Showing posts with label အားကစားသတင်း. Show all posts
Showing posts with label အားကစားသတင်း. Show all posts

လေးလကြာ ကစားခွင့် ပိတ်ခံ ထားရသည့် ဆွာရက်ဇ် ဘာစီလိုနာ အသင်း၌ လေ့ကျင့်မှုများ စတင်

ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် ပြိုင်ဘက် ကစားသမား တစ်ဦးကို သွားဖြင့် ကိုက်ခဲ့မှုနှင့် ပတ်သက်၍ FIFA ဘောလုံး အဖွဲ့ချုပ်၏ ကစားခွင့် လေးလကြာ ပိတ်ပင် ခံထားရသည့် ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်သည် ယခုအခါ ၎င်း၏ အသင်းဖြစ်သော ဘာစီလိုနာ အသင်း၌ လေ့ကျင့်မှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။


မိမိ အနှစ်သက်ဆုံး ဖြစ်သည့် အသင်းတွင် ကစားသမား ဘဝဖြင့် ဘောလုံး လောကသို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပြီး အသင်းသစ်ဖြစ်သည့် ဘာစီလိုနာ အသင်းအတွက် အကောင်းဆုံး ကြိုးပမ်း ကစားသွားမည် ဖြစ်ကြောင်း ဆွာရက်ဇ်က လူတွေ့မေးမြန်းမှု တစ်ခုတွင် ပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် အောက်တိုဘာ လကုန်၌ ရီးယဲလ်မက်ဒရစ် အသင်း၏ အိမ်ကွင်းတွင် ကစားမည့် လာလီဂါ ပွဲစဉ်၌ ၎င်း၏ ပွဲဦးထွက် ပွဲစဉ်အဖြစ် ပါဝင်ကစား သွားနိုင်ဖွယ် ရှိသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဆွာရက်ဇ်သည် ဘရာဇီး နိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်တွင် အီတလီခံစစ် ကစားသမား ဂျော်ဂျီယို ချီယယ်လီနီအား သွားဖြင့် ကိုက်ခဲ့သောကြောင့် ၎င်းအား FIFA ဘောလုံး အဖွဲ့ချုပ်က ကစားခွင့် လေးလ ပိတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်း ၀န်းကျင်နဲ့ မန်ယူအသင်းက ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အေဂျက်ဇ်အသင်းက ဟော်လန်နောက်ခံလူ ဒါလေဘလင်း


ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်း ၀န်းကျင်နဲ့ မန်ယူအသင်းက ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အေဂျက်ဇ်အသင်းက ဟော်လန်နောက်ခံလူ ဒါလေဘလင်းဟာ မန်ယူအသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် မန်ချက်စတာမြို့မှာရှိတဲ့ Bridgewater ဆေးရုံကို ရောက်ရှိလာပုံပါ။

Mizzima

ချယ်ဆီးတိုက်စစ်မှုးဖြစ်သူ ဖာနန်ဒိုတောရက် သည် အေစီမီလန်အသင်းဆီသို့ 
(၂)နှစ်အဌား စာချုပ်ဖြင့် ကစားရန် သဘောတူညီမှုရခဲ့ပြီဟု အတည်ပြုချက်ထွက်လာ သည်။ စနေနေ့တွင် ဆေးစစ်မှုခံယူပြီးနောက် 
အေစီမီလန်ဝတ်စုံဖြင့် တောရက်အားမြင်တွေ့ရတော့မည်ဖြစ်သည်။ 
တောရက်သည် လီဗာပူးမှ ပေါင် ၅၀ သန်းဖြင့်ပြောင်းရွေ့ လာပြီးနောက်
ချယ်ဆီးအတွက် ၁၇၂ ပွဲမှာ ၄၅ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 
တောရက်၏ ချယ်ဆီးနဲ့ချုပ်ဆိုထားတဲ့ တပတ်လုပ်ခ ပေါင် တစ်သိန်းခွဲစာချုပ်သက် တမ်းက (၂)နှစ်ကျန်သေးသည်။ အေစီမီလန်အသင်းအနေဖြင့် 
တောရက်အား အလွတ်ပြောင်းရွေ့ ကြေးဖြင့် ရယူနိုင်ရေး မျှော်လင့်နေသည်။
ဒေးလ်လီမေးလ်မှပြောထားတဲ့ Hero မှ Zero သို့  ဆိုတဲ့ ခေါင်းစဉ်လေးတစ်ခုက 
တောရက်အား ရှေ့ ဆက်အောင်မြင်နိုင်ရေး ကြိုးစားချင်စိတ် ဖြစ်လာမည်ဟုတော့ ထင်မိသည်။

ချန်ပီယံလိဂ်ရဲ့ မရဏအုပ်စုထဲမှာ ဘယ်အသင်းတွေ ပါနေလဲ


ကမ္ဘာတစ်လွှားက ဘောလုံးပရိတ်သတ်တွေ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရမယ့် ဥရောပချန်ပီယံလိဂ် ပွဲစဉ် မဲခွဲပွဲကို ပြင်သစ်နိုင်ငံ မိုနာကိုမြို့မှာ ကျင်းပပြီးစီးခဲ့ပါပြီ။ မဲခွဲပွဲအပြီးမှာတော့ မရဏအုပ်စုလို့ ဆိုရမယ့် အုပ်စု (E) မှာတော့ နှစ်စဉ်အုပ်စုကြပ်များမှာ ဝင်နွှဲနေကျ မန်စီးတီး၊ ဥရောပဝါရင့် ဂျာမန်ဘီလူးကြီး ဘိုင်ယန်နဲ့၊ စီးရီးအေက ရိုးမား၊ ရုရှားက CSKA မော်စကိုတို့ ကျရောက်နေပါတယ်။
အုပ်စု (A) မှာတော့ မနှစ်က ဗိုလ်လုပွဲထိ တက်ရောက်ခဲ့တဲ့ လာလီဂါချန်ပီယံ အက်သလက်တီကိုမက်ဒရစ်နဲ့ အီတလီက ဝါရင့်ကွင်းလယ်လူ ပီယာလို ဦးဆောင်တဲ့ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်၊ မာမာထန်ထန် ကစားတတ်တဲ့ ဂရိက အိုလံပီယာကော့စ် နဲ့ဆွီဒင်က မယ်လ်မို အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒါ့အပြင် ဒီနှစ်မှာ ချန်ပီယံလိဂ်ကို တစ်ကျော့ပြန်လာတဲ့ အင်္ဂလန်က ကြိုးကြာနီတို့က စပိန်ကြယ်စင်စု ရီးရဲလ်တို့ အုပ်စု(B) မှာတွေ့ဆုံခဲ့သလို ချီလီသားလေး ဆန်းချက်စ်ကို ခေါ်ယူထားတဲ့ အာဆင်နယ်က လည်း ယခုနှစ်မှာလည်း မားကိုစ့်ရူးစ်၊ ဟန်းမဲလ် ဦးဆောင်တဲ့ ဒေါ့မွန်နဲ့ အုပ်စု (D)မှာ ထပ်မံယှဉ်ပြိုင်ရပါဦးမယ်။
ထို့အတူ ကမ္ဘာ့ထိပ်တန်း တောင်အမေရိက တိုက်စစ်မှူး မက်ဆီ၊ နေမာ၊ ဆွာရက်စ်တို့ကို ပိုင်ဆိုင်တဲ့ ဘာစီလိုနာ ကတော့ အုပ်စု(F) မှာ ပြင်သစ်က အီဘရာဟီမိုဗစ် ဦးဆောင်မယ့် ပီအက်စ်ဂျီ၊ ဟော်လန်က အေဂျက်စ် တို့အပြင် ဘယ်လ်ဂျီယံထိပ်တန်း အန်ဒါလက်တို့နဲ့ ယှဉ်ပြိုင်ရမှာမို့ မချောင်ဘူးလို့ ဆိုနိုင်ပါတယ်။
အင်္ဂလန်က ဝင်ပြိုင်တဲ့ အသင်းတွေထဲမှာ စပယ်ရှယ်ဝမ်း မော်ရင်ဟို ကြီးကြပ်တဲ့ ချဲလ်ဆီးကတော့ ဂျာမနီက ရှောလ်ကေး၊ အေဂျက်စ်၊ ပေါ်တူဂီက လစ္စဘွန်းနဲ့ ဥရောပအတွေ့အကြုံ နည်းပါးသေးတဲ့ မာရီဘောတို့နဲ့ အုပ်စု (G) မှာတွေ့ရမှာမို့ အုပ်စုချောင်ခဲ့ပါတယ်။
မျှော်မှန်းထားတဲ့ အတိုင်းမဖြစ်ဘဲ ရလဒ်တွေကမောက်ကမ ထွက်ပေါ်တတ်တဲ့ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲကို စက်တင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့မှာ စတင်ကစားမှာဖြစ်ပြီး ဥရောပ ဘောလုံးဘုရင်အဖြစ် သတ်မှတ်ခံရမယ့် ဗိုလ်လုပွဲကို ၂၀၁၅ ခုနှစ် ဇွန်လ ခြောက်ရက်နေ့မှာ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ အိုလံပီယာကွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အုပ်စု (A) 
အက်သလက်တီကိုမက်ဒရစ် (စပိန်)၊ ဂျူဗင်တပ် (အီတလီ)၊ အိုလံပီယာကော့စ် (ဂရိ)၊ မယ်လ်မို(ဆွီဒင်)
အုပ်စု (B)
ရီးရဲလ်မက်ဒရစ် (စပိန်)၊လီဗာပူးလ် (အင်္ဂလန်)၊ ဘေဆယ် (ဆွန်ဇာလန်)၊ လူဒိုဂိုရက်စ် (ဘူလ်ဂေးရီးယား)
အုပ်စု (C)
ဘင်ဖီကာ(ပေါ်တူဂီ)၊ ဇင်းနစ်(ရုရှား)၊ လီဗာကူဆင် (ဂျာမနီ)၊ မိုနာကို (ပြင်သစ်)
အုပ်စု (D)
အာဆင်နယ် (အင်္ဂလန်)၊ ဒေါ့မွန်(ဂျာမနီ)၊ ဂါလာတာဆာရေး(တူရကီ)၊ အန်ဒါလက်ခ်ျ (ဘယ်လ်ဂျီယံ)
အုပ်စု (E)
ဘိုင်ယန်မြူးနစ် (ဂျာမနီ)၊ မန်ချက်စတာစီးတီး(အင်္ဂလန်)၊ CSKA မော်စကို (ရုရှား)၊ ရိုးမား
အုပ်စု (F) 
ဘာစီလိုနာ(စပိန်)၊ ပီအက်စ်ဂျီ (ပြင်သစ်)၊ အေဂျက်စ်(ဟော်လန်)၊ အပိုလ် (ဆိုက်ပရပ်စ်)
အုပ်စု (G)
ချဲလ်ဆီး(အင်္ဂလန်)၊ ရှော်ကေးလ်(ဂျာမနီ)၊ စပို့တင်းလစ္စဘွန်း (ပေါ်တူဂီ)၊ မာရီဘော (ချက်)
အုပ်စု (H) 
ပေါ်တို(ပေါ်တူဂီ)၊ ရှက်တာဒိုးနက်စ် (တူရကီ)၊ ဘီလ်ဘာအို(စပိန်)၊ ဘိုရီဆော့ဗ်(ဘီလာရုစ်)
The Voice Weekly

၂၀၁၃/၂၀၁၄ UEFA အကောင်းဆုံးဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ်မှ စီရော်နယ်ဒိုရရှိသွားပါတယ်.။



" ကျွန်တော့်အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူတို့အထောက်အပံ့တွေကြောင့် အောင်မြင်မှုရတာမျိုးပါ။ ကိုယ်ပိုင်စွမ်းရည်တစ်ခုတည်းနဲ့
ဒီအောင်မြင်မှုဆိုတာ ဖြစ်မလာနိုင်ပါဘူး" ဆိုပြီး ဆုရရှိမှုအပေါ်ပြောကြားခဲ့သည်။
" နောက်ပြီး ကျွန်တော့်မိသားစု၊ ကျွန်တော့်နည်းပြတွေနဲ့ ကျွန်တော့်အပေါ် ထောက်ခံအားပေးခဲ့ကြတဲ့ မီဒီယာဂျာနယ်လစ်များကိုလည်း
ကျေးဇူးတင်ပါတယ်"
" ကျွန်တော့် တကယ့်ကို ပျော်ရွှင်ပါတယ်။ ဒီဆုကို အရင်က မရရှိခဲ့ဘူးသေးပါဘူး ဒါကြောင့်
ကျွန်တော့် ပြတိုက်ထဲကို ထည့်ထားဖို့အတွက် ဒီဆုကို အကို့ထံကို သွားပေးမှာပါ" ဆိုပြီး စီရော်နယ်ဒိုက ထပ်လောင်းပြောကြားထားသည်။

“ရီးယဲလ်ကို စွန့်ခွာ ခဲ့တာက ကျွန်တော့်ရဲ့ ဆန္ဒ လုံးဝ မပါပါဘူး” ဆိုသည့် ရီးယဲလ် ပရိတ်သတ် တွေဆီ ဒီမာရီယာ ရေးတဲ့စာ

စပိန်၊ သြဂုတ် ၂၈။ မန်ယူအသင်းသို့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့သွားခဲ့ပြီးနောက် အာဂျင်တီးနား တောင်ပံကစားသမား ဒီမာရီယာက ရီးယဲလ်အသင်းပရိသတ်များထံသို့ နှုတ်ဆက်စာတစ်စောင် ရေးသား ပေးပို့ခဲ့သည်။ ထိုစာတွင် ဒီမာရီယာက ရီးယဲလ်အသင်းကို စွန့်ခွာခဲ့ခြင်းသည် ၎င်း၏ဆန္ဒမဟုတ်ကြောင်းနှင့် ရီးယဲလ်ကို စွန့်ခွာရန် မည်သည့်အခါကမှ မစဉ်းစားခဲ့ကြောင်း ရေးသားထားသည်။



“ရီးယဲလ်အသင်းမှာ ကျွန်တော်ရဲ့ ကျင်လည်မှုက ပြီးဆုံးသွားခဲ့ပါပြီ။ အရာရာအားလုံးကို ရရှိနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော့်ရဲ့ နည်းပါးတဲ့ အတွေ့အကြုံအရသိပါတယ်။ ဒီစာက ဒီအချိန်မှာ ကျွန်တော်ဘယ်လိုခံစားနေရတယ်ဆိုတဲ့ အကြောင်း အားလုံးကို သိစေပါလိမ့်မယ်။ ရီးယဲလ်အသင်းအင်္ကျီကို ၀တ်ဆင်ကစားခဲ့ရတဲ့ လေးနှစ်တာ ကာလက တကယ်ကို ဂုဏ်ယူဖို့ကောင်းပါတယ်။ အသင်းဖော်တွေနဲ့ အတူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် မာနလည်း တက်မိပါတယ်။ ဒီနေ့ ကတော့ ကံမကောင်းတဲ့နေ့ပါ။ ရီးယဲလ်ကနေ ထွက်ခွာရပါတော့မယ်။ အားလုံးကို ရှင်းရှင်း လင်းလင်းသိစေချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ဆန္ဒ လုံးဝမဟုတ်ပါဘူး”

“ချန်ပီယံလိဂ်ဖလားကို ရရှိပြီးတဲ့နောက် ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ ကျွန်တော်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရီးယဲလ် အသင်းက ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး အချက်ပြမှု ရရှိလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် ရောက်မလာခဲ့ပါဘူး။ လိမ်လည် ပြောဆိုမှုတွေ အများအပြားပဲ ရရှိခဲ့ပါတယ်။ သူတို့ဟာ ကျွန်တော့်ကို အသင်းကနေထွက်ခွာသွားဖို့ အလိုရှိခဲ့ကြပါ တယ်။ တစ်စုံတစ်ဦးကြောင့် ကျွန်တော့်ရဲ့ဘောလုံးသမားဘ၀က ကံမကောင်းခဲ့ပါဘူး။ တရားမျှတမှုဆိုတာ ဘာလဲလို့ မေးချင်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ ဒါကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအသင်းကလည်း ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကလပ်အသင်းတစ်သင်းပါ။ ဒီမှာ သမိုင်းတစ်ခုကို ရေးထိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မန်ယူမှာ ကစားသမားကောင်းတွေနဲ့ လက်တွဲရမှာဖြစ်လို့ ကံကောင်းပါတယ်။ အဓိကရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကျွန်တော်ထင်ပါတယ်”

“ရီးယဲလ်အသင်းမှာ ကျွန်တော့်အနေနဲ့ ကွင်းအတွင်း ကွင်းပြင် အမှားတွေလုပ်ခဲ့မိတယ်ဆိုရင် အားလုံးကို တောင်းပန် ပါတယ်။ တစ်စုံတစ်ဦးကို နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ခြင်းမျိုးလုံးဝ မရှိပါဘူး။ ရီးယဲလ်အသင်း အတွက် နောက်ဆုံးကစားခဲ့တဲ့ အချိန်အထိ စွမ်းဆောင်နိုင်သလောက် အတတ်နိုင်ဆုံးပေးဆပ်ခဲ့တာပါ။ အချိန် တိုင်းမှာ ထောက်ခံမှုပေးခဲ့ကြတဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ ဒီအသင်းက ၀န်ထမ်းတွေနဲ့ အလုပ်လုပ်ကိုင်ရတာ တကယ်ကို ကောင်းမွန်ပါတယ်။ ကျွန်တော့် သမီးလေးမွေးဖွားခဲ့ရာ စပိန်နိုင်ငံကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ဒါတွေက အမြဲ ရှိနေမှာပါ။ ရီးယဲလ်အသင်းက အောင်မြင်မှုတွေကို အမြဲဆာလောင်နေပြီး ရှေ့ကိုပဲ အမြဲကြည့်တဲ့အသင်းပါ။ အနာဂတ်မှာ ရီးယဲလ်အသင်း ဒီထက်ပိုပြီး အောင်မြင်ပါစေ။ ရီးယဲလ်အသင်းထာဝရ အောင်မြင်ပါစေ” ဟု ရေးသားထားသည်။

Ref: footballespana

အင်္ဂလန် လက်ရွေးစင် ကစားသမားအဖြစ်မှ ဖရန့်ခ်လမ်းပတ် အနားယူ


အင်္ဂလန် ကွင်းလယ် ကစားသမား ဖရန့်ခ်လမ်းပတ်က နိုင်ငံအသင်း ကစားသမားအဖြစ်မှ အနားယူပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။


ဇူလိုင်လက ချယ်ဆီးမှ ထွက်ခွာပြီး မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးသို့ ပြောင်းရွှေ့ခဲ့သည့် အသက် ၃၆ နှစ်အရွယ် ကစားသမားသည် ခရိုအေးရှားနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး ပွဲစဉ်တွင် အင်္ဂလန်အသင်း ခေါင်းဆောင်ဖြင့် ကစားခဲ့သူ ဖြစ်သည်။

လမ်းပတ်သည် အင်္ဂလန်အသင်း၌ ၁၉၉၉ ခုနှစ်တွင် ဒေးဗစ်ပလတ် တာဝန်ယူချိန်မှ စတင်ကစားခဲ့ပြီး နိုင်ငံအသင်း အတွက် ၁၀၆ ပွဲ ကစားကာ ၂၉ ဂိုး သွင်းယူထားသူ ဖြစ်သည်။

“နိုင်ငံအသင်းကနေ အနားယူဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အရမ်းကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်က အင်္ဂလန်အသင်း အတွက် ကိုယ်စားပြုပြီး ကစားရတာကို အမြဲတမ်း ဂုဏ်ယူခဲ့သူပါ။ အင်္ဂလန်ဂျာစီကို ဝတ်ဆင်ခဲ့ရတဲ့ အချိန်အတိုင်း အမြဲဂုဏ်ယူခဲ့ရတာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော့် မိသားစုကို ဦးစားပေး စဉ်းစားရမယ့်အချိန် ရောက်လာပါပြီ။ နောက်ပြီး ကျွန်တော့်အနေနဲ့ နှစ်အနည်းငယ်အတွင်းမှာ ကလပ်အသင်း အတွက်ပဲ အာရုံစိုက်ချင်ပါတယ်။ လက်ရှိမှာ နိုင်ငံအသင်းကို တာဝန်ယူနေတဲ့ ရွိုင်းဟော့ဂ်ဆန် အပေါ်လည်း ယုံကြည်မှု အပြည့်ရှိပါတယ်။ သူ့အနေနဲ့ အနာဂတ်မှာ လူငယ် ကစားသမားတွေနဲ့အတူ အောင်မြင်မှု ရရှိပါလိမ့်မယ်” ဟု လမ်းပတ်က ပြောကြားခဲ့သည်။

Ref: Goal
Soccer Myanmar

မြန်မာအမျိုးသမီး ယူ ၁၉ အသင်း တတိယရရှိ


ထိုင်းနိုင်ငံမှာ သြဂုတ်လ ၂၆ ရက်နေ့က ကစားခဲ့တဲ့ အာဆီယံ အမျိုးသမီး ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲမှာ မြန်မာအမျိုးသမီးအသင်းက စင်ကာပူ အမျိုးသမီး ယူ၁၉ အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး တတိယကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အုပ်စုပွဲတွေအပြီး အိမ်ရှင် ထိုင်းက ရမှတ် ၁၂ မှတ် နဲ့ ပထမ၊ ဗီယက်နမ်က မြန်မာနဲ့ ၇ မှတ် တူပေမယ့် ဂိုးကွာခြားချက် အသာနဲ့ အုပ်စုဒုတိယ ရရှိပြီး ထိုင်းနှင့် ဗိုလ်လုပွဲ ကစား ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာတော့ ပင်နယ်တီအထိ ကန်ခဲ့ရပြီး ထိုင်းအသင်းက ဗီယက်နမ် ကို ၅ – ၃ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆု ရရှိခဲ့ပါတယ်။

By ဒီဗွီဘီ

ယူနိုက်တက်က ဒီမာရီယာအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေးရမည် di+Maria


မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အာဂျင်းတီးနား တောင်ပံသမား ဒီမာရီယာကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပေး ရလိမ့်မယ်ဆိုပြီး ဗြိတိသျှ မီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

di+Mariaပရီးမီးယားလိဂ်မှာ အမြင့် ဆုံး ပြောင်းရွှေ့ကြေး အနေနဲ့ ချဲလ်ဆီးက ၂၀၁၁ မှာ လီဗာပူး တိုက် စစ်မှူး တော ရက်စ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူပြီး စံချိန်တင်ထားပါတယ်။

သတင်းတွေမှာတော့ မန်ယူက အသက် ၂၆ နှစ်အရွယ် ဒီမာရီယာအတွက် ပေါင်သန်း ၅၀ နဲ့အထက်မှာ ပေးရလိမ့်မယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

ရီရဲလ်နည်းပြ အန်စလော့တီကတော့ ဒီမာရီယာဟာ လေ့ကျင့်ရေး မဆင်းတော့ဘဲ အသင်းဖော်တွေနဲ့ ကလပ်ကလူတွေကို လိုက်ပြီး နူတ်ဆက်နေကြောင်း အတည်ပြု ပြောဆိုထားပါတယ်။

By ဒီဗွီဘီ

လီဗာပူးလ်သို့ မပြောင်းရွှေ့မီ မီလန်အသင်းဖော်များကို ဘာလော့တယ်လီ နှုတ်ဆက်


လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဟု သတင်းများ ထွက်ပေါ်နေချိန်၌ မာရီယို ဘာလော့တယ်လီက အေစီမီလန် အသင်းကို နှုတ်ဆက်စကား ပြောဆိုခဲ့ကြောင်း သိရှိရသည်။

အီတလီ စီးရီးအေ ကလပ်အသင်းသည် အသက်(၂၄)နှစ်ရှိ တိုက်စစ်မှူးအတွက် လီဗာပူးလ်က ယူရို (၂၈)သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းမှုကို ကနဦးအဆင့် လက်ခံထားပြီဟု သတင်းများက ဖော်ပြခဲ့ကြသည်။ အီတလီ လက်ရွေးစင် တိုက်စစ်မှူးကလည်း ယင်းအခြေအနေတွင် မီလန်အသင်းဖော်များကို လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ ဘာလော့တယ်လီ ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်တွင် ကစားလိုခြင်းကြောင့် လီဗာပူးလ်၏ ကမ်းလှမ်းမှုအပေါ် လိုလိုလားလား ရှိနေကြောင်း သတင်းများက ဆိုသည်။

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် ဘာလော့တယ်လီ၏ ယခင် အမူအကျင့်ဆိုးများကို ဆင်ခြင်ဖယ်ရှားရန် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ဘာလော့တယ်လီသည် ကြာသပတေးနေ့ထိ မီလန်နှင့်အတူ လေ့ကျင့်ခန်း ဆင်းနေဆဲ ဖြစ်သော်လည်း ၎င်း၏အေးဂျင့် မိုင်နို ရိုင်အိုလာသည် အင်္ဂလန်သို့ ရောက်ရှိနေကာ အပြောင်းအရွှေ့ ကိစ္စအတွက် ဆက်လက် ဆွေးနွေးလျှက် ရှိသည်။ မီလန်အသင်းက “ဘာလော့တယ်လီဟာ မီလန်အားကစား စင်တာကနေ ညနေပိုင်းက ထွက်ခွာသွားတဲ့နောက် အသင်းဖော်တွေကို နှုတ်ဆက်သွားပါတယ်။ အဲဒီအပြင် မီလန်အသင်းရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ အဖွဲ့ကိုလည်း နှုတ်ဆက်စကား ပြောသွားခဲ့ပါတယ်”ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
soccer myanmar

မြန်မာက မလေးရှားအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်


ဘရူနိုင်း ဘုရင့်ဖလား ဖိတ်ခေါ် အကြိုဗိုလ်လုပွဲကို မြန်မာယူ ၁၉ ဘောလုံးအသင်းနဲ့ မလေးရှား ယူ ၂၁ အသင်းတို့ ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်း ပွဲစပြီး ၂ မိနစ်အတွင်း ထောင့် ကန်ဘောရရှိလို့ ဂိုးရှေ့ချပေးတာကို မလေးနောက်တန်း လူတွေနဲ့ ထိပြီး ပြန် ထွက်လာ တဲ့ဘောလုံး ကို မြန်မာရှေ့တန်း ကစားသမား ကျောနံပါတ် ၁၁ သန်းပိုင်က ကန်သွင်းယူခဲ့ပြီး ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

ဒီနောက် နှစ်ဖက်အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပြီး မိနစ်၂၀ မှာ မြန်မာအသင်းက ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ မလေးရှားအသင်း ဂိုးဧရိယာထိပ်နားမှာ မြန်မာရှေ့တန်းကစားသမား ကျောနံပါတ် ၉ အောင်သူက မလေးနောက်တန်းသမား တဦးကို လိမ်ခေါက်ပြီး ဂိုးဧရိယာ ညာဘက်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် မြန်မာအသင်းကပဲ အကြိမ်ကြိမ်ထိုးဖောက်ကစားခဲ့ပြီးနောက် ၃၂ မိနစ်မှာတော့ မြန်မာကစားသမား ကျောနံပါတ် ၂၃ မလေးနောက်တန်းသမားတွေ ကြားထဲကနေ ဂိုးဧရိယာထိပ်နား ဘောလုံးထိုးပေး လိုက်တာကို မြန်မာရှေ့တန်းကစားသမား ကျောနံပါတ် ၉ အောင်သူက ဆွဲယူကာ ဂိုးသမားကိုပါ လိမ်ခေါက်ပြီး တတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ဒီနောက် နှစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပထမပိုင်း ပြီးဆုံးပါတယ်။

ဒုတိယပိုင်းစပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ မြန်မာအသင်းက မလေးရှားအသင်းရဲ့ ဂိုးဧရိယာညဘက်ထိပ်နားမှာ ပြစ်ဒဏ်ဘော ကန်ခွင့် ရရှိခဲ့ပါတယ်။

အဲဒီပြစ်ဒဏ်ဘောကို မြန်မာရှေ့တန်းကစားသမား ကျောနံပါတ် ၉ အောင်သူ ကန်သွင်းရာမှာ ဂိုးသမားပုတ်ထုတ်လို့ တိုင်နဲ့ ထိပြီး ပြန်ထွက်လာခဲ့တာကို မြန်မာကစားသမား ကန်သွင်းခွင့်ရပေးမယ့် ဂိုးပေါ် ကျော်တက်သွားပါတယ်။

၅၄ မိနစ်မှာတော့ မလေးရှားအသင်းက ရှေ့တန်းဝဲအစွန်ကစားသမား မြန်မာအသင်းဂိုးရှေ့ တင်ပေးတာကို ကျောနံပါတ် ၁၂ ခေါင်းတိုက်သွင်းပေမယ့် ဂိုးစည်းဘေးကနေ ထွက်သွားပါတယ်။

၆၇ မိနစ်မှာတော့ မလေးရှင်းအသင်းက ကျောနံပါတ် ၂၁ ကန်သွင်းခွင့် ရခဲ့ပေမယ့် မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ မိနစ် ၇၀ မှာတော့ ရာသီဥတုပူတဲ့အတွက် ခေတ္တအနားပေးပါတယ်။

ပွဲပြန်ကစားပြီးနောက် ၇၅ မိနစ်မှာ မြန်မာရှေ့တန်း ၀ဲအစွန်လူ ဆွဲပြေးပြီး ဂိုးရှေ့ချပေးတာကို ကျောနံပါတ် ၂၃ ကန်သွင်းယူခဲ့ပေမယ့် မလေးရှား ဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။

ဒီနောက် မြန်မာအသင်းက အပေးအယူ အချိန်အဆက် မိမိနဲ့ ဆက်လက်ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုး ထပ်မံ သွင်းယူနိုင်ခြင်းမရှိဘဲ ပွဲစဉ် ပြီးဆုံးသွားပါတယ်။

မြန်မာ ယူ ၁၉ အသင်းဟာ ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲမှာ အုပ်စုအဆင့် ၄ ပွဲစလုံး ခြေစွမ်းပြအနိုင်ရပြီး အကြို ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။

ဘရူးနိုင်ဘုရင့်ဖလား အကြိုဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့လို့ တဖက် ထိုင်းနဲ့ဗီယက်နမ် အကြိုဗိုလ်လုပွဲကနေ တက်လာတဲ့အသင်းနဲ့ နောက်ဆုံးဗိုလ်လုပွဲကို သြဂုတ် ၂၃ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

ဆွာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၇၅)သန်း ပေးခဲ့ရကြောင်း သတင်းများကို ဘာစီလိုနာငြင်းဆို


လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူရာတွင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၇၅)သန်း ပေးချေခဲ့ရကြောင်း သတင်းများကို ဘာစီလိုနာက ငြင်းဆန်ခဲ့သည်။


လီဗာပူးလ်သည် ၎င်းတို့၏ တိုက်စစ်မှူးကို စာချုပ်ပါ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၇၅)သန်း သတ်မှတ်ထားသော်လည်း ဘာစီလိုနာက ခေါ်ယူရာတွင် ပေါင်စတာလင် (၆၅)သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ စပိန်ကလပ်အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ယော်ဒီ မက်စ်ထရီက မိမိတို့၏ အပြောင်းအရွှေ့ရေးရာ ပါးနပ်စွာ ညှိနှိုင်းနိုင်မှုကြောင့် လီဗာပူးလ်က ဈေးနှုန်းလျော့ချပေးရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း ဆိုသည်။ “ဆွာရက်ဇ်ရဲ့ စာချုပ်ပါဈေးက ပေါင်စတာလင် (၇၅)သန်းပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဈေးစကားပြောမှု အရည်အသွေးပိုင်းကြောင့် နောက်ဆုံးမှာ ပေါင်စတာလင် (၆၅)သန်းနဲ့ ဈေးတည့်သွားတယ်”ဟု မက်စ်ထရီက ပြောကြားခဲ့သည်။

ဘာစီလိုနာသည် အသက်(၂၇)နှစ်ရှိ ကစားသမားကို စာချုပ်ချိန်တွင် ပြောင်းရွှေ့ကြေး သတ်မှတ်ချက်ကို ပေါင်စတာလင် သန်း(၁၇၀)သို့ မြှင့်တင်ခဲ့ကြောင်းလည်း သိရသည်။ ဆွာရက်ဇ်သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အီတလီ လက်ရွေးစင် နောက်ခံလူ ဂျော်ဂျီယို ချီလီယေနီကို ကိုက်ခဲ့သည့်အတွက် ပွဲပယ်ပြစ်ဒဏ် ကျခံနေရပြီး လတ်တလောတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအဆင့် ပွဲစဉ်များ၌ ပါဝင်ကစားခွင့် မရှိသေးချေ။ သို့သော်လည်း တရားဝင် ပြိုင်ပွဲမဟုတ်သည့် လီယွန်နှင့် ခြေစမ်းပွဲတွင်မူ ဘာစီလိုနာအတွက် ပွဲဦးထွက်ခွင့် ရခဲ့သည်။

Ref: Daily Mail

Goal.com မှ ပရိသတ်များမှရွေးချယ်သည့် သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ် ကစားသမားဆုအား စပိန်ကွင်းလယ်လူ ဇာဗီရရှိ


ပြီးခဲ့သည့်အင်္ဂါနေ့တွင် စပိန် လက်ရွေးစင်ကစားသမားဘဝမှ အနားယူ ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည့် စပိန်လက်ရွေးစင် ကွင်းလယ် လူဇာဗီသည် နာမည်ကြီး အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ် သည့် goal.com မှရွေးချယ်ခဲ့ သည့် သမိုင်းတစ်လျှောက်အကောင်း ဆုံးကွင်းလယ်ကစား သမားဆုကို ရရှိသွားခဲ့သည်။
ဇာဗီသည် goal.com ပရိသတ် များမှရွေးချယ်ပေးခဲ့သည့် သမိုင်း တစ်လျှောက် အကောင်းဆုံးကွင်းလယ် ကစားသမားဆုအား အီတလီကွင်း လယ်လူ ပီယာလို၊ ဂျာမနီကွင်းလယ် လူ လိုသာမာသီးရက်စ်နှင့် နယ်သာ လန်ကွင်းလယ်လူ ဖရန့်ရီကတ်တို့ အား ကျော်ဖြတ်ရရှိခဲ့ခြင်းဖြစ်သည်။
Goal.com ပရိသတ်များ၏ ရွေးချယ်မှုများတွင် ပရိသတ်ပေါင်း များစွာမှမဲပေး ခဲ့ပြီး ဇာဗီအနေဖြင့် မဲပေးသူများ၏ မဲအများဆုံးကိုရရှိ ခဲ့ပြီး ၄င်း၏နောက်တွင် အီတလီကွင်း လယ်လူ ပီယာလိုမှာ ၆၆ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ တွင်ရပ် တည်နိုင်ခဲ့ပြီး ဂျာမနီဂန္ထဝင်ကွင်း လယ်လူ လိုသာမာသီးရက်စ်မှာမူ မဲပေါင်း နှစ်ထောင်ကျော်ရရှိခဲ့ကာ တတိယနေရာတို့တွင် အသီးသီးရပ် တည်နိုင်ခဲ့သည်။
အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့် ဇာဗီ၏ဆရာဟောင်းဖြစ် သူ ဘာစီလိုနာနည်းပြဟောင်းဖရန့် ရီကတ်မှာမူ မဲပေးသူများ၏ ၃ရာခိုင် နှုန်းသာရရှိခဲ့ပြီး ၄င်း၏နောက်တွင် နယ်သာလန် ကွင်းလယ်ကစားသမား ဟောင်းတစ်ဦးဖြစ်သူ အဂ္ဂါဒေးဗစ် မှာ မဲရာခိုင်နှုန်း ၂.၉ ရာခိုင်နှုန်းဖြင့် အသီးသီးရပ်တည်နိုင်ခဲ့သည်။
WKM
Yangon Media Group

မန်စီးတီးကွင်လယ်လူ ရော့ဒ်ဝဲလ်ကို ဆန်းဒါးလန်းခေါ်ယူ

ဆန်းဒါးလန်းအသင်းသည် မန်စီးတီးကွင်းလယ် ကစားသမား ရော့ဒ်ဝဲလ်ကို ပေါင် (၁၀) သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုခေါ်ယူ လိုက်ကြောင်း သိရသည်။ အင်္ဂလန်အတွက် သုံးပွဲပါဝင် ကစားခဲ့ဖူးသော ရော့ဒ်ဝဲလ်သည် မန်စီးတီးတွင် ပုံမှန် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရ သဖြင့် ဆန်းဒါးလန်းသို့ ပြောင်းရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။ အသက် (၂၃) နှစ်အရွယ်ရှိ ရော့ဒ်ဝဲလ်သည် ၂၀၁၂တွင် အဲဗာတန်မှ မန်စီးတီးသို့ ပေါင် (၁၂) သန်းဖြင့် ရောက်ရှိ လာခဲ့ပြီး ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရသည်။ ဆန်းဒါးလန်း နည်းပြပိုယက်ကမူ ရော့ဒ်ဝဲလ်အနေဖြင့် မူလခြေစွမ်းဖြင့် ကစားနိုင်မည်ဟု ယုံကြည်ကာ တွေ့ဆုံမှုများပြုလုပ်ပြီး ခေါ်ယူလိုက်ခြင်းဖြစ်သည်။ ရော့ဒ်ဝဲလ်သည် ဆန်းဒါးလန်း အသင်းတွင် တစ်ပတ်လုပ်ခလစာ ပေါင် (၆၅၀၀၀) ရရှိမည်ဖြစ်သည်။