Showing posts with label အချစ်နှင့်ဒဿန. Show all posts
Showing posts with label အချစ်နှင့်ဒဿန. Show all posts

အချစ်ဆိုတာ


လူတစ်ယောက်ကိုဘယ်လောက်ပဲ သေအောင်ကိုယ်ဘက်က
ပေးဆပ်ပြီးအစွမ်းကုန်ဘယ်လောက်ပဲ ချစ်ပြ…ချစ်ပြခဲ့…
သူဘက်ကမှကိုယ့်ကိုနားလည်မူ တစ်စုံတရာမှမပေးနိုင်ရင်
သူအပေါ်ချစ်ခဲ့မိတဲ့ ကိုယ်အချစ်တွေက အလကားပဲ…
ဘာမှဖြစ်လာမှာမဟုတ်ဘူး
နောက်ဆုံနာကျင်ခံစားရတဲ့သူဟာ ကိုယ်ပဲဖြစ်နေလိမ့်မယ်…
ပေးဆပ်တိုင်းလဲပြန်ရပါလို့၏လို့ မတောင်းဆိုချင်ပါဘူး…
ကိုယ်ချစ်တာကို သူအသိအမှတ်ပြုတာလေးကိုတော့
လိုချင်မိကြမှာပဲလေ…
တချို့ကအချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့
မရလို့ ပါ…[ဝန်မခံရဲကြဘူး…]
အနည်းနဲ့အများမဖြစ်နိုင်စေဦးတော့ ဝေးမသွားပါစေန့လို့ စိတ်ထဲက တိုးတိုးလေးေ တာင်းဆိုနေကြဦးမှာပဲလေ…
တကယ်ဆို… အချစ်ဆိုတဲ့အရာကြီးက
အရမ်းတဖက်သတ်ဆန်တာပဲနော်လို့ 
တွေးမိလိမ့်မယ်…
ဘယ်လောက်ပဲ တစ်ဖက်သတ်ဆန်နေနေ
ကိုယ်တန်ဖိုးထားသလောက် ကိုယ့်အပေါ်ကို ပြန်ပြီးတန်ဖိုးမထား...
ကိုယ်အချစ်တွေကို အသိမှတ်မပြုပေးတဲ့ သူတစ်ယောက်ဟာ
တကယ်တော့ကိုယ်အချစ်နဲ့  မထိုက်တန်လို့ ပါ…
သူမရှိရင်မဖြစ်တော့ဘူးဆိုတဲ့ အတွေးတွေ သူမှသူဆိုထာထက်
သူတောင်နေနိုင်သေးတာပဲ ငါကရောဘာလို့မနေနိုင်ရမှာလဲ
သူတောင်မာနနဲ့ နေနိုင်သေးတာပဲ ငါကရောမာနနဲ့ပဲမလား
ဘာလို့မနေနိုင်ရမှာလဲ လို့ တွေးကြည့်ရမှာပါ…
တခါတခါအချစ်ဟာ မှန်တစ်ချပ်လို့ ကျင့်ကြည့်ရင်
ဘက်တူအချိုးကြပါတယ်…
တကယ်ချစ်စစ်ရိုးမှန်ခဲ့ရင်လဲ ကိုယ်ဘက်ကအဲလိုမျိုးတွေနဲ့
တွေးနေစရာကိုမလိုဘူး ခံစားနာကျင်နေရမှာလဲ
မဟုတ်ဘူးလေ…
ကိုယ်ခံစားချက်ကို သူနားလည်ပေးရုံနဲ့
တူညီတဲ့နားလည်မူလေးတွေနဲ့ ရှေ့ဆတ်မဲ့ခရီးမှာ
သာယာနေမှာအမှန်ပဲလေ…
zinyaw(no name)
Credit to ချစ်သူဆီသို့