Showing posts with label ဘာသာရေးသတင်း. Show all posts
Showing posts with label ဘာသာရေးသတင်း. Show all posts

ဘာသာ လူမျိုးပေါင်းစုံ ညီညွတ်ရေးတည်ဆောက်ရန် ရွှေဝါရောင်သံဃာများ မိန့်ကြား


ဘာသာ လူမျိုးပေါင်းစုံ ညီညွတ်ရေးတည်ဆောက်ရန် ရွှေဝါရောင်သံဃာများ မိန့်ကြား


ဒီနေ့ကျရောက်တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနေ့ ၇ နှစ်ပြည့် အမှတ်တရ အခမ်းအနားတွေကို ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ ကျင်းပခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘာသောပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ညီညွတ်ရေးတည်ဆောက်ဖို့ ရွှေဝါရောင်သံဃာတော်တွေက ကြေညာလိုက်ပါတယ်။

၇ နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အဖြစ် အချက် ၄ ချက်ပါ ကြေညာချက်ကို သံဃာကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒီ ၄ ချက်ကတော့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခမဖြစ်ပေါ်စေရေး၊ အခြေခံ ဒီမိုကရေစီလူ့အခွင့်အရေးများ အပြည့်အ၀ရရှိရေး၊ နောင်ကျင်းပမယ့် ရွေးကောက်ပွဲ တရားမျှတစွာ ပေါ်ပေါက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို စုပေါင်းစွမ်းအားနဲ့ ပြောင်းလဲနိုင်ဖို့ ဘာသောပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ညီညွတ်မှုကို တည်ဆောက်ရေး စတဲ့ အချက်တွေဖြစ်ပါတယ်။

ရွှေဝါရောင်နှစ်ပတ်လည်းအခမ်းအနားတွေကိုတော့ ရန်ကုန်သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီရ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပရာမှာ ကျဆုံးသွားတဲ့ သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေအတွက် ရည်စူးပြီး ဆွမ်းတွေကပ်လှူခဲ့ပြီး မွန်းလွဲပိုင်းမှာတော့ အထိမ်းအမှတ် အခမ်းအနားတခု ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာတော့ သံဃာတော်အပါအ၀င် ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန် အစရှိတဲ့ ဘာသာ ရေးခေါင်းဆောင်တွေ တက်ရောက်ဟောပြောခဲ့သလို ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့လည်း ဟောပြောခဲ့ပါတယ်။

အလားတူ မန္တလေးမြို့ ဓမ္မသီပ ကျောင်းတိုက်မှာလည်း ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမတ် သံဃာတော် ၄၅ ပါးကို ပင့်ဖိတ်ပြီးဆွမ်းကပ်ခဲ့သလို သံဃာတော် အပါး ၂၀၀ နဲ့ လူပေါင်း ၁၀၀ ကျော် တက်ရောက်တဲ့ အခမ်းအနားတခု ကျင်းပသွားပါတယ်။

အဲဒီပွဲကို ဦးဆောင်ကျင်းပတဲ့ အထက်မြန်မာပြည် သံဃာ့သမဂ္ဂအဖွဲ့ချုပ် မန္တလေး အတွင်းရေးမှူး ဦးစိန်နိတ္တက ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည့်ပြီဖြစ်ပေမယ့် အစိုရဘက်က တရားဝင်သံဃာတော်တွေကို တောင်းပန်တာ မရှိသေးတဲ့အတွက် သပိတ်မလှန်ရသေးဘူးလို့ ဦးစိန်နိတ္တက မိန့်ပါတယ်။

၂၀၀၇ ခုနှစ်က စစ်အစိုးရက လောင်စာဆီဈေးနှုန်းများ တိုးမြှင့်လိုက်တဲ့အတွက် ကုန်ဈေး နှုန်းများ မြင့်တက်လာကာ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲတဲ့အတွက် စက်တင်ဘာ ၅ ရက်နေ့က ပခုက္ကူ သံဃာတော်တွေက ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ တိုင်းပြည် အေးချမ်းရေး အတွက် လမ်းပေါ်ထွက် မေတ္တာပို့လမ်းလျှောက်ခဲ့ရာမှာ စစ်အစိုးရက သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။

ရွှဝါရောင်တော်လှန်ရေးနေ့ အခမ်းအနား (ရန်ကုန်)
DVB