Showing posts with label ဖုန်းသတင်း. Show all posts
Showing posts with label ဖုန်းသတင်း. Show all posts

Nippy S50 ကို CAT မှထုတ်လုပ်ဖြန့်ချီ


အကြမ်းဒဏ်ခံနိုင်သောပစ္စည်းများကိုမှ ထုတ်လုပ်ဖြန့်ချီတဲ့ CAT ကုမ္ပဏီက ယခုတစ်ဖန် Nippy S50 အမည်ရ စမတ်ဖုန်းကိုမိတ်ဆက်ဖြန့်ချီလိုက်ပါပြီဖြစ်သည်။

ကြမ်းကြမ်းတမ်းတမ်းအသုံးပြုသော စမတ်ဖုန်းသုံးစွဲသူများအတွက် ကြမ်းတမ်းစွာလည်း အသုံးပြုနိုင်သလို စတိုင်ကျကျ စမတ်ကျကျလည်း အသုံးပြုနိုင်မည့် Nippy S50 တွင် အခြားသော အကြမ်းခံ ဖုန်းများထက် များစွာ သာလွန်ကောင်းမွန်တဲ့ပစ္စည်းများပါဝင်နေတာကြောင့် Samsung နှင့်အခြားသော စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီများ၏ဖုန်းများနှင့်ဈေးကွက်ယှဉ်ပြိုင်လာနိုင်မည်ဖြစ်သည်။


Nippy S50 ၏ဖုန်းကိုယ်ထည်ကို အကြမ်းခံနိုင်စေနိုင်ရန် ဒီဇိုင်းပြုလုပ်ထားရုံသာမက လက်ရှိတွင်ကျယ်စွာအသုံးပြုလျက်ရှိသော ဖုန်းကွန်ယက်ဖြစ်သည့် 4G ကွန်ယက်တွင်ပါ အသုံးပြုနိုင်သည်။ အပြင်ဘက်တွင် ဆောင့်ကျသည့် ဒဏ်များကိုခံနိုင်ရန်အတွက် ရာဘာ အခွံ (Shock absorbent rubber) ပါဝင်သည့် Nippy S50 ကို အမေရိကန်ဒေါ်လာ ၄၉၉ ခန့်ပေးချေရဖွယ်ရှိနေသည်။ Nippy S50 တွင် ပရိုဆက်ဆာအဖြစ် မြန်နှုန်းမြင့် 1.2Ghz quad core ပရိုဆက်ဆာ၊ App မျိုးစုံကိုအဆင်ပြေစွာအသုံးပြုနိုင်ရန်အတွက် Andriod 4.4 (Kitkat)၊ ဖုန်မှုန့်နှင့် ရေစိုဒဏ်ခံနိုင်မှုအတွက် အဆင့်သတ်မှတ်ချက်

IP67 ရရှိထားပြီး မျက်နှာပြင် အဖြင့် အက်ကွဲမှုဒဏ်ခံနိုင်ရည်ရှိသော ၄့၇ လက်မအရွယ် Gorilla glass 3 ကိုအသုံးပြုထားသည်။ ဓါတ်ပုံနှင့် ဗီဒီယို ရိုက်ကူးမှုအတွက် HD ဗီဒီယိုများကိုရိုက်ကူးနိုင်မည့် 8Mp ကင်မရာနှင့် မှတ်ညာဏ်သိမ်

းဆည်းနိုင်ရန်အတွက် 8GB built in မန်မိုရီနှင့် ထပ်ဆောင်း အချက်လက်များသိမ်းဆည်ရန်အတွက် SD Card Slot များပါဝင်သည်။

MPT ၁၅၀၀ တန် ဆင်းမ်ကတ် တရားဝင် အရောင်းဆိုင်များ အမြတ်ထုတ် ရောင်းချ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၁၅၀၀ ကျပ်ဖြင့် လွတ်လပ်စွာ ရောင်းချပေးမည်ဟု ကြေညာထားသော WCDMA ဆင်းမ်ကတ်များကို MPT က တရားဝင် ရောင်းချခွင့် ပြုထားသော အရောင်းကိုယ်စားလှယ်များက ဆင်းမ်ကတ် သီးခြားရောင်းချခြင်း မပြုဘဲ ပုံစံမျိုးစုံဖြင့် အမြတ်ထုတ် ရောင်းချကြကြောင်း ကိုယ်တိုင် ကြုံတွေ့သူများက ပြောဆိုသည်။


MPT ဆင်းမ်ကတ်များကို ဟန်းဆက်နှင့် တွဲရောင်းခြင်း၊ ငွေဖြည့်ကတ် အနည်းဆုံး ကျပ်တစ်သောင်းခွဲဖိုး ဝယ်ယူမှသာ ရောင်းချခြင်း စသဖြင့် အမြတ်ထုတ် ရောင်းစားမှုများ ပြုလုပ်ကြကြောင်း ဈေးကွက်အတွင်းထံမှ စုံစမ်းသိရှိရသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ လသာလမ်းရှိ တရားဝင် ရောင်းချခွင့်ရ ဖုန်းဆိုင်တစ်ဆိုင်သို့ ဆက်သွယ်မေးမြန်းရာတွင် ရောင်းချခွင့် အရေအတွက် ခွဲဝေရာတွင် အခြားတရားဝင် ကိုယ်စားလှယ်များထက် ဆင်းမ်ကတ်ခွဲတမ်း ရရှိမှု နည်းပါးခြင်းကြောင့် ယင်းသို့ ရောင်းချရခြင်း ဖြစ်ကြောင်း ယင်းဆိုင်မှ တာဝန်ရှိသူက ဆိုသည်။

“MPT အနေနဲ့ ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ဝယ်လို့ရမယ် တရားဝင် ကြေညာထားလို့ သူတို့ပြောထားတဲ့ ဆိုင်တွေမှာ သွားဝယ်တော့ ဟန်းဆက်တစ်လုံး ဝယ်မှ ဆင်းမ်ကတ် ရောင်းမယ်ဆိုတော့ ဘာမှမထူးဘူး။ သူတို့အနေနဲ့ ဒီလိုမျိုးတွေ လုပ်တာ မကောင်းဘူး။ ပွင်းလင်းမြင်သာမှု မရှိဘူး” ဟု နေပြည်တော် မြို့မဈေးအနီးတွင် နေထိုင်သော ဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။

MPT ၁၅၀၀ တန် ဆင်းမ်ကတ်များကို ရောင်းချခွင့် ရရှိထားသော ကိုယ်စားလှယ်ဆိုင် အချို့မှာ ဟန်းဆက်တစ်လုံး ဝယ်ယူမှသာ ဆင်းမ်ကတ် ရောင်းချမည် ဆိုသောကြောင့် ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချသော Elite မိုဘိုင်းလ်ဆိုင်နှင့် KMD ဖုန်းဆိုင်များတွင် လူအများအပြား အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူကြရကြောင်း ဆင်းမ်ကတ်များ ဝယ်ယူရန် စောင့်ဆိုင်းနေသူများက ပြောဆိုသည်။

ဆင်းမ်ကတ်များ လာရောက်ဝယ်ယူသူ များပြားသောကြောင့် ဆင်းမ်ကတ် ရောင်းချသည့် အချိန်ကို နှစ်ပိုင်းခွဲပြီး ရောင်းချရကြောင်း KMD ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဆင်းမ်ကတ်ဝယ်ဖို့ မနက် ၁၀ နာရီလောက်တည်းက စောင့်နေတာ။ ၂ နာရီလောက် စောင့်လိုက်ရတယ်။ ဈေးနှုန်းကတော့ ၁၅၀၀ ပဲ ပေးရတယ်” ဟု ဗိုလ်အောင်ကျော် Elite ဖုန်းအရောင်းဆိုင်ခွဲတွင် ဆင်းမ်ကတ် ဝယ်ယူလာသော ဦးသက်အောင်က ဆိုသည်။

ယင်းကြောင့် MPT ဆင်းမ်ကတ်များ၏ ပြင်ပပေါက်ဈေးမှာ ကျပ်တစ်သောင်း ငါးထောင်ခန့် ဖြစ်နေကြောင်း ဈေကွက်အတွင်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁၅၀၀ တန် ဆင်းမ်ကတ်များကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးကို ပထမအသုတ် အနေနှင့် ဆင်းမ်ကတ်ပေါင်း ခုနစ်သိန်းကို ရောင်းချသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly

၁၅၀၀ တန် MPT ဆင်းကဒ်များ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ရောင်းချမှုမြင်ကွင်းများ






၁၅၀၀ တန် MPT ဆင်းကဒ်များ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ရောင်းချမှုမြင်ကွင်းများ
ဓာတ်ပုံ - ကျော်ကျော် (AF)
Popular Myanmar News Journal

MPT ရဲ့ ၁၅၀၀တန် WCDMAကတ်တွေ လိုသလောက်ဝယ်နိုင်ပြီ


စက်တင်ဘာလ ၁ရက်နေ့မှစတင်ပြီး Elite Asia Megalink
အစရှိတဲ့ ဆိုင်တွေနဲ့ လက်လီဆိုင်တွေမှာ MPT ရဲ့ ကျပ်၁၅၀၀ တန်
WCDMA ဆင်းကတ်တွေကို မည်သူမဆိုဝယ်ယူနိုင်ပြီလို့သိရပါတယ်။
တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နယ်ပေါင်း ၂၅၀ ခန့်မှာ ဝယ်ယူနိုင်မှာဖြစ်ပြီး နေထိုင်တဲ့လူဦးရေ အနည်းအများပေါ်မူတည် ပြီး ဆင်းကတ်အရေအတွက် သတ်မှတ်ချထားပေးတာလို့ သိရပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတဦးက '' လိုသလောက်ကို
open ရောင်းပေးမှာပါ။ အရောင်းဆိုင်နဲ့ရောင်းနိုင်တဲ့ အင်အားပေါ်မှာ
ခွဲပြီးချထားပေးတာ။ Asia Mega link | Elite | တာမိုးညဲ စတဲ့distributor တွေရှိတယ်။ သူတို့ဆိုင်တွေမှာလည်းဝယ်လို့ရတယ်။''
လို့ပြောပါတယ်။
Author ရဲလင်းလင်းသန်း
Kumudra