Showing posts with label ရက်ရက်စက်စက်လူသတ်မှုများ. Show all posts
Showing posts with label ရက်ရက်စက်စက်လူသတ်မှုများ. Show all posts

လူသတ်ပြီး ခရီးဆောင်သေတ္တာနဲ့ထည့် အလောင်းလာပစ်ထား



ဒါ ဘယ်သူများလဲ သိရင် ပြောကြပါအုံး

ယနေ့(၆-၁၀-၂၀၁၅)ရက်နေ့ နံနက် ၀၇:၀၀အချိန်ခန့်တွင် မန္တလေးခရိုင် ပုသိမ်ကြီးမြို့ ရန်ကင်းတောင် အတက်လမ်းတွင် လမ်းလျှောက်သူများက မသင်္ကာဖွယ် ခရီးဆောင် အိတ်တစ်လုံးတွေ့ရှိကြောင်း ရာအိမ်မှူးထံသတင်းရရှိသဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ပါသည်။

တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးရာ အလျား ၂ပေ/ အနံ တစ်ပေခွဲ/အမြင့် ၁၀လက်မရှိ ဘီးတပ် လက်တွန်းခရီးဆောင်အိတ်(တရုပ်နိုင်ငံလုပ် Nanxiangတံဆိပ်)အတွင်း ဖေါ်ပြပါဓာတ်ပုံအတိုင်း ခွေခေါက်၍
ထည့်ထားပြီး အလောင်းအား စစ်ဆေးရာ တွင် ဦးခေါင်းဝဲဘက်ချိုစောင်းတွင် နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ချက် ထိပ်တည့်တည့် ဖူးယောင်ဒဏ်ရာ တစ်ချက် နှုတ်ခမ်းတွင် ဖူးယောင်ဒဏ်ရာ တစ်ချက် တွေ့ရှိရပါသည်။

အလောင်းမှာ တောင့်တင်းစ ပြုနေပြီး အသက်(၄၀)ခန့်ဟု ယူဆရ ရင်ဘတ်တွင် ငါးရုပ် ဘုရင်ရုပ်
ယာဘက်လက်မောင်းတွင် ကနုတ်ပန်း လက်ဖျံတွင် အိမ်မြှောင်ရုပ် ဝဲဘက်လက်မောင်းတွင်ပန်းပွင့်များပါသော ကနုတ်ပန်းများ၊ ကျောက်ကုန်းတွင် ငှက်ရုပ်နှင့် နဂါးရုပ်ခြေသလုံးတွင် အင်းကွက်ပုံသဏ္ဏာန် ဆေးမင်ကြောင်များထိုးထားပါသည်။

စုံစမ်းစစ်ဆေးမှုများ စတင်နေပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါသည်။

မိမိပတ်ဝန်းကျင်တွင် အသတ်ခံရသူအား သိရှိနိုင်ခြင်းရှိမရှိ ဝိုင်းဝန်းစုံစမ်းပေးကြပါရန်နှင့် သိရှိသူရှိပါ 02 57749 ပုသိမ်ကြီးရဲစခန်းဖုန်း(တာဝန်မှူး)သတင်းပို့ပေးကြပါရန်

မန္တလေး သတင်း ပုံရိပ်များ

ကိုယ့်သား အရင်းကို ရက်ရက်စက်စက် ဓားနဲ့ထိုးသတ်ခဲ့တဲ့ အဖေ

မန္တလေးတိုင်းစဉ့်ကူးမြို့နယ် လျောက်ပင်ရိုးအုပ်စု
ကန်ဘောင်ကျေးရွာက အဖေအရင်းက မိမိရင်သွေး
ငယ်အားဒေါသအလျောက်လူသတ်မှု့ဖြစ်စဉ်
----


ယောက်င်္ကျားလုပ်သူက သူရှာလို့ရတဲ့ပိုက်ဆံတစ်ချို့
ကိုမိန်းမဆီပေးထားတယ်။၂၀ ရက်နေ့မှာ ကလေးအ
တွက်ပုခက်ဝယ်မယ်ပြောထားပါတယ်။ ၂၀ရက်နေ့
ရောက်တော့ ကလေး အတွက်ပုခက်ဝယ်မလို့ဆိုပြီး
မိန်းမဖြစ်သူဆီက အပ်ထားတဲ့ပိုက်ဆံတောင်းတဲ့အခါ
မိန်းမဖြစ်သူက လက်ထဲမှာပိုက်ဆံမရှိသေးဘူးပြောပါ
တယ်။သူပေးထားတဲ့ငွေဘယ်ရောက်သွားလဲမေးတဲ့
အခါ အမေတို့ငွေအရေးတကြီးလိုလို့ ငွေချေးထား
တယ် ၂ ရက် ၃ ရက်နေမှပြန်ရမယ်။ပြန်ရမှသွားဝယ်ရ
အောင်ပြောပါတယ်။ဒီလို ပြောရင်း ဆိုရင်းလင်မယား
စကားများကြတော့တာပါပဲ။စကားများရင်းကနေဒီမိန်းမအသုံးမကျဘူးဆိုပြီး ဓါး နဲ့ထိုးမယ်အလုပ် မိန်းမက
ထွက်ပြေးသွားတယ်။ဘယ်သူမှလုပ်စရာမရှိတော့
အိပ်နေတဲ့ကလေးကို ဓါး နဲ့ သုံးချက်ထိုးပြီး ထွက်ပြေး
သွားတယ်။ဒေသကရဲတွေ ရပ်မိ ရပ်ဖ တွေရဲ့ကြိုးစား
မှု့ကြောင့် လူသတ်တရားခံကို ၂၁.၉.၂၀၁၅ မှာဖမ်းဆီးရမိခဲ့ပါတယ်။
Bagan News - ပုဂံ သတင်းစုံ

အောင်လံမြို့နယ်၌ အမျိုးသားတစ်ဦး ယာခင်းမှအပြန် လှည်းလမ်းကြောင်းတွင် အသတ်ခံရ


အောင်လံ စက်တင်ဘာ ၂၂

အောင်လံမြို့နယ် လက်ပတုန်းကျေးရွာသား တစ်ဦးသည် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက လက်ပတုန်းကျေးရွာအနီးတွင် အသတ်ခံရမှုဖြစ်ပွား ခဲ့ကြောင်း အောင်လံမြို့နယ် ရွှေပန်းတော နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီခွဲက ဦးသန်းဇော်ဝင်း (၃၅ နှစ်) လက်ပတုန်းကျေးရွာနေသူသည် နေအိမ်တွင်ရှိနေစဉ် ၎င်း၏ညီဖြစ်သူ မြင့်ဇော်ဌေး၏ဇနီးဖြစ်သူ မထက်ထက်ခိုင်ရောက်ရှိလာပြီး မြင့်ဇော်ဌေးသည် စက်တင်ဘာ ၁၈ ရက် နံနက် ၆ နာရီက ရွာ၏အရှေ့တောင်ဘက် နှစ်မိုင်ခန့် အကွာရှိ ယာခင်းသို့ ယာထွန်ရန်အတွက် နွားလှည်းဖြင့် ညအိပ်သွားခဲ့ရာမှ နွားလှည်းသာရောက်ရှိလာပြီး လူမပါလာကြောင်း လာရောက်ပြောကြားခဲ့သဖြင့် ဦးသန်းဇော်ဝင်းသည် အစ်ကိုဖြစ်သူများနှင့် လိုက်လံရှာဖွေခဲ့ရာ မြင့်ဇော်ဌေးမှာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်လံမြို့နယ် ရွှေပန်းတောနယ်မြေရဲစခန်းကအမှုဖွင့်ထားကြောင်း သိရသည်။

ကျာ်ဇေယျ

Myanmaalinn

မုန်းဒေသမှာ အမျိုးသမီးတဦး အသတ်ခံရ



၂၀၁၄ ခုနှစ် အောက်တိုဘာ(၁၃)ရက်နေ့ နံနက် (၇)နာရီခန့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းနယ်မြေရဲစခန်း၌ ဒုရဲအုပ် တိုးဝေကျော် တာဝန်မှူး တာဝန်ထမ်းဆောင်နေစဉ် မုန်းနယ်မြေ ရဲစခန်း၏ မြောက်ဘက်(၁၇)မိုင်ခန့်အကွာ တောဘုအုပ်စု ဇီးကုန်းကျေးရွာ၏ အရှေ့ဘက် (၆)ဖါလုံခန့်အကွာ ၌လူသတ်မှု့ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှူး ခင်စိုးလွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ကျော်မင်း တာဝန်မှူးဒုရဲအုပ်တိုးဝေကျော် နယ်ထိန်းတပ်ကြပ်ဝင်းနိုင် နှင့်ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ရာနေရာသို့ချက်ခြင်း သွားရောက်စစ်ဆေး ခဲ့ပါသည်။

ဖြစ်စဉ်မှာ မုန်းဒေသ တောဘုအုပ်စု ဆင်ဆိပ်ကြီးကျေးရွာနေ မစန္ဒာဝင်း(၂၃)နှစ်(ဘ)ဦးဝင်လှိုင်မှာ အောက်တိုဘာ (၁၂)ရက်နေ့ည (၉)နာရီခန့်တွင် ၎င်းနေထိုင်ရာအိမ်နှင့် ကပ်လျက် ကိုဝင်းကို၏ နေအိမ်မှာ ပေါ်တေဘယ် ဖြင့် ဗီဒီယိုကြည့်နေရာမှ အိမ်အောက်ဆင်းသွားကြောင်း မိဘများမှ အရင်ကလဲ ဗီဒီယိုသွားကြည့်ပြီး ပြန်လာအိပ်သည်ဖြစ်ရာ မိဘများလည်း အိပ်ပျော်နေခဲ့ပြီး မနက်မိုးလင်း အိပ်ယာနိုးချိန် သမီးဖြစ်သူ ပြန်လာအိပ်ခြင်း မရှိသည်ကိုသိရှိကာ ယောက်ကျားနောက် လိုက်ပြေးသည်ထင်ကြောင်း သမီးဖြစ်သူတွင် ချစ်သူရည်းစား ရှိသည် မရှိသည်ကိုလည်း မသိရှိကြောင်း ယခု ပြန်မလာသဖြင့် စုံစမ်းနေစဉ် (၁၃)ရက်နေ့မနက်(၇)နာရီခန့် ဆင်ဆိပ်ကြီးကျေးရွာနှင့် (၂)မိုင်ခန့်အကွာ ဇီးကုန်းကျေးရွာ၏ အရှေ့ဘက်(၆)ဖါလုံခန့်အကွာ ဇီးကုန်းရွာနေ ကိုမျိုး၏ တောင်ယာခင်းအတွင်း သေဆုံးနေကြောင်း ဦးတင့်လွင်(ဆင်ဆိပ်ကျေးရွာ)နေသူမှ လာရောက် သတင်းပေးသဖြင့် မုန်းနယ်မြေရဲစခန်းသို့ဖုန်းဆက် အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး အခင်းဖြစ်စဉ်နေရာအား သွားရောက်စစ်ဆေးခဲ့ရာ မစန္ဒာဝင်းမှာ ပက်လက်အနေအထားဖြင့် လည်ပင်းညိုမဲ ဒဏ်ရာဖြင့် သေဆုံးနေပြီး အလောင်း၏ ဘေးပတ်လည်၌ ရုန်းရင်းဆန်ခတ် ဖြစ်ထားကာ မြက်များ ကြေမွနေကြောင်း ၎င်း ဝတ်ထားသော ငွေဒါးတံဆိပ် အဖြူရောင်ဖိနပ် တစ်ရံ နှင့် ခရမ်းရောင်ဘီးတစ်ချောင်း သုံးထောင့်ထိုး ဓါတ်မီးတစ်လက်တို့တွေ့ရှိရပြီး ဝတ်ထားသော ထမီမှာလည်းအောက်သို့ လျှောကျ ကာ ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း မြင်တွေ့ရသဖြင့် အခင်းဖြစ်စဉ်နေရာအား မြေပုံကြမ်းရေးဆွဲခြင်း မှတ်တမ်းဓါတ်ပုံရိုက်ခြင်း သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်း စသည့်ရဲလုပ်ငန်းအပြည့်အစုံဆောင်ရွက်ကာ အလောင်းရဲဆေးစာဖြင့် မုန်းတိုက်နယ်ဆေးရုံသို့ ပိုဆောင်၍ဆေးစစ်ချက်များရယူခဲ့သည်။

ဖြစ်စဉ်နှင့်ပက်သက်၍ သေဆုံးသူ မစန္ဒာဝင်း၏ ဖခင်ဖြစ်သူ ဦးဝင်းလှိုင်မှ သမီးဖြစ်သူအား သတ်ခဲ့သည့်တရားခံအားဖေါ်ထုတ်အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မုန်းနယ်မြေရဲစခန်းမှ (ပ')၆၃/၂၀၁၄ ပြစ်မှု့ပုဒ်မ ၃၀၂ ဖြင့် အမှု့ဖွင့် ကာ စခန်းမှူးရဲအုပ်ခင်စိုးလွင် မှ လူသတ်တရားခံအား အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်ရန်အတွက် စုံစမ်းစစ်ဆေး နေကြောင်းသတင်းရရှိသည်။

ပန်းချီသန်းဝင်း(ကျောက်ကြီးမီဒီယာ)

BY THIT HTOO LWIN

အမေရင်းကိုသတ် အလောင်းကို လိင်ဆက်ဆံတဲ့ သားမိုက်....

အမေအရင်းကို အကြောင်းပြချက် မရှိပဲ သွေးအေးအေးနှင့် သတ်တယ်။ အလောင်းကို လိင်ဆက်ဆံတယ်။ သူ့ရဲ့ လူပျိုဘဝကို လူသေအလောင်းမှာ ကုန်ဆုံးခဲ့တယ်လို့ ပြောတယ်။ နှမနှင့် အမေကို သတ်ပြီး အလောင်းကို လိင်ဆက်ဆံချင်တာက သူ့ဆန္ဒလို့ ဆိုတယ်။ အမေကို ဝါယာကြိုးနှင့် လည်ပင်းညှစ်တယ်။ အမေဖြစ်သူက အော်တော့ တူနှင့် ခေါင်းကို အဆက်မပြတ် ထုသတ်တယ်။ နောက် သေတာ သေချာသွားအောင် ခေါင်းထဲကို လက်နှိုက်ပြီး ဦးနှောက်ကို ထုတ်ပစ်တယ်။ အမေဖြစ်သူကို သတ်ပြီး နှမဖြစ်သူကို စောင့်သေးတယ်။ ပေါ်မလာတာနဲ့ စက်ဘီးနှင့် အပြင်ထွက်သွားပြီး လမ်းတွေ့တဲ့ လင်မယားနှစ်ယောက်ကို သူလူသတ်ခဲ့လို့ ရဲကိုအကြောင်းကြားဖို့ မှာခဲ့တယ်။ ရဲစုံထောက်က စစ်ဆေးစဉ်မှာ သူ့ရဲ့ချဉ်ခြင်းတပ်နေတဲ့ ဆန္ဒ၊ လူတစ်ယောက်ကို ခေါင်းဖြတ်ပြီး အလောင်းကို လိင်ဆက်ဆံချင်တဲ့ဆန္ဒပြည့်သွားပြီလို့ ပြောခဲ့တယ်။ အရင်ကလည်း ကြောင်တစ်ကောင်ကို သတ်ပြီး ကြောင်အလောင်းကို လိင်ဆက်ဆံဖူးတဲ့ ဇ ရှိတယ် ဆိုတယ်။ 
ကြားဖူးသမျှထဲမှာတော့ အဆိုးရွားဆုံး ဖြစ်ရပ်ပါပဲ။ အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်မှာ မတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့တာပါ။ အင်္ဂါ (အောက်တိုဘာ ၇) နေ့က အမှုကို ဝန်ခံခဲ့ပါတယ်။ ကျူးလွန်သူ အမည်က ကီဗင် ဒေးဗီးစ် ဖြစ်ပြီး၊ လူမည်းပါ။ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သေဆုံးသူ သူ့ရဲ့အမေနာမည်က ကင်ဘာလေ ဟေးလ် လို့ သိရပါတယ်။ 

အပြည့်အစုံ ဘာသာမပြန်လိုက်တော့ပါ။ ဖတ်ရင်းနှင့် အော်ဂလီဆန်နေလို့။ 

http://www.rawstory.com/rs/2014/10/teen-admits-to-killing-then-raping-mother-guess-i-lost-my-virginity-to-a-dead-corpse/
From:Myo Myint Thant

မော်ဒယ်လ် အေးချမ်းမြတ်မိုး အသတ်ခံရမှု စတင်စစ်ဆေးမည်ဟု သိရ


တက်သစ်စမော်ဒယ်လ် အေးချမ်းမြတ်မိုး ဓားထိုး အသတ်ခံရမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းတွင် ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံး၌ စတင်စစ်ဆေးမည် ဖြစ်ကြောင်း ဒဂုံမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။


တိုင်းဒေသကြီး မှုခင်းဌာနကို မှုခင်း ဆေးစစ်ချက် ပေးပို့ရာတွင် ချက်ချင်း ပြန်မကျခြင်း၊ ဥပဒေ အကြံပေးနှင့် တွေ့ဆုံမှု နောက်ကျခြင်း တို့ကြောင့် လူသတ်မှု ဖြစ်ပွားပြီး တစ်လကျော် အကြာမှသာ ရုံးတင်စစ်ဆေးရခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“ပုဒ်မ ၃၀၂ နဲ့ ခရိုင်တရားရုံးကို အမှုစွဲတင်ထားတယ်။ တရားခွင်ရောက်မှ ဆက်လက်စစ်ဆေးရင်းနဲ့ စွဲချက်ပြောင်းသင့် မပြောင်းသင့် ဥပဒေအရာရှိတွေက ဆက်လက် ဆုံးဖြတ်သွားမှာပါ” ဟု အဆိုပါ ရဲစခန်းမှ ၎င်းက ရှင်းပြသည်။

သြဂုတ်လ ၂၆ ရက် ညနေပိုင်းက ဒဂုံမြို့နယ် ဦးဝိစာရ အိမ်ရာဝင်းအတွင်း နေထိုင်သူ အသက် ၁၉ နှစ်အရွယ်ရှိ မော်ဒယ်လ် အေးချမ်းမြတ်မိုးမှာ အပြင်မှ နေအိမ်သို့ ပြန်လာစဉ် ၎င်းနေထိုင်ရာ တိုက်၏ လှေကားထစ်၌ အိမ်ရာဝင်း တစ်ခုတည်းတွင် နေထိုင်သော အသက် ၂၂ နှစ် အရွယ်ရှိ ကိုအံ့ဖြိုးပိုင်က ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

“ကောင်မလေးက သူ့ကို ပြန်မချစ်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး တစ်လအကြာမှာ အိမ်လှေကားကနေ ချောင်းပြီး ဓားထိုး အသတ်ခံရတာ၊ ပထမတစ်ချက် ဆီးအိမ်နားကို ဓားနဲ့ထိုးတာ။ ချိတ်ထဘီကထူတော့ ဒဏ်ရာမရခဲ့ဘူး၊ ကောင်မလေးက သုံးလွှာက သူ့အိမ်ကို တက်ပြေးတော့ နောက်ကနေ ဓားနဲ့လိုက်ထိုးတာ။ လည်ပင်းကို ထိုးမိရာက သွေးထွက်လွန်ပြီး ဆုံးသွားတာ” ဟု ဒဂုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားဖြင့် ထိုးခဲ့သူ ကိုအံ့ဖြိုးပိုင်မှာ ဆေးတက္ကသိုလ်ကျောင်း ပထမနှစ်ဖြင့် ကျောင်းထွက်ကာ B.Sc (HONS) တက်ရောက်နေသူ ဖြစ်ကြောင်း၊ သေဆုံးသူ၏ မိသားစုဝင်များနှင့် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့သူ ဖြစ်ကြောင်း၊ မော်ဒယ်လ် အေးချမ်းမြတ်မိုးနှင့် ၎င်းမှာ ချစ်သူ ဖြစ်နေရာမှ လူမှုရေး အရှုပ်အထွေး တစ်ခုကြောင့် ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့မှုကို လက်မခံနိုင်ကြောင်း သေဆုံးသူ၏ မိခင်ဖြစ်သူက ပြောကြားသည်။

“မဟုတ်မမှန် သတင်းတွေကြောင့် သေဆုံးခဲ့သူရော၊ မိသားစုပါ ဂုဏ်သိက္ခာ ကျခဲ့ရတယ်။ ဘယ်နေ့ ရုံးတင်စစ်ဆေးမှာလဲလို့ မီဒီယာတွေက လာလာမေးနေပေမယ့် လတ်တလောမှာ ဒီကိစ္စကို အန်တီတို့ဘက်က မဖြေကြားပေးနိုင်ဘူး။ ရဲတပ်ဖွဲ့ကိုလည်း သတင်းမထုတ်ပြန်ပေးဖို့ မေတ္တာရပ်ခံထားတယ်” ဟု ၎င်းကဆိုသည်။

The Voice Weekly

ခရီးသွားမီးရထားတစီးပေါ်တွင်(၁၃) နှစ်အရွယ်ကလေးမလေး ကိုအဓမ္မပြုကျင့်ပြီးအလောင်းဖျောက်ခဲ့တဲ့ သူကိုသဒဏ်အမိန့် ချမှတ်

ထိုင်းနိုင်ငံ တောင်ပိုင်း ခရီးသွားမီးရထား
တစီးပေါ်တွင် လိုက်ပါစီးနှင်းလာသည့်
13 နှစ်အရွယ်ကလေးမလေးကို အဓမ္မပြု
ကျင့်ပြီးနောက်သတ်ပြီး ရထားပေါ်က ပစ်ချ
ကာ အလောင်းဖျောက်ခဲ့တဲ့ ရထားဝန်ထမ်းကို 




ဟွာဟင် ခရိုင်တရားရုံးက သေဒဏ်အမိန့် ချမှတ် လိုက်ပါတယ်။




ထိုင်းနိုင်ငံက မုဒိန်းမှုတွေကို သေဒဏ်ပေးဖို့ တောင်းဆိုသူတွေက အနက်ရောင်
တီရှပ်များဝတ်၍ အမိန့် ချတဲ့ တရားရုံးမှာ လာရောက်နားထောင်ခဲ့ကြတယ်။


ခုလို ရက်ရက်စက်စက်သက်ခဲ့တရားခံကို သေဒဏ်ပေးခဲ့တာဟာ တရားရုံးရဲ့ အဆုံးအဖြတ်ကို လာရောက်နားထောင်ခဲ့တဲ့ သေဆုံးသူ မိသားစုနဲ့  မိန်းခလေးအခွင့်ရေးလှုပ်ရှားနေသူများက ကြေနပ်ကြပါတယ်။


တရားခံကတော့ ၁၄ရက်အတွင်း အယူခံဝင်လို့ ရပြီး သေမိန့် စောင့်နေစဉ် အတွင်း ဘုရင့်ဆီသို့  အသနားခံစာ တင်သွင်းနိုင်ပေမယ့် ဆေးမှု-မိဘနဲ့ ဘုန်းတော်ကြီးများ-၀န်ထမ်းများနှင့်ခလေးငယ်များ သတ်ဖြတ်သော အမှုများအတွက် အယူခံမပေးဘဲ ပယ်ချကြောင်းသိရသည်။


မင်းဘာ သာသာပြန်ဆိုသည်။
ရွှေမြန်မာမီဒီယာ

အမျိုးသမီးတစ်ဦးအားခေါင်းဖြတ်သတ်ပြီးကျန်တစ်ဦး အားဓားနှင့်ထိုး

ဖြစ်စဉ်အကျဉ်း
အလုပ်မှအထုတ်ခံရသော အယ်လ်တန်
နို
လန်သည် စက်ရုံအတွင်းရှိ အလုပ်သမား
များအား ဓားတစ်ချောင်းဖြင့် ရမ်းကားခဲ့သည်။
၎င်းမှ အသက် ၅၄ နှစ် အရွယ် အမျိုးသမီး
ကိုလင် ဟဖ်ဖို့အား ခေါင်းဖြတ်သတ်ခဲ့သည်။ 


ထို့နောက် အသက် ၄၃ နှစ် အရွယ် အမျိုးသမီး ထရေစီ ဂျွန်ဆင်အား ဓားနှင့်ထိုးနေစဉ် စက်ရုံမှုး မာ့ ဗောင်း နှင့် ရဲတစ်ဦးမှ ၎င်းအား သေနတ်နှင့် ပစ်ခတ်ပြီး ရမ်းကားမှုကို ရပ်တန့်စေနိုင်ခဲ့ကြသည်။

ယခုအခါ ကျူးလွန်သူ နိုလန်ရော ဓားနှင့်ထိုးခံရသူ ထရေစီ ဂျွန်ဆင်ပါ ဆေးရုံ၌ အခြေအနေကောင်းသည်။ ရမ်းကားမှုအတွင်း အခြား စက်ရုံအလုပ်သမား ရာပေါင်းများစွာလည်း ဒဏ်ရာရရှိခဲ့ကြသည်။ အမှုကို FBI က စုံစမ်းစစ်ဆေးနေသည်။

နိုလန်၏ လုပ်ဖော်ကိုင်ဖက်များက နိုလန်သည်မကြာသေးမီအချိန်ကစပြီး ၎င်း၏ အပေါင်းအသင်းများကို အစ္စလာမ်ဘာသာသို့ ပြောင်းလဲကိုးကွယ်စေရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့ကြသည်။


ကျူးလွန်သူအမည် - အယ်လ်တန် နိုလန်

အမှုအမျိုးအစား - အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်ပြီး ကျန်တစ်ဦးအား ဓားနှင့်ထိုးမှု

နေရာ - အမေရိကန်နိုင်ငံ၊ ဥက္ကလာဟိုးမား အစားအစာထုတ် စက်ရုံတစ်ခုအတွင်း

အချိန် - ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့ (ကြာသပတေးနေ့) ညနေ ၄ နာရီခန့်

မျိုးမင်းသန့်  ဘာသာပြန်သည်
မူရင်းလင့်
http://news.sky.com/story/1342728/oklahoma-beheading-fired-mans-knife-rampage

၆ နှစ်အရွယ် မိန်းကလေးကို အရှင်လတ်လတ် မြေမြှုပ်သတ်သူ မိထွေးကို ရဲကဖမ်းဆီးလိုက်ပြီ



အိန္ဒိယနိုင်ငံ အွတ်တာပရာဒက်ရှ် ပြည်နယ်တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အရှင်လတ်လတ် မြေမြှုပ်ခဲ့သည့် မိထွေးဖြစ်သူကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၄ ရက်တွင် ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
အာချာနာတီဝါနီ အမည်ရှိ အဆိုပါ အမျိုးသမီး သည် အသက်၆ နှစ်အရွယ်ရှိ လင်ပါသမီး ဖြစ်သူ ဆူဘစ်ရှာ ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သူမ၏ ခင်ပွန်း ဖြစ်သူမှာ သမီးငယ် ပျောက်ဆုံးမှု နှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့ထံသို့ သွားရောက် တိုင်ကြား ခဲ့သည်။ ယင်းအမှုနှင့် စပ်လျဉ်း၍ အာချာနာ သည် သူမ၏တူ ဖြစ်သူကို ဖွင့်ပြော မိခဲ့ရာမှ ၄င်းက ရဲတပ်ဖွဲ့ထံသို့ သတင်းပေးပို့ ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရဲတပ်ဖွဲ့သည် အာချာနာ ကို စစ်ဆေး မေးမြန်းပြီး နောက် သူမသည် ကလေးငယ်ကို သတ်ဖြတ် ခဲ့ကြောင်း ဝန်ခံပြောကြား ခဲ့သည်။ ထို့ပြင် သူမသည် ရဲတပ်ဖွဲ့အား ဆူဘစ်ရှာ ကို သတ်ဖြတ်ပြီး မြှုပ်နှံ ထားသည့် နေရာသို့ ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ နေရာသို့ ရောက်ရှိပြီး နောက်တွင် ရဲတပ်ဖွဲ့ဝင် များက ကလေးငယ်၏ ရုပ်အလောင်းကို ပြန်လည် တူးဖော်ခဲ့ရာ အဆိုပါ ကလေးငယ်မှာ အရှင်လတ်လတ် မြေမြှုပ်ခြင်း ခံထားရုံ သာမက မသေမီ အချိန်တွင် ပါးစပ် အတွင်းသို့ အဝတ်စများ ထိုးသွင်းခြင်းကို ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။ ယခုအခါ ရဲတပ်ဖွဲ့က အာချာနာ ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။

အာချာနာ သည် မိသားစု၏ ဝင်ငွေမှာ ဆူဘစ်ရှာ ၏ ပညာရေး အတွက်တွင် သာ အသုံးပြု မည်ကို စိုးရိမ်ပြီး သူမနှင့် ခြောက်လ အရွယ် ကလေးငယ်၏ ရှေ့ရေး အတွက် ရတက်မအေး ဖြစ်ခဲ့ရာမှ ဆူဘစ်ရှာကို သတ်ဖြတ် ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

PyiChitThar

အခြားယောက်ျားလေးတွေနဲ့ စကားပြောလို့ ကိုယ်ဝန်လွယ်ထားတဲ့ (၁၆)နှစ်သမီးကို သတ်သူ

အင်္ဂလန်အနောက်တောင်ပိုင်း Cheltenham ရှိ ကိုယ်ဝန်(၂၄)ပတ် လွယ်ထားသော အသက်(၁၆)နှစ်သမီး Kayleigh-Anne Palmer ဟာ သူမချစ်သူရဲ့ လည်ပင်းညှစ်သတ်ခြင်းကို ခံခဲ့ရသည့်အတွက် ဗိုက်ထဲက ကလေးပါ သေဆုံးသွားခဲ့ကြောင်း သိရသည်။


အသက်(၁၆)နှစ်အရွယ် Anne ၏ချစ်သူ အသက်(၁၈)နှစ်အရွယ် Aston Robinson က အခြားကောင်ကလေးများနှင့် သူမစကားပြောခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ သူမ၏လည်စည်းပုဝါဖြင့် လည်ပင်းညှစ်သတ်ခဲ့တာဖြစ်ကြောင်း သိရသည်။

ထိုသို့လုပ်ခဲ့ပြီးနောက် စတာလင်ပေါင်(၂၀)နှင့် လောင်းကြေးထပ်ခဲ့သော စာအုပ်များကို သွားစစ်ကြည့်ရန် Aston Robinson က ထွက်ခွါသွားခဲ့ကြောင်း သိရသည်။ သို့ပေမယ့် Anne ၏ သေဆုံးမှုအတွက် ကိုယ်တိုင် ရဲစခန်းသွား၍ အဖမ်းခံခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

Anne အား ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြပေမယ့် ဗိုက်ထဲက ကလေးဟာ အခင်းဖြစ်ပြီးနောက်တစ်နေ့၌ သေဆုံးသွားခဲ့ကာ Anne ကတော့ နောက်သုံးရက်အကြာ၌ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ(၅)ရက်နေ့က သေဆုံးသွားခဲ့သော Anne အား တိတ်တိတ်နေဖို့ သူမလည်စည်းပုဝါနှင့် လည်ပင်းညှစ်ခဲ့ခြင်းသာဖြစ်၍ သူမအား သေစေလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့ခြင်းမဟုတ်ကြောင်း Aston Robinson က ထောင်ထဲကနေ Anne ၏မိခင်အား စာရေးသားခဲ့ကြောင်း သိရသည်။

၎င်းက လက်နှစ်ဖက်နှင့် လည်စည်းပုဝါအသုံးပြုပြီး Anne အား လည်ပင်းညှစ်၍ ဆိုဖာပေါ်မှ ကြမ်းပြင်ဆွဲချခဲ့ကြောင်း ၊ မလှုပ်မယှက်ဖြစ်နေတဲ့ Anne အား တပတ်လှိမ့်ကြည့်ပြီး သူ့အစ်မထံရောက်သွားခဲ့ကာ အကျိုးအကြောင်းပြောပြခဲ့ကြောင်း ၊ ထိုအစ်မက ကြမ်းပေါ်မှောက်လျက်ဖြစ်နေတဲ့ Anne အား တွေ့ရှိ ကယ်ဆယ်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းမဖြစ်ခင်ကတည်းက Aston Robinson ဟာ Anne အား ထိုးကြိတ်ကန်ကျောက်ဖူးခဲ့ပြီး Anne အား လည်ပင်းမညှစ်ခင်တနေ့က သူ့နာမည်အား Anne ၏ ကလေးမွေးစာရင်းတွင် ဖခင်အဖြစ် မထည့်ဖို့ ဖုန်းစာတိုပို့ခဲ့ဖူးကြောင်း သိရသည်။

Aston Robinson ဟာ Anne အား အခြားယောကျာ်းလေးများနှင့် အိပ်စက်ပြီး ကိုယ်ဝန်ရရှိခဲ့သူဟု သဝန်တိုစိတ်ဖြင့် သံသယရှိသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

Source : Dailymail

ကေအန်ယူ တပ်သားတဦး မြ၀တီတွင် အသတ်ခံရ


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ တပ်မဟာ ၆ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) အထူးစစ်ကြောင်းက တပ်သားတဦးရဲ့ ရုပ်အလောင်း မြ၀တီမြို့နယ်မှာ တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူဟာ ကေအန်အယ်လ်အေ အထူးစစ်ကြောင်းက ဗိုလ်ကြီးလမင်းရဲ့ တပ်သား စောတာနိုးဆိုသူ ဖြစ်ပြီး သူအလောင်းကို စက်တင်ဘာ ၂၂ ရက်နေ့မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


ရုပ်အလောင်းတွေ့ရှိချိန် လက်ထိတ်ခတ်ထားပြီး ရုပ်ပျက်ဆင်းပျက် အသတ်ခံထားရ တယ်လို့ ကေအန် ယူရဲ့ မြ၀တီဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူ စောဇောရိုးက ပြောပါတယ်။

သေဆုံးသူ တပ်သား စောတာနိုးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ သူတာဝန်ကျရာ မြ၀တီခရိုင် မယ်ထော်သလေး ဒေသကနေ သူ့တပ်ရင်းကို အပြန်မှာ ပျောက်ဆုံးခဲ့တာလို့ ပြောပါတယ်။

စောတာရိုးကို နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၂၂ က လက်ထိတ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ပြန်လွှတ်ခံရတဲ့ တက္ကစီသမားရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဗိုလ်မှူး စောဇော်ရိုးက ပြောပြပါတယ်။

“တာဝန်ကျတဲ့ဆီကနေ တပ်ရင်းရုံးကို ပြန်ဖို့ ဘီဂျီအက်ဖ် (နယ်ခြားစောင့်တပ်) တပ်ရင်း ၂၀၂၂ ကို ဖြတ်အလာမှာ သူတို့ခေါ်ပြီး စစ်ဆေးမေးမြန်းတယ်။ သူစီးလာတဲ့ ဆိုင်ကယ်တက္ကစီကိုတော့ မင်းနဲ့မဆိုင်ဘူး၊ ပြန်သွားပါဆိုပြီးတော့ ဆိုင်ကယ်က ပြန်လာတယ်။ အဲဒီကနေစပြီးတော့ ပျောက်သွားတယ်။ နောက်ဆုံးတော့ မနေ့က အလောင်းပေါ်လာတော့ လက်ထိတ်တန်းလန်းကြီးနဲ့ ပေါ်လာတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူတပ်မဟာ ၆ က နယ်ခြားစောင့် တပ် ၁၀၂၂ က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒီသေဆုံးမှုဟာ သီတင်းတပတ်အတွင်း ကရင်လက်နက်ကိုင်တပ်သား ထပ်မံ သေဆုံးခဲ့ရမှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း မြ၀တီမြို့မှာ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်လင်းနိုင်ဟာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

ဒီကေဘီအေအဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်သွားတဲ့အဖွဲ့ ဖြစ်သလို နယ်ခြားစောင့်တပ်ဟာလည်း ဒီကေဘီအေကနေ ခွဲထွက်ပြီး နယ်ခြားစောင့်တပ်အစီအစဉ်မှာ အစိုးရ တပ်မတော်လက်အောက်ခံအဖြစ် ပူးပေါင်းတာဝန်ထမ်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
DVB