Showing posts with label အိုင်အက်စ်သတင်း. Show all posts
Showing posts with label အိုင်အက်စ်သတင်း. Show all posts

ISISအဖွဲ့ ဗြိတိန်နိုင်ငံသား နောက်တစ်ဦးရဲ့ ဗီဒီယို ဖြန့်ဝေ


ISIS ​အဖွဲ့ကနေ ​နောက်ဗီဒီယို ​အသစ် ​တစ်ခုကို ​ပြသလိုက်ပြီး ​အဲဒီ ​ဗီဒီယိုထဲမှာ ​ဖမ်းဆီးခံထားရတဲ့ ​ဗြိတိန် ​သတင်းသမား ​John ​Cantlie ​က ​စကားပြောထားတဲ့ ​ပုံ ​ဖြစ်ပါတယ်။

အဲဒီဗီဒီယိုထဲမှာတော့ ​ရုပ်မြင်သံကြား ​အစီအစဉ်ထဲက ​စကားပြော ​အစီအစဉ်တွေမှာလို ​စားပွဲခုံတွေ ​ချထားပြီး ​အဲဒီ ​ဗီဒီယိုထဲမှာတော့ ​အဆိုပါ ​ဗြိတိန်နိုင်ငံသားက ​ISIS ​အ ​စ္စ ​လာမ် ​မစ် ​နိုင်ငံ ​တည် ​ထောင် ​သူတွေအပေါ် ​လူတွေ ​အမြင်မှား ​နေတဲ့အကြောင်း၊ ​အနောက်တိုင်း ​မီဒီယာတွေက ​ISIS ​အဖွဲ့ကို ​အထင်လွဲအောင် ​ရေးသား ​ထုတ်ဖော် ​နေကြတဲ့ ​အကြောင်း ​ပြောဆို ​ထားပါတယ်။

သုံးမိနစ်စာ ​ဗီဒီယိုထဲမှာ ​John ​က ​သူဟာ ​ဆီးရီးယားနိုင်ငံကို ​အသွား ​၂၀၁၂ ​ခုနှစ်မှာ ​ဖမ်းဆီးခံရပြီး ​ဗြိတိန်အစိုးရက ​သူ့ကို ​ပစ်ပယ်ထားတဲ့အကြောင်း၊ ​တခြား ​အစိုးရက ​သူတို့ ​နိုင်ငံသားတွေ ​လွတ်မြောက်လာအောင် ​လုပ်ပေးပေမယ့် ​ဗြိတိန်နဲ့ ​အမေရိကန် ​အစိုးရက ​ဘာမှ ​မလုပ်ပေးဘူးလို့ ​ပြောပါတယ်။

"Lend ​Me ​Your ​Ears, ​Messages ​from ​the ​British ​Detainee ​John ​Cantlie" ​လို့ ​နာမည် ​ပေးထားတဲ့ ​ဗီဒီယိုမှာ ​John ​က ​ISIS ​အဖွဲ့အနေနဲ့ ​ဘာကြောင့် ​အခုလို ​အကြမ်းဖက်မှုတွေ ​လုပ်ရသလဲ ​ဆိုတဲ့အကြောင်းတွေ၊ ​အနောက်တိုင်း ​မီဒီယာတွေက ​သတင်းဖတ်ရှုသူတွေကို ​ဘယ်လို ​လှည့်စားနေတဲ့ ​အကြောင်းတွေကို ​အပိုင်းလိုက် ​ထုတ်ဖော်ပြောဆိုသွားမယ်လို့လည်း ​ပြောပါတယ်။

တစ်ယောက်ယောက်က ​ခေါင်းကို ​သေနတ်နဲ့ ​တေ့ထားလို့ ​အခုလို ​စကားမျိုး ​ပြောတာလို့ ​ယူဆနိုင်တဲ့အကြောင်း ​အမှန်တကယ်လည်း ​သူဟာ ​ဖမ်းဆီးခံထားရပေမယ့် ​သူရဲ့ ​အစိုးရက ​ပစ်ပယ်ခံထားရတဲ့အတွက် ​သူအခုလို ​ပြောဆိုတာက ​ဘာမှ ​ဆုံးရှုံးစရာမရှိဘူးလို့လည်း ​ပြောပါတယ်။

ဂျွန်ရဲ့ ​အဆိုအရ ​သူဟာ ​Sunday ​Times, ​The ​Sun ​နဲ့ ​Sunday ​Telegraph ​သတင်းဌာနမှာ ​အလုပ်လုပ်ခဲ့ဖူးသူ ​ဖြစ်တယ်လို့ ​ပြောဆိုထားပါတယ်။

ISIS ​အဖွဲ့ဟာ ​မကြာသေးခင်ကပဲ ​အမေရိကန် ​နိုင်ငံသား ​သတင်းသမား ​နှစ်ဦးနဲ့ ​ဗြိတိန်နိုင်ငံသား ​ကူညီထောက်ပံ့ရေးလုပ်သား ​တစ်ဦးကို ​လည်လှီး ​သတ်ဖြတ်ခဲ့ပြီ ​ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ ​လုပ်ရပ်ကို ​ဗြိတိန်က ​မွတ်စလင်တွေ ​ရှုတ်ချ

ဗြိတိန်နိုင်ငံသား ​လူသားချင်းကူညီထောက်ပံ့ရေး ​လုပ်ငန်း ​လုပ်ကိုင်သူ ​David ​Haines ​ကို ​ISIS ​စစ်သွေးကြွအဖွဲ့က ​လည်လှီးသတ်ဖြတ်မှုနဲ့ ​ပတ်သက်ပြီး ​ရှုတ်ချကြောင်း ​ပြသတဲ့အနေနဲ့ ​ဗြိတိန်နိုင်ငံအတွင်းက ​မွတ်စလင် ​လူမှုအသိုင်းအဝိုင်းအပါအဝင် ​ဘာသာရေး ​ခေါင်းဆောင် ​အီမမ် ​တွေက ​ဆန္ဒပြမှုတစ်ခု ​ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြ ​မွတ်စလင်တွေက ​David ​Haines ​ကို ​သတ်ဖြတ်ခဲ့သူဟာ ​လူမဟုတ်ပဲ ​လူ့ဘီလူးသာ ​ဖြစ်ကြောင်း ​အီစ္စလာမ်ဘာသာရဲ့ ​အဆိုးဝါးဆုံးသော ​အပြစ်ကို ​ကျူးလွန်သူတွေ ​ဖြစ်တယ်လို့ ​ပြောဆိုကြပါတယ်။

David ​Haines ​ကို ​သတ်ဖြတ်တဲ့ ​ဗီဒီယို ​အတွင်း ​လူသတ်ခဲ့တဲ့လူက ​နောက်ထပ် ​ဗြိတိန်နိုင်ငံသား ​တစ်ဦးဖြစ်တဲ့ ​Alan ​Henning ​ကို ​သတ်ဖြတ်မယ်လို့ ​ပြောဆိုထားတဲ့အတွက် ​နောက်တစ်ယောက်ကို ​မသတ်ဖို့လည်း ​မွတ်စလင်ဘာသာရေး ​ခေါင်းဆောင်တွေက ​တောင်းဆိုလိုက်ပါတယ်။

ABC Radio Australia

ဗြိတိန်တစ်ယောက်ကို ခေါင်းဖြတ်တဲ့ Video IS ထုတ်ပြန်


ဗြိတိသျှနိုင်ငံသား ကူညီထောက်ပံ့ရေးဝန်ထမ်း David Haines ကို သတ်ဖြတ်လိုက်ကြောင်း Islamic State အစ္စလာမ်စစ်သွေးကြွအဖွဲ့က ပြောပါတယ်။ Haines ကို ခေါင်းဖြတ်သတ်နေတဲ့ ဗွီဒီယိုကို စစ်သွေးကြွတွေက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အီရတ်နဲ့ ဆီးရီးယား နယ်မြေ ၂ ခုပေါင်းပြီး အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ဖို့ သူတို့ရဲ့ ကြိုးပမ်းမှုကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်ဦးဆောင်ပြီး ဖွဲ့စည်းနေတဲ့ ညွန့်ပေါင်းအဖွဲ့ထဲ ဗြိတိန်ပါဝင်ရင် Haines ကို သတ်ပစ်မယ်လို့ အစ္စလာမ် စစ်သွေးကြွတွေက ခြိမ်းခြောက်ထားတာပါ။

အသက် ၄၄ နှစ်အရွယ်၊ ကလေးနှစ်ယောက်ဖခင် Haines ဟာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တခုရဲ့ ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဆီးရီးယား နိုင်ငံကို ရောက်ပြီး ၃ ရက်အကြာ မနှစ် မတ်လက ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းထားသူတွေအနေနဲ့ မိသားစုကိုဆက်သွယ်ကြဖို့ David Haines မိသားစုက အသနားခံချက်ထုတ်ပြန်အပြီး မကြာခင်မှာပဲ အမေရိကန်ရဲ့ မဟာမိတ်များအတွက် သတင်းစကားလို့ ခေါင်းစဉ်တပ်ထားတဲ့ သူ့ကို သတ်နေတဲ့ဗွီဒီယိုကို အစ္စလာမ်စစ်သွေးကြွတွေက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အစ္စလာမ်စစ်သွေးကြွအဖွဲ့ ဆန့်ကျင်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့မှာ ပါဝင်တဲ့အတွက် ဗြိတိသျှဝန်ကြီးချုပ် David Cameron ကို မျက်နှာဖုံးစွပ်ထားတဲ့ ခေါင်းဖြတ်သတ်သူက ပြစ်တင် ပြောကြားလိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ အင်မတန် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုထွက်လာပြီး မကြာခင်လေးမှာပဲ ၀န်ကြီးချုပ် David Cameron က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်ပါတယ်။ ၀န်ကြီးချုပ် ကင်မရွန်းက David Haines မိသားစုကို ၀မ်းနည်းကြောင်း ပြောကြားလိုက်ပြီး သူ့မိသားစုဟာ တမူထူးခြားတဲ့သတ္တိနဲ့ ခံနိုင်ရည်စွမ်း ပြသခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လူသတ်သမားတွေကို ဘယ်လောက်ကြာကြာ ဗြိတိသျှအစိုးရရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာရှိသလောက် လိုက်လံ ရှာဖွေပြီး တရားဥပဒေနဲ့ ရင်ဆိုင်ရအောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ၀န်ကြီးချုပ် ကင်မရွန်းက ပြောပါတယ်။

ဒီသတ်ဖြတ်မှုသာ အတည်ဖြစ်ခဲ့ရင်တော့ ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား သုံးယောက်မြောက်ကို အစ္စလာမ် စစ်သွေးကြွအဖွဲ့က ခေါင်းဖြတ် သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ အမေရိကန်သတင်းထောက် Jim Foley နဲ့ Steven Sotloff တို့ ၂ ဦးကိုလည်း ခေါင်းဖြတ်သတ်ခဲ့ပြီး ဖြစ်ပါတယ်။ အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ သူတို့တပ်ဖွဲ့တွေကို အမေရိကန်အစိုးရက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကို လက်စားခြေတဲ့အနေနဲ့ အမေရိကန်သတင်းထောက် ၂ ယောက်ကို သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း အစ္စလာမ် စစ်သွေးကြွတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ISIS စစ်သွေးကြွအဖွဲ့က ကလေးသူငယ်များကို အသေခံ ဗုံးခွဲတိုက်ခိုက်သူများ အဖြစ် အသုံးချ စေခိုင်းလျက် ရှိသည်ဟုဆို




ကလေးသူငယ် များ၏ အသက်များကို မငဲ့ကွက်ဘဲ အသေခံ ဗုံးခွဲ တိုက်ခိုက် သူများအဖြစ် အသုံးချ စေခိုင်းလျက် ရှိသည့် ISIS စစ်သွေးကြွ အဖွဲ့နှင့် အခြား အစွန်းရောက် စစ်သွေးကြွ အဖွဲ့များ၏ လုပ်ဆောင်ချက် များအပေါ် ထိတ်လန့် တုန်လှုပ်မိကြောင်း ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် Leila Zerrougui က ပြောကြား ခဲ့သည်ဟု စက်တင်ဘာလ ၉ ရက်နေ့ RIA Novosti သတင်းတစ်ရပ် အရ သိရသည်။


ISIS စစ်သွေးကြွ များ၏ အီရတ် နှင့် ဆီးရီးယား နိုင်ငံရှိ ၄င်းတို့ ထိန်းချုပ်ထားရာ နယ်မြေရှိ ကလေးသူငယ် များနှင့် အမျိုးသမီးများ အပါအဝင် လူနည်းစု များအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း အပေါ် အလွန်အမင်း စိုးရိမ် ပူပန် မိကြောင်း Leila Zerrougui က မကြာသေးမီက ထုတ်ဖော် ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ အဖွဲ့သည် လက်နက် ခဲယမ်းများ သယ်ဆောင်ရန်၊ မဟာ ဗျူဟာမြောက် နေရာများအား စောင့်ကြပ်ရန်၊ သို့မဟုတ် အရပ်သား များအား ဖမ်းဆီးရန် တို့အတွက် အသက် ၁၃ နှစ်ခန့် ရှိသည့် လူငယ်များကို တာဝန် ပေးအပ် ခဲ့ကြောင်းနှင့် အခြား ကလေးသူငယ် များကိုလည်း အသေခံ ဗုံးခွဲ တိုက်ခိုက်သူများ အဖြစ် အသုံးချ စေခိုင်း ခဲ့ကြောင်း Leila Zerrougui က လုံခြုံရေး ကောင်စီသို့ ပေးပို့သော အကြောင်းကြား စာတစ်စောင် တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ၏ ထုတ်ပြန် ကြေညာချက် အရ ၂ဝ၁၄ ခုနှစ် အစောပိုင်းမှ စ၍ အီရတ် နိုင်ငံတွင် ကလေးသူငယ် ၇ဝဝ ကျော်မှာ သေဆုံးခဲ့ခြင်း၊ သို့မဟုတ် ခြေလက် အင်္ဂါချို့တဲ့ ခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့ ရကြောင်း သိရှိရပါသည်။ အလားတူ ဂါဇာကမ်းမြောင် ဒေသတွင်လည်း ကလေးသူငယ် ၅ဝဝ ကျော် သေဆုံးခဲ့ပြီး ၁၃ဝဝ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ဂျီးရီးယား နိုင်ငံ၌လည်း ၂ဝ၁၃ ခုနှစ်အတွင်း Boko Haram စစ်သွေးကြွ အဖွဲ့က စာသင် ကျောင်း များကို တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး ၁ဝဝ ခန့်နှင့် ဆရာ၊ ဆရာမ ၇ဝ ခန့် သေဆုံး ခဲ့ကြောင်း နှင့် ၄င်းအဖွဲ့က ပြန်ပေးဆွဲ ခဲ့သည့် မိန်းကလေး ၂ဝဝ ကျော်မှာလည်း ပျောက်ဆုံး နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
PyiChitThar

အကြမ်းဖက် IS ကို အာရပ်တွေကပါ ချေမှုန်းတော့မည်

ဆီးရီးယား နှင့် အီရတ်တွင် တစ်နေ့ တစ်ခြား အင်အား ကြီးထွားလာကာ အကြမ်းဖက် လုပ်ရပ်များ တိုးမြှင့် ပြုလုပ် လာနေသော အစ္စလာမ် နိုင်ငံတော် အဖွဲ့(IS) ကို နိုင်ငံတကာ အသိုင်းအ၀ိုင်း နှင့် ပူးပေါင်းပြီး တိုက်ခိုက် ချေမှုန်းဖို့ အာရပ် အဖွဲ့ချုပ်က ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ နာဘီလ် အယ်လ် - အာရဘီက ကြေညာသည်။ 

အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို တနင်္ဂနွေနေ့တွင် ကိုင်ရိုမြို့၌ ကျင်းပခဲ့သည်။ ဂျီဟတ် အကြမ်းဖက် အဖွဲ့ IS ကို နိုင်ငံရေး နည်းအရရော၊ စစ်ရေး နည်းအရပါ တိုက်ခိုက် ချေမှုန်းသွားရန် အာရပ် အဖွဲ့ချုပ် ကိုယ်စားလှယ်များက တစ်ညီတည်း သဘောတူ ခဲ့ကြသည်။ IS သည် အာရပ် နိုင်ငံများ၏ ရပ်တည်မှုကိုပါ ခြိမ်းခြောက် နေကြောင်း အဖွဲ့ချုပ်က ပြောသည်။ 

IS အပြင် အခြားသော ဂျီဟတ် အကြမ်းဖက် အဖွဲ့အစည်း များကိုပါ ချေမှုန်း သွားမည် ဖြစ်သည်။ အကြမ်းဖက် လုပ်ငန်း တန်ပြန်ရေး အတွက် နိုင်ငံရေး၊ လုံခြုံရေး နှင့် အတွေးအခေါ် ဆိုင်ရာ စစ်မျက်နှာများ ကိုပါ ဖွင့်သွားမည် ဖြစ်ကြောင်း အာရပ် အဖွဲ့ချုပ်က ကြေညာသည်။ 

နိုင်ငံတကာ အသိုင်းအ၀ိုင်းက IS ကို ချေမှုန်းမည့် အစီအစဉ်ကို ကြိုဆိုကြောင်း အီရတ် အစိုးရ ကလည်း ထုတ်ပြန် ပြောကြား ထားသည်။ IS အကြမ်းဖက် အဖွဲ့သည် ဆီးရီးယား နှင့် အီရတ် နယ်မြေ အများအပြားကို သိမ်းပိုက်ကာ အစ္စလာမ် နိုင်ငံတော် ထူထောင်ကြောင်း ကြေညာ ထားသည်။ အမေရိကန်က IS အဖွဲ့များကို လေကြောင်း တိုက်ခိုက် နေခြင်းကို လက်စားချေသော အားဖြင့် ပြီးခဲ့သည့် လပိုင်းက အမေရိကန် သတင်းထောက် နှစ်ဦးကို ခေါင်းဖြတ် သတ်ဖြတ်ကာ သတ်ဖြတ်ပုံ များကိုပါ ဗီဒီယို ရိုက်ပြီး အွန်လိုင်းသို့ တင်ခဲ့သဖြင့် ကဗ္ဘာတစ်ဝန်းက စက်ဆုပ် ရွံ့ရှာခဲ့ရသည်။ 

Source: AFP 
Messenger

အမေရိကန်ဂျာနယ်လစ်နှစ်ဦးကို သတ်ဖြတ်ခဲ့သည့် IS အဖွဲ့ဝင် ဗြိတိန်နိုင်ငံသား၏ နောက်ကြောင်းကို အမ်အိုင်-၅ ထောက်လှမ်းရေးအဖွဲ့က ခြေရာခံမိ

အမေရိကန်ဂျာနယ်လစ်နှစ်ဦးဖြစ်သည့် ဂျိမ်းစ်ဖိုလေနှင့် စတီဗင်ဆော့လော့ဖ်ကို ခေါင်းဖြတ်သတ်ဖြတ် ခဲ့ သည့် အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့ဝင်မှာ ဗြိတိန်နိုင်ငံ သား ဂျီဟာဒီဂျွန်ဆိုသူဖြစ်ကြောင်း အမ် အိုင်-၅ ထောက်လှမ်းရေးအဖွဲ့က ရာနှုန်းပြည့်နီးပါး ယုံကြည်ထားကြောင်း ထုတ်ပြန်ထားသည်။



ဂျီဟာဒီဂျွန်သည် IS အဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးခြင်း၊ သွားရောက်ပူးပေါင်းခြင်းတို့ မလုပ်ဆောင်မီ က အာရပ်လူမှုရေးအဖွဲ့အစည်း များအတွက် ငွေကြေးစုဆောင်းပေး ခဲ့သည်။

ဂျီဟာဒီဂျွန် အရှေ့အလယ်ပိုင်းဒေသသို့ ထွက်ခွာမသွားမီနှင့် အမေရိကန်ဂျာနယ်လစ်နှစ်ဦး အား ခေါင်းဖြတ်မသတ်မီက အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် များက ၎င်းအား စောင့်ကြည့်ခဲ့ကြ သည်။

ဂျီဟာဒီသည် လန်ဒန်အခြေစိုက် အာရပ်အကူအညီပေးရေးအဖွဲ့အစည်းများအတွက် ငွေကြေးစု ဆောင်းသူအဖြစ် ဆောင်ရွက်ခဲ့ကြောင်း အမ်အိုင်-၅ ထောက် လှမ်းရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သို့သော် ဂျာနယ်နှစ်ဦးအား ခေါင်းဖြတ်သတ်သည့် ဗီဒီယိုအတွင်း ပါလာသည့်စကားသံသည် ခေါင်း ဖြတ်သူ၏ အသံဟုတ်၊မဟုတ်ကို သံသယဖြစ်မှုအချို့လည်း ရှိနေသေးသည်။ ထို့ပြင် ဆော့တ်လော့က အသတ်မခံရမီ အမေရိကန်အစိုးရသို့ ပြောကြားခဲ့သည့် စကားကဲ့သို့ ဗီဒီယိုတွင်းမှ အစိတ်အပိုင်းအချို့ သည် ဖန်တီးထားမှုများလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

မည်သို့ပင်ဖြစ်စေ ဂျီဟာဒီဂျွန်သည် အီရတ်နှင့်ဆီးရီးယားစစ်မြေပြင်သို့ ရောက်ရှိနေသည့် ဗြိတိန် အစိုးရက အလိုရှိနေသူ ရာပေါင်းများစွာအနက်မှ တစ်ဦးဖြစ် သည်။
ဂျီဟာဒီဂျွန်နှင့်ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်ရန် ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေသော အမေရိကန် အက်ဖ်ဘီအိုင်အရာရှိများထံ ၎င်း၏အချက်အလက်များအား အမ် အိုင်-၅ က လွှဲပြောင်းပေးထား ကြောင်း သိရသည်။


ဂျိမ်းစ်ဖိုလေ






Ref:The Mirror

IS အဖွဲ့ အရာရှိတစ်ဦးက သြစတြေးလျနိုင်ငံသား ဖြစ်နေ

အေဘီစီ ​သတင်းဌာနရဲ့ ​7.30 ​ရုပ်မြင်သံကြား ​အစီအစဉ်ရဲ့ ​စုံစမ်းမှုအရ ​IS ​လို့ခေါ်တဲ့ ​အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်သူအဖွဲ့ရဲ့ ​ထိပ်သီး ​ခေါင်းဆောင်တစ်ဦးဟာ ​သြစတြေးလျနိုင်ငံသား ​ဖြစ်နေကြောင်း ​သိရပါတယ်။

ဆစ်ဒနီမြို့က ​အသက် ​၃၃ ​နှစ်အရွယ် ​သြစတြေးလျနိုင်ငံသား ​Mohammad ​Ali ​Baryalei ​ဟာ ​ဂျီဟတ်ဒစ် ​တစ်ဦးဖြစ်ပြီး ​IS ​အဖွဲ့က ​ထိပ်တန်းရာထူးတစ်ခုကို ​ရယူထားတာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အဲဒီပုဂ္ဂိုလ်ရဲ့ ​အဆက်အသွယ်နဲ့ ​တခြား ​သြစတြေးလျ ​မွတ်စလင်တွေကလည်း ​IS ​အ ​ဖွဲ့ ​ဝင်တွေ ​ဖြစ်လာ ​နေကြတာ ​ဖြစ်ပါတယ်။

အခု ​လောလောဆယ် ​သြစတြေးလျ ​နိုင်ငံသား ​အယောက် ​၆၀ ​လောက် ​စစ်သွေးကြွ ​လှုပ်ရှားမှုမှာ ​ပါဝင်နေပြီး ​အဲဒီအထဲက ​အနည်းဆုံး ​တဝက်လောက်ဟာ ​Mohammad ​Ali ​Baryalei ​ရဲ့ ​အဆက်အသွယ်နဲ့ ​စစ်သွေးကြွအဖြစ် ​လုပ်ဆောင်နေကြသူတွေ ​ဖြစ်နေတာပါ။

Mohammad ​Ali ​Baryalei ​ဟာ ​Kings ​Cross ​နိုက်ကလပ်ရဲ့ ​တံခါးစောင့်လုံခြုံရေးဖြစ်ခဲ့ပြီး ​အာဖဂန်နစ္စတန်နိုင်ငံကနေ ​သြစတြေးလျနိုင်ငံကို ​ဒုက္ခသည်အဖြစ် ​ရောက်ရှိလာသူ ​ဖြစ်ပါတယ်။

သူ့ရဲ့ ​စည်းရုံးမှုကြောင့် ​အသက် ​၁၇ ​နှစ်အရွယ်သာ ​ရှိသေးတဲ့ ​Khaled ​Sharrouf ​နဲ့ ​Mohamed ​Elomar ​ဆိုတဲ့ ​သြစတြေးလျနိုင်ငံသားတွေလည်း ​စစ်သွေးကြွ ​လှုပ်ရှားမှုမှာ ​ပါဝင်ပြီး ​အီရတ်နဲ့ ​ဆီးရီးယားမှာ ​အသတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ​အသက် ​၂၂ ​နှစ်အရွယ် ​Amira ​Karrorum ​ဆိုသူ ​အမျိုးသမီးနဲ့ ​သူ့ရဲ့ ​ခင်ပွန်းသည်ကိုလည်း ​စည်းရုံးနိုင်ခဲ့ပြီး ​အဲဒီဇနီးမောင်နှံဟာလည်း ​ဆီးရီးယားနိုင်ငံ ​Aleppo ​မြို့မှာ ​ဇန်နဝါရီလက ​သေဆုံးခဲ့ရပါတယ်။


အီရတ် ​စစ်သွေးကြွတွေကို ​သြစီက ​ဝေဟင်က ​တိုက်ခိုက်မယ့်အပေါ် ​မွတ်စလင်ခေါင်းဆောင်တွေ ​ကန့်ကွက်

သြစတြေးလျနိုင်ငံအနေနဲ့ ​အီရတ်နိုင်ငံက ​အစွန်းရောက် ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေကို ​နှိမ်နင်းရာမှာ ​ပါဝင်မယ်လို့ ​သြစတြေးလျ ​အစိုးရက ​ကြေညာလိုက်တဲ့အပေါ် ​သြစတြေးလျနိုင်ငံက ​မွတ်စလင်ခေါင်းဆောင်တွေက ​အပြင်းအထန် ​ကန့်ကွက်နေကြပါတယ်။

ပြီးခဲ့တဲ့ ​ရက်ပိုင်းကပဲ ​သြစတြေးလျက ​အမေရိကန်နဲ့ ​ပူးပေါင်းပြီး ​IS ​လို့ခေါ်တဲ့ ​မွတ်စလင်နိုင်ငံတည်ထောင်သူတွေကို ​ဝေဟင်ကနေ ​တိုက်ခိုက်မယ်လို့ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီဘိရှော့ပ်က ​ကြေညာတဲ့အပေါ် ​သြစတြေးလျ ​နိုင်ငံက ​မွတ်စလင်တွေက ​ကန့်ကွက်နေကြတာ ​ဖြစ်ပါတယ်။

ဝေဟင်တိုက်ခိုက်မှုမှာ ​သြစတြေးလျပါဝင်မယ်ဆိုရင် ​သြစတြေးလျနိုင်ငံနဲ့ ​တခြားနိုင်ငံမှာ ​အကြမ်းဖက်မှု ​ခြိမ်းခြောက်ရေးကို ​ပိုမိုခံစားရရုံသာ ​ရှိမယ့်အကြောင်း၊ ​ဒီလုပ်ဆောင်ချက်က ​သာမန် ​မွတ်စလင်တွေကိုတောင် ​အစွန်းရောက်အောင် ​လုပ်ဆောင်စေနိုင်ပြီး ​မွတ်စလင်အများစုကို ​မီးလောင်ရာလေပင့် ​လုပ်ဆောင်ပေးသလို ​ဖြစ်သွားမယ်လို့ ​သြစတြေးလျနိုင်ငံက ​အီမမ် ​ကောင်စီအဖွဲ့က ​သတိပေးထားပါတယ်။

အီရတ်မှာ ​ဖြစ်နေတဲ့ ​ကိစ္စဟာ ​သြစတြေးလျကို ​စစ်ဆင်နေတဲ့ ​စစ်ပွဲမဟုတ်တဲ့အတွက် ​သြစတြေးလျအနေနဲ့ ​ဒီစစ်ပွဲမှာ ​ဝင်မပါသင့်ဘူးလို့ ​သြစတြေးလျနိုင်ငံရှိ ​မွတ်စလင်ခေါင်းဆောင်တွေက ​သတိပေးလိုက်ပါတယ်။

ABC Radio Australia


သြစတြေးလျရဲ တွေရဲ့ အဆိုအရ Ali Barylei ဟာ ဧပြီ ၂၀၁၃ ခုနှစ်တုန်းက ဆီးရီးယားကို သွားပြီး စစ်သွေးကြွနဲ့ ပူးပေါင်းခဲ့တာလို့ဆို (Credit: ABC) 

ISတို့၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက ပူးပေါင်းတုံ့ပြန်ရန် အိုဘားမား တိုက်တွန်း.........

ခြိမ်းခြောက်မှု ကြီးမားလာသည့် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို နိုင်ငံတကာက ပူးပေါင်းတိုက်ခိုက်သင့်ကြောင်း အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက တိုက်တွန်းခဲ့သည်။

စက်တင်ဘာ (၅)ရက်က ဝေလတွင် ပြုလုပ်သည့် NATO မဟာမိတ်တပ်ဖွဲ့ ညီလာခံ နောက်ဆုံးနေ့တွင် အိုဘားမားက မိန့်ခွန်း ပြောကြားခဲ့ရာ အမေရိကန် အနေဖြင့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို ချေမှုန်းတိုက်ခိုက်ရေးအတွက် အရှေ့အလယ်ပိုင်း မဟာမိတ်များနှင့် ပူးပေါင်းပါဝင်သွားမည်ဟုလည်း ကတိပြုသွားသည်။


“ဒီကိစ္စက တစ်ညတည်းနဲ့ ထပြီး အကောင်အထည် ပေါ်လာမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်း ချဉ်းကပ်ဦးတည်ဖို့ လိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဆီ ရောက်နိုင်မှာပါ”ဟု အိုဘားမားက ဆိုသည်။

ISတို့ကို တိုက်ခိုက်နေသည့် အီရန်နိုင်ငံနှင့် စစ်ရေးအရ ပူးပေါင်းဆင်နွှဲရန် အမေရိကန်တွင် အစီအစဉ် မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်းတွင် ကြေညာထားသော်လည်း အိုဘားမားက မိမိတို့ အနေဖြင့် IS၏ အရေးကို အထူး အလေးအနက် ထားရမည်ဟု ဝန်ခံသွားခဲ့သည်။ “ISရဲ့ စုဖွဲ့မှုကို ယုတ်လျော့သွားအောင် လုပ်ရမယ်။ အဆုံးစွန် ရည်မှန်းချက်အရ သူတို့ကို အပြီးသတ် ဖယ်ရှား ဖျက်ဆီးဖို့ထိ ကြိုးစားရမယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်သည် ISအဖွဲ့ကို အီရတ်မြောက်ပိုင်း ဒေသများတွင် လေကြောင်းမှ အကန့်အသတ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေသော်လည်း မြေပြင်တပ်များဖြင့် ထိုးစစ်ဆင်ရန် တောင်းဆိုမှုများကို အစဉ်တစိုက် ငြင်းဆန်ခဲ့သည်။ အမေရိကန်၏ ဗုံးကြဲမှုကို တုံ့ပြန်သည့် အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ISတို့က ဖမ်းဆီးထားသည့် အမေရိကန် သတင်းထောက် နှစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။

လတ်တလောတွင် ပြည်သူ့စစ်များ၊ ကာဒစ်ရှ် တိုက်ခိုက်ရေး သမားများ ပါဝင်စုစည်းထားသည့် အီရတ် တပ်များသည် ISတို့ သိမ်းယူထားသည့် အေမာလီနှင့် ဆူလိုင်မန်ဘက်ခ် မြို့များကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေး အသာစီး ရလဒ်များ ဖော်ဆောင်နိုင်နေကြောင်း သိရှိရသည်။

7daynews

ဆိုမာလီ al-Shabab ခေါင်းဆောင် သေဆုံးကြောင်း ကန် အတည်ပြု


ဆိုမားလီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် လေကြောင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သွေးကြွ အဖွဲ့ al-Shabab ခေါင်းဆောင် Ahmed Abdi Godane သေဆုံး သွားကြောင်း အမေရိကန် အရာရှိတွေက အတည်ပြု ပြောဆို ပါတယ်။ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန် စစ်ဆင်ရေးကြောင့် Godane သေဆုံးသွားခြင်း ဖြစ်ကြောင်း ပင်တဂွန် ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် John Kirby က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ဆိုမားလီးယားတောင်ပိုင်းမှာ al-Shabab အဖွဲ့ စည်းဝေးပွဲလုပ်နေတဲ့အချိန် အမေရိကန် မောင်းသူမဲ့ယာဉ်က ဒုံးကျည်နဲ့ ပစ်ခတ်လိုက်တာ ဖြစ်တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ Al-Shabab အဖွဲ့ အားနည်းသွားအောင် အမေရိကန် အနေနဲ့ အမြဲတမ်း ကြိုးပမ်း ဆောင်ရွက်နေခဲ့ကြောင်း သမ္မတ Barack Obama ကလည်း သောကြာနေ့မှာ ပြောပါတယ်။

အမေရိကန်က အခုလို ခေါင်းဆောင်ကို သတ်ဖြတ်လိုက်နိုင်တာဟာ al-Shabab အဖွဲ့အတွက် အထိနာစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တခြား ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး Steve Warren ကလည်း ဗွီအိုအေကို ပြောပါတယ်။

ဆိုမားလီးယားအစိုးရက Godane ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို လက်ထောက်ချပေးခဲ့တာဖြစ်ပြီး ၀င်ရောက် တိုက်ခိုက်ခွင့်လည်း ပြုခဲ့ကြောင်း ဆိုမားလီး ၀န်ကြီးချုပ် Abdiweli Sheikh Ahmed က ဗွီအိုအေကို ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန်ဂျာနယ်လစ်တစ်ဦးကို ISIS အဖွဲ့ထပ်မံသတ်ဖြတ်လူမဆန်သော လုပ်ရပ်များအတွက်အဖြေရှာမည်ဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတုံ့ပြန်

အီရတ်နိုင်ငံရှိ ဒေသအချို့ကို သိမ်းပိုက်ထားပြီး အစ္စလာမ္မစ် နိုင်ငံတည်ထောင်
ထားသည့် ISIS အဖွဲ့သည် အမေရိကန်ဂျာနယ်လစ် တစ်ဦးကို အဆုံးစီရင်မှု ထပ်မံပြု လုပ်လိုက်သည်ဟု အမေရိကန် နေ့စဉ်သတင်းဌာနက ယနေ့ဖော်ပြ သည်။ ISIS အဖွဲ့သည် သြဂုတ် လအတွင်းက အမေရိကန်ဂျာနယ် လစ်တစ်ဦးဖြစ်သောဂျိမ်းစ်ဖိုလေး ကို ခေါင်းဖြတ်သတ်၍အဆုံးစီရင် ကာ အမေရိကန်နိုင်ငံအား ¤င်းတို့ အဖွဲ့ကို ပစ်မှတ်ထားခြင်းမလုပ်ရန် သတိပေးခဲ့သော်လည်း လိုက်နာ ခြင်းမရှိ၍ ဒုတိယအကြိမ် သတိ ပေးသည့်အနေဖြင့် အမေရိကန် ဂျာနယ်လစ်တစ်ဦးဖြစ်သော စတီ ဗင်ဆော့လော့ဖ်ကို အဆုံးစီရင် လိုက်ခြင်းဖြစ်သည်ဟု သတင်း ထုတ်ပြန်သည်။

အဆုံးစီရင်ခြင်းခံလိုက်ရသော စတီဗင်ဆော့လော့ဖ်သည် အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၂ဝ၁၃ ခုနှစ်ကဆီးရီးယားနိုင်ငံတွင် အစွန်း ရောက်စစ်သွေးကြွအဖွဲ့များက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ စတီဗင်ဆော့လော့ဖ် ကို အဆုံးစီရင်ခဲ့ပုံအားရိုက်ကူးထား သည့် ဗီဒီယိုဖိုင်ကို ISIS အဖွဲ့က အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိခဲ့ခြင်းဖြစ် ပြီး အချိန်နှစ်မိနစ်နှင့် စက္ကန့် ၃ဝ ကြာမြင့်သည့် ဗီဒီယိုဖိုင်ဖြစ်သည် ဟုဆိုသည်။ ယခုတစ်ကြိမ်တွင် လည်း အဆုံးစီရင်မှုပြုလုပ်ခဲ့သူမှာ စကားပြောဟန်များအရ ဂျိမ်းစ်ဖို လေးကို အဆုံးစီရင်သူဖြစ်ဖွယ်ရှိ သည်ဟုဆိုသည်။ 

ဗီဒိုယိုဖိုင်အတွင်း၌ စတီဗင် ဆော့လော့ဖ်ကို အဆုံးစီရင်မှု မပြု လုပ်မီ အဆိုပါ ISIS အဖွဲ့ဝင်က ''အိုဘားမားကို ဒုတိယအကြိမ် သတိပေးချင်လို့ အခုလိုထပ်လုပ်ရ တာဖြစ်ပါတယ်။ အိုဘားမားကို လေးလေးနက်နက်သတိပေးလိုတဲ့ အချက်က အထက်စီးဆန်တဲ့ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒကို ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ကိစ္စတွေ မှာ မကျင့်သုံးမိဖို့ပါဘဲ။ ဒါဟာပြင်း ထန်တဲ့သတိပေးချက်ဖြစ်ပါတယ်'' ဟုပြောသည်။ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနကအဆိုပါကိစ္စ နှင့်ပတ်သက်၍ သတင်းထုတ်ပြန် ရာတွင် ISIS အဖွဲ့၏ လူမဆန်သော လုပ်ရပ်များအတွက် တုံ့ပြန်ရန် အမြန်ဆုံးအဖြေရှာသွားမည်ဟု ဖော်ပြခဲ့သည်။ 
NG(Ref;USA Today)
The Union Daily

မြန်မာကို တိုက်ခိုက်မည်ဟု အယ်လ်ခိုင်ဒါ ခြိမ်းခြောက်

ရန်ကုန်၊ စက်တင်ဘာ ၄။ အိုစမာဘင်လာဒင် စတင်တည်ထောင်ခဲ့သည့် အစ္စလာမ်မစ်အစွန်းရောက် အယ်လ်ခိုင်ဒါအဖွဲ့က မြန်မာနိုင် ငံကိုတိုက်ခိုက်မည်ဟု အယ်ခိုင်ဒါမီဒီယာကထုတ်ပြန်ထားသည့် ဗီဒီယိုတစ်ခုတွင် စက်တင်ဘာ ၃ ရက်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။



၅၅ မိနစ်ကြာဗီဒီယိုဖိုင်ကို အကြမ်းဖက်မူဝါဒ စောင့်ကြည့်လေ့လာရေး အဖွဲ့ (SITE) က အွန်လိုင်းဂျီဟတ်ဝါဒီ ဆွေးနွေးမှုများထဲ၌ တွေ့ရှိ ခဲ့ခြင်းဖြစ် ပြီး ခေါင်းဆောင် အေမန်အယ်လ်ဇ၀ါဟရီက မြန်မာနိုင်ငံ အပါအ၀င် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ များတွင် တိုက်ခိုက်မှုများ ပြုလုပ်သွားမည် ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။

အယ်လ်ခိုင်ဒါသည် လက်ရှိတွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံများတွင် အားကောင်းနေဆဲဖြစ်ပြီး ဗီဒီယိုဖိုင်အတွင်း အဓိကပြောဆိုချက်မှာ အိန္ဒိယနိုင်ငံတွင် အယ်လ်ခိုင်ဒါ ဂိုဏ်းခွဲတစ်ခု ဖွင့်လှစ်လိုက်သည့် အချက်ဖြစ်သည်။

“ဂိုဏ်းခွဲကို ဒီနေ့တည်ထောင်လိုက် တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိန္ဒိယ တိုက်ငယ်ထဲက မူဂျာဟစ်ဒင် တွေတစ်စုတည်း ဖြစ်လာအောင် စုစည်းဖို့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကတည်းက အားထုတ်မှုရဲ့ အသီးအပွင့် တစ်ခုဖြစ်ပါတယ်”ဟု အယ်လ်ဇ၀ါဟရီက ဗီဒီယိုဖိုင်တွင် ပြောဆိုထားသည်။

မြန်မာအစိုးရဘက်မှ တုံ့ပြန်မှု

အဆိုပါ ဗီဒီယိုဖိုင်သတင်းများ ပြန့်နှံ့သည့် စက်တင်ဘာ ၄ ရက်က နာရီပိုင်းအတွင်း သမ္မတရုံးညွှန်ကြား ရေးမှူးဦးဇော်ဌေး (မှူးဇော်)က “အယ်လ်ခိုင်ဒါဂျီဟတ် စိုးရိမ်စရာမရှိသေး” ဟု ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ တွင်ရေးသားသည်။

ထို့ပြင် မြန်မာအစိုးရအနေနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ၏ပစ်မှတ်ဖြစ်လာနိုင်သည်ကို လွန်ခဲ့သည့် နှစ် အနည်းငယ်က ကြိုတင်သိရှိသည်ဟု ၎င်းကဆိုသည်။“ပြင်ဆင်မှုတွေကို တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့အ စည်းတွေအားလုံး အလေးထားလုပ်ဆောင်ခဲ့ပါတယ်။ အယ်လ်ခိုင်ဒါ ကွန်ရက်ပျံ့နှံ့စီးဆင်း လည်ပတ်မှုတွေ ကိုလေ့လာပြီး ၀င်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင်သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်”ဟု ဦး ဇော်ဌေးက ဆိုသည်။
ထို့ပြင် အယ်လ်ခိုင်ဒါသတင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က “ရခိုင်ပြည်နယ်မှာ လုံခြုံရေး အပြည့်အ၀ ယူထားပါတယ်။ ပြည်သူလူထု စိုးရိမ် မှုကင်းအောင် ရုပ်မြင်သံကြားကတစ်ဆင့် သတင်းထုတ်ပြန်ပေးမယ့် အစီအစဉ်လည်း ရှိပါတယ်။ လုံခြုံရေး တာဝန်ရှိသူတွေက အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်”ဟု မဇ္ဈိမကို ပြောသည်။ 

အယ်လ်ခိုင်ဒါနှင့် ပတ်သက်သည့် အခြားအမြင်များ

အစ္စလာမ်သာသနာရေးကောင်စီအဖွဲ့ဝင် ဦးလှဝင်းက “ဒါမျိုးကို လက်ခံလို့မရဘူးလေ။ သတင်းရရင်တော့ ကျွန်တော်တို့ အစ္စလာမ်ကောင်စီ အနေနဲ့ ဆွေးနွေးပွဲ လုပ်ပြီး ကန့်ကွက်ဆန့်ကျင်တဲ့အကြောင်း ထုတ်ပြန် ရမှာပေါ့”ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က “နယ်စပ်လုံခြုံရေးနဲ့ ပင်လယ်ပြင်လုံခြုံရေးကို အ လေးအနက်ထား ကာကွယ်ပေးဖို့လိုပါတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်သွယ်နေတဲ့ ကုန်စည် စခန်း တွေကိုတောင် ပိတ်သင့်ရင် ပိတ်တာမျိုး ဖြစ်သင့်တယ်။ ရခိုင်နယ်စပ်မှာ တိုက်ခိုက်မှုတွေဖြစ်တဲ့ RSO အဖွဲ့နဲ့ ဆက်စပ်မှု မရှိဘူးလို့ မပြောနိုင်ဘူးလေ”ဟု ဆိုသည်။

မောင်တော နယ်စပ်ခြံစည်းရိုးမိုင်တိုင် ၅၀၊ ၅၂ အနီးတွင် မေလအတွင်းက အမည်မသိလက်နက်ကိုင်အ ဖွဲ့တစ်ခုနှင့် မြန်မာစစ်တပ်တို့အကြား ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းမှ တပ်သားခုနစ် ဦးကျဆုံးခဲ့သည်။ ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြန်မာအစိုးရဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သောင်းကျန်းသူတပ်ဖွဲ့ (RSO)ဟု စွပ်စွဲထားသည်။

ရခိုင်ပြည်နယ်တွင် ပင်လယ်ရေကြောင်းလုံခြုံရေးတပ်ဖွဲ့များကို မြို့နယ်အချို့တွင် ဖွဲ့စည်းထားပြီး ကင်းလှည့် ရေယာဉ်များဖြင့် ကြပ်မတ်လျက် ရှိသည် ဟု ပြည်နယ်အစိုးရက ပြောကြားထားသည်။ရခိုင်ပြည်နယ် နယ် စပ်လုံခြုံရေး မကျိုးပေါက်စေရန် ကြည်း၊ ရေ၊ လေတပ်ဌာနချုပ် အပါအ၀င် နယ်နိမိတ်မျဉ်း တစ်လျှောက် ကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဗိုလ် ချုပ်ကျော်ကျော်ထွန်း က အမျိုးသားလွှတ်တော်တွင် ဇူလိုင်လအတွင်းက ပြောကြားထားသည်။

အယ်ခိုင်ဒါအကြောင်း အကျဉ်း

အယ်လ်ခိုင်ဒါအဖွဲ့သည် ဆွန်နီစစ်သွေးကြွများဖြစ်ပြီး ၎င်းတို့အဓိက အသုံးပြုသည့် တိုက်ခိုက်နည်းများမှာ အသေခံ ဗုံးခွဲခြင်းပြုလုပ်လေ့ ရှိသည်။ အယ်လ်ခိုင်ဒါ အဖွဲ့၏ နာမည်ကြီး တိုက်ခိုက်မှုများမှာ ၂၀၀၁ ခုနှစ် စက်တင် ဘာ ၁၁ ရက်က အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန (WTC) ကို လေယာဉ်ပြန်ပေး ဆွဲကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ အမေရိကန် သံရုံးဗုံးခွဲခြင်းနှင့် ၂၀၀၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံဘာလီ မြို့ ဗုံးဖောက်ခွဲမှုတို့ဖြစ်သည်။

နိုင်ငံတကာ သတင်းဌာနများဖြစ်သည့် CNN နှင့် နယူးယောက်တိုင်း(မ်) သတင်းဌာနများ၏ ရေးသားချက် များအရ အယ်လ်ခိုင်းဒါ၏ ယခုဗီဒီယိုဖိုင်အ တွင်း ပြောဆိုချက်သည့် ၏ အင်အားတိုးပွားလာမှုကို တိုက် ဖျက်နိုင်ရေးအတွက် အင်အားသစ်များ၊ နောက်လိုက်အသစ်များ စုဆောင်းရန် ၀ါဒဖြန့်ခြင်းဟု ဆိုသည်။
Mizzima

IS ပါးကွက်သားများ လက်မှ သေကံမရောက် သက်မပျောက်ခဲ့သူ

ဆွန်နီ အစွန်းရောက် စစ်သွေးကြွများ ဖြစ်သည့် IS (Islamic State) စစ်သွေးကြွများသည် တိုက်ပွဲများ အတွင်း ဖမ်းဆီး ရမိခဲ့သည့် သုံ့ပန်းများကို ရှင်းလင်း ပစ်ရာ၌ နာမည်ကြီးလှပြီး အားလုံးသော သုံ့ပန်းများမှာ IS တို့၏ သုတ်သင်ခြင်းကို ခံခဲ့ရသည်။



သုတ်သင် ခံရသူများ အနက်မှ လွတ်မြောက်လာသူ ဟူစိန် (ကွင်းအနီဖြင့် ၀ိုင်းထားသည်)။

သို့သော် အဆိုပါ သုတ်သင်မှုများ အတွင်းမှ အီရတ် ရှီအိုက် စစ်သား တစ်ဦးမှာ ကံကောင်းထောက်မ စွာဖြင့် လွတ်မြောက်လာ ခဲ့သည်။ အလီဟူစိန်ကာဒ်ဟင်မ် အမည်ရှိ ယင်းစစ်သားသည် IS တပ်ဖွဲ့များ တီကရစ်မြို့ကို သိမ်းပိုက်စဉ်က ဖမ်းဆီးခြင်း ခံခဲ့ရသူ ဖြစ်ပြီး ယခုတစ်ပတ် အတွင်း ပြုလုပ်ခဲ့သည့် IS တို့၏ သုတ်သင်မှု အတွင်းမှ လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

ယခု ကွက်မျက် မှုတွင် IS ပါးကွက်သားများသည် အလီဟူစိန် ကာဒ်ဟင်မ် အပါအ၀င် သုံ့ပန်း တစ်ရာခန့်ကို လက်နောက်ပြန် ကြိုးတုပ်ကာ မြေပေါ်တွင် ဒူးထောက် ထိုင်စေပြီး ခေါင်းကို အနောက်မှ ပစ်ခတ်ကာ သုတ်သင်ခဲ့ခြင်း ဖြစ်သည်။ ပါးကွက်သားသည် ဟူစိန်၏ ဘေးမှ သုံးဦးကို ခေါင်းများသို့ ထိမှန်အောင် ပစ်နိုင်ခဲ့သော်လည်း ဟူစိန်ကို ပစ်ရာတွင် လွဲချော် သွားခဲ့သည်။ သို့သော် ဟူစိန်က သေဆုံးဟန် ဆောင်ကာ ရှေ့သို့ လှဲချခဲ့ပြီး သူ့ရဲဘော်များ၏ အလောင်းကောင်များ အကြားတွင် ပါးကွက်သားများ ပြန်ထွက် သွားသည် အထိ မလှုပ်မယှက် လှဲနေခဲ့ရသည်။ ယင်းသုတ်သင်မှု တွင် ဟူစိန်တစ်ဦးတည်းမှ လွဲ၍ မည်သူမျှ လွတ်မြောက်ခဲ့ခြင်း မရှိပေ။

ယင်းနောက်တွင်မူ သူ၏ အိမ်အပြန် ခရီးကို စတင်ခဲ့ပြီး သုံးရက် အကြာတွင်မှ အီရတ်ပြည် တောင်ပိုင်းရှိ နေအိမ်သို့ အရောက်ပြန်လာ နိုင်ခဲ့သည်။ လက်ရှိအချိန် တွင် သမီးဖြစ်သူနှင့် ပြန်လည် ဆုံတွေ့နေပြီ ဖြစ်သည့် ဟူစိန်က IS တို့ ထုတ်ပြန်ထားသည့် ဓာတ်ပုံများ အတွင်းမှ သူ၏ ပုံကို ပြန် လည် ရွေးချယ်ပေး ခဲ့သည်။ ဟူစိန်က "အသတ်ခံရဖို့ စောင့်နေချိန်မှာ ကျွန်တော့် သမီးလေးရဲ့ 'ဖေဖေ' ဆိုတဲ့ ခေါ်သံလေးကိုပဲ ကြားနေမိတယ်။ ကျွန်တော့် ခေါင်းကို ကျည်ဆံ လွဲသွားချိန်မှာ ကျွန်တော် အမြန်ပဲ သေချင်ယောင် ဆောင်ခဲ့ရပါတယ်"ဟု ဆိုခဲ့သည်။
Mizzima

သတင်းထောက် ၂ ဦး ခေါင်းဖြတ်သတ်ရုပ်သံ တချိန်တည်းတွင် ရိုက်ကူး ခဲ့ခြင်းမဟုတ်ဟု အမေရိကန်အစိုးရ ပြော


အမေရိကန်သတင်းထောက် စတီဗင်စော့လော့ဖ်နဲ့ ဂျိမ်းစ်ဖိုလေးတို့ကို ခေါင်းဖြတ်နေပုံ ပြထားတဲ့ ရုပ်သံတွေအပေါ် ထောက်လှမ်းရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်အရ တချိန်တည်းမှာ ရိုက်ကူးခဲ့တာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရ ပြောခွင့်ရ ဂျန်စာကီက စက်တင်ဘာ ၃ ရက်နေ့က ပြောဆိုလိုက်ပြီး ဖိုလေးကို ရိုက်ကူးအပြီးမှာ စော့လော့ဖ်ကို ရိုက်ကူးခဲ့တာလို့ သူကပြောပါတယ်။

အီရတ်ကို အမေရိကန်နိုင်ငံက လေကြောင်းပစ်ကူပေးမှုအပေါ် လက်စားချေတဲ့ အနေနဲ့ အစ္စလာမ္မစ်ပြည်ထောင်စုအဖွဲ့ စစ်သွေးကြွတွေက ဒုတိယမြောက် အမေရိကန် သတင်းထောက်ကို ခေါင်းဖြတ်သတ်ပုံကို စက်တင်ဘာ ၂ ရက်နေ့ က ဖြန့်ချိလိုက်တာပါ။

ဗြိတိန်နဲ့ အမေရိကန် အရာရှိတွေက သြဂုတ် ၁၉ ရက်နေ့က ဖိုလေးကို သတ်ခဲ့ပုံရတဲ့ ဗြိတိသျှလေယူလေသိမ်းနဲ့ သတ်ဖြတ်သူက စော့လော့ဖ်ကိုပါ ထပ်သတ်ပုံရတဲ့ ရုပ်သံကို ကြည့်ရှု စစ်ဆေးအပြီး အစစ်အမှန်ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

အမေရိကန်ကတော့ အီရတ်က တပ်တွေကို ၂၀၁၁ ခုနှစ်က ပြန်ဆုတ်ခဲ့အပြီး ပထမဆုံး အနေနဲ့ အီရတ်နိုင်ငံကို သြဂုတ်လက စပြီး လေကြောင်းပစ်ကူတွေ ပြန်ပေးခဲ့ပါတယ်။

ဒီပစ်ကူတွေက ထိရောက်မှုရှိကြောင်း သက်သေပြခဲ့ပြီးပြီလို့ အမေရိကန်သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

DVB

အီရတ်မှာ လူအစုလိုက် သတ်ဖြတ်ခဲ့တဲ့ နေရာတွေ့ရှိ


အီရတ်နိုင်ငံမှာ ​လူအစုလိုက် ​အပြုံလိုက် ​သတ်ဖြတ်ခံထားရတဲ့ ​နေရာတချို့ကို ​တွေ့ရှိထားတယ်လို့ ​လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ​ပြောပါတယ်။

အီရတ်နိုင်ငံ ​Tikrit ​မြို့မှာ ​ISIS ​စစ်သွေးကြွအဖွဲ့တွေကနေ ​လူအယောက်ပေါင်း ​၅၀၀ ​ကျော် ​သတ်ဖြတ်ခဲ့ဖွယ် ​ရှိနိုင်တယ်လို့ ​လူ့အခွင့်အရေးအဖွဲ့က ​ပြောပါတယ်။

ဇွန်လတုန်းက ​အီရတ်စစ်စခန်းတွေကို ​ISIS ​အကြမ်းဖက်သမားတွေ ​ဝင်ရောက်သိမ်းပိုက်တုန်း ​လူအစုလိုက် ​အပြုံလိုက်ကို ​သတ်ဖြတ်ခဲ့တာ ​ဖြစ်နိုင်တယ်လို့ ​ယူဆနေကြပါတယ်။

လူအစုလိုက် ​အပြုံလိုက် ​သတ်ဖြတ်ခံရတဲ့ ​နေရာတွေကို ​တွေ့ရှိပြီးတဲ့နောက် ​အီရတ်နိုင်ငံပါလီမန်မှာ ​အရေးပေါ် ​ဆွေးနွေးမှုတွေလုပ်ဖို့ ​စီစဉ်နေပြီ ​ဖြစ်ပါတယ်။

ABC Radio Australia

အိန္ဒိယ အထိ အင်အား တိုးချဲ့သွားမယ်လို့ Al-Qaeda ပြော


Al-Qaeda ဒုတိယ ခေါင်းဆောင် Saeed al-Shehri (Credit: AFP) 
ကမ္ဘာလုံးဆိုင်ရာ ​အစ္စလာမ်မစ်အစွန်းရောက် ​လုပ်ငန်းတွေကို ​လုပ်ဆောင်ဖို့အတွက် ​Al-Qaeda ​အဖွဲ့အနေနဲ့ ​အိန္ဒိယနိုင်ငံနဲ့ ​မြန်မာလို ​အနီးတဝိုက်ဒေသတွင်းအထိ ​စစ်သွေးကြွတွေကို ​ထားရှိမယ်လို့ ​ပြောပါတယ်။

ဗီဒီယိုတစ်ခုမှာ ​ပြသချက်အရ ​Al-Qaeda ​ခေါင်းဆောင် ​Ayman ​al-Zawahiri ​က ​အိန္ဒိယဒေသ ​တလျှောက်မှာ ​ရှိတဲ့ ​မွတ်စလင်တွေဟာ ​နိုင်ငံတစ်ခုစီရဲ့ ​နယ်မြေ ​ကန့်သတ်ချက်ကြောင့် ​တကွဲတပြားစီ ​ဖြစ်နေရပေမယ့် ​အခုအချိန်ကစပြီး ​အိန္ဒိယနိုင်ငံ၊ ​မြန်မာနိုင်ငံနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​မွတ်စလင်တွေအတွက် ​တိုက်ပွဲတွေ ​စ ​တင် ​ဖို့ ​ပြင် ​ဆင် ​မယ်လို့ ​ကြေညာ ​လိုက်ပါတယ်။

မြန်မာ၊ ​အိန္ဒိယနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ​နီးစပ်တဲ့ ​ပါကစ္စတန်နဲ့ ​အာဖဂန်နစ္စတန်နိုင်ငံမှာ ​တာလီဘန်နဲ့ ​Al-Qaeda ​အဖွဲ့တွေ ​ရှောင်တိမ်းဖို့နေရာအဖြစ် ​ခြေကုတ်ရယူနိုင်ခဲ့ပြီ ​ဖြစ်ပါတယ်။

လှုပ်ရှားမှုကို ​ချက်ခြင်းစတင်မှာမဟုတ်ပဲ ​အခုလောလောဆယ် ​mujahedeen ​တွေကို ​စုစည်းအောင်လုပ်ဆောင်ပြီး ​နှစ်နှစ်အကြာမှ ​စတင်မယ်လို့ ​ပြောပါတယ်။

Al-Qaeda ​အဖွဲ့ခေါင်းဆောင် ​အိုဆာမာ ​ဘင်လာဒင် ​သတ်ဖြတ်ခံရပြီးနောက်ပိုင်း ​အာဖရိကတိုက်နဲ့ ​အာရေဘိယ ​ကျွန်းဆွယ်က ​လက်အောက်ငယ်သားတွေ ​အာခံမှုလုပ်တာကို ​ခံရတဲ့အပြင် ​ISIS ​လို့ခေါ်တဲ့ ​အကြမ်းဖက်သမားတွေကြောင့် ​Al-Qaeda ​သြဇာမေးမှိန်လာခဲ့ရာက ​စင်ပေါ်တင်ခံရ ​အောင် ​အိန္ဒိယ၊ ​မြန်မာ၊ ​ဘင်္ဂလားဒေ့ရှ်အထိ ​လှုပ်ရှားမယ်လို့ ​ကြေညာတာဖြစ်နိုင်ကြောင်း ​သုံးသပ်ကြပါတယ်။

အာဖဂန်တာလီဘန်ခေါင်းဆောင်ကိုလည်း ​Al-Qaeda ​က ​အသိအမှတ်ပြုကြောင်း ​ပြောဆိုခဲ့ပြီး ​သူပြော ​သွားတဲ့ ​လေသံဟာ ​အာရဗီစကားနဲ့ ​Urdu ​စကားသံ ​ဝဲနေတဲ့အတွက် ​ပါကစ္စတန်မှာ ​အခြေစိုက်နိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။

ABC Radio Australia


သတင်းထောက် Sotloff ခေါင်းဖြတ်သတ်ခံရဗွီဒီယို ISIS အစွန်းရောက်ထုတ်ပြန်



ဖမ်းဆီးထားတဲ့ အမေရိကန်သတင်းထောက် Steven Sotloff ဖြစ်ပုံရသူကို ခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုကို Islamic State အစ္စလာမ်စစ်သွေးကြွတွေက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဗွီဒီယိုရဲ့ စစ်မှန်မှုကို စစ်ဆေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jen Psaki က ပြောကြားခဲ့ပါတယ်။

တကယ်သာဖြစ်ခဲ့မယ်ဆိုရင် အော်ဂလီဆန်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗွီဒီယိုထဲမှာ မျက်နှာကို အဝတ်အမဲရောင်နဲ့ ဖုံးအုပ်ထားသူက Sotloff ကို သတ်ရတာဟာ အီရတ်မှာရှိနေတဲ့ Islamic State အဖွဲ့ဝင်တွေအပေါ် အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာ ဖြစ်တယ်ဆိုပြီး ဗြိတိန်မှာပြောကြတဲ့ အင်္ဂလိပ်အသံထွက်မျိုးနဲ့ သမ္မတ Barack Obama ကို တိုက်ရိုက် ပြောထားပါတယ်။

“ခင်ဗျားရဲ့ Missile လက်နက်တွေနဲ့ ကျုပ်တို့ရဲ့လူတွေအပေါ် ဆက်ပြီး တိုက်နေမယ်ဆိုရင် ကျုပ်တို့ရဲ့ ဓားနဲ့ ခင်ဗျားတို့လူတွေရဲ့ လည်တွေကို ဆက်လှီးသွားမှာ ဖြစ်တယ်” - လို့ အဲဒီစစ်သွေးကြွက ပြောပါတယ်။ သူတို့ဖမ်းဆီးထားတဲ့ ဗြိတိန်လူမျိုး ဓားစာခံ David Cawthorne Haines ကိုလည်း သတ်ပစ်မယ်လို့ ဗွီဒီယိုထဲမှာ ခြိမ်းခြောက်ထားပါတယ်။

သတင်းထောက် Sotloff ကို သတ်ဖြတ်သူတွေဟာ ရွံမုန်းစရာ၊ စက်ဆုပ်စရာ ကောင်းတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လကပဲ နောက်ထပ် အမေရိကန် သတင်းထောက် James Foley ကို Islamic State စစ်သွေးကြွတွေက ခေါင်းဖြတ်သတ်ခဲ့ပြီး အဲဒီသတ်ဖြတ်တဲ့ ဗွီဒီယိုကိုလည်း Online မှာ တင်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ှုIS အဖွဲ့ကို တိုက်ခိုက်နေသည့် အီရတ်တပ်ဖွဲ့များ၏ စစ်ဆင်ရေးများ ဆက်လက်အောင်မြင်နေ


အေမာလီမြို့အနီးသို့ ချဉ်းကပ်လာသည့် အီရတ်စစ်သုံးယာဉ်တစ်စီး
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့များကို တိုက်စစ်ဆင်နေသည့် အီရတ်စစ်တပ်နှင့် ကာဒစ်ရှ် တိုက်ခိုက်ရေး သမားများသည် စစ်ဆင်ရေး အောင်မြင်ပြီး ရှေ့တိုး ချီတက်နေကြောင်း သိရှိရသည်။


စက်တင်ဘာ (၁)ရက် ညပိုင်းတွင် အီရတ်တပ်ဖွဲ့များသည် IS တို့ (၂)လကျော်ကြာ ဝန်းရံပိတ်ဆို့ထားသည့် အေမာလီမြို့ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ အစောပိုင်းက အီရတ်တပ်များသည် IS တို့ ချန်ထားသည့် မိုင်းထောင်ချောက်များကို ရှင်းလင်းနေရသဖြင့် မြို့ထဲထိ ချီတက်နိုင်ရန် ခက်ခဲနေခဲ့သည်။

အီရတ်နှင့် ကာဒစ်ရှ် ပူးပေါင်းတပ်ဖွဲ့များသည် နိုင်ငံမြောက်ပိုင်းရှိ အေမာလီထိ ချီတက်နိုင်ခဲ့သလို ဆူလီမန်ဘက်ဂ်ရှိ IS တို့၏ အခြေစိုက်စခန်းနေရာ တစ်ခုကိုပါ သိမ်းဆည်းလိုက်နိုင်ကြောင်း သိရသည်။ IS တို့သည် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းပိုက်ကာ နိုင်ငံတကာက အသိအမှတ် မပြုသည့် အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ထူထောင်ထားခြင်း ဖြစ်သည်။

ထိုအတောအတွင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က IS တို့သည် ၎င်းတို့နှင့် အယူဝါဒ မတူညီသူများကို ရှင်းလင်းသုတ်သင်မှုများ ဆက်လက် လုပ်ဆောင်နေသည့် အထောက်အထားများ ရရှိထားသည်ဟု ကြေညာခဲ့သည်။ အီရတ်မြောက်ပိုင်းတွင် IS အဖွဲ့များသည် ဆိုးရွားသော သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုသည်။

“IS အဖွဲ့ဟာ ရက်ရက်စက်စက် ရာဇဝတ်မှုတွေ ကျူးလွန်နေပါတယ်။ မြောက်ပိုင်းက ဝေးလံသီခေါင်တဲ့ ဒေသတွေဟာ အခုဆိုရင် သွေးလွှမ်းတဲ့ လူသတ်နယ်မြေတွေ ဖြစ်နေပါပြီ။ IS တွေက အာရပ်မဟုတ်သူတွေ၊ ဆွန်နီမွတ်ဆလင် မဟုတ်သူတွေကို လိုက်ပြီး ဖမ်းဆီး သတ်ဖြတ်နေပါတယ်”ဟု ယင်းအဖွဲ့မှ ဒိုနာတယ်လာ ရိုဗာရာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း IS စစ်သွေးကြွတို့ အားကောင်းလာပြီးနောက် အီရတ်တွင် အကြမ်းဖက် သတ်ဖြတ်မှုများ သိသိသာသာ မြင့်တက်လာသည်။ ISIS မှ အမည်ပြောင်းလာသည့် အဆိုပါ အစွန်းရောက် တပ်ဖွဲ့များသည် လက်ရှိအချိန်တွင် အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသ နယ်မြေ အများအပြားကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ပြီး အမေရိကန်၏ လေကြောင်းပစ်ကူ ပေးမှုနှင့်အတူ အီရတ်စစ်တပ်က ၎င်းတို့ကို တွန်းလှန် တိုက်ခိုက်နေရသည်။

_Ref: BBC
7 Day

လည်လှီးသတ်ခံခဲ့ရတဲ့ ဓာတ်ပုံ သတင်းထောက် ဂျိမ်းစ်ဖိုလေး၏ မိသားစုထံသို့ နောက်ဆုံးပေးစာ

လွန်ခဲ့သည့် သီတင်းပတ်တွင် IS စစ်သွေးကြွ အကြမ်းဖက် သမားများ၏ သတ်ဖြတ်ခြင်း ကို ခံခဲ့ရသော အမေရိ ကန် သတင်းသမား ဂျိမ်းစ်ဖိုလေး ၏ မိ သားစုက ဂျိမ်းစ် ဖိုလေး အဖမ်းခံနေရစဉ် ဘဝတူ အကျဉ်းသား တစ်ဦးမှ တစ်ဆင့် အိမ်သို့ ပေးပို့သော စာတစ်စောင် ကို ဖေ့စ်ဘွတ်ခ်မှ ဖော်ပြလိုက်သည်။
ထောင်မှူးများက ရှာဖွေသိမ်း ဆည်းသောကြောင့် မိသားစု ထံသို့ စာ ရေးခွင့် မရခဲ့သော်လည်း လွတ်မြောက် ခါနီး အကျဉ်းသား တစ်ဦးအား ဂျိမ်းစ် ဖိုလေးက သူ၏စာကို အလွတ် ကျက်မှတ် စေသည်။ ၄င်းအကျဉ်းသား လွတ် မြောက် လာသည့်အခါ ဂျိမ်းစ်ဖိုလေး၏ မိခင်ဖြစ်သူ ဒီယန်ထံ လာရောက်ပြီး စာ ကို နှုတ်တိုက် ရေးသားခဲ့သည်။ 

အလွတ် သတင်းထောက် တစ်ဦး ဖြစ်သူ ဂျိမ်းစ်ဖိုလေးသည် ဆီးရီးယား ပြည်တွင်းစစ် အတွင်း သတင်း ယူနေရင်း ၂ဝ၁၂ နိုဝင်ဘာလ အတွင်းက ပြန်ပေး ဆွဲခံ ရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက် သတ္တပတ် အတွင်းက ဗြိတိသျှလေသံ ဖြင့် စကားပြောသော အကြမ်းဖက် သမား တစ်ဦးက ဂျိမ်းစ်ကို ခေါင်းဖြတ် သတ်နေသည့် ဗီဒီယိုဖိုင် ကို IS အဖွဲ့က ဖော်ပြခဲ့သည်။ ၄င်းလူသတ်သမား မည် သူဖြစ်သည်ကို ဖော်ထုတ်ရန် နီးစပ်နေ ပြီဖြစ်သည်ဟု အမေရိကန် နိုင်ငံဆိုင် ရာ ဗြိတိသျှ သံအမတ် ကြီး က CNN သို့ ပြောကြားခဲ့သည်။ 

မိသားစုထံသို့ ဂျိမ်းစ်ဖိုလေး နောက်ဆုံးပေးပို့ခဲ့သောစာ ချစ်ရသော မိသားစုနှင့် မိတ်ဆွေများ 

အမေနဲ့ စက်ဘီး အကြာကြီး အတူ တူ စီးခဲ့ကြတာ၊ အဖေနဲ့ စတိုးဆိုင်ကို အတူတူ သွားခဲ့ကြ တာတွေကို ကျွန်တော် သတိရတယ်။ ဒီ အကျဉ်းထောင် ကနေ ကျွန်တော့်ကို လွတ်မြောက်စေတဲ့ မိ သားစု အချိန်တွေ ကိုလည်း သတိရပါတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေ အကြောင်းမက်တဲ့ အိပ်မက်တွေက ကျွန်တော့်ကို လွတ်မြောက်စေ တယ်။ နှလုံး သားကို ပျော်ရွှင်မှုတွေ နဲ့ ဖြည့်ဆည်း ပေးပါတယ်။ 

အားလုံးက ကျွန်တော့် အတွက် ဆုတောင်း ပေးနေကြလိမ့်မယ်။ ကျွန်တော့် အကြောင်း တွေးနေကြ လိမ့်မယ် ဆိုတာ သိပါတယ်။ အလွန်လည်း ကျေး ဇူးတင်တယ်။ အထူး သဖြင့် ဆုတောင်း ပတ္ထနာ ပြုနေတဲ့ အချိန်တွေမှာ ဆိုရင် သင်တို့ အားလုံးကို ကျွန်တော် ခံစား သိရှိ ရပါတယ်။ 

ယုံကြည်မှု အင်အားနဲ့ အတူ သင် တို့ နေထိုင်နိုင်ဖို့ အတွက်လည်း ကျွန်တော် ဆုတောင်းပေးတယ်။ ဝတ်ပြု ဆုတောင်းနေတဲ့ အချိန်တွေမှာ ဆိုရင် အခု လို မှောင် အတိ ကျနေချိန်တွေမှာတောင် သင်တို့ကို ထိတွေ့နိုင်တယ်လို့ တကယ် ပဲ ယုံကြည်မိတယ်။ 

ဆဲလ် အချုပ်ခန်း တစ်ခုတည်းမှာ အားလုံး ၁၈ ယောက်ကို အတူတကွ ချုပ်နှောင် ထားတယ်။ ဒါက ကျွန်တော့် ကို အကူအညီ ဖြစ်စေပါတယ်။ အား ကစား အကြောင်း၊ ရုပ်ရှင် ကားတွေ အ ကြောင်း၊ ဟိုအကြောင်း၊ သည်အ ကြောင်း စတဲ့ အဆုံးမဲ့ ရှည်လျား လှတဲ့ စကားတွေကို တစ်ယောက် နဲ့တစ်ယောက် ပြောဆိုနေကြ ရတာပါ။ ဆဲလ် အချုပ်ခန်း ထဲကရတဲ့ အစအနလေးတွေ နဲ့ ကစား ပွဲတွေကို ကစားကြတယ်။ ရစ်ခ် (Risk) ကစားနည်း၊ စစ်တုရင်၊ ကျားကစား နည်းတွေကို ရှာဖွေတွေ့ရှိ ခဲ့ကြ တယ်။ နောက် တစ်နေ့ သင်ခန်းစာ အတွက် ဒါမှမဟုတ် လည်း ကစားပွဲတွေ အတွက် ဗျူဟာ အခင်း အကျင်းတွေ ပြင်ဆင်ရင်း နဲ့ နေ့ရက်တော်တော် များများကို ကျော် လွန်ခဲ့ ကြပါတယ်။ ကစားပွဲတွေ၊ တစ်ဦး ကို တစ်ဦး သင်ကြား ပြသမှုတွေက ကျွန်တော်တို့ကို အချိန် ကုန်စေတယ်။ ဒါ တွေဟာ အလွန်ကြီးမားတဲ့ စိတ်သက် သာ စရာတွေပါ။ ပုံပြင်တွေကို အဖန်တ လဲလဲပြောပြီး ရယ်မောရင်း နဲ့ တင်းကျပ် မှုတွေကို သက်သာရာ ရစေပါတယ်။ 

ကျွန်တော့်မှာ အင်အားနည်းတဲ့ နေ့ရက်တွေ ရှိခဲ့သလို၊ အင်အားရှိတဲ့ နေ့ရက်တွေ လည်း ရှိခဲ့ပါတယ်။ တစ် ယောက်ယောက် များ လွတ်တဲ့နေ့ ဆိုရင် ကျွန်တော်တို့ အလွန်ဝမ်းသာရ ကိုယ် ကိုယ်တိုင် လွတ်မြောက်ဖို့ အတွက်လည်း တောင့်တမိ ကြတယ်။ တစ်ဦးကို တစ် ဦး အားပေးရင်း နဲ့ အင်အား ကိုလည်း မျှ ဝေကြတယ်။ အခုဆို ရင် ကျွန်တော်တို့ ကို အစား အသောက် ကျွေးမွေးမှုဟာ ပိုမိုကောင်းမွန် လာပါပြီ။ လက်ဖက်ရည် သောက်ရတယ်။ တစ်ခါတလေ ကော်ဖီ ရတယ်။ ပြီးခဲ့တဲ့နှစ်က ပိန်ကျ သွားတဲ့ ကျွန်တော့် ခန္ဓာကိုယ်လည်း အလေးချိန် ပြန်ရလာတယ်။ ကျွန်တော့် ညီမနဲ့ ညီ အစ်ကိုတွေ အကြောင်း ကို များစွာ တွေး မိတယ်။ အမှောင်ထဲ မှာ မိုက်ကယ်နဲ့ လူ သား ဝံပုလွေလုပ်တမ်း ကစားကြတာ တွေ စွန့်စားကြတာတွေ ကိုလည်း သတိ ရတယ်။ မီးဖိုချောင် စားပွဲကို ပတ်ပြီး တီနဲ့မက်ကီ နောက်ကို ပြေးလိုက်ခဲ့တာ လည်း သတိ ရတယ်။ သူတို့အကြောင်း တွေးရတာ ကျွန်တော် ဝမ်းသာတယ်။ တကယ်လို့ ကျွန်တော့် ဘဏ်စာရင်းထဲ မှာ ပိုက်ဆံ ကျန်သေးရင် မိုက်ကယ် နဲ့ မက်သူးကို ပေးချင်တယ်။ 

မိုက်ကယ် မင်းအတွက် ကိုယ် ဂုဏ်ယူပါတယ်။ ငယ်စဉ်ကလေး ဘဝ က အမှတ်ရစရာတွေ အတွက် မင်းကို ကျေးဇူး တင်ပါတယ်။ မင်းနဲ့ ခရစ်တီး တို့ ရဲ့ ပျော်ရွှင် ရင့်ကျက် တဲ့ ဘဝတွေကို လည်း ကျေးဇူးတင်တယ်။ 

ဘစ်ဂျွန်၊ ဂျာမနီက ခင်ဗျားနဲ့ က ရက်စ်ဆီကို လာလည်ရတာ ကျွန်တော် ဝမ်းသာပါတယ်။ ကြိုဆိုခဲ့တာ ကိုလည်း ကျေးဇူးပဲ။ ရိုရိုကိုလည်း သတိရတယ်။ ဂျက်ဟာ ဘယ်သူ နဲ့ တူမလဲလို့လည်း ကြိုးစားတွေး ကြည့်တယ်။ သူ့မှာ ရိုရိုလို ကိုယ်ရည်ကိုယ်သွေး မျိုးရှိမယ်လို့ မျှော် လင့်တယ်။ 

မတ်ရေ၊ မင်းအတွက် လည်း ဂုဏ် ယူရပါတယ် ညီအစ်ကို။ မင်းတစ် ယောက် West Coast အနောက်ဘက် ကမ်းခြေမှာ နေတာ သတိရတယ်။ အခု မင်းတောစခန်း ထွက်နေ မလား။ နှင်း လျှောစီးနေမလား ငါတွေးမိတယ်။ ဘော့စတွန်က Comedy Club ကို ငါ တို့ အတူတူ သွားခဲ့ကြတာ၊ ပြီးတော့ ထွေးပွေ့ဖက် ထားခဲ့ကြတာကို အထူး သတိရတယ်။ ဒီထူးခြားတဲ့ အခိုက်အ တန့်တွေက ငါ့ကို မျှော်လင့်ချက် ရှိစေ တယ်။ 

ကေတီ၊ နင့်အတွက် ငါအရမ်းဂုဏ် ယူပါတယ်။ ငါတို့ အားလုံးထဲမှာ နင်ဟာ အကောင်းဆုံး နဲ့အသန်မာဆုံးပါ။ သူနာ ပြု တစ်ယောက် အနေနဲ့ လူတွေကို ကူညီ နေတဲ့ အလုပ် ကြိုးစားနေတဲ့ နင့်ကို ငါ သတိရပါတယ်။ နင့်တို့ မင်္ဂလာဆောင် ကို ငါလာနိုင်ဖို့ ဆုတောင်းတဲ့ဟာ…အခု ငါပြောနေတာ အဖွား Grammy ပြောနေတာနဲ့ တူနေပြီ။ 

Grammy ဖွားဖွားရေ၊ ဆေးမှန် မှန်သောက်နော်။ အကကိုလည်း ဆက် ကပါ။ လမ်းလျှောက်ပါ။ ကျွန်တော် အိမ်ပြန်ရောက်ရင် မာဂရီတာ တို့ဆီ ဖွားဖွား ကိုခေါ်သွားဖို့ စီစဉ် ထားတယ်။ ကျွန်တော့်ရဲ့ ဘဝကို ပြန်ရဖို့ အဖွားရဲ့ အကူအညီ လိုလာဦးမှာမို့ သန်သန်မာ မာ နေပါ။ 

ဂျင်မ် 

Ref: BBC

Popular News

ဖမ်းမိထားသော ဆီးရီးယား စစ်သား ၃၀၀ ကို ကွပ်မျက်ပြီးနောက် ISIS က အမေရိကန်ကို သတိပေး


ISIS စစ်သွေးကြွတို့က ခေါင်းဖြတ်ပြသည့်ဗီဒီယိုသစ် တစ်ခုကို သြဂုတ် ၂၉ အစောပိုင်းက ထုတ်ပြန်ကာ အမေရိကန်ကို ဒုတိယအကြိမ်မြောက် ခြိန်းခြောက်လိုက်သကဲ့သို့ ကာ့ဒ်လူမျိုးများကိုလည်း ISIS ကို ဆန့်ကျင်နေသည့် အနောက်နိုင်ငံများနှင့် မဟာမိတ်မဖွဲ့ရန် တိုက်တွန်းလိုက်သည်။
ဖမ်းမိထားသော ဆီးရီးယားစစ်သား ၃၀၀ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြသည့် ပုံကို ထုတ်လွှင့်ပြီးနောက် နာရီပိုင်းအကြာ ISIS က အမေရိကန်ကို ဒုတိယအကြိမ် သတိပေးခြင်းဖြစ်သည်။
ISIS တို့က ကာ့ဒ် စစ်သားတစ်ဦးကို ခေါင်းဖြတ်ပြသည့် ဗီဒီယိုတွင် အမေရိကန်သို့ ဒုတိယမြောက်သတင်း ပေးပို့ချက်ဟု ပါရှိသည်။
မိုဆူးလ်မြို့၏ ဗလီကြီး၏ရှေ့တွင် ကာ့ဒ်တစ်ဦးကို ခေါင်းမဖြတ်မီ ISIS တိုအား တိုက်ခိုက်ရာတွင် ကာ့ဒ်တို့အား ဆက်လက်ပံ့ပိုးနေပါက ကျန် အကျည်းသား အားလုံးကို ခေါင်းဖြတ်မည်စု ISIS တို့က သတိပေးခဲ့သည်
Ref : Mail Online

ဆီးရီးယားလေတပ်စခန်းကို သိမ်းပိုက်စဉ်က ဖမ်းဆီးထားသူ ၂၅၀ ကို IS အဖွဲ့က သတ်ပစ်လိုက်ကြောင်း ထုတ်ပြန်သည့် ဗီဒီယိုထွက်ပေါ်




ဆီးရီယားအစိုးရ၏ တက်ကာ လေတပ်အခြေစိုက်စခန်းတစ်ခုကို သြဂုတ် ၂၄ ရက်တွင် သိမ်းပိုက်ခံစဉ်က ဖမ်းဆီးခဲ့သူ ၂၅၀ ကို သတ်ပစ် လိုက်ကြောင်း ဖော်ပြသည့် ဗီဒီယိုမှတ်တမ်းကို IS အဖွဲ့က ထုတ်ဖော်ပြသလိုက်သည်။

အပိုင်းလိုက် ရိုက်ကူးထားသည့် အဆိုပါ ဗီဒီယိုတွင် အပေါ်ပိုင်းဗလာကျင်းထားသည့် ဓားစာခံများအား IS စစ်သွေးကြွများက သဲကန္တာရတစ်ခု အတွင်း တန်းစီခေါ်ဆောင်သွားပြီး မြေပြင်တွင် ဒူးထောက် ခိုင်းကာ နောက်မှ သေနတ်များဖြင့် ပစ်ခဲ့ခဲ့ပုံများကို ဖော်ပြထားသည်။


ယင်းလုပ်ရပ်သည့် IS စစ်သွေးကြွအဖွဲ့အနေဖြင့် စစ်ရာဇ၀တ်မှုတစ်ခုကို ထပ်မံကျူးလွန်ခြင်းဖြစ် ကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။

အသတ်ခံရသူအရေအတွက် အတိအကျကို မသိရသော်လည်း ၂၅၀ ဦးထက်လျော့နည်းနိုင်ကြောင်း သတင်းရင်းမြစ်အချို့က ဖော်ပြထားသည်။ ဗီဒီယိုမှတ်တမ်းတွင် သေဆုံးသူ ၁၅၀ ထက်မနည်းကို တွေ့ရှိရသည်။

လေတပ်စခန်းအား တိုက်ခိုက်မှုတွင် စစ်သွေးကြွများက စစ်လေယာဉ်များ၊ တင့်ကားများ၊ အမြှောက် များနှင့် လက်နက်ခဲယမ်းများကို သိမ်းယူသွားခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွများအနေဖြင့် ယခုနောက်ပိုင်းကာလများတွင် အမေရိကန်၏ လေကြောင်းမှ တိုက်ခိုက်မှုအပါအ၀င် ထိခိုက်ဆုံးရှုံးမှုများ ရှိနေသော်လည်း လေတပ်စခန်းသိမ်းပိုက်ခံရမှုကြောင့် စစ်သွေးကြွများအနေဖြင့် ခေတ်မီစစ်လက်နက် နည်းပညာများ ရရှိသွားကြောင်း သိရသည်။

Ref: Daily Mail 
Mizzima

ဖမ်းမိထားသော ဆီးရီးယား စစ်သား ၃၀၀ ကို ကွပ်မျက်ပြီးနောက် ISIS က အမေရိကန်ကို သတိပေး

ISIS စစ်သွေးကြွတို့က ခေါင်းဖြတ်ပြသည့်ဗီဒီယိုသစ် တစ်ခုကို သြဂုတ် ၂၉ အစောပိုင်းက ထုတ်ပြန်ကာ အမေရိကန်ကို ဒုတိယအကြိမ်မြောက် ခြိန်းခြောက်လိုက်သကဲ့သို့ ကာ့ဒ်လူမျိုးများကိုလည်း ISIS ကို ဆန့်ကျင်နေသည့် အနောက်နိုင်ငံများနှင့် မဟာမိတ်မဖွဲ့ရန် တိုက်တွန်းလိုက်သည်။

ဖမ်းမိထားသော ဆီးရီးယားစစ်သား ၃၀၀ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြသည့် ပုံကို ထုတ်လွှင့်ပြီးနောက် နာရီပိုင်းအကြာ ISIS က အမေရိကန်ကို ဒုတိယအကြိမ် သတိပေးခြင်းဖြစ်သည်။

ISIS တို့က ကာ့ဒ် စစ်သားတစ်ဦးကို ခေါင်းဖြတ်ပြသည့် ဗီဒီယိုတွင် အမေရိကန်သို့ ဒုတိယမြောက်သတင်း ပေးပို့ချက်ဟု ပါရှိသည်။

မိုဆူးလ်မြို့၏ ဗလီကြီး၏ရှေ့တွင် ကာ့ဒ်တစ်ဦးကို ခေါင်းမဖြတ်မီ ISIS တိုအား တိုက်ခိုက်ရာတွင် ကာ့ဒ်တို့အား ဆက်လက်ပံ့ပိုးနေပါက ကျန် အကျည်းသားအားလုံးကို ခေါင်းဖြတ်မည်စု ISIS တို့က သတိပေးခဲ့သည်

Ref : Mail Online

Yangon Media Group