Showing posts with label တပ်မတော်သတင်း. Show all posts
Showing posts with label တပ်မတော်သတင်း. Show all posts

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ/ အခြားအဆင့် (အမျိုးသား /အမျိုးသမီး) ၀တ်စုံများ အသစ်ပြဌာန်းသတ်မှတ်လိုက်ပြီ










နေပြည်တော်၊ စက်တင်ဘာ ၂၉

မြန်မာ့တပ်မတော်(ကြည်း၊ ရေ၊လေ) အရာရှိ/ အခြားအဆင့်(အမျိုးသား/အမျိုးသမီး) များ၏ လက်ရှိအသုံးပြုလျက်ရှိသည့် စစ်ဝတ်စုံများအား နိုင်ငံတကာတပ်မတော်များ၏ ၀တ်စုံများနှင့် အညီဖြစ်စေရေး၊ တပ်မတော်သားများ၏ စိတ်ဓာတ်ပိုမိုမြင့်မားတက်ကြွ စေရေး နှင့် ရာသီဥတုအခြေအနေများနှင့် လိုက်လျောညီထွေစွာ ၀တ်ဆင်နိုင်ရေး အသစ်ပြဌာန်းလိုက်သည်။

အသစ် ပြဌာန်း လိုက်သည့် ၀တ်စုံများအား ယှဉ်တွဲပါ ပုံများအတိုင်း သတ်မှတ် ထားကြောင်းနှင့် အဆိုပါ စစ်ဝတ်စုံသစ် များအား အပတ်စဉ် တနလာင်္နေ့တိုင်းတွင် ၀တ်ဆင်ရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) တစ်ရပ်လုံး ပြောင်းလဲ ၀တ်ဆင် ကြရမည် ဖြစ်ကြောင်း၊ ပြောင်းလဲရန် ကျန်ရှိသော စစ်ဝတ်စုံ များကိုလည်း ဆက်လက် ထုတ်ပြန် သွားမည် ဖြစ်ကြောင်းနှင့် အချိန်မီ ၀တ်ဆင် နိုင်ရေး အတွက် တပ်များသို့ ပေးပို့ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ပြည်ချစ်သား

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သူနာပြုသိပ္ပံဘွဲ့သင်တန်းသူအမျိုးသမီးများ အလိုရှိသည်


တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သူနာပြုသိပ္ပံဘွဲ့သင်တန်းသူအမျိုးသမီးများ အလိုရှိသည်

၁။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ အမျိုးသမီး(အပျို)ဖြစ်ရမည်။
(ခ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ(၁)လအတွင်းရရှိသည့် ထောက်ခံစာမူရင်းနှင့်ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၃)ပုံတို့ကို ပူးတွဲတင်ပြရမည်။
( ဂ ) လျှောက်ထားသူသည် ၁-၁-၂၀၁၆ ရက်နေ့တွင် အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၈)နှစ်ထက် မကြီးရ။
(ဃ) အနည်းဆုံးအရပ် (၅)ပေ (၂)လက်မနှင့် ကိုယ်အလေးချိန်(၉၅)ပေါင်ထက်မနည်းရ။
( င ) မျက်မှန်တပ်ဆင်ထားသူ မဖြစ်စေရ။
( စ ) မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိရမည်။
(ဆ) လျှောက်လွှာနှင့်အတူပါရှိသော ဆေးစစ်ပုံစံဖြင့် မိမိတို့နေထိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်ရှိ တပ်မတော်ဆေးရုံ/ပြည်သူ့ဆေးရုံတွင် ပဏာမကျန်းမာရေးစစ်ဆေးအောင်မြင်သူ ဖြစ်ရမည်။
( ဇ ) တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာတွဲများဖြင့် အောင်မြင်ပြီးသူ ဖြစ်ရမည်။ (အမှတ်စာရင်းတင်ပြရမည်။)
(ဈ ) တပ်မတော်၏အုပ်ချုပ်မှုစနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်။


၂။ လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ၂၈-၉-၂၀၁၅ ရက်နေ့မှစ၍ အခမဲ့ရယူနိုင်သည်။ လျှောက်လွှာကို ၃၀-၁၀-၂၀၁၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာ ထုတ်ယူခဲ့သော တိုင်းစစ်ဌာနချုပ်များသို့ ပြန်လည်ပေးပို့ကြရမည်။

၃။ သင်တန်းဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာသာတွဲတို့ကို တက္ကသိုလ်ဝင်စာမေးပွဲ သင်ရိုးညွှန်းတမ်းအတိုင်း မိမိလျှောက်လွှာတင်သွင်းရာ တိုင်းစစ်ဌာနချုပ်၌ ၂၈-၁၁-၂၀၁၅ ရက်နေ့တွင် ဖြေဆိုကြရမည် ဖြစ်ပါသည်။

၎။ အရည်အချင်းစစ်စာမေးပွဲအောင်စာရင်းကို တိုင်းစစ်ဌာနချုပ်များတွင် ၂၉-၁၂-၂၀၁၅ ရက်နေ့မှ ၃၀-၁၂-၂၀၁၅ ရက်နေ့အတွင်း ထုတ်ပြန်ကြေညာမည်။ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် ၈-၁-၂၀၁၆ ရက်နေ့မှ ၁၅-၁-၂၀၁၆ ရက်နေ့အတွင်း တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ၀င်ရောက်အစစ်ဆေးခံရမည်။ ရွေးချယ်ခံရသူများသည် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တွင် (၄)နှစ် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သူနာပြုသိပံ္ပဘွဲ့ (Bachelor of Nursing Science) ရရှိမည်ဖြစ်ပါသည်။

၅။ သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ် (၁၄၀၀၀၀)ကျပ်၊ ဒုတိယနှစ် (၁၄၅၀၀၀)ကျပ်၊ တတိယနှစ် (၁၅၀၀၀၀)ကျပ်၊ စတုထ္ထနှစ် (၁၅၅၀၀၀)ကျပ် ရရှိမည်။

၆။ သင်တန်းပြီးမြောက်အောင်မြင်သောအခါ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု(Nurse)အဖြစ် ခန့်အပ်ပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီပါက သူနာပြုမဟာသိပ္ပံဘွဲ့ (Master of Nursing Science) နှင့် သူနာပြုပါရဂူဘွဲ့(Ph.D Nursing) သင်တန်းများ တက်ရောက်ခွင့်ရရှိမည်။

၇။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြ (Nurse) အမှုထမ်းသက်(၁)နှစ်၊ အထက်တန်းသူနာပြု အမှုထမ်းသက် (၂)နှစ်၊ စုစုပေါင်း(၃)နှစ် ပြည့်မြောက်ပြီး သက်ဆိုင်ရာတို့မှ ပြန်တမ်းဝင်အရာရှိအဖြစ် အဆင့်တိုးမြှင့်ပေးရန် ထောက်ခံတင်ပြလျှင် ဒုတိယဗိုလ်( သူနာပြု ) အဖြစ် စတင်ခန့်အပ်ပေးမည်။

မှတ်ချက်။ အသေးစိတ်သိရှိလိုပါက မိမိတို့လျှောက်လွှာထုတ်ယူခဲ့သည့် တိုင်းစစ်ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ တိုက်ပွဲ ဆက်တိုက်ဖြစ်




ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှေ့တန်းနယ်မြေတနေရာတွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ကျော်ခ/ ဧရာဝတီ)

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ရေး ကြိုးပမ်းနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ် တောင်ပိုင်းတွင်လည်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ်နှင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း၌ KIA နှင့် တပ်မတော် စစ်ကြောင်းများ အကြားတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း KIA နှင့် ဒေသခံတချို့က ပြောသည်။

KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က “တိုက်ပွဲတွေကတော့ နည်းနည်း ပိုများလာတယ်။ ဒီ နှစ်ရက်၊ သုံးရက် အတွင်းမှာလေ” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် အိုးအိမ်စွန့်ခွါ၍ တိမ်းရှောင်လာကြသည့် စစ်ပြေးဒုက္ခသည်များလည်း ရှိကြောင်း အချို့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသူများ ရှိသကဲ့သို့ တချို့မှာ အတွင်းပိုင်းကို ဝင်ရောက်သူများရှိကြောင်း၊ ၎င်းဒုက္ခသည်များကို လူထုအခြေပြုအဖွဲ့များ (CSO) များက တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မံစီမြို့နယ် အတွင်းတွင်လည်း တပ်မတော် စစ်ကြောင်းများနှင့် KIA တို့အကြား ယမန်နေ့ မနက်အထိ တိုက်ပွဲဖြစ်ပွားလျက် ရှိကြောင်း ယင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာအနီးရှိ မိုင်းခေါင် ကျေးရွာခံတဦးက ဧရာဝတီသို့ ပြောသည်။

“ဒီ (မနေ့က) မနက် ခုနတုန်းကတော့ လက်နက်ကြီးသံတွေပါ ကြားရတယ်။ ဘယ်သူပစ်ကြတာလဲတော့ မသိဘူး။ ရွာဦးပိုင်းနဲ့ နီးတယ်။ ကျမတို့ကတော့ မပြောင်းရွှေ့သေးပါဘူး” ဟု မိုင်းခေါင် ဒေသခံက ပြောသည်။

TNLA နှင့် အစိုးရ တပ်မတော်တို့အကြား ကျောက်မဲ၊ မိုးမိတ်နှင့် ကွတ်ခိုင်မြို့နယ် များအတွင်း၌ အခုလ ၁၉ ရက်နေ့က စတင်ပြီး တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တပ်မတော်ဘက်က ကျဆုံး ဒဏ်ရာစာရင်း မသိရသေးသော်လည်း ၎င်းတို့ဘက်က ၃ ဦး ဒဏ်ရာရရှိထားကြောင်း TNLA ဘက်က ပြောသည်။

PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က “အခုဖြစ်တဲ့ တိုက်ပွဲတွေ ခပ်များများကတော့ ကျနော်တို့နေတဲ့ တောဘက် ပြောက်ကျား စခန်းတွေ ဘက်ကို မြန်မာ အစိုးရတပ်ဘက်က ပိုပြီး စိမ့်ဝင်လာတဲ့ သဘောရှိတယ်။ ဒါကြောင့်မို့ တိုက်ပွဲတွေက ပိုပြီး ဆက်လာတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်နှင့် ၎င်းတို့အကြား ယခုလ အတွင်း၌ပင် တိုက်ပွဲပေါင်း ဆယ်ကြိမ်မက ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ပစ်ခတ်မှုများက ကျေးရွာများကို ထိမှန်ခြင်းမရှိသော်လည်း ဒေသခံများမှာ တိုက်ပွဲကြောင့် သွားလာရေး အခက်အခဲတချို့ ရှိနေကြသည်ဟု ဆိုသည်။
TNLA ကို အစိုးရက ပဏာမ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် သဘောထားရှိကြောင်း သတင်းမီဒီယာများကို နှုတ်ဖြင့် ပြောဆိုမှုများ ရှိထားသည်။ TNLA ကမူ NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်ချုပ်ဆိုနိုင်ရေး အပေါ်တွင် ရပ်တည်သွားမည်ဖြစ်ပြီး ၎င်းတို့နှင့် အတူတိုက်ပွဲဝင်နေသည့် ကိုးကန့်အဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) တို့ကိုလည်း တပြိုင်တည်း ပါဝင်လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ရှမ်းပြည်နယ် တောင်းပိုင်း နမ့်စန်မြို့နယ်အတွင်း၌လည်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) လက်အောက်ခံ တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

ဗိုလ်မှူးကြီး စိုင်းလက “တိုက်ပွဲငယ်လေးတွေပါပဲ။ တောထဲမှာတော့ ကျနော်တို့ကို လိုက်ရှာရင်းနဲ့ တိုက်ကင်း လှည့်တာပေါ့ဗျာ။ ကျနော်တို့ တပ်ဖွဲ့နဲ့ တိုးမိတယ်။ ကြာကြာတော့မဟုတ် ခဏတဖြုတ်ပါပဲ။ ကျနော်တို့က ဆုတ်ပေးလိုက်တာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် သြဂုတ်လ ပိုင်းကစပြီး နယ်မြေရှင်းလင်းရေး အကြောင်းပြချက်ဖြင့် ၎င်းတို့ လှုပ်ရှားနယ်မြေအတွင်း ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

ယခုလ ၁၆ ရက်နေ့က ခိုလမ် မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် တပ်မတော် စစ်ကြောင်းများက မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သကဲ့သို့ ဝေဟင်ကလည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု RCSS/SSA ဘက်က ပြောသည်။

ထို့နောက် တိုက်ပွဲဖြစ်ပွားခဲ့သည့် ခိုလမ်၊ ကျောက်မဲ၊ မိုင်းပွန်၊ ပင်လုံ၊ ကွန်ဟိန်း၊ လင်းခေး မြို့နယ်များ အပါအဝင် စုစုပေါင်း ၁၆ မြို့နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအား လုံခြုံရေးအရ ခေတ္တ ရပ်ဆိုင်းထားရန် သတိပေးထုတ်ပြန်ခဲ့သည်။

RCSS/SSA အဖွဲ့သည် အစိုးရနှင့် ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် အဖွဲ့လည်း ဖြစ်ပြီး NCA စာချုပ် ချုပ်ဆိုရန် သဘောထား ထုတ်ပြန်ထားသည့် အဖွဲ့လည်း ဖြစ်သည်။ အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ကာလအတွင်း ၎င်းတို့နှင့် တပ်မတော် စစ်ကြောင်းများအကြား တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား အပစ်အခတ် ရပ်စဲနိုင်ရေး ဆွေးနွေးခဲ့ကြသည်မှာ ၄ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ရှိသည့်အနက် ၁၄ ဖွဲ့နှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး ထိုအဖွဲ့များနှင့်လည်း တိုက်ပွဲပေါင်း များစွာ ဖြစ်ပွားခဲ့သည်။

ယင်းသို့ ဆွေးနွေးညှိနှိုင်းနေဆဲ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ လှုပ်ရှား နယ်မြေများအတွင်း တပ်မတော်က ထိုးစစ်ဆင်မှုများ၊ တပ်အင်အား တိုးချဲ့ခြင်းများ ပြုလုပ်နေသဖြင့် တိုင်းရင်းသား ခေါင်းဆောင်များက စိုးရိမ်မှုများ ရှိနေကြောင်း ပြောဆိုနေကြသည်။
ဧရာဝတီ

တပ်မတော်က အာဏာပြန်သိမ်းရန် အစီအစဉ်လုံးဝမရှိဟုဆို

မီဒီယာများနှင့် တွေ့ဆုံပြီး သတင်းထောက်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားနေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − လှလှဌေး/အေအက်ဖ်ပီ)

ရွေးကောက်ပွဲနှင့်ပတ် သက်၍ အာဏာပြန်သိမ်းရန် အ စီအစဉ်လုံးဝမရှိကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့် မီဒီယာများနှင့်တွေ့ဆုံရှင်း လင်းပွဲ၌ ပြောကြားလိုက်သည်။

ရွေးကောက်ပွဲ နီးလာချိန်တွင် တပ်မတော်က အုပ်ချုပ်မှုပိုင်းဆိုင်ရာများပြန်လည်တာဝန်ယူ နိုင်မည့် အခြေအနေနှင့် စပ်လျဉ်း၍ သတင်းထောက်တစ်ဦး၏ မေးခွန်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

‘‘အတိုဆုံးအဖြေကတော့ ဒီ လိုအစီအစဉ်လည်း ကျွန်တော့်မှာ လုံးဝမရှိဘူးဆိုတာ ကျွန်တော်တင်မဟုတ်ဘူး။ တပ်မတော်မှာ လုံးဝ အစီအစဉ်မရှိဘူးလို့ ကျွန် တော် ပြောပါရစေ’’ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောသည်။

တပ်မတော်သည် စည်းမျဉ်း စည်းကမ်းနှင့်အညီဆောင်ရွက် ရန် လိုလားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အာဏာသိမ်းမည်ကို လိုလားခြင်းမရှိကြောင်း မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

‘‘တပ်မတော်ရဲ့ဆန္ဒအရအာဏသိမ်းတာမျိုးကို ကျွန်တော်တို့မလိုလားပါဘူး။ ကျွန်တော်တို့ ဒီဆန္ဒတကယ်အမှန်ပါ။ ဒီကိစ္စကိုမကြိုက်ပါဘူး’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ကြားသည်။

ဆက်လက်၍လည်း ‘‘တပ်မတော်ဆိုတာ စည်းနဲ့ကမ်းနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအပြင်စည်းကမ်းကိုအခြေခံပြီး လုပ်ဆောင်ရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ အင်မတန်ကြီးမားတဲ့ အင်စကီးကျူးရှင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် စည်းကမ်းနဲ့ အညီပဲ ကျွန်တော်တို့ သွားချင်ပါတယ်။ သွားဖို့လိုလားပါတယ်’’ ဟု ပြောသည်။

ထို့အပြင် ‘‘ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာတွေ ရှိပါတယ်။ဒီပြဋ္ဌာန်းချက်အတိုင်း ကျွန်တော်တို့ သွားပါမယ်။ ကျွန်တော်တို့ ဒါကို ကျော်လွန်လို့ မရပါဘူး’’ ဟု ဆက်လက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် စာနယ်ဇင်းကောင်စီ(ယာ ယီ)၊ မီဒီယာများ နေပြည်တော် တွေ့ဆုံပွဲတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အစ္စရေးခရီး စဉ်၊ ရေဘေးကယ်ဆယ်ရေး၊ ငြိမ်း ချမ်းရေးနှင့် စစ်ဘက်ရေးရာ အ သုံးအနှုန်းများမှန်ကန်စွာရေးသား ဖော်ပြနိုင်ရေးစသည့်ကိစ္စရပ်များ ကို ရှင်းလင်းပြောကြားခဲ့သည်။
7 Day

တပ်မတော်နှင့် ကိုးကန့်အဖွဲ့ တိုက်ပွဲဖြစ် တပ်မတော်ဘက်မှ နှစ်ဦး ဒဏ်ရာရ

ရန်ကုန် (မဇ္ဈိမ)။ ။ လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ဦးဖုန်ကြားရှင်ဦးဆောင်သည့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ တိုက်ပွဲများ ဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၂၄ ရက်က ထိတွေ့ တိုက်ပွဲ များ ထပ်မံဖြစ်ပွားပြီး တပ်မတော်ဘက်မှ စစ်သည်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်က သတင်း ထုတ်ပြန်သည်။



(ဓာတ်ပုံ - အီးပီအေ)

ဖေဖော်ဝါရီ ၂၄ ရက်က ကုန်ကြမ်း - လောက်ကိုင်လမ်းရှိ ကားလမ်း မိုင်တိုင် ၂၃ အနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး တပ်မတော်ဘက်မှ နှစ်ဦး ဒဏ်ရာရရှိခြင်း ဖြစ်သည်။

ထိုအပြင် လောက်ကိုင်မြို့၏ အနောက်တောင်ဘက် နှစ်မိုင်ခန့် အကွာတွင်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တရုတ်စက် လတ်တစ်လက်၊ ကျည်များ၊ ယမ်းချောင်းနှင့် တိုက်မိုင်းများ သိမ်းဆည်းမိခဲ့သည်ဟုလည်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ကိုးကန့်အဖွဲ့၏ အမာခံတစ်ဦးဖြစ်သူဟု ယူဆရသူတစ်ဦးကိုလည်း ဖမ်းဆီးမိခဲ့ပြီး စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့သည်။ ပါစင်ကျော် ကျေးရွာနှင့် ချင်းရွှေဟော်ကြားတွင်လည်း မွန်းလွဲပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သေးသည်။

ဖေဖော်ဝါရီ ၉ ရက်ကစပြီး တပ်မတော် နှင့် ကိုးကန့်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်များ လည်း အများအပြားရှိနေပြီဖြစ်သည်။ ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားရာ ကိုးကန့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသကို သမ္မတအမိန့်ဖြင့် တပ်မတော်သို့ အာဏာလွှဲပေး ခဲ့သည်။
Mizzima

တပ်မတော် လက်နက်ကြီး ကျည်မှန်ကာ တပ်ကြပ်ကြီး တစ်ဦးသေဆုံး

ရန်ကုန် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် ၁၆ မိုင်အကွာရှိ အမှတ် ၁၃ တပ်မတော်တန်းမြှင့် သင်တန်းကျောင်းမှ လက်နက်ကြီး ပစ်ခတ်လေ့ကျင်ရာတွင် ကျည်မှန်ကာ တပ်ကြပ်ကြီးတစ်ဦး သေဆုံးပြီး နှစ်ဦးမှာ လက်ချောင်း ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့သည်။


“လက်နက်ကြီး ကျည်ထည့်နေတဲ့အချိန်မှာ ပေါက်ကွဲသွားလို့ လက်ချောင်းတွေ ပြတ်ကုန်တယ်။ တစ်ယောက် က တံတောင်ဆစ်က ပြတ်တယ်။ စခန်းကို ပြန်ရောက်တဲ့ အချိန်မှာသေသွားတယ်" ဟု သင်တန်းကျောင်းနှင့် သုံးမိုင်အကွာရှိ ကျောက်ဖျာကျေးရွာအုပ်စု၊ တွင်းငယ်ရပ်နေ ဦးမင်းမင်းထွန်းက မဇ္ဈိမကို ပြောသည်။

ယခုဖြစ်စဉ်သည် စက်တင်ဘာလ ၂၆ တွင် ဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၄ မှ အောက်တိုဘာ၅ အထိ လေ့ကျင့်ကြ မည်ဖြစ်၍ လေ့ကျင်ရေးကွင်း၏ တစ်မိုင်ပတ်လည်သို့ မည်သူမှမလာရောက်ရန် အသိပေးထားသည်ဟု ကျောက်ဖျာ အုပ်ချုပ်ရေးမှုး ဦးဇော်နိုင်က ဆိုသည်။

လေ့ကျင်ရေးကျောင်းမှ ကျည်များ ရွာသားများ၊ နွားများကို ထိမှန်နေမှုအတွက် လွှတ်တော်ကိုယ်စားလှယ်ထံ အကြောင်းကြားကာအကူအညီတောင်းခံလိုသော်လည်း ကိုယ်စားလှယ်များကိုပင် သိရှိမှု မရှိဟု ဦးမင်းမင်းထွန်း ကဆိုသည်။

သြဂုတ် ၂၃ လေ့ကျင့်မှုတွင်လည်း မွေးရာပါ မသန်စွမ်း အမျိုးသမီးငယ်တစ်ဦး၏ ဦးခေါင်းကို ကျည်ဆန်ထိ မှန်ခဲ့ဖူးပြီး၊ ခုနစ်မိုင် လေ့ကျင့်ရေး သင်တန်းအမှတ် (၂)၊ ကုတင် ၁၀၀ ဆေးရုံတွင် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရသည်။

ကြိုတင်အကြောင်းမကြားဘဲ ပစ်ခတ်ခဲ့သည့် စက်တင်ဘာ၁၇ လေ့ကျင်မှုများတွင်လည်း စားကျက် လွတ်ထား သည့် နွား ၇ ကောင်ကိုထိမှန်ခဲ့ပြီး နှစ်ကောင် သေဆုံးခဲ့သည်။

Credit to mizzima

အစိုးရတပ် စစ်ယာဉ်တန်းကို လက်နက်ကိုင်တချို့ ခြုံခိုပစ်ခတ်

ကရင်ပြည်နယ် မြဝတီမြို့မှာ အစိုးရတပ်က တပ်ဖွဲ့ဝင် အယောက်တစ်ရာ ကျော်ပါရှိတဲ့ စစ်ယာဉ်တန်းကို မြို့ အဝင်နားမှာ အမည်မသိသူတချို့က ချောင်းမြောင်း တိုက်ခိုက်တဲ့အတွက် အစိုးရ တပ်ဖက်က သေဆုံးမှု နဲ့ ဒဏ်ရာရမှုရှိတယ်လို့  မျက်မြင်တွေ ကပြောကြပြီး၊ မြို့နေပြည်သူကြားမှာလဲ အထိတ်တလန့် ဖြစ်သွား တယ်လို့ သိရပါတယ်။

မနက် ၁၁ နာရီလောက်မှာ ဖြစ်ခဲ့တဲ့ အဲဒီခြုံခိုတိုက်ခိုက် သူတွေဟာ ဘယ်အဖွဲ့ကလဲဆိုတာ မသိရသေးတဲ့ အကြောင်း မြို့ ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရှေ့တန်းထွက်လာတဲ့ ကားယာဉ်တန်းကို ပစ်သွား တယ်၊ မြို့အဝင်နားမှာ ခြံဝင်းထဲကနေချောင်းပစ်တာ ဘယ်သူမှန်းမသိဘူး၊ ခြံဝင်းတွေကတော့ ငြိမ်းချမ်းရေး အဖွဲ့တွေကို ပေးထားတဲ့ ခြံဝင်းတွေပဲလေ၊ ၂ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရသွားတယ် လို့ကြားတယ်၊ ဖြစ်စဉ်က ၁၅ မိနစ်လောက်ပဲ ကြာလိုက်တယ်"

အနည်းဆုံး ၂ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့  ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တစ်ဖွဲ့ က အမည်မဖေါ်လိုသူ မျက်မြင်တစ်ဦးကပြောပေမယ့်၊ ရဲစခန်းနဲ့ စစ်တပ်ကတော့ အတည်ပြုပြောဆိုမှု မရှိပါဘူး။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးကြီးတိုက်ဂါးကတော့ ပြီးခဲ့တဲ့သတင်းပတ်မှာ ယူနီဖေါင်း နဲ့ လက်နက်တွေကိုင်ပြီး မြို့ထဲမဝင်ရဆိုတဲ့ စစ်တပ်နဲ့  အပြန်အလှန်စာထုတ်ပြီးတဲ့နောက်ပိုင်း အခြေအနေတွေ ထပ်ပြီးရှုပ်ထွေးမှုမဖြစ်အောင် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက မြဝတီမြို့ကနေ ရှောင်နေခဲ့တယ်လို့ သိရပါတယ်။

RFA

ဗိုလ်မှူးတစ်ဦးကို ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးသဖြင့် အရေးယူသည်ဆိုသည့် သတင်းအမှန်


လက် ရှိ အုပ်ချုပ် နေတဲ့ ဗိုလ် ချုပ် တွေ ကို တော့အသုံး မကျဘူး တစာစာ ပြော နေ ပြီး ဗိုလ် ပြုတ် တွေ ကို ရှေ့ တန်း တင် ပြ နေတာ မသိ စိတ် မှာ စစ် ဗိုလ် တွေ ကို ကြိတ်ပြီး အထင်ကြီး စိတ် ဝင် နေ လို့ ပါ။ ဗိုလ်မှူး ကျော်စွာဝင်း ရဲ့ ဖြစ်စဉ် အမှန်က ဒီလို တဲ့ဗျ။

ကျွန်တော် ဒီကိစ္စ လေးကို မတင်ချင်ပါဘူး။ မတင်ရင်မဖြစ်တော့လို့တင်တာပါ။ ဒီ photo က အကြောင်းအရာတွေဟာ အပြစ်ရှိ ဗိုလ်မှူး တစ်ဦး ရဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဝါဒဖြန့်တာပါ။

ယခု photo ပါ ဗိုလ်မှူး ကျော်စွာဝင်း ဟာ အမ်းတပ်နယ်ကပါ။ ၇၅၇ တပ်မှူးပါ။ ၂၀၁၃ ခုနှစ်မှာ သူ့တပ်က ရဲဘော်(မောင်ဖြူ ဟုမှတ်ပါ) တစ်ဦးထွက်ပြေးပါတယ်။ ဒါကို အထက်ကို အစီရင်မခံပဲ သတင်းထိန်ချန်ထားပြီး ခွင့်မဲ့ လစာတွေ ထုတ်စားပါတယ်။ နောက် အဲ့ဒီ ရဲဘော် မောင်ဖြူကို ပြန်ရှာပြီး တပ်က ဗဟိုကင်းမှာ ပြန်ခေါ်ထားပါတယ်။ ဒါတွေက ဘယ်အထက်လူကြီးကိုမှ သတင်းမပို့ပဲ သူ့တပ်အတွင်းမှာပဲ ဖုံးကွယ်ထားတာပါ။ အဲ့ဒီ ရဲဘော် မောင်ဖြူက တော်တော် ဆိုးပါတယ်။ အမြဲမူးရူးပြီး ဆိုးသွမ်းနေတာပါ။ တစ်နေ့မှာ အဲ့ဒီရဲဘော် မူးနေတာကို ဒုအရခဗ က ဆူပြီး ဆုံးမပါတယ်။ ပြန်ခံပြောလို့ ရိုက်လိုက်ပါတယ်။ အဲ့ ဒါကိုမကျေနပ်လို့ ရဲဘော် မောင်ဖြူက ဒုအရခဗ ကို အိပ်နေတုန်း အခန်းတံခါးမှန်ကို ခွဲပြီး ဓတ်ဆီ ပုလင်းပစ် မီးရှို့ပါတယ်။ ပြီးနောက် ရဲဘော် မောင်ဖြူ တပ်ကနေ ထွက်ပြေးသွားပါတယ်။ ဒုအရခဗ ဆရာကြီးက မီးလောင်ဒဏ်ရာနဲ့ ဆုံးသွားပါတယ်။ ဒါကို တပ်မှူး ဖြစ်သူ ဗိုလ်မှူးကျော်စွာဝင်းက ဖြစ်စဉ်မှန်ကို တိုင်းစစ်ဌာနချုပ်ကို မတင်ပြပဲ ဘက်ထရီအိုး ပေါက်ကွဲလို့ အက်စစ်လောင်သေတာပါလို့ ဖြစ်စဉ် လိမ်ပါတယ်။ နောက် ၁ ပတ် ခန့်အကြာ မှာ ရဲဘော် မောင်ဖြူက သူ့ ကို အရေးမယူရင် ပြန်လာမယ်လို့ ဗိုလ်မှူးကျော်စွာဝင်းဆီ ဆက်သွယ်တော့ ဗိုလ်မှူးကျော်စွာဝင်းက အရေးမယူဘူး သူတာဝန်ယူတယ် ဆိုပြီး ပြန်လာဖို့ ခေါ်ပြီး ဗဟိုကင်းမှာ ကင်းသားတာဝန်ပြန်ပေးထားပါတယ်။ အဲ့ဒီမှာ အသက်ဆုံးသွားတဲ့ ဒုအရခဗ ဆရာကြီးရဲ့ သားက မခံရပ်နိုင်ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်ကို တိုင်လို့ ဒီဖြစ်စဉ်တွေကို သိရပြီး ဗိုလ်မှူး ကျော်စွာဝင်းကို ဖြစ်စဉ်လိမ်လည်မှု သတင်းထိန်ချန်မှုတွေအတွက် စုံ/ခုံ ဖွဲ့ပြီး စစ်ဆေး အရေးယူတာပါ။ သူ့ကို ချုပ်နှောင်ခြင်းမပြုသေးပါဘူး။ ခြေချုပ်သဘောမျိုးနဲ့လွှတ်ပေးထားတာပါ။ ဒီအမှုမှာ သူ အခြေအနေမကောင်းတော့ဘူး ထောင်ကျတော့မယ်ဆိုတာကို သိလို့ NLD နဲ့ပေါင်း လူမှုကွန်ယက် ဖေ့ဘွတ်အားကိုးနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်သွားထိုးပြီး ဓတ်ပုံအရိုက်ခံကာ ဝါဒဖြန့်တာပါ။ NLD ကလဲ တပ်မတော်ဗိုလ်မှူး က ထောက်ခံ တယ်ဆိုပြီး ဝါဒဖြန့် ကာ တပ်သား ရဲဘော်တွေကို စည်းရုံးချင်လို့ တပ်တွင်းပုန်ကန်မှုတွေ ဖြစ်စေချင်လို့ ဝါဒဖြန့်တာကို လုပ်တာပါ။ သူ့ကို ဖမ်းထားတာ သတင်းထိန်ချန်မှု ဖြစ်စဉ် လိမ်လည်မှုပါ။ သူ့ရဲ့ တပ်မှူး မပီသမှုကြောင့် ဒုအရခဗ ဆရာကြီး အသက်ဆုံးရှူံး ခဲ့ပြီးပါပြီ။

ဒါ့ကြောင့် ဗိုလ်မှူးကျော်စွာဝင်းတို့ရဲ့ လိမ်လည် ဝါဒဖြန့် အမြတ်ထုတ်မှု ဖြစ်စဉ် အမှန်ကို ပြည်သူအများသိအောင် များများ share လုပ်ပေးကြပါ။

ဝါဒဖြန့် နိုင်ငံရေးအမြတ်ထုတ်မှုတွေကို မလိုလားတဲ့

မိုးကျရွှေကိုယ်

အစိုးရနှင့် NCCT ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့ရေးနှင့် ပူးတွဲကော်မတီ ဖွဲ့စည်းပုံကို စက်တင်ဘာတွင် ဆွေးနွေးနိုင်ရန် NCCT ပြင်ဆင်


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တတိယမူကြမ်းနှင့် ပတ်သက်၍ အစိုးရနှင့် NCCT တို့ ဆွေးနွေးရန် ကျန်ရှိနေသည့် နှစ်ဖက်ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေးအပါအဝင် ကော်မတီဖွဲ့စည်းပုံ များကို စက်တင်ဘာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တွေ့ဆုံဆွေးနွေးရန် ကိစ္စများကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ဆွေးနွေးခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောသည်။

ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရေးတွင် ပါဝင်မည့်သူများ၊ ကော်မတီ ဖွဲ့စည်းပုံကို အစိုးရနှင့် ဆွေးနွေးရေး အပါအဝင် ကြားကာလ အစီအစဉ်များ ကိုလည်း NCCT က ဆွေးနွေးခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးပြီးနောက် စာချုပ်တွင် ပါဝင်သော အချက်များကို ဦးဆောင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ရန်အတွက် အဆိုပါ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရန်အတွက် အရေးကြီးခြင်းဖြစ်သည်ဟု သူက ပြောသည်။

“တကယ်ပဲ နိုင်ငံရေးဆွေးနွေးပွဲမှာ ရရှိလာတဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်ဖို့ရယ်ဆိုတော့ စာချုပ်မှာလဲ နှစ်ဖက်ကအတူတူ ချုပ်တယ်ဆိုတော့ ဒီစာချုပ်ပါ အချက်တွေကိုလည်း နှစ်ဖက်အတူ ဦးဆောင်ဖို့လိုတယ်။ ဆိုတော့ သိပ်အရေးကြီးပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရန် အစိုးရနှင့် ပြေလည်အောင် ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း “အဓိက အစိုးရရဲ့ ဖွဲ့စည်းပုံကြောင့် ဖြစ်ပါလိမ့်မယ်။ အစိုးရမှာက ဦးဆောင်မယ့် ကော်မတီအဆင့်ဆင့်တွေ ရှိတယ်။ ဥပမာ သမ္မတရုံးတို့၊ UPCC၊ UPWC စသည်ဖြင့် အဆင့်လိုက်ရှိတဲ့အခါမှာ ဒီဆက်သွယ်မှု စနစ်တွေအပေါ်မှာ သူတို့ စီစစ်နေတာ ဖြစ်မယ်လို့ ထင်ပါတယ်” ဟု သူက သုံးသပ်ပြောဆိုသည်။

အစိုးရနှင့် NCCT တို့ ဆွေးနွေးရန် ကျန်နေသော အချက်များမှာ စောင့်ကြည့်ကော်မတီဖွဲ့စည်းခြင်း၊ အပစ်အခတ် ရပ်စဲပြီးနောက်နှင့် နိုင်ငံရေးဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ မချမှတ်မီ ကြားကာလတွင် တပ်နေရာချထားရေး အစီအစဉ်နှင့် ပြန်လည် မပစ်ခတ်စေရန် စည်းကမ်းချမှတ်ခြင်းများနှင့် အပစ်အခတ်ရပ်ရေး သဘောတူညီမှုတွင် ပါဝင်မှုသူများ သတ်မှတ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်မည့် အစုအဖွဲ့ သတ်မှတ်ရေးတို့ ဖြစ်သည်။

ထို့ပြင် ကြားကာလအစီအစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား စိုးရိမ်မှုများရှိသဖြင့် နှစ်ဖက် နားလည်မှု တည်ဆောက်ရန် အရေးကြီးကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ဆက်ပြောသည်။

“တစ်ဖက်နဲ့တစ်ဖက် ဘာကို စိုးရိမ်တာလဲ။ အပြန်အလှန်ဘယ်လို ကတိပြုမလဲဆိုတဲ့ အပေါ်မှာ အဓိကတော့ ယုံကြည်မှု အပေါ်မှာ တည်ဆောက်ဖို့ လိုပါတယ်။

အချက်အလက်အပေါ်မှာ ရေးသားထားတာ ဖြစ်သော်လည်းဘဲ အချက်အလက်ဆိုတာက တဖက်ဖက်က ချိုးဖောက်လို့ရှိရင် ပျက်ဆီးသွားတဲ့ကိစ္စမျိုးပေါ့နော်။ အဲတော့ ဒီအပေါ်မှာ တဖက်နဲ့ တဖက် မပျက်ဆီးအောင် ဘယ်လိုလုပ်မလဲ၊ အပြန်အလှန်ဘယ်လို လေးစားမလဲဆိုတဲ့ နားလည်မှုကို သိပ်အရေးကြီးပါတယ်” ဟု သူက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီ ဖွဲ့စည်းရန် NCCT ဘက်မှ တင်ပြခဲ့မှုကို အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆိုင်ရာကော်မတီ ဟူ၍ ယာယီသဘောတူညီမှု ရရှိထားသည်။

သို့သော် NCCT ဘက်မှ တစ်နိုင်ငံလုံး အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဦးဆောင်ကော်မတီတစ်ခု မရှိဘဲ လုပ်ငန်းကော်မတီ အဆင့်ဖြင့်သာ လုပ်ဆောင်ပါက ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားလျှင် ဖြေရှင်းပေးနိုင်မည့် ပူးတွဲ ဦးဆောင်ကော်မတီ လိုအပ်သည်ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်းက ယမန်နေ့က ပြောဆိုခဲ့သည်။

NCCT ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တတိယမူကြမ်းအပေါ် သုံးသပ်ခဲ့သော အကြို ဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ နယ်စပ်မြို့ တစ်ခုတွင် ကျင်းပခဲ့ရာ ယနေ့တွင် အစည်းအဝေး အသုံးသပ်လိုက်ပြီ ဖြစ်သည်။

NCCT အစည်းအဝေးတွင် တပ်ပိုင်း ဆိုင်ရာကိစ္စနှင့် နှစ်ဘက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း နှင့် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများ ဆွေးနွေးရန်အတွက် KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်သော ကော်မတီ တစ်ရပ် ဖွဲ့စည်းခဲ့သည်။

ကျင့်ဝတ်စည်းမျဉ်း၏ ဦးဆောင်ကော်မတီအဖြစ် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးစောလုံ့လုံ့ကို တာဝန်ပေးအပ်လိုက်ကာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဦးဆောင် ကော်မတီအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် စောတာဒိုမူးကို တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေးအတွက် NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် CNF မှ အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်တို့ကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခဲ့သည်ဟု သူက ဆိုသည်။

UWPC ဘက်မှ တစ်နိုင်ငံလုံးအပစ်ရပ် တတိယမူကြမ်းကို ဆွေးနွေးရန် အစိုးရဘက်က အဆိုပြုသည့် စက်တင်ဘာလ ၂၂၊ ၂၃၊ ၂၄ ရက်များ အပါအဝင် ငါးရက်တွေ့ဆုံရန် NCCT ဘက်က ဆုံးဖြတ်ထားသည်။

Mizzima

တပ်မတော်နှင့် ကေအိုင်အိုကြား တိုက်ပွဲထိတွေ့မှု ၉၀ ရာခိုင်နှုန်းထိ လျော့ကျဟုဆို

တပ်မတော်နှင့် KIO အကြားတိုက်ပွဲများ ဖြစ်ပွားမှုလျော့ကျပြီး နယ်မြေထိစပ်နေသည့် နေရာများတွင် နှစ် ဖက်တပ်ထိတွေ့ပစ်ခတ်မှုများ ၉၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီဟု ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ်ဂျာကမဇ္ဈိမကိုပြော သည်။
စက်တင်ဘာလ ၅ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးကော်မတီနှစ်ရပ် ခြောက်ကြိမ်မြောက်ေ တွ့ ဆုံဆွေးနွေးရာမှ ထွက်ရှိလာသည့် အချက်ဖြစ် သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။


“ကော်မတီက စောင့်ကြည့်တယ်။အထက်ကဆွေးနွေးတဲ့ အချက်တွေကို အောက်ခြေကို စီးဆင်းအောင် လုပ်တော့ နားလည်မှုတွေရလာတာပါ”ဟု ပြောသည်။
နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေးညှိနှိုင်းမှုများ အောင်မြင်နေသော်လည်း ၂၀၁၄ ခုနှစ်၊ နှစ်လယ်ပိုင်းထိ အစိုးရ နှင့် ကေအိုင်အိုတို့အကြား အောက်ခြေတပ်များတွင် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်ကပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့် ပေးထားသည်ဟုအမည်ထွက်နေသည့် ကျောက်စိမ်းတူး ဖော်ရေးဖားကန့်မှော်ကိစ်္စနှင့်မူးယစ်

ဆေးဝါးတားဆီးပညာပေးရေးဆိုင်ရာ ကိစ္စရပ်များ လည်း ဆွေးနွေးခဲ့သည်ဟု နှစ်ဖက်တာ ၀န်ရှိသူများက မဇ္ဈိမ ကိုပြောသည်။

ဦးလမိုင်ဂွမ်ဂျာက “မှော်ကိစ္စက ကောလာဟလပါ၊ နောက်(KIO)နယ်မြေမှာ မူးယစ်ဆေးဝါးထိန်းချုပ် ပညာ ပေးတာ အရင်ကမအောင်မြင်ဘူး၊ ခုတော့တော်ေ တာ် အောင်မြင်တယ်၊ အရင်ကလမ်းပေါ်မှာ၊ ကျောင်းမှာ သုံးတဲ့ သူတွေရှိတယ်။ အခုပပျောက်လာပြီ” ဟု ဆိုသည်။

မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းဆောင်ရွက်ရာ ကေအိုင်အိုမှ ဖမ်းဆီးကာ အစိုးရထံအပ်နှံခြင်းများ ပြု လုပ်နေပြီး မှောင်ခိုဂိုဏ်းများကိုလည်း ပူးပေါင်းဖမ်း ဆီး နိုင်ရန် ဆွေးနွေးနေဆဲဖြစ်သည်။

အစည်းအဝေးတွင် ဆွေးနွေးကြသူများမှာ အစိုးရဘက်က ကချင်ပြည်နယ်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးသန်းအောင် ဦးဆောင်ပြီး ပြည်နယ်အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိများ ပါဝင်သည်။ ကေအိုင်အို အဖွဲ့ တွင်ကေအိုင်အိုမှ ဗိုလ်မှူးကြီးဇော်တောင် ဦးဆောင်သည့်အဖွဲ့တို့ဖြစ်သည်။
မဇ္ဈိမ

LikeLike · · Share · 4

ရှမ်းနှင့်ပအိုဝ်း ပြဿ နာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးရန် အစိုးရတိုက်တွန်း

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ (အက်စ်အက်စ်အေ/အာစီအက်စ်အက်စ်) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို) တို့အကြား ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးကြဖို့ အစိုးရက တိုက်တွန်းလိုက်ပါတယ်။

SSARCSSရှမ်းပြည်နယ် လင်းခေး ခရိုင် မောက်မယ်မြို့ နယ် နောင်ကောင် တီးကျေးရွာ တ၀ိုက်မှာ အစိုးရနဲ့ ပီအန်အယ်လ်အိုတို့ ပူးပေါင်းဆောင်ရွက်နေ တဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက်ကို ရှမ်းပြည် တပ် မတော် တောင်ပိုင်းအဖွဲ့က လာရောက် တိုက်ခိုက်နေတယ်လို့ ပီအန်အယ်လ်အိုဘက်က မီဒီယာတွေကို ပြောကြားထားတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေအချင်းချင်း စားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးဖို့ သမ္မတရုံးဝန်ကြီးဌာန (၄) အတွင်းရေးမှူး ဒုဝန်ကြီး ဦးအောင်သိမ်းက စက်တင်ဘာလ ၃ ရက်နေ့က ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ကို ပေးပို့တဲ့ အကြောင်းကြားစာမှာ တိုက်တွန်းလိုက်တာပါ။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး စိုင်းငင်းကတော့ ပီအန်အယ်လ်အိုက ဒေသဖွံ့ဖြိုးရေးထက် တပ်စခန်း တည်ဆောက်တာကို အလေးထားလို့ ခွင့်မပြုနိုင်ကြောင်း၊ ၃ ရက်နေ့မနက်က ဖြစ်သွားတဲ့ ပစ် ခတ်မှုမှာ ပီအန်အယ်လ်အိုဘက်က စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး အချင်းချင်း တွေ့ဆုံဆွေးနွေးနည်းနဲ့ အဖြေရှာသွားမယ့်အကြောင်း အဲဒီနေ့မှာ ပြန်စာပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

“လက်ရှိနယ်မြေဟာ ကျနော်တို့ နယ်မြေဖြစ်တဲ့အတွက် တပ်စခန်းမဆောက်ဖို့ တားမြစ်တာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ရိုးရိုးပြည်သူတွေအတွက်တော့ ဘာမှပြဿ နာမရှိပါဘူး။ ပီအန်အယ်လ်အိုတပ်ဖွဲ့ဝင်တွေ လှုပ်ရှားရာ ပွန်ချောင်းအနောက်ဘက် ဆီဆိုင်ဒေသ၊ ဟိုပုံးဒေသတို့ကို စွန့်ခွာခိုင်းထားတာ ဖြစ်ပါတယ်။ အစိုးရဘက်ကလည်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာကို ပေးထားပြီး ဖြစ်ပါတယ်။”

ဒီကိစ္စ ညှိနှိုင်းဆွေးနွေးဖို့အတွက် ရှမ်းပြည်တပ်မတော်ဘက်က ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းထားပြီး ပီအန်အယ်လ်အိုဘက်ကိုလည်း ကြားလူနဲ့အကြာင်းကြားခဲ့ပြီးဖြစ်လို့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးနိုင်ဖို့ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

ပီအန်အယ်လ်အိုဟာ ၂၀၀၇ ခုနှစ်က ရလလဖ လို့ခေါ်တဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ကနေ ခွဲထွက်ပြီးတဲ့နောက် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အတူလာနေခဲ့ပြီး ပွန်ချောင်းအနောက်ဘက်ခြမ်းမှာ လှုပ်ရှားခဲ့ကြောင်း၊ ၇ နှစ်ကျော် အချင်းချင်းကြား ဘာပြဿ နာ မှ မရှိပါဘဲနဲ့ နောင်ကောင်ကြီးဘက်မှာ တပ်စခန်း လာဆောက်မှ ခုလိုပြဿ နာ ဖြစ်ရတာလို့ ရှမ်းပြည်တ ပ်မတော်တောင်ပိုင်းက ဆိုပါတယ်။

ပီအန်အယ်လ်အိုအဖွဲ့ဝင် ၃ ဦးကို ရှမ်းပြည်တပ်မတော်က ဖမ်းထားတယ်ဆိုတဲ့ သတင်းဟာလည်း မဟုတ်မှန်ကြောင်း၊ သူတို့သဘောနဲ့ သူတို့ ရောက်ရှိလာတာဖြစ်ပြီး ဌာနချုပ် မှာ ကောင်းမွန်စွာ ရှိနေကြောင်းနဲ့ သူတို့ပြန်လိုက ပြန်နိုင်တယ်လို့ ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

ပီအန်အယ်လ်အိုဟာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ အပစ်ခတ်ရပ်ဆွေးနွေးပြီးတဲ့နောက် အစိုးရက သူတို့ကို ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့ ထိန်းချုပ်နယ်မြေ ကတူးကြီးဒေသမှာ သွားရောက်နေရာချထားပေးခဲ့ရာက အဖွဲ့ ၂ ခုကြား နယ်မြေကိစ္စ မပြေမလည်ဖြစ်ခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့မနက်ပိုင်းက အဲဒီဒေသမှာ နှစ် ဘက်တပ်အကြား ပစ်ခတ်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

DVB

ကာချုပ်မိန့်ခွန်းက အခြေခံဥပဒေပြင်ဆင်ရေး တွန်းအားပင် ဖြစ်စေဟု သုံးသပ်


ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်သည့် စကားကြောင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများ ကြိုးပမ်းနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းအားတစ်ရပ်ပင် ဖြစ်စေကြောင်း နိုင်ငံရေး အင်အားစုများက ဆိုလာသည်။

ဦးသိန်းစိန် အစိုးရသက်တမ်း ၁၉ လသာ ကျန်တော့သည့် အချိန်၊ အတိုက်အခံ နိုင်ငံရေး အင်အားစုများက ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရန် ကြိုးပမ်းနေချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

‘‘အခြေခံဥပဒေကို ဆန့်ကျင် ပြီး ဖက်ဒရယ်အခြေခံမူကို လက် ခံပြီးပြီ။ NCCT နဲ့ UPWC ဆွေး နွေးပွဲမှာ ဒါပါပြီးသား။ ပြုပြင် ပြောင်းလဲတဲ့ တောင်းဆိုချက်တွေ ကို လက်ခံလာပြီးပြီပဲ။ ဒါတွေ အားလုံးဟာ ၂၀၀၈ ကို ဆန့်ကျင် တာတွေချည်းပဲ။ တပ်မတော်က အခြေအနေအရ၊ တာဝန်အရ ဒီအတိုင်းပြောမှာပါပဲ’’ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံး မဲအများဆုံး ဒုတိယရရှိခဲ့သည့် SNLD ခေါင်းဆောင်ဖြစ်ပြီး ယင်းရွေးကောက် ပွဲနောက်ပိုင်း ဖွဲ့စည်းခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ၏ သြဇာကြီးသော ဦးဆောင်သူလည်းဖြစ် သည့် ဦးခွန်ထွန်းဦးက ‘‘သူ့ (ကာချုပ်)စကားကြောင့် အဟန့်အတား မရှိနိုင်ဘူး။ ရှိရင်လည်း ရတဲ့နည်းနဲ့ ပြင်ဆင်ရေး ကို ဆက်သွားရမှာပဲ။ တကယ်လို့ အဟန့်အတား ဖြစ် သွားရင်တော့ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကြာသွား ဦးမှာ’’ ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ် ၂၈ ရက် က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်းပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ‘‘တပ် မတော်သည် အဓိကလုပ်ငန်းတာ ၀န်ကြီး သုံးရပ်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်သည်လည်း တပ်မတော်၏ အဓိကတာဝန်ပင် ဖြစ်ကြောင်း၊ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀ မှာ ‘‘တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာ ကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်’’ဟု အတိအလင်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ တစ် နည်းအားဖြင့် တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘‘၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ ခဲ့စဉ်က အခြေခံမူ ၁၀၄ ချက် ချ မှတ်ခဲ့ပြီး တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အသိပညာရှင် အတတ်ပညာရှင်များ စုပေါင်းပြီး စနစ်တကျ အချိန်ယူရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်း ရင်းသား ပြည်သူတစ်ရပ်လုံးအတွက် စနစ်တကျရေးဆွဲထားသည် ဖြစ်သကဲ့သို့ ပြည်ပနိုင်ငံများ ၏ ဒီမိုကရေစီကို ပုံတူကူးချခြင်းမဟုတ်ဘဲ ကိုယ့်နိုင်ငံ၏ ပထ၀ီဝင်အ နေအထား၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းသမိုင်းအစဉ်အ လာတို့ကိုပါ ထည့်သွင်းစဉ်းစားပြီး စနစ်တကျ ရေးဆွဲအတည်ပြု ထားခြင်းလည်းဖြစ်ကြောင်း၊ ပြည် သူလူထု၏ ဆန္ဒနှင့်အညီ ရေးဆွဲ အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တပ်မတော်အ နေဖြင့် လေးစားလိုက်နာရမှာ ဖြစ်သကဲ့သို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လည်း ကာကွယ်စောင့်ရှောက် သွားရမည်ဖြစ်ကြောင်း ၎င်းက မိန့်ခွန်းခြွေခဲ့၏။

‘‘၂၀၀၈ ဖွဲ့စည်းပုံမှာ ပြန် ပြင်ဆင်နိုင်တဲ့ ပြဋ္ဌာန်းချက်ပါ တယ်။ ဒီအတွက် ပြန်ပြင်ရတာကိုလည်း တပ်မတော်က ကာ ကွယ်စောင့်ရှောက်ရမှာပဲ။ ပြင် ဆင်ပေးခြင်းဟာ ဆက်လက်ရှင် သန်ဖို့အတွက် အရေးကြီးတယ် လို့ လက်ခံလာလို့ ပြင်ဆင်ခြင်း ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ကာ ကွယ်နိုင်ခြင်းရဲ့ တစ်ခုတည်း သော နည်းလမ်းပဲလို့ ယုံကြည်လာလို့လည်းပဲ ဒီဖွဲ့စည်းပုံကို ပြင် ဆင်တာကို တပ်မတော်က လက် ခံတယ်ဆိုတဲ့ သဘောလည်း ရတယ်။ နောက်တစ်ဖက်က ကြည့်ရင် လုံးဝမပြင်နဲ့ ကာကွယ်မယ်လို့ လည်း ကောက်ချက်ချလို့ ရတယ်။ ဒီကြားမှာ သူ့သဘောရှိမှာပဲ’’ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်သည်။

တပ်မတော်သည် လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အညီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းမှုရရှိရေး လုပ်ငန်း များ ဥပဒေဘောင်အတွင်းမှ တက်တက်ကြွကြွ လုပ်ဆောင်နေသည် ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောခဲ့သည်။

မကြာသေးမီက နေပြည်တော်တွင် ‘၀’အထူးဒေသ (၂) မှ ဗဟိုကော်မတီဝင်နှင့် မိုင်းလားအ ထူးဒေသ (၄)မှ ဒုတိယဥက္ကဋ္ဌတို့ နှင့် တွေ့ဆုံစဉ်အတွင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်၏ ငြိမ်းချမ်းရေးမူ ခြောက်ချက်အကြောင်း ပြောခဲ့ သေးသည်။

ယင်းငြိမ်းချမ်းရေးမူ ခြောက် ချက်၏ ဆဋ္ဌမမြောက်အချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း လုပ် ဆောင်ရမည်ဟု ပါရှိသည်။ ယင်း အချက်မှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဘက်က လက် ခံနိုင်ခြင်း မရှိသော အချက်တစ် ချက်လည်း ဖြစ်သည်။

‘‘ ‘၀’၊ မိုင်းလားတို့နဲ့ တွေ့ တုန်းက ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကို အထူးလိုလားတယ်လို့ ပြောခဲ့ တယ်။ ဒါက ပြင်သင့်တာကို ပြင် မှ ဖြစ်မယ်လို့ သိပြီး ဘောင်ထဲက ပြင်ခြင်းကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တွန်းနေတယ်လို့ သုံးသပ်လို့လည်း ရတယ်’’ ဟု ဒေါက်တာအေးမောင်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရန် အစိုးရပိုင်းက ရော လွှတ်တော်ပိုင်းကပါ ပြော ကြားမှု ပြုလုပ်လာပြီးနောက် ယခု ဆိုလျှင် လွှတ်တော်တွင်နှစ်ကြိမ် ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေခဲ့ ပြီ ဖြစ်သည်။ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောကြား သည့် တပ်မတော်သဘောထား နှင့် ပတ်သက်၍ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ဖြူဖြူသင်းက ယခုကဲ့ သို့ မှတ်ချက်ပြုသည်။

‘‘အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်မယ် လို့ ပြောလာတာက စကားရှေ့ နောက်မညီသလို ဖြစ်နေတယ်။ ပြည်သူ့ဆန္ဒနဲ့မညီရင် အကုန်လုံး ပြောင်းရမှာပါ’’ ဟု ပြောသည်။

ပြင်ဆင်ရေးကို ချုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အ ခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန်အတွက် လူထုဆန္ဒလက်မှတ်ကောက်ယူသည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ မြန်မာနိုင်ငံ တစ်ဝန်းတွင် ပူးပေါင်းလုပ်ဆောင်နေခဲ့ကြသည်။

‘‘အားလုံးက ပြင်ဖို့ ၀ိုင်းကြိုး စားနေတဲ့အချိန်မှာ ဒီလိုပြော လိုက်တာက ပြည်သူလူထုကြား သံသယပွားစရာ ဖြစ်စေပါတယ်။ ဒီအချိန်မှာ နောက်ကြောင်းပြန် မပြောသင့်ဘူး။ ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီး မပြောသင့် ဘူး။ ဒီအချိန်က ၀ိုင်းပြီး ကြိုးစားရ မယ့်အချိန်ပါ’’ ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ် ဦးဖြစ်သည့် ဦးမြအေးက ပြော သည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များက တောင်းဆိုသည့် ဖက်ဒရယ်မူ အခြေခံဆွေးနွေးရန်ကို အစိုးရဘက်က လက်ခံလိုက် ပြီး အစိုးရသတ်မှတ်ထားသည့် ဒို့ တာဝန်အရေးသုံးပါးကို အခြေခံ ၍ ဆွေးနွေးရန်မူကိုလည်း တိုင်း ရင်းသားတို့ဘက်က လက်ခံလိုက် ပြီးသည့်နောက်တွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT) ဒုတိယ ခေါင်းဆောင် ဖဒိုစောကွယ်ထူး ၀င်းက နိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုမှတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ကဏ္ဍလည်း ပါဝင်နေကြောင်း ပြောကြားခဲ့သည်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT)တို့ ညှိနှိုင်းနေ ကြသည့်အဆင့်တွင် ရှိနေသည်။ NCA ပြီးပါက နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ မူဘောင်ရေးဆွဲအတည်ပြု၍ ‘‘ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ’’ အမည်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးသားရမည် ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗိုလ်သင်တန်းကျောင်းတွင် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-မြ၀တီ)
7Day Daily

မြန်မာ့တပ်မတော်မှ အမျိုးသမီး ဗိုလ်လောင်းများ ယနေ့သင်တန်းဆင်း



မြန်မာ့တပ်မတော်မှ အမျိုးသမီးဗိုလ်လောင်းများ ယနေ့သင်တန်းဆင်းကာ အရာရှိများ အသီးသီး ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဗိုလ်လောင်းများအတွက် လျှောက်လွှာခေါ်ယူခဲ့ရာမှာ စံချိန်တင် ဗိုလ်လောင်းလျှောက်လွာ ၄သိန်းခွဲ ခန့်ရရှိခဲ့ပြီး ၎င်းတို့ထဲမှ စံကာတင် အယောက် ၁၀၀ ခန့် ရွေးချယ်သင်တန်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးသားဗိုလ်လောင်းလျှောက်လွှာ DSA,DSTA နဲ့ DSMA ကျောင်းသုံးကျောင်းပေါင်းလျှောက်လွှာတောင်မှ တစ်သိန်းမကျော် ခဲ့ပါဘူး။ စံအဖြစ် ကျောင်းသုံးကျောင်းပေါင်းတောင် တစ်သိန်းခွဲသာရှိခဲ့ဘူးတယ်လို့ သိရပါတယ်။ မြန်မာ့တပ်မတော်မှာ 
တာဝန်ထမ်းဆောင်လိုတဲ့ အမျိုးသမီးများစွာ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ပါ။ ယခုလို မြန်မာ့တပ်မတော်မှာ
သမီးကောင်းဇာနည်တွေရောက်ရှိလာတဲ့ အတွက် တိုင်းပြည်အတွက် အားရစရာပါ။ နောက်ထပ် 
အမျိုးသမီး ဗိုလ်လောင်းသင်တန်းအပတ်စဉ်တွေ ထပ်ဖွင့်သွားမယ်ဆို လျှောက်လွှာထပ်တင်အုံးမယ်လို့
ပထမအကြိမ် လျှောက်လွှာတင်စဉ်က ရွေးချယ်မခံခဲ့ရတဲ့ မာစတာ ကျောင်းသူ တစ်ဦးက ဆိုပါတယ်။
သူမက ငယ်ငယ်တည်းက ဗိုလ်ကြီးမမ လုပ်ပြီး တိုင်းပြည်အကျိုးသယ်ပိုးချင်သူပါ လို့ ၎င်းရဲ့ ရည်မှန်းချက်ကို
ပြောဆိုခဲ့ပါတယ်။

နန္ဒကျော်စွာ(ပြည်သူ့ခေတ်)

ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသော သင်္ဘောဆီထုတ်ရောင်းသည် ဆိုသည့်သတင်း တပ်မတော်(ရေ)ပြန်လည်ရှင်း


ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရာအနီး မြစ်ပြင်တွင် တပ်မတော်(ရေ)မှ အမြန်သွား တိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီး ဆီခိုးထုတ်နေသည်ဆိုသော အင်တာနက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံသတင်းနှင့် ပတ်သက်၍ တပ်မတော်(ရေ)က ဖြေရှင်းချက်ထုတ်ပြန်သည်။ ယင်းဓာတ်ပုံမှာ အွန်လိုင်းတွင် ပျံ့နှံ့နေသလိုမဟုတ်ဘဲသင်္ဘောကြံ့ခိုင်ရေးအတွက် ပုံမှန်လွန်းတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းသာဖြစ်ကြောင်း တပ်မတော်(ရေ)က ဖြေရှင်းချက် ထုတ်ပြန်သည်။


သြဂုတ် ၂၆ ရက်က အမှတ် (၅၆၆) တိုက်ရေယာဉ်၏ ဓာတ်ပုံနှင့်တကွ သင်္ဘောအတွင်း၊ အပြင် ပြု ပြင်ရေးလုပ်ဆောင်နေပုံများကို လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့ခြင်း ကြောင့် တပ်မတော်(ရေ)က သြဂုတ် ၂၇နေ့ရက်စွဲဖြင့် ဖြေရှင်းချက်ထုတ်ခဲ့ခြင်းဖြစ်သည်။

ရေယာဉ်တက်ရွက်များ မိုး လေ၀သနှင့်ညီစေရန် သင်္ဘော လွန်းကျင်းပေါ်တွင် ဂဟေဆော် ပါက မီးဘေးအန္တရာယ်ရှိနိုင်၍ သင်္ဘောဝမ်းဗိုက်ရှိ ဆီ၊ ဆီချေး၊ ရေနှင့်လောင်စာ အမျိုးမျိုးကို မြစ်ထဲတွင် သန့်ရှင်းဖယ်ရှားနေခြင်းသာဖြစ်သည်ဟု တပ်မတော်(ရေ)က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့အပြင် တစ် နှစ်တစ်ခါ တိုက်ရေယာဉ်များကို ပြန်လည်စစ်ဆေးရသည့် နှစ်ပတ် လည်အချိန်နှင့်လည်း တိုက်ဆိုင် နေခြင်းကြောင့် ဖြစ်သည်ဟု ဆို သည်။

ဆီခိုးထုတ်သည်ဟု လူမှုကွန်ရက်ပေါ်တွင် တင်ပြမှုမှာ အထင်အမြင်လွဲမှားမှုသာဖြစ်ကြောင်း တပ်မတော်(ရေ)က တိုက်ရေယာဉ်ဓာတ်ပုံနှင့်တကွလူမှုကွန်ရက်တွင် ဖြေရှင်းထားသည်။

‘‘ဆီခိုးထုတ်တယ်ဆိုတာ အရင်ကတော့ ရှိခဲ့ပါတယ်။ တပ် သားတွေရဲ့ ရိက္ခာနဲ့ စရိတ်တွေအ တွက်ကလည်း လိုသေးတာကိုး။ လူမြင်သူမြင် အချိန်ကြီးမှာတော့ မလုပ်ကြပါဘူး။ ဒီဘက်ခေတ်မှာ တော့ ရိက္ခာကိုလည်း လောက်င အောင်ပေးပါတယ်’’ဟု တပ်မ တော် အဆင့်မြင့်အရာရှိကြီး အဖြစ်မှ အငြိမ်းစားယူခဲ့သူ တပ်မတော်သားဟောင်းတစ်ဦးက ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည့် ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ဆုံရာ သာကေတရှုခင်းသာတွင် တပ်မတော်(ရေ)မှ တိုက်ရေယာဉ် များ အလှည့်ကျ ရပ်နားကင်း လှည့်လေ့ရှိသည်။ ယခုခေါင်း ဆောင်းဆယ်ယူမှုကို စိတ်ဝင်တစား လာရောက်ကြည့်ရှုသူများ နေ့စဉ် များပြားပြီး သင်္ဘောအတွင်းပိုင်း ပြင်ဆင်မှုအတွက် ဆီများထုတ် ယူနေခြင်းအပေါ် ရေယာဉ်လုပ် ငန်းနှင့် မနီးစပ်သူများအနေဖြင့် ဆီခိုးထုတ်နေသည်ဟု ထင်မြင် ချက်များ ထွက်ပေါ်လာခြင်း ဖြစ် ကြောင်း အဆိုပါ တပ်မတော် သားဟောင်းက ပြောကြားသည်။

ရန်ကုန်မြစ်ဝတွင် တွေ့ရသည့် တပ်မတော်(ရေ) စစ်ရေယာဉ်
7Day Daily