Showing posts with label ဘင်္ဂလီသတင်း. Show all posts
Showing posts with label ဘင်္ဂလီသတင်း. Show all posts

“နိုင်ငံသားဖြစ်ပြီဆိုတော့ မြန်မာကိုပဲ အားပေးရမှာပေါ့ ”ဟု မြေပုံတောင်ပေါ်စခန်းမှ ဘင်္ဂလီအချို့ဆို


“မြန်မာနဲ့ မလေးရှားဘောလုံးကန်ရင် မြန်မာကိုပဲ အားပေးရမှာပေါ့။ ကျွန်တော်တို့က မြန်မာနိုင်ငံ သား ဖြစ်ပြီလေ။ မြန်မာနိုင်ငံသားအတိုင်းနေရမှာပါ။ ဝမ်းသာပါတယ်။ အခုလို ကျနော်တို့ကို မြန်မာနိုင်ငံသားအဖြစ် လုပ်ပေးတဲ့ အစိုးရကိုရော ရခိုင်တွေကိုလည်း ကျေးဇူးတင်ပါတယ်“

မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုလိုက်ပြီးနောက် မြန်မာနိုင်ငံသားများအတိုင်း လက်ခံကျင့်သုံးသွားမည်ဟု မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသည့် မြေပုံမြို့နယ် တောင်ပေါ်စခန်းမှ ဘင်္ဂလီများကပြောသည်။

Shwe Myitmakha Media Group

မြန်မာကိုယ်စားလှယ် ၅ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ဆက်ဆံရေး တိုးတက် ကောင်းမွန် ရေးအတွက် မြန်မာနိုင်ငံက ကိုယ်စားလှယ် ငါးယောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်နေပါတယ်။


ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ တရားမဝင် စိတ်ကြွဆေးပြား ကုန်ကူးမှု အကြောင်းတွေ၊ နှစ်နိုင်ငံနယ်စပ် အကြားမှာ ဖြစ်နေတဲ့ အငြင်းပွား မှုတွေကို ဖြေရှင်းဖို့ ဆက်ဆံရေး ရုံးထားရှိမယ့် ကိစ္စတွေအပြင် လုံခြုံရေး ဆွေးနွေးပွဲတွေ ပုံမှန် လုပ်ဆောင်နိုင်ဖို့ ဆွေးနွေး ကြမှာဖြစ်ကြောင်း The Daily Star သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လူကုန်ကူးမှု ကိစ္စနဲ့ ကူးသန်းရောင်း ဝယ်ရေး၊ ရင်းနှီးမြုပ်နှံရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနဲ့ စွမ်းအင် လုပ်ငန်းတွေ အကြောင်းလည်း ဆွေးနွေးဖို့ရှိ တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ကိုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက နောက် တစ်ကြိမ် ဖိတ်ခေါ်ဖို့ ရှိတယ်လို့ လည်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၂ ခုနှစ် ဇွန်လတုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက် လည်ပတ်ဖို့ စီစဉ်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ ဘာသာရေး၊ လူမျိုးရေး ပြဿနာ ဖြစ်ခဲ့တဲ့ အတွက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ ရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည် အယောက်ပေါင်း ၃၀၀၀၀ လောက် ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေပြီး ဒုက္ခသည် အဖြစ် တရားဝင် အသိ အမှတ်ပြု မခံရသူ အများအပြား လည်း စခန်းအပြင် ဘက်မှာ နေထိုင်လျက်ရှိ ပါတယ်။

ABC