Showing posts with label '၀' သတင်း. Show all posts
Showing posts with label '၀' သတင်း. Show all posts

မိုင်းကန်းဒေသတွင် နေထိုင်လုပ်ကိုင်ခွင့် တစ်ဦးလျှင် ထိုင်းဘတ်(၁၅၀)နှုန်း UWSA “၀” အဖွဲ့ဆက်ကြေးကောက်


“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းကန်းတွင် စာသင်ကျောင်း ဆောက်လုပ်နေသော လုပ်ငန်းတာဝန်ခံအား စက်တင်ဘာ ၂၂ ရက်နေ့၌ “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)မှ ဆက်ကြေးငွေ မပေးဆောင်မှုဖြင့် လာရောက်ဖမ်းဆီး သွားကြောင်း သတင်းရရှိသည်။

အဆိုပါအဖွဲ့မှ လုပ်ငန်းတာဝန်ခံ ဦးခင်မောင်တင့်(၂၉)နှစ်၊ ဗမာ/ဗုဒ္ဓ၊ မလှိုင်မြို့နယ်နေသူအား မိုင်းကန်းရုံးသို့ ခေါ်ဆောင် သွားပြီး အချုပ်ခန်းအတွင်း၌ သော့ခတ်ထားကြောင်း အလုပ်သမားတစ်ဦးကပြောသည်။

ယင်းလုပ်ငန်းတာဝန်ခံအား မိုင်းကန်းဒေသတွင် လာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်သည့်အတွက် တစ်ဦးလျှင် ထိုင်းဘတ်(၁၅၀)နှုန်း ဆက်ကြေးတောင်းခံထားရာ အလုပ်သမား(၁၃)ဦးအတွက်(၃)လစာ မပေးသဖြင့် ဖမ်းဆီးခြင်းဖြစ် ကြောင်းသိရသည်။

“ဆက်ကြေးငွေဘတ် ၁၀၀၀၀ သွားပေးရပါတယ်၊ စာသင်ကျောင်းဆောက်တာက လုပ်အားခ အကုန်မရသေးပါဘူး၊ ဒါပေ မယ့်ကြိုတင်ငွေယူပြီး သွားပေးလိုက်ပါတယ်၊ စာသင်ကျောင်းပြီးရင် ပြန်ကြမှာပါ၊ အသက်အန္တရာယ်အတွက် လုံခြုံမှုမရှိဘူး လေ”ဟုဆောက်လုပ်ရေး အလုပ်သမားခေါင်းတစ်ဦးက ဆိုသည်။

UWSA “၀” အဖွဲ့အား ဆက်ကြေးငွေ ဘတ်(၁၀၀၀၀) သွားရောက်ပေးသွင်းမှသာ စက်တင်ဘာ ၂၃ ရက်တွင် လုပ်ငန်းတာ ၀န်ခံအား ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။

အလားတူ နားယောင်းဈေးတွင်(၂)ထပ်ဈေးသစ် ဆောက်လုပ်နေသော လုပ်ငန်းတာဝန်ခံ ကိုပေါက်စသည်လည်း အလုပ် သမား(၂၅)ဦးအတွက် တစ်လလျှင် ဆက်ကြေးငွေ ဘတ်(၅၀၀၀) ပေးသွင်းရကြောင်းသိရှိရပါသည်။

နေလင်းသန့်
Shan News