Showing posts with label အနုပညာရေးရာ. Show all posts
Showing posts with label အနုပညာရေးရာ. Show all posts

မိတ်ကပ်အထူးပြုလုပ်ချက်ပညာရှင် Hanna Yuri


မိတ်ကပ်ပညာရှင် Hanna Yuri အနေနဲ့ မိတ်ကပ်နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို သင်ကြားပို့ချပေးဖို့ အတွက် မိတ်ကပ်စတူဒီယို တစ် ခုကို အမှတ် ၁၂၊ ပန်းခြံလမ်း၊ စမ်းချောင်းမြို့နယ်မှာ ဖွင့်လှစ်ထားကြောင်း သိရပါတယ်။


” Yuri တို့ အခုလောလောဆယ် မိတ်ကပ် စတူဒီယိုဖွင့်ထားတယ်။ အလှအပမိတ်ကပ်လေးတွေကို မြန်မာမိန်းကလေးတွေအနေနဲ့ ဘယ် လိုပြင်ရမလဲ၊ ပြီးတော့ Professional Make Up Artist အနေနဲ့ သင်တန်းပို့ချနေတာရှိတယ်။ အခု ပထမ Class က ပြီးတော့မယ်။ ဒါက Soft Opening ပဲရှိသေးတယ်ရှင့်။ တကယ်ဖွင့်မှာက နိုဝင်ဘာလမှာပါ” လို့ Hanna Yuri က ပြောပါတယ်။


Hanna Yuri အနေနဲ့ ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “ဝိညာဉ်စိမ်း” ဇာတ်ကားကြီးမှာ မိတ်ကပ်အထူးပြုလုပ်ချက်တွေကိုလည်း တာဝန်ယူထားပါတယ်။ ပုပ္ပားမှာ သွား ရောက်ရိုက်ကူးနေတဲ့ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးမှာ Hanna Yuri အနေနဲ့ ဘယ်လိုတာဝန်ယူ ထားလဲဆိုတာကတော့ ” ညီမတို့ကဇာတ်ကားတစ်လျှောက်လုံးဆိုရင် ဦးကျော်သူရယ်၊ ဦးရန်လေး(ရန်အောင်)ရယ်ကို သရဲဇာတ်ကောင် အနေနဲ့ ပြင်ရမယ်။နောက်ဆုံးအနေနဲ့ဆိုရင် မင်းသားတွေ ဘုန်းကြီးဝတ်တဲ့အခန်းမှာ ဦးရေပြားတွေကအစ ပြင်ရမယ်။ မကြီးစိုး (စိုးမြတ်သူဇာ) ကလွဲလို့ ကျန်တဲ့သူတွေ အကုန်လုံးကို ညီမတို့ ပြင်ပေးရမှာပါ။ ညီမရယ်၊ ညီမရဲ့ သူငယ်ချင်း Artist တစ်ယောက်ရယ် အ လုပ်တွဲလုပ်ဖြစ်တာပါ” လို့ Hanna Yuri က ဆိုပါတယ်။


ဝါရင့်သရုပ်ဆောင်တွေလည်းဖြစ်၊ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်တဲ့အပြင် မိတ်ကပ်အထူးပြုလုပ်ချက်ကို အသားပေးထားတဲ့ ဇာတ် ကားဖြစ်တဲ့အတွက် ကြောင့် Hanna Yuri တို့အနေနဲ့ ဘယ်လိုပြင်ဆင်ရလဲလို့ မေးတဲ့အခါ ” ဒီဇာတ်ကားမှာ ဦးရန်လေးအနေနဲ့ ဆို ရင် သေတာမကြာသေးတဲ့သူပေါ့နော်။ ဖြူဖပ်ဖြူရော်နဲ့ ဝိညာဉ် ပြန်ခေါ်လာတဲ့ပုံစံကို ညီမတို့ ပြင်ရတာဆိုတော့ မျက်နှာအဖြူလေးချ လိုက် မယ်။ မျက်တွင်းလေးတွေ ချလိုက်မယ်ပေါ့။ ဒါမျိုးတွေ ပြင်ဆင်ပါတယ်။ ဦးကျော်သူဆိုရင်သေတာ ကြာပြီဆိုတော့ နည်းနည်းပို ဂရုစိုက် ရတယ်။ လူကြီးဖြစ်တဲ့အတွက် ရွှံ့အစား ကျန်တဲ့ပစ္စည်းတွေသုံးရတယ်။ အသေးစိတ်ပြုလုပ်ရပါတယ်” လို့ ပြောပါတယ်။


” ဝိညာဉ်စိမ်း” ဇာတ်ကားပြီးတဲ့အခါနောက်ထပ် ဇာတ်ကားတွေမှာကော မိတ်ကပ်နဲ့ပတ်သက်ပြီး ပါဝင်ဖြစ်ဦးမလား လို့မေးတဲ့အခါ ” အခုဒီဇာတ်ကားလေးကို လူတွေသိသွားတယ်။ ညီမတို့ Creation ကို စိတ်ဝင်စားတယ်။ နောက်ပိုင်းမှာလည်း ညီမတို့ကို ကမ်းလှမ်း တယ်” လို့ Hanna Yuri က ပြောပြခဲ့ပါတယ်။
Popular

မိုးယုစံနဲ့တွဲနေတယ်ဆိုတာ လုံးဝမဟုတ်ပါဘူးလို့ ဖြေရှင်းလိုက်တဲ့ ကောင်းပြည့် ကိုယ့်အပေါ် မလိမ်မညာပဲ ယုံကြည်လို့ရမယ့် ချစ်သူမျိုးကိုသာ လိုချင်တယ်လို့ ဖွင့်ဟ


ခင်ဆွေသက်

သရုပ်ဆောင် မော်ဒယ်လ်မင်းသားလေး ကောင်းပြည့် နဲ့နာမည်ရပြီးသား သရုပ်ဆောင် မင်းသမီးလေး မိုးယုစံ တို့ တရုတ်တန်းမှာ ညဖက်ကြီး လက်တွဲလမ်းလျှောက်သွားတယ်ဆိုတဲ့ သတင်းတွေ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပလူပျံနေတာမို့ ကာယကံရှင်ဖြစ်သူ မင်းသား ကောင်းပြည့်ကို အဲ့ဒီအကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါ “ ခု ကျွန်တော့်မှာ ဘာအချစ်ရေးမှ မရှိပါဘူး။ မိုးယုစံနဲ့ လမ်းလျှောက်တာကလည်း ဘာမှမဟုတ်ပါဘူး။ အဲ့ဒါကလဲ အမှန်တော့ ဆိုင်ကယ် ကြော်ငြာတွက် တရုတ်တန်းမှာ ဓာတ်ပုံရိုက်ပီး ပြန်တဲ့အချိန်မှာ မုန့်သွားစားကြတာပါ။ ပရိသတ်တွေနဲ့တောင် ဓာတ်ပုံတွေ တွဲရိုက်ခဲ့ကြပါသေးတယ်။ အမှန်တော့ လူကြားထဲမှာ သွားထိုင်ပြီး မုန့်စားလိုက်တာက ဘ၀တစ်ခုဖြစ်သွားတယ်။ တကယ်တော့ ဘာမှမဟုတ်ပါဘူး။” လို့ သူက ပြောပါတယ်။

နာမည်သုံးလုံး မော်ဒယ်အဆိုတော်နဲ့ နာမည်တွေ ထွက်ခဲ့တဲ့ ကောင်းပြည့်က သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း “အချစ်သစ်ကမရှာချင်တော့ဘူး။ တွေ့ဖို့လဲ တော်တော်လေးလိုဦးမယ်။ မတွေ့လဲ မတွေ့ဘူး။ တွေ့ဖို့လဲ မဖြစ်နိုင်သေးဘူး။ တော်တော်လေးတော့ လိုဦးမယ်။ ကိုယ့်ကို တကယ်ချစ်၊ တကယ်မြတ်နိုးတဲ့သူတစ်ယောက်ရဖို့အတွက် တော်တော်လေးကို ခက်ခဲပါတယ်။ အချစ်နဲ့ပတ်သတ်ပြီး ပျော်ရွှင်နေရတဲ့ချိန်၊ အဆင်ပြေနေတဲ့ချိန်ဆို အလုပ်နဲ့ပတ်သတ်ပြီး လုပ်ချင်ကိုင်ချင်စိတ်တွေ ရှိတယ်။ သူနဲ့အဆင်မပြေဘူး။ ရန်ဖြစ်နေကြတယ်ဆိုရင် တော့ ဘာပဲလုပ်လုပ် အဆင်မပြေတော့သလို ခံစားနေရပါတယ်။ ရရှိခဲ့ဖူးတဲ့ အချစ်က အေးမြတဲ့ အရာတွေကို ခံစားခွင့်ရသလို တခါမှမကြုံဖူး၊ မခံစားဖူးတဲ့အရာတွေကိုလဲ ခံစားရတယ်။ တခါမှမဖြစ်ဖူးတဲ့ စိတ်ညစ်မှု၊ စိတ်ပင်ပန်းမှုတွေနဲ့ရှင်သန်ရသလို တော်တော်လေးလဲပင်ပန်းရတယ်။ အချစ်က ခုချိန်မှာတော့ ဘာမှပြောစရာမရှိသေးတော့ ရာခိုင်နှုန်း ဘယ်လောက်ပါလဲဆိုတာ မသိသေးဘူး။ နောက်တွေ့ခဲ့မယ်ဆိုရင်တော့ ကိုယ့်အပေါ်သစ္စာရှိမယ်။ ကိုယ့်ကိုလဲ ချစ်မယ်၊ ကိုယ့်အပေါ်ကိုလဲ ယုံကြည်မှုရှိပြီး သူ့အပေါ်ကိုလဲ ယုံကြည်ရမဲ့အချစ်မျိုး၊ မလိမ်မညာပဲနဲ့ ယုံကြည်လို့ရမဲ့ လူတစ်ယောက်ဆိုရင်တော့ ပိုပြီးအဆင်ပြေမှာပါ။” လို့ သူက ဖွင့်ဟသွားပါတယ်။

ဒါ့အပြင်သူက “နောက်ချစ်သူဆိုတာဖြစ်လာရင် နားလည်မှုကလဲ လိုအပ်တယ်။ ကျွန်တော်လုပ်တဲ့ အလုပ်ကို သူသိမှာပဲ။ သိသိကြီးနဲ့လက်ခံပေးခဲ့ပြီးမှ ဒီအလုပ်နဲ့ ပတ်သတ်ပြီး ယုံကြည်မှု ကင်းမဲ့တဲ့ စွပ်စွဲမှုတွေ ကျွန်တ်ာမလိုချင်ပါဘူး။ လုပ်လို့ပြောခံရတာ အကြောင်းမဟုတ်ဘူး။ မလုပ်ပဲနဲ့ အလုပ်လုပ်နေတာကို စွတ်စွဲတာတို့အပြစ်ပြောတာတို့ဆိုရင်တော့ အဆင်မပြေဘူးပေါ့”တဲ့။

လတ်တလောမှာ ကောင်းပြည့်ဟာ ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးတဲ့ ဇာတ်ကားလေးမှာ မိုးဟေကို ၊ အောင်မင်းခန့်တို့နဲ့အတူ သရုပ်ဆောင်နေတယ်လို့ သိရပြီး နောက်လထဲမှာ နယ်ဖက်ကို သီချင်းသွားဆိုဖို့ရှိတယ်လို့ပြောပြခဲ့ပါတယ်။

Trend

ပဋိပက္ခပြေလည်စေလိုသူ နန်းခင်ဇေယျာ


လတ်တလော အများပြောနေကြတဲ့ မေမြတ်နိုးသရဖူအကြောင်းနဲ့ ပတ်သက်ပြီး အလှမယ်နန်းခင်ဇေယျာဆီက အသံ ထွက်လာပါတယ်။
နန်းခင် ခုရေးတဲ့ စာလေးက သိလွန်း တတ်လွန်းလို့ရေးထားတာ မဟုတ်ပါဘူးရှင်။ အားလုံးအတွက် စိတ်မကောင်းဖြစ်ရလို့ ကာယကံရှင်တွေကိုလည်း အားပေးစကားလေးပြောချင်လို့ ရေးလိုက်တာပါ။


ခုဖြစ်ပေါ်နေတဲ့ ညီမလေး မေမြတ်နိုး သရဖူပြန်အပ်ရမယ့် ကိစ္စမှာ ဘယ်သူမှန်လို့ ဘယ်သူမှားတယ်ဆိုတာ နန်းခင် လည်း မသိပါဘူး။

မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး သရဖူ ရခဲ့တဲ့ အတွက် မြန်မာပရိသတ်နဲ့အတူ ဝမ်းမြောက်ဂုဏ်ယူခဲ့ပါတယ်။ ဒီ့အတွက် ကြိုးစားခဲ့ကြတဲ့ ညီမလေး မေမြတ်နိုးရော အမလှနုထွန်းရော ၂ ယောက်လုံးအတွက် မြန်မာပရိသတ်များနဲ့အတူ ဝမ်းမြောက်ခဲ့ရတာပါ။ မည်သို့သော အကြောင်းတရားတွေကြောင့် သဘောထားမတိုက်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့ရတယ်၊ စေ့စပ်ညှိနှိုင်းမရဖြစ်ခဲ့ရတယ် ဆိုတာ ကာယကံရှင်တွေထက် နန်းခင် တို့ ပိုမသိနိုင်ပါဘူးရှင်။ ခု အဖွဲ့ကြီးက သရဖူပြန်လည်အပ်ဖို့ တောင်းဆိုမှု ၊ စွပ်စွဲချက်တွေ အတွက် ညီမလေး မေမြတ်နိုး ဘယ်လိုခံစားနေရမယ်ဆိုတာ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ချင်းစာမိပါတယ်။ ဒီလိုပဲ မလှနုထွန်း လည်း စိတ်ဆင်းရဲနေရမယ် ဆိုတာ တွေးမိပါတယ်။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေကြတာတွေ့ရပါတယ်။ အားလုံးကိုလည်း အဆင်မပြေမှုတွေ အမြန်အဆုံးသတ်ပြီး စိတ်ချမ်းသာစေချင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင်ကာကွယ်ဖို့ နန်းခင်တို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်လို့ နန်းခင် ရဲ့ အမြင်လေးကို ပြောပါရစေ။
အခက်အခဲတွေ ကြုံနေရတဲ့သူတွေလည်း အမြန်ပြေလည်ပြီး စိတ်ငြိမ်းချမ်းစေဖို့ ဆန္ဒပြုပါတယ်။

ညီမလေး မေမြတ်နိုး စိတ်အားမငယ် စိတ်ဓာတ်မကျပါနဲ့။ ရှေ့ဆက်လျှောက်ရမယ့် ဘဝခရီးလမ်းအတွက် စိတ်ဓာတ်ခွန်အားတွေမွေးမြူပြီး ကြိုးစားပါ ညီမလေး။ညီမလေး ပူပင်သောကတွေ ချုပ်ငြိမ်းပြီး အမြန်စိတ်အေးချမ်းသာပါစေ။

အရည်အချင်းတွေပြည့်စုံတဲ့ အမ လှနုထွန်းလည်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ၊ စိတ်ဆင်းရဲမှု သောကတွေကနေလွတ်မြောက်ပြီး အမြန်စိတ်ချမ်းသာမှုတွေ ကြုံတွေ့ရပါစေလို့ နန်းခင် ဆန္ဒပြုပါတယ်။

ဖြစ်ပြီးတဲ့ကိစ္စတွေကနေ သင်ခန်းစာယူပြီး နောက် ယှဉ်ပြိုင်ကြမယ့် ညီမလေးတွေ အတွက် မှာချင်တာက မပြိုင်ခင် သေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန်ယူပြီး သေချာလေ့လာပါလို့ မှာချင်ပါတယ်။

အမှားကင်းတဲ့သူ ဘယ်သူမှမရှိပါဘူး။ မှားပြီးတဲ့ အမှားမျိုး ထပ်မမှားအောင် အမှားကနေ သင်ခန်းစာယူတတ်ကြရင် အောင်မြင်မှု အမှန်တရား အသီးအပွင့်တွေ ရရှိပါလိမ့်မယ်လို့ နန်းခင် တို့ အားလုံး ယုံကြည်ထားပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးစားကြပါစို့နော်။

အားလုံးပဲ သောကတွေကင်းဝေးပြီး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ နန်းခင် ဆုတောင်း မေတ္တာပို့သရင်း 
ဧရာဝတီ(blog)

ငါပထမရကို ရရမယ်ဆိုတဲ့ စိတ်နဲ့ ယုံကြည်မှုအပြည့်ထားပြီးတော့ ဝင်ပြိုင်ခဲ့တာကြောင့် ခုလိုဆုကို ရရှိခဲ့တာလို့ဆိုတဲ့ Miss Myanmar International ဆုရှင် ခင်ဝေဖြိုးဟန်


Miss Myanmar International ဆုရှင်ဖြစ်တဲ့ ခင်ဝေဖြိုးဟန်ကို ရှေ့ဆက်ပြီး လျှောက်လှမ်းသွားမယ့် သူမရဲ့ရည်မှန်းချက်နဲ့ ပတ်သက်ပြီးတော့ရော၊ ပြိုင်ပွဲအတွေ့အကြုံတွေကိုပါ ခုလို မေးဖြစ်တဲ့အခါ “ ညီမအခုလိုမျိုး Miss Myanmar International ပွဲမှာ Miss ဆုရရှိခဲ့တာကို အရမ်းဝမ်းသာတယ်။ အရမ်းလည်း ပျော်ပါတယ်။ ညီမအတွက် ဒီပွဲလေးက ပထမဆုံးပြိုင်ဖူးခြင်းပါ။ တစ်ခါမှလည်း အတွေ့အကြုံမရှိခဲ့ဘူး။ ညီမရဲ့အသက်ကလည်း အခုမှ၁၈နှစ်ပြည့်တာပါ။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့တာကလည်း ညီမရဲ့သူငယ်ချင်းတွေရော၊ ညီမရဲ့အမေကရော ညီမကိုပြောပါတယ်။ နင်ပြိုင်ကြည့်ပါလား။ နင်က အရပ်အမောင်းကောင်းတယ်။ အသားအရေလည်း ကောင်းတယ်ပေါ့နော်။ ပြီးတော့ ခန္ဓာကိုယ်လည်းရှိတော့ ပြိုင်ရင် ဆုရလောက်တယ် ဆိုပြီးပေါ့နော်။ ပြီးတော့ညီမက အင်္ဂလိပ်စကားလည်းရတယ်လေ။ အဲဒါနဲ့ပဲ ညီမက သူတို့တွေပြောတာနဲ့ပဲ ပြိုင်မယ်ဆိုပြီးတော့ လုပ်လိုက်တော့ သိလိုက်ရတာ လျှောက်လွှာနောက်ဆုံး ရက်ဖြစ်နေပြီ။ အဲဒီ့နောက်ဆုံးနေ့မှာပဲ တင်လိုက်ရတာပေါ့နော်။ လျှောက်လွှာတင်သွားပြီးတော့ လူရွေးဖို့အတွက် ညီမတို့ကို နှစ်ပတ် ကန့်သွင်းတယ်။ အဲဒီ့နှစ်ပတ်မှာ သင်ပေးခဲ့တဲ့ မတင်မိုးလွင် ကိုလည်း ညီမ ဒီကနေ ကျေးဇူးအရမ်းတင်တယ်လို့ ပြောချင်ပါတယ်။ မတင်မိုးလွင် ကျေးဇူးကြောင့် လည်း အခုလိုဆုရခဲ့တာပါပါတယ်။” လို့ သူမက ဆိုပါတယ်။


ဒါ့အပြင် ခင်ဝေဖြိုးဟန်ဟာ ဒီပြိုင်ပွဲကို ဝင်ပြိုင်မယ်ဆိုပြီး စဉ်းစားကတည်းက ငါဒီပြိုင်ပွဲမှာ ပထမရအောင် ပြိုင်မယ်ဆိုတဲ့ စိတ်ထားပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ပြိုင်ခဲ့တာလို့လည်း ဆိုပါသေးတယ်။ ဒါကိုတော့ သူမက “ဘာဖြစ်လို့လဲဆိုတော့ ညီမက ကျောင်းမှာဆိုရင် အားကစား ပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်နေကျဆိုတော့ အားကစား စိတ်ဓာတ်အပြည့်ရှိတဲ့သူ ဖြစ်တာကြောင့် ပထမရကို ရရမယ် ဆိုတဲ့ စိတ်အမြဲထားထားတာကြောင့်ပါပဲ။ အမြဲလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ထား တတ်ပါတယ်။ ညီမ နောက်နှစ်လနေရင် ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဆိုတော့ ဒီမှာနှစ်လ ညီမအတွက်ကြိုတင်ပြင်ဆင်ချိန် ရတာပေါ့။ ညီမ အကတိုက်တာ လေ့ကျင့်သွားမယ်။ General Knowledge ပိုင်းနဲ့ ပတ်သက်ပြီး လေ့လာသွားမယ်။ နောက်ပြီးတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ကိုယ့်မြန်မာပြည်ရဲ့ သမိုင်းအကြောင်းတွေကိုလည်း သိအောင်လို့ လေ့လာသွားမှာပါ။ ညီမအနေနဲ့ ရှေ့ဆက်ပြီး လျှောက်လှမ်းသွားမယ့် အရာကို ပြောရရင် ညီမအနုပညာအလုပ်တွေထက် ပညာရေးကိုပဲ ဦးစားပေးပြီးလုပ်သွားဖို့ပဲ ရှိပါတယ်။ ညီမ ကျောင်းတက်ရဦးမှာပါ။ ညီမက Yangon International School မှာကျောင်းတက်နေပါတယ်။ ဒါပေမယ့် ညီမ ကိုဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကနေ ဓာတ်ပုံရိုက်ပေးဖို့တို့၊ ကြော်ငြာရိုက်ဖို့တို့ ကမ်းလှမ်းလာရင်တော့ လုပ်ပေးဖြစ်မှာပါ။ ဒီ့ထက်တော့ လုပ်သွားဖို့မရှိပါဘူး”တဲ့။

Trend Myanmar

ချစ်သူဘဝနားလည်မှုတွေနဲ့ အနာဂတ်ခရီးအတွက် ကြိုးစား လျှောက်လှမ်းနေကြတဲ့ နိုင်းဝမ်းနဲ့ ယွန်းမှီမှီကျော်



ခံစားမှုရသများစွာကို ပရိသတ် အတွက် ပုံဖော်ဖန်တီးပေးစွမ်းနေကြတဲ့ အနုပညာရှင်အဆိုတော်နိုင်းဝမ်းနဲ့ အလှ မယ်ယွန်းမှီမှီကျော်တို့ရဲ့ ချစ်သူနှစ်ဦး ပျော်ရွှင် ကြည်နူးမှုပုံ ရိပ်များနဲ့ အတူချစ် ခြင်းမေတ္တာအပေါ် ခံယူချက်သဘော ထား၊တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန်အကျိုးပြုပုံများ၊အနာဂတ်ချစ်ခရီး လမ်းအတွက် မျှော်မှန်း ချက် များ အစရှိတာတွေကိုသိရဖို့နိုင်ဝမ်းရဲ့စကားသံ များကို ပရိသတ်အတွက် ဖော်ပြတင်ဆက်လိုက်ပါတယ်။

ခံယူထားတဲ့အချစ်ရဲ့အဓိပ္ပာယ်

” ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ခွဲလောက်ရှိပါပြီ။ အချစ်ရဲ့ခံယူချက်ကတော့ ထွေထွေထူးထူး၊ သီးသန့်ကြီးကွဲထွက်နေတာမျိုး မရှိပါဘူး သာမန် လူတွေလိုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်ချစ်တယ်ဆိုတာ လူတိုင်းလည်းချစ်ဖူးကြတာပဲ။ အဓိကကတော့ ကိုယ်ကိုယ်တိုင်လည်း အမှား အယွင်းမရှိအောင်ကြိုး စားပြီးနေတယ်။ သူလည်း အဲဒီလိုပဲနေတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိတယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။

အပြန်အလှန်အမှီသဟဲပြုပုံ

” သူ့ကို ကျွန်တော်သီချင်းဆိုခိုင်းဖို့တော့ အစီအစဉ်ရှိတယ်။ ကျွန်တော့်တစ်ကိုယ်တော်ထဲမှာပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့သူက အစိမ်းသက်သက် ဖြစ်နေ လတော့နည်းနည်း ထရိန်းနေရတာပေါ့။ အခုလောလောဆယ်တော့ ကျွန်တော့်ကို လာအပ်ထားတဲ့ ကြော်ငြာသီချင်းလေးတွေ၊ မိန်းကလေးပါဆိုရမယ့် Duetပုံစံလေးတွေဆို သူနဲ့ဆိုဖြစ် တာ များတယ်။ ဒီလိုနဲ့ပဲတဖြည်းဖြည်းချင်း ထရိန်းပြီးတော့ ကျွန်တော်စိတ်ချရတဲ့အချိန် သူနဲ့ကျွန်တော်နဲ့ သီချင်းတွေလုပ်ပြီး ကျွန်တော်သူ့ကို ခေါ်ဆိုဖို့ ရှိပါတယ်။ သူကလည်း သူ့ကိုအလုပ် တစ်ခုလာအပ်ပြီဆိုတာနဲ့စစဉ်းစားကတည်း ကိုက နှစ်ယောက်တိုင်ပင်ပြီး စဉ်းစားတယ်။ ဘယ်လိုကြော်ငြာမှာ ဘယ်လိုသရုပ်ဆောင်ရမယ်တို့၊ ဓာတ်ပုံ ရှုတင်ဆိုလည်း မိတ်ကပ်ကအစ ဘယ်လိုအဆင်ပြေအောင် လုပ်မလဲဆိုတာ ဘေးကလိုက်ပြီး ပြောပေးတယ်။ သူလည်းအဲဒီလိုပါပဲ။ ကျွန်တော်ရှိုးသွားပြီဆိုရင် အဝတ် အစားကအစ လိုက်ကြည့်ပေးတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် စဉ်းစားပေးကြပါတယ်”

အားပေးတဲ့ပရိသတ်အပေါ် ကျေးဇူးတင်စကား

” များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှာက အနုပညာဖန်တီးမှုထက် လူပုဂ္ဂိုလ်စွဲနဲ့အားပေးတဲ့ ပရိသတ်တွေက တော်တော်များတယ်။ ကျွန်တော်ကို ရော၊သူ့ ကိုရော အားေ ပးတဲ့ ပရိသတ်တွေထဲမှာ အဲဒီလိုမျိုး ပရိသတ်တွေလည်းရှိတယ်။ ကျွန်တော်တို့နှစ်ယောက် relationship ကို တရားဝင်လူသိရှင်ကြားတွဲတဲ့အချိန်မှာ ကိုယ့် အနားမှာ မရှိတော့တဲ့ ပရိသတ်တွေလည်း ရှိတာပေါ့။ ဒီနေ့၊ ဒီအချိန်ထိ သူ့အနားမှာရော၊ ကျွန်တော့်အနားမှာရော အမြဲ တမ်းရှိနေပြီး ကျွန်တော်တို့ ဖန်တီးတဲ့ အနုပညာ စစ်စစ်ကိုအားပေးတဲ့ အမာခံပရိသတ်တွေကို တကယ်ကျေးဇူးတအားတင်ပါတယ်။ အဲဒီကျေးဇူးတရားနဲ့ ထိုက်တန်အောင်လည်း ကျွန်တော်တို့အမြဲတမ်း ကြိုးစားနေပါ တယ်လို့ ပြောချင်ပါတယ်”

အနာဂတ်ရည်မှန်းချက်

” မနှစ်က Miss People ရတယ်။ ဒီနှစ်မှာလည်း Miss Universe Myanmar 1st Runner ရထားတော့ စာချုပ်ချုပ်ထားတာလေးတွေ ရှိတယ်။ အဲဒီတော့ အိမ်ထောင်ပြုဖို့ အတွက်ကို ကျွန်တော်တို့ အဲဒီလောက်ကြီး စဉ်းစားလို့မရသေးဘူး။ အဓိကကတော့ အိမ်ထောင်ပြုရတော့မယ်ဆိုတဲ့ အချိန်မှာ အဆင်သင့်ဖြစ်နေအောင် ကျွန် တော်တို့ အမြဲတမ်းကြိုးစားနေတယ်။ ငွေရေးကြေးရေးစုဆောင်းတာကအစ အတတ်နိုင်ဆုံးကျွန်တော်တို့ ကြိုးစားနေတယ်”

ပေါ်ပြူလာ

Pop နဲ့ Rock သီချင်းတွေ အများစုပါ မယ့် ခင်ဇာခြည်ကျော် ရဲ့ တစ်ကိုယ်တော် အခွေ

ဒါရိုက်တာ မင်းအုပ်စိုး ရိုက်ကူးတဲ့ “လူရွှင်တော်အိပ်မက်” ရုပ်ရှင်ဇာတ် ကားကြီးမှာ မင်းအုပ်စိုး နဲ့ အတူ ခင်ဇာခြည်ကျော် ကပါဝင် သရုပ်ဆောင် ထားပါ တယ်။ ဒီဇာတ်ကား ရိုက်ကူး ရတဲ့ ရည်ရွယ်ချက်က မြန်မာ့ ဆိုင်းပညာကို ကမ္ဘာ က သိစေဖို့နဲ့ မတိမ်ကော မပပျောက်စေဖို့၊ မြန်မာ့ရိုးရာ လူရွှင်တော် များကို တန်ဖိုး ထားလေး စား မိစေဖို့၊ လူရွှင်တော် တစ်ဦးရဲ့ စိတ် ခံစားမှုနဲ့ လူနေမှုဘဝကို ကွက်ကွက် ကွင်းကွင်း ဆင်ခြင်မိစေဖို့ အတွက် ရည်ရွယ် သလို၊ လူရွှင်တော် တစ် ယောက် ဖြစ် ချင်တဲ့ ကောင် လေး တစ်ယောက် ရဲ့ စိတ်ခံစားမှု ကို ရိုက်ကူးထားတဲ့ ဇာတ်လမ်း အမျိုး အစား ဖြစ်ပါတယ်။ “လူရွှင်တော် အိပ်မက်”ရုပ်ရှင် ဇာတ်ကား မှာ ပါ ဝင် သရုပ်ဆောင် ထားတဲ့ ခင် ဇာခြည်ကျော်က “ဆိုင်းနောက် ထ တစ်ယောက်၊ လူရွှင်တော် တစ်ယောက် ဖြစ်ရတာ မလွယ်ဘူး။ သူတို့ ရဲ့ ပညာရပ်ကို ပရိသတ် ကြည့် ရင်သာ လွယ်မလိုလိုနဲ့ တကယ်တော့ ခက်ခဲတယ်။ သူတို့ရဲ့ နောက်ကွယ် ကမှ ဘယ်လိုတွေ လေ့လာ ရတယ် ဆိုတဲ့ စရိုက် သဘာဝတွေ ကို ရိုက်ပြ ထား တာပါ။ မြန်မာ့ ယဉ်ကျေးမှု ထဲမှာ ဒီဆိုင်း နောက် ထ ပညာ ကလည်း တော်တော် ခက်ခဲ နက်နဲတယ် လို့ ထင်ပါတယ်။ ဒါ ကြောင့် အစ်မက ပညာတိုင်း ကို လေး စားပါ တယ်။ တကယ့် တကယ်တမ်း ဒီကားလေးမှာ ပါဝင်သရုပ် ဆောင် ရတဲ့အခါမှာပေါ့။ ကိုယ်လည်း သူတို့ရဲ့ သီချင်းတွေ၊ အကတွေ၊ သဘာဝတွေ ကို အခုမှသိရ တာလေ။ သိရတဲ့ အခါမှာ သူတို့ရဲ့ပညာတွေက တကယ့်ကို လေးနက် ပါလား။ ခက်ခဲပါ လားပေါ့။ အဲဒီတော့ ပညာလည်း ရ တယ်”လို့ ပြောပါတယ်။ ဒီဇာတ်ကား ကြီးကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ရုံတင်ပြသ သွားမှာ ဖြစ်ကြောင်း သိရပါ တယ်။ လတ်တလော မှာလည်း ကားရိုက်တွေ ရှိပြီး တစ်ဖက်မှာ လည်းသူ့ရဲ့ သီချင်းခွေ အတွက် ပြင်ဆင် နေကြောင်းကို ခင်ဇာခြည်ကျော်က “သီချင်း တွေ စုနေတုန်းပဲ ရှိသေးတယ်။ အစက ဒီ ၂ဝ၁၄မှာ ထွက်ဖြစ်အောင် ထွက်မယ် လို့ ရည်ရွယ်ချက် ထားတာ ပေါ့။ ဒါပေမဲ့ Target က မပြည့်နိုင်သေး ဘူးပေါ့။ ပေါ့ပ် နဲ့ ရော့ခ် ဂီတကို ကြိုက်တော့ အဲဒီသီချင်းတွေ အများစုပါ ဝင်မယ် ထင်ပါတယ်” လို့ ပြောပါ တယ်။

မျိုးဆက်သစ်များနဲ့ အကျိုးအမြတ်မယူဘဲ ရာသက်ပန်စာချုပ်ချုပ်မယ့် လင်းလင်း


ဂီတမျိုးဆက်သစ်များ ကို ဖိတ်ခေါ်၍ တေးစီးရီးထုတ် ပေးရန် စီစဉ်လျက်ရှိသော အဆို တော်လင်းလင်းက အယ်လ် ဘမ်တွင်ပါဝင်ခွင့်ရရှိလာမည့်သူ များ၏ ရှေ့ဆက်လုပ်ကိုင်မည့် အနုပညာအလုပ်များအတွက် အကျိုးအမြတ်ငွေကြေးရယူမည် မဟုတ်သော်လည်း ရာသက်ပန် စာချုပ်ချုပ်ဆိုသွားမည်ဖြစ် ကြောင်း ဆိုသည်။


‘‘လူပင်ပန်း၊ စိတ်ပင်ပန်း၊ အချိန်ကုန်ခံပြီးတော့မှ စီစဉ်ရွေး ချယ်ပြီး မွေးထုတ်လိုက်တာဆိုပေ မယ့် အနုပညာလမ်းကြောင်းပေါ် ရောက်သွားမယ့် မျိုးဆက်သစ် တွေကို အသင့်ခူးယူပြီးတော့ အမြတ်ထုတ်တာကို ဘယ်သူ့ကို မှ ပေးမလုပ်ပါဘူး။ စာချုပ်ချုပ်ရ ခြင်းအကြောင်းရင်းက သူတို့ရဲ့ ဘဝ၊ သူတို့ရဲ့တိုးတက်မှု၊ သူတို့ ရဲ့အနာဂတ်ကို ဝင်ရောက်စွက် ဖက်ခြင်းလည်းမဟုတ်ပါဘူး။ တခြားစီးပွားရေးသမား၊ တခြား အဖွဲ့အစည်းတွေ အကျိုးမြတ် တစ်ခုအတွက် အမြတ်ထုတ်သွား မှာစိုးလို့ပါ’’ဟု လင်းလင်းက ပြောသည်။

ထွက်ပေါ်လာမည့် ဂီတမျိုး ဆက်သစ်များကို အရည်အသွေး မပြည့်မီသော ရှိုးများ၊ ရော့ခ်ခေါင်းစဉ်တပ်ပြီး စီဒီဖွင့်ဆိုခိုင်းသော ရှိုးပွဲများ၊ အရက်ဝိုင်းခင်းထားပြီးဆိုရသည့် ညစာစားပွဲ၊ စင်တင်တေး ဂီတ၊ ဘီယာဆိုင်များတွင် ပေးဆိုစေမည်မဟုတ်ကြောင်း စာချုပ်တွင် ထည့်သွင်းချုပ်ဆိုမည်ဟု လင်းလင်းက ပြောသည်။

ထို့အပြင် ဂီတအလုပ်များ ကို လင်းလင်း၏ ခွင့်ပြုချက်ဖြင့် သာ လုပ်ဆောင်ရမည်ဟု ဆို သည်။

‘‘ကွာလတီ (အရည်အသွေး) ရှိတဲ့ရှိုးပွဲတွေပဲပေးဆိုမယ်။ ဆိုတဲ့ အခါမှာလည်း ကိုယ့်ရဲ့ရပိုင်ခွင့် ကို ၁၀၀ ရာခိုင်နှုန်းကိုပဲယူပါ။ ဒီကတစ်ဆင့် ရာခိုင်နှုန်းခွဲတာတွေ၊ အမြတ်ထုတ်တာတွေ တစ်ခုမှ မလုပ်ပါဘူး။ စည်းလေး၊ ဘောင် လေးတွေဖြစ်ဖို့၊ ကွာလတီဖြစ်ဖို့ စာချုပ်ချုပ်တာဖြစ်ပါတယ်’’ဟု လင်းလင်းက ပြောသည်။

အယ်လ်ဘမ်တွင် ပါဝင်လို သည့် ဝါသနာရှင်များကို ဖိတ်ခေါ် ပြီး ငါးရက်ခန့်အကြာတွင် လာ ရောက်ပေးပို့သူ ၄၀ဦးကျော်ရှိနေပြီဖြစ်သည့်အတွက် ဝမ်းသာ မိကြောင်း လင်းလင်းက ပြော သည်။

ထပ်မံပေးပို့လိုသည့် ရေး၊ ဆို၊ တီး အမျိုးအစားအားလုံး အတွက် တစ်နိုင်ငံလုံးမှ ပေးပို့လို သူများသည် အောက်တိုဘာလ လယ်အထိ အမှတ် (၂၅၄)၊ မင်္ဂလာတာဝါ၊ အခန်း(၈၁)၊ ၉ လွှာ၊ ဆိပ်ကမ်းသာလမ်း (အပေါ် ဘလောက်)၊ Metal Zone Studio သို့ ပေးပို့နိုင်ပြီး လိုအပ်သည်များ ကို ၀၉-၄၄၄၀၀၂၂၈၀ သို့ ဆက် သွယ်မေးမြန်းနိုင်ကြောင်း သိရ သည်။ လာရောက်လျှောက်ထား သူများထဲမှ အရည်အချင်းရှိသူ အရေအတွက်ပေါ်မူတည်ပြီး အယ်လ်ဘမ်အရေအတွက်ကို တိုးကာ ထုတ်ပေးမည်ဖြစ်ပြီး အယ်လ်ဘမ်တွင် ပါဝင်ခွင့်ရရှိ မည့်သူသည် မည်သည့်ငွေကြေး တစ်စုံတစ်ရာမှ ပေးရန်မလိုဘဲ လင်းလင်းက အကုန်ကျခံထုတ် ပေးမည်ဖြစ်ကြောင်း သိရသည်။

သမီးအတွက် ပြင်ဆင်ထားတာတွေ ရှိပါတယ်ဆိုတဲ့ ထူးအယ်လင်း


အဆိုတော် ထူးအယ်လင်းက မိသားစု ပြဿနာများရှိခဲ့ သော်လည်း သမီးဖြစ်သူ၏ ရှေ့ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပြောသည်။ သမီးအတွက် ကတော့ ပြင်ဆင်ထားရတာပေါ့။ ကျောင်းနေဖို့လည်း ရှိတယ်။အဲတော့ ပါးပါးရော၊ မိုးမိုးရော အလုပ်လုပ်ရမယ့် သဘောတော့ ရှိတာပေါ့။ ဒါပေမဲ့ သမီးကို အလိုလိုက်လို့ ပျက်စီးသွားတာမျိုး မကြိုက်ဘူး။ အရင်တုန်း ကလည်း ကိုယ့်ဘာသာကို ရုန်းကန်လာရတာ ဆိုတော့ သမီးကို အဖြစ်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုလိုဖြစ်သွားတဲ့ အခြေအနေတွေက သမီးအတွက် ခွန်အားတစ်ခုပဲ။ ဘာကြောင့်လဲ ဆိုတော့ သူလုပ်နိုင်သွား တယ်။ သူ့မှာ ပြတ်ပြတ်သားသားလေး စိတ်ရှိသွားတာ ကြိုက်တယ်။ သမီးအတွက် ပြင်ဆင်ထားတယ် ဆိုပေမယ့် အကြီးအကျယ်တော့ မရှိပါဘူး။ ကိုယ့် အလုပ် ကိုယ်လုပ်ပေါ့နော်။ကျွန်တော်က သူ့ကို အဆိုတော်လည်း ဖြစ်စေချင်တယ်၊ မင်းသမီးလည်း ဖြစ်စေချင်တယ်။ အနုပညာ လုပ်ငန်းက အဆင်ပြေ တယ်လေ။ အနုပညာလုပ်ငန်း ဆိုတာက အားလုံးနဲ့လည်း ဆက်နွှယ်နေတယ်။ ကွန်ရက်တစ်ခုလိုပဲ။ တကယ်တော့ ရုပ်ရှင်တို့ ဂီတတို့ဆိုတာ လူထုရှေ့မှာ ရပ်ပြရတဲ့ လူတွေပေါ့။ လူမှု ဆက်သွယ်မှု အပိုင်းမှာ ပိုပြီး အဆင်ပြေတယ်။ ပရိသတ်မေတ္တာနဲ့ လျှောက်ရတဲ့ သူတွေ ဖြစ်တယ်။ အဲဒါကြောင့် ဖြစ်စေချင် တာပါ။ တခြား ရည်ရွယ်ချက် ဆိုရင်တော့ ပညာတတ်ကြီးလည်း ဖြစ်စေချင်တယ် ဟု ထူးအယ်လင်းက ပြောသည်။ ထူးအယ်လင်းသည် ဂီတလှုပ်ရှားမှု အနေဖြင့် Three Brotherဆိုသည့် တေးစီးရီး ကို စီစဉ်နေကြောင်း ပြောသည်။


Messenger

မြန်မာဇာတ်ကားတွေမှာ ရိုးရာယဉ်ကျေးမှုတွေ ပြနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ကောင်းပြည့်ဆို



နိုင်ငံတကာတွင် ပြသနေသည့် ဇာတ်လမ်းများကဲ့သို့ မြန်မာဇာတ်ကားများတွင်လည်း ရိုးရာယဉ်ကျေးမှုများ ပေါ်လွင်အောင် ပြသချင်သော်လည်း အခက်အခဲများစွာ ရှိနေသည်ဟု သရုပ်ဆောင်ကောင်းပြည့်ကပြောသည်။

“ကိုရီးယားကားပဲဖြစ်ဖြစ် အိန္ဒိယကားဖြစ်ဖြစ် သူတို့ ရိုက်ပြီဆိုရင် သူတို့နိုင်ငံရဲ့ယဉ်ကျေးမူတွေ၊ သူတို့နိုင်ငံရဲ့ အလှအပတွေနဲ့ သူတို့နိုင်ငံဂုဏ်ကိုဆောင်ကြတယ်။ ကျွန်တော်တို့ကျတော့ ဟိုနေရာဆိုလည်း ရိုက်ခွင့်မရ။ ဒီနေရာဆိုလည်း ရိုက်ခွင့်မပေးဆိုတော့ အဆင်မပြေကြဘူး။ ရိုက်ခွင့်ပေးရင်တောင် မတန်တဆဈေးတွေ ပေးရတာရှိတယ်”ဟု ကောင်းပြည့်ကဆိုသည်။


မြန်မာ့ရုပ်ရှင်လောကတွင် ပရိတ်သတ်အားပေးမှုနည်းပါးခြင်းကြောင့် ၀င်ငွေနည်းသဖြင့် ရိုက်ကူးရေးတွင် ငွေကြေးချွေတာရသဖြင့် နိုင်ငံတကာဇာတ်ကားများနှင့် ယှဉ်ပါက လိုအပ်ချက်ရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ ဇာတ်ကားတွေကို နယ်မြို့ နည်းနည်းလေးပဲ ဖြန့်နိုင်တယ်။ တစ်နိုင်ငံလုံးကို ဖြန့်လို့မရဘူး။ သူများနိုင်ငံက ကားရိုက်ပြီး ဖြန့်တယ်ဆိုတာက တစ်ကမ္ဘာလုံးကိုဖြန့်လို့ရတယ်။ ဒီတော့ ဇာတ်ကားအတွက် လိုအပ်ရင် ကားတစ်စီးလုံးကို ပျက်စီးခံနိုင်တယ်။ ဒီမှာကျတော့ ရိုက်ကူးရေးကို အကုန်ကျခံပြီး အရမ်းကောင်း အောင် ရိုက်နိုင်ရင်တောင် ၀င်ငွေကိုပြန်ချိန်ရတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ မြန်မာကားကို မကြည့်တဲ့ မြန်မာတွေ အများကြီးပဲ။ ဒီတော့ ပိုက်ဆံလျှော့ရိုက်ရတော့ အားနည်းချက်လေးတွေ ရှိလာတယ်။”ဟု ကောင်းပြည့်ကဆိုသည်။

မော်ဒယ်အဖြစ်မှ သရုပ်ဆောင်ဘက်သို့ လျှောက်လှမ်းခဲ့သည့် ကောင်းပြည့်အနေဖြင့် ဗီဒီယိုဇာတ်ကားပေါင်း ၁၈ ကားရိုက်ကူးထားပြီး လက်ရှိတွင် ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)၊ မင်းသမီး ချစ်သုဝေ နှင့် “ ၀ဋ်ကြွေး မကြေချင်ပါ” ဆိုသည့် ဇာတ်ကားရိုက်နေကြောင်း သိရသည်။