်တို့ ကနဂိုကတည်းကဓမ္မမိတ်ဆွေတွေ မို့လို့ သူ့ကိုယုံကြည်တယ်။ ခေါင်း လောင်းတွေ့ပြီလို့  သြဂုတ်လ ၂၆ ရက်ကထုတ်ပြန်တာကလဲဦးစံလင်း ကသဘောင်္ပေါ်ကနေဒီလိုထုတ်ပြန် ပါဆိုလို့ထုတ်ပြန်တယ်။ကျွန်တော် တို့ကိုယ်တိုင်ဘာမှမသိဘူး။အတည် ပြုနိုင်တာကတော့ဦးစံလင်းမထွက် ပြေးပါဘူး။ ခုထိဆက်ရှာနေတယ်။ ရက်အကန့်အသတ်မရှိဘူး။ ဆက် လုပ်မယ်။ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလဲ ခွင့်ပြုပေးထားတယ်။ ဦးစံလင်းကိုယ်တိုင်ကလဲ အရမ်း ဇွဲကြီးပါတယ်''ဟုပြောသည်။

ထို့ပြင်ဦးစံလင်းအနေဖြင့်ခေါင်း လောင်းဆယ်ယူရေးလုပ်ငန်း၌အလှူ ရှင်များ၏လှူဒါန်းငွေကို အသုံးပြု ခြင်းမရှိကြောင်း ¤င်းကဆိုသည်။
''ဘုန်းကြီးသိရသလောက်ဒီငွေ တွေကိုသူမထိဘူး။မနေ့ကတောင် အလှူရှင်တစ်ဦးကငွေကျပ်သိန်း၁ဝဝ လာလှူတယ်။ သူလက်မခံဘူး။ ဒါပေမယ့်ဆရာတော်က လိုအပ် လာနိုင်လို့ လက်ခံထားခိုင်းလိုက် တယ်။ သူ့ကိုယ်ပိုင်ငွေတတ်နိုင် တဲ့အထိသူဆက်လုပ်ပါလိမ့်မယ်'' ဟုဆရာတော်ကမိန့်သည်။

ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ အနေဖြင့် ခေါင်းလောင်းကြီးကို ရှာဖွေတွေ့ရှိပြီဟု သြဂုတ် ၂၅ ရက်တွင်တရားဝင်ထုတ်ပြန်ခဲ့ပြီး သြဂုတ် ၂၆ရက်အပြီးဆယ်ယူမည် ဟု မူလကထုတ်ပြန်ကြေညာခဲ့ သည်။
သြဂုတ်၉ရက်တွင်ခေါင်းလောင်း စတင်ဆယ်ယူခဲ့ရာ ယနေ့အထိ ၄၂ ရက်ရှိသွားပြီဖြစ်သည်။

The Union Daily

ခေါင်းလောင်းဟု သတင်းမှားယွင်းထုတ်ပြန်ခဲ့မှုအတွက် ဦးစံလင်းက ၀န်ချတောင်းပန်

ခေါင်းလောင်းမဟုတ်ဘဲသံကိုယ်ထည်တစ်ခုလို့  ပြောပြီ
ဓမ္မစေတီခေါင်းလောင်းဟု မှားယွင်းထုတ်ပြန်ခဲ့မိတဲ့ ရေငုတ်သမားတွေရှာတွေ့ ခဲ့တဲ့အရာ ၀တ္ထုမှာ သံကိုယ်ထည်ပစ္စည်းတစ်ခုသာဖြစ်ကြောင်း ခေါင်းလောင်းရှာဖွေရေးမှာကူညီနေသူတွေက
ယနေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောကြားပါတယ်။
ယင်းကဲ့သို့ မှားယွင်းထုတ်ပြန်ခဲ့တဲ့ရက်ပိုင်းမှာ ကြီးကြပ်ကူညီပေးနေတဲ့ နတ်စင်တစ်ရာဆရာတော်ကလည်း ဆေးကုသရန်ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး ပြန်ရောက်လာတော့ သတင်းမှားယွင်းထုတ်ပြန်ခဲ့မှု ကို ဦးစံလင်းက၀န်ချတောင်းပန်ကြောင်းမိန့်ကြားပါတယ်။

Author အောင်ဖြိုးမွန်
photo အေပီ
Kumudra

ဦးစံလင်းနှင့် အဆက်အသွယ် မရရှိတော့ဟု ခေါင်းလောင်းရှာဖွေရေး အရန်ကော်မတီဝင် ပြောဆို

ခေါင်းလောင်းကို ကြိုးချီနေပြီဟု ထုတ်ပြန်ထားသော်လည်း လက်တွေ့ ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းနှင့် အဆက်အသွယ် မရရှိတော့ကြောင်း ခေါင်းလောင်းရှာဖွေရေး အရန်ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မင်းအောင်က ပြောဆိုသည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုအတွက် ထပ်မံတိုးမြှင့်ထားသည့် သတ်မှတ်ချိန် နောက်ဆုံးရက်သို့ ရောက်ရှိပြီ ဖြစ်သော်လည်း ရှာဖွေရေးအဖွဲ့မှ မည်သည့်သတင်းမျှ ထုတ်ပြန်ခြင်း မရှိသည်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အန်ကယ်တို့ဆီကိုလည်း ဘာမှ လှမ်းပြောတာ မရှိတော့ အန်ကယ်တို့လည်း ဘာမှ မထုတ်ပြန်ပေးနိုင်ဘူး” ဟု ၎င်းကပြောဆိုသည်။

ယင်းကဲ့သို့ ဦးစံလင်း၏ ညွှန်ကြားချက် မရရှိသဖြင့် ၎င်းတို့အနေနှင့် ဦးစံလင်းရှိရာ ခေါင်းလောင်း ရှာဖွေနေသည့် သင်္ဘောသို့ သွားရောက်ရန်လည်း မဖြစ်နိုင်ကြောင်း ဦးနိုင်မင်းအောင်က ထပ်လောင်း ပြောဆိုသည်။

ခေါင်းလောင်း ရှာဖွေနေချိန်က ရှာဖွေမှုနှင့် ပတ်သက်သည့် သတင်းများကို အဆိုပါ အရန်ကော်မတီက မကြာခဏ ထုတ်ပြန်ခဲ့သော်လည်း ခေါင်းလောင်းကြီး တွေ့ပြီဟု ကြေညာခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ နောက်ပိုင်းတွင် အဆိုပါကော်မတီ အနေနှင့် သတင်းထုတ်ပြန်နိုင်ခြင်း မရှိတော့ပေ။

အဆိုပါ ခေါင်းလောင်းကြီးကို မူလက သြဂုတ်လ ၂၆ ရက်နေ့တွင် နောက်ဆုံးထား ဆယ်ယူသွားမည်ဟု အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ကြေညာခဲ့ပြီး ဆယ်ယူနိုင်ခြင်း မရှိခြင်းကြောင့် ရှာဖွေချိန် ၁၇ ရက်ကို ထပ်တိုး သတ်မှတ်ထားခြင်း ဖြစ်ရာ စက်တင်ဘာလ ၁၂ ရက် (ယနေ့) သည် နောက်ဆုံးရက် ဖြစ်သည်။

ယင်းကိစ္စကို မေးမြန်းရန် ဦးစံလင်း အပါအဝင် ပုံမှန် သတင်းထုတ်ပြန် ပြောကြားလေ့ ရှိသည့် ရှာဖွေရေး အထောက်အကူပြုအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဦးကြည်ဝင်းတို့၏ လက်ကိုင်ဖုန်းများသို့ The Voice က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီ ဖြစ်ကြောင်း သြဂုတ်လ ၂၆ ရက်နေ့တွင် ဦးစံလင်းက ထုတ်ပြန် ကြေညာထားသော်လည်း ခေါင်းလောင်းရှာဖွေမှုတွင် ပါဝင်ခဲ့သည့် ကော့သောင်းဒေသမှ ရေငုပ်သမားအချို့ကမူ ခေါင်းလောင်းကြီးနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ တွေ့ရှိထားခြင်း မရှိကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့က ယင်းရေငုပ်အဖွဲ့ ခေါင်းဆောင်က ပြောဆိုထားသည်။

ရှာဖွေရေးကာလ တစ်လတာအတွင်း မည်သည့်ထူးခြားမှုမျှ မတွေ့ရှိရသဖြင့် ရေငုပ်သမား ငါးဦးမှာလည်း နေရပ်ပြန်သွားခဲ့ပြီ ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း ဦးစံလင်းအဖွဲ့က တစ်စုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိပေ။
The Voice

ဓမ္မစေတီ ခေါင်းလောင်းတူးဖော်မှု နတ်စင်တရာ ဆရာတော် ရှင်းလင်းမည်

စက်တင်ဘာလ ၁၄ ရက် (တနင်္ဂနွေနေ့) နေ့လည် ၁ နာရီ၌ သန်လျင်မြို့နယ် ၊ ကျိုက်ခေါက်ဘုရား အလွန် နတ်စင်တရာကျောင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်နိုင်ကြောင်း သိရသည်။
ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ရန်ကုန်မြစ် စသည့် မြစ် ၃ ခု ဆုံရာ ရန်ကုန်မြစ်ဝ အနီးတွင် ရက်ပေါင်း ၃၄ ရက် အကြာ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ဓမ္မစေတီ ခေါင်းလောင်း တူးဖော်မှုမှာ ယနေ့အချိန်ထိ ထူးခြားမှု မရှိဘဲ လူစိတ်ပါဝင်စားမှုပါ လျော့ကျလာသဖြင့် ခေါင်းလောင်းကြီး ဆယ်ယူတူးဖော်နေမှုနှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေများအား နတ်စင်တရာ ဆရာတော်ကြီးက ရှင်းလင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဓမ္မစေတီ ခေါင်းလောင်းကို တူးဖော်နေသည့် ဦးစံလင်းနှင့် အဖွဲ့မှာ သတင်းထုတ်ပြန်မှု မရှိခြင်း ၊ ခေါင်းလောင်းရှာဖွေနေသည့် ရေငုတ်သမား ခေါင်းဆောင် ဦးသန်းညွှန့်ဆိုသူက မွန်သတင်းအေဂျင်စီ တခုအား ခေါင်းလောင်းတွေ့ရှိခြင်းမှာ လုံးဝ မဟုတ်မှန်ဘဲ သဘောင်္ပျက် တစီးသာ တွေ့ရှိခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းတို့ကြောင့် ထိုအကြောင်းအရာများကို ပြည့်ပြည့်စုံစုံ သိရှိထားသည့် နတ်စင်တရာ ဆရာတော်ကြီးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ဓမ္မစေတီခေါင်းလောင်းကြီးနှင့် ပတ်သက်သော သတင်းများ မီဒီယာများသို့ အစဉ်တစိုက် ဖြေကြားပေးနေသူ အထောက်အကူပြုအဖွဲ့မှ ဦးကြည်ဝင်းက “ အခု ဖြစ်ပျက်နေတဲ့ ကိစ္စတွေ အားလုံးကို ဆရာတော်ကြီးက သိတယ်။ ရေငုတ်သမား ကိစ္စ ၊ ငွေရေး ကြေးရေး ကိစ္စတွေ အပါအ၀င် အကုန်လုံး ရှင်းပြလိမ့်မယ် ” ဟု ဆိုသည်။
သို့သော် ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရန် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၅၅ လမ်းတွင် ဖွဲ့စည်းထားသော အထောက်အကူပြု အဖွဲ့မှ ဦးနိုင်မင်းအောင်ကမူ ဦးစံလင်းနှင့် အဆက်အသွယ်မရသည်မှာ အချိန်ကြာပြီ ဖြစ်ကြောင်း၊ ကြိုးစားဆက်သွယ်သော်လည်း ဖုန်းပိတ်ထားကြောင်း ဧရာဝတီသို့ ပြောသည်။
“ ရေငုတ်သမားတွေက သဘောင်္ပျက်တွေ့တာကို ဦးစံလင်းက ခေါင်းလောင်း တွေ့တယ်ဆိုပြီး သတင်းထုတ်တဲ့ သဘော ဖြစ်သွားတယ်။ ကြည့်ရတာ ဘိုးတော်အခါ ပေးတာကို လိုက်လုပ်တဲ့သဘောမျိုးပဲ ” ဟု အထောက်အကူပြု အဖွဲ့ဝင် တဦးက ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှု စတင်ခဲ့စဉ် သြဂုတ်လဆန်းပိုင်းမှ စက်တင်ဘာ လကုန်ပိုင်းအထိ ခေါင်းလောင်းရှာဖွေရာ နေရာအနီးသို့ စိတ်ပါဝင်စားသူ ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှု့ခဲ့သော်လည်း ယခုအခါ လာရောက်ကြည့်ရှု့လေ့လာသူ နည်းပါးလျက် မရှိသလောက်ပင် ဖြစ်နေကြောင်း သိရသည်။

From: ဧရာဝတီ

ခေါင်းလောင်းရှာဖွေရေးခေါင်းဆောင်ဦးစံလင်းနှင့် သဘောထားကွဲလွဲသည်မှာ မဟုတ်ကြောင်း မတည်အလှူရှင် ဦးဝင်းမြင့် ငြင်းဆို

ဓမ္မစေတီခေါင်းလောင်း ရှာဖွေနိုင်ရေးအတွက် မတည်အလှူရှင်အဖြစ် ပါဝင်ခဲ့
သူ ဦးဝင်းမြင့်နှင့်ရှာဖွေရေးအဖွဲ့ခေါင်းဆောင်ဦးစံလင်းတို့အကြားခေါင်းလောင်း
ရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင်အချင်းချင်းယုံကြည်မှုလျော့နည်းလာသဖြင့် 
သဘောထားကွဲလွဲသည်မှာမဟုတ်မှန်ကြောင်းဦးဝင်းမြင့်က ငြင်းဆိုသည်။ 
ဦးဝင်းမြင့်အနေဖြင့် ယုံကြည်မှုလျော့နည်းလာသည့်အတွက် စက်တင် ဘာ ၈ 
ရက်တွင် ရှာဖွေရေးအဖွဲ့တည်းခိုရာ ဗညားလတ်သင်္ဘော (အပေါ်ပုံပေါ်မှဆင်း
သွားခဲ့သည်ဟူသည့် သတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ စံတော်ချိန်ကစက်တင်
ဘာ ၁၀ ရက် နံနက်ပိုင်းတွင်ဆက်သွယ်မေးမြန်းရာ၎င်းကယင်းကဲ့သို့ ငြင်းဆို
ခဲ့ခြင်းဖြစ်သည်။ 
"မော်တင်စွန်းကို ရောက်နေပါတယ်။ ရေအဓိဋ္ဌာန် ၂၅ ရက်ပြီးလို့ကုန်းအဓိဋ္ဌာန် 
၂၅ရက် ၀င်နေပါတယ်။ လက္ခတ်တောင်ကိုလည်း ဘာသာရေးကိစ္စလေး ရှိလို့ 
သွားဦးမယ်။ ဦးစံလင်းနဲ့သဘောထားကွဲလွဲတယ်ဆိုတာမဟုတ်ပါဘူး" ဟုဦးဝင်း
မြင့်ကရှင်းပြသည်။ခေါင်းလောင်းတူးဖော်မှုအခြေအနေများနှင့်ပတ်သက်၍ သ
တင်းထုတ်ပြန်ရေးတွင် ပါဝင်ခြင်းမရှိသဖြင့် ဦးစံလင်းကိုသာမေးပါဟု ၎င်းက 
ဆက်လက်ပြောဆိုခဲ့သည်။ 
အထက်ပါအကြောင်းအရာကိစ္စအပါအ၀င် ခေါင်းလောင်းတူးဖော်မှု အခြေအ
နေများနှင့်ပတ်သက်၍ ဦးစံလင်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း
ဖုန်းခေါ်ဆိုမှုကို ပြန်လည်တုံ့ပြန် ဖြေကြားမှုများ မပြုခဲ့ပေ။ဓမ္မစေတီခေါင်းလောင်း
ရှာဖွေတူးဖော်မှုနှင့် စပ်လျဉ်းသောသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဇူလိုင် ၂၅
ရက်က ရန်ကုန်မြို့ အောကစ်ဟိုတယ်၌ပြုလုပ်ခဲ့သည်။တူးဖော်မှုလုပ်ငန်းကို 
သြဂုတ်၈ရက်က စတင်ခဲ့ပြီး သြဂုတ်၁၅ရက်တွင် ရေငုပ်သမားများကရှာတွေ့
ခဲ့ကြောင်း နတ်စင်တစ်ရာဆရာတော်က မိန့်ကြားခဲ့သည်။ ခေါင်းလောင်းတူးဖော်
ရာတွင် မြစ်ရေအခြေအနေ၊ ရာသီဥတုအခြေအနေများကြောင့် ခေါင်းလောင်း
ဆယ်ယူရေးလုပ်ငန်းလုပ်ဆောင်ရန် နောက်ထပ် ၁၇ ရက်ထပ်တိုးလုပ်ဆောင်
သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၅ရက်ကကြေညာခဲ့သည်။ 
ယင်းနောက်ခေါင်းလောင်းရှာဖွေရေးအဖွဲ့ခေါင်းဆောင်ဦးစံလင်းကခေါင်းလောင်း
ရှာတွေ့နေပြီဖြစ်ကြောင်း သြဂုတ် ၂၆ရက် တွင်တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ 
ထို့အပြင်ခေါင်းလောင်းဆယ်ယူရာတွင်အရေးကြီးသောအချိန်ရောက်နေ၍ဆယ်ယူ
မှုလုပ်ငန်းများကို သတင်းထုတ်ပြန်ပေးမည်မဟုတ်ကြောင်း၊ပြည်သူများကစိတ်ရှည်
သည်းခံပြီး စောင့်ဆိုင်းပေးရန်နှင့် ခေါင်းလောင်းကြီးကုန်းပေါ်ရောက်မှသတင်းထုတ်
ပြန်ပေးမည် ဖြစ်ကြောင်းကိုလည်း ဦးစံလင်းက သြဂုတ်၂၈ရက်၌ ထပ်မံကြေညာခဲ့
သည်။ ထို့နောက် စက်တင်ဘာ ၈ရက်တွင် ဓမ္မစေတီခေါင်းလောင်းအား ကြိုးချည်
ရန် ကြိုးစားနေသည်မှာ မဟုတ်ဘဲ ခေါင်း လောင်းရှာဖွေရေးလုပ်ငန်းများကိုဆက်
လုပ်ဆောင်နေဆဲအဆင့်သာဖြစ်ကြောင်း အဆိုပါခေါင်းလောင်းရှာဖွေဆယ်ယူရေး
၌ ပါဝင်သူတချို့က စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

စံတော်ချိန်

ခေါင်းလောင်းတွေ့ခြင်း မတွေ့ခြင်းထက် တူးဖော်မှုအခြေအနေမှန်သတင်းထုတ်ပြန်ပေးရန် အချိန်ကျရောက်ပြီဟု ပြည်သူများထောက်ပြ

ဓမ္မစေတီခေါင်းလောင်းရှာဖွေ တွေ့ရှိခြင်း၊ မရှိခြင်းထက် ခေါင်းလောင်း တူးဖော်မှု
အခြေအနေများကို အမှန်အတိုင်းသတင်းထုတ်ပြန်ပေးရန် အချိန်ကျ ရောက်ပြီဖြစ်
ကြောင်း ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းကို စိတ်ဝင်စားသည့်ပြည်သူများက
ထောက်ပြပြောဆိုသည်။ 
'ခေါင်းလောင်းရှာဖွေတွေ့ရှိမှုအခြေအနေတွေကို သတင်းစာရှင်းလင်းပွဲမှာ
ပြောတဲ့ပုံစံနဲ့ အခုလုပ်နေတဲ့ပုံစံတွေက တခြားစီဖြစ်နေတယ်။ သတင်းကလည်း ဘယ်သူမှ
တိတိကျကျမသိတော့ ကောလာဟလတွေက ပိုပြီးထွက်လေဖြစ်နေတယ်' ဟု ခေါင်း
လောင်းရှာဖွေတူးဖော်ရာ လုပ်ငန်းခွင်သို့ လာရောက်ကြည့်ရှုသူ တာမွေမြို့နယ်နေ
ကိုစိုးရီက ပြောဆိုသည်။ 
ဓမ္မစေတီခေါင်းလောင်းကြီးအား ရှာတွေ့ပြီဖြစ်ကြောင်း သြဂုတ် ၂၆ ရက်တွင်
ဦးစံလင်းက ကြေညာထားပြီး လက်ရှိတွင် ခေါင်းလောင်းကြိုးချည်ခြင်းလုပ်ငန်းလုပ်
ဆောင်နေ၍ သတင်းထုတ်ပြန်ခြင်းမပြုနိုင်သေးကြောင်း ကြေညာထားသော်လည်း
ဆယ်ယူရေးအဖွဲ့တွင် ပါဝင်သူအမည်မဖော်လိုသူအချို့ကမူ ခေါင်းလောင်းကြီးအား 
ယခုအချိန်အထိ မတွေ့ရှိသေးဘဲ ရှာဖွေနေဆဲဖြစ်ကြောင်းစက်တင်ဘာ ၈ ရက်က 
စံတော်ချိန်သို့ပြောကြားထားသည်။ 
'အမှန်အတိုင်းသတင်းထုတ်ပြန်ပေးဖို့တော့လိုတယ်။ အစိုးရအဖွဲ့က ခွင့်ပြု
တဲ့ပုံလည်းမှားတယ်။ ဘယ်နေ့ဘယ်အချိန်မှာ အခြေအနေဘယ်လိုရှိကြောင်း
ထတ်ုပြန်ပေးရမယ်ဆိုတာလည်း ပြောထားရမယ်'ဟု ခေါင်းလောင်းဆယ်ယူရေး
လုပ်ငန်းများတွင် သမိုင်းမှတ်တမ်းရေးခဲ့သူ စာရေးဆရာ ဒေါက်တာချစ်စံဝင်းက
ပြောဆိုသည်။ 
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းကို
ယုံကြည်၍ခေါင်းလောင်း ဆယ်ယူမှုလုပ်ငန်းအခြေအနေများကို သတင်း
ထုတ်ပြန်ပေးနေခြင်း ဖြစ်ကြောင်းအထောက်အကူပြု အဖွဲ့မှ ဦးကြည်ဝင်းက
စံတော်ချိန်သို့ စက်တင်ဘာ ၉ ရက်၌ပြောဆိုသည်။ 
'ဦးစံလင်းက သူ့ကိုယ်ကျိုးမပါဘဲခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းကို
လုပ်နေတာ။ သူ့ရဲ့သီလ၊ သမာဓိကိုယုံကြည်လို့ ကျွန်တော်တို့က သူပြောတဲ့
အရာတွေကို ပြည်သူတွေသိအောင်သတင်းထုတ်ပြန်ပေးတော။ အခုလည်း
ခေါင်းလောင်းလို့ ယူဆရတဲ့အရာကိုကြိုးချည်ဖို့ကြိုးစားနေတယ်လို့သိရတယ်'
ဟု ဦးကြည်ဝင်းက ပြောဆိုသည်။ 
အဆိုပါ ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုအခြေအနေကို သတင်းသေချာ
မထုတ်ပြန်ြခင်း နှင့်ပတ်သက်၍ သုတေသီဆရာဘုန်းတင့်ကျော်က 'သတင်းထုတ်
ပြန်တာ အားရစရာမရှိဘူး။သောင်တူးစက် တစ်ခုတည်းနဲ့ရှာနေတာလည်း
လုံးဝဘ၀င်ကျစရာမရှိဘူး။ သိပ္ပံနည်းမကျတဲ့ပညာဗဟုသုတ မရှိတဲ့သူ၊နတ်
နဂါးတွေရဲ့ အကြံဥာဏ်နဲ့ ရှာဖွေနေတာကို သမိုင်းပညာရှင်လောကမှာရော၊
သိပ္ပံလောကမှာရော အားလုံးက ပြုံးစိစိတွေ ဖြစ်ကုန်ကြတာပေါ့'ဟု ပြောဆို
သည်။ 
'ဦးစံလင်းကို ဘယ်သူကမှ မခိုင်းထားဘူး။ သူ့ပိုက်ဆံနဲ့သူ ရိုးရိုးသားသား
လုပ်ဆောင်နေတာ။ ကျွန်တော်တို့ကလည်း သူ့ကိုယုံကြည်လို့ သတင်းထုတ်ပြန်
ပေး နေတာ'ဟု ခေါင်းလောင်းဆယ်ယူရေးအထောကအ် ကြူပုအဖွဲ့မှ ဦးသန်းစိန် က
ပြောဆိုသည်။ 
ခေါင်းလောင်းဆယ်ယူရေးတွင်ပါဝင်သူအချို့ကမူ ရေငုပ်သမားလေး
ဦးခန့်နှင့် ရှာဖွေရေးလုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေသည်ဟု ပြောကြား
ထားသော်လည်း အထောက်အကူပြုအဖွဲ့ကမူ ယင်းသတင်းမှာမဟုတ်မှန်
ကြောင်း၊ ခေါင်းလောင်းကြိုးချည်ခြင်းလုပ်ငန်းများကို ရေငုပ်သမား ၁၀ ဦး ကျော်ဖြင့်
ဆက်လက်လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ထားသည်။ 
'ခေါင်းလောင်းဆယ်ယူရာမှာအပြိုင်အဆိုင် အနှောင့်အယှက်တွေရှိနေ
တယ်။ အခုက အရေးကြီးတဲ့အချိန်ရောက်နေလို့ သတင်းမထုတ်ပြန်သေးတာပါ။
ကုန်းပေါ်ရောက်ရင် သေချာသတင်းထုတ်ပြန်ပေးမယ်လို့ ဦးစံလင်းက ပြော
ကြားထားပါတယ်'ဟု ဦးကြည်ဝင်းက ဆိုသည်။ 
ဓမ္မစေတီခေါင်းလောင်းရှာဖွေတူးဖော်မှုကို သြဂုတ် ၈ ရက်က စတင်ခဲ့ပြီး
သြဂုတ် ၁၅ ရက်တွင် ရေငုပ်သမားများကရှာတွေ့ခဲ့ကြောင်း နတ်စင်တစ်ရာဆရာ
တော်က မိန့်ကြားခဲ့သည်။ ယင်းနောက်ခေါင်းလောင်းရှာဖွေရေးအဖွဲ့ခေါင်း
ဆောင်ဦးစံလင်းက ခေါင်းလောင်းရှာတွေ့နေပြီဖြစ်ကြောင်း သြဂုတ် ၂၆ ရက်၌
တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ 
ခေါင်းလောင်းတူးဖော်ရာတွင် မြစ်ရေအခြေအနေ၊ ရာသီဥတုအခြေအနေ
များကြောင့် ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းလုပ်ဆောင်ရန် နောက်ထပ် ၁၇
ရက်ထပ်တိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်က ကြေညာခဲ့
သည်။ ယင်းနောက် ခေါင်းလောင်းဆယ်ယူရာတွင် အရေးကြီးသောအချိန်ရောက်နေ
၍ ဆယ်ယူမှုလုပ်ငန်းများကို သတင်းထုတ်ပြန်ပေးမည်မဟုတ်ကြောင်း၊ ပြည်သူ
များက စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းပေးရန်နှင့် ခေါင်းလောင်းကြီးကုန်းပေါ်
ရောက်မှ သတင်းထုတ်ပြန်ပေးမည်ဟုလည်း ဦးစံလင်းက ကြေညာထားသည်။

စံတော်ချိန်

ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှုမှာ စက်တင်ဘာ ၈ရက်တွင် တစ် လပြည့်ပြီဖြစ်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာမရှိသေး


ရန်ကုန်၊

ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူမှုမှာ စက်တင် ဘာ ၈ ရက်တွင်တစ်လပြည့်ပြီ ဖြစ် သော်လည်း ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။

ခေါင်းလောင်းရှာဖွေမှု အတွက် ဦးစံလင်းတို့အဖွဲ့မှ သြဂုတ်လ ၈ ရက်တွင် ဗညားလတ်သုံးထပ်သင်္ဘော နှင့်ပရိတ်ရွတ်ခြင်းများပြုလုပ်၍ ရန် ကုန်ဆိပ်ကမ်းမှ ယခုခေါင်းလောင်း တူးဖော်ရာနေရာသို့ စတင်ထွက်ခွာ ခဲ့ပြီး သြဂုတ်လ ၉ရက်တွင် ရေထဲ သို့ စဆင်းကာ ယခုစက်တင်ဘာလ ၈ ရက်တွင် တစ်လပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

''ဘာမှထူးခြားတာတော့ မရှိ သေးပါဘူး။ အခုလက်ရှိသူတို့အား လုံး ကျန်းကျန်းမာမာနဲ့ တူးဖော်မှု ကို ဆက်လက် လုပ်ဆောင်နေတယ်။ အင်တာနက်မှာ ကရိန်းကြိုးနဲ့ ခေါင်း လောင်း
သယ်တယ်ဆိုတာကလဲ ကော လာဟလတွေပါ''ဟု ပြန်ကြားရေး အဖွဲ့မှ ဦးကြည်ဝင်းက ပြောသည်။

ဦးစံလင်းမှာ ခေါင်းလောင်းတွေ့ ရှိပြီဖြစ်ပြီး နှစ်ပတ်အတွင်း ကုန်းပေါ် အရောက်တင်မည်ဟု ဇူလိုင် ၂၅ ရက် တွင်ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားထားပြီး သြဂုတ် ၂၆ရက်တွင်လည်း ပြန်ကြားရေးအဖွဲ့ မှ ခေါင်းလောင်းတွေ့ရှိပြီဟု သတင်း ထုတ်ပြန်ခဲ့သည်။ 

သို့သော် ခေါင်းလောင်းတည်ရှိ ရာနေရာနှင့် မည်သို့မည်ပုံ ဆယ်ယူ မည်ဆိုသည်ကို အတိအလင်း သတင်း ထုတ်ပြန်ခြင်းများ လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။

''ယုံတဲ့သူလဲ ရှိသလို မယုံတဲ့ သူလဲရှိတယ်။ သူတို့အနေနဲ့လဲ မတွေ့ ဘဲနဲ့တော့ သိန်းထောင်ချီအကုန်ခံ တူးမှာမဟုတ်ဘူး။ အဲတော့ စောင့် ကြည့်ရမှာပဲ။ ဘယ်သူမှ အတိအကျ ပြောနိုင်တာမဟုတ်ဘူး'' ဟု ခေါင်း လောင်းဆယ်ယူရာနေရာသို့ လာ ရောက်ကြည့်ရှုသူ ဦးခင်စိုးက ပြော သည်။

ခေါင်းလောင်းတူးဖော်ရာ နေရာ အနီးတစ်ဝိုက်တွင် သာသနာ့အလံ လွှင့်ထူထားသော ရေယာဉ်ငယ်တစ်စီး မှလည်း အနီးတစ်ဝိုက်သို့ လှည့်လည် သွားလာနေကြောင်း သိရသည်။

သောင်တူးခြင်းလုပ်ငန်းကို ရေ ကျချိန်တွင်ပြုလုပ်ကာ သံမဏိကြိုး နှစ်ကြိုးကိုရေထဲသို့ ချထားကြောင်း လည်း သမ္ဗန်သမား ကိုထွန်းအောင် ကပြောသည်။

''ရေကျချိန်ဆိုရင် သောင်တူး ပြီး ရေငုပ်တာတွေလုပ်တာ တွေ့ တယ်။ သံမဏိကြိုးတွေကိုလဲ ရေ ထဲကို လျှော့ပြီးချထားတာ တွေ့ရ တယ်။ ရေငုပ်ချိန်ဆိုရင်တော့ သမ္ဗန် လေးထွက်လာတယ်''ဟု ယင်းက ဆက်လက်ပြောသည်။

ယင်းအပြင် ယခုရက်ပိုင်းအ တွင်းကလည်း ခေါင်းလောင်းကြီး ဆယ်ယူရရှိနေပြီဆိုပြီး ရိုက်ကူးထား သည့်ဓာတ်ပုံများလည်း ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိနေ ကြောင်းလည်း သိရသည်။

''ဒီပုံတွေကဖိုတိုရှော့လား၊ အ မှန်လားတော့မသိဘူး။ ခေါင်းလောင်း ပုံနဲ့တော့တူတယ်။ အမှန်တကယ် ဆိုရင်တော့ သတင်းထုတ်ပြန်မှာပေါ့။ အဝေးက ရိုက်ထားတာဆိုပေမယ့် အနီးကပ်ဆိုရင် ခေါင်းလောင်းပုံက အတော်ကြီးတဲ့ပုံပဲ။ အမှန်ဆိုရင် တော့ အနီးကပ်ကြည့်ချင်တယ်'' ဟု ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ကိုသက်နိုင်က ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ခေါင်း လောင်းဆယ်ယူရေး ပြန်ကြားရေးအ ဖွဲ့မှတာဝန်ရှိသူ ဦးကြည်ဝင်းက ''ဒီဓာတ်ပုံက အမှန်မဟုတ်ပါဘူး။ အဲ ဒီလောက်လဲ မလွယ်ကူပါဘူး။ အမှန် တကယ်ဆယ်ယူရရှိပြီဆိုရင် သတင်း ထုတ်ပြန်ပေးမှာပါ'' ဟု ပြောသည်။

ခေါင်းလောင်းတူးဖော်မှုလုပ်ငန်း ကို ဆက်လက် လုပ်ဆောင်လျက်ရှိပြီး အေးရှားပွိုင့်ဘိုးလိန်းဝင်းအတွင်း လာရောက်ကြည့်ရှုသူ သိသာစွာ လျော့ကျသွားကြောင်းလည်း သိရ သည်။

လက်ရှိတွင် ခေါင်းလောင်းကို ကြိုးသိုင်းမှုလုပ်ငန်းများ လုပ်ကိုင် လျက်ရှိနေပြီး တူးဖော်ရရှိပါက ရွှေတိဂုံစေတီတော်တွင် ပြန်လည် တင်လှူမည်ဟုလည်း ခေါင်းလောင်း ဆယ်ယူရေးပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဓမ္မစေတီခေါင်း လောင်းဆယ်ယူမှုလုပ်ငန်းများကို ပြီးခဲ့သည့် သြဂုတ် ၈ရက်နေ့က စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယင်း ခေါင်းလောင်းကြီး ဆယ်ယူရန်အ တွက် ရေငုပ်သမားဆယ်ဦး အပါ အဝင်အဖွဲ့ဝင် ၈ဝဖြင့် လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။

MTZ
Democracytoday

ဓမ္မစေတီခေါင်းလောင်းအစစ် တွေ့ပြီ

ယနေ့ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ဒေါပုံမြစ်သုံးခွဆိုင်တွင် သြဂုတ်လ (၉)ရက်နေ့မှစ၍ ဆယ်ယူနေကြ သည့် ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းပြောပါဆိုလျှင် ထိုနေရာတွင် ဓမ္မစေတီခေါင်းလောင်းရှိ၊ မရှိတော့မပြောနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ သမိုင်းပညာရှင် သမိုင်း သုတေသီ တယောက်မဟုတ် ၍ ဖြစ် ပါသည်။ လက်တွေ့ကျကျ မွန်ဘုရင် ဓမ္မစေတီမင်းကြီး သွန်းလောင်းတော်မူခဲ့သည့် ဓမ္မစေတီခေါင်းလောင်း စစ်စစ် ကိုပြပါ ဆိုလျှင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် အင်္ဂါထောင့်(အရှေ့ထောင့်) ရှိ ခေါင်းလောင်းကြီးကိုပဲ ညွှန်ပြလိုပါသည်။ ထိုခေါင်းလောင်းကြီးသည် သက္ကရာဇ် ၈၃၃-ခုနှစ်တွင် ဓမ္မစေတီမင်း ဟံသာဝတီထီးနန်းကို စိုးစံပြီးနောက် သွန်းလောင်းခဲ့ကြောင်း ပဲခူးရွှေမော်ဓောသမိုင်း စာမျက်နှာများ၌ ဖော်ပြထားပါသည်။ ရွှေသာလျောင်းသမိုင်းစာအုပ်တွင် ရွှေမော်ဓောရင်ပြင်ရှိ ခေါင်းလောင်း
ကြီး၏ ကြေးပိဿာချိန်မှာ (၇၀၀၀)ရှိကြောင်းနှင့် ယခုဆယ်ယူနေသည့် ခေါင်းလောင်းကြီး၏ ပိဿာချိန်မှာ (၁၀၀၀၀) သာရှိကြောင်း ဖော်ပြ ထားသည်ကို ဖတ်ရှုရပါသည်။

ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းကိုပြောလျှင် ဓမ္မစေတီမင်း ဖြစ်ပေါ်လာပုံကိုလည်း သိဖို့လိုမည်ဟု ထင်ပါသည်။

ဓမ္မစေတီမင်းသည် ထိုခေတ် ဟံသာဝတီ နေပြည်တော်(ယခုပဲခူး မြို့)တွင် မွန်တိုင်းရင်းသား အဖ ဦးဗောဓိကနှင့် အမိ ရှင်မိထပ်တို့မှ သက္ကရာဇ်(၇၇၁) တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။ငယ်မည်မင်းထန် ဖြစ် သည်။ အရွယ်ရောက်သော် သာသနာ့ဘောင်ဝင်၍ ရှင်ဓမ္မဓရဘွဲ့တော်ဖြင့် အင်း ၀နေပြည်တော် သို့ စာသင်သွားသည်၊ သူနှင့်အတူ ပဲခူးပုဂံတောင်သား ရှင်ဓမ္မဉာဏလည်း အတူပါသွား သည်။

ထိုအချိန်တွင် နောင် ဟံသာဝတီဘုရင်မကြီးဖြစ်လာမည့် ဗညားထောဘွဲ့ခံ(မွန်လူမျိုးများက ရှင်စောပု ကို စောပို့မယ်ဟု ခေါ်ကြသည်) ရှင်စောပုသည် အင်းဝဘုရင်၏ မိဘုရားအဖြစ် အင်းဝနေပြည်တော် သို့ ရောက်ရှိနေချိန်ဖြစ်သည်။ အင်းဝတွင် လုံးဝမပျော်ပိုက်သဖြင့် ဟံသာ ၀တီ(ပဲခူး)သား ရဟန်းနှစ်ပါးဖြစ် သည့် ရှင်ဓမ္မဓရနှင့် ရှင်ဓမ္မဉာဏတို့၏ အကူအညီဖြင့် ရှင်စောပုအား ဟံသာဝတီ(ပဲခူး) သို့ ခေါ်ဆောင် လာခဲ့သည်။ ထိုအချိန်ကာလတွင် ရှင်စောပု၏အသက်သည် (၅၃)နှစ်ထဲရောက်ပြီဖြစ် သည်။ ရှင်စောပုကို ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်မင်းနှင့် မိဖုရား သုဒ္ဓမာယာတို့မှ သက္ကရာဇ် (၇၅၇)ခုနှစ်၊ တပေါင်းလဆန်း (၁၂)၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။ အသက် (၁၅)နှစ်အရွယ်တွင် ရာဇာဓိရာဇ်မင်း ၏တူတော် သမိန် စည်သူနှင့် လက်ဆက်ခဲ့သည်။ ၎င်းနှင့်သမီး သမိန်တကာတော်နှင့် နှဲတကာသင် သမီးနှစ်ဦး ဗညာဗရူခေါ် သမိန်ဗရူးသား တယောက်ဖွားမြင်သည်။ အသက် (၂၅)နှစ်တွင် သမိန်စည်သူ ကွယ်လွန်ပြီး အင်းဝဘုရင် ဆင်ဖြူရှင်၏မိဖုရားအဖြစ် အင်းဝသို့ပါသွားခြင်းဖြစ်သည်။

သို့ဖြင့် ဟံသာဝတီ(ပဲခူး)သို့ ပြန်ရောက်ပြီး ၈၁၄ ခုနှစ် သက်တော် (၅၃)နှစ်တွင် ဧကရီဘွဲ့ထူးခံ၍ ရှင်စောပု ဘုရင်မကြီးဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဘုရင်မကြီးဖြစ်ပြီးနောက် မိမိအား အင်းဝမှကယ်တင်ခဲ့သော ရဟန်းနှစ်ပါး အနက် ရှင်ဓမ္မဓရအား လူဝတ်လဲစေကာ သမီးတော်နှဲတကာသင်နှင့် လက်ထပ်ပေးကာ ဓမ်္မစေတီ ဘွဲ့ထူးခံ၍ အိမ်ရှေ့ဥပရာဇာအပ်နှင်းလေ သည်။

ရှင်စောပုသည် သက္ကရာဇ် ၈၁၄ မှစတင်နန်းစံခဲ့ပြီး ၈၃၃ ခုနှစ်တွင် သမက်တော် ဓမ္မစေတီမင်းအား နန်းအပ်၍ ရန်ကုန်သို့ကြွ၍ နန်းစံလေသည်။

ဓမ္မစေတီမင်းသည် ရာမာဓိပတိဘွဲ့ခံ၍ ဟံသာဝတီပဲခူးကို အုပ်ချုပ်တော်မူသည်။

ဓမ္မစေတီဟူသည်မှာ (ဓမ္မ)ပိဋကသုံးပုံတရားအဆီအနှစ်တို့ကို သိသောကြောင့် (စေတီ)သည် လူတို့၏ ပူဇော်ရာဖြစ်၍ ဓမ္မစေတီဟုခေါ်သည်။ အဓိပ်္ပါယ်ကား ကျွန်ုပ်သည် ဘုရားရှင်ဟောကြားအပ်သော ဓမ္မပိဋက သုံးပုံ၏ တရားအဆီအနှစ်တို့ကို သိသူဖြစ်သည်။ ထို့ကြောင့် လူတို့ထက် မြတ်ကာ လူတို့၏ပူဇော်ခြင်းငှာ ထိုက်သည်။ ထို့ကြောင့် ဓမ္မစေတီဟုခေါ် ဆိုခြင်းဖြစ်သည်။

ရာမာဓိပတိဆိုသည်ကာ ကုသိမတိုင်း= ပုသိမ်+ ဥက္ကလာပတိုင်း ဟံသာဝတီ မုတ္တမတိုင်းစသည့် မွန်တိုင်း သုံးရပ်ကို တရားနှင့်အညီ အုပ်ချုပ်သောကြောင့် ရာမာဓိပတိ၊ တနည်းအားဖြင့် မွန်တိုင်းအားလုံးကို မင်းကျင့် တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်သော မွန်ဘုရင်တပါးဖြစ်၍ ရာမာဓိပတိခေါ်ဆိုကြောင်း ကလျာဏီကျောက် စာ အခြေပြုရေးသားသည့် ကလျာဏီသိမ်တော်ကြီးသမိုင်းတွင် ဖော်ပြထားပါသည်။

ဓမ္မစေတီမင်းသည် ဗုဒ္ဓစာပေပိဋကအရာတွင် သူမတူအောင် ကျွမ်း ကျင်တတ်မြောက်သလို အင်းအိုင်ဂါထာ မန္တရား အတတ်တွေလည်း အထူး ကျွမ်းကျင်သည့် ဘုရင်တပါးဖြစ်သည်။

ယခု ရွှေမော်ဓောရင်ပြင်တော်ရှိ ခေါင်းလောင်းကြီး၏အတွင်းပိုင်းတွင် အင်းကွက်များကိုတွေ့ရသလို အပြင် ဘက်၌လည်း မွန်-မြန်မာပါဠိ စာများအပြင် ခေါင်းလောင်းအထက်ပိုင်းတွင် အင်းကွက်များကို တွေ့ရ သည်။ ၎င်းခေါင်းလောင်းကြီး၏မျက်နှာဝအကျယ်သည် ၅ ပေ ၁ လက်မ ခန့်ရှိပြီး ခေါင်းလောင်းနှုတ်ခမ်းမှ အပေါ် ဆုံး ချိတ်ကွင်း အထိ ၆ ပေခန့် မြင့်သည်ကို တွေ့ရှိရသည်။ ဓမ္မစေတီမင်းသည် လူတို့၏ပူဇော်ရာဆိုတာ မှန်ပေလိမ့်မည်။ အချို့သော ဘုရားဖူးလာသူများသည် ခေါင်းလောင်းကြီးအား ပူဇော်ကန်တော့ကြသည် ကိုလည်း တွေ့ရသည်။

သက္ကရာဇ် ၈၃၃ ခုနှစ်မှ သက္ကရာဇ် ၈၅၄ ခုနှစ်ထိ (၂၁)နှစ်တိုင် နန်းစံခဲ့သော ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းသည် သူနန်းတက်သည့် အချိန်မှစ၍ ခေါင်းလောင်းများစွာ သွန်းလောင်းခြင်း၊ ကျိုက်ပွန် ဘုရား၊ ရွှေဂူကြီး၊ ရွှေဂူလေးဘုရား၊ ကလျာဏီသိမ်တော်ကြီးနှင့် အခြားသိမ်များ စွာတို့ကို ဆောက်လုပ်၍ ဟံသာဝတီ၌သာ များစွာစိုးစံသည်ကိုတွေ့ရှိရ သည်။ ခေါင်းလောင်းကြီးသည် ဓမ္မစေတီနန်းတက်ပြီး သွန်းလောင်း၍ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လှူဒါန်းခဲ့သော ဓမ္မစေတီခေါင်း လောင်းအစစ် အမှန် ဖြစ်ပါသည်။

သို့ပါ၍ ရွှေတိဂုံစေတီတော်မှ ငဇင်ကာသယ်သွားသည့် ကြေးပိဿာချိန် တသိန်းရှစ်သောင်း ရှိသော ခေါင်းလောင်းကြီးရှိ၏ မရှိ၏၊ ရေထဲကျ၏ မကျ၏၊ ပိဿာချိန်မှန်၏ မမှန်၏တော့ သိလည်း မသိ၍ ဝေလည်းမဝေဖန် လိုပါ။ ဝေဖန်ရန်အတွက်လည်း ဉာဏ်မရှိပါကြောင်း ရိုးသားစွာဝန်ခံပါသည်။ 

ယခု စာရေးသူတွေ့ရှိရသည့် ပဲခူးရွှေမော်ဓောမှ ခေါင်းလောင်းကြီး သည်ဓမ္မစေတီခေါင်းလောင်း အစစ်အမှန်ဖြစ်ကြောင်း မျက်မြင်ထင်ရှား တွေ့ရှိရ၍ ဓမ္မစေတီခေါင်းလောင်းတွေ့ပြီဖြစ်ကြောင်း တင်ပြ လိုက်ရခြင်း ဖြစ်ပါသည်။

မိုးမြင့်လွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)