Showing posts with label ပြည်တွင်းရုပ်ရှင်သတင်း. Show all posts
Showing posts with label ပြည်တွင်းရုပ်ရှင်သတင်း. Show all posts

အကယ်ဒမီ စာရင်းဝင် ဇာတ်ကား သုံးကားတွင် "စေတန်ရဲ့ ကချေသည်" ဇာတ်ကားကို အကြိုက်ဆုံးဟု နေတိုးကဆိုပြီ


၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီ ဆုချီးမြင့်ပွဲတွင် နေတိုး ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ကား သုံးကားပါရှိပြီး ယင်းဇာတ်ကား သုံးကားအနက် "စေတန်ရဲ့ ကချေသည်" ဇာတ်ကားကို သဘောကျ နှစ်ခြိုက်သည်ဟု နေတိုးက မဇ္ဈိမကိုပြောသည်။


“ဒီနှစ်ထဲ မှာ ကျွန်တော့် ရဲ့ ဇာတ်ကားတွေနဲ့ ပရိသတ် ရင်ခုန်လို့ရမယ့် ဇာတ်လမ်း တွေတော့ မနည်း မများပါနေတယ်။ ဒီနှစ်က ကျွန်တော့် အနေနဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင်တယ်။ ဒီအပေါ် မှာ အမှတ်ပေး အကဲဖြတ်ရွေးချယ်တဲ့ အပေါ်မှာပဲ အဓိကကျတယ်။ အရှင်းဆုံး ပြောရရင် ပရိသတ် နဲ့အတူ ရင်ခုန်ရ မယ့်နှစ်တစ်နှစ် လို့တော့ ကျွန်တော် မြင်မိပါတယ်" ဟု၎င်းကဆိုသည်။

နေတိုးသည် စေတန်ရဲ့ကချေသည်၊ စုန်းပြူးနှင့် အဖြူရောင်ရဲတိုက် ဇာတ်ကား သုံးကားတွင်ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ယင်းဇာတ်ကား များသည် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား ၁၅ ကား၏ ဆန်ခါတင် ၆ ကားရွေးချယ်ခဲ့ရာ၌ ပါဝင်လာခြင်းဖြစ်သည်။

"ဒီဇာတ်ကား သုံးကားလုံးက ခက်ခဲတဲ့ ကာရိုက် တာတွေပါပဲ။ “စေတန်ရဲ့ ကချေသည်” ဇာတ်ကားကို ကျွန်တော် အားရကျေနပ်မှု ရှိပါတယ်။ ဇာတ်လမ်း တင် ပြမှု မဟုတ်ဘဲ နဲ့ဇာတ် ကောင် အနေနဲ့ မြန်မာ ပရိသတ် ရင်ထဲကိုရော တကယ်ကို ထိထိမိမိ ဖြစ်မှာက “စုန်းပြူး” ဇာတ် ကားလို့ ပြောလို့ရတယ်။ “အဖြူရောင်ရဲတိုက်” ကတော့ ခက်ခဲတဲ့ ဇာတ်ကောင်စရိုက်လို့ ပြော လို့ရတယ်။ တအားကြီး ပင်ပင်ပန်းပန်းကြီး မလုပ်ရပေမယ့် စိတ်ထဲမှာ ခံစားနေရတဲ့ ပုံစံမျိုး ကို တင်ပြရတဲ့ အခါ ကျတော့ ရင်မောစေတယ်။ ဘယ်ဇာတ်ကား ကို ပိုပြီး ကြိုက်တယ်လို့ မေးလာရင်တော့ ဇာတ်ကောင် တစ်ခုအရ ဆိုရင်တော့ ဇာတ်ကောင်တိုင်း ကိုကြိုက် တယ်။ ဇာတ်ကား အရပြောရရင်တော့ နှစ်ကားက ကျွန်တော် မကြည့်ရသေးဘူး။ “စေတန်ရဲ့ ကချေသည်” ကိုတော့ ဇာတ်လမ်းရဲ့ တင်ဆက်မှု ပိုင်းရော၊ ဒါရိုက်တာရဲ့လုပ်ထားတဲ့ အပိုင်းရော တော်တော်လေးကို သဘော ကျနှစ်သက်မိပါတယ်" ဟု ၎င်းသရုပ်ဆောင်ခဲ့သည့် ဇာတ်ကောင်စရိုက်နှင့် ပတ်သက်ပြီးပြောသည်။

နေတိုးသည် ၂ဝဝ၉ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ပွဲတွင် “မိုးညအိမ်မက်မြူ” ဇာတ်ကားနှင့် အကောင်းဆုံး ဇာတ်ဆောင်ဆုကို ပထမဆုံး ရရှိခဲ့သူ တစ်ဦး ဖြစ်သည်။

by mizzima

" ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ " ဖြစ်ရပ်မှန်ဇာတ်ကား



၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့သော သမိုင်းဖြစ်စဉ် တစ်ခု ဖြစ်သည့် ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ အကြောင်းကို ပရိသတ် ကြိုက်မည့် စစ်ကား ပုံစံဖြင့် ရိုက်ကူးရန် ရှိကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုး က ပြောကြားသည်။ 
အဆိုပါ ဖြစ်ရပ်မှန် ရုပ်ရှင်တွင် သမိုင်းဖြစ်စဉ် တိုက်ပွဲပေါင်း ၂၀ ခန့် ပါဝင်မည် ဖြစ်ပြီး ယင်း အချိန်က တပ်မတော် အင်အား အနည်းငယ်ဖြင့် အင်အားများသည့် ဗကပ ( ဗမာပြည် ကွန်မြူနစ် ပါတီ ) ကို ကျားကုတ် ကျားခဲ တိုက်ခိုက် ခဲ့ရသော တိုက်ပွဲများ အကြောင်းကို ပရိသတ် အကြိုက် စစ်ကားကြီး အဖြစ် ပုံဖော် ရိုက်ကူးမည် ဖြစ်ကြောင်း ၊ နာမည်ကျော် သရုပ်ဆောင် များစွာအပြင် သရုပ်ဆောင် အသစ် များလည်း ပါဝင်မည် ဖြစ်ကြောင်း ဒါရိုက်တာ ပန်းချီ စိုးမိုး က ပြောကြားသည်။ 
ယင်း ဇာတ်ကားကို ယခုလတွင် စတင် ရိုက်ကူးရန် ရည်မှန်း ထားကြောင်း ၊ ဖြစ်စဉ် အမှန်တကယ် ဖြစ်ပွား ခဲ့သည့် ကြိုးတံတား သို့ သွားရောက် ရိုက်ကူးမည် ဖြစ်ပြီး တိုက်ပွဲ ၂၀ စလုံးကို ထည့်သွင်း ရိုက်ကူး သွားမည် ဖြစ်ကြောင်း လည်း သိရသည်။ 
" ဇာတ်လမ်း making ကတော့ လုပ်မှာပါ ၊ ဒါပေမဲ့ တကယ် ပါခဲ့တဲ့ အထင်ကရ ဇာတ်ကောင် တွေကိုတော့ ဇာတ်လမ်း လုပ်လို့ မရဘူး ၊ သူတို့ ဇာတ်လမ်း တွေကိုတော့ အမှန်အတိုင်း ပဲ ရိုက်ရမယ် ၊ ဒီအထဲက ရဲဘော်လေး တစ်ယောက် ဒါမှမဟုတ် တပ်ကြပ် တစ်ယောက် အကြောင်းကို ဇာတ်လမ်း ဆင်ပြီး ရိုက်မယ် ... " ဟု ပန်းချီ စိုးမိုး က ပြောသည်။ 
မြန်မာ့ တပ်မတော် ၏ သမိုင်းကြောင်း ကို ရိုက်ကူး ပုံဖော်ထားသော ကြယ်စင်မော်ကွန်း ဇာတ်ကားသည် ဒါရိုက်တာ ပန်းချီ စိုးမိုး ရိုက်ကူး ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက် ရုပ်ရှင် ထူးချွန်ဆု ပထမ အဆင့် ရွေးချယ်ရေး အဖွဲ့က ဆန်ခါတင် ရွေးချယ် ခဲ့ကာ ရုပ်ရှင် ၆ ကားတွင်လည်း ပါဝင်လျက် ရှိကြောင်း သိရှိရသည်။ 
ဇာညီသစ္စာ
TheMyawadyDaily