Showing posts with label ပြည်တွင်းအနုပညာရပ်ဝန်း. Show all posts
Showing posts with label ပြည်တွင်းအနုပညာရပ်ဝန်း. Show all posts

သရုပ်ဆောင်ပိုင်းကူးမယ့် နန်းစန္ဒာလှထွန်း


Miss Myanmar 2nd Runner Up ဆုရှင် နန်းစန္ဒာလှထွန်းက သူမအနေနဲ့ သရုပ်ဆောင်ပိုင်းကို ကူးဖို့အတွက် ပြင်ဆင်နေပါတယ်လို့ ပြောပြခဲ့ပါတယ်။ “ညီက အခုအချိန်မှာ ကင်မရာနဲ့လည်း မစိမ်းတော့ပါဘူး။ ထိုက်သင့်တဲ့ ပရိသတ်လည်း ရှိပြီဆိုတော့ သရုပ်ဆောင်ပိုင်းကူးဖို့ ကြိုးစားနေပါပြီ၊ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သင်တန်းတွေ မတက်ခဲ့ရပေမယ့် အိမ်မှာ လေ့ကျင့်တာမျိုးတွေ နောက်ပြီး MTV အတွေ့အကြုံလည်း ရှိပြီဆိုတော့ သရုပ်ဆောင်ပိုင်းကူးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ညီမအခွင့်အရေး ရခဲ့မယ်ဆိုရင်တော့ သရုပ်ဆောင် ကြည့်ချင်ပါတယ်။ အဲဒီအတွက် အနုပညာဝမ်းစာကို တတ်နိုင်သလောက် ဖြည့်ထားပါတယ်။ ကိုယ်တိုင်လည်း ၀ါသနာ ပါတယ်။ Miss ပြိုင်ပွဲတွေကလည်း အတွေ့အကြုံကောင်းတွေ ရခဲ့သလို သရုပ်ဆောင်ပိုင်းမှာလည်း ရချင်ပါတယ်။ တကယ်လို့ ဇာတ်လမ်း ရိုက်ခွင့်ရမယ်ဆိုရင် ဒရာမာလေးတွေကို ရိုက်ချင်ပါတယ်”ဟု ပြောပြခဲ့ပါတယ်။ နန်းစန္ဒာလှထွန်းသည် လက်ရှိတွင် Photo တွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်။


The Messenger

အဆိုတော် မီမီဝင်းဖေ၏ ငယ်ဘ၀ ဖြတ်သန်းရာ




အနုပညာ လောကအတွင်း၌ အနုပညာ အမွေကို လက်ဆင့်ကမ်း၍ အောင်မြင်သည့် မျိုးဆက်သစ်များကို မွေးထုတ်နိုင်ခဲ့သူ များစွာ ရှိခဲ့ကြသည်။ မြန်မာ့အနုပညာလောက၏ စွယ်စုံရ အနုပညာရှင် ဒါရိုက်တာ ဦးဝင်းဖေ သည်လည်း ထင်ရှားသော ဂီတကြယ် တစ်ပွင့်ဖြစ်သည့် အဆိုတော် မီမီဝင်းဖေကို မွေးထုတ် အောင်မြင်စေခဲ့ပါသည်။ ယခုတစ်ပတ် အနုပညာရှင်တို့၏ ငယ်ဘ၀ ဖြတ်သန်းမှု ကဏ္ဍတွင် အောင်မြင်သည့် တေးသီချင်းများစွာကို သီဆိုခဲ့သူ အဆိုတော် မီမီဝင်းဖေ၏ ငယ်ဘ၀ ဖြတ်သန်းမှုများကို စုစည်း ဖော်ပြလိုက်ရပါသည်။

အဆိုတော် မီမီဝင်းဖေသည် ဖခင်ဖြစ်သူ စွယ်စုံရ အနုပညာရှင် ဒါရိုက်တာ ဦးဝင်းဖေနှင့် မိခင် ဒေါ်ခင်မြိုင်တို့၏ စတုတ္ထမြောက် သမီးဖြစ်ပြီး မွေးချင်း ငါးဦးအနက် အစ်ကိုသုံးဦး၊ မောင်တစ်ဦးတို့ရှိကာ တစ်ဦးတည်းသော သမီးဖြစ်သည်။ မီမီဝင်းဖေကို ၁၉၆၄ ခုနှစ်တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ ငယ်စဉ်အချိန်တွင် အေးဆေးစွာ ဆော့ကစားရင်းသာ နေထိုင်လေ့ရှိသည့် မီမီဝင်းဖေသည် ဂီတသံစဉ်များကို ငယ်စဉ်ကပင် စိတ်ပါဝင်စားလေ့ရှိသူ တစ်ဦးဖြစ်သည်။

ပညာသင်ကြားရာ၌ မူလတန်းကို မန္တလေးမြို့ အ.ထ.က (၈) တွင် တက်ရောက် သင်ကြားခဲ့ပြီး အလယ်တန်းကျောင်းကို ရန်ကုန်မြို့ရှိ အ.လ.က (၄) ရန်ကင်းတွင် တက်ရောက် သင်ယူခဲ့သည်။ အထက်တန်းကျောင်းကိုမူ အ.ထ.က (၂) ရန်ကင်းတွင် သင်ယူခဲ့သူ ဖြစ်သည်။

“ ပညာရေးကတော့ ရည်ရွယ်ချက်ရှိတော့ ကြိုးစားတယ်။ မမီက ငယ်ငယ်ကတည်းက အင်္ဂလိပ်စာပေကို သင်ယူလိုတယ်။ ဒါကြောင့် ဆယ်တန်းအောင်ပြီးတဲ့အခါ ဒီဘာသာရပ်ကို သင်ယူနိုင်ဖို့ စာကြိုးစားဖြစ်တယ် ” ဟု မီမီဝင်းဖေ၏ ပညာရေး ရည်ရွယ်ချက်ကို ဖွင့်ဟပြောပြခဲ့သည်။

ဖခင်ဖြစ်သူ၏ အနုပညာ ဖန်တီးမှုများစွာကို တွေ့မြင်ရင်းနှီးနေသော်လည်း နောင်တစ်ချိန်တွင် ဂီတငွေကြယ်ပွင့် ဖြစ်လာမည့် အဆိုတော် မီမီဝင်းဖေက ဂီတသံစဉ်များကိုသာ အဓိက နှစ်ခြိုက်ခဲ့သည်ဟု သိရသည်။ ယင်းဝါသနာအတွက် ဖခင်ဖြစ်သူကလည်း စနစ်တကျ လေ့လာ ဆည်းပူးနိုင်ရန် စီစဉ်ပေးခဲ့သည်။

“ မမီက ငယ်ငယ်ကတည်းက ဂီတကိုပဲ ၀ါသနာပါတာ။ အဖေကသိတော့ နိုင်ငံခြားကနေ ဂီတသင်ကြားမှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေ မှာပေးတယ်။ အဖေကိုယ်တိုင်ပဲ စနစ်တကျ သင်ပေးခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း သီချင်းတွေကိုပဲ ကြိုက်နေတဲ့ အခါကျတော့ သေချာကို လေ့လာ ဆည်းပူးဖြစ်ခဲ့တယ် ” ဟု မီမီဝင်းဖေက ဆိုသည်။

မီမီဝင်းဖေသည် အင်္ဂလိပ်ဘာသာ အဓိကဖြင့် တက္ကသိုလ် တက်ရောက်သည့် အချိန်တွင် အနုပညာ လှုပ်ရှားမှုများကို စတင် လုပ်ဆောင်ဖြစ်ခဲ့သည်။ တက္ကသိုလ် အနုပညာကပွဲများတွင် ပါဝင်သီဆိုလေ့ရှိသူ
တစ်ဦးဖြစ်သည်။ ယင်းမှတစ်ဆင့် ပထမဆုံး တေးစီးရီးအဖြစ် “ ယင်းမာ တင်ဆက်မှု အမှတ် (၁) ” ကို စတင် သီဆိုခဲ့သည်။

“ မမီကို ပရိသတ်တွေ ပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ သီချင်းက နှလုံးသားမြို့တော် သီချင်းပါ။ အဲဒီ သီချင်းလေးက မို့မို့မြင့်အောင် အကယ်ဒမီရတဲ့ နှလုံးသားမြို့တော် ဇာတ်ကားထဲက သီချင်းပေါ့။ အဲဒီသီချင်းနဲ့ပဲ မမီကို ပရိသတ်တွေက ရင်းနှီးသွားခဲ့တယ်။ ပြီးတော့ ကိုထီး (စိုင်းထီးဆိုင်) ရဲ့ “ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမည် ” ဆိုတဲ့ အခွေထဲမှာ စုံတွဲသီချင်းလေး တစ်ပုဒ်ဆိုခွင့်ရပြီး အဲဒီ သီချင်းလေးကလည်း ပရိသတ် တော်တော်များများ ကြိုက်ခဲ့ပါတယ် ” ဟု ပရိသတ် စတင် အသိအမှတ် ပြုစေခဲ့သည့် သီချင်းနှင့် ပတ်သက်၍ အမှတ်တရ ဆိုပါသည်။

ဂီတ လောကအတွင်း နှစ်ကာလ ကြာရှည်စွာ ဖြတ်သန်းခဲ့သူ အဆိုတော် မီမီဝင်းဖေသည် တစ်ကိုယ်တော် တေးစီးရီး ၁၅ ခွေနှင့် အတွဲတေးစီးရီး များစွာတွင် ပါဝင်သီဆိုခဲ့ကာ အောင်မြင်သည့် တေးသီချင်းပေါင်း များစွာကို သီဆိုခဲ့သူုဖြစ်သည်။ ယင်းသို့ အောင်မြင်ခဲ့သည့် တေးသီချင်းများစွာ အနက်မှ အမှတ်တရ အရှိဆုံး တေးသီချင်းတစ်ပုဒ်အဖြစ် မီမီဝင်းဖေက “ ပန်းချစ်သူ ” သီချင်းကို ရွေးချယ် ပြောပြခဲ့ပါသည်။

“ သီချင်းတွေက အများကြီးလည်း ဆိုခဲ့ပါတယ်။ ပရိသတ်တွေလည်း အားပေးခဲ့ကြတယ်။ အဲဒီထဲက အမှတ်တရ အဖြစ်ဆုံး သီချင်းဆိုရင်တော့ ပန်းချစ်သူကိုပဲ ရွေးချင်ပါတယ်။ ဒီသီချင်းလေးက မမီလည်း ကြိုက်တယ်။ ပရိသတ်တွေလည်း တော်တော်လေး ကြိုက်ကြပါတယ်။ ဒါကြောင့် ဒီသီချင်းလေးကို ရွေးချယ်ဖြစ်တာပါ ” ဟု အဆိုတော် မီမီဝင်းဖေက ဆိုသည်။ 

ဂီတ ဖြတ်သန်းမှု ခရီးရှည်တွင် စိတ်ကျေနပ်မှု ရရှိသည့် အချိန်များကို ပိုင်ဆိုင်ခဲ့သော်လည်း မိမိကိုယ်တိုင်၏ ဖန်တီးမှု ရလဒ်အပေါ် စိတ်တိုင်း မကျသည်များကိုလည်း ကြုံခဲ့ရဖူးသည်ဟု မီမီဝင်းဖေက ဆိုသည်။

“ မမီတို့ ခေတ်တုန်းက ဂီတလောက အခြေအနေက လက်ရှိ ဂီတလောက အခြေအနေနဲ့ဆိုရင် အများကြီး ကွာခြားတာပေါ့။ အခုကတော့ စက်ပစ္စည်းပိုင်းတွေ ပိုစုံလာတယ်။ အရည်အသွေးပိုင်းတွေ ပိုမြင့်အောင် ကြိုးစားနိုင်လာတယ်။ ဂီတ ဖန်တီးမှုအားတွေလည်း ပိုကောင်းလာပါတယ်။ အခွင့်အရေးရနိုင်တဲ့ လမ်းကြောင်းတွေလည်း ပိုများလာတယ်။ မမီတို့ ခေတ်တုန်းကတော့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ် လက်ခံဖို့ဆိုတာ တော်တော်ကို ကြိုးစားရတယ်။ ကြားခံ မီဒီယာ ဆိုတာကလည်း မဂ္ဂဇင်း နည်းနည်းပါးပါးလောက်ပဲ ရှိတဲ့အချိန်ပါ။ ဒါကြောင့် အများကြီး ကွာခြားတယ်လို့ ဆိုရမှာပါ ” ဟု မီမီဝင်းဖေက ဆိုသည်။

အဆိုတော် မီမီဝင်းဖေသည် ၂၀၀၇ ခုနှစ်တွင် မိဘများ ရောက်ရှိနေထိုင်လျက်ရှိရာ ပြည်ပနိုင်ငံသို့ အလည်အပတ် သွားရာမှ မိခင်ဖြစ်သူ၏ ကျန်းမာရေး အခြေအနေကြောင့် ခုနစ်နှစ်ခန့်ကြာ ပြည်ပတွင်သာ နေထိုင်ဖြစ် ခဲ့သည်။ လုပ်ကိုင်လက်စ အနုပညာလုပ်ငန်းများအား ရပ်နားကာ ပြည်ပတွင် နေထိုင်ခဲ့ရသည့် အချိန်ကာလများ၌ ဂီတလုပ်ငန်းများနှင့် ဂီတပရိသတ်များကို လွမ်းဆွတ် သတိရနေခဲ့ကြောင်း မီမီဝင်းဖေက ပြန်လည်ဖွင့်ဟ ပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာချိန်တွင် အနုပညာ လုပ်ငန်းအချို့ ပြန်လည်လုပ်ကိုင်ခဲ့ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက်ကိုမူ မိခင်ကျန်းမာရေးအတွက် ဦးစားပေး အချိန်ပေး ဖြစ်နေသောကြောင့်
အချိန်အနည်းငယ် ကြာမှာသာ စီစဉ်နိုင်မည်ဟု ဆိုပါသည်။ တစ်ကိုယ်တော် တေးစီးရီးသစ် တစ်ခွေကို စီစဉ်လျက်ရှိပြီး လက်ရှိတွင် NLD အောင်နိုင်ရေး မဲဆွယ် လှုပ်ရှားမှုများကိုပါ လုပ်ကိုင်နေခြင်း ဖြစ်သည်။

“ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ခေါ်ဆောင်သွားမယ့် သူတွေလည်း ရှိတယ်။ လိုက်ပါချင်တဲ့ သူတွေလည်း ရှိတယ်။ မမီတို့ ကိုယ်တိုင်လည်း ဒီလမ်းကြောင်းပေါ်ကို သွားချင်တယ်။ တညီတညွတ်တည်း ဒီလမ်းကြောင်းပေါ်ကို သွားဖို့ကြိုးစားနေတဲ့အချိန်မှာ ကိုယ်တတ်နိုင်တာလေး ကူလုပ်ပေးဖြစ်တာပါ ” ဟု မီမီဝင်းဖေက NLD အောင်နိုင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ဖြစ်ပုံကို ရှင်းပြသည်။

လက်ရှိ အချိန်အထိ အားပေးခဲ့သည့် ပရိသတ်များအား အဆိုတော် မီမီဝင်းဖေက “ မမီဖြတ်သန်းခဲ့တဲ့ ဂီတလမ်းကြောင်း တစ်လျှောက်လုံးမှာ ချို့ယွင်းချက်တွေလည်း ရှိခဲ့ပါတယ်။ အားနည်းချက်တွေလည်း ရှိခဲ့ပါတယ်။ အဲဒါတွေ အားလုံးကို မမီကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ဖြည့်စွက်စဉ်းစားပြီး အားပေးခဲ့ကြတဲ့ ပရိသတ် အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကြိုးစားသွားပါမယ်လို့ မမီ ပရိသတ်တွေကို ပြောချင်ပါတယ် ” ဟု ဆိုသည်။

အနုပညာမျိုးဆက် လက်ဆင့်ကမ်း အမွေဆက်ခံထားခဲ့သည့် အဆိုတော် မီမီဝင်းဖေက ယုံကြည်ရာ ဂီတခရီးလမ်းကို ဆက်လက် လျှောက်လှမ်းနေဆဲပင်ဖြစ်ပြီး တစ်ကိုယ်တော် တေးစီးရီးသစ် တစ်ခွေကို မကြာမီ ဖြန့်ချိနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ထို့ပြင် ရတနာဦး၊ မေဆွိတို့နှင့် ပူးတွဲပြုလုပ်မည့် သူငယ်ချင်းသုံးယောက် ဖျော်ဖြေပွဲကို ဒီဇင်ဘာလတွင် ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သတင်းစကားပါးရင်း အဆိုတော် မီမီဝင်းဖေ၏ ငယ်ဘ၀ဖြတ်သန်းမှု အစီအစဉ်ကို ရပ်နားခွင့်ပြုပါလို့။
Eleven

အရည်အသွေးကို ပိုတန်ဖိုးထားတဲ့ ခွန်းဆင့်နေခြည်






ပရိသတ် လက်ခံပြီးဖြစ်တဲ့ သရုပ်ဆောင် တေးသံရှင် ခွန်းဆင့်နေခြည်က နောက်ပိုင်းမှာ ဇာတ်ကားတွေရဲ့ အရေအတွက်ထက် အရည်အသွေးကို ပိုကြည့်ဖြစ်နေပါတယ်လို့ ပြောပြခဲ့ပါတယ်။ “ညီမ ဒီနောက်ပိုင်း သရုပ်ဆောင်ပိုင်းရော၊ နောက် အဆိုပိုင်းမှာရော သတိထားပြီး လုပ်ဖြစ်လာတယ်။ သတိထားဖြစ်တယ် ဆိုတာက အရေအတွက်ထက် အရည်အသွေးပိုင်း ပိုပြီး အလေးထား ဖြစ်လာတာပါပဲ။ အခုနောက်ပိုင်း ပရိသတ်တွေက မျက်စိပွင့် နားပွင့်ဖြစ်လာတယ်။ ဘယ်လိုလူတွေကတော့ အဖြစ်လုပ်ထားတယ်။ နောက်ပိုင်းလည်း ညီမရဲ့ ဇာတ်ကားပဲဖြစ်ဖြစ်၊ သီချင်း အခွေပဲဖြစ်ဖြစ်၊ အရည်အသွေးကို ပိုတန်ဖိုးထားသွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။ ခွန်းဆင့်နေခြည် အနေနဲ့ ကျောက်ဆူး ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးကို လုပ်ကိုင်နေပြီး“စာလာလာ မဖတ်နဲ့” MTV ကို ထွက်ရှိထားတယ်လို့ သိရပါတယ်။
Messenger

နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ကော်ဘရာနဲ့ ခင်မဉ္ဇူခိုင် တို့ရဲ့ မိသားစုကမ္ဘာ





မိသားစုတစ်စုရယ်လို့ဖြစ်လာပြီဆိုရင် မိသားစုဝင်တွေဟာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ၊ဖြည့်ဆည်းမှုတွေနဲ့ ပျော်ရွှင် ဖွယ် ကမ္ဘာတစ်ခုကို တည်ဆောက်ကြပါတယ်။ ကော်ဘရာနဲ့ ခင်မဉ္ဇူခိုင်တို့ဟာ အနုပညာလောကမှာ နေရာတစ်နေရာစီ အသီးသီး ရရှိထား သူတွေဖြစ်ကြပြီး နှစ်ယောက်တစ်ဘဝကို ထူထောင်ထားကြသူတွေလည်း ဖြစ်ကြပါတယ်။ သမီးလေးလည်း ရလာ ပြီဖြစ်တဲ့ ကော် ဘရာတို့မိသားစုရဲ့ ပျော်ရွှင်ဖွယ်ရာ မိသားစုပုံရိပ်များကို ဖော်ပြလိုက်ပါတယ်။

ကော်ဘရာ

ကျွန်တော်တို့က ၂ဝဝ၅ မှာ ချစ်သူတွေဖြစ်ကြ တယ်။ ၂ဝဝ၈ မှာ ခိုးပြေးတယ်။ ၂ဝဝ၉ မှာ မင်္ဂလာ ဆောင်ကြတယ်။ သမီးလေးကို ၂ဝ၁၄ နှစ်ဆန်းမှာမွေး တယ်။ သူ့ နာမည်ကိုတော့ မှူးမြတ်သခင်လို့ပေး ထားတယ်။ ကျွန်တော်တို့မိသားစုကတော့ နှစ်ယောက်သား တစ်ယောက်အလုပ်တစ်ယောက် ဝိုင်းကူ ပြီး လုပ်ပေးကြပါတယ်။ အခု အဓိကကတော့ သမီးအ တွက်ပဲ။ သမီးကငယ်သေးတော့ သူ့အနားမှာပဲ နှစ်ယောက်လုံးနေပေးတယ်။ မိဘနှစ်ယောက်လုံး အုပ်ချုပ်တဲ့ပုံစံမျိုးကို ကလေးမယူခင်ကတည်းက ကျွန်တော်တို့က
တိုင်ပင်ထားတယ်။ အလုပ်အား တဲ့အချိန်တိုင်းတော့ နှစ်ယောက်စလုံးက သမီးအ တွက် အချိန်ပေးတာများတယ်။

အရင်ကတော့ ဘာမှမကွာဘူး ထင်တာ။ အိမ် ထောင်ကျသွားပြီး လင်မယားနှစ်ယောက်ဖြစ်တဲ့အချိန် ထိ ဘာမှမပြောင်းလဲဘူး။ ဒါပေမဲ့ ကလေးရလာတဲ့အခါ မှာတော့ ကွာသွားတယ်။ တချို့ကိစ္စတွေမှာ တစ် ခုခုယှဉ်လာရင် မိသားစုအတွက်ကိုပဲ ပိုစဉ်းစားဖြစ်လာတယ်။ အစစ အရာရာ မိသားစုအတွက်၊ ကလေး အတွက်ဆိုတာမျိုးပဲ တွေးဖြစ်တယ်။

ကလေးက အဖေရော၊ အမေရောရဲ့ ဗီဇတော့ပါ တယ်။ ကျွန်တော် အိမ်မှာ ဂစ်တာ တီးရင် သူက သီချင်းတွေလိုက်အော် တယ်။ ဆိုတာတော့ ဝါသနာပါမယ် ထင်ပါတယ်။ သူဝါသနာပါရင် တော့ လုပ်ပေးမှာပါ။

ခင်မဉ္ဇူခိုင်

အရင် အပျိုဘဝကရော၊ သူနဲ့ အိမ်ထောင်ကျပြီး နှစ်ယောက်ဖြစ် လာတော့ရော တော်တော်လေး လွတ် လပ်တယ်။ လင်မယားနှစ်ေ ယာက် လျှောက်သွား၊ လျှောက်စားပေါ့။ အခု သမီးလေးလည်း ရှိလာပြီဆိုတော့ ဘာပဲ လုပ်လုပ် သူ့အတွက်စဉ်းစားပေးရတယ်။ တစ်နေ ရာသွားရင်တောင် သူနဲ့အဆင်ပြေ မယ့်နေရာ၊ သူဘာစားမလဲ၊ သူစားဖို့ အဆင် ပြေတဲ့နေရာ၊ ဒါတွေကို စဉ်းစားပေးရတယ်။ သူ့ကို စမွေးကတည်းက နာ့စ်တွေဘာတွေနဲ့ လည်းမထားဘဲ ကိုယ်ပဲထိန်းတာဆိုတော့ သူက အမေမှအမေပဲဆိုတော့ တခြားအလုပ်တွေ သိပ်မလုပ်ဖြစ်ဘူး။ သူနဲ့ပဲ အချိန်ကုန်နေတာ။ ဇာတ်ကားလေးတွေ ရိုက်ကူးထားတာတော့ရှိ တယ်။ ကိုယ်ကားရိုက်တဲ့အချိန်ဆို သူ့ကို ကိုကော်ဘရာနဲ့ ထားခဲ့ရတယ်။

ကလေးရှိလာပြီ ဆိုရင် တော့ မိခင်မေတ္တာလို အပ်ပါတယ်။ ကလေးတစ်ယောက် မွေးပြီးပြီဆို ကတည်းက သူ့ကို သေချာပျိုး ထောင် ချင်တယ်။ သူ့ဘဝကို အမြင့်တစ်နေရာရာ ရောက် စေချင်တယ်။ အဲဒီအတွက် ဘာပဲလုပ်လုပ် သူ့အတွက်ပဲ စဉ်းစားလုပ်ဖြစ်တယ်။ ညီမ တို့မိသားစုအနေနဲ့ တစ် ယောက်နဲ့တစ်ယောက် စည်းတွေ၊ ဘောင်တွေနဲ့ ကန့်သတ် ထားတာမရှိဘူး။ ကိုယ့်အသိစိတ်နဲ့ ကိုယ် လင်မ ယားနှစ်ယောက်က သူ့ တာဝန်ကိုယ့်တာဝန် မခွဲဘဲ လုပ်ကြတယ်။ ကိုယ် လည်း သူ့ကိုကူ၊ သူလည်း ကိုယ့် ကိုကူပြီးမခွဲခြားဘဲ တိုင်တိုင် ပင်ပင်နဲ့ နေထိုင်ကြပါတယ်။

ရဲရဲ
Popular

Mister Global 2015 ကို သရုပ်ဆောင် အဆိုတော် မင်းလူလူ သွားပြိုင်မည်

Mister Global Myanmar 2015 မင်းလူလူ

ထိုင်းနိုင်ငံမှာ မကြာခင် ကျင်းပပြုလုပ်တော့မယ့် Mister Global 2015 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ Mister Global Myanmar 2015 အဖြစ် မော်ဒယ်လ်၊ သရုပ်ဆောင်၊ အဆိုတော် မင်းလူလူက သွားရောက် ယှဉ်ပြိုင်တော့မှာပါ။ 

ဒီပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံမှာရှိတဲ့ ကမ်းခြေအပါအဝင်၊ ပြည်နယ် ဒေသသုံးခုမှာ စခန်းသွင်းလေ့ကျင့်သွားမှာဖြစ်ပြီး မတ်လ ၈ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Mister Global 2015 Grand Final ပွဲကြီးကို ကျင်းပပြုလုပ်မှာပါ။

ဒီပြိုင်ပွဲကိုတော့ သြစတြေးလျ၊ အဇာဘိုင်ဂျန်၊ ဘရာဇီး၊ ကမ္ဘောဒီးယား၊ ချီလီ၊ ချက်ရီပက်ခ်ပလစ်၊ ပြင်သစ် ၊အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုးရီးယား၊ လက်ဗီးယား၊ လက်ဘနွန်, မလေးရှား၊ မက္ကဆီကို၊ မြန်မာ၊ ပီရူး၊ ဖိလစ်ပိုင်၊ ပေါ်တိုရီကို၊ စင်ကာပူ၊ စပိန်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗင်နီဇွဲလား နှင့် ဗီယက်နမ် အစရှိတဲ့ နိုင်ငံပေါင်း ၂၄ နိုင်ငံက မစ္စတာ တွေလာရောက် ယှဉ်ပြိုင်ကြမှာပါ။

ပြိုင်ပွဲနဲ့ပတ်သက်လို့ ဘယ်လိုတွေပြင်ဆင်ထားသလဲဆိုတာကို မင်းလူလူက “ပြိုင်ပွဲ အတွက် အခုကတည်းက အကောင်းဆုံးပြင်ဆင်ထားတယ်။ အရင်တုန်းကတော့ မြန်မာပြည်မှာပဲ မစ္စတာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖူးတယ်၊ အခုက နိုင်ငံတကာနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် Perfect မဖြစ်ရင်တောင် အစစအရာရာကို အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ဘော်ဒီအပိုင်းဆိုရင်လည်း ကျနော် ပုံမှန်ကစားတယ်။ Cat Walk လျှောက်တာတွေလည်း အကောင်းဆုံးပြင်ဆင်ထားတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ပြိုင်ပွဲမှာ ဝတ်ဆင်ရမယ့် အနောက်တိုင်းဝတ်စုံကို ဒီဇိုင်နာ မစန္ဒာအောင်နဲ့ National Costume ကို ဒီဇိုင်နာ ကိုစိုင်းလတ်တို့က တာဝန်ယူ ချုပ်လုပ်ပေးထားတာဖြစ်ပြီး ပြိုင်ပွဲ Talent Show မှာ မြန်မာ့ဓါးသိုင်း (ဗန်ဒို၊ ဗန်ရှည် ဓါးနှစ်လက်သိုင်း) ကို ပြသဖို့ သိုင်းဆရာ ကိုရန်နိုင်က လေ့ကျင့် သင်ကြားပေးထားတယ်လို့ သူကဆက်ပြောပါတယ်။ 

မင်းလူလူအတွက် National Costume ကို တာဝန်ယူချုပ်လုပ်ပေးထားတဲ့ ဒီဇိုင်နာ ကိုစိုင်းလတ်က ဝတ်စုံနဲ့ ပတ်သက်ပြီး “မင်းလူလူက မြစ်ကြီးနား ဟိုပင်ဘက်ကနေ လာတာဖြစ်တဲ့အတွက် သူ့အတွက် ဝတ်စုံကို သူ့ရဲ့ National Director ကိုဇေယံဟိန်းနဲ့ တိုင်ပင်ပြီး ကျနော်သူ့ကို ကချင်ရိုးရာကို ဆန်းသစ်ထားတဲ့ ကချင် National Costume လုပ်ထားပေးပါတယ်။ သူ့ကို အရမ်းကြီး ရိုးရာဆန်တဲ့ပုံစံမျိုးနဲ့ Update Design မျိုး လုပ်ထားပေးတယ်။ ခေါင်းပေါ်မှာ ကချင်မနောကကြီးတွေ ဆောင်းတဲ့ ခေါင်းဆောင်းကို ဒေါင်းမွှေးနဲ့ Creation လုပ်ထားတယ်။ Costume ကကျတော့ နည်းနည်း ပေါ့ပေါ့ပါးပါးလေးလုပ်ထားပေးပါတယ်” လို့ ဆိုပါတယ်။



မင်းလူလူကို Mister of Global Myanmar 2015 အဖြစ် Mister of Myanmar Organization ကို တည်ထောင်ထားတဲ့ Brilliant Model Agency က ရွေးချယ်ထားတာဖြစ်ပါတယ်။ 

အဲဒီလို ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး Mister of Myanmar Organization ရဲ့ National Director ကို ဇေယံဟိန်းက “မင်းလူလူကို ကျနော်တို့ Organization ကနေ Mister Global Myanmar 2015 အဖြစ် ရွေးချယ်လိုက်ရခြင်း အကြောင်းရင်းက မင်းလူလူဟာ အားလုံးသိထားတဲ့အတိုင်း ၂၀၁၄ မှာ ‘မျှော်လင့်ခြင်း အလင်းတန်း’ ဆိုတဲ့ သူ့ရဲ့တကိုယ်တော် တေးစီးရီးခွေ ထွက်ရှိထားတယ်။ ပြီးတော့ ကျနော်တို့ Brilliant မော်ဒယ်လ် အေဂျင်စီကနေ ပထမဆုံး ကျင်းပပြုလုပ်ခဲ့တဲ့ The First Myanmar Cool Guy Contest 2013 ရဲ့ Winner ဆုရှင်တဦးလည်းဖြစ်တဲ့အတွက်ကြောင့် ကျနော်က သူ့ကို ကမ်းလှမ်းခဲ့တယ်။ အဲဒါကို သူက လက်ခံတဲ့အတွက် ကျနော်က သူ့ကို ယုံယုံကြည်ကြည်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆက်ပြီး သူက “မနှစ်က Mister Global ဆု ရရှိခဲ့တဲ့ Marco (မြတ်သူရလွင်) ဟာဆိုရင် ကျနော်တို့ Organization ရဲ့ မစ္စတာတယောက် ပီသစွာ အခုထိ ရပ်တည်နေပါတယ်။ အရှေ့မှာလည်း သူက မြန်မာနိုင်ငံ အတွက် အကောင်းဆုံးဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက် ဒီနှစ် သွားရောက်ယှဉ်ပြိုင်မယ့် မင်းလူလူ အတွက် Pressure တခုလို ဖြစ်နေတယ်။ ဒါပေမယ့်ကျနော်က မြန်မာနိုင်ငံဟာ နှစ်နှစ်ဆက်တိုက် ဆုမရနိုင်ဘူးဆိုတာကို ယုံကြမှုမရှိတဲ့ အတွက်ကြောင့် ကမ္ဘာ့စင်မြင်ထက် အလယ်မှာ မြန်မာ့စလွယ်လွယ်ပြီး ယှဉ်ပြိုင်နေတာကို မြင်ချင်တဲ့အတွက် မင်းလူလူကို စေလွှတ် ယှဉ်ပြိုင်စေခြင်း ဖြစ်ပါတယ်” လို့လည်းပြောပါတယ်။

၂၀၁၄ခုနှစ်က ထိုင်းနိုင်ငံမှာပဲ ကျင်းပခဲ့တဲ့ Mister Global 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မော်ဒယ်လ် Marco (မြတ်သူရလွင်) က ပြိုင်ပွဲရဲ့ Grand ဆု၊ Mister Global 2014 ဆုနဲ့ Missology ဆုတို့ကို ရရှိခဲ့ပါတယ်။ 

Mister Global Myanmar 2015 မင်းလူလူက အရင်နှစ်က သွားပြိုင်ခဲ့တဲ့ Marco က Grand ဆုရရှိခဲ့ဖူးတဲ့ အတွက် သူ့အနေနဲ့ အခုလိုသွားပြိုင်ရတဲ့အပေါ် ဖိအားတခုလို ဖြစ်နေကြောင်း၊ ဒီပြိုင်ပွဲအတွက်ကိုလည်း အကောင်းဆုံးပြင်ဆင်ထားကြောင်းနဲ့ ဆက်လက်အားပေးစေလိုကြောင်း ပြောဆိုပါတယ်။

မစ္စတာပြိုင်ပွဲတွေ များလာတဲ့အပေါ် မြန်မာနိုင်ငံကိုယ်စားပြု၊ Mister Global Myanmar တယောက် အနေနဲ့ ဘယ်လိုမြင်မိလဲဆိုတာကို မင်းလူလူက“ ဒီလို ပြိုင်ပွဲတွေ အများကြီး ရှိလာတာ အရမ်း ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အရင်တုန်းကဆိုရင် အမြင် သိပ်မကျယ်ဘူးလေ။ မြန်မာပြည်မှာပဲနေ၊ မြန်မာအမြင်နဲ့ပဲ မြင်ပြီးတော့ နေခဲ့ကြတယ်။ ဒါပေမယ့် အခု International ကို သွားရောက် ယှဉ်ပြိုင်တဲ့အခါ မစ္စတာတွေ ပိုပေါလာတယ်။ အမြင်တွေ ပိုကျယ်လာတယ်။ အဲဒီလိုမျိုး နိုင်ငံတကာ နဲ့ ယှဉ်ပြိုင်လာတဲ့အခါ ပိုပြီးတော့ ဂုဏ်ယူမိပါတယ်” လို့ ဧရာဝတီကို ပြောသွားခဲ့ပါတယ်။
ဧရာဝတီ

ပရော်ဖက်ရှင်နယ် Sexy မော်ဒယ်လ်တယောက်ပဲဖြစ်ချင်တာ

ခန္တာကိုယ်ကောက်ကြောင်းလှလှနဲ့ Sexy ကျကျ မော်ဒယ်လ်တဦးကို အွန်လိုင်း ပရိတ်သတ်တွေ သတိထားမိကြ မယ်ထင်ပါတယ်။ အထူးသဖြင့် ဖေ့ဘုတ်စာမျက်နှာမှာထက်မှာ သူ့ရဲ့ Sexy ဓာတ်ပုံတွေဟာ လူသိပိုများ ပါတယ်။ သူကတော့ အသက် ၂၅ နှစ် ရှိပြီး ဥပဒေနဲ့ ဘွဲ့ရထားသူ မော်ဒယ်လ် ဇာဇာထက်ပါ။ မော်ဒယ်လ်ဇာဇာထက်ဟာ သိပ်မကြာသေးခင်ကာလကလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် နယ်မြေမှာ ဖြစ်ပွားနေတဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တပ်မတော်သားတွေ စိတ်အပန်းပြေပျောက်ဖို့အတွက် Naked sexy အကနဲ့ နယ်လှည့်ဖျော်ဖြေသွားမယ်ဆိုတဲ့ ကောလဟလ သတင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ မော်ဒယ်လ် ဇာဇာထက်ဟာ ၂၀၁၂ ခုနှစ် ၈ လပိုင်းလောက် ကစလို့ Sexy ဓာတ်ပုံတွေနဲ့ အွန်လိုင်း သုံးစွဲသူတွေအကြား စတင် လူသိများလာခဲ့တာပါ။ သူဟာ ၂၀၁၁ ခုနှစ်မှာ မော်ဒယ်လ်ဂျွန်လွင်ဆီမှာလည်း မော်ဒယ်လ်သင်တန်း တက်ရောက်ခဲ့ဖူးတယ်လို့လည်းသိရပါတယ်။ သူ့ရဲ့ Sexy model ဘ၀ တစေ့တစောင်းရယ် သူ့ရှေ့ဆက် လျှောက်မယ့် မော်ဒယ်လ်ဘ၀နဲ့အတူ သူရင်ဆိုင်ခဲ့ရတဲ့ ကောလဟလအကြောင်းတို့ကို ဧရာဝတီနဲ့အတူ ပေါ့ပေါ့ပါးပါး မေးဖြစ် ဖြေဖြစ်တာလေးကို ဖော်ပြပေးလိုက်ပါတယ်။


မေး ဘာကြောင့် Sexy ဓာတ်ပုံတွေကို ရိုက်ဖြစ်ရတာပါလဲ။ ပရိတ်သတ်အားပေးလို့ လုပ်ဖြစ်ရတာလား။


ဖြေ အဓိကကတော့ ပရိတ်သတ်အားပေးလို့ဆိုတာထက် ဇာဇာနဲ့ ပိုလိုက်တယ်ထင်လို့ပါ။။ ဇာ မျက်နှာက မာတယ်။ ဓာတ်ပုံထဲရောက်ရင် ရုပ်ရင့်တယ်။ Sexy ပုံစံနဲ့ပိုလိုက်တယ်ထင်လို့ပါ။ ဇာဇာ မျက်နှာအကျက မြန်မာကလူနဲ့ သိပ်မတူဘူးပေါ့နော်။ ကိုယ်နဲ့ မလိုက်တဲ့ လမ်းကြောင်းကို ရွေးမယ့်အတူတူ ကိုယ်နဲ့လိုက်တဲ့ လမ်းကြောင်းကို ရအောင်လုပ် ကြည့်လိုက် မဖြစ်ဘူးဆိုတာ မရှိစေရဘူးဆိုပြီး ဒီလမ်းကြောင်းကို ရွေးဖြစ်တာပါ။ အစကတော့ အဆဲခံ အပြောခံရလို့ စိတ်ဓာတ်တွေလည်း ကျတယ်။ မလုပ်ချင်တော့ဘူးပေါ့နော်။ ဒါပေမယ့် တချို့အားပေးတဲ့သူတွေလည်း ရှိတယ်။ အားပေးပေး မပေးပေး လုပ်ရမှာ ငါ့အပိုင်းပေါ့နော်။ သူတို့ကြိုက်ရင် လည်း အားပေးမယ်။ မကြိုက်ရင်လည်း အားမပေးဘူးပေါ့။ ကိုယ့်ကို လက်ခံမခံ လုပ်ကြည့်မယ်ပေါ့။ အဆင်မပြေရင်လည်း ကျောင်းစာ ပြန်လုပ်မယ်ပေါ့ ဆိုပြီး လုပ်ကြည့်ရင်းနဲ့ ပေါက်သွားတာပါ။


ဇာဇာက ခန္တာကိုယ်လေးလည်းရှိတယ်။ Sexy ဆိုတာလည်း လုပ်ချင်တိုင်း လုပ်လို့မရဘူး။ အရမ်း ပိန်နေတဲ့သူ ဆိုရင်လည်း လုပ်လို့မဖြစ်ဘူး။ နိုင်ငံခြားမှာဆိုရင်တောင် ဆီလီကွန်တွေထည့်ပြီး ပြည့်အောင် လုပ်ရတာ။ နိုင်ငံခြားက မော်ဒယ်လ်တွေဆိုရင် ပိန်တော့ပိန်တယ်။ ဒါပေမယ့် သူ့နေရာနဲ့သူ အချိုးအဆစ်က ရှိပြီးသားလေ။ အဲ့ဒီတော့ ဇာက ခန္တာကိုယ်ကောက်ကြောင်းလည်းရှိတယ်။ အရမ်းကြီး အားစိုက်စရာမလိုဘူး။ အဲ့ဒီတော့ လုပ်ကြည့်မယ်ဆိုရင် လုပ်ကြည့်တာပါ။


မေး ဒီလို လုပ်လိုက်တဲ့အပေါ် ဝေဖန်မှု ဒဏ်ကို ဘယ်လောက်အထိ ခံခဲ့ရလဲ။


ဖြေ ဝေဖန်မှုကတော့ တော်တော်လေးကို ခံခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ဆက်မလုပ်ချင်လောက်အောင် ခံရပါတယ်။ တချို့ဆိုရင် ဥပမာ- Sexy Model ဆိုရင်ရရဲ့သားနဲ့ လိင် ဆိုတဲ့ စကားလုံးတွေနဲ့ တင်စားပြီး ရေးတယ်။ ကျမ အကြောင်းတွေ အင်တာဗျူး မလုပ်ဘဲနဲ့ရေးတာမျိုးတွေ ခံရတယ်။ အဲ့လိုမျိုး ခေါင်းစဉ်တပ်ခံရတဲ့အချိန်မှာ ငယ်ငယ်တုန်းက ပေါင်းနေတဲ့သူငယ်ချင်းတွေက အစ ကိုယ်က အရင်တုန်းက ယောက်ျားလျာလိုနေတဲ့အချိန်မှာ ဒီလိုဖြစ်မယ်ဆိုတာလည်း မသိဘူး။ ရည်းစားနဲ့ဖြတ်ပြီးတော့မှ sexy မဖြစ်ဘူးဆိုတာကို မခံချင်စိတ်နဲ့ တကယ်တော့ အဲ့ဒီ sexy ဆိုတာ ဘာမှန်းမသိဘဲနဲ့ သင်တန်းသွားတက်တယ်။ တကယ်တော့ စိတ်မ၀င်စားဘူး။ ဆရာက အိုက်တင်လုပ်ဆိုရင်တောင် မလုပ်တတ်ဘူး။ တောင့်တောင့်ကြီး ဖြစ်နေတာ။ ဒီလိုလမ်းကြောင်း ရောက်မယ်ဆိုတာလည်း တကယ့်ကို လုံးဝမထင်ထားဘူး။ ကောလဟလတွေ အပြောခံရချိန်မှာ ကိုယ်က မရင့်ကျက်သေးတော့ နေလို့ထိုင်လို့မရခဲ့ဘူး။ အိမ်ကိုလည်းမပြောရဲဘူး။ အားပေမယ့်သူကလည်း မရှိဘူး။ ကျမတို့က Broken family ပါ။ အဖေက ၀န်ထမ်းအရာရှိဆိုတော့ ကျမကို ဂျာနယ်တွေမှာတွေ့တယ်ဆိုတော့ အဖေက အမေ့ကို ဖုန်းဆက်ပြီးပြောတယ်။ အမေက ဆီးချိုဖြစ်နေတော့ မျက်စိက ခွဲထားတာ သိပ်မမြင်ဘူး။ အင်တာနက်တွေဘာတွေလည်း သုံးလို့မရဘူး။ အဲ့လိုမျိုးတွေကို အမေက မသိဘူး။ ပြီးတော့ မောင်လေးကလည်း ဆယ်တန်းကျောင်းသားဆိုတော့ အဲ့ဒါမျိုးတွေ သိပ်မလုပ်ဘူး။ သူကလည်း ဂိမ်းပဲဆိုတော့လေ။ နောက်တော့မှ သူ့သူငယ်ချင်းတွေက အွန်လိုင်းကနေ ဒေါင်းပြီးတော့ မောင်လေးကို ပြတယ်။ အဖေကလည်း အမေ့ဆီကို ဖုန်းဆက်ပြီး သားသမီးကို အဲ့လိုပဲ ထိန်းရသလားပေါ့။ ပညာတွေသင်ပေးထားတာ။ ဥပဒေနဲ့ ဘွဲ့ရထားတာ အလကားမဟုတ်ဘူးပေါ့ ဆိုပြီး လှမ်းပြောပြီး ပြသနာရှာတော့မှ အမေက သိပြီးတော့ အိမ်ပေါ်ကနေ နှင်ချတယ်။ မျိုးရိုးထဲမှာ ဒါမျိုး မရှိဘူးဆိုပြီး ဆဲဆိုထုရိုက်တာခံရတာပေါ့။ မြန်မာပြည်မှာနေပြီး ရိုက်စရာရှားလို့ ဆိုပြီး တစိမ်းမပြောနဲ့ ကိုယ့်မိသားစုတောင် အမြင်မရှိဘူး။ အဲ့ဒီအချိန်မှာ စိတ်က အရမ်းတိုတော့ အမေ့ကို ပြန်ပြောလိုက်တယ်။ အမေတို့ကရော ငွေထုပ်ကြီးပိုက်ထားပြီးတော့ ရင်းပေးလို့လားပေါ့။ အနောက်ကနေ မဂ္ဂဇင်းတွေ ရိုက်ဖို့ ပိုက်ဆံထုတ်ပေး လို့လား၊ ဓာတ်ပုံဆရာတွေနဲ့ရိုက်ဖို့ ပိုက်ဆံပေးလားပေါ့ အဲ့လိုပေါ့။ သူများအမေတွေလိုမျိုး သမီးကို ပံ့ပိုးပေးလို့လားပေါ့။ သမီးဝါသနာပါတာ သမီးလုပ်ကြည့်တာပေါ့၊ လုပ်ကြည့်လို့မှ မရရင် နောက်ဆုတ်မယ်ပေါ့။ အခုက အရှေ့ကိုရောက်နေပြီ သမီး နောက်မဆုတ်ချင်တော့ဘူး။ ဒီလိုအချိန်မျိုးရောက်မှ နောက်လှည့်ဖို့ဆိုတာ မဖြစ်တော့ဘူး။ အရှေ့ကို လှမ်းလက်စနဲ့ ဆက်လှမ်းမယ်ဆိုတော့ နင်ဆက်လှမ်းမယ်ဆိုရင် ငါတို့ မျိုးရိုး ထဲမှာလည်းမရှိဘူးပေါ့။ အဲ့ဒါကြောင့် အိမ်ပေါ်ကနေ နှင်ချတယ်။ အခုတော့ မနှင်ချနဲ့ဦးလို့ အခုဒီအလုပ်က ပိုက်ဆံမရသေးဘူး။ ပိုက်ဆံရတဲ့အချိန်ကျရင် ဆင်းသွားပြီး အိမ်ဌားနေမယ်ပေါ့။ အခုတော့ ပိုက်ဆံ မရသေးတော့ နေစရာမရှိသေးလို့ ဒီအိမ်မှာပဲနေပါရစေဆိုပြီး ကုတ်ကတ်ပြီး နေနေတာ။ အဲ့တော့ နေ့တိုင်း တချိန်လုံးပြောဆိုခံရတော့ ကြာတော့ စိတ်ညစ်တာပေါ့။ နောက်ပိုင်း မဇ္ဈိမက လိင်ဇာတ်ကားရိုက် တော့မယ်ဆိုပြီး အရေးခံလိုက်ရတော့ အဲ့ဒီအချိန်မှာ ကောလဟလတွေကြောင့် နေ့တိုင်း ငိုယိုနေတော့ အမေလည်း သနားလာပြီး နားလည်မှုရသွားတာပါ။ အမေကိုယ်တိုင် ပြသနာကို လိုက်ဖြေရှင်းပေးတယ်။ အဲ့လိုမျိုးပေါ့ အိမ်ကအစ အထင်မကြီးဘူး။ ဒီလို ဒဏ်တွေ တော်တော်ခံခဲ့ရပါတယ်။ မောင်တွေ အကိုတွေကအစ အရမ်းရှက်လို့ စကားတောင်မပြောဘူး။


အခုဆိုရင်တော့ အရင်ကလောက်တော့ မဆိုးတော့ဘူး။ နားလည်မှုရှိလာတယ်။ သူများတွေလည်း ဒီလိုပဲ လုပ်နေကြတာပဲ။ အမေတို့က မပံ့ပိုးနိုင်ပေမယ့် သမီးနာမည်ကို ချရင်းလိုက်တာပဲလို့။ ဒီ့အတွက် နာမည်တော့ ဆိုးသွားတာပေါ့။ ဒါပေမယ့် စာရိတ္တပိုင်းက ပျက်ဆီးနေလို့လား မိဘအုပ်ထိန်းမှုအောက်မှာ နေနေတာပေါ့။ ဒီမှာက မတိုးတက်သေးလို့ပါ။ သူများနိုင်ငံမှာလည်း ဒီလိုမျိုးတွေ ရိုက်နေတယ်ပေါ့ဆိုပြီး ပြောပြတော့မှ သိပ်ပြီး တော့ မပြောတော့တာ။ ဒါပေမယ့် အခုချိန်ထိတော့ ပွဲတခုခုသွားမယ်ဆိုရင် လုံလုံခြုံခြုံ ၀တ်ရတယ်။ လမ်း ရောက်တော့မှ သူငယ်ချင်းအိမ်ရောက်မှ လဲရတာမျိုးတွေ တခါတလေ အတိုအပြတ်ဝတ်ပြီးရင် အပေါ်ကနေ ထမိန်ထပ်ဝတ်ပြီး အိမ်ကနေ ထွက်သွားရတာမျိုးတွေပေါ့။


မေး ဒီလောက် မိသားစုရော ပတ်ဝန်းကျင်ရော အခက်အခဲတွေကြားထဲက ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာဟာ ဒီလမ်းကြောင်းက ပိုပြီး လူသိများ အောင်မြင်လွယ်မယ်လို့ ယူဆမိလို့လား။


ဖြေ အဲ့လိုမျိုးလည်းမဟုတ်ဘူး။ အောင်မြင်ဖို့လမ်းကြောင်းကိုမြင်လို့ရယ်မဟုတ်ဘူး။ ကျမစိတ်က ဒါကို လုပ်ချင်တယ်။ လူတွေက အရမ်းပြောတယ်။ ဒီလိုအချိန်ရောက်တော့မှ စစ်ပွဲတခုတိုက်နေရသလိုပေါ့။ တိုက်ပွဲ တိုက်ရင်းနဲ့ သေမလား၊ မတိုက်ဘဲနဲ့သေမလား၊ တန်ဖိုးရှိအောင်တော့ ငါ တိုက်ရင်းနဲ့သေမယ်၊ သေတာတောင် နာမည်ကောင်းနဲ့သေမယ်၊ လုပ်လက်စနဲ့လုပ်မယ်ဆိုပြီး ဆက်တိုက်မယ်။ မတိုက်ဘဲနဲ့ ရပ်လိုက်ရင် သူများပစ် သွားလိမ့်မယ်ပေါ့။ ဟိုမရောက် ဒီမရောက်နဲ့ ရပ်လိုက်ရင်လည်း သူများ အပြောခံရမှာပဲ။ အပြောခံရမယ့်အတူတူ ဆက်ဖောက်မယ်ပေါ့။


မေး ကိုယ်လုပ်ချင်တဲ့လမ်းကြောင်းလို့ဆိုတော့ ဒါဆို ၀ါသနာပါလို့ ၀ါသနာအရလို့ ပြောလို့ရမလား။


ဖြေ အစကတော့ ၀ါသနာအရလို့တော့ မဟုတ်ဘူး။ ကိုယ်နဲ့လိုက်မယ့် လမ်းကြောင်းကို ရွေးခဲ့တယ်။ ဒါပေမယ့် ပရိတ်သတ်လက်ခံလာတဲ့အခါမှာတော့ ၀ါသနာလည်းပါသွားတယ်။ တကယ်လုပ်ကြည့်ချိန်မှာ အဲ့ဒါရဲ့ ဖီလင်ရယ် နောက်ပြီး ကျမ တခြား ၀က်ဆိုဒ်တွေကိုကြည့်ပြီး ပိုပြီး စိတ်ဝင်စားလာတယ်။ သူများတွေလုပ်တာကို ဒီအနုပညာရဲ့ လေးနက်မှုကို လက်ချောင်းလေးတွေကအစ ပြီးတော့ ဒီလို Sexy ပုံဆိုတာ ရိုက်ချင်တိုင်း ရိုက်လို့ မရဘူးဆိုပြီး အနက်အဓိပ္ပာယ်ကို သိလာတဲ့အချိန် အိုက်တင်လည်း တတ်လာတဲ့အချိန်မှာ ဒါမျိုးလေးကို ဆက်လုပ်ချင်တယ်။ ဒါဟာ အဆိုးနဲ့ အကောင်းယှဉ်လိုက်ရင် တုန့်ပြန်မှုက အဆိုးဘက်က ပိုများတယ်။ ဒီလို အဆိုးပေမယ့် ငါသည် ၀ါသနာအရလုပ်တာ။ ဒါပေမယ့် ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး။ ပရော်ဖက်ရှင်နယ် တကယ်ရိုက်ချင်လို့ လုပ်တာ။ ပေါက်ပေါက်မပေါက်ပေါက် ငါလုပ်မယ်ဆိုတဲ့စိတ်နဲ့ လုပ်တာ။ ဘယ်သူဘာပြောပြော ငါ့လမ်း ငါ့ဆက်လျှောက်မယ် ဆိုပြီး နည်းနည်း ခေါင်းမာတတ်တဲ့ အကျင့်ကြောင့်လားမသိဘူး။


မေး ဒါဆို ဇာဇာထက်က သူများနဲ့မတူတဲ့ လမ်းကြောင်းတခုကို ဖောက်ချင် လျှောက်ချင်တယ်လို့ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့ ဆိုရမလား။


ဖြေ ဟုတ်ပါတယ်။ သူများနဲ့မတူတဲ့ လမ်းကြောင်းပေါ့နော် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါထိုးဖောက်ရမယ်။ အလွယ်လမ်းတော့ လိုက်တာမဟုတ်ဘူး။


မေး ဇာဇာထက် ဖြစ်ချင်တဲ့ အနုပညာလမ်းကြောင်းဆိုတာက ဘာဖြစ်မလဲ။


ဖြေ ဇာဇာကတော့ သရုပ်ဆောင်လိုင်းဘက်က ပိုပြီး နက်နဲတယ်လို့ထင်ပါတယ်။ လိုင်းပူးချင်လို့လည်း မဟုတ်ဘူး။ ပထမစလုပ်မယ်ဆိုကတည်းက လိုင်းမကြောင်ဘူးရှင့်။ တလိုင်းဆို တလိုင်းတည်းပဲ။ လိုင်းမကြောင်ဘူးဆိုတာက ကိုယ်က ဒါပဲတတ်တာကိုး။ သရုပ်ဆောင်ကျ ပိုလေးနက်တယ်လေ။ ဓာတ်ပုံကျတော့ လေးငါးယောက်လောက်နဲ့ ပြီးတယ်။ ရုပ်ရှင်ဘက်က လူတွေကိုလည်း တကယ်ကို လေးစားပါတယ်။ သူတို့က စိတ်နဲ့ အလုပ်လုပ်နေရတာ။ အိုက်တင်ရော စိတ်ခံစားမှုရော ကိုယ့်ရဲ့ခံစားချက်တွေ ဘာတွေပဲဖြစ်နေနေ အဲ့ဒါကို မေ့ပြီးတော့ သရုပ်ဆောင်လုပ်ရတာလေ။ အများနဲ့လုပ်ရတာဆိုတော့ ကိုယ်မှားလို့မရဘူးပေါ့နော်။ ကိုယ်က အဲ့ဒီလမ်းကြောင်းလိုက်ဖို့အတွက် ကိုယ်လည်း အဲ့လောက်အထိ အိုက်တင်မတော်ဘူး။ မျက်လုံး ခံစားမှုလေး၊ အိုက်တင်လေးနဲ့ပဲ လုပ်စားရတဲ့သူဆိုတော့ ကိုယ်နဲ့ မလိုက်ဘူးထင်လို့ပါ။ တချို့ကလည်း ရိုက်ဖို့ခေါ်တယ်။ လုပ်ကွက်မပေးဘူး။ တချို့ကျတော့ မင်းသမီး သူငယ်ချင်းတို့ဘာတို့ အဲ့ဒါမျိုးကျတော့လည်း မရဘူး၊ မရိုက်ချင်ဘူး။ ကိုယ်ကလည်း အဲ့လိုမျိုး ရုပ်မျိုးလည်းမပေါက်တဲ့အခါကျတော့ မင်းသမီးသူငယ်ချင်းဆိုရင် အမြဲတမ်း မင်းသမီး သူငယ်ချင်းပဲဖြစ်နေမှာ။ အဲ့ဒီတော့ ကိုယ့်ကိုလည်း ဒီပုံနဲ့ပဲ သိထားတာဆိုတော့ Professional Sexy Model တယောက်ပဲဖြစ်ချင်တာ။ ဒါပေမယ့် လုံးဝမလုပ်ဘူးလို့တော့မဟုတ်ဘူး။ မြေတောင်မြှောက်ပေးမယ် တင်ပေးမယ် ရိုက်ကြည့် ဆိုရင်တော့လည်း လုပ်ကြည့်မှာပါ။











မး ဒါဆိုရင် ပရော်ဖက်ရှင်နယ် Sexy မော်ဒယ်လ်အဖြစ်နဲ့ပဲဆက်လုပ်သွားမှာလား သရုပ်ဆောင်လိုင်းကို ကူးဖို့မရှိဘူးလား။


ဖြေ အဲ့လိုတော့မဟုတ်ဘူး။ အခြေအနေ အချိန်အခါ ပေးလို့ ကမ်းလှမ်းခဲ့ရင်တော့ ရိုက်ပါမယ်။ သက်သက်ကြီး တော့ ကူးဖို့မရှိဘူး။ အဲ့ဒီလမ်းကြောင်းကိုတော့ သွားမှာမဟုတ်ပါဘူး။ Sexy Model ကလည်း အတိုင်းအတာ တခုလောက်ပဲ။ ဒါကလည်း ရေရှည်လုပ်ဖို့မရည်ရွယ်ဘူး။ နောက်ထပ် တနှစ် သို့မဟုတ် နှစ်နှစ် သုံးနှစ်ပေါ့။ အချိန်ကာလတခုအထိပဲ လုပ်မှာပါ။ အသက်အရွယ်ကလည်း စကားပြောတယ်လေ။ ပြန်ပြီး ကျောင်းတက်ရင်တက် ဒါမှမဟုတ် စီးပွားရေးတခုခု လုပ်ဖြစ်မယ်ထင်ပါတယ်။


မေး တလောက တပ်မတော်သားတွေအတွက် Naked အကနဲ့ နယ်လှည့်ဖျော်ဖြေမယ်ဆိုတဲ့ ကောလာဟလ ကရော လတ်တလောမှာ ဘယ်လိုဖြစ်သွားပြီလဲ။


ဖြေ ပြည်မြန်မာကတော့ တောင်းပန်တယ်။ 7 days ကတော့ မတောင်းပန်ဘူး။ သူတို့မဟုတ်တဲ့ အတွက်ကြောင့် သူတို့စုံစမ်းပေးနေပါတယ်။ သူတို့မရေးဘဲနဲ့ တောင်းပန်လိုက်ရင် သူတို့တကယ်ရေးတယ်လို့ ထင်သွားလိမ့်မယ်တဲ့။ ပြီးတော့ လုပ်ကြံဖန်တီးတဲ့သူကလည်း ပိုပြီးတော့ ၀မ်းသာသွားလိမ့်မယ်တဲ့။ သူတို့က လည်း သူတို့ဘက်က မဟုတ်ဘူးပေါ့နော် နောက် မအေးသူစံကလည်း သူလည်း မရေးတာကြာပြီဆိုတဲ့အခါ ကျတော့ ကိုယ့်ဘက်ကလည်း ဟုတ်မှမဟုတ်ဘဲ သွားပြောရင် သူများအပြစ်ကနေ ကိုယ့်အပြစ်ကို ပြန်ဖြစ်လာ နိုင်တယ်။ ကိုယ်မဟုတ်ဘူး သူတို့ဘက်ကလည်း မဟုတ်ဘူးဆိုတာကို ပရိတ်သတ်ကလည်း သိသွားပြီဆိုတော့ ကိုယ်လည်း ဆက်ပြီး မရှင်းပြတော့ဘူး။


မေး ဒီလို တိုက်ခိုက်ခံလိုက်ရတဲ့အပေါ် ဘာပြောချင်ပါလဲ။

ဖြေ လူဆိုတာ sexy ရိုက်ပေမယ့် အမြဲတမ်း အဲ့လို စာအုပ်ကြီးအတိုင်းကြည့်လို့တော့မရဘူးပေါ့။ လူတိုင်းကတော့ မျိုးချစ်စိတ်ရှိတယ်။ ကိုယ့်နိုင်ငံနဲ့ပတ်သက်ရင် နိုင်ငံချစ်စိတ်ရှိကြတာပဲ။ ပရဟိတဆိုတာလည်း sexy model မှ မဟုတ်ဘူး၊ လူတိုင်းလုပ်နေကြတာပဲ။ နိုင်ငံခြားမှာဆိုလည်း ဒီလိုပဲလုပ်နေကြတာပဲ။ အဲ့လိုမျိုး အမြင်တွေနဲ့ မကြည့်စေချင်ဘူး။ သူများရဲ့ ကိုယ်ရေးကိုယ်တာကို အသုံးချပြီးတော့ ကိုယ့်ရဲ့ ပေ့ခ်ျ like များအောင်လုပ်တာ မျိုး လုပ်ကြည့်အောင် လုပ်တာမျိုးတွေကို ဝေဖန်ချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်လိုလူမှမဟုတ်ဘူး။ တခြားအနုပညာသမားတွေလည်း အကောင့်တွေ ဟက်ခံရတဲ့အခါကျတော့ မလုပ်စေချင်ဘူး။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကာယကံရှင်က နစ်နာပါတယ်။ အဲ့ဒီတော့ ကိုယ်ချင်းစာစိတ် လေးထားပြီးတော့ မလုပ်စေချင်ပါဘူး။

ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နေသည့် အလှမယ်မေဘရဏီသော်ကို အွန်လိုင်း Vote စတင်ပေးနိုင်


ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပ ပြုလုပ်နေသည့် Miss International 2014 အလှမယ်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင် နေသည့် အလှမယ်မေဘရဏီသော်အား အွန်လိုင်း ဠသအန စတင် ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအွန်လိုင်း Vote ပေးပို့လိုသူများအနေဖြင့် အောက်တိုဘာ ၂၇ရက်နေ့မှ နိုဝင်ဘာ ၁ဝရက်ထိ www.missmyanmarinternational2014 သို့ ဝင်ရောက်မဲပေး နိုင်ကြောင်း သိရသည်။

''ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် အရမ်းကို နည်းပါတယ်။ ဒါပေမဲ့လဲ ဘရဏီအ ကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထား တဲ့အတွက် ဆုတစ်ခုတော့ရယူချင် ပါတယ်။ အခု ဘရဏီ ဂျပန်ကို ရောက်တာနဲ့ နိုင်ငံတကာက အလှမယ်တွေနဲ့ စခန်း သွင်းလေ့ကျင့်ရတော့ မှာပါ'' ဟု ပြည်တွင်း မှမထွက်ခွာမီလေ ဆိပ်၌ အလှမယ် မေဘရဏီသော် မှပြောကြားခဲ့သည်။

ယခုအခါ အလှ မယ် မေဘရဏီသော်သည် Miss International 2014 အလှ မယ်ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြ သည့် အလှမယ် ၈ဝကျော်ဖြင့် စခန်းသွင်းလေ့ ကျင့်လျက်ရှိနေပြီး ရေကူးဝတ်စုံပြိုင်ပွဲအား ပထမ ဦးဆုံးပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရ သည်။

''ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတောအတွင်းမှာ ဘရဏီအနေနဲ့ မြန်မာနိုင်ငံအကြောင်းပြောတဲ့ အခါ ပုဂံ၊ မန္တလေးဒေသမှာရှိတဲ့ ယဉ်ကျေးမှု တွေ ရိုးရာဓလေ့တွေကို နိုင်ငံတကာက သိအောင်ပြော ပြသွားမယ်''ဟု ယင်းကဆက်လက်ပြောသည်။

Miss International 2014 အလှမယ်ပြိုင်ပွဲ၏ွှေူနညအ ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြုအနေ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့်အလှမယ် မေဘရဏီ သော်သည် ရှမ်းအကဖြင့်ယှဉ်ပြိုင်မည်ဖြစ်ပြီး National Cosume ပြိုင်ပွဲတွင်လည်း ရတနာပုံခေတ် နှင့် ကုန်းဘောင်ခေတ်ဝတ်စုံများအား ဝတ်ဆင်၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ National Cosume ဝတ်စုံများ အား ဒီဇိုင်းနာမျိုးမင်းစိုးက ဖန်တီးချုပ်လုပ် ပေးမည်ဖြစ်ပြီး ညနေခင်းပွဲတက်ဝတ်စုံကို ဒီဇိုင်းနာ မိုးကုတ်ပေါက်ပေါက်က တာ ဝန်ယူထားပြီး ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာ လအတွင်း ဝတ်ဆင်ရမည့်ဝတ်စုံများ အား ဒီဇိုင်းနာကိုစိုင်းနှင့် ယုံးယုံးတို့က တာဝန်ယူထားကြောင်း သိရသည်။

Miss International ပြိုင်ပွဲအား မြန်မာနိုင်ငံမှ ၂ဝ၁၂ခုနှစ်တွင် အလှ မယ် နန်းခင်ဇေယျာမှ ပထမဦးဆုံး အကြိမ်ဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် အလှမယ် ဂုဏ်ရည်အေး ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခု တတိယအကြိမ်မြောက် အဖြစ် အ လှမယ် မေဘရဏီသော် ပါဝင် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

Miss International 2014 အလှမယ်ပြိုင်ပွဲကြီး၏ နောက်ဆုံးအဆင့် ဖိုင်နယ် ပြိုင်ပွဲကြီးအား နိုဝင်ဘာ ၁၁ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

Democracytoday

၁ လပိုင်းမှာ One Lady Show လုပ်ဖို့ စီစဉ်နေတဲ့ ၀ိုင်းစုခိုင်သိန်း


ပရိတ်သတ်တွေ မျှော်လင့်စောင့်စား ရင်ခုန်နေကြတဲ့ သရုပ်ဆောင် အဆိုတော် ၀ိုင်းစုခိုင်သိန်းရဲ့
အာဘွား အမ်တီဗီရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ၂၅ .၁၀. ၂၀၁၄ ရက်နေ့၊ နေ့လည် ၃ နာရီမှ
၅ နာရီထိ sky star hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး အမ်တီဗီကိုတော့ နိုဝင်ဘာ
လ ၁ရက်နေ့၊ နေ့လည် ၃ နာရီမှာ Dagon Centre 2 မှာ အနုပညာမောင်နှမများစုံလင်စွာနဲ့
လက်မှတ် ထိုးရောင်းချမယ်လို့ သိရပါတယ်။ သူမရင်ဖွင့်လာတဲ့ အာဘွားအမ်တီဗီနဲ့ပတ်
သတ်ပြီး “အာဘွား အမ်တီဗီက ၁ ရက်နေ့ထွက်မယ်။ ၀ိုင်းစု အတတ်နိုင်ဆုံးကြိုးစားထား
ပါတယ်။

ပရိသတ်ကြိုက်မယ်လို့ထင်တဲ့ ပုံစံလေးတွေကြီးပဲ ၀ိုင်းစု ဖန်တီးထားပါတယ်။ ဒါရိုက်တာနဲ့
တိုင်ပင်ပြီး ၀ိုင်းစု လိုချင်တဲ့ပုံစံ နဲ့ပရိသတ်ကြိုက်မဲ့ ပုံစံလေးတွေကို မျှပြီး လုပ်ထားတယ်။ အမ်
တီဗီမှာတော့ မိန်းကလေးအနေနဲ့ ခင်ဝင့်ဝါပါတယ်။ bobby soxer ပါတယ်။ ၀ိုင်းစုညီမလေး ကြည်နူးနိုင်ပါတယ်။ ကျန်တာကတော့ ၀ိုင်းစု သရုပ်ဆောင်တာများတယ်။ ဘာလို့လဲဆိုတော့ မျက်လှည့်မှာတုန်းက ၀ိုင်းစု သရုပ်ဆောင်တာ နည်းတယ်ဆိုပြီး ဒီအခွေမှာသရုပ်ဆောင်ပေးပါ
ဆိုလို့ များများလေး သရုပ်ဆောင်ထားပါတယ်။ ယောင်္ကျားလေးထဲမှာဆိုရင် လွှမ်းပိုင်၊ မြင့်မြတ်၊ ဇေရဲထက်၊ အလင်းရောင်၊ ဆန်းတိုးနိုင်၊ ထူးပါတယ်။ ကိုဇေယျပါတယ်။

အမ်တီဗီကအရမ်းအဆန်းကြီးရိုက်ထားတာတော့မဟုတ်ပါဘူး။အာဘွားမှာအရမ်းအထူးအဆန်း
ရိုက်လို့ရတာမျိုး မပါဘူးလေ။ အဲ့ဒါကြောင့် သီချင်းနဲ့ လိုက်တဲ့ ပုံစံလေးတွေကိုပဲ ဦးစားပေး ရိုက်ထားပါတယ်။ အာဘွားပြီးရင်တော့ ယောကျာ်းလေး ၁၄ ယောက်နဲ့ဖန်တီးထားတဲ့ အတွဲခွေ
ထွက်မယ်။ သီချင်းက အသစ်တွေကြီးပဲ။ ထူးထူးခြားခြားကတော့ Ar t နဲ့ဆိုမဲ့သီချင်းက ၀ိုင်းစု
ဆိုနေကျမဟုတ်ဘူး။

Artပုံစံပေါ့။”လို့သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့အာဘွားအမ်တီဗီအခွေအကြောင်း ပြောပြပေး
သွားပါတယ်။ဒါ့အပြင် ဇန်န၀ါရီလမှာ ကျင်းပမယ့် One Lady Show အကြောင်းကိုလည်း သူမက
“One Lady Show က တစ်လပိုင်းထဲမှာ လုပ်ဖြစ်မယ်။ အဲ့တွက်လဲ ခုကတည်းက ပြင်ဆင်နေ
ရတယ် ။ ၀တ်မဲ့ဖက်ရှင်တို့၊Dancer တို့ နောက်စတိတ်စင်ပိုင်းပေါ့။

စီစဉ်နေပါတယ်။ နေရာကတော့ အားလုံးအဆင်ပြေမဲ့ နေရာကို ရှာနေတုန်းပဲ။ အပုဒ်ကတော့ ၃၀ ကျော်လောက်ဆိုဖြစ်မယ်။ တစ်ကိုယ်တော် single တွက်ကတော့ သီချင်းတစ်ပုဒ်လောက်ပဲ ရသေးပါတယ်”တဲ့။

Credit : Trend

ပရိသတ်ချစ်တဲ့ အဆိုတော်တွေ အများကြီးရှိလို့ Vote စနစ်ကို တိတိကျကျ သိစေချင်ကြောင်း ပိုပို ပြော


အောင်မြင်စွာ ကျင်းပပြီးစီး သွားခဲ့တဲ့ မိုးရာသီ မြန်မာဂီတ ဆုပေးပွဲကို တေးသံ ရှင် ပိုပို က နယ်ရှိုးဆိုနေတဲ့အတွက် တက်ရောက်နိုင်ခဲ့ခြင်း မရှိပေမယ့် အဝေး ကနေ အားပေးနေခဲ့ကြောင်း၊ ကိုယ်တိုင်လည်း Vote ပေးခဲ့ကြောင်း ဆိုပါတယ်။ အဆိုပါ ဆုပေးပွဲမှာ ကျင့်သုံးခဲ့တဲ့ အွန်လိုင်း Vote စနစ်နဲ့ ပတ်သက်ပြီး ပရိသတ် သိပ်မသိသေးကြောင်းကို

“အွန်လိုင်း Vote စနစ်က ကိုယ်ကြိုက်မှ Vote ပေးမှာပေါ့။ တစ်ခုတော့ရှိတယ်။ Vote လုပ်မယ်ဆိုရင် စမလုပ်ခင် ဘယ်နေ့ကစပြီး Vote လုပ်လို့ရမယ်ဆိုတာ လေးကို ကြိုတင်ပြောထားပေးရင်တော့ ပိုကောင်းတာပေါ့။ ပိုပိုပြောချင်တာက တခြားသူတွေကို တိုက်ခိုက်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ တချို့သော အနုပညာ ရှင်တွေမှာလည်း ပရိသတ်ချစ်တဲ့ အဆိုတော်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ Vote လုပ်ဖို့ ပရိသတ် မသိကြတာပါ” လို့ ပိုပိုကဆိုပါတယ်။ ‘ချစ်ဖူးခဲ့သမျှ’ တစ်ကိုယ်တော် အခွေထွက်အပြီး ဒုတိယ တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်နေတဲ့ ပိုပို က ကြားထဲမှာ ပရိသတ်နဲ့ အဆက်မပြတ်ရအောင် အွန်လိုင်း မှာ သီချင်းသစ်တွေ တင်ထားကြောင်းကို


“ပိုပို ဆိုလို့ရှိရင် Myanmar Music Store မှာ ဇေရဲနဲ့ ‘အဆိပ်တိုက်ပွဲ’ ဆိုတဲ့ သီချင်းလေးကို ပထမဆုံး သူ့ရဲ့ Digital Album အတွက်ရောင်းတယ်။ ပြီးတော့ ကိုစိုးကြီးနဲ့ ပိုပို ဖီးချားရင်း ဆိုပေးထားတဲ့ ‘ငါမုန်းမရ’ ဆိုတဲ့သီချင်း၊ သူလည်း Digital Single Album ထွက်တယ်။ အခု နောက်ဆုံးကျတော့ ကိုလင်းနစ်နဲ့ ‘ရိုးသားမိတဲ့အမှား’ အဲဒီ သီချင်းကျတော့ Free Download ပေးထားတယ်” လို့ပြောတဲ့ ပိုပိုက တစ်လနီးပါးခန့် နယ်ခရီးတွေ ဆက်တိုက်ထွက်ခဲ့ရစဉ် အမှတ်တရ တွေကိုလည်း အခုလိုပြောပါတယ်။

“နယ်သွားတဲ့ အမှတ်တရ ဆိုရင်တော့ မြစ်ကြီးနားကနေ စိုင်းတောင်ကို သွားရတာ အမှတ်တရဖြစ်တယ်။ တော်တော်ကို လမ်းတွေကြမ်းတာမှ ဆင်ကြီး တွေနဲ့တောင် ဆွဲရတယ်။ ဟိုမှာကလည်း မိုးတွေကရွာ၊ လမ်းကကြမ်းနဲ့ တော်တော် အမှတ်တရဖြစ်ပါတယ်” လို့ ပြောတဲ့ ပိုပို က ဆက်လက်ပြီးလည်း နေပြည်တော်၊ မန္တလေးမှာ ရှိုးတွေ ဆက်တိုက်ဆိုဖို့ ရှိကြောင်းလည်း ဆိုပါတယ်။

အိမ်ထောင်ပြုရန် စဉ်းစား နေသည့် စိုင်းစိုင်းခမ်းလှိုင်

 
အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကအိမ်ထောင်ပြုရန် စဉ်းစားနေပြီး၎င်း၏မင်္ဂလာ ပွဲကို ၂၀၁၇ခုနှစ်တွင်ကျင်းပဖြစ်မည် ဟု မဇ္ဈိမကို ပြောသည်။


“အချစ်ရေး နဲ့ပတ်သက်ပြီး အခု လောလော ဆယ်တော့ ဘယ်သူနဲ့ ဆိုပြီးပြော စရာ မရှိသေးဘူး။ ဒါပေမယ့် အသက်အရွယ် အရ အိမ်ထောင် ပြုသင့်တဲ့ အရွယ် ကိုရောက်ပြီလို့ ခံစား ရတယ်” ဟု ၎င်းကပြောသည်။ မိန်းကလေး ပရိသတ်အများအ ပြား၏အားပေးမှုကို ခံနေရသည့် စိုင်းစိုင်းခမ်းလှိုင်၏အချစ်ရေးမှာပရိသတ် များအလွန်စိတ်ဝင်စားသည့် ကိစ္စ တစ်ခုဖြစ် ပြီး လွန်ခဲ့သည့် နှစ်များ အတွင်းကနာမည်ရမင်းသမီးတစ်ဦးနှင့်နာမည်ကြီးကာပရိသတ်များ၏စိတ်ဝင်တစားစောင့် ကြည့် ခြင်းကို ခံခဲ့ရ သေးသည်။ ၎င်းတို့ စုံတွဲကို အင်မတန်လိုက်ဖက်သည်ဟု အများက သုံးသပ်ခဲ့ ကြသော်လည်း၎င်းတို့၏အ ချစ်ရေးသည် အကြောင်းအမျိုး မျိုးကြောင့် ပျက်ခဲ့ရသည်။ အချစ်ရေး ကိစ္စများ ပြီးပြတ် ခဲ့ပြီဖြစ်သော်လည်း ၎င်းတို့ သည် အနုပညာအလုပ်များကိုဆက်လက်လက်တွဲလုပ်ကိုင်ခဲ့ကြခြင်းကြောင့် ပရိသတ်များက ချစ်စိတ်မပျက်ပြယ်ကြသေးဟု ယခု အချိန်ထိသုံးသပ်ပြောဆိုနေဆဲ ဖြစ်သည်။

စိုင်းစိုင်းခမ်းလှိုင် သည် သရုပ်ဆောင် အလုပ်နှင့် ဂီတ အနုပညာ အလုပ်နှစ် ခုစလုံးကို မျှတအောင် လုပ်ကိုင်လျက် ရှိပြီးယ နေ့ အချိန်ထိ ဆယ်ကျော်သက် မိန်း ကလေး များ၏ အားပေးခြင်းကို ခံရကာ မိုးရာသီ ဂီတ ဆုပေးပွဲ၌ ပရိသတ် အကြိုက် ဆုံးအနုပညာ ရှင်ဆုဖြစ်သည့် "I Love Artist Make Award" ဆုကို ရရှိခဲ့ သည်။ ၎င်း၏ ပြင်ပ ဇာတ်ကောင်စရိုက်နှင့်လိုက် ဖက်သည်တက္ကသိုလ် ကျောင်းသား၊ အချစ်ကားများနှင့် မေတ္တာဘွဲ့ ဇာတ်ကားများကိုရိုက်ကူးလျက်ရှိပြီးလုံးဝမ ရိုက် ဖူး သေးသည့် ဆိုးပေတေသည့် ဇာတ်ရုပ်များကိုလည်း တိုးချဲ့ ရိုက်ကူး သွားရန် စီစဉ်လျက် ရှိသည်ဟု ဆိုသည်။

ဂီတပိုင်းနှင့် ပတ်သက်ပြီးလည်း စိုင်းစိုင်းခမ်းလှိုင်က “ကျွန်တော်ဒိတ်ဒိတ်ကြဲ ဗီစီဒီ ထွက်ပါ့မယ်။ ထွက်ပြီးရင် single သီချင်း အသစ်လေးတွေလည်း ဖြန့်ဖို့ ရှိပါ တယ်။ အယ်လ်ဘမ် သစ်ကတော့ ၂၀၁၅ ထဲမှာ မှပဲလုပ်ပါတော့မယ်။ ခုလော လောဆယ်လျာထား တာကတော့ Snare အဖွဲ့ရဲ့ Frenzo ကပဲထုတ်လုပ်တာ ဆိုတော့ နိုဝင်ဘာ ၁၅ ရက်နေ့လို့မှန်းထား တယ်။ အဲဒါကြောင့်သူနဲ့ မတိုက်ဘဲ သူ့နောက် တစ်လလောက် ခြားပြီးမှ ထွက်ဖို့ စီစဉ်ထားတယ်”ဟုဆိုသည်။
Mizzima

ထွက်ရှိနေသည့် ကောလာဟလနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွင် ထည့်သွင်းကာ တရားစွဲမည်ဟု လိမ္မော်သီးဆို


အဆိုတော် လိမ္မော်သီးက အိမ်ထောင်ရှိ နာမည်ရ အဆိုတော် တစ်ဦးနှင့်ပတ်သက်နေသည်ဟူသည့် ကောလာဟလသတင်း များ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး ၎င်း အနေဖြင့် အောက်တိုဘာ ၂၅ ရက်တွင် ထွက် ရှိမည့် နိုင်ငံပိုင် သတင်းစာ များ၌ သတိပေးကြော်ငြာ ထည့်သွင်းပြီး တရား ဥပဒေ လမ်းကြောင်း များဖြင့် စုံစမ်း အရေးယူ သွားမည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။

"ကောလာဟလနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာ တွေမှာ ကြော်ငြာ ထည့်ထားတယ်။ ဘာမှန်း ညာမှန်း မသိတဲ့ ဟာတွေကို ကြော်ငြာထဲမှာဘဲ ဖြေရှင်းမယ်။ သူတို့ပြောနေကြ တာတွေက အခြေအမြစ်မှ မရှိတာ။ အဲဒါကို အားပေးနေကြတဲ့ သူတွေ ကလည်း လိမ္မော်သီးဆိုတာကိုဘာမှန်းတောင်မသိကြ ဘူး။မူရင်းအခွေ ကိုလည်း အားမပေးဘူး။ သူဘာသီချင်း ဆိုတာလည်း မသိဘူး။ ဦးနှောက်မရှိကြတဲ့ လူတွေကသာ ယုံကြတာ။ သူများ အိမ်ထောင်ရေးကို ဖျက်လို့ ဖျက်ဆီး လုပ် ဖို့ စိတ်ကူးထဲတောင် မရှိဘူး။ ဒါက အကွက်ကျကျ စီစဉ်ထားတာ။ သမီးကတော့ ကိုယ်လုပ်ချင်တဲ့ အနုပညာ အလုပ်ကို ဆက်လုပ်သွားမယ်။ မှိုချိုးမျစ် ချိုး ပြော တဲ့ သူကို တရားစွဲမယ်။ အားပေး အားမြောက် လုပ်တဲ့သူကို တရားစွဲမယ်။ အခုတစ်ရက် နှစ်ရက်တော့ ဒီသတင်းက နည်းနည်း ငြိမ်နေတယ်။ ဒါပေမယ့် သမီး ကို ရစရာ မရှိအောင် ပြောထားတဲ့ သူကို တရားစွဲ မှာဘဲ”ဟု ၄င်းကပြောသည်။

အဆိုတော် လိမ္မော်သီးတွင် ချစ်ရမည့် ချစ်သူ ရှိနေပြီး ၎င်းသည် တခြားသော သူ၏ အိမ်ထောင်ရေးကို ဖျက်ဆီးမည်သူ မဟုတ်ဟု ဆိုခဲ့သည့်အပြင် ထွက်ရှိ နေ သည့် ကောလာဟလကို ဖန်တီးသည့် သူများကို စုံစမ်းကာ ဖော်ထုတ်သွားမည် ဟု ဆိုသည်။၎င်း၏ အောက်တိုဘာ၂၄ရက်တွင်ကျရောက်သည့် မွေးနေ၌်သူငယ် ချင်း များနှင့် အတူ မွေးနေ့ကို အကျဉ်းချုံး ပြုလုပ်သွားမည် ဖြစ်ပြီး အောက်တိုဘာ၂၄ ရက်တွင် အောင်ဆန်းကွင်း၌ ပြုလုပ်မည့် မသန်စွမ်း ရန်ပုံငွေ ဘောလုံးပွဲ အတွက် သီချင်းများ သီဆိုကာ ပန်းစည်းပေး အပ်သွားမည်ဟု ဆိုသည်။

အဆိုတော် လိမ္မော်သီး၏ "ဒဏ်ရာနှလုံးသား" ဒုတိယ တစ်ကိုယ်တော် အယ်ဘမ်ကို ဒီဇင်ဘာ လအကုန်၌ အော်ဒီယိုအဖြစ်ထွက်ရှိမည် ဖြစ်သည်။ယင်းအယ်ဘမ် တွင် ရော့ခ်သီချင်းများ အများဆုံး ပါဝင်မည် ဖြစ်ပြီး မိန်းကလေး ပရိသတ်များ အတွက် ရည်ရွယ်ကာ စလိုးရော့ခ် သီချင်းများကိုလည်းထည့်သွင်းသွားမည် ဖြစ် သည်။ လိမ္မော်သီးသည် ၂၀၁၀ ခုနှစ်တွင် လိမ္မော်ရောင် စိတ်ကူးများ"အော်ဒီယို ကိုထွက် ရှိခဲ့ ပြီး ၂၀၁၂ခုနှစ် ၌ ယင်းအယ်ဘမ်ကို အမ်တီဗီ ထွက်ရှိခဲ့သူ ဖြစ် သည်။

Mizzima

ဒေါ်လာ၆၀၀၀တန် ဆာဂျရီပြုလုပ်ခွင့်ရရှိခဲ့ပေမယ့် ဒါကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တဲ့ အလှမယ်လေး


မန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် ရွေးချယ်ခံထားရတဲ့ Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာဟာ အလှအပနဲ့ပတ်သက်ပြီး ဒေါ်လာ ၆၀၀၀တန် ခွဲစိတ်ပြုပြင်ခွင့်ရရှိထား တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆာဂျရီခွဲစိတ် ပြုပြင်သွားဖို့ရှိမရှိ ကိုမေးကြည့်လိုက်တော့ “ညီမ ခွဲစိတ်ပြုပြင် ဖို့ အစီအစဉ်မရှိပါဘူး။ ညီမရရှိထားတဲ့ အလှအပပြင်ဆင်ခွင့်က အဓိက ဆာဂျရီလုပ်တာပေါ့နော်။ ညီမက ဆာဂျရီလုပ်ဖို့ စိတ်ကူးမရှိပါဘူး။ ညီမမှာ ဆာဂျရီလုပ်ချင်တဲ့ စိတ်ကူးမရှိတာနဲ့ သူတို့ဆီမှာ ညီမ body treatment ပဲ လုပ်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သွားအရောင်တင် ဖြစ်ပါတယ်။ ဒီလောက်ပဲ လုပ်ဖြစ်ပါတယ်။ ညီမကိုယ်တိုင်ကတော့ ဆာဂျရီလုပ်တာကို လုံးဝမကြိုက်ပါဘူး။ ညီမအနေနဲ့ ပြောရရင်တော့ ဆာဂျရီ မလုပ်ချင်ဘူး။ ဆာဂျရီလုပ်တာ မကောင်းဘူးလို့တော့ ပြောတာ မဟုတ်ပါဘူး။ ဆာဂျရီလုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ခံယူချက်နဲ့ ကိုယ်ပေါ့နော်။ ညီမကျတော့လည်း လိုအပ်တဲ့ နေရာတစ်ခုကို လေ့ကျင့်ခန်း လုပ်ပြီးတော့ပဲ ထိန်းဖို့ စီစဉ်ထားပါတယ်။ သဘာဝနည်းအတိုင်းပဲ ကောင်းပါတယ်။ သဘာဝအတိုင်း လုပ်ရတာကိုပဲ ကြိုက်ပါတယ်။ ဆာဂျရီကလည်း ညီမက ကြောက်တတ်တော့ မလုပ်ရဲတာလည်း ပါပါတယ်။”လို့ သူမက ပြောပါတယ်။

ပြိုင်ပွဲအတွက် ဝတ်ဆင်မယ့် အဝတ်အစားနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ကရော ဘာတွေလုပ်နေလဲဆိုတော့ သူမက “ညီမလတ်တလောမှာတော့ ပြိုင်ပွဲ မှာ အကောင်းဆုံးယှဉ်ပြိုင် နိုင်ဖို့အတွက် ကြိုတင်လေ့လာပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ရင်တွေလည်း အရမ်းခုန်နေပါတယ်”တဲ့။

သူမဟာ ပြိုင်ပွဲမှာဝတ်ဆင်မယ့် national costume ဝတ်စုံကိုတော့ စာနယ်ဇင်း ရှင်းလင်းပွဲနှင့်အတူ ပြသမိတ်ဆက် သွားပါမယ်လို့ ဆိုပါတယ်

စန္ဒီ
Trend

မစ္စအင်တာနေရှင်ပြိုင်ပွဲ မေဘရဏီသော်ပြိုင်မည်


ဂျပန်နိုင်ငံ တိုကျိုမြို့၌ကျင်းပမည့် မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲသို့ မစ္စမြန်မာအင်တာ
နေရှင်နယ် ကိုယ်စားပြုအဖြစ် 1st runner upဆုရှင် မေဘရဏီသော်အား 
အောက်တိုဘာ၂၆ ရက်တွင် သွားရောက်ယှဉ်ပြိုင်ရန် စေလွှတ်တော့မည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်အောင်
ထွန်းက အောက်တိုဘာ ၁၆ ရက်၌ ပြောဆိုခဲ့သည်။

ယင်းပြိုင်ပွဲကြီးသို့ သွားရောက် ယှဉ်ပြိုင်ရမည့် မစ္စမြန်မာအင်တာနေရှင်နယ်ပြိုင်ပွဲကို မြန်မာ
နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့ရာတွင် ၂၀၁၄ ခုနှစ်အတွက် သရဖူရ အလှမယ်
ခင်ဝေဖြိုးဟန်က ပြိုင်ပွဲကြီးတွင် ၀င်ရောက်ယှဉ်ပြိုင်ရမည့်အချိန်တွင် အသက် (၁၈) နှစ်ပြည့်ရန် လိုအပ်
နေသေးသည့်အတွက် ယခုယှဉ်ပြိုင်ခွင့်ကို ၁ျအမကညညနမ ကစဆုရှင်အား ယှဉ်ပြိုင်ရန် ပြောင်းလဲ
ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'အခုလိုမျိုးဖြစ်သွားတဲ့ အပြောင်းအလဲကြောင့် နောက်ထပ် အလှမယ်တစ်ဦးကို အချိန်မီ
ပြောင်းလဲ ယှဉ်ပြိုင်စေတဲ့အတွက် လေ့ကျင့်ချိန်နည်းတာကအစ ဘာသာစကားအဆုံး အနည်းငယ်
တော့ အားနည်းချက်တွေရှိနိုင်ပေမယ့် ပြိုင်ပွဲမှာမြန်မာကိုယ်စားပြု အလှမယ်တစ်ဦးအနေနဲ့
အကောင်းဆုံး ယှဉ်ပြိုင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်' ဟု ဦးခင်အောင်ထွန်းက ပြောဆိုသည်။

သွားရောက်ယှဉ်ပြိုင်မည့် 1st runner up ဆုရှင် မေဘရဏီသော်
ကလည်း 'ညီမအနေနဲ့ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရမယ်လို့ သိလိုက်တဲ့
အချိန်မှာ ညီမအတွက် ပြင်ဆင်ဖို့ကတစ်လလောက်ပဲ အချိန်ကျန်ပါတော့
တယ်။ လက်ရှိမှာတော့ ပြင်ဆင်မှုတွေလုပ်နေသေးပေမယ့် လိုအပ်ချက်တွေ
ရှိနေပါသေးတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ကိုယ့်နိုင်ငံဂုဏ်ကို အတတ်နိုင်ဆုံး
မြှင့်တင်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်' ဟု ပြောဆိုသည်။

မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကအလှမယ်မေဘရဏီသော်ကို အောက်တို
ဘာ ၁၆ ရက်တွင် မစ္စမြန်မာ အင်တာနေရှင်နယ်စလွယ်ကို လွှဲပြောင်းပေးခဲ့ပြီး
အလှမယ်နှင့် အဖွဲ့ချုပ်အကြားတွင်တစ်နှစ်သက်တမ်းစာချုပ်ကိုလည်း ချုပ်ဆို
လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါစာချုပ်တွင် အလှမယ်အနေဖြင့် စာချုပ်သက်တမ်းအတွင်း
အနုပညာလုပ်ငန်းများကို လုပ်ကိုင်ပါကအနုပညာကြေး ကျပ်၁၀ သိန်းအထက်
ဖြစ်ပါက အလှမယ်က ၇၀ ရာခိုင်နှုန်းနှင့်အဖွဲ့အစည်းက ၃၀ ရာခိုင်နှုန်းကို ရရှိ
မည်ဆိုသည့် သဘောတူညီချက်ပါရှိကြောင်း သိရသည်။
စံတော်ချိန်

ဆေးကျောင်းသူ တစ်ယောက်အနေဖြင့် အဝတ်အစား ဝတ်ဆင်မှုကို ဆင်ခြင် ရတယ်ဆိုတဲ့ ပိုင်ဖြိုးသု


၁၉၉၈ ခုနှစ်ဆီက ''အမေဆိုတာ တစ်ခါတုန်းက သမီးပါ'' ဆိုသည့် ဇာတ်ကားတွင် ကလေး သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ပိုင်ဖြိုးသုသည် ယခု အခါ ဆေးကျောင်း တစ်ဖက်နှင့် အနုပညာ လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ရာ ပရိသတ်များ၏ အသိအမှတ် ပြုခံရသော သရုပ်ဆောင်တစ်ဦး အဖြစ်သို့ ရောက်ရှိ လာပြီ ဖြစ်သည်။ အနုပညာလမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းနေသူ ဆေးကျောင်းသူ တစ်ဦးအနေဖြင့် အဝတ်အစား ဝတ်ဆင်မှုပိုင်း ကိုတော့ ဆင်ခြင် ရကြောင်း သူမကပြောသည်။

''သုတို့ သရုပ်ဆောင်တွေ ဆိုတာက ကိုယ့်ရဲ့ ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင် နိုင်ဖို့ အတွက်က ကာရိုက်တာနဲ့ လိုက်ဖက်အောင် ဝတ်စား ဆင်ယင် တတ်ဖို့လည်း လိုပါတယ်။ အဲဒီ အတွက်ကိုလည်း အဝတ်အစားပိုင်းကို ကာရိုက်တာနဲ့ လိုက်ဖက်အောင် ဝတ်သင့်တာတော့ ဝတ်ရပါတယ်။ သရုပ်ဆောင် ဖြစ်ချင် ရင်တော့ ကိုယ်ကျရာ ဇာတ်ရုပ် အတွက် လုပ်သင့်တာကို လုပ်ရမှာပဲလေ။ ဒါပေမဲ့ ကားရိုက်တာမျိုး မဟုတ်ဘဲနဲ့ အပြင်တွေ ထွက်ရင်တော့ အဝတ်အစား ဝတ်ဆင်မှု ပိုင်း ကိုတော့ ဆင်ခြင်ရတယ်။ ကျောင်းကဆရာ၊ ဆရာမတွေ တွေ့ပြီး ငြိုငြင်သွားမှာလည်း မဖြစ်ချင်ဘူး။ ဒါကြောင့်လည်း အဲဒီလိုဖြစ်စေမယ့် အဝတ်အစား မျိုးကို ရှောင် တယ်။ သုအနေနဲ့ကတော့ သရုပ်ဆောင် အလုပ်ကို ချစ်တဲ့အတွက် ဒီအလုပ်ကို သေချာပေါက် လုပ်ဖြစ်အောင် လုပ်မှာဖြစ်သလို သုအချိန်တွေ အကြာကြီးပေးပြီး ကြိုးစား လာခဲ့ရတဲ့ ဆရာဝန် အလုပ်ကိုလည်း တတ်နိုင်သလောက် လုပ်သွားမှာပါ။ ပရဟိတ အနေနဲ့ပဲ ဖြစ်ဖြစ် ကိုယ်နားလည်တဲ့အပိုင်း၊ ကိုယ်တတ်နိုင်တဲ့ အပိုင်း ကနေ အကျိုးပြု သွားမှာပါ'' ဟု ပိုင်ဖြိုးသုက မြဝတီ သတင်းစာသို့ ပြောပြခဲ့သည်။

လတ်တလောတွင် မင်းသားဖြိုးငွေစိုးနှင့် ''တစ်ယောက်တည်း မကြည့်ရ'' ဆိုသည့် သရဲဇာတ်ကားလေး တစ်ကားရိုက်ကူးနေပြီး မင်းသားပြေတီဦး၊ လူမင်း၊ မြင့်မြတ်၊ နေတိုး၊ ဒါရိုက်တာဝိုင်းတို့ ပြုလုပ်သည့် အနုပညာပျိုးခင်း အစီအစဉ်တွင်လည်း သူမအနေဖြင့် လျှောက်လှမ်း ရမည့် အနုပညာ လမ်းခရီးမှာ သူမ အတွက် အပေါင်း လက္ခဏာ ဖြစ်မည်ဟု ယုံကြည် သောကြောင့် အနုပညာပျိုးခင်းတွင် ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။

ကျရာ နေရာမှာ သရုပ်ဆောင်မယ် ဆိုတဲ့ မင်းသမီးလေး


သရုပ်ဆောင် လောကတွင် အသစ် တစ်ယောက် အနေဖြင့် ၀င်ရောက် လာသည့် သက်ဆုနဒီက သရုပ်ဆောင်နှင့် ပတ်သက်ပြီး မည်သည့် နေရာတွင် မဆို သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။ သက်ဆုက ဗီဒီယိုကား တွေမှာ သရုပ်ဆောင်ထား ပါတယ်။ကလေး ဘ၀တုန်း ကတော့ ဇာတ်လမ်းတိုတွေ၊ ဇာတ်လမ်းတွဲ တွေမှာ သရုပ်ဆောင်ခဲ့ဖူး ပါတယ်။ သက်ဆုရဲ့အိမ်က ရုပ်ရှင် ရိုက်တာကို သိပ် သဘောမတူဘူး။ သက်ဆု ကတော့ အရမ်း ၀ါသနာပါတယ်။ အခု ရိုက်ရမယ့် ကားကလည်း ရုပ်ရှင်ကားကြီး ဆိုတော့ မရရအောင် ခွင့်တောင်းပြီး ရိုက်ရမှာပါ။ ရိုက်ရက်ကလည်း နည်းပါတယ်။ သက်ဆုနဲ့ လိုက်မယ့် ဇာတ်ရုပ်လေးတွေကို ကမ်းလှမ်းတဲ့ အတွက် ရိုက်ဖြစ်တာပါ။ ကိုယ်တိုင်လည်း ဇာတ်ကားလေးကို စိတ်ဝင်စားတယ်။ ဇာတ်လမ်းကို လည်း သဘောကျတယ်။ အဲဒါကြောင့် ဘယ်နေရာက ဖြစ်ဖြစ် သရုပ်ဆောင်မယ် ဖြစ်သွားတာပါ။ နောက်ပိုင်း ကျရင်တော့ သက်ဆုနဲ့ လိုက်မယ့် ဇာတ်ရုပ် ကော၊ ကိုယ်လုပ်နိုင်မယ် ထင်တဲ့ ဇာတ်ရုပ်ကော၊ သက်ဆု အတွက်လည်း နေရာရမယ့် ဇာတ်ရုပ်မျိုး ဆိုရင် လက်ခံပြီး ရိုက်သွားမှာပါ။ အခု လက်ရှိမှာ ရိုက်နေတယ် ဆိုပေမယ့် အရမ်းကြီး ထဲထဲဝင်ဝင်တော့ မ၀င်ရဲသေးဘူး။ ဘာလို့လဲ ဆိုတော့ သက်ဆုက ဆက်ဆံရေး မကောင်းဘူး၊ ကြောက်တတ်တယ်။ ပညာနဲ့ ပတ်သက်လို့ ရှိရင်လည်း သက်ဆုကို သီးသန့်သင်ပေး တာမျိုး မရှိကြဘူး။ ဒါရိုက်တာတွေ ကတော့ VCD ရိုက်တုန်းကတော့ သင်ပေးကြတယ်။ ဒါရိုက်တာ အကုန်လုံး ကတော့ သက်ဆုရဲ့ဆရာ တွေပါပဲ။ သက်ဆုမှာလို အပ်ချက်တွေရှိ ပါတယ်။ ဒါပေမဲ့ ကြိုးစားပြီး လုပ်ဆောင် သွားမှာပါဟု သက်ဆုနဒီ က ပြောသည်။ သက်ဆုနဒီသည် လူကြမ်း တစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။
Messenger

သွေးနဲ့ရင်းပြီး အနုပညာကို ချစ်မြတ်နိုးတဲ့အတွက် တက်တူးတွေထိုးခဲ့တာဖြစ်သလို ဆက်ထိုးဖို့လည်း ရှိပါတယ်လို့ဆိုတဲ့ စည်ဖြိုး


ပန်းချီကို စိတ်ဝင်စားတဲ့ စည်ဖြိုးဟာ ကားချပ်ပေါ်မှာ တင်ထားတဲ့ ပန်းချီကားတွေဟာ ရာသီဥတု ဒဏ်ကြောင့်သော်လည်းကောင်း၊ ဘေးအန္တရယ်ကြောင့်သော်လည်းကောင်း ယိုယွင်းပျက်စီးမှာကို စိုးရိမ်တဲ့တွက် ခန္ဓာကိုယ်ပေါ်မှာ သူ့ဘ၀ရဲ့အရေးပါတဲ့ အစိတ်အပိုင်းတချို့ကို သွေးနဲ့ရင်းပြီး ထိုးထားတဲ့အကြောင်း ဖွင့်ဟလာပါတယ်။ သူမြတ်နိုးတဲ့ တက်တူးအကြောင်းကို “တက်တူးတွေက တစ်ကိုယ်လုံးမှာဆို အများကြီးပဲ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းကစထိုးဖြစ်တာ။ တက်တူးစဖြစ်ပုံက ကျွန်တော်က ပန်းချီတွေကိုချစ်တာ၊ အဲ့ဒီကနေ အတွေးအခေါ်ပေးတဲ့ပန်းချီတွေကို ကြိုက်လာတယ်။ ၀ယ်ပြီးသိမ်းထားချင်စိတ်တွေ ပေါက်လာတယ်။ ဒါပေမဲ့ ပန်းချီကား တစ်ကားတစ်ကားကလဲ ဈေးအရမ်းကြီးတယ်။ တကယ်လို့ ကိုယ်နှစ်သက်တဲ့ ပန်းချီကားတစ်ခုကို ၀ယ်ပြီး နံရံမှာချိတ်ထားမယ်ဆို ရာသီဥတုဒဏ်ကြောင့်သော်လည်းကောင်း၊ အချိန်ကာလ ရွေ့လျားမှုကြောင့်သော်လည်းကောင်း၊ သဘာဝ ဘေးအန္တရယ်ကြောင့်သော်လည်းကောင်း ဆုံးရှုံးသွားနိုင်တယ်။ အဲ့ဒါကြောင့် အရမ်းတန်ဖိုးထားတဲ့ စာစုတွေပဲဖြစ်ဖြစ် ၊ ကိုယ်အရမ်းကြိုက်တဲ့ အရုပ်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့သမိုင်းကို ထိုးထားဖြစ်ပါတယ်။

ဝါစိမ်းနီကမ္ဘာသိမ်းမည်တွက် ဘယ်ဖက် ပခုံးမှာ အမှတ်တရအနေနဲ့ထိုးထားတယ်။ ပထမဦးဆုံး ဇာတ်လမ်းတွဲဆိုတော့လေ။ အဲ့ဇာတ်လမ်းတွဲ ပြီးတဲ့နေ့မှာ ဦးညီထွန်းလွင်ကို ကန်တော့တဲ့နေ့မှာ သွားထိုးထားဖြစ်တယ်။ ကိုယ်မြတ်နိုးတဲ့ ဘယ်အရာမဆို အဆုံးရှုံးမခံနိုင်လို့ခန္ဓာကိုယ်ပေါ်မှာ မှတ်ကျောက်တင်ထားတာပေါ့။ သွေးနဲ့ရင်းပြီး အနုပညာကို ချစ်မြတ်နိုးတယ်ဆိုတဲ့ အဓိပ္ပါယ်လဲရောက်တယ်။ အဖေ့မွေးနေ့၊ အမေ့မွေးနေ့ လက်မောင်းသားအောက်ဖက်မှာ ထိုးထားတယ်။ ကျောကုန်းက ဆာမူရိုင်းရပ်နေတဲ့ပုံ၊ ၀ါးတောရယ်၊ စမ်းချောင်းရယ်၊ ခြေထောက်မှာက သရဲတွေရောအများကြီးပဲ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာအရာတစ်ခုကို စိတ်ချရတဲ့ ကိုယ့်အရေပြားပေါ်မှာ တင်ထားလို့ရှိရင် သေရင်တောင် ကိုယ့်နောက်ပါသွားမယ်ပေါ့။ ချွတ်ပြီးယူလို့လဲမရဘူးလေ။ အဲ့ဒါကြောင့်ထိုးထားဖြစ်တယ်။ အိမ်က မိဘတွေကတော့ ဘာသာတရားလဲကိုင်းရှိုင်းပြီးတော့မြန်မာလူမျိုးလဲပီသတယ်။ ဒါပေမဲ့ ပုံသေ နည်းတွေတော့မရှိဘူး။ ပုံသေနည်းဆိုတာ တက်တူးထိုးရင် ရိုက်မယ်ဆိုတာမျိုး မရှိဘူး။ ပင်တိုင်ထိုးဖြစ်တာကတော့ တက်တူးလပိုင်ဆီမှာ အမြဲထိုးဖြစ်တယ်။ ကျွန်တော့် သမိုင်းမပြီးသေးတဲ့တွက် တက်တူးတွေကတော့ ဆက်ထိုးဖို့ရှိပါသေးတယ်”လို့ သူက ပြောပြခဲ့ပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုနဲ့ စည်ဖြိုးဟာ MRTV 4 အတွက် တစ်မိုးအောက် အစီအစဉ် ဖြစ်ပြီး နောက်ဆုံး ရိုက်ထားတဲ့ဇာတ်ကားကတော့ သစ္စာနှင်းဆီနဲ့ ပေါက်ကရနေ့စွဲများ ဆိုတဲ့ကားလေးကို ခင်ဝင့်ဝါနဲ့အတူ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

လှုပ်ရှားမှုလေးတစ်ခုဖြစ်အောင် အနုပညာပျိုးခင်းထဲ ၀င်လျှောက်ဖြစ်ခဲ့ရင်း ဆန်ကာတင်(၅)ယောက်ထဲ ပါသွားတဲ့ ရွှေသမီး


၂၀၁၂ ၂၀၁၃ အစမှာ ဆာတိုရီထုတ်လုပ်ရေးက စင်တင်ပေးတဲ့ မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ လျှောက်လှမ်းလာခဲ့တဲ့ ရွှေသမီးဟာ၂၀၁၄ အနုပညာပျိုးခင်းမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ရင်း ဇကာတင် ၅ ယောက်ထဲ ပါဝင်သွားခဲ့ပြီမို့ ဖိုင်နယ်အတွက် သူမရဲ့ ရင်ခုန်သံနဲ့ ပျိုးခင်းမှာ ပါဝင်ဖြစ်သွားတဲ့အကြောင်း မေးကြည့်လိုက်တော့ “အနုပညာပျိုးခင်းမှာ အဓိက ၀င်လျှောက်ဖြစ်တာက လှုပ်ရှားမှုလေး တစ်ခုလောက် ဖြစ်ချင်တာပေါ့နော်။ ဒီတိုင်းနေနေရင်လဲ ဘာမှ ထူးခြားမှုရှိမှာ မဟုတ်ဘူး။ ငြိမ်နေမှာပဲဆိုတော့ ၀င်လျှောက်ဖြစ်ခဲ့တယ်။ ညီမ အနုပညာအလုပ်တွေကိုလဲ ဒီ့ထက်ပိုပြီး လုပ်ချင်တယ်။ ပရိသတ်နဲ့ပိုပြီး ထိတွေ့ချင်တယ်။ ပရိသတ်ကို ပိုပြီး ချပြချင်တယ်။ အဲ့ဒါကြောင့် ၀င်လျှောက်ဖြစ်ခဲ့တယ်။ ခုဆန်ကာတင်ထဲတော့ပါပြီ။ နောက်ဆုံးအဆင့် ကျန်သေးတယ်ဆိုတော့ ရင်တော့တုန်တယ်။ မျှော်တော့မျှော်လင့်ထားတယ်။ ဒါပေမဲ့ မျှော်လင့်ပြီးဖြစ်မလာမှာလဲ စိုးတယ်။ အဆိုးဆုံးကိုလဲ မျှော်လင့်ထားတယ်။ အကောင်းဆုံးတွေကိုလဲ မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဖြစ်မလာရင် အရမ်းခံစားရမှာစိုးလို့ပါ။ ဒီအနုပညာပျိုးခင်းက တော်တော်လေးကောင်းတဲ့ အစီအစဉ်ပါ။ အရင်နှစ်ကဆို နယ်က လူတွေမပါဘူး။ ခုဒီနှစ်ဆို နယ်က လူတွေပါတယ်။ အကုန်လုံးကို ခေါ်တဲ့အတွက် လမ်းကြောင်း ပွင့်တာပေါ့။ ပိုပြီးလဲကောင်းတာပေါ့။ ဖိုင်နယအ်တွက်ယုံကြည်မှုကတော့ ဒီပွဲမှာ အကောင်းဆုံးကြိုးစားတယ်။ အနုပညာအလုပ်လုပ်တဲ့ အချိန်မှာ ဘာကိစ္စပဲလုပ်လုပ် အမ်တီဗီပဲရိုက်ရိုက်၊ ဓာတ်ပုံပဲရိုက်ရိုက်အကောင်းဆုံးလုပ်ပေးခဲ့တယ်။ ယုံကြည်မှုဆိုတာထက် စေတနာထားပြီး လုပ်ပေးခဲ့တယ်။ သေချာလေးကြိုးစားပြီး အာရုံစိုက် လုပ်ပေးခဲ့ပါတယ်။”လို့ သူမက ဆိုပါတယ်။

ဖိုင်နယ်က ၁၁လပိုင်း ၁၁ရက်နေ့ဖြစ်တဲ့အပြင် ဒုတိယအဆင့်လူတွေ့ပွဲကတော့ နောက်လ ၇ရက်နေ့လို့ သိရတာကြောင့် ခု ဆန်ကာတင်အထိ ရွေးချယ်ခံထားတာကို သူမက “နောက်တစ်ဆင့် ပါသွားတဲ့အတွက် ကိုယ့်မှာ ပိုပြီးတာဝန်ကြီးသွားတယ်လို့ခံစားမိတယ်။ ပြိုင်ပွဲပြိုင်နေရင်း ရရှိတဲ့ အတွေ့အကြုံတွေက ဗဟုသုတတွေပါမေးတဲ့အတွက် စာအုပ်တွေ ပိုဖတ်ဖြစ်တယ်။ Talent တွေလဲပြရတော့ ညီမ ကပြခဲ့တယ်။ အဲ့ဒီအချိန်မှာ Talent က တော်တော်လေး အရေးကြီးလာတယ်ဆိုတာ သိလာတယ်”တဲ့။

ရွှေသမီးဟာ လက်ရှိမှာ ဆာတိုရီထုတ်လုပ်ရေးနဲ့ တန်ခူးရင်ခွင်ဆိုတဲ့ ဇာတ်ကားလေးကို ရိုက်ကူးနေတယ်လို့ သိရပြီး ဒီဇာတ်ကားပြီးတာနဲ့ ဆရာဝန်အသင်းကလုပ်တဲ့ ဇာတ်လမ်းတွဲလေးတစ်ပုဒ် ဆက်လက်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။
Trend

Miss Grand International ပြိုင်ပွဲမှာ နိုင်ငံအတွက် ဆုမယူလာနိုင်ခဲ့လို့ စိတ်မကောင်း ဖြစ်ရသူ Mဂျာဆိုင်း


Miss Grand International 2014 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့သူ Mဂျာဆိုင်းက မြန်မာနိုင်ငံကို အောက်တိုဘာလ ၉ရက်နေ့ က ပြန်လည် ရောက်ရှိခဲ့ပါတယ်။ Miss Grand Myanmar 2014 အလှမယ် Mဂျာဆိုင်းက မြန်မာပြည် အတွက် ဆုတစ်ဆုမှ သယ်မလာနိုင် ခဲ့ပေမယ့် ပြိုင်ပွဲ မှာ တာဝန်ကျေပွန်စွာနဲ့ နိုင်ငံကို ကိုယ်စားပြု ပြီး အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပါတယ်။

မန်မာပြည်ကို ပြန်ရောက်တဲ့ အခါမှာ Miss Grand Myanmar တာဝန်ဖြစ်တဲ့ Stop the War အတွက် ပညာပေး လုပ်ငန်းတွေနဲ့ ပရဟိတ လုပ်ငန်းတွေကို Organization နဲ့ အတူ တစ်နှစ်တာ တာဝန် ထမ်းဆောင် သွားမှာဖြစ်ကြောင်းကို အလှမယ် Mဂျာဆိုင်းက “မြန်မာ နိုင်ငံ အတွက် ဘာဆုမှ မယူပေးနိုင်ခဲ့လို့ စိတ် မကောင်းပါဘူး။ အများကြီး ကြိုးစားခဲ့ပါတယ်။ ပရိသတ် တွေ အားလုံးကို တအား ကျေးဇူးတင်ပါတယ်။ အမြဲ အားပေးနေတဲ့ သူတွေလည်း ဆက်ပြီး အားပေး ပါလို့ ပြောချင်ပါတယ်။ Stop the War နဲ့ ပတ်သက်တဲ့ ပရဟိတတွေ၊ ပြီးတော့ အခြား ပရဟိတ တွေကိုရော လုပ်ဆောင် သွားမှာပါ။ အမြဲတမ်းလည်း ကြိုးစားနေပါမယ်။ အခုပြန်လာပြီ ဆို တော့ ပရဟိတလေးတွေ လုပ်ဖို့ ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ကျွန်မချစ်သော စာအုပ်ကို ဒီနှစ်ထဲမှာ ပြီးစီးအောင် လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း မိုးဟေကိုပြော


ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးတဲ့ လူစိမ်း ဇာတ်ကားမှာ မိုးဟေကိုက နေတိုး နဲ့အတူ သရုပ် ဆောင်နေပြီး ဒီဇာတ်ကားထဲ မှာ ဆရာဝန်မ အဖြစ် သရုပ်ဆောင် ထား ပါတယ်။ ကိုယ် မရိုက်ဖူးတဲ့ ဇာတ်ရုပ် ကို အဓိက ရွေးချယ် ရိုက်ကူးချင်ပြီး မလုပ်ဖူးတဲ့ ကာရိုက်တာကို လုပ်ရ တာက သူ့အနေ နဲ့ ပိုပြီးတော့ စိတ် ဝင်စားမှု ရှိတယ်” လို့ ဆို လာတဲ့ မိုး ဟေကိုက..

“မိုးက ပုံမှန်ကတော့ တစ်လကို နှစ်ကား လောက်ပဲ ရိုက်ဖြစ်နေတယ်။ တခြား အလုပ်လေးတွေ လည်း တွဲ လုပ်ဖြစ်နေတယ်။ ဇာတ်လမ်းတွေ အဓိက ရွေးဖြစ်တယ်။ မလုပ်ဖူး တဲ့ ကာရိုက် တာတွေကို အဓိကရွေး ချယ်ပြီး ရိုက်ကူး ဖြစ်တယ်။ အမှန် အတိုင်း ပြောရရင် မလုပ်ဖူးတဲ့ ကာ ရိုက်တာတွေ လုပ်ရတာက ပိုပြီးတော့ လည်း စိတ်ဝင် စားတယ်။ လုပ်ချင်တဲ့ စိတ်လည်း အပြည့်အဝ ရှိတယ်။ အဲဒီလိုမျိုး ဇာတ်လေးတွေ ကိုယ့်ဆီလာရင် ပိုပြီးတော့ အာရုံထည့်ပြီး လုပ်ချင်စိတ် အပြည့်အဝ ရှိတယ်” လို့ ပြောပါတယ်။

ဖတ်သန်း လာတဲ့ အနုပညာ သက်တမ်း အရ ပရိသတ်ရဲ့ အားပေး မှုကိုလည်း တန်ဖိုးထား လေးစားပြီး ကျေနပ် အားရမှု ရှိသလို၊ ကိုယ့်ရဲ့ လုပ်ဆောင်မှု လေးတွေ ကို လည်း အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ် အောင် ကြိုးစား ဖြစ်နေတယ်”လို့ မိုး ဟေကိုက ဆိုပါတယ်။

“မိုးက အနုပညာ သက်တမ်း ကလည်း (၉)နှစ်ကျော် လောက် ရှိသွားပြီ။ အရင်က တည်းက အားပေးတဲ့ ပရိသတ် တွေကိုလည်း ကျေးဇူးတင် မိတယ်။ နောက်ပြီးတော သူတို့ ရဲ့ ချစ်ခင် အားပေးမှုကြောင့်လည်း မိုးက ဒီနေ့ ဒီအချိန် အထိ ရပ်တည် လို့ရတာပါ။ ကိုယ့်ရဲ့ ပုံရိပ်တွေကို ဂရု တစိုက်နဲ့ ကြည့်ပေးတဲ့ ပရိသတ်လည်း ရှိတယ်။ မိုးလည်း အနုပညာ သက်တမ်း ရလာတာ နဲ့အမျှ ဘာ လုပ်လုပ် ပရိသတ် အတွက် စဉ်းစားပြီး လုပ်ဖြစ်တယ်။ ကိုယ့်ရဲ့ အနုပညာ ရပ်တည်မှု ကလည်း ပရိ သတ် တွေကြောင့် ပဲ ဖြစ်တယ်။ မိုးရဲ့ “ကျွန်မချစ်သော” စာအုပ်လေးကိုလည်း ဒီနှစ် မကုန်ခင်မှာ အပြီးသတ် နိုင်အောင် ကြိုးစားနေ ပါတယ်။၂ဝ၁၅ ထဲမှာ ထွက် နိုင်အောင် ကြိုးစားနေ ပါတယ်။ ဒီနှစ်က နှစ်ပဲ ကုန်တော့မယ် ဆိုတော့အပြီး သတ်နိုင်အောင် ကြိုးစားနေပါတယ်။ စာအုပ်ကိုတော့ ပိုပြီး အချိန် ပေးပြီး လုပ်ဖြစ် မယ်။ အနုပညာ သက်တမ်း အရရော ကိုယ် ကြိုးစား တင်ဆက်မှု တွေရော၊ ပရိသတ်ရဲ့ အားပေး မှုတွေကို ပါရတဲ့ အတွက် ကိုယ့် ကိုယ်ကိုယ်လည်း တတ်နိုင် သလောက်တော့ အားရ ကျေနပ်မှု ရှိပါတယ်” လို့ မိုး ဟေကိုက ပြောပါတယ်။
Popular

ဆက်စီပုံစံ မလွှဲမရှောင်သာ ရိုက်ရရင်တောင် အရမ်းအဖော်အချွတ် မရိုက်ဘူးလို့ ပြောတဲ့ မင်းသမီး


ပရိသတ်က ဆက်စီပုံစံ မရိုက်ရန် အကြံပြုသော်လည်း ဇာတ်ဆောင်စရိုက် လိုအပ်ချက်အရသာ ဆက်စီပုံစံ ရိုက်ကူးမည်ဖြစ်ပြီး ပရိသတ် အမြင်တွင် အဆင်ပြေစေမည့် ပုံစံမျိုးသာ ရိုက်ကူးမည်ဟု သွန်းဆက် က ပြောသည်။

‘‘ပရိသတ်တွေက ဆက်စီ ပုံစံတွေ မရိုက်ပါနဲ့။ Cute ပုံစံနဲ့ပဲ လိုက်တယ်လို့ ပြောကြတယ်။ ဆက်စီပုံစံကို ကာရိုက်တာ လိုအပ်ချက်အရ မလွှဲမရှောင်သာ ရိုက်ရရင်တောင် အရမ်းအဖော် အချွတ်မရိုက်ပါဘူး’’ဟု ၎င်းက ပြောသည်။


ခေါင်းဆောင် မင်းသမီး အနေဖြင့် ဇာတ်ကားများ ရိုက်ကူးလာရသော်လည်း ရုပ်ရှင်ဇာတ်ကားများတွင် စီနီယာအစ်ကို၊ အစ်မများ၏ သရုပ်ဆောင်မှုများကို ကြည့်ရှုသည့်အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် အများကြီးကြိုးစားရန် လိုအပ်သည် ဟု မြင်ကြောင်း သွန်းဆက် က ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအဖြစ် ဇေရဲထက်နှင့် ဟာသကားတစ်ကား ရိုက်ကူးနေပြီး ယင်းဇာတ်ကား ရိုက်ကူးပြီးပါက လူမင်းနှင့် ဆက်လက်ရိုက်ကူး သွားမည်ဟု ဆိုသည်။ ရုပ်ရှင်ဇာတ်ကားအနေဖြင့် ယခုနှစ်အတွင်း ရိုက်ကူးရန် လက်ခံထားခြင်းမရှိဘဲ ၂၀၁၅ မှသာ ရုပ်ရှင်ရိုက်ကူးမည်ဟု သွန်းဆက် က ပြောသည်။