Showing posts with label နည်းပညာသတင်း. Show all posts
Showing posts with label နည်းပညာသတင်း. Show all posts

ရေပေါ် ပေါလောပေါ်နိုင်တဲ့ စမတ်ဖုန်း Buoyant Comet


ye wint

ဖုန်းဘိုထိုင် အိမ်သာခွက်ထဲပြုတ်ကျမှု၊ ရေကူးကန်ထဲပြုတ်ကျမှုတို့ ကြောင့် တစ်နှစ်ကို စမတ်ဖုန်း အလုံးရေပေါင်း ၈၂ သန်းလောက် ကမ္ဘာတစ်လွှားမှာ ပျက်စီးဆုံးရှုံးလျက်ရှိတယ်လို့  သိရပါတယ်။ရေစိုခံဖုန်းတွေ အများအပြား ပေါ်ထွက်ပြီးဖြစ်ခဲ့ပေမယ့်လည်း၊ ဒီ Comet စမတ်ဖုန်းကတော့ ရေစိုခံနိုင်မယ့်အပြင် ရေပေါ်မှာပါ ပေါလောပေါ်နေနိုင်မှာဖြစ်ပါတယ်။

Comet ဖုန်းကို ကယ်လီဖိုးနီးယားအခြေစိုက် Prashanth Raj Urs ဆိုသူ ဒီဇိုင်နာက ဒီဇိုင်းဆွဲထုတ်လုပ်ထားပြီး ၄.၇ လက်မစကရင် ပါရှိကာ၊ ကင်မရာက 16 MP ဖြစ်ပါတယ်။ Android စနစ်ကို အသုံးပြုထားကာ Samsaung Galaxy S6 Edge မှာလိုမျိုးပဲ LED အချက်ပေးမီးလုံးတွေ ပါဝင်ပါတယ်။ RAM 4GB ၊ Qualcomm Snapdragon 810 ၊ 2 GHZ octa-core ပရိုဆက်ဆာကို အသုံးပြုထားပြီး 2800 mAh ဘက်ထရီပါဝင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကိုတိုင်းတာနိုင်တြံ ဘိုင်အိုမက်ထရစ် အာရုံခံကိရိယာတွေပါဝင်တာကြောင့် ဖုန်းသုံးစွဲသူရဲ့ စိတ်အခြေအနေကို ခန့် မှန်းသိရှိနိုင်ပြီး LED မီးသီးတွေက တဆင့် သုံးစွဲသူရဲ့ စိတ်အခြေအနေကို ခွဲခြားဖော်ပြပေးနိုင်မှာလည်း ဖြစ်ပါတယ်။

ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုဒ် Indiegogo မှာ ဒီဖုန်းကို ဈေးကွက်ဝင်ထုတ်ဖို့ အတွက် ရန်ပုံငွေရှာတဲ့အစီအစဉ်တစ်ခု လွှင့်တင်ထားလျက်ရှိပြီး ဖုန်းကို ရေပေါ် ပေါ်အောင်ဘယ်လိုလုပ်ထားသလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

Comet ဖုန်းအချင်းချင်း မက်ဆေ့ပေးပို့ ၊ဖုန်းခေါ်ဆိုရာမှာလည်း လုံခြုံကာကွယ်မှုပေးထားတာကြောင့် ကြားဖြတ်နားထောင်၊စောင့်ကြည့်ဖို့ အတွက် ခဲယဉ်းမှာဖြစ်ပါတယ်။ 32 GB ဟန်းဆက်အတွက် ကနဦးဈေး ဒေါ်လာ ၂၇၉ နဲ့ စတင်ရောင်းချမှာဖြစ်ပြီး ဧပြီလအတွင်းမှာ ဒီအစီအစဉ်ကို ကျောထောက်နောက်ခံပြုသူတွေဆီ အရင်တင်ပို့ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အနက်ရောင်၊ အဖြူရောင်နဲ့ ရွှေရောင်ဆိုပြီး သုံးရောင်ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။

Ref: Dailymail

Trend Myanmar

ရှောင်မီ (Xiaomi) ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် Samsung မှ ကိုရီးယားတွင် Galaxy A Series ဖုန်းများ ထုတ်လုပ်မည်


တောင်ကိုရီးယားနိုင်ငံ အခြေစိုက် ဖုန်းကုမ္ပဏီဖြစ်သည့် Samsung ဟာ တရုတ်နိုင်ငံထုတ် ရှောင်မီ(Xiaomi) စမက်ဖုန်းများကို တန်ပြန်ယှဉ်ပြိုင်နိုင်ဖို့အတွက် တောင်ကိုရီးယားတွင် Galaxy A Series ဖုန်းများဖြစ်သည့် Galaxy A3, Galaxy A5 နှင့် Galaxy A7 စမက်ဖုန်းများကို နိုဝင်ဘာလတွင် စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ 

အဆိုပါ စမက်ဖုန်းဟန်းဆက်သုံးမျိုးစလုံးဟာ မကြာသေးခင်ကပဲ Galaxy Alpha ရဲ့ ဒီဇိုင်းပုံစံမျိုး rumor အနေဖြင့် ထွက်ခဲ့ပါတယ်။ အဆိုပါ A Series ဟန်းဆက် သုံးမျိုးစလုံးကို သတ္တုဖရိန်တွေကို အသုံးပြုထားပါတယ်။ အဆိုပါ ဟန်းဆက်များ အားလုံးဟာ အဆင့်နိမ့်ဆုံးဖုန်းအမျိုးအစားမဟုတ်ပဲအလယ်အလတ်အဆင့် အဆင့်ရှိသော ဖုန်းများဖြစ်လာမည်ဖြစ်ပြီး ဈေးနှုန်းသင့်တင်မျှတတဲ့ဈေးများဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

Samsung က ပြောကြားတာကတော့ Apple နှင့် Samsung ပြီးရင် ရှောင်မီ ( Xiaomi) ဟာ ကမ္ဘာ့ပေါ်မှာ တတိယအကြီးမားဆုံးဖြစ်လာသည့် စမက်ဖုန်းထုတ်လုပ်သူဖြစ်လာ နေပြီး ရှောင်မီ(Xiaomi) ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ယခုဖုန်းများကို ထုတ်လုပ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

Ref : GSMARENA
YangonMediaGroup

အိတ်ကပ်ထဲ ထည့်သယ်သွား နိုင်တဲ့ မောင်းသူမဲ့ လေယာဉ်


မာင်းသူမဲ့ လေယာဉ် (Drone) တွေဟာ တဖြည်းဖြည်း ခေတ်စားလာပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ အိနိ္ဒယ နိုင်ငံမှာ မောင်းသူမဲ့ လေယာဉ်နဲ့ ပီဇာ ပို့ဆောင်ခြင်း လုပ်ငန်းကို ပြုလုပ်ဖို့ ၀န်ဆောင်မှုတွေကို စတင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။ ရုပ်ရှင် ဇာတ်ကားတွေ မှာလည်း မောင်းသူမဲ့ လေယာဉ်ကို အသုံးပြု ရိုက်ကူးပါက ထူးခြားတဲ့ မြင်ကွင်းကို ရရှိမှာ ဖြစ်ပါတယ်။ အပေါ်စီးကနေ ရိုက်ကူးပါက မြင်ကွင်းမျိုးကို ရဖို့ ငွေအများကြီး ကုန်ကျစရာ မလိုတော့ ဘဲ မောင်းသူမဲ့ လေယာဉ်မှာ ကင်မရာ တပ်ဆင် ရိုက်ကူးပါက အားလုံး အဆင်ပြေ သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာတောင် မောင်းသူမဲ့ လေယာဉ်နဲ့ ရိုက်ကူး တင်ဆက်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မောင်းသူမဲ့ လေယာဉ်တွေ အသုံးပြုမှု များပြားလာတာနဲ့ အမျှ တန်းဖိုး နည်းနည်းနဲ့ အကောင်းဆုံး အသုံးပြု နိုင်အောင် တီထွင်မှု တွေလည်း ရှိလာပါတယ်။ အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ်မြို့ အခြေစိုက် ဓာတ်ပုံဆရာ စတီဖင်လန်းဟာ တန်ဖိုး နည်း မောင်းသူမဲ့ လေယာဉ်ကို မိတ်ဆက်ခဲ့ ပါတယ်။ ဒီမောင်းသူမဲ့ လေယာဉ်ဟာ အိတ်ကပ်ထဲ ထည့်ပြီး သယ်ဆောင် သွားနိုင်အောင် ပြုလုပ်ထားပါ တယ်။ ဒါ့အပြင် မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက် မောင်းနှင်နိုင်စွမ်း ရှိပါတယ်။ ရောင်းချရမယ့် ဈေးကို သတ်မှတ်ရခြင်း မရှိသေးပေမယ့် အနည်းဆုံး ဒေါ်လာ (၂၀၀) အောက်သာ ဖြစ်ဖို့ ရှိပါတယ်။ ပန်ကာလေးလုံး ပါဝင်ပြီး ပေ (၈၀)အထိ ပျံသန်းနိုင်ကာ တစ်နာရီ (၂၅) မိုင်နှုန်းနဲ့ အမြန်ဆုံး မောင်းနှင်နိုင်စွမ်း ရှိပါ တယ်။ ဆယ်မိနစ်ခန့် အားသွင်းထားပါက အားပြန်ပြည့်သွားမှာ ဖြစ်ပါတယ်။ ဒီမောင်း သူမဲ့လေယာဉ်ကို တီထွင်တဲ့ စတီဖင်လန်းက အလွယ်တကူ အသုံးပြုနိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒီပစ္စည်းကို Anura လို့ အမည်ပေးထား ပါတယ်။
Messenger

iPad ထုတ်ကုန်သစ် နှစ်မျိုးနှင့် Retina 5K iMac ကို Apple မိတ်ဆက်



ကြာသပတေးနေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုမြို့တွင် ကျင်းပခဲ့သော ပွဲတစ်ခု၌ Apple က iPad ထုတ်ကုန်သစ် နှစ်မျိုးနှင့် Retina display ပါဝင်သည့် ၂၇ လက်မ iMac တို့ကို မိတ်ဆက်ပေးခဲ့သည်။


မိနစ် ၉၀ ကြာ ကျင်းပခဲ့သည့် အဆိုပါပွဲတွင် Apple အမှုဆောင် အရာရှိချုပ် တင်မ်ကွတ်ခ်က Apple ၏ ငွေပေးချေစနစ်သစ် ဖြစ်သော Apple Pay ကို တနင်္လာနေ့မှ စတင် အသုံးပြုနိုင်မည်ဟု ဆိုခဲ့သည်။ Apple Pay ကို American Express, Visa နှင့် Walgreens တို့အပါအဝင် လုပ်ငန်းပေါင်း ၅၀၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း သိရသည်။ ထို့အပြင် Apple Watch စမတ်နာရီကိုလည်း လာမည့်နှစ် အစောပိုင်းတွင် ရောင်းချမည်ဟု တင်မ်ကွတ်ခ်က ပြောကြားခဲ့သည်။

Apple မှ မိတ်ဆက်ပေးခဲ့သည့် iPad ထုတ်ကုန်သစ် နှစ်မျိုးမှာ iPad Air 2 နှင့် iPad mini 3 တို့ဖြစ်သည်။ ခဲတံတစ်ချောင်း၏ အထူသာ ရှိသော iPad Air 2 ကို ၄၉၉ ဒေါ်လာဖြင့် လည်းကောင်း၊ iPad mini 3 ကို ၃၉၉ ဒေါ်လာဖြင့် လည်းကောင်း ရောင်းချမည် ဖြစ်သည်။

အဆိုပါ iPad သစ်များတွင် Touch ID လက်ဗွေဖတ်စနစ် ပါဝင်လာသော်လည်း NFC မပါဝင်လာပေ။ ၎င်းတွင် Retina display သစ်နှင့်အတူ A8 ထက် သုံးဆပိုမို လျင်မြန်သည့် A8X ချစ်ပ်သစ်ကို အသုံးပြုထားသည်။ M8 motion coprocessor သစ် ပါဝင်လာပြီး လျင်မြန်သည့် Wi-Fi ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ကင်မရာမှာ 8MP resolution ဖြစ်ပြီး 1.12 micron pixels, f2.4 aperture နှင့် 1080p ဗီဒီယိုဖြင့် ရိုက်ကူးနိုင်သည်။ ၎င်းကင်မရာကို burst shooting, time lapse နှင့် slo-mo ဖြင့် ရိုက်ကူးနိုင်သည်။ FaceTime ကင်မရာကလည်း မျက်နှာသိမှတ်မှုကို အကောင်းဆုံး ပြုလုပ်နိုင်ပြီး burst selfie ဖြင့်လည်း ရိုက်ကူးနိုင်သည်။ အဆိုပါ iPad များကို ရွှေရောင် အမျိုးအစားဖြင့်လည်း ရရှိနိုင်သည်။

iMac သစ်တွင် Apple က Retina 5K ဟုခေါ်သော 5,120 x 2,880 pixels resolution ဖြင့် ဖော်ပြပေးနိုင်သည့် Retina display ကို အသုံးပြုထားသည်။ AMD Radon R9 ကို အသုံးပြုထားပြီး ဓာတ်ပုံနှင့် ဗီဒီယို တည်းဖြတ်ခြင်းကို အကောင်းဆုံး ဆောင်ရွက်နိုင်စေမည် ဖြစ်သည်။ Thunderbolt 2 ကိုလည်း ထောက်ပံ့ပေးထားပြီး တန်ဖိုးမှာ ဒေါ်လာ ၂,၅၀၀ ဖြစ်သည်။

Ref: CNET

Google Nexus 9 နှင့် Nexus 6 တို့ကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် တရားဝင်ကြေညာမည်


Google နှင့် မိတ်ဘက် hardware ထုတ်ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်မည့် Google ရဲ့ Nexus 9 တက်ဘလက်နှင့် Nexus 6 စမက်ဖုန်းတို့ကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် Google ၏ အသစ်ထုတ် Android L ဗားရှင်းတို့ဖြင့် တရားဝင်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ 

ဝက်ဆိုက်တစ်ခုရဲ့ အဆိုအရတော့ Nexus 9 တက်ဘလက်ကို ပထမဆုံးအကြိမ်အဖြစ် Android L ဗားရှင်းအသစ်ကို အသုံးပြုထားပါတယ်။ Pocket-lint ရဲ့ သတင်းရင်းမြစ်များအရ ယနေ့ ကြေညာမည့် Nexus မှာ Nexus 9 ပါဝင်မယ်ဆိုတာ မသေချာပေမယ့် Nexus 6 စမက်ဖုန်း သတင်းကတော့ သေချာပါတယ်။ 

Forbes မဂ္ဂဇင်းရဲ့ အဆိုအရတော့ အဆိုပါ Nexus 9 တက်ဘလက်ကို event မပြုလုပ်တော့ဖို့ Google ကနေ ဆုံးဖြတ်ခဲ့ကြပြီး အောက်တိုဘာ ၁၇ ရက်နေ့မှာ ကြိုတင်အော်ဒါမှာယူနိုင်ပြီး နိုဝင်ဘာ ၃ ရက်နေ့မှာ ပြင်ပဆိုင်တွေမှာ ၀ယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ 

Nexus 9 တက်ဘလက်ရဲ့ ဈေးနှုန်းကတော့ 16 GB ဗားရှင်းအတွက် ဒေါ်လာ ၃၉၉ ဖြစ်ပြီး 32 GB LTE ဗားရှင်းအတွက် ဒေါ်လာ ၄၉၉ ဖြစ်ပါတယ်။ အခြားပါဝင်တဲ့ Features တွေအနေနဲ့ကတော့ 2048 x 1440 Piexls ထောက်ပံ့ပေးမည့် 8.9 လက်မအရွယ်အစား တက်ဘလက်ကို 64 bit Dual Core Processor , Nvidia GPU တို့နှင့် နောက်ဘက် 8 MP ကင်မရာ နှင့် ရှေ့ဘက်မှာ 3 MP ကင်မရာတို့ ပါဝင်မှာ ဖြစ်ပါတယ်။ HTC ရဲ့ ကိုယ်ပိုင် အသံနည်းပညာတစ်ခုဖြစ်သော boomsound စနစ်နှင့် စပီကာ နှစ်လုံးကို ရှေ့ဘက်မှာ တပ်ဆင်ပေးထားပြီး အလူမီနီယံဖရိန်ဖြင့် ဘောင်ကို ကွပ်ပေးထားပါတယ်။ 

Nexus 6 စမက်ဖုန်းရဲ့ သတင်းကတော့ ၆ လက်မမျက်နှာပြင်အရွယ်အစားရှိပြီး နောက်ဆုံးသတင်းများအရ စမ်းသပ်အဆင့် ဖုန်းတွေမှာတောင် Android L ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ အခြားသတင်းရင်းမြစ်တစ်ခုကလည်း Nexus 6 ရဲ့ အရွယ်အစားဟာ iPhone 6 Plus အရွယ်အစားထက် ကြီးမယ်လို့ ဆိုပါတယ်။ 

Ref : Pocket-lint

YangonMediaGroup

မူလထက် ငါးဆခန့် ပို၍မြန်မည့် ဝိုင်ဖိုင်စနစ်ကို Samsung တီထွင်

Samsung မိုဘိုင်းဖုန်း ကုမ္ပဏီ မှ နည်းပညာရှင် များသည် ဝိုင်ဖိုင် လိုင်းပေါ် Data အချက်အလက်များ ဖြတ်သန်းမှု နှုန်းကို မူလ အခြေအနေ ထက် ငါးဆခန့် ပို၍ မြန်ဆန် စေနိုင်မည့် နည်းပညာ တစ်ရပ်ကို တွေ့ရှိပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

Samsung ၏ တိုတောင်းသော ကြေညာချက် တစ်ခုတွင် ၄င်းတို့၏ နည်းပညာရှင် များမှာ 60 GHz ဝိုင်ဖိုင်လိုင်းကို အသုံးပြု နိုင်စေနိုင်မည့် နည်းစနစ် တစ်မျိုးကို တွေ့ရှိ ထားကြောင်းနှင့် အဆိုပါ မြန်နှုန်းမြင့် ဝိုင်ဖိုင်စနစ် ကို နောင်နှစ်တွင် ရောင်းချ သွားမည့် ဖုန်းများတွင် ထည့်သွင်း သွားရန်အတွက် ကြိုးပမ်းလျက် ရှိကြောင်း ပြောပြသည်။

Samsung မှ အင်ဂျင်နီယာ များက အချို့သော နည်းပညာ ဆိုင်ရာ ပြဿနာ များကြောင့် ဝိုင်ဖိုင်၏ အလျင်နှုန်းမှာ 4.6 Gbps ထက် ကျော်လွန်ခြင်း မရှိခဲ့ကြောင်း ပြောပြသည်။ Samsung မှ ပညာရှင် များသည် ဝိုင်ဖိုင်လိုင်း အပေါ် Data ဖြတ်သန်းမှု နှုန်းကို လက်ရှိ အခြေအနေ ထက် ပို၍ လျင်မြန်စွာ စွမ်းဆောင် စေနိုင်ပြီး ယခုအခါ ဝိုင်ဖိုင် အချိတ်အဆက်ဖြင့် Data များကို 575 MBps ( 4.6 Gbps ) အလျင်နှုန်းဖြင့် အပြန်အလှန် ပို့ဆောင် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဝိုင်ဖိုင်စနစ် များက 2.4 GHz သို့မဟုတ် 5 GHz band များ အသုံးပြုရာ အချို့ ဝိုင်ဖိုင်စနစ်များ တွင် တစ်စက္ကန့် လျှင် ဝိုင်ဖိုင်လိုင်းကို 1 GB နှုန်းဖြင့် အသုံးပြု နိုင်ကြောင်း သိရသည်။ ဝိုင်ဖိုင် ရရှိနိုင်သော ဧရိယာ များတွင် စက်ပစ္စည်းများက ချိတ်ဆက်၍ အသုံးပြု သောအခါ မတူညီသော လိုင်းခွဲ များစွာတွင် ဖြတ်သန်း နေသည့် Data များတွင် ဖြစ်ပေါ်သည့် လှိုင်းပြတ် တောင်းမှု ပမာဏ များကို နည်းပညာရှင်များက လျှော့ချ နိုင်ခဲ့ပြီး အင်တင်နာ အပေါ် တိုးတက်မှု များလည်း ပြုလုပ်နိုင်ခဲ့ သောကြောင့် လိုင်းဖြတ် သန်းမှု ကိုလည်း ပို၍ ချောမွေ့ စေနိုင်ခဲ့သဖြင့် ဝိုင်ဖိုင်ဖြင့် ပို့ဆောင် လိုက်သော Data များက ဖြတ်သန်းနေစဉ် လိုင်းပြတ် တောက်မှုကြောင့် ပျောက်ကွယ် မှုများလည်း လျော့နည်း သွားမည် ဖြစ်သည်။

ဝိုင်ဖိုင် 60 GHz နှုန်းကို အသုံးပြု သွားနိုင်မည့် စက်ပစ္စည်း များကို ၂ဝ၁၅ ခုနှစ်တွင် ရောင်းချ သွားနိုင်ရန် Samsung က စီစဉ်လျက် ရှိပြီး အဆိုပါ ဝိုင်ဖိုင် စနစ်သစ်ကို တီဗွီ၊ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများ၊ ဖုန်းများ နှင့် အိမ်အသုံး အဆောင် ပစ္စည်းအချို့တွင် ထည့်သွင်း သွားမည် ဖြစ်ကြောင်း Samsung က ဆိုသည်။

PyiChitThar

လျှို့ ဝှက်ထောက်လှမ်းမှုကြောင့် အမေရိကန်အစိုးရကို တွစ်တာတရားစွဲဆို


အမေရိကန်အစိုးရသည် တွစ်တာအသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို တောင်းခံရာတွင် ပွင့်လင်း မြင်သာမှု မရှိသည့်အတွက် နောက်နောက် အမျိုးသားလုံခြုံရေးအတွက်ဟု ခေါင်းစဉ်တပ်ကာ အသုံးပြုသူများ၏ သတင်းအချက်အလက်များကို တောင်းခံလာခြင်းမျိုးကို တုန့် ပြန်ဆောင်ရွက်ပေးတော့မည်မဟုတ်ဘဲ လွတ်လပ်
စွာ ပြောဆိုခွင့်ကိုချိုးဖောက်သော အမေရိကန်တရားရေးဌာနနှင့် FBI တို့ ကို ကယ်လီဖိုးနီးယားမြောက်ပိုင်း တရားရုံးတွင် အောက်တိုဘာလ (၇) ရက်နေ့ က တရားစွဲဆိုထားကာ ကြောင်း သိရသည်။ 

အမေရိကန်အစိုးရရဲ့  စုံစမ်းထောက်လှမ်းမှုအကြောင်းကို သက်ဆိုင်ရာကိုဖွင့်ချပြီး တွစ်တာအသုံးပြုသူတွေရဲ့  စိုးရိမ်စိတ်ကို အဖြေတစ်ခုရှာထုတ်ပေးဖို့  ကျွန်တော်တို့ မှာ တာဝန်မကင်းဘူးဆိုတာကို ယုံကြည်ပါတယ်ဟု တွစ်တာကဌားရမ်းထားသောရှေ့ နေ ဘင်လီကပြောပြသည်။ 

တွစ်တာသည် ယခုနှစ် ဧပြီလက အမေရိကန်အစိုးရအဖွဲ့ အနေနှင့် ပြည်သူလူထုနှင့် သက်ဆိုင်သော ကိစ္စရပ်များ တွင် ပွင့်လင်းမြင်သာမှုရှိရှိဖော်ပြပေးရန် တောင်းဆိုခဲ့သော်လည်း တွစ်တာအသုံးပြုသူများ၏ ကိုယ်ရေအချက် အလက်များကို အဘယ်ကြောင့်တောင်းခံရသည်ကို ရှင်းလင်းချက်အပြည့်အ၀မပေးနိုင်ကြောင်း ပြောဆိုငြင်းဆန် ခဲ့ကြသည်။ 

အမျိုးသားလုံခြုံရေးအတွက် တွစ်တာအသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို တောင်းခံလိုလျင် အချက် အလက်မည်မျှကိုလိုအပ်သည်၊ မည်သည့်အကြောင်းအရာများဖြစ်သည်ကို တိကျစွာဖော်ပြပေးစေချင်သော်လည်း ကန်အစိုးရက တွစ်တာအသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်နှင့်တွစ်တာစာမျက်နှာပါအကြောင်းအရာများကို အသေးစိပ်မွေနှောက်ကြည့်ရှုလိုကြပြီး တွစ်တာက အမျိုးသားလုံခြုံရေးအဖွဲ့ မှ စောင့်ကြည့်နေသည်ဟု ဖော်ပြခွင့် တောင်းဆိုခြင်းကိုလည်း ငြင်းပယ်ထားကြောင်း သိရသည်။ 

တွစ်တာသည် Google နှင့်နှိုင်းလျင် စောင့်ကြည့်ခံရမှုများစွာပိုနဲသော်လည်း ယခုကဲ့သို့  အစိုးရကိုတရားပြန်စွဲဆို လိုက်ခြင်းသည် အခြားလူမှုကွန်ရက်ကုမ္ပဏီများအတွက်လည်း ရှေ့ ဆောင်လမ်းပြကောင်းဖြစ်သွားသည်။ နည်း ပညာကုမ္ပဏီများ၏ ဈေးကွက်အောင်မြင်မှုသည် လူထု၏ယုံကြည်စိတ်ချမှုအပေါ်မူတည်နေပြီး အစိုးရက ၄င်းတို့  ၏ ကိုယ်ရေးအချက်အလက်ကိုတောင်းတိုင်း ကုမ္ပဏီကပေးသည်ဆိုသည်ကို သိရှိသွားကြပါလျင် ဈေးကွက်တစ်ခုလုံး ပျက်စီးသွားနိုင်သည့်အတွက် အစိုးရကိုအာခံကာ customer အကြိုက် ကိုယ်ရေးအချက်အလက်များကို လျှို့ ဝှက် ထားရန်ကိုသာ ရွေးချယ်သွားမည်ပင်ဖြစ်ကြောင်း သိရသည်။ 

ယခုအခါ Microsoft, Google, Facebook, Dropbox တို့ ကလည်း အစိုးရ၏ ပွင့်လင်းမြင်သာမှုမရှိသော အသုံးပြု သူ ကိုယ်ရေးအချက်အလက်တောင်းခံမှုကို ကန့် ကွက်ထားသည်။ Apple ကမူ မိမိကိုယ်တိုင်ကလည်း ၀င်ရောက် ကြည့်ရှုနိုင်ခြင်းမရှိသော iOS8 ကိုအသုံးပြုလိုက်ခြင်းကြောင့် FBI ဒါရိုက်တာကလည်း ကန့် ကွက်ကြောင်း ထုတ် ဖော်ပြောခဲ့ဖူးသည်။

Lashio News Diary

ရှေ့ကင်မရာ 13 MP ရှိ HTC ဟန်းဆက် ထွက်လာနိုင်

HTC က နောက်ထပ်ထွက်ရှိမည့် စမတ်ဖုန်း ဟန်းဆက်သစ်သည် ရှေ့ကင်မရာ 13 megapixel ပါဝင်လာ နိုင်သည်ဟု အောက်တိုဘာလ ၆ ရက်က CNET သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



Desire Eye ဟု အမည်ရနိုင်သည့် ယင်း HTC ဟန်းဆက်သစ်၏ သတင်းသည် တွစ်တာ စာမျက်နှာများတွင် စတင်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ မျက်နှာပြင် ၅ ဒသမ ၂ လက်မရှိမည့် HTC Eye တွင် သိုမှီးပမာဏ 32GB ပါဝင် မည်ဖြစ်ပြီး ဖယ်ရှားနိုင်သည့် 2400 mAh ဘက်ထရီကို ထည့်သွင်းထားမည် ဖြစ်သည်။ Processor အားဖြင့် 2.3 GHz quad-core Qualcomm Snapdragon 801 ကို အသုံးပြုထားပြီး RAM 2 GB ရှိမည် ဖြစ်သည်

လက်ရှိအချိန်တွင် HTC ၏ နောက်ဆုံးထွက် One M8 ၏ ကင်မရာ pixel နည်းပါးမှုကြောင့် အသုံးပြုသူများ က ဝေဖန်ထားလျက် ရှိသည့်အတွက် HTC မှ ယခုလို Megapixel မြင့် စမတ်ဖုန်း ပြန်လည် ထုတ်လုပ်ရန် ကြိုးစားခြင်း ဖြစ်နိုင်ကြောင်း CNET က ခန့်မှန်းထားသည်။
 CNET 

Galaxy Note 4 အောက်တိုဘာ တတိယပတ်တွင် စတင်ရောင်းမည်



ဆမ်ဆောင်း၏ ထုတ်ကုန်သစ် တစ်ခုဖြစ်သော Galaxy Note 4ကို အောက်တိုဘာလတတိယပတ်အတွင်း ပြည်တွင်း၌ စတင်ဝယ်ယူနိုင်မည်ဟု ဆမ်ဆောင်းမြန်မာရုံးခွဲမှ သတင်းရရှိသည်။

‘‘အောက်တိုဘာ တတိယ ပတ်လောက်မှာ ပြည်တွင်းကို ရောက်ဖို့ရှိပါတယ်။ စပြီးရောင်း တဲ့အချိန်မှာ အထူးအစီအစဉ် တွေနဲ့လည်း ပြုလုပ်ပေးသွားဖို့ ရှိပါတယ်’’ဟု ဆမ်ဆောင်းမြန်မာ မှ တာဝန်ရှိသူ ဦးဇာနည်ဝင်းထက် ကပြောသည်။

Galaxy Note 4 ကို ပြည် တွင်း၌ ကျပ် ခုနစ်သိန်းကျော်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေး နှုန်းအတိအကျကိုမူ မကြာမီ သတ်မှတ်ပေးမည်ဟု ဆိုသည်။


‘‘Note စီးရီးတွေဟာ နည်း ပညာနယ်ပယ်ထဲမှာ တီထွင်ဆန်း သစ်မှုတွေရဲ့ နမိတ်တစ်ခုဖြစ် ပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ မျက် နှာပြင်နဲ့ Smart Pen နည်းပညာ ဟာ စမတ်ဖုန်းယဉ်ကျေးမှုရဲ့ အ ဆင့်အတန်းတစ်ခုကို စတင်မိတ် ဆက်လိုက်တာဖြစ်ပါတယ်’’ဟု ဆမ်ဆောင်းအီလက်ထရွန်နစ်မန်နေဂျင်းဒါရိုက်တာ မစ္စတာ နမ်ဆမ်အန်ကပြောသည်။

ဆမ်ဆောင်းက ထုတ်လုပ် သည့် Galaxy Note စီးရီးစမတ် ဖုန်းများသည် မျက်နှာပြင်ကြီးမား ပြီး စွမ်းဆောင်ရည်ကောင်းမွန်၍နိုင်ငံတကာမိုဘိုင်း ဈေးကွက်၌ ရောင်းအားကောင်းသော ထိပ်တန်းစမတ်ဖုန်းအမျိုးအစားများဖြစ်ပြီး ယခုအသစ်ထုတ်လုပ်လိုက်သည့် Galaxy Note 4 စမတ်ဖုန်းတွင်လည်း နည်းပညာနှင့် လုပ်ဆောင်ချက် အသစ်များ ထည့်သွင်းပေးထားသည်။
7 Day

CES 2015 ပြပွဲတွင် ပြသနိုင်ရန်အတွက် ASUS မှ မျက်နှာပြင် ၅.၅ လက်မ ရှိသည့် Zenfone စမက်ဖုန်းကို ထုတ်လုပ်ဖွယ်ရှိ


DigiTimes ရဲ့ အဆိုအရ Asus ဟာ CES 2015 ပြပွဲအမီ ပြသနိုင်ရန်အတွက် မျက်နှာပြင်အရွယ်အစား ၅.၅ လက်မရှိသည့် Zenfone လို့အမည်ပေးထားသည့် စမက်ဖုန်းသစ်ကို ထုတ်လုပ်သွားဖွယ် ရှိနေပါတယ်။ 

ယခုနှစ်အတွင်းမှာပဲ Zenfone 4, Zenfone 5 နှင့် Zenfone 6 တို့ကို ဆက်တိုက် ဆိုသလို ထုတ်လုပ်ခဲ့ပြီး အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ တဲ့ အတွက် 
တဲ့ အတွက် ယခု ၅.၅ လက်မမျက်နှာပြင်ကို ဆက်လက်ထုတ် လုပ်ခြင်း ဖြစ်နိုင်ပါတယ်။ လက်ခံနိုင်လောက်တဲ့ အနေအထားအရ Zenfone အမျိုးအစား ၃ မျိုးကို ဆက်တိုက်ထုတ်လုပ်ခဲ့ပြီး ယခုနှစ်အတွင်း Zenfone စမက်ဖုန်းပေါင်း ၇ သန်း နှင့် ၈ သန်းကြား ထုတ်လုပ်ဖို့ မျှော်လင့်နေပါတယ်။ 

ထိုင်ဝမ်နိုင်ငံအခြေစိုက် Asus ကုမ္ပဏီဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို LTE အခြေပြုစနစ်တွေအဖြစ် ထုတ်လုပ်မှာဖြစ်ပြီး အဆိုပါစမက်ဖုန်းတွေကို အမေရိက နှင့် တရုတ်နိုင်ငံလို ဈေးကွက်မျိုးကို တင်သွင်းမှာဖြစ်ပါတယ်။ Asus ကုမ္ပဏီ အနေနဲ့ကတော့ လာမည့် ၂၀၁၅ ခုနှစ်အတွက် စမက်ဖုန်းအလုံးရေ ၁၆ သန်းကျော် ထုတ်လုပ်ဖို့အတွက် လျာထားတယ်လို့ ဆိုပါတယ်။

Ref : GSMARENA
YangonMediaGroup

Apple ကုမ္ပဏီမှ ထုတ်ကုန်အသစ်ဖြစ်သည့် iPad များကို အောက်တိုဘာ ၂၁ ရက်နေ့တွင် မိတ်ဆက်ပြသမည်


Apple ကုမ္ပဏီအနေဖြင့် ပြီးခဲ့သည့်လက iPhone 6 နှင့် iPhone 6 Plus တို့ကို မိတ်ဆက်ပြသခဲ့ပြီးနောက် ယခုတစ်ခါ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကုမ္ပဏီ၏ ထုတ်ကုန်အသစ်များဖြစ်သည့် iPad အသစ် နှင့် Mac ကွန်ပျူတာများ အတွက် OS အသစ်ဖြစ်လာမည့် OS X Yasemite ကို မိတ်ဆက်ပြသဖွယ် ရှိနေပါတယ်။ 

အထူးသဖြင့် Apple ဟာ မျိုးဆက် ခြောက်ခုမြောက်ဖြစ်လာမည့် iPad အသစ်ကို မိတ်ဆက်ဖွယ်ရှိနေပြီး တတိယမြောက် iPad Mini ကိုလည်း မိတ်ဆက်ဖွယ်ရှိ ပါတယ်။ လတ်တလောထွက်နေတဲ့ သတင်းများအရ iPad အသစ်တွင် A8 Processor ၊ အလင်းမပြန်နိုင်သည့် မျက်နှာပြင် ၊ Touch ID Fingerprint sensor တို့ ပါဝင်လာမှာဖြစ်ပါတယ်။ 

Ref : pocket-lint
YangonMediaGroup

Sony Xperia စမတ်ဖုန်း မော်ဒယ်သစ်များ မိတ်ဆက်


Sony ၏ နောက်ဆုံးထွက် Xperia Z3 ၊ Xperia Z3 Compact မော်ဒယ်သစ် စမတ်ဖုန်းနှစ်မျိုးနှင့် ၈ လက်မ အရွယ်အစား Xperia Z3 Compact Tablet မိတ်ဆက်ပွဲကို ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့ပြီး Xperia Z3 စီးရီး စမတ်ဖုန်းနှင့် Tablet တွင် အဆက်မပြတ် အသုံးပြုခြင်းအတွက် နှစ်ရက်တာအထိ ထောက်ပံ့နိုင်မည့် Power Saving နည်းပညာသစ်၊ ကမ္ဘာ့ပထမဆုံး ISO 12800 အထိ တုံ့ပြန်နိုင်သည့် 1/2.3 Exmor RS ကင်မရာစနစ်၊ အသံအရည်အသွေးနိမ့် သီချင်းများ၏ အသံကို အမြင့်မားဆုံးအထိ မြှင့်တင်ပေးသည့် DSEE HX နည်းပညာသစ်၊ ရေအောက်တွင် ရိုက်ကူးနိုင်သည့် ရေစိုခံနိုင်မှုစွမ်းရည်၊ ပြင်ပဆူညံသံကို ထိရောက်စွာ ဖယ်ရှားပေးသည့် Noise Canceling စနစ်၊ မိမိတို့၏ လှုပ်ရှားမှုကို တွက်ချက်ဖော်ပြပေးမည့် ကျန်းမာရေးဆိုင်ရာ Application များနှင့် ကင်မရာစနစ် အထောက်အကူပြု Multi-camera ၊ Sound Photo ၊ Movie Creator ၊ AR Fun စသည့် စနစ်များပါဝင်လာကြောင်း သိရသည်။

Z3 စီးရီး စမတ်ဖုန်းများသည် GSM ဖုန်းအမျိုးအစားဖြစ်ပြီး 2G/3G နှင့် LTE ကွန်ရက်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အလူမီနီယံ ဘေးဘောင်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် Xperia Z3 မော်ဒယ်သစ် စမတ်ဖုန်းနှင့် Tablet များသည် ရေစိုခံအမျိုးအစားများဖြစ်ပြီး 3GB RAM၊ ROM 16GB ၊ အမြန်နှုန်း 2.5GHz ရှိသည့် Qualcomm Snapdragon အမျိုးအစား Quad-core CPU ကို အသုံးပြု ထုတ်လုပ်ထားခြင်း ဖြစ်သည်။ Xperia Z3 စမတ်ဖုန်းသည် အထူ ၇.၃ မီလီမီတာ၊ မြင်ကွင်းအကျယ် ၅.၂ လက်မ၊ 20.7 MP နောက်ကင်မရာနှင့် အလေးချိန် ၁၅၂ ဂရမ် ရှိမည်ဖြစ်ပြီး Xperia Z3 Compact စမတ်ဖုန်းသည် အထူ ၈.၆ မီလီမီတာ၊ မြင်ကွင်းအကျယ် ၄.၆ လက်မ၊ 20.7 MP နောက်ကင်မရာနှင့် အလေးချိန် ၁၂၉ ဂရမ် ရှိမည်ဖြစ်သည်။ Xperia Z3 Compact Tablet သည် အထူ ၆.၄ မီလီမီတာ၊ မြင်ကွင်းအကျယ် ၈ လက်မ၊ 8.1 MP နောက်ကင်မရာနှင့် အလေးချိန် ၂၈၀ ဂရမ် ရှိမည်ဖြစ်သည်။

တန်ဖိုးအားဖြင့် Xperia Z3 စမတ်ဖုန်းသည် ကန်ဒေါ်လာ ၆၆၅ ၀န်းကျင်နှင့် Xperia Z3 Compact သည် ကန်ဒေါ်လာ ၅၅၉ ၀န်းကျင်ရှိမည်ဖြစ်ပြီး Xperia Z3 Compact Tablet ၏ တန်ဖိုးအား ဈေးကွက်သို့ စတင်ရောင်းချသည့်အချိန်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Internet Journal

မြွေအရေခွံ ဖုံးအုပ်ထားသည့် နီလာဖန်မျက်နှာပြင်နှင့် ဖုန်းဟန်းဆက်ကို ဒေါ်လာ ၉၁၀၀ (ကျပ်ငွေ ၉၁ သိန်းဝန်းကျင်) ဖြင့်မှာယူနိုင်ပြီး



နည်းပညာမြင့်မားပြီး ဈေးနှုန်းကြီးမြင့်သော
ဖုန်းဟန်းဆက်များကို ကမ္ပဏီများအပြိုင်
အဆိုင် ထုတ်လုပ်နေသည့် ယနေ့ခေတ်တွင်
တန်ဘိုးကြီး ဇိမ်ခံဖုန်းဟန်းဆက် များ
ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် 
Vertu မှ အမေရိကန်ဒေါ်လာ ၆၉၀၀ တန်ကြေးရှိသည့် Aster ဟုအမည်ရသော ဖုန်းဆက်တစ်မျိုးကို ဈေးကွက်အတွင်းမိတ်ဆက်လိုက်ပြီဖြစ်သည်။

Andriod OS ထောက်ပံ့မှုဖြင့် လုပ်ဆောင်ချက်များလည်ပတ်သည့် Aster ဖုန်းဟန်းဆက်တွင် တန်ဘိုးကြီး နီလာဖန်မျက်နှာပြင်၊ Dolby Stero စပီကာနှစ်လုံးနှင့် ပေါင်းစပ်ဖွဲ့စည်းထားသောကြောင့် ဈေးနှုန်းမှာလည်း အခြေခံလူတန်းစားများလက်လှမ်းမမှီနိုင်သည့် အမေရိကန်ဒေါ်လာ ၆၉၀၀ အထိ တန်ဘိုးကြီးမြင့်နေခြင်းဖြစ်သည်။

ဒါ့အပြင် ယခုလက်ရှိ ကမ္ဘာ့ဈေးကွက်တွင်ထိပ်တန်းနေရာများရရှိနေကြသည့် Andriod OS အသုံးပြုဖုန်းဟန်းဆက်များဖြစ်ကြသော Samsung ၏ Galaxy S5 နှင့် LG ၏ G-3 ဖုန်းဟန်းဆက်များကိုယှဉ်ပြိုင်နိုင်မည့် cutting-edge နည်းပညာများနှင့် အရည်သွေးမြင့်နည်းပညာကိုလည်း အသုံပြုထားသည်။

Aster ဖုန်းဟန်းဆက်၏ အခြားသော ထူးခြားချက်များအနေဖြင့် တိုင်တေနီယမ်ကိုယ်ထည်၊ ၁၁၇ ကာရက် အရည်သွေးရှိပြီး ရုပ်ထွက်အရည်သွေး 1080p ဖော်ပြပေးနိုင်မည့် ၄့၇ လက်မအရွယ် နီလာဖန်မျက်နှာပြင် နှင့် 13-megapixel နောက်ကင်မရာ၊ ကင်မရာမီးအလင်းအားအတွက် LED မီး ၂ လုံးနှင့် 2.1-megapixel အရည်သွေးရှိရှေ့ကင်မရာတို့လည်းပါဝင်လာခဲ့သည်။

အခြားသောဖုန်းဟန်းဆက်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် NFC နည်းပညာပါဝင်သလို နည်းပညာမြင့် ဖုန်းအားသွင်းစနစ်ဖြစ်သည့် Qi wireless charging ကို 2250mAh သိုလှောင်အားရှိသည့် ဘတ္ထရီဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။

Aster ကို Vertu မှ အမေရိကန်ဒေါ်လာ ၆၉၀၀ ဖြင့် ရောင်းချသော်လည်း စမတ်ကျကျအသုံးပြုလိုသော သုံးစွဲသူများအတွက် ဖုန်း၏နောက်ကျောကို မြွေ သားရည် ဖုံးအုပ်သုံးစွဲလိုသူများအတွက် Aster ကို အမေရိကန်ဒေါ်လာ ၉၁၀၀ နှင့် ကြက်ဆင်သားရည် ဖုံးအုပ်လိုသူများအတွက် အမေရိကန်ဒေါ်လာ ၉၇၀၀ တို့ဖြင့် ရောင်းချပေးလျက်ရှိရာ ၀ယ်ယူလိုသူများအတွက် Vertu ၏ အွန်လိုင်းစတိုးတွင် မှာယူဝယ်ယူနိုင်ပြီဖြစ်သည်။

နောက်ထွက်မည့် Windows က Windows 10 ဖြစ်


စက်တင်ဘာ ၃၀ က Microsoft ရဲ့ Build conference မှာ Microsoft တို့ရဲ့ နောက်မျိးဆက် Windows ကို ကြေညာသွားပါတယ်။ ယင်းဟာ Windows 10 ဖြစ်ပါတယ်။ Windows 9 မဟုတ်ပါဘူး။ ဒါဟာ psycho trick တစ်ခု သုံးခြင်း သဘောတစ်ခုပါပဲ။ လူတွေ အနေနဲ့ Windows 8 ကို သုံးရမှာ စိတ်ပျက်နေတဲ့ အချိန် Windows 9 လည်း ဒီလိုပဲ ဖြစ်လာမယ်လို့ ထင်နေကြတဲ့ စိတ်ကို ပျက်အောင် လွမ်းမိုးဖို့ အတွက် အဆင့်ကျော်လို့ Windows 10 လို့ အမည်ပေးခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။

ထူးခြားချက် ကတော့ PC, Tablet ပေါ်မှာကော၊ မိုဘိုင်းဖုန်း မှာကော၊ Xbox မှာ ကော အသုံးပြုမယ့် Windows က အတူတူပဲ ဖြစ်သွားပါမယ်။ ဒီတော့ Developer တွေ အလုပ်မရှုပ်တော့ပဲ App တစ်ခု ဖန်တီးပြီး Platform တိုင်းမှာ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Windows 7 က အားသာချက်နဲ့ Windows 8 က အားသာချက်များကို ပေါင်းစပ်လို့ ဖန်တီးထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ လက်ရှိ ကမ္ဘာမှာ Windows 8 နဲ့ 8.1 ကို အသုံးပြုသူဟာ ၁၃.၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ ၅၁.၂ ရာခိုင်နှုန်းဟာ Windows 7 ကို အသုံးပြုနေပြီး ၂၃.၉ ရာခိုင်နှုန်းက Microsoft မှ ထောက်ပံ့မှု မပေးတော့တဲ့ Windows XP ကို အသုံးပြုနေကြ ပါတယ်။ ဒီတော့ Windows 8 ဟာ မကျရှုံးရင်တောင် အောင်မြင်တဲ့ Product မဟုတ်ခဲ့တ သေချာ ပါတယ်။ Tablet ရောင်းအား တက်စေခဲ့ပေမယ့် PC ဈေးကွက်မှ ရောင်းအား အင်မတန် ကျခဲ့ ပါတယ်။


ဒါကြောင့်မို့ အမှားတွေကနေ သင်ခန်းစာယူပြီး Windows 10 မှာ အကောင်းဆုံး ဖန်တီး သွားမည် ဖြစ်ကြောင်း Microsoft မှ တာဝန်ရှိသူများက ပြောကြားခဲ့ ပါတယ်။
.
Ref: techcrunch, bbc, engadget

အောင်ခမ်း (www.innewwsmyanmar.com)

စွမ်းဆောင်ရည်မြင့် Huawei ရဲ့ နည်းပညာသစ် Huawei Ascend Mate 7





အာရှပစိဖိတ် ဒေသမှာ စမတ်ဖုန်းဈေးကွက်ဝေစု အများဆုံး သိမ်းပိုက်ထားနိုင်တဲ့ Huawei ဟာ ပြီးခဲ့တဲ့ IFA ပွဲမှာ ထင်မှတ်မထားလောက်အောင် ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံး ကြေညာပြသခဲ့ပါတယ်။ အဲဒီဖုန်းကတော့ Ascend Mate 7 ပါ။ Huawei ဟာ ဒီဖုန်းနဲ့အတူ ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်သူ ဆိုတဲ့ နာမည်ကနေ၊ ထိပ်တန်း နည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခုဆိုတာ ပြသနိုင်တော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖုန်းနဲ့အတူ Huawei ရဲ့ တီထွင်ဆန်းသစ်မှုတွေကို တွေ့မြင်ကြရမှာဖြစ်သလို လက်ရှိ ထိပ်တန်းစမတ်ဖုန်းတွေကို ကောင်းကောင်းယှဉ်ပြိုင်နိုင်တော့မှာဖြစ်ပါတယ်။
ပထမဆုံး ဖုန်းရဲ့ ဒီဇိုင်းပုံစံကနေ စပြီးကြည့်မယ်ဆိုရင် Mate 7 မှာ အလွန်ပါးလျပြီး ကျစ်လျစ်သပ်ရပ်တဲ့ တည်ဆောက်မှုမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Huawei အတွက် ပထမဆုံး သတ္တုကိုယ်ထည် စမတ်ဖုန်းဖြစ်သလို မျက်နှာပြင်ကြီးမားပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဖုန်းတစ်လုံးအဖြစ်လည်း မှတ်တမ်းသစ် တင်နိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်နဲ့ အနားသတ်ဘောင်ကြားက အကွာဝေးဟာ 2.9mm သာရှိတဲ့ အတွက် စမတ်ဖုန်းတွေထဲမှာ ဘေးဘောင်ကြီးမားတဲ့ဒီဇိုင်းပုံစံတွေကနေ ခွဲထွက်ထားပါတယ်။ ဖုန်းရဲ့အရွယ်အစားထက် မျက်နှာပြင်ဧရိယာကြီးမားမှုကို အသားပေးတည်ဆောက်ထားတဲ့အတွက် ပုံမှန်မြင်တွေ့နေကျ Huawei စမတ်ဖုန်းပုံစံတွေနဲ့ ကွဲပြားနေပါလိမ့်မယ်။ မျက်နှာပြင်အရွယ်အစားက ထောင့်ဖြတ်အလျား 6” ရှိပြီး ဖုန်းရဲ့ အရွယ်အစား(အမြင့်)က 6.18” သာရှိတဲ့အတွက် အပေါ်အောက်ဘောင် လည်း ကျဉ်းမြောင်းလှပါတယ်။ ကိုယ်ထည်ရဲ့အထူကလည်း 7.9 mm သာရှိပြီး အလေးချိန်ကလည်း 185 g သာရှိတဲ့အတွက် ဒီလို အရွယ်အစားကြီးမားတဲ့ သတ္တုကိုယ်ထည်စမတ်ဖုန်းမျိုးကို တည်ဆောက်နိုင်တဲ့ Huawei ကို အံ့သြရပါတယ်။ မျက်နှာပြင်အရည်အသွေးကလည်း 1080x1920p (368 ppi)အရည်အသွေးနဲ့ Gorilla Glass 3 ဖုံးအုပ်ထားပါတယ်။ မျက်နှာပြင်နည်းပညာကတော့ IPS LCD touchscreen အမျိုးအစားဖြစ်ပါတယ်။
စွမ်းဆောင်ရည်မြင့်မားဖို့အတွက် Huawei ရဲ့ Kirin 925 Soc Chipset ကို ပွဲထုတ် အသုံပြုထားတာ တွေ့ရပါတယ်။ Kirin 925 ဟာ Huawei ရဲ့ ပထမဆုံး 8-core CPU ဖြစ်ပြီး Quad-core 1.8 GHz နဲ့ Quad-core 1.3 GHz နှစ်မျိုးကို စနစ်တကျ ထိန်းချုပ်မောင်းနှင်နိုင်စေဖို့ သီးသန့် core တစ်ခု ထပ်မံထည့်သွင်း ပေးထားပါတယ်။ အသုံးပြုတဲ့ အနေအထားပေါ်မူတည်ပြီး လိုအပ်တဲ့ core အရေအတွက်ကို လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်စေတာကြောင့် Huawei က CPU တည်ဆောက်မှု စနစ်ကို intelligent 8+1 core Architecture လို့ ခေါ်ဆိုထားပါတယ်။ ဒါ့အပြင် LTE Cat-6 စနစ်ဖြစ်တာကြောင့် ချိတ်ဆက်အသုံးမှုအပိုင်း ကိုလည်း မြန်ဆန်စေပါလိမ့်မယ်။ ဘက်ထရီစနစ်ကို အဓိက ချွေတာပေးနိုင်မယ့် Sensor စနစ်လည်း ပါဝင်ပြီး စွမ်းဆောင်ရည်ပိုင်းရော နည်းပညာပိုင်းပါ မြင့်မားတဲ့ ထိပ်တန်းဖုန်းလုံးဖြစ်ပါတယ်။ အသုံးပြုထားတဲ့ RAM ပမာဏကလည်း 3 GB ဖြစ်ပြီး Mali-T628 GPU ပါဝင်တဲ့အတွက် HD ဂိမ်းတွေ Video တွေအတွက်အလုံအလောက် အသုံးပြုနိုင်စေပါတယ်။ 
Huawei Mate7 မှာ နောက်ထပ်ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ရပ် ရှိနေပါသေးတယ်။ အဲဒါကတော့ ထင်မှတ်မထားလောက်အောင် ကောင်းမွန်လွန်းလှတဲ့ finger print စနစ်ပါ။ လက်ရှိ ပြိုင်ဘက်စမတ်ဖုန်းတွေမှာလည်း finger print စနစ်ပါဝင်ပြီးသားလို့ ဆိုနိုင်ပေမယ့် Mate 7 ရဲ့ finger print စနစ်က ထူးခြားပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက် ကင်မရာအောက်နားမှာ ပါဝင်တဲ့ အနည်းငယ်ချိုင့်နေတဲ့ လေးထောင့်ကွက်ကလေးပေါ်ကို သတ်မှတ်ထားတဲ့ လက်ချောင်းနဲ့ တို့ထိ၊ ဖြတ်သန်းလိုက်တာနဲ့ သင်ဟာ ဒီဖုန်းရဲ့ ပိုင်ရှင် ဟုတ်လား မဟုတ်ဘူးလားဆိုတာ ချက်ချင်းသိရှိနိုင်မှာဖြစ်ပါတယ်။ လက်ရှိ finger-print စနစ်တွေထဲမှာ အမြန်ဆုံးဖြစ်ပြီး 360ံ ပတ်လည် ဘယ်လိုအနေအထားမျိုးမှာမဆို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သီးခြားသတ်မှတ်ထားတဲ့ လက်ဗွေရာ(လက်ချောင်းတွေ)ရဲ့ ပုံရိပ်ကို CPU ပေါ်က Security Engine ပေါ်မှာ သိမ်းဆည်းပေးထားပြီး ပြန်လည်အသုံးပြုတဲ့အခါ သတ်မှတ်ထားတဲ့ လက်ဗွေရာ ရတာနဲ့တစ်ပြိုင်နက် လျင်မြန်စွာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းထဲမှာပါဝင်တဲ့ Apps တွေနဲ့ တခြားအချက်အလက်တွေကိုလည်း Finger-print စနစ်နဲ့ တစ်ခုချင်းစီ lock ပြုလုပ်ထားနိုင်တဲ့အတွက် လုံခြုံရေးစနစ်မြင့်မားတဲ့ ဖုန်းတစ်လုံးအဖြစ် အသုံးပြုနိုင်ပါလိမ့်မယ်။
Huawei ရဲ့ အကောင်းမွန်ဆုံးဖုန်းတစ်လုံးအဖြစ် မှတ်တမ်းတင်နိုင်မယ့် Mate 7 မှာ နောက်ထပ် ထူးခြားချက်တစ်ရပ် ရှိနေပါသေးတယ်။ စမတ်ဖုန်းနဲ့အတူ ပါဝင်လာမယ့် နားကြပ်(earphones)ဟာ ဆူညံသံတွေလျော့ချနိုင်ပြီး ကြည်လင်ပြတ်သားတဲ့အသံစနစ်ကိုအသုံးပြုထားပါတယ်။ လက်မအရွယ်ရှိ နားကြပ်ရဲ့ အသံထိန်းချုပ်ရာနေရာလေးဟာ မြင်ကတည်းက ထူးခြားမှုတစ်ခုလို့ ထင်မိပါလိမ့်မယ်။ ဒီနေရာဟာ Mate7 အတွက် ၂ နာရီစာ ဖုန်းပြောလို့ရတဲ့ batter စွမ်းအားကို သိုလှောင်ထားပြီး ဖုန်းကို တိုက်ရိုက်အားဖြည့်နိုင် အသုံးပြုနိုင် ပါလိမ့်မယ်။ သီချင်းနားထောင်ရင်း စမတ်ဖုန်းအတွက် လိုအပ်တဲ့အားသွင်းပြီးသား ဖြစ်စေတဲ့ ဒီလုပ်ဆောင်ချက်ဟာ စမတ်ဖုန်းတွေအားလုံးထဲမှာ ပထမဆုံးဖြစ်သလို အလွန် နှစ်သက်ဖွယ်ကောင်းလှပါတယ်။

iPhone 6 Plus နှင့် Apple ရဲ့ တရားဝင်ထုတ်ပြန်ချက်


Apple ဟာ သူ့ရဲ့စက်ရုံတွေ ၊ စမ်းသပ်ခန်းတွေနဲ့ပတ်သက်ပြီး အချက်အလက်များကိုထုတ်ဖော်ပြောဆိုမှုပြုလုပ်တာ အလွန်ရှားပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ နာမည်ကြီးသတင်းမီဒီယာတစ်ချို့ကို Apple ရဲ့ iPhone ထုတ်ကုန်များကို စမ်းသပ်မှုများပြုလုပ်တဲ့ စမ်းသပ်ခန်းများကို တရားဝင်လိုက်လံပြသခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ယခုရက်ပိုင်းမှာအလွန်သတင်းပျံ့သွားတဲ့ iPhone 6,6 Plus ကိုယ်ထည်တွေကွေးညွတ်တယ်ဆိုတဲ့သတင်းများကိုဖြေရှင်းဖို့ပဲဖြစ်ပါတယ်။ iPhone များကိုပြင်ပသို့ရောင်းချမှုမပြုလုပ်ခင် Cupertino မှာရှိတဲ့ Apple Campus က iPhone ကိုယ်ထည်အစိတ်အပိုင်းများစမ်းသပ်ခန်းမှုအခန်းကဏ္ဍများကိုလိုက်လံပြသခဲ့တာဖြစ်ပါတယ်။ ဒီစမ်းသပ်ခန်းများမှာ iPhone များကိုအများပြည်သူသုံးအဖြစ် ဖြန့်ဖြူးရောင်းချမှုမပြုလုပ်ခင် ပြင်ပလက်တွေ့ဘ၀မှာ ကြုံတွေ့ရနိုင်တဲ့ ဖုန်းကိုလွတ်ကျမှုတွေ ၊ ဖုန်းကိုတက်ဖိမိတာတွေ ၊ ဖုန်းကိုဘေးတိုက်လိမ်ချိုးပြီးစမ်းသပ်တာမျိုးတွေ စတဲ့ပုံမှန်အခြေအနေအားဖြင့်အကြမ်းခံမှုရှိမရှိကိုစမ်းသပ်မှုများပြုလုပ်တာဖြစ်ပါတယ်။

” iPhone များကိုသေသပ်လှပမှု ၊ အကြမ်းခံမှုရှိအောင် Apple ရဲ့ Designer များ ၊ အင်ဂျင်နီယာများနဲ့ ဒီဇိုင်းရေးဆွဲတည်ဆောက်ပြီးမှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ကြံ့ခိုင်မှုအပိုင်းမှာလည်း တကယ့်လက်တွေ့သုံးမှာ ဒီဖုန်းအပေါ်သာမန်သုံးအနေနဲ့ ဘယ်လောက်ထိခိုက်နိုင်မယ် ၊ Pressure သက်ရောက်မှုဘယ်လောက်ရှိနိုင်မယ်ဆိုတဲ့အတိုင်းအတာတစ်ခုနဲ့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ Apple အနေနဲ့သူ့ရဲ့ Facility တွေကိုပုံမှန်အားဖြင့် ပြင်ပလူတွေကိုထုတ်ဖော်ပြောဆိုပြသလေ့မရှိပါဘူး ။ ဒီနေ့ကျွန်တော်တို့ဒီကိုရောက်နေရတာကတော့ Apple ရဲ့ နောက်ဆုံးထုတ်ဖုန်းဖြစ်တဲ့ iPhone 6 မော်ဒယ်တစ်ချို့ ကွေးညွတ်တယ်ဆိုတဲ့သတင်းကြောင့်ဖြစ်ပါတယ်။ Apple ဟာ iPhone 6 မော်ဒယ်များကိုထုတ်လုပ်ရောင်းချမှုမပြုလုပ်ခင် ယခုစမ်းသပ်ခန်းများမှာ iPhone 6,6 Plus အလုံးရေပေါင်း သုံးသောင်းခန့်ကိုအမျိုးမျိုးစမ်းသပ်စစ်ဆေးခဲ့ပါတယ်။ စမ်းသပ်ကာလမှ ရလဒ်များကိုအခြေခံပြီး ဖုန်းရဲ့ပုံမှန်သုံးအားဖြင့် ဖိအားအများဆုံးခံရမယ့်နေရာများမှာ steel / titanium သတ္တုများနဲ့ Apple မှကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ anodized aluminum ၊ အလွန်အကြမ်းခံတဲ့ ion-strengthened glass တို့ ကိုအသုံးပြု ထားတာပါ။ သုံးစွဲသူတို့ရဲ့လက်ထဲသို့မပို့ခင် စမ်းသပ်မှု ရာပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။ ပုံမှန်သုံးအခြေအနေမျိုးနဲ့သုံးစွဲနေသူတွေအတွက် ဖုန်းကကွေးညွတ်သွားဖို့ဆိုတာလုံးဝရှားပါးတဲ့အခြေအနေမျိုးပါ” လို့ Apple ရဲ့ senior vice president ဖြစ်တဲ့ Phil Schiller ကပြောပါတယ်။

“iPhone 6 Plus များကိုလက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့ရာမှာ အဆင့်သုံးဆင့်ဖြင့်အဓိကစမ်းသပ်စစ်ဆေးပါတယ်။ ယင်းအဆင့်တွေထဲမှာ Sit Test လို့ခေါ်တဲ့စမ်းသပ်မှုလည်းပါဝင်ပါတယ်။ ဖုန်းကို skinny jeans ထဲထည့်ပြီး ထိုင်နေတဲ့နေရာမျက်နှာပြင် အပျော့ ၊ အမာ စတာတွေကို အခြေခံပြီးအကုန်စမ်းသပ်စစ်ဆေးထားပါတယ်။ ဖုန်းကိုတည်ဆောက်ထားတဲ့နေရာမှာ အကြမ်းခံ ၊ ရေရှည်ခံနိုင်ဖို့အတွက် အရေအသွေးအမြင့်ဆုံးဆိုတဲ့ပစ္စည်းအစိတ်အပိုင်းများကိုသာအသုံးပြုထားပါတယ်။ သာမန်အခြေအနေလောက်နဲ့ဖုန်းကကွေးညွတ်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး ။ ဖုန်းကိုတမင်ကွေးညွတ်အောင်ချိုးမယ်ဆိုရင်တော့ iPhone မှမဟုတ်ဘူး ၊ မည်သည့်ဖုန်းမဆိုပုံပျက်ပန်းပျက်ဖြစ်သွားမှာပါပဲ” လို့ Apple မှ Hardware Engineer တစ်ဦးဖြစ်တဲ့ Dan Riccio ကပြောပါတယ်။

Apple မှထုတ်ပြန်တဲ့ကြေညာချက်မှာလည်း ဖုန်းအလုံးရေ ၁၀ သန်းကျော်ရောင်းချပြီးတဲ့အထဲကဖုန်းကွေးညွတ်သွားတယ်လို့ဆက်သွယ်ပြောဆိုလာသူ Customer အရေအတွက်ဟာ ကိုးယောက် ဖြစ်တယ်လို့ဆိုပါတယ်။

Credit to: myanmarmobileapp

ကွန်ပျူတာ သန်း ၅၀၀ ခန့် တိုက်ခိုက်ခံရနိုင်သော Shell Shock လုံခြုံရေးယိုစိမ့်ပေါက်အကြောင်း အရေးပေါ်သတိ ပေးချက်ထုတ်ပြန်

Linux System နှင့် Apple ကုမ္ပဏီ၏ Mac OS တို့ ၏တစ်စိတ်တစ်ဒေသဖြစ်သော Bash ဆော့ဖ်ဝဲတွင် ဆိုးရွား သော လုံခြုံရေးယိုစိမ့်ပေါက်ရှိနေပြီး သန်းပေါင်းရာပေါင်းများစွာသော ကွန်ပျူတာနှင့်ဆာဗာများကို လုံခြုံမှု ကင်းမဲ့စေ နေကြောင်း သုတေသီများက ပြောသည်။ 

ယင်းလုံခြုံရေးယိုစိမ့်မှုကို Shell Shock ဟုအမည်ပေးထားပြီး Bash ပေါင်းစပ်ပါဝင်သော ဆော့ဖ်ဝဲတစ်ခုခုကို အသုံးပြုသော မည်သည့်ကွန်ပျူတာ၊ ဆာဗာကိုမဆို အဝေးမှ လှမ်းထိန်းချုပ်နိုင်ကာ ယခုနှစ် ဧပြီလက တွေ့ ရှိခဲ့ သော Heart Bleed Bug ထက်ပင် ပို၍ဆိုးရွားပြင်းထန်စွာ ဒုက္ခပေးနိုင်ကြောင်း သိရသည်။ 

Heart Bleed Bug က ကွန်ပျူတာတွေ ဘာလုပ်နေသလဲဆိုတာကို လျှို့ ဝှက်စောင့်ကြည့်တာလောက်ပဲ လုပ်နိုင်ပေ မယ့် ဒီ Shell Shock ကတော့ System တစ်ခုလုံးကို တိုက်ရိုက်ထိန်းချုပ်လို့ ရတဲ့ လုံခြုံရေးယိုစိမ့်ပေါက် ဖြစ်နေပါ တယ်။ ကွန်ပျူတာလုံခြုံရေးစနစ်မှာ တံခါးကြီးတစ်ချပ် ဟင်းလင်းပွင့်နေတဲ့အတိုင်းပါပဲဟု ဆာရေးတက္ကသိုလ်မှ ကွန်ပျူတာလုံခြုံရေးသုတေသီ ပရော်ဖက်ဆာ အယ်လန်ဝူးဒ်ဝေါ ကပြောပြသည်။ 

Heart Bleed Bug သည် ကမ္ဘာတ၀န်းရှိ ကွန်ပျူတာအလုံးပေါင်း ၅ သိန်းခန့် ကို ဒုက္ခပေးခဲ့သော်လည်း ယခု Shell Shock သည် ကနဦးတွက်ချက်မှုတွင်ပင် ကွန်ပျူတာအလုံးပေါင်း သန်း ၅၀၀ ကိုဒုက္ခပေးနိုင်ပြီး ဤကိန်းဂဏန်းမှာ ထပ်တက်ရန်သာရှိကြောင်း သိရသည်။ 

Web Server အများစုသည် Apache System ကိုအသုံးပြုကာ လည်ပတ်ရရာဝယ် Apache ဆော့ဖ်ဝဲတွင်လည်း Bash စနစ်က ပေါင်းစပ်ပါဝင်နေသည်။ Bash သည် Bourne-Again SHell ၏အတိုကောက်ဖြစ်ပြီး Unix ကွန်ပျူတာ များတွင်အသုံးပြုသော command prompt တစ်ခုဖြစ်သည်။ Linux နှင့် Mac OS အပါအ၀င် အခြား system အတော်များများကို Unix OS ပေါ်တွင် တည်ဆောက်ထားသည်။ 

ထို့ အတွက် အမေရိကန်ပြည်ထောင်စု ကွန်ပျူတာအရေးပေါ်အခြေအနေတုန့် ပြန်ရေးအသင်းက Shell Shock အကြောင်း အရေးပေါ်သတိပေးချက်ထုတ်ပြန်လိုက်ပြီး System Administrator များအနေနှင့် ယင်းလုံခြုံရေးယိုစိမ့် ပေါက်ကို အမြန်ဆုံးပြုပြင်ဖာထေးနိုင်ရန် တိုက်တွန်းလိုက်သည်။ 

ယခုချက်ခြင်းထုတ်လုပ်လိုက်သော Shell Shock ပိတ်ဆို့ စနစ်သည်လည်း ပြည့်စုံမှုမရှိသေးပဲဖြစ်နေပြီး လုံခြုံရေး အဖွဲ့ အစည်းများ၏ ကွန်ပျူတာများတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

Lashio News Diary

iPhone 6,6 Plus များကွေးညွတ်သည်ဟူသောသတင်းများနှင့်စပ်လျဉ်း၍ Apple မှတရားဝင်ရှင်းလင်းချက်ထုတ် ၊ သတင်းမီဒီယာများအားလက်တွေ့ပြသရှင်းလင်းခဲ့



Apple ဟာ သူ့ရဲ့စက်ရုံတွေ ၊ စမ်းသပ်ခန်းတွေနဲ့ပတ်သက်ပြီး အချက်အလက်များကိုထုတ်ဖော်ပြောဆိုမှုပြုလုပ်တာ အလွန်ရှားပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ နာမည်ကြီးသတင်းမီဒီယာတစ်ချို့ကို Apple ရဲ့ iPhone ထုတ်ကုန်များကို စမ်းသပ်မှုများပြုလုပ်တဲ့ စမ်းသပ်ခန်းများကို တရားဝင်လိုက်လံပြသခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ယခုရက်ပိုင်းမှာအလွန်သတင်းပျံ့သွားတဲ့ iPhone 6,6 Plus ကိုယ်ထည်တွေကွေးညွတ်တယ်
ဆိုတဲ့သတင်းများကိုဖြေရှင်းဖို့ပဲဖြစ်ပါတယ်။ iPhone များကိုပြင်ပသို့ရောင်းချမှုမပြုလုပ်ခင် Cupertino မှာရှိတဲ့ Apple Campus က iPhone ကိုယ်ထည်အစိတ်အပိုင်းများစမ်းသပ်ခန်းမှုအခန်း
ကဏ္ဍများကိုလိုက်လံပြသခဲ့တာဖြစ်ပါတယ်။
ဒီစမ်းသပ်ခန်းများမှာ iPhoneများကိုအများပြည်သူသုံးအဖြစ် ဖြန့်ဖြူးရောင်းချမှုမပြုလုပ်ခင် ပြင်ပလက်တွေ့
ဘ၀မှာ ကြုံတွေ့ရနိုင်တဲ့ ဖုန်းကိုလွတ်ကျမှုတွေ ၊ ဖုန်းကိုတက်ဖိမိတာတွေ ၊ ဖုန်းကိုဘေးတိုက်
လိမ်ချိုးပြီးစမ်းသပ်တာမျိုးတွေစတဲ့ပုံမှန်အခြေအနေအားဖြင့်အကြမ်းခံမှုရှိမရှိကိုစမ်းသပ်မှု
များပြုလုပ်တာဖြစ်ပါတယ်။ 
" iPhone များကိုသေသပ်လှပမှု ၊ အကြမ်းခံမှုရှိအောင် Apple ရဲ့ Designer များ ၊ အင်ဂျင်နီယာများနဲ့ ဒီဇိုင်းရေးဆွဲတည်ဆောက်ပြီးမှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ကြံ့ခိုင်မှုအပိုင်းမှာလည်း တကယ့်လက်တွေ့သုံးမှာ ဒီဖုန်းအပေါ်သာမန်သုံးအနေနဲ့ ဘယ်လောက်ထိခိုက်နိုင်မယ် ၊ Pressure သက်ရောက်မှုဘယ်လောက်ရှိနိုင်မယ်ဆိုတဲ့အတိုင်းအတာတစ်ခုနဲ့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ Apple အနေနဲ့သူ့ရဲ့ Facility တွေကိုပုံမှန်အားဖြင့် ပြင်ပလူတွေကိုထုတ်ဖော်ပြောဆိုပြသလေ့မရှိပါဘူး ။ ဒီနေ့ကျွန်တော်တို့ဒီကိုရောက်နေရတာကတော့ Apple ရဲ့ နောက်ဆုံးထုတ်ဖုန်းဖြစ်တဲ့ iPhone 6 မော်ဒယ်တစ်ချို့ ကွေးညွတ်တယ်ဆိုတဲ့သတင်းကြောင့်ဖြစ်ပါတယ်။ Apple ဟာ iPhone 6 မော်ဒယ်များကိုထုတ်လုပ်ရောင်းချမှုမပြုလုပ်ခင် ယခုစမ်းသပ်ခန်းများမှာ iPhone 6,6 Plus အလုံးရေပေါင်း သုံးသောင်းခန့်ကိုအမျိုးမျိုးစမ်းသပ်စစ်ဆေးခဲ့ပါတယ်။ စမ်းသပ်ကာလမှ ရလဒ်များကိုအခြေခံပြီး ဖုန်းရဲ့ပုံမှန်သုံးအားဖြင့် ဖိအားအများဆုံးခံရမယ့်နေရာများမှာ steel / titanium သတ္တုများနဲ့ Apple မှကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ anodized aluminum ၊ အလွန်အကြမ်းခံတဲ့ ion-strengthened glass တို့ ကိုအသုံးပြု ထားတာပါ။ သုံးစွဲသူတို့ရဲ့လက်ထဲသို့မပို့ခင် စမ်းသပ်မှု ရာပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။ ပုံမှန်သုံးအခြေအနေမျိုးနဲ့သုံးစွဲနေသူတွေအတွက် ဖုန်းကကွေးညွတ်သွားဖို့ဆိုတာလုံးဝရှားပါးတဲ့အခြေအနေမျိုးပါ" လို့ Apple ရဲ့ senior vice president ဖြစ်တဲ့ Phil Schiller ကပြောပါတယ်။
"iPhone 6 Plus များကိုလက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့ရာမှာအဆင့်သုံးဆင့်ဖြင့်အဓိကစမ်းသပ်စစ်ဆေး
ပါတယ်။ ယင်းအဆင့်တွေထဲမှာ Sit Test လို့ခေါ်တဲ့စမ်းသပ်မှုလည်းပါဝင်ပါတယ်။ ဖုန်းကို skinny jeans ထဲထည့်ပြီး ထိုင်နေတဲ့နေရာမျက်နှာပြင် အပျော့ ၊ အမာ စတာတွေကိုအခြေခံပြီးအကုန်စမ်းသပ်
စစ်ဆေးထားပါတယ်။ ဖုန်းကိုတည်ဆောက်ထားတဲ့နေရာမှာ အကြမ်းခံ ၊ ရေရှည်ခံနိုင်ဖို့အတွက် အရေအသွေးအမြင့်ဆုံးဆိုတဲ့ပစ္စည်းအစိတ်အပိုင်းများကိုသာအသုံးပြုထားပါတယ်။ သာမန်အခြေအနေလောက်နဲ့ဖုန်းကကွေးညွတ်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး ။ ဖုန်းကိုတမင်
ကွေးညွတ်အောင်ချိုးမယ်ဆိုရင်တော့ iPhone မှမဟုတ်ဘူး ၊ မည်သည့်ဖုန်းမဆိုပုံပျက်
ပန်းပျက်ဖြစ်သွားမှာပါပဲ" လို့ Apple မှ Hardware Engineer တစ်ဦးဖြစ်တဲ့ Dan Riccio ကပြောပါတယ်။
Apple မှထုတ်ပြန်တဲ့ကြေညာချက်မှာလည်း ဖုန်းအလုံးရေ ၁၀ သန်းကျော်ရောင်းချပြီးတဲ့အထဲက ဖုန်းကွေးညွတ်သွားတယ်လို့ဆက်သွယ်ပြောဆိုလာသူ Customer အရေအတွက်ဟာ ကိုးယောက် ဖြစ်တယ်လို့ဆိုပါတယ်။

Ref: WSJ , TheVerge

Galaxy Alpha ထက် iPhone နှင့် ပိုတူသည်ဟု ဆိုသည့် Samsung Galaxy A5 ၏ ဓာတ်ပုံများထွက်ပေါ်လာ









SamMobile မှ ရရှိခဲ့သည့် ဓာတ်ပုံများအရ Samsung ရဲ့ Galaxy Alpha ၏ နောက်ထပ်မျိုးဆက် အသစ်ဖြစ်လာမည့် Galaxy A5 ရဲ့ ပုံများဟာ Alpha မျိုးဆက်သစ်ဆိုသည်ထက် iPhone 5S နှင့် ပိုပြီးနီးစပ်သွာတူညီနေခဲ့ပါတယ်။


တရားဝင်ထွက်လာတဲ့ ပုံများအရ Alpha နှင့် ဆင်တူခြင်းထက် ယခုကဲ့သို့ iPhone နှင့် ဆင်တူနေခြင်းဖြစ်နေသောလည်း အမှန်တကယ် လက်ထဲကို ရောက်ရှိလာခြင်း မရှိသေးလို့ တကယ်အစစ်အမှန်လို့တော့ ယူဆလို့ မရနိုင်သေးပါဘူး။

သို့ပေမယ့်လဲ Galaxy A5 ရဲ့ ကိုယ်ထည်တစ်ခုလုံးကို အလူမီနီယံကိုယ်ထည်ကို အသုံးပြုထားတာကို ကြည့်ခြင်းဟာဖြင့် ယခင် iPhone မျိုးဆက်များနှင့် ဆင်တူနေခဲ့ခြင်းဖြစ်ပါတယ်။ SamMobile မှ ရရှိခဲ့သည့် ပုံအရ အဆိုပါ A5 စမက်ဖုန်းဟာ စက်ရုံထုတ်နာမည် SM-A500 ဖြစ်ပြီး အလူမီနီယံကိုယ်ထည့်ကို အသုံးပြုထားကာ အမှန်တကယ် အလူမီနံယံလား ၊ ပလစ်စတစ်လားဆိုတာ ကတော့ မရှင်းလင်းသေးပါဘူး။

ဓာတ်ပုံများအရ Galaxy A5 ဟာ မျက်နှာပြင်အကျယ် ၅ လက်မ HD အရွယ်အစားရှိပြီး ကင်မရာ 13 MP ပါရှိကာ Galaxy Note 4 ပေါ်မှာ အသုံးပြုထားသည့် TouchWiz Android interface ကို အသုံးပြုမှာ ဖြစ်ပါတယ်။ အလယ်လတ်အဆင့်သာ ရှိသည့် Snapdragon 400 processor ကို အသုံးပြုထားပြီး ဘထရီစနစ်ကတော့ 2330 mAh ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဖုန်းတွင်းမှတ်ညဏ်ကတော့ 16 GB နှင့် ရှေ့မျက်နှာပြင်ကင်မရာ 5 MP ပါရှိမှာ ဖြစ်ပါတယ်။

Source : pocket-lint

‪‎YangonMediaGroup‬

Samsung Galaxy Note 4 ကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရောင်းမည်


Samsung Galaxy Note 4 ကို အမေရိကန်နှင့် ဗြိတိန်တွင် ကြိုတင် မှာယူနိုင်ပြီဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်သည်။ အမေရိကန် Carrier များဖြစ်သော AT&T , T-Mobile တို့မှ ရောင်းချပေးမည် ဖြစ်သည်။ 

T-Mobile က တစ်လလျှင် ၃၁.၂၄ ဒေါ်လာဖြင့် နှစ်နှစ် ပေးသွင်းနိုင်သော အစီအစဉ်ကို ပြုလုပ်ပေးထားပါသည်။ AT&T က စာချုပ်ဖြင့် ရောင်းချမည့် ဈေးနှုန်းကို ကြေညာခြင်း မရှိသေးဟု သိရပါသည်။ စာချုပ်အလွတ် ၀ယ်ယူလျှင် ဒေါ်လာ ၈၂၅.၉၉ ကျသင့်မည် ဖြစ်သည်။ ကနဦး ပေးချေငွေ ဒေါ်လာ ၂၉၉.၉၉ ဖြင့် နှစ်နှစ်စာချုပ်ဖြင့်လည်း ၀ယ်ယူနိုင်သည်ဟု သိရပါသည်။ 

ဥရောပတွင် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရောင်းချမည် ဖြစ်ပြီး ယူရို ၆၉၉ ကျသင့်မည်ဟု သတင်းထွက်ပေါ်နေပါသည်။ 

Samsung Galaxy Note 4 ၏ မျက်နှာပြင် အရွယ်အစားမှာ ၅.၇ လက်မဖြစ်သည့်အတွက် ယခင်မျိုးဆက်ထက် မကြီးမားသော်လည်း QHD ကို အသုံးပြုထားသည့်အတွက် တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၈၆ မှ ၅၁၅ သို့ တိုးမြှင့်ထားပါသည်။ Samsung ၏ ပထမဆုံး Quad HD (2560x1440) ကို အသုံးပြုထားသည့် စမတ်ဖုန်း ဖြစ်ပါသည်။ LG G3 နှင့် မျက်နှာပြင် အပိုင်းတွင် တူညီပါသည်။ 
Super AMOLED မျက်နှာပြင်ဖြစ်ပြီး အကြမ်းခံသည့် Gorilla Galss 3 ဖြင့် မျက်နှာပြင်ကို ကာကွယ်ထားပါသည်။ 
Galaxy Note 4 တွင် ဒီဇိုင်း ဆန်းသစ်ထားသော S Pen ကို ထည့်သွင်းထားပြီး ကိုင်တွယ် အသုံးပြုရာတွင် ပိုမို အဆင်ပြေလာသည်ဟု သိရပါသည်။ S Pen ၏ အာရုံခံနိုင်မှုကို တိုးမြှင့်ထားသည်ဟု Samsung က ပြောပါသည်။ S Pen နှင့် တွဲဖက် အသုံးပြုရသော S Note, Multi-Window စသည့် ဆော့ဝဲများကို အဆင့်မြှင့်ထားပါသည်။ Snap Note App အသစ်က ဓါတ်ပုံမှ စာသားများကို Edit ပြုလုပ်နိုင်သော ဒစ်ဂျစ်တယ် စာသားများအဖြစ်ပြောင်းလဲပေးနိုင်ပါသည်။ 
Galaxy Note 4 ကို နှစ်မျိုးထုတ်လုပ်ပေးထားပါသည်။ တစ်မျိုးမှာ Snapdragon 805 Chipset နှင့် LTE Cat.6 ကို အသုံးပြုထားပြီး အခြားတစ်မျိုးမှာ Exynos 5433 Chipset နှင့် LTE Cat.4 ကို အသုံးပြုထားပါသည်။ Android 4.4 KitKat ကို မောင်းနှင်ထားပြီး Galaxy S5 တွင် စတင် မိတ်ဆက်ခဲ့သော TouchWiz စွမ်းဆောင်ချက် အသစ်များ ပါရှိပါသည်။ 

3GB RAM ပါရှိပြီး Internal Storage မှာ 32GB ဖြစ်ပါသည်။ 64GB အထိဝင်ဆန့်သော MicroSD Card အသုံးပြုနိုင်ပါသည်။ 
ကင်မရာကို အဆင့်မြှင့်ထားပြီး အနောက်ဘက်တွင် Optical Image Stabilization နည်းပညာပါသော 16MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 3.7MP Camera တပ်ဆင်ထားပါသည်။ မျက်နှာချင်းဆိုင် ကင်မရာသည် Galaxy K Zoom ကဲ့သို့ Selfie Alarm ပါရှိပြီး ကင်မရာ မြင်ကွင်းတွင် ရုပ်ပုံပေါ်လာသည်နှင့် အသံဖြင့် အချက်ပေးပြီး အလိုအလျှောက် ဓါတ်ပုံရိုက်ပေးနိုင်ပါသည်။ 

Galaxy Note 4 ၏ ဘေးဘောင်များကို Galaxy Alpha ကဲ့သို့ သတ္တုဖြင့် ပြုလုပ်ထားပြီး အနောက်ဘက်တွင် သားရေဖြင့် ချုပ်လုပ်ထားသကဲ့သို့ ထင်ရသော ပလတ်စတစ်ကိုယ်ထည်ကို အသုံးပြုထားပါသည်။ အဖြူ၊ အနက်၊ ရွှေနှင့် ပန်းရောင်များ ထုတ်လုပ်ပေးထားပါသည်။ Alpha ကဲ့သို့ ရေစိုခံနိုင်ခြင်း မရှိဟု သိရပါသည်။ သို့သော် Galaxy S5 ကဲ့သို့ လက်ဗွေရာ လုံခြုံရေး စနစ်ကို Home Button တွင် ထည့်သွင်းပေးထားပြီး အနောက်ဘက်တွင် နှလုံးခုန်နှုန်းကို တိုင်းတာပေးသော Sensor ပါရှိပါသည်။ LTE နှင့် WiFi ဆက်သွယ်မှု နှစ်ခုကို ပေါင်းစည်းပြီး အလွန်လျှင်မြန်စွာ ဒေါင်းလုပ် ပြုလုပ်နိုင်သော Download Booster စွမ်းဆောင်ချက်နှင့် ဘက်ထရီ သက်တမ်း ၁၀ ရာခိုင်နှုန်းသာ ရှိသည့်အချိန်တွင် ၂၄ နာရီ အသုံးခံသော Ultra Power Saving Mode ပါရှိပါသည်။ 

3220mAh Battery တပ်ဆင်ထားပြီး ကြိုးမဲ့ အားသွင်းနိုင်သော Qi Wireless Charger ကို သီးခြား ၀ယ်ယူနိုင်ပါသည်။

Myanmar Digital Life Journal