Showing posts with label NLD သတင်း. Show all posts
Showing posts with label NLD သတင်း. Show all posts

သူရရွှေမန်းကို သမ္မတအဖြစ်ထောက်ခံမည်ဟု ရိုက်တာရေးသားချက် ဖြေရှင်းရန် ဒီချုပ်တောင်းဆို


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် တားမြစ်ခံရရင် အန်အယ်လ်ဒီ က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကို သမ္မတ နေရာအတွက် ထောက်ခံမယ်ဆိုတဲ့ ရိုက်တာ သတင်းဌာနရဲ့ ရေးသားချက် ဖြေရှင်းပေးဖို့ NLDက တောင်းဆိုလိုက်ပါ တယ်။

စက်တင်ဘာလ ၂၃ ရက်နေ့စွဲနဲ့ Reuters သတင်းဌာနမှ မြန်မာနိုင်ငံဆိုင်ရာ ဗျူရိုအကြီးအကဲ Mr. Paul Mooney ရေးသားတဲ့သတင်းမှာ အဓိပ္ပါယ်လွဲမှားဖော်ပြချက်များနှင့် ပတ်သက်၍ ကိုးကားဖော်ပြခံရသူတဦးဖြစ်တဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ပြန်လည် ဖြေရှင်းပေးဖို့ စာရေးသားတောင်းဆိုခဲ့တာပါ။

ရိုက်တာသတင်းဖော်ပြချက်မှာ အန်အယ်လ်ဒီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ သမတရာထူးကို မပြိုင်ဘဲ ပြည်ခိုင်ဖြိုးပါတီက ဗိုလ်ချုပ်ဟောင်းတဦးကို ထောက်ခံဖွယ်ရှိကြောင်း” အစချီရေးသား ထားပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့ရဲ့ ပြောဆိုချက်တွေကို မှီငြမ်းကိုးကားထည့်သွင်းထားပါတယ်။

သမ္မတရွေးချယ်ရာမှာ ဦးရွှေမန်းကို ထောက်ခံသွားမယ်လို့ အန်အယ်လ်ဒီပါတီ အမှုဆောင် ကော်မတီအဖွဲ့ဝင်တဦးက ပြောကြားခဲ့သလို ပါတီမှာ ဒေါ်အောင်ဆန်းစုကြည်မယှဉ်ပြိုင်ရင် ဒုတိယလူ မရှိဘူးဆိုတာကို ယုံကြည်တဲ့အကြောင်း ရိုက်တာသတင်းက ရေးသားခဲ့တာပါ။

ပါတီမှာ တရားဝင်ရွေးချယ်ထားတဲ့ ဒုတိယတန်းခေါင်းဆောင် မရှိကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် တားမြစ်ထားတဲ့ ပုဒ်မ ၅၉ ကို မပယ်ဖျက်ပေးဘူးဆိုရင် အန်အယ်လ်ဒီမှာ ရွေးချယ်စရာတွေ အများကြီး ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောခဲ့တာလို့ ဦးဟန်သာမြင့်က စက်တင်ဘာ ၂၄ ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံဆိုင်ရာ ရိုက်တာသတင်းဌာန ဗျူရိုအကြီးအကဲထံ ပေးပို့တဲ့ စာမှာ ရှင်းလင်းထားပါတယ်။

ဒီရွေးချယ်စရာတွေထဲမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်မဟုတ်ပေမယ့် မူဝါဒခြင်းတူတဲ့ ပါတီ အပြင်က တခြားတယောက်ကို ထောက်ခံတာ လွှတ်တော်ပြင်ပက အန်အယ်လ်ဒီ ပါတီဝင်တဦးကို ဒုသမ္မတ အဖြစ် အဆိုပြုတာတွေ စတဲ့ အန်အယ်ဒီမှာ ရွေးချယ်စရာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
“ရိုက်တာက ကျနော့်ကို မှားယွင်း ဖော်ပြတယ်လို့ ကျနော်မပြောပါဘူး။ သူရေး ထားတဲ့အထဲက ကျနော်ဘာပြောတယ်လို့ သူပြောတာထားတဲဟာတွေက မှားတာမဟုတ်ဘူး။ ဒါပေမယ့် သူရေးထားတဲ့ ဆောင်းပါးထဲမှာ ကျနော် ပြောတာတွေနဲ့ရောပြီးတော့ အခုဟာက ရန်ကုန်မှာ ဖြစ်နေတာက ကျနော်က သူရဦးရွှေမန်းကို လွှတ်တော်ကျရင် ထောက်ခံလိမ့်မယ်ဆိုတဲ့ ပုံမျိုး ကျနော်ပြော တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ပေါက်သွားတယ်။ ပေါက်သွားလို့ ကျနော်ကနေပြီး ရိုက်တာကို ပြန်ပြောတာပါ။ ဒီကိစ္စကို ကျနော်ပြောတာက ဒီသဘောမဟုတ်ဘူး။ ကျနော်ပြောတာက ဘာတွေ ပြောခဲ့တယ်။ ဘာတွေမပြောဘူးဆိုတာ ကျနော်ပြန်ဖြေရှင်းတာပါ။ ဒါပါပဲ။ သူက သူ့ဘာသာသူ သူ့ရဲ့ အထင်ယူဆချက်ပါဆိုပြီး ရေးရင်တော့ ကျနော်က ဘာမှ ပြောစရာမရှိဘူး။ အခုက ကျနော်တို့ နာမည်ပါနေလို့ ကျနော်ကလည်း ပြန်ပြီးရှင်းရတာပါ။ သို့မဟုတ်ရင် ကျနော်က ဘာမှပြောစရာမရှိပါဘူး။ ဒါ သူ့ယူဆချက်နဲ့ အန်အယ်လ်ဒီက ထောက်ခံမှာပဲဆိုပြီးတော့ သူ့ဘာသာသူထင်လို့ ပြောလိုက်လို့ရှိရင်တော့ ကျနော်တို့ ဘာမှ ပြောစရာမရှိဘူး။ အခုက ကျနော့်နာမည်ပါနေလို့ ကျနော်က အဲဒီစကားမျိုးပြောမှ မပြောခဲ့ပဲ။”

သမ္မတရွေးချယ်ရာမှာ အန်အယ်လ်ဒီက ဦးရွှေမန်းကို ထောက်ခံသွားမယ်ထောက်ခံသွားဖို့ ရှိနေတယ်လို့ မပြောခဲ့တဲ့ အကြောင်း ဒီသတင်းအတွက် စက်တင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုချက်တောင်းတဲ့ ရိုက်တာ သတင်းဌာနက ဦးအောင်လှထွန်းကိုလည်း အခုလိုပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထား ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်တားမြစ်ခံရပါက ဦးရွှေမန်းကို ထောက်ခံသွားမယ်လို့ သတင်းဌာနတခုရဲ့ ဖော်ပြချက်အပေါ်မှာ ငြင်းဆိုသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တက်လာတဲ့သတင်းတွေအပေါ်မှာ သေချာစွာ ဖတ်ကြည့်ဖို့လည်း ပြောကြားခဲ့ပါတယ်။

ဖြေရှင်းချက်နဲ့ ပတ်သက်လို့ ရိုက်တာသတင်းဌာန မြန်မာနိုင်ငံဆိုင်ရာ ဗျူရိုအကြီးအကဲ Mr. Paul Mooney ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
DVB

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD အမတ်လောင်းလျှောက်လွှာတင်သူ များတွင် ပါတီဝင် မဟုတ်သူများပါဝင်


လာမည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ပါတီမှ ဝင်ရောက် အရွေးခံလိုသည်ဟု လျှောက်လွှာတင်သူ များထဲတွင် ပါတီဝင် မဟုတ်သည့် အပြင်လူများလည်း ပါဝင်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။


ပြည်နယ်နှင့်တိုင်း၊ ခရိုင် အဆင့်အဆင့်မှ နောက်ဆုံး အဆိုပြုရွေးချယ်ထား သည့် ကိုယ်စားလှယ်လောင်း လျှောက်လွှာများကို စက်တင်ဘာ ၁ ရက် အထိ လက်ခံခဲ့ပြီး လစ်လပ်မဲဆန္ဒနယ်မြေများရှိ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများက ရွေးချယ်ထားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

"ကရင်ပြည်နယ်ကတော့ လစ်လပ်မဲဆန္ဒနယ် တစ်နေရာပဲရှိတော့ လျှောက်လွှာတင်တဲ့သူ သုံးဦးပဲရှိတယ်။ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာတွေထဲမှာ ပါတီကမဟုတ်တဲ့ အပြင်လူတွေလည်း ပါတယ်" ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

ပါတီဝင်မဟုတ်သူများ ပါဝင်နိုင်သည်ဟု သီးသန့် ကြေညာထားခြင်းမရှိဘဲ လျှောက်ထားသူများအနက် အရည်အချင်းရှိသူများကို ထည့်သွင်းစဉ်းစား မည်ဟု NLDပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့ဝင် 
ဦးမောင်မောင်ဦးက ပြောသည်။ သို့သော် ဦးရေမည်မျှ ပါဝင်သည်ကိုမူ မဇ္ဈိမက မသိခဲ့ရပေ။

ဦးမောင်မောင်ဦးက" အပြင်လူတွေအတွက် သီးသန့်စည်းကမ်းချက်တွေ သတ်မှတ်ထားတာမရှိပါဘူး၊ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက် အတိုင်းပါပဲ"ဟု ပြောသည်။

NLD ကိုယ်စားလှယ်လောင်း စီစစ်ရေး ကော်မတီအစည်းအဝေးကို စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က နောက်ဆုံးအဆင့် ပြန်လည်ရွေးချယ်ကာ စက်တင်ဘာ ၁၅ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားသည်။ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို နှစ်ကုန်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောထားသည်။

Mizzima

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာလဆန်းတွင် တင်သွင်းဖွယ်ရှိ


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို ရန်ကုန်မြို့တွင် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-AFP)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီအစည်းအဝေးကို စက်တင်ဘာ ၄ ရက်တွင် နေပြည်တော်၌ ပြန်လည်စတင်သွားမည်ဖြစ်ပြီး ယင်းကော်မတီ၏ အစီရင်ခံစာကို အောက်တိုဘာလ ပထမပတ်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ဖွယ်ရှိကြောင်း ကော်မတီအဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင် က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီမှ တင်ပြလိုက်သည့် အစီရင်ခံစာသည် အဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ်များ၏ သုံးသပ်ဆွေးနွေးချက်များသာဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်များမဟုတ်ဟု ယင်းကော်မတီအဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

ဦးအောင်ကြည်ညွန့်က“အစီရင်ခံစာပေါ်မှာ ဆွေးနွေးမှာပါ။ အစီရင်ခံစာကို ဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီး တိကျတဲ့ဆုံးဖြတ်ချက်ရမှ ဥပဒေကြမ်းရေးဆွဲမှာ။ လွှတ်တော်မှာ ဆွေးနွေးချက်အပေါ်မူတည်ပြီး ဥပဒေကြမ်းတစ်ခု ရေးဆွဲနိုင်လောက်အောင် ဘယ်ဟာတွေကို ဘယ်လိုပြင်မယ်ဆိုတာ တိတိကျကျလွှတ်တော်က အဆုံးအဖြတ်ပြု ပြီးတော့မှ အဲဒီဆုံးဖြတ်ချက်တွေအပေါ်မှာ မူတည်ပြီး ဥပဒေကြမ်းကို ရေးဆွဲမှာပါ”ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုတွင် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လက်မှတ်ရေးထိုးဆန္ဒပြုသည့် ပြည်သူ ငါးသန်းခန့်ရှိခဲ့သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်လိုကြောင်း လက်မှတ်ရေးထိုးဆန္ဒပြုထားသည့် လူထုငါးသန်း၏ တင်ပြချက်များကို လက်ရှိအာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များလည်း အလေးအနက်ထားမည်ဖြစ်သကဲ့သို့ ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေကြမ်းတက်လာပြီး နောက်ပိုင်းတွင်လည်း လွှတ်တော်နှင့် လွှတ်တော်အမတ်များအပေါ် လွှမ်းမိုးမှုရှိမည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။

“၃၁ ဦးပါကော်မတီရဲ့ သုံးသပ်ချက်တွေကို အထူးသဖြင့် ၃၁ ဦးရဲ့ အစည်းအဝေးစထိုင်ကတည်းက အခန်း ၁၂ က စတာ။ အခန်း ၁၂ ဆိုသည်မှာ ၄၃၆ ပုဒ်မကို ပထမဆုံးအစည်းအဝေးစထိုင်ပြီး တစ်ရက်နှစ်ရက်လောက်မှာပဲ ဆွေးနွေးပြီးသားဖြစ်တယ်။ အဲဒီတော့ ၄၃၆ နဲ့ ပတ်သက်လို့ ဘာလုပ်ပါဆိုတာမျိုးက ၃၁ ဦးပါကော်မတီအပေါ် သက်ရောက်မှုရှိချင်မှ ရှိမယ်။ အထူးသဖြင့် ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုမစခင်ကတည်းက ကျွန်တော်တို့က ၄၃၆ နဲ့ပတ်သက်တာကို ဆွေးနွေးပြီးပြီ။ ငါးသန်းသော လူထုရဲ့ ဆန္ဒ နဲ့ကျွန်တော်တို့ ၃၁ ဦးပါကော်မတီရဲ့ ကနဦး ဆွေးနွေးချက် ကွာခြားမှုရှိခြင်းမရှိခြင်းအပေါ်မှာပဲ မူတည်တာပေါ့။ အကြမ်းဖျင်းကတော့ သိပ်မရှိနိုင်ဘူးလို့ ပြောနိုင်ပါတယ်”ဟု ကော်မတီအဖွဲ့ဝင် ဒေါက်တာအေးမောင်က ပြောကြားသည်။-
EMG

အန်အယ်လ်ဒီက မီဒီယာဥပဒေနှင့်ပတ်သက်ပြီး အကြံတောင်း

ဆွေးနွေးပွဲ ကျင်းပစဉ် (ဓာတ်ပုံ - ထွန်းထွန်းသိန်း)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုလွှတ်တော်ရေးရာကော်မတီက သတင်းမီဒီယာလွတ်လပ်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး အကြံပြုချက်တောင်းတဲ့ ဆွေးနွေးပွဲတခုကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

အန်အယ်လ်ဒီက သတင်းမီဒီယာလွတ်လပ်ခွင့် ဥပဒေနဲ့အညီ ရရှိသုံးစွဲဖို့ ပြည်သူ့လွှတ်တော်ကို တင်သွင်းဖို့ရှိနေပြီး မီဒီယာသမားတွေဆီကနေ အကြံပြုချက်တောင်းခံခဲ့တာပါ။

ဆွေးနွေးပွဲ ကျင်းပစဉ် (ဓာတ်ပုံ – ထွန်းထွန်းသိန်း)

ဦးဖြိုးမင်းသိန်း ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ – ထွန်းထွန်းသိန်း)

အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းကတော့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ မီဒီယာဥပဒေကို တိုက်တွန်းကြောင်း အဆိုတင်ဖို့ စာရင်းသွင်းထားပြီး မီဒီယာသမားတွေရဲ့ အကြံပြုချက်တွေနဲ့ လာမယ့်လွှတ်တော်မှာ အဆိုတင်သွင်း သွားမယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် သတင်းစာဆရာ ဦးကိုကိုကတော့ သတင်းမီဒီယာ သမားတွေ သတင်းရယူဖို့အတွက် လွတ်လပ်စွာ သတင်းအချက် အလက်ရယူခွင့် ဥပဒေရဖို့ လိုအပ်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့လည်း ဆွေးနွေးပွဲမှာ အကြံပြုခဲ့ပါတယ်။

အန်အယ်လ်ဒီ ဗဟိုလွှတ်တော်ရေးရာကော်မတီရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး အကြံပြုဆွေးနွေးပွဲကို သတင်းမီဒီယာသမား ၅၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့က စာပေလောကသားတွေနဲ့ တွေ့ဆုံခဲ့ပြီး စာနယ်ဇင်းလောက၊ စာပေလောကသားတွေ ဥပဒေနဲငြိစွန်းပါက ၁၉၉၅ ခုနှစ်ကတည်းက ဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူအဖွဲ့က ကူညီဖို့ အသင့်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က သတင်းမီဒီယာဥပဒေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား အငြင်းပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပါတယ်။

အငြင်းပွားမှုတွေဖြစ်ပြီးနောက် စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကို ပြင်ဆင်ချက်တချို့နဲ့ ပြည်သူ့လွှတ်တော်က ၂၀၁၃ နိုဝင်ဘာလမှာ အတည်ပြုခဲ့ပါတယ်။

ကျန်ရှိနေတဲ့ နည်းဥပဒေမူကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ဇွန်လကုန်လောက်က ပြန်တင်ပြထားတာဖြစ်ပါတယ်။
DVB