Showing posts with label အလုပ်အကိုင်အခွင့်အလမ်း. Show all posts
Showing posts with label အလုပ်အကိုင်အခွင့်အလမ်း. Show all posts

အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းလိုင်စင်များ လျှောက်ထားနိုင်ရန် မြို့ နယ် ၂၉ ခုအထိ တိုးချဲ့ ဆောင်ရွက်မည်


ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ အွန်လိုင်းမှ တစ်ဆင့် စီးပွားရေး လုပ်ငန်း လိုင်စင်များ၊ စည်ပင်သာယာ နှင့် ပတ်သက်သော ကိစ္စရပ် အချို့ကို လျှောက်ထား ရာတွင် အချိန်ကုန် သက်သာပြီး လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာ မှ စီစဉ် ဆောင်ရွက် လျက် ရှိရာ ယခုအခါ မြို့နယ်ပေါင်း ၂၉ ခု အထိ တိုးချဲ့ ဆောင်ရွက် ထားပြီ ဖြစ်ကြောင်း သိရသည်။


ထိုကဲ့သို့ အွန်လိုင်းမှ တစ်ဆင့် လျှောက်ထား နိုင်သော မြို့နယ်များမှာ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံ (ဆိပ်ကမ်း)၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ဒဂုံ၊ အလုံ၊ ဗဟန်း၊ စမ်းချောင်း၊ ရန်ကင်း၊ တာမွေ၊ ပုဇွန်တောင်၊ သာကေတ၊ ဒလ၊ ဒေါပုံ၊ ဗိုလ်တထောင် ဆိပ်ကြီးခနောင်တို၊ မရမ်းကုန်း၊ ကမာရွတ်၊ လှိုင်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ နှင့် ရွှေပြည်သာ အစရှိသော မြို့နယ်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်တို့၌ အိမ်ခြံမြေ ဂရန်ကိစ္စများ၊ အဆောက်အအုံ ကိစ္စများ၊ တည်းခိုခန်း လိုင်စင်၊ ဘော်ဒါဆောင် လိုင်စင်၊ စတိုးဆိုင် လိုင်စင်၊ စားသောက်ဆိုင် လိုင်စင်၊ မော်တော်ယာဉ် ဖြင့် လှည့်လည် ဈေးရောင်းချခွင့် လိုင်စင်နှင့် အခြားသော စီးပွားရေး လုပ်ငန်း လိုင်စင် အချို့ကို အွန်လိုင်းမှ တစ်ဆင့် လျှောက်ထား နိုင်စေရန် စီစဉ် ပေးထားပြီး ထိုသို့ လျှောက်ထား လိုသူများသည် www.ycdc.gov.mm ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကာ သက်ဆိုင်ရာ အခန်းကဏ္ဍ များတွင် ပုံစံများ ဖြည့်စွက် လျှောက်ထား နိုင်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Themyawadydaily