Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

ကိုယ်ဝန်ဖျက်တယ်ဆိုတာ လူသတ်မှု မြောက် မမြောက်Abortion or not



ဆရာခင်ဗျား။ ကိုယ်ဝန်ဖျက်ချတာနဲ့ ပတ်သက်ပြီး လူသတ်မှု မြောက် မမြောက် သိချင်လို့ပါ။ ဆေးပညာအရ သန္ဓေတည်ခြင်း၊ လူ့အသက်၊ သေခြင်း စတာတွေကို ဘယ်လိုသတ်မှတ်သလဲ ရှင်းပြပေးပါခင်ဗျာ။ (၂) ကိုယ်ဝန်ဖျက်ချတာ လူသတ်မှု မမြောက်ပါ။ သို့သော် လူသတ်မှုကဲ့သို့ ပြစ်ဒဏ်ကြီးလေးပါသည်။ ပြစ်မှုပုဒ်မ ၃၁၃ တွင် မိခင်သဘောမတူဘဲ ပျက်စေလျှင် သေဒဏ်ထိပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၃၁၅ တွင် မိခင်ကိုယ်တိုင် ပျက်စေလျှင် ထောင်ဒဏ် ၁ဝ နှစ်ထိပြဌာန်းထားပါတယ်။ မိခင်အသက်ကယ်ရန်ဆိုရင် ကင်းလွတ်ခွင့် ရပါတယ်။ • ယောက်ျားကနေ လိင်ဆက်ဆံမှုဖြစ်စဉ် အဆုံးမှာ သုက်ရည်တွေ ထွက်တယ်။ တခါထွက်တာထဲမှာ သုက်အကောင်ရေ သန်း ၄ဝ ကနေ ၁၅ဝ ပါနေမယ်။ • မိန်းမမျိုးဥအိမ်ကနေ ရင့်မှည့်နေတဲ့ မျိုးဥထွက်လာတာနဲ့ သားအိမ်ပြွန်ထဲကို အဖျားမှာ လက်ဝါးလိုနေတဲ့ အပေါက်ဝကနေ ဝင်လာမယ်။ • အမျိုးသမီး ဗဂျိုင်းနာထဲမှာ အဲလို စွန့်ထုတ်-ပန်းထွက်မှု ဖြစ်တာနဲ့ သုက်ကောင်တွေဟာ သားအိမ်ဝကနေ သားအိမ်ထဲကို ရေကူးသလို တက်လာကြမယ်။ မ-မျိုးဥကို အငန်းမရ လိုက်ရှာနေကြတာ ဖြစ်တယ်။ အမြန်ဆုံး သုက်ပိုးဟာ နာရီဝက်သာ ကြာတယ်။ နှေးတဲ့ကောင်တွေက တရက်နဲ့ မရောက်နိုင်ဘူး။ • တခုတည်းသော သုက်ပိုးကနေ ရင့်သန်မှုရှိနေတဲ့ မျိုးဥထဲကို ထိုးဖေါက်ဝင်ရောက်တာနဲ့ Conception သန္ဓေဖြစ်ခြင်း ဒါမှမဟုတ် Fertilization မျိုးစပ်ခြင်းဖြစ်စဉ် စတင်ပါတော့မယ်။ • ဒီဖြစ်စဉ်က ၂၄ နာရီသာကြာတယ်။ ဒီအချိန်မှာ Genetic makeup မျိုးဗီဇအသစ်ပုံဖေါ်မှု ပြီးဆုံးသွားပြီ ဖြစ်တယ်။ ကလေးဟာ မိန်းကလေးလား၊ ယောက်ျားလေးလား သတ်မှတ်လိုက်ပြီ ဖြစ်တယ်။ စမ်းလို့တော့ မရနိုင်သေးဘူး။ • မျိုးဥထဲကို သုက်ပိုးတခု ဝင်ရောက်လာနိုင်တော့တဲ့နောက်မှာ မျိုးဥအဖုံးနံရံက ပြောင်းလဲလာမယ်။ နောက် သုက်ပိုးတွေ ဝင်မလာစေတော့အောင်လုပ်တာ ဖြစ်တယ်။ • ဆဲလ်တခုချင်းစီသာရှိတဲ့ သုက်ပိုးနဲ့ မျိုးဥဟာ တခုတည်းသာဖြစ်လာပြီး ချက်ချင်း ၁ ကနေ ၂ အဆင့်ကို ဒုတိယနေ့မှာ ဖြစ်မယ်။ ဆက်ပြီး ၂ ကနေ ၄ အဆင့်ကို ၃-၄ ရက်မှာဖြစ်ပြီး ၈ ကို ၄ ရက်မြောက်မှာဖြစ်လာမယ်။ • ဆဲလ်ပွါးခြင်းဖြစ်စဉ်အတွင်းမှာ သုက်ပိုးနဲ့ မျိုးဥတွေ့ဆုံခဲ့ကြတဲ့ သားအိမ်ပြွန်ဖျားပိုင်းလောက်ကနေ သားအိမ်ထဲ ဝင်လာမယ်။ • ဆလ်ပွါးခြင်းဖြစ်စဉ်ဆက်ဖြစ်ပြီး ထောင်ဂဏန်အရေအတွက်ကနေ သိန်း-သန်းအထိ တိုးတိုးလာမယ်။ ၅ ရက်ကနေ ၇ ရက်အတွင်း သားအိမ်အတွင်းနံရံကို လာပြီး တွယ်ကပ်မြုပ်ဝင်မယ်။ • Implantation သန္ဓေကပ်ပြီလို့ပြောနိုင်ပြီဖြစ်တယ်။ အတူနေပြီးနောက် ၆ ရက်လို့ ယူဆနိုင်တယ်။ ဒါကြောင့် အရေးပေါ် တားဆေးတွေကို အတူနေပြီး ၅ ရက် (၁၂ဝ နာရီ) အတွင်း အသုံးပြုဘို့ ညွှန်ရတာဖြစ်တယ်။ • (ဆဲလ်) ပွါးဖြစ်စဉ်က ရပ်မနေဘူး။ များသထက် များလာမယ်။ သားအိမ်အတွင်းဆုံးလွှာမှာ နစ်မြုပ်တွယ်ကပ်တာ ဖြစ်ပြီးနောက် (ဆဲလ်) တချို့က အချင်း၊ (ဆဲလ်) တချို့က ကလေးဖြစ်လာကြတယ်။ • ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်းတွေ အမျိုးမျိုးက အချိန်ကိုက်ထွက်လာမယ်။ သန္ဓေဖြစ်ခြင်းဖြစ်စဉ် ပဌမပတ်မှာ အသစ်ထွက်လာတဲ့ အချင်းနဲ့ဆိုင်တဲ့ ဟော်မုန်းတမျိုးက (hCG) ဖြစ်တယ်။ ဒီဟော်မုန်း သွေးထဲ၊ ဆီးထဲ ပါနေတာကို သိအောင် စစ်နည်းနဲ့ ကိုယ်ဝန် ရှိနေ-မနေ စမ်းကြရတယ်။ အဖြေမှန်ရအောင် ၃-၄ ပတ် စောင့်ရတယ်။ • ၄ ပတ်ရှိရင် ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ သိသာလာပြီ။ ကလေးရဲ့ နှလုံးဟာ ၅ ပတ်အကြာမှာ ဖြစ်လာတယ်။ ဦးနှောက်၊ ခါးရိုးထဲက အာရုံကြောကြီးတွေလဲ ဆက်တိုက်ဖြစ်ပေါ်လာတယ်။ အဆုပ်၊ အသဲ၊ အစာအိမ်၊ အူ စတာတွေ ဖြစ်လာမယ်။ • ၈ ပတ်ဆိုရင် Fetus သန္ဓေသားလို့ခေါ်နိုင်ပြီ။ အရွယ်အစားအားဖြင့် လက္မဝက်မက ရှိလာပြီ။ ပါးစပ်၊ နှာခေါင်း ပီပြင်လာပြီ။ ၄ဝ-၄၂ ပတ်အထိ ဆက်ကြီးထွားလိမ့်မယ်။ • ၁၂ ပတ်ရောက်ရင် ၂ လက္မရှိပြီ။ လှုတ်ရှားမှုစလာပြီ။ မိခင်လောင်က မသိသေးဘူး။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးမှာ တခုခု ခံနေတာ (သားအိမ်အမြင့်ဆုံးနေရာ) ကိုစမ်းလို့ တွေ့နိုင်ပြီ။ ကရိယာနဲ့စမ်းရင် နှလုံးအလုပ်လုပ်နေတာ သိမယ်။ ကျား-မ ခွဲလို့သိမယ်။ • ၁၆ ပတ်ရှိရင် ၄့၃ ကနေ ၄့၆ လက္မရှိလာပြီ။ ၃့၅ အောင်စလေးနေပြီ။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးနဲ့ ချက်ကြားအထိ သားအိမ်က မြင့်တက်နေပြီ။ • ၂ဝ ပတ်ဆိုရင် သားအိမ်အမြင့်က ချက်အောက်တည့်တည့်မှာရောက်လာပြီ။ ၆ လက္မရှိပြီ။ မအေက အထဲမှာ ကလေးလှုတ်တာ သိနိုင်ပြီ။ (အာလ်ထွာဆောင်း) ရိုက်တာကို အများအားဖြင့် ၂ဝ ပတ်မှာ လုပ်တယ်။ • ၂၄ ပတ်ရှိရင် ၁့၎ ပေါင်လေးနေပြီ။ • ၂၈ ပတ်မှာ ၂ ပေါင် ၆ အောင်စလေးပြီ။ ကလေးက အထဲမှာ အနေအထား အမျိုးမျိုးပြောင်းနေမယ်။ အချိန်စောမွေးတာဖြစ်လာရင်လဲ ရှင်နိုင်စွမ်းရှိလာနေပြီ။ • ၃၂ ပတ်ဆိုရင် ၄ ပေါင်လေးပြီ။ အရေပြားအောက်မှာ အဆီစုလာရာကနေ အရေးအကြောင်းလေးတွေ ဖြစ်လာနိုင်ပြီ။ • ၃၆ ပတ် အကြောင်းခံ အမျိုးမျိုးကြောင့် ကလေးအရွယ်အစား အမျိုးမျိုးဖြစ်နိုင်တယ်။ ပျမ်းမျှ ၆ ပေါင်လေးပြီး၊ ၁၈့၅ လက္မရှည်မယ်။ • ၃၇ ပတ်ပြည့်တာကို ကိုယ်ဝန် အပြည့်သက်တမ်းလို့ ခေါ်နိုင်တယ်။ ANC မှတ်တမ်းမှာ ၄ဝ ပတ်ကို EDD ခန့်မှန်းခြေမွေးမဲ့ရက်လို့ တွက်ပေးထားမယ်။ တကယ်မွေးမှာက ၃၈ ပတ်ကနေ ၄၂ ပတ်အတွင်း ဖြစ်မယ်။ ကိုယ်ဝန်ရှိပြီဆိုတာ ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ချိန်၊ သန္ဓေဖြစ်ချိန်ကို ခေါ်တာလား။ သားအိမ်ထဲမှာ တွယ်ကပ်လိုက်ချိန်ကို ခေါ်တာလား။ ဒီအယူအဆ ၂ မျိုးကို သုတေသန လုပ်တော့ ဆရာဝန်တွေ အမြင်မတူကြတာ တွေ့ရတယ်လို့ အမေရိကန် သားဖွါးမီးယပ် ဂျာနယ်မှာ ရေးသားလိုက်ပါတယ်။ မေးခွန်းကို အမေရိကားမှာရှိတဲ့ သားဖွါး-မီးယပ် ဆရာဝန်ပေါင်း ၁၁၅၄ ဦးတို့ကနေ အဖြေတွေပေးခဲ့ကြတယ်။ ၅၇% က ကိုယ်ဝန်ရှိပြီဆိုတာ ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ Fertilization ပေါင်းစပ်ချိန်၊ Conception သန္ဓေတည်ချိန် ဖြစ်တယ်။ ၂၈% က ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ပြီး နောက်တပါတ်အကြာ သားအိမ်ထဲမှာ Embryo implantation တွယ်ကပ်လိုက်ချိန် ဖြစ်တယ်။ ၁၅% က မသေခြာဘူးလို့ ဆိုပါတယ်။ အဖြေတွေမှာ ဘာသာရေးအယူအဆ သက်ရောက်မှုရှိမှာဖြစ်သလို ကိုယ်ဝန်ကို မလိုချင်လို့ ဖျက်ပြစ်တာမှာလဲ လုပ်သင့်တယ်-မလုပ်သင့်ဘူး ဆုံးဖြတ်ရာမှာလဲ သက်ရောက်စေတယ်။ ဘာသာရေးတွေက မတူသလို ဥပဒေတွေကလဲ တနေရာနဲ့တနေရာမှာ မတူကြပါ။ မြန်မာဆရာဝန် တယောက်အနေနဲ့ ကျန်းမာရေးဒေါင့်ကနေပြောရရင် ယောက်ျား-မိန်းမ အတူနေကြပြီးနောက် အရေးပေါ်တားဆေး-တားနည်းကို (၅) ရက် အတွင်းလုပ်လို့ ကိုယ်ဝန်မရတာဟာ အပြစ်လွတ်တယ်။ ၆ ရက်ကနေစပြီး ကိုယ်ဝန် ဘယ်အဆင့်မှာဖြစ်ဖြစ် ဆက်မတည်နိုင်အောင် ဘယ်နည်းနဲ့လုပ်လုပ် ကိုယ်ဝန်ကို ဖျက်ရာရောက်တယ်။
ဒေါက်တာတင့်ဆွေ

ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ ( ၁၁ ) ချက်


( ၁ ) 
မဝေးသွားစေပါနှင့်

အရပ်ဒေသဝေးခြင်းကို မဆိုလိုပါ 
သူ့အသိထဲမှာ ကိုယ်အမြဲရှိနေအောင် ကြိုးစားရမှာပါ 
message တစ်စောင်ပို့ချိန်က 2 မိနစ်မပေးရပါဘူး 
အချစ်မှာ သွေးနွေးနေဖို့လိုပါတယ်

ဓားကောင်းတစ်ချောင်းကို ပစ်ထားလိုက်ရင် 
သံချေးကိုက်ပြီးတုံးသွားတက်သလိုပေါ့ 
__________
( ၂ ) 
မာနမထားပါနှင့် ( ယုံကြည်မူ့လွန်ကဲခြင်း )

ကိုယ့်ကို သူမချစ်ပဲမနေနိုင်ပါဘူးဆိုပြီးပစ်မထားပါနဲ့ 
လူဆိုတာ 
မြင့်မိုရ်လောက် ပေးဆပ်တယ်ဆိုပေမယ့် 
သဲတစ်ပွင့်စာတော့ အနည်းဆုံးမျှော်လင့်ချက်ရှိကြပါတယ် 
နောက်ဆုံး ဘယ်လောက်ချစ်ချစ် 
ချစ်သူကို ကိုယ်ကဒုက္ခပေးသလိုဖြစ်တယ်အထင်နဲ့ လက်လျော့သွားတက်ကြပါတယ်

ကျောက်ဆောင်တွေတောင် တိုက်စားပါများရင် ပြိုလဲသွားတက်ပါတယ်
_________
( ၃ )
မကြာခဏ ချစ်တယ်ပြောပေးပါ

ချစ်တယ် " ချစ်သူတွေ ဖြစ်သွားပြီးပဲ ရှက်စရာစကားစုမဟုတ်တော့ပါဘူး 
ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ အဓိကအချက်ကလေူပေါ့ 
ချစ်သူတွေကြား နေ့စဉ်ချစ်တယ်ဆိုတဲ့ စကားလေးက အလှပဆုံးစကားလုံးပါပဲ

သစ်ပင်တစ်ပင်ကို ရှင်ပြီအထင်နဲ့ 
ရေမလောင်းပဲ ထားလိုက်ရင် သေသွားသလိုမျိုးပေါ့ 
_____________
( ၄ ) 
စကားလုံးလေးများ ဂရုစိုက်ပါ

ယောက်ျားလေးကော မိန်းကလေးကော 
အချစ်စမ်းတဲ့ အနေနဲ့ နာမ်စားစကားလုံးရိုင်းကြည့်တက်ပါတယ် 
တခါ နှစ်ခါ ဘာမှမဖြစ်ပေမယ့် များလာတဲ့အခါ ငါ့ချစ်သူက ငါ့ကို နှိမ်ချင်လို့ သက်သက်ပြောတာပဲ ဆိုပြီး မာနကိုထိပါးသလိုဖြစ်တာကြောင့် လက်တွဲဖြုတ်သွားတက်ပါတယ် 
အိမ်ထောင်ကျသွားသူတွေတောင် ကွာရှင်းပြတ်ဆဲကြသေးတာပဲ 
ချစ်သူဆိုတာ အချိန်မရွေးပြတ်သွားနိုင်ပါတယ် 
တာနောယက္ခတောင် အချစ်နဲ့တွေ့တော့ နူးညံ့သွားတက်ပါတယ် 
ကိုယ်တွေက ဘာလို့ မပြောင်းလဲနိုင်ရမှာလဲ !

စကားပြောကြမ်းတဲ့ ကြက်တူရွေးကို 
အိမ်ဦးခန်းမှာထားဖို့ ဘယ်သူမှဆုံးဖြတ်မှာမဟုတ်ပါဘူး 
______________
( ၅ )
သံသယမထားပါနဲ့

ချစ်သူခြင်း သံသယရှိနေခြင်းက အဆိုးရွားဆုံးဖြစ်ရပ်ပါပဲ 
တအားချစ်လွန်းလို့ဖြစ်တာပါ ဒါကြောင့်ဒီအချက်ကြောင့်ပြတ်သွားတဲ့ချစ်သူတွေကို တအားနှမြောမိပါတယ် ။ 
သံသယကို ပြေလည်အောင်ရှင်းပါ 
မာမာထန်ထန်မရှင်းပါနှင့် 
အကောင်းဆုံးစကားလုံး အလှပဆုံးနိမိတ်ပုံ 
နားလည်တက်ကျွမ်းပြီး ကိုယ်တို့ချစ်သူအကြောင်းကို သိနေသူတွေထံအကူအညီယူပါ 
( ခြွင်းချက်အနေနဲ့ အဲ့သည့်လူက ကိုယ်တွေကို တကယ်လက်တွဲစေခြင်တဲ့သူဖြစ်ရပါမယ် ) 
ပြီးမှ နှစ်ဦးသားပြေလည်သွားတဲ့ အခါ ပြဿနာဟာ တကယ့်သေးသေးလေးဖြစ်သွားမှာပါ ။

ငယ်ငယ်က စက်ဘီးစီးသင်သလိုပေါ့ 
ဘယ်လို ကိုင်တွယ်ရမလဲ သိတဲ့အခါ အားလုံးဟာ လွယ်ကူသွားပါလိမ့်မယ် 
_______________
( ၆ )
နားလည်မူ့ထားပါ

ချစ်သူကို နားလည်ပေးပါ ဖြည့်တွေးပေးပါ 
ကိုယ်ဖြစ်စေချင်တာ ပြောပြပါ 
သူဖြစ်စေချင်တာလည်း မေးပါ 
သွေးသားရင်းတွေတောင် အကြိုက်မတူသေးတာပဲ 
ချစ်သူဆိုတာ အရင်းနှီးဆုံး သူစိမ်းပါပဲ 
100% မဖြစ်နိုင်ရင်တောင် 98 % တော့ရမှာပါ 
အရာရာကိုယ့်ဘက်အမြင်တခုတည်းနဲ့ မဆုံးဖြတ်လိုက်ပါနဲ့ 
တကယ်တမ်းဆုံးရှုံးလိုက်ရရင် နှစ်ဦးစလုံးခံစားရမှာပါ

လွတ်လပ်ရေးနေ့ သုံးချောင်းထောက်ပြေးရသလို 
သူနဲ့ကိုယ် နာလည်မူ့ရှိနေမှ ပန်းတိုင်ရောက်မှာဖြစ်ပါတယ် 
____________
( ၇ )
ချစ်သူကို ဦးစားပေးပါ

သူငယ်ချင်းတွေနဲ့ ပေးတယ့်အချိန်ကိုလျော့ခိုင်းတာမဟုတ်ပါဘူး 
ချစ်သူနဲ့ တွေ့နေကျအချိန်မှာ 
အပြင်ဘက် ချစ်သူတွေဆို ဖုန်းကိုဆိုင်းလန့်လုပ်ထားတာမျိုးပေါ့ 
online ချစ်သူတွေဆို chat ဝင်တဲ့အခါ ရှိနေပါလျက် တခြားသူနဲ့ စကားဆက်ပြောနေတာမျိုးပေါ့ 
လူတိုင်းဟာ ကိုယ့်ကိုဦးစားပေးရတာကို နှစ်သက်ပါတယ် 
ချစ်သူရဲ့ ဦးစားပေးမူ့ကို ပိုလိုချင်ပါတယ် 
သေးငယ်တဲ့ ပြဿနာဆိုပေမယ့် ဂရုမပြုလို့မဖြစ်ပါဘူး

ဆူးလေးသေးသေးလေးပါပဲ 
မနူတ်ပဲထားတဲ့အခါကျတော့ ဘဝတစ်ခုလုံးဆုံးရှုံးသွားတက်ပါတယ်
____________
( ၈ ) 
ချစ်သူခြင်း လေးစားပါ

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ရိုသေပါ 
သဝန်တိုတာ လျော့ပါ 
လေးစားမူ့မရှိရင် ယုံကြည်မူ့ပါပျောက်သွားတက်ပါတယ် 
ယုံကြည်မူ့ပျက်သွားတဲ့အခါ အထင်သေးသွားတက်ပါတယ် 
အထင်သေးသွားတဲ့အခါ လက်တွဲဖို့ဆုံးဖြတ်ချက်တွေ ယိုင်နဲ့သွားတက်ပါတယ် 
နှစ်ဖက်စလုံး လေးစားမှဖြစ်မှာပါ 
သူ့ကောင်းကွက်ကိုရှာပါ 
သူ့ကို နားလည်အောင်ပြောပြပါ 
ချစ်သူချင်း လေးစားမူ့က အရမ်းအရေးကြီးပါတယ်

နှစ်ဘက်ဆွဲထားတဲ့ သရေကြိုးတစ်ကြိုးကို အလည်ကဖြတ်လိုက်သလိုပဲ 
ထိခိုက်နစ်နာသူက နှစ်ဘက်စလုံးပါ 
____________
( ၉ ) 
အချစ်ကို ရှာဖွေပါ

ချစ်သူဟာ ကိုယ့်ဆီက ဘာလိုချင်သလဲ သိအောင်ရှာဖွေပါ 
ငွေကြေးကို ဆိုလိုခြင်းမဟုတ် 
စကားလုံးလား ? ဂရုစိုက်မူ့လား ? ပြုစုယုယမူ့လား ?

ချစ်သူက ပေးတဲ့ 
စာသားလေးတစ်ကြောင်းလေးဖတ်နေရရင် 
မာယာကော့စကီး ဆယ်ယောက် ကဗျာလာရွတ်ပြရင်တောင် 
သူဂရုစိုက်မှာမဟုတ်ဘူး 
_____________
( ၁၀ ) 
မရောင်ရဲပါနဲ့

အများစုကယောက်ျားလေးတွေပါ ချစ်သူတွေဖြစ်သွားတဲ့အခါ 
အဖြေမရခင်ကလောက် ချစ်သူကိုမချစ်ပြပဲ ဖြစ်သွားတက်တယ် 
ချစ်သူဘဝရောက်လည်း အချစ်တွေ မရောင်ရဲပါနဲ့ 
ချစ်သူက သည့်ထက်ပိုချစ်လာအောင် ကြိုးစားပါ 
များများချစ်လေ များများကြိုးစားရလေပါ 
ဘယ်တော့မှ အချစ်ကို မရပ်ပစ်လိုက်ပါနဲ့

ပင်လယ်ရေက ဘယ်လောက်ခပ်ခပ် ကုန်သွားရိုးမရှိသလို 
ချစ်သူက ချစ်လို့ ငြီးငြွေ့သွားတဲ့ချစ်သူဆိုတာ မရှိပါဘူးး 
____________
( ၁၁ ) 
ဒိုင်ယာရီလေးတစ်အုပ်ထားပါ

ချစ်သူ စဖြစ်တဲ့နေ့ 
အနမ်းစပေးတဲ့နေ့ 
ချစ်သူ့မွေးနေ့ 
ချစ်သူနဲ့ ဆုံတဲ့နေ့တိုင်း ဒိုင်ယာရီရေးပါ 
သူချစ်တာလည်း ရေးပါ 
ကိုယ်ချစ်တာလည်း ရေးပါ

နောင်တချိန် အိမ်ထောင်ကျလို့ ချစ်သူအပေါ် စိတ်ပျက်သလိုများဖြစ်လာတဲ့အခါ 
ဒိုင်ယာရီ စာအုပ်ထုတ်လို့ ပြန်စမ်းစစ်ပါ 
ချစ်သူဘဝက ပျော်ရွှင်ခဲ့တာတွေ ပြန်ဖတ်ပါ 
ကိုယ်ဘက်က ချစ်သူဘဝကလောက် ဘယ်လောက်လျော့သွားသလဲ ပြန်ကြည့်ပါ 
သူ့ကိုလည်း ပေးဖတ်ပါ 
အတိတ်က ချစ်သူဘဝကို တခါပြန်ခံစားပါ

အိမ်ထောင်ကျသွားလည်း ချစ်သူတွေပါ 
ဖေဖေမေမေဖြစ်သွားလည်း ချစ်သူတွေပါ 
ဖိုးဖိုးဖွားဖွားတွေဖြစ်သွားလည်း ချစ်သူတွေပါ 
သေဆုံးသွားသည့်တိုင် ချစ်သူတွေပါ … … …

အချစ်စစ်ဆိုတာ ပြောင်းလဲသွားခြင်းမရှိသလို 
သေဆုံးသွားခြင်းမရှိပါဘူး 
အမြဲတမ်းနုပျိုနေတဲ့ ပျော်ရွှင်မူ့ပါပဲ 
______________

ချစ်သူတိုင်း ပေါင်းဖက်ရပါစေ… 
လမ်းခွဲခြင်းများ ကင်းကြပါစေ…

Cre : OGN

တစ်တီတူး ငှက်ဆိုတာ ဘယ်လို ငှက်မျိုးလဲ


ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်တဲ့ တိရိစ္ဆာန်အမျိုးပေါင်း ၇ မျိုးရှိပါတယ်။ အဲ့ဒီထဲမှာ တောက်တဲ့၊ ဇီးကွက်၊ ရွှေပြည်စိုး၊ ယောက်ဖခွေးခေါ်ငှက်၊ တစ်တီတူး(တီတီတွတ်)၊ ဥသြငှက်၊ ဘုတ်ငှက် တို့ဖြစ်ကြပါတယ်။

အဲ့ဒီငှက် အမျိုးအစားတွေထဲက တစ်တီတူးငှက်ကလေးအကြောင်းကို ပြောပြချင်ပါတယ်။

တစ်တီတူးငှက်ဟာ ကယ်ရာဒရိုင်အီဒီး မျိုးရင်းမှာ ပါဝင်တဲ့ ငှက်အမျိုးအစားပါ။ အဲ့ဒီငှက်ကို သတ္တဗေဒ အလိုအားဖြင့် လိုဗီဗင်နဲလပ် အင်ဒီကပ် လို့ခေါ်ပါတယ်။ တစ်တီတူးလို့‌ခေါ်ခြင်းမှာ အဲ့ဒီငှက်ရဲ့ ‌အော်သံကိုအစွဲပြု ပြီး ခေါ်ခြင်းလည်း ဖြစ်ပါတယ်။ အလျား ၁၃ လက်မခန့်ရှိပါတယ်။ ခါထက် ကိုယ်ထည်အနည်းငယ် ပိုပြီး ကြီးကာ ‌ခြေတံ၊ လည်တံ များဟာလည်း ခါရဲ့ ‌ခြေတံလက်တံတွေထက် ပိုရှည်ပါတယ်။

တစ်တီတူးရဲ့ ကိုယ်အ‌ပေါ်ပိုင်းဟာ အညိုရောင်ရှိပြီး ‌အောက်ဘက်က အဖြူ‌ရောင်ရှိပါတယ်။ မျက်နှာ၊ ရင်အုပ်နှင့် ဦး‌ခေါင်းတို့ဟာ မည်းနက်ပါတယ် ။ တစ်တီတူးအဖို၊ အမတို့ဟာ မျက်လုံးတစ်ဘက်စီရဲ့ အ‌ပေါ်နဲ့ ‌ရှေ့ဘက်မှာ ကြက်‌သွေး‌ရောင် အသားပိုတစ်ခုစီ ရှိပါတယ်။ ငှက်ငယ်ဦး‌ခေါင်းရှိ အ‌မွှေးတွေဟာ အဖျားမှာ အညို‌ရောင်သန်း ‌နေပါတယ်။ ‌မေး နဲ့ ဇလုတ်တို့ဟာ ဖြူပါတယ်။

တစ်တီတူးငှက်ဟာ အ‌နှောက်အယှက်ခံရလျှင် ပျံဝဲပြီး ထပ်တလဲလဲကျယ်‌လောင်စူးရှစွာ ‌အော်‌နေတတ်ပါတယ်။ တစ်တီတူးကို သဲ‌သောင်ပြင်၌ စိုက်ပျိုးခင်းနှင့် သွေ့‌ခြောက်‌သောကုန်းမြင့်ရှိ ‌မြေလပ်များ၌၎င်း တွေ့ရတတ်ပါတယ်။ ဒါ့အပြင် ထုံးအိုင်‌ဒေသများတွင်လည်း ‌တွေ့နိုင်ပါတယ်။ ဒီ‌ရေအတက်အကျရှိ‌သော ‌ဒေသများတွင်မူ တစ်တီတူးကို မ‌တွေ့ရတတ်ပါဘူး။ ရန်သူအနီးအနား၌ ရှိသည်ဟု မယုံသင်္ကာဖြစ်‌သောအခါ ‌ခေါင်းညိတ်‌လေ့ရှိပါတယ်။ အဲ့ဒီလို ‌ခေါင်းညိတ်သည့်အ‌လေ့မှာ တစ်တီတူးငှက်ရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။

တစ်တီတူးငှက်ဟာ ‌မြေကြီးပေါ်၌ ခုန်ဆွခုန်ဆွ သွားလာကာ ပိုးမွှားကောင်နှင့် ခရုမျိုးများကိုရှာ‌ဖွေ စား‌သောက် လေ့ရှိပါတယ်။ အဲ့ဒီငှက်ဟာ ‌နေ့အချိန်၌သာမဟုတ်၊ ညအချိန်၌လည်းပျံသန်း ‌အော်မြည်‌နေတတ်ပါ တယ်။ ပျံသန်းတဲ့အခါမှာလည်း တောင်ပံများကိုမှန်မှန်ရိုက်၍ ‌နှေးနှေးပျံသန်းလေ့ရှိပါတယ်။ ခဏပျံသန်းပြီးနောက် ‌မြေကြီးသို့ တဖန် ဆင်းသက်ပြီး အနည်းငယ် ခုန်ဆွခုန်ဆွ သွား‌လေ့ရှိပါတယ်။ ထိတ်လန့်တဲ့အခါမှာလည်း လျှင်မြန်စွာ ပျံသန်း နိုင်တဲ့အပြင် ပျံသန်း‌နေခိုက် ကိုယ်ကိုလည်း ကျင်လည်စွာလှည့်ပတ်လှုပ်ရှားနိုင်ပါတယ်။

မတ်လနဲ့ ဩဂုတ်လတို့မှာ ဥအု‌လေ့ရှိပါတယ်။ ‌မြေကြီး‌ပေါ်၌ သဘာဝအ‌လျောက် ချိုင့်နေတဲ့‌နေရာများမှာ အသိုက်လုပ်တတ်ပါတယ်။ မိုးဥတုက ရေဝပ်ခဲ့‌သော ချိုင့်ခွက်များ၌လည်းကောင်း၊ ကျွဲနွားတို့ရဲ့‌ခြေရာခွက်၌ လည်းကောင်း အသိုက်လုပ်‌လေ့ရှိပါတယ်။ ရေခြောက်‌နေ‌သောကန်များ၌လည်း တစ်တီတူးအသိုက်များကို ‌တွေ့ရတတ်ပါတယ်။ အသိုက်တခုမှာ ဥ ၄ ဥ ‌တွေ့ရလေ့ရှိပါတယ်။ တစ်တီတူးငှက်ဥ၌ အညို‌ရောင်တွင် အ မည်း ကွက်‌လေးများ ရှိပါတယ်။

အဲ့ဒီဥအ‌ရောင်နဲ့ ပေါက်စငှက်ငယ်က‌လေးများရဲ့အ‌ရောင်ဟာ ပတ်ဝန်းကျင်ရှိအ‌ရောင်နဲ့ ဆင်တူလှ တာကြောင့် သူတို့ကိုပတ်ဝန်းကျင်နှင့်ခွဲခြားသိဖို့ ခက်ခဲလှပါတယ်။ ငှက်ဖိုနဲ့ငှက်မများဟာ သူတို့ရဲ့ ငှက်ငယ်က‌လေးများကို အလွန်ဝိရိယကြီးစွာ ‌စောင့်‌ရှောက်ကြပါတယ်။ အကယ်လို့ သူတို့ရဲ့ အသိုက်အနီးသို့ တခြားတိရိစ္ဆာန်များ ကျုးကျော်လာလျှင်လည်း ပြင်းထန်စွာ ခုခံတတ်ကြပါတယ်။


ကိုးကားသတင်း။ ။ ၀ီကီပီးဒီးယား

အလုပ်ကောင်းကောင်းရဖို့ မိမိကိုယ်ကို ချဲ့ထွင်ပါ…


အလုပ်ကောင်းကောင်းတစ်ခုကို ပိုင်ဆိုင်ပြီး ပြီဆိုရင်လည်းမိမိကိုယ်ကို ဖွံ့ဖြိုး တိုးတက်အောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ပြီး ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်၊ ရာထူးအဆင့်အတန်းများကိုတက်လှမ်းနိုင်အောင် ကြိုးစား အားထုတ်ကြရမှာ ဖြစ်ပါတယ်။

ကမ္ဘာကျော် ‘Nike’ ကုမ္ပဏီကြီးရဲ့ဆောင်ပုဒ် တစ်ခုရှိပါတယ်။

“There is no finish line” တဲ့။ ဟုတ်ပါတယ်။ လူတိုင်းလူတိုင်းမှာ အကန့်အသတ်မဲ့ချဲ့ထွင်ဖြစ်တည်နိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်နိုင်ခွင့်ရှိပါတယ်။ အဲ့ဒီထဲမှာ သင်လည်း တစ်ယောက် အပါအ၀င်ဖြစ်ပါတယ်။ စာရေးသူရဲ့ အတွေ့ အကြုံအရ ကုမ္ပဏီတွေမှာ သင်တန်းတွေပို့ချ ပေးတဲ့အခါ တွေ့ရတာ က စာရေးသူတို့ မြန်မာ ၀န်ထမ်းတွေ တော်တော်များများရဲ့ ပြဿနာ ကြောက် ကြတဲ့ ရောဂါပဲ။

မိမိကိုယ်ကို ချဲ့ထွင်ပြီး ဖွံ့ဖြိုးတိုးတက်လို သူတစ်ယောက်အတွက်တော့ အခက်အခဲ ပြဿနာဆိုတာ ရန်သူမဟုတ်ပါဘူး။ အလုပ်သေးသေးလုပ် ရင် ပြဿနာသေးသေးတွေ့မယ်။ အလုပ်ကြီးကြီးလုပ်ရင် ပြဿနာကြီးကြီးတွေ့ မယ်။ ပြဿနာလုံးဝ မတွေ့ချင်ရင်တော့ လုပ်စရာနည်းလမ်းတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဘာမှမလုပ်ဘဲနဲ့ အိမ်ထဲမှအိပ်နေမှပဲရပါတယ်။ အဓိကပြဿနာတွေကို ရင်ဆိုင်မတွေ့အောင် ရှောင်လွဲဖို့၊ ဆုတောင်းဖို့ မဟုတ်ပါ ဘူး။ ကြုံတွေ့ လာရတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အသွေး၊ အရည်အချင်းတွေ ရှိလာဖို့ မိမိကိုယ်ကိုချဲ့ထွင်ကြိုးစားအားထုတ်ကြဖို့ ဖြစ်ပါ တယ်။

မိမိကိုယ်ကို ချဲ့ထွင်ဆောင်ရွက်နိုင်ဖို့ ပထမဦးစွာ မိမိရဲ့တွေးခေါ်နိုင် မှုစွမ်းရည် (Thinking Capacity) ကိုချဲ့ထွင်နိုင်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ တွေးခေါ်နိုင်မှုစွမ်းရည်ကို ချဲ့ထွင်ပြီး မိမိကိုယ်ကိုယ်ချဲ့ထွင်နိုင်ဖို့ အကြံပြုချက်အချို့ကို တင်ပြပေးလိုက်ပါတယ်။

၁။ အလုပ်ပိုများများလုပ်ဖို့အတွက် ဘာတွေ လုပ်နေတာလဲ ဆိုတာကို အာရုံစိုက်ပါ။

လူတော်တော်များများက တစ်နေ့နေ့ သူတို့ဘာတွေပိုလုပ်နိုင်မလဲ ဆိုတာကိုသာ စဉ်းစားနေပြီး သူတို့ဘာတွေလုပ်နေလဲ ဆိုတာကိုတော့ ဆန်းစစ်တွေးခေါ်စဉ်းစားဖို့ မေ့လျော့နေကြပါတယ်။ လူတော်တော်များများက စာရေးသူရဲ့ ဟောပြောပွဲတွေမှာ၊ သင်တန်း (Training) တွေမှာ ခုလိုမေးကြ ပါတယ် …

“ကျွန်တော်/ကျွန်မတို့ရဲ့ လုပ်ငန်းခွင်တွေ မှာ လက်ရှိအခြေအနေ ထက်ပိုပြီး တိုးတက်အောင်မြင်လာအောင် ဘယ်လိုလုပ်ရမလဲ” တဲ့။
အဲ့ဒီအခါ စာရေးသူရဲ့အဖြေက ရိုးရိုးရှင်းရှင်းလေးပါ …
“ဟုတ်ကဲ့၊ အလုပ်ကိုကြိုးစားပြီး လုပ်ပါ”
ဒါပေမဲ့ စာရေးသူရဲ့ အဲ့ဒီအဖြေဟာ အချို့သော အခြေအနေတွေမှာ မှားယွင်းနေတာကို အံ့အားသင့်ဖွယ်တွေ့ရပါတယ်။ ဒါဘာဖြစ်လို့ပါလဲ။ တချို့ အခြေအနေတွေမှာ အထူးသဖြင့် ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေမှာရှိတဲ့ ၀န်ထမ်းတော်တော်များများဟာ အလုပ်ကို တော်တော်လေး ကြိုးစားလုပ် ကြပေမဲ့သူတို့လုပ်သလောက် အကျိုးခံစားခွင့် မရကြတာကို ၀မ်းနည်း ဖွယ်တွေ့ရပါတယ်။

အဓိကက ကိုယ်ဘာတွေလုပ်နေလဲဆိုတာကို အာရုံစိုက်ပြီး ပြန်လည် ဆန်းစစ်ကြည့်ကြဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကို ပြန်မေးရမယ့် မေးခွန်း ၃ ခုပဲ ရှိပါတယ် …
(၁) ငါဘာတွေလုပ်ဖို့ လိုအပ်လဲ။
(၂) ဘယ်အလုပ်တွေက ငါ့အတွက် အကြီးမားဆုံးရလဒ်တွေရမှာလဲ။
(၃) ဘယ်အလုပ်တွေက ငါ့အတွက် ကြီးကျယ်တဲ့ ဆုလာဘ်တွေ ပေးမှာလဲ။
စတာတွေပဲ ဖြစ်ပါတယ်။ မေးပါ။ စဉ်းစားပါ။ ပြီးရင်လုပ်ပါ။

၂။ ငါလုပ်မှ လုပ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းမေးနေတာကိုရပ်ပြီး ငါဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားပါ။

“ငါလုပ်မှ လုပ်နိုင်ပါ့မလား” ဆိုတဲ့မေးခွန်းက စာရေးသူတို့ကို သံသယတွေများစွာနဲ့ နှောင့်နှေး ကြန့်ကြာစေပါတယ်။ အဲ့ဒီမေးခွန်းအစား …
“ငါဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ မေးခွန်းနဲ့ အစားထိုးလိုက်ပါ။ ပြီးရင် အဖြစ်နိုင်ဆုံးနည်းလမ်းတွေကိုရှာပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပါ။ အောင်မြင်မှုတွေက သင့်ကိုစောင့်ကြိုနေပါလိမ့်မယ်။

၃။ တံခါးတစ်ပေါက်တည်းအပေါ် စဉ်းစားနေ တာကို ရပ်လိုက်ပါ။ တံခါးပေါက်တွေအများ ကြီးကို ဖွင့်လှစ်လိုက်ပါ။

ပြဿနာတိုင်းမှာ အဖြေတစ်ခုတည်းရှိတာမဟုတ်ပါဘူး။ အဖြေမှန်က တစ်ခုထက်ပိုပြီး ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အဖြေမှန်ရရုံနဲ့ ရပ်မနေ ပါနဲ့။ နောက်ထပ်အဖြေမှန်တွေလည်း ရှိနေနိုင်တာမို့ ကြိုးစားအားထုတ် ရှာဖွေပါ။ မမျှော်လင့်ဘဲ အံ့သြဖွယ်အခွင့်အလမ်းတွေကို တွေ့ရှိနိုင်ပါတယ်။

၎။ လူတွေက သင့်ကို မျှော်လင့်တာထက် ပိုလုပ်ပါ။
သင့်ရဲ့သူငယ်ချင်း၊ သင့်ရဲ့အလုပ်ရှင်၊ သင့်ရဲ့ ၀ယ်သူ Customer တွေက သင့်အပေါ် မျှော်လင့်ထားတာထက် ပိုလုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ပါ။ ဘယ်တော့မှ သာမန်နဲ့ ကျေနပ်မနေပါနဲ့။ အကောင်း ဆုံးဖြစ်အောင် အားထုတ်ပါ။ဖော်ပြပါပုံအတိုင်း အောင်မြင်မှုရဲ့ အထွတ် အထိပ်မှာ အကောင်းဆုံးတွေအတွက်ပဲ နေရာရှိပါတယ်။

၅။ အရေးကြီးကိစ္စရပ်တွေကို အရေးကြီးလာမှ ဆောင်ရွက်တာထက် အရေးကြီးကိစ္စရပ်တွေ ကို နေ့စဉ်နည်းနည်းဆောင်ရွက်သွားပါ။
အောင်မြင်မှုမှာ ဖြတ်လမ်းမရှိပါဘူး။ အရေးကြီးလာမှ အရေးတကြီး ပြူးပြူးပြာပြာဆောင် ရွက်တာထက် အရေးကြီးတဲ့ကိစ္စရပ်တွေ ကို နေ့စဉ်နည်းနည်းနည်းနည်းနဲ့ ပုံမှန်ဆောင်ရွက်သွားပါ။ အောင်မြင်မှုက သင့်ကို စောင့်ကြိုနေ ပါလိမ့်မယ်။ ။

လင်းသိုက်ညွန့် (မြန်မာ့မြေ)

သင်ပိုင်ဆိုင်သမျှနှင့် ချမ်းသာစေသော နည်းလမ်း



” ဘာကြောင့် တပည့်တော် အလွန်ဆင်းရဲရတာပါလဲဘုရား” လို့ 
သူဆင်းရဲ တစ်ယောက်က မြတ်စွာဘုရားကိုမေးတယ်။

ထိုအခါ မြတ်ဘုရားက ” ဒါနမည်သော ပေးကမ်းခြင်းကို တတ်သိမှု ကင်းခဲ့လို့ပါပဲ” ဟု၍ ဖြေတော်မူတယ်။

“တပည့်တော်မှာ ပေးကမ်းလျူစရာ ဘာမှမရှိလို့ပါဘုရား” လို့ သူသိတဲ့ 
သူရဲ့ မရှိဆင်းရဲခြင်း အကြောင်းကို သူဆင်းရဲက ဖွင့်ဟပြန်ပါတယ် ။

ထိုအခါမြတ်ဗုဒ္ဓဘုရားရှင်က သင့်မှာ

(က) ကြည်လင်အေးမြ ပြုံးလို့ ရတဲ့ ( မျက်နှာ )ရှိတယ် ။
**အပြုံးဖြင့်ကုသိုလ်ယူနိုင်တယ်

(ခ) ချိုသာစကား ပီယဝါစာများကို ပြောဆိုနိုင်ပါသော( နူတ်ခမ်း )ရှိတယ် ။
**သူတပါးနားမှာ မခါးရလေအောင် ပြောဆိုခြင်းဖြင့်ကုသိုလ်ယူနိုင်တယ်

(ဂ) ကိုယ်ချင်းစာတရားမွေးဖွားနိုင်တဲ့( နှလုံးသား )လည်းရှိတယ်
** ဂရုဏာတရားကို လက်ကိုင်ထားခြင်းပြီး နှလုံးသားနဲ့ ကုသိုလ်ရယူပါ

(ဃ)အကောင်းမြင်လို့ ရတဲ့ ( မျက်လုံး )ရှိပါတယ် ။
**သူတပါးအပေါ် အကောင်းမြင်ပေးလို့  ကုသိုလ်အတွေးကို
ပိုင်ဆိုင်နိုင်တယ်

(င)ကူညီနိုင်တဲ့ (ကိုယ်ခန္ဓာ )ကိုလည်း သင်ပိုင်ဆိုင်ပါတယ် ။
**ကာယဒါန ပြု ခြင်းနဲ့  ကောင်းမှုကုသိုလ်ရယူနိုင်ပါတယ် ။

ှွုှု”ဤသို့ အနည်းငယ်မျှ ပိုင်ဆိုင်ခွင့်ရသော အချင်းအရာတို့ ဖြင့်လည်း
သင်သည် ပေးကမ်းခြင်းဟူသော ဒါနအမှုကို ပြုနိုင်ပေသောကြောင့်
သင်နှင့်တကွ လူသားများသည် သူဆင်းရဲဟု မဆိုထိုက်ပေ ။

ယင်းကဲ့သို့  ပေးကမ်းလှူဒါန်းမှုတရားနှင့်
စိတ်နေသဘောထား မြင့်မြတ်ခြင်းကင်းမှသာလျှင်
ဧကန်ပကတိ ဆင်းရဲသည့်သူဖြစ်ပေသည် ”

ကိုး ဘား

ကိုးကား။ ။Budhhist Vision and အရှင်ဇောတိပါလ(ပါရမီဗိမာန်)

လမ်းဘေးက ဖိနတ်တိုက်တဲ့ကောင်ကလေးဘ၀ကနေ သမ္မတဖြစ်လာသူ


၁၉၄၅ ခုနှစ် အောက်တိုဘာ လ (၂၇) ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambuco ပြည်နယ် က ရွာေ လး တစ် ရွာမှာ ရှိတဲ့ လယ်သမား မိသားစု ကနေ ကောင်လေး တစ်ယောက် မွေးဖွား ခဲ့တယ်။ အဲဒီ မိသားစု ဟာ ဆင်းရဲ လွန်း တာကြောင့် ကောင်လေး ဟာ (၄) နှစ်သား အရွယ် ကတည်းက လမ်းေ ပါ် မှာ မြေပဲ ဆံ လိုက်ရောင်း ခဲ့ရတယ်။ ဒါတောင် အစား နပ် မှန်မှန် သူ မစားခဲ့ ရသလို အဝတ် လုံ လုံ လည်း မဝတ်ခဲ့ ရပါဘူး။

ကျောင်း စတက်တဲ့ အရွယ် မှာ ကောင်လေး ဟာ ကျောင်းအား ချိန်တိုင်း အဖော် သူငယ်ချင်း နှ စ်ေ ယာက် နဲ့ ဖိနပ်လိုက် တိုက် ခဲ့တယ်။ တကယ် လို့ ဖိနပ်တိုက် သူ မရှိရင် သူတို့ ငတ် ရပါတယ်။

ကောင်လေး (၁၂) နှစ် အရွယ် တစ်ညမှာ ပင်မင်းဆိုင် သူဌေး တစ်ဦး ဖိနပ် လာ တိုက်ခဲ့တယ် ။ေ ကာင်လေးနဲ့ အဖာ် နှစ်ယောက် ဟာ သူ့ထက် ငါ ဖိနပ်တိုက် ရဖို့ အတွက် သူဌေး ဆီ ဝိုင်းအုံ သွား ခဲ့ ကြတယ်။

ကောင်လေး သုံးယောက် ရဲ့ တောင့်တ နေတဲ့ မျက်လုံးအစုံကို ကြည့်ပြီး သူဌေး ဆုံးဖြ တ် ရခက် သွားတယ်။ နောက်ဆုံး သူဌေး က အကြွေစေ့ နှစ်စေ့ ထုတ်ပြီး “ဘယ်သူ ပိုက်ဆံ လိုရင် ဘယ်သူ့ကိုငါ့ဖိနပ်တိုက်စေမယ်။ဖိနပ်တိုက်ခနှစ်ကျပ်ပေးမယ”် လို့ဆိုတယ်။

အဲဒီ တုန်းက ဖိနပ် တစ်ခါ တိုက်မှ ပြား (၂ဝ) ရတာပါ။ အခု (၁ဝ) ဆ လောက် ရမယ့် ပိုက်ဆံ က မိုးပေါ်က ကျလာ တဲ့ မုန့်တွေ လိုပဲ ကောင်လေး သုံးယောက် ရဲ့ မျက်လုံး ကို အရောက် လက် သွားစေ ခဲ့ပါတယ်။

“ကျွန်တော် မနက် ကတည်းက အစာ မစားရ သေးပါဘူး။ စားဖို့ ပိုက်ဆံ သာ ထပ် မရခဲ့ရင် ကျွန်ေ တာ် ဆာပြီး သေသွား လိမ့်မယ် ” လို့ အဖော် ကောင်လေး တစ်ယောက် က ဆိုတယ်။

“ကျွန်တော့် အိမ်မှာ အစာ ပြတ်နေ တာ ၃ ရက် ရှိသွား ပါပြီ။ အမေ က လည်း နေ မကောင်းဘူး။ အိမ် Aတွက် ကျွန်တော် စားစရာ ဝယ်ပြန် ပေးရမယ်။ ဒီလိုမှ မဟုတ်ရင် ညအိမ် ပြန်ရောက်ရင် ကျွန်တော်အရိုက်ခံရတော့မယ”် လို့နောက်ကောင်လေးတစ်ယောက်ကဆိုတယ်။

သူဌေး လက်ထဲ က ပိုက်ဆံ နှစ်ကျပ် ကို ကြည့်ပြီး ကောင်လေး ခဏ လောက် စဉ်းစား လိုက်တယ်။ ပြီးမှ “ တကယ် လို့ ဒီ ပိုက်ဆံ နှစ်ကျပ် ကို ကျွန်တော် ရခဲ့မယ် ဆိုရင် သူတို့ နှစ်ယောက် ကို တစ်ယောက် တစ်ကျပ်စီ ကျွန်တော်ပေး လိုက်မယ်” လို့ ပြောပါတယ်။

ကောင်လေး ရဲ့အပြောကို ကြားေ တာ့
သူဌေးကြီး နဲ့ ကျန်အဖော် နှစ်ယောက် ပါ အံအား သင့်သွား ကြတယ်။
“သူတို့ က ကျွန်တော် ရဲ့အကောင်းဆုံး သူငယ်ချင်း တွေပါ။ သူတို့ ဆာနေ တာ တစ်ရက် ရှိသွား ပါပြီ ။ ကျွန်တော် ကတော့ နေ့လယ် တုန်းက မြေပဲ ဆံလေး နည်းနည်း စားထား ရတော့ ဖိနပ်တိုက် ဖို့ အား ရှိ နေပါ သေးတယ်။ သူဌေး ရဲ့ ဖိနပ် ကို ကျွန်တော် တိုက် ပါရစေ။ သူဌေး ကို ကျေနပ် စေ ရ ပါမယ”် လို့ကောင်လေးကဆက်ပြောပါတယ်။

ကောင်လေး ကြောင့် သူဌေး ခံစား သွားမိ တယ်။ ကောင်လေး ကို သူဖိနပ် တိုက်စေခဲ့ပြီး ငွေနှစ် ကျပ် ကိုေ ပး လိုက် တယ်။ ကောင်လေး က ဘာမှ မပြောဘဲ ငွေနှစ်ကျပ် ကို ယူပြီး သူ့ အဖော် နှ စ်ေ ယာက်ကို ချက်ချင်း ခွဲပေး လိုက်တယ်။
ရက် အနည်းငယ် ကြာတော့ သူဌေး က ကောင်လေး ကို ရှာပြီး ကျောင်းအား ချိန်တိုင်း သူ့ ပင်မင်း ဆိုင် မှာ အလုပ် လုပ်စေ ခဲ့ တယ်။

ညစာ ထမင်းပါ ကျွေး ခဲ့တယ်။ လုပ်အားခ နည်း ပေမယ့် ဖိနပ် လိုက်တိုက် တာ ထက် စာရင် ပိုကောင်း ခဲ့ပါ တယ်။ ဒါဟာ ကိုယ့် ထက်ပို ဆင်းရဲ ကျပ်တည်း သူကို ကူညီ ခဲ့လို့ ရလာတဲ့ အခွင့်အရေး ဆိုတာကို ကောင်လေး သိတယ်။ ဒါကြောင့် နောင် နောက်ခါ မှာ သူတတ်စွမ်း သလောက် သူ့ ထက် ပို ကျပ်တည်း တဲ့ လူတွေကို တွေ့တိုင်း ကောင်လေး ကူညီ ခဲ့တော့တယ်။

နောက်တော့ သူဟာ ကျောင်း ရပ်နားပြီး အလုပ်ရုံ မှာ အလုပ်သမား ဝင်လုပ် ခဲ့တယ်။ အလုပ်သ မား တွေ အလုပ်သမား အခွင့်အရေး ရဖို့ သူ တောင်းဆို ခဲ့တယ်။ အသက် (၂၁) မှာ အလုပ်သမား အသင်းထဲ သူဝင် ခဲ့တယ်။ အသက် (၄၅) နှစ်မှာ အလုပ်သမား ပါတီ ကို သူတည်ထောင် ခဲ့တယ်။

(၂ဝဝ၂) ခုနှစ် အောက်တိုဘာလ မှာ “ ဒီနိုင်ငံမှာ ရှိတဲ့ လူတွေ အားလုံး တစ်နေ့ကို ထမင်း သုံးနှပ် မှန်မှန်စားစေရမယ”် ဆိုပြီးသူရွေးကောက်ပွဲဝင်ခဲ့တယ်။ပြည်သူအများရဲ့အားပေးထောက်ခံမှု ကို သူ ရခဲ့ပြီး ဘရာဇီး နိုင်ငံရဲ့ (၃၅) ဦး မြောက် သမ္မတ ဖြစ်လာခဲ့ တယ်။ သူဟာ ဘရာဇီး သမိုင်း မှာ ပထမ ဦးဆုံး အလုပ်သမား ကနေ သမ္မတ ဖြစ်လာသူ ဖြစ်တယ်။ (၂ဝဝ၆) ခုနှစ်မှာ ဒုတိယ အ ကြိမ် သမ္မတအဖြစ် သူ ဆက်လက် အရွေးခံခဲ့ ရပြန်တယ်။

သူ သမ္မတ ဖြစ်တဲ့ (၈) နှစ် အတွင်းမှာ သူပြောခဲ့တဲ့ ကတိ အတိုင်း လက်တွေ့ အကောင် အ ထ ည် ဖော်ခဲ့ တယ်။ တစ် နိုင်ငံလုံးမှာ ရှိတဲ့ ၉၃% သော ကလေးငယ် တွေ နဲ့ ၈၃% သော အရွ ယ် ရောက်သူ တွေကို တစ်နေ့ သုံးနပ် မှန်စေခဲ့ တယ်။ သူ့ရဲ့ ဦးဆောင်မှု အောက် မှာ ဘရာဇီး နိုင်ငံ ကို “မြက်စားတဲ့ ဒိုင်နိုဆော ” ဘဝ ကနေ “ အမေရိကား တိုက်ရဲ့ ခြင်္သေ့ ” အဖြစ် တစ်ကမ္ဘာ လုံး ရဲ့ ၁ဝနိုင်ငံမြောက် စီးပွားရေး နိုင်ငံကြီး ဖြစ်စေခဲ့ တယ်။
သူကတော့ တခြားသူ မဟုတ် ပါဘူး။ (၂ဝ၁ဝ) နှစ်ကုန် ပိုင်းမှာ သမ္မတ အဖြစ် က တာဝန် ရပ်နား ခဲ့တဲ့ ဘရာဇီး သမ္မတ ဟောင်း Luiz Inacio Lula da Silva ပဲ ဖြစ်ပါ တယ်။ ကိုယ့်ကိုယ် ကို ဘယ်ေ တာ့ မှ လက် မလျော့ နဲ့ .. သူတစ်ပါး ကိုလည်း ဘယ်တော့မှ မစွန့်လွှတ် ပါနဲ့တဲ့။

တော်ထက် တဲ့ တစ်ကိုယ် ကောင်းဆန်ခြင်း က တစ်ပါးသူ ကောင်းစားရေး အတွက်ပါ။ သူတစ်ပါး ကို ကူညီနေစဉ် အတော အတွင်းမှာ သင် ဘုရား ဖြစ်လာလို့ ပါပဲ။ သူတစ်ပါး ကို ဂရုစိုက် လေလေ ကိုယ့်ကိုယ် ကို စိုးရိမ် ပူပန်စိတ် နည်း လေလေ တဲ့ —- Dalai Lama က ဟောခဲ့ပါတယ်။

Credit : အာကာ ထက် မြင့်
စာအုပ်မြို့တော်

ကံမကောင်းဘူးလို့ ထင်နေတာ ဘာကြောင့်လဲ။



ကိုယ့်မှာ ရည်မှန်းချက်တွေရှိနေပင်မဲ့လည်း ဘာလုပ်လုပ်မအောင်မြင်သောအခါဆိုတာ ရှိကောင်းရှိပါလိမ့်မယ်။

အလုပ်မှာပဲဖြစ်ဖြစ် ဘာလုပ်လုပ် အဆင်မပြေသောကိစ္စကို ကံမကောင်းလို့ဆိုပြီး အဆုံးသတ်လို့တော့ မရပါ။

ဘာကြောင့်လဲဆိုတာ ကိုယ်မှာလည်း အပြစ်တွေ ပြင်ဆင်သင့်သော အချက်တွေ ရှိကောင်းရှိလိမ့်မယ်။

ကံမကောင်းဘူးလို့ ခံယူထားသောသူတွေရဲ့ အတွေးတွေကတော့ အောက်ပါအတိုင်းသာဖြစ်ပါတယ်။

၀၁. ဘဝဆိုတာ ခက်ခဲကြမ်းတမ်းမယ်လို့ ခံယူထားသောသူ

ကံကောင်းသောသူဆိုတာ ဘဝမှာတွေ့ကြုံရမယ့်အခက်အခဲတွေကို တွေးမပူပဲ ရဲရဲကြီးသာ ရင်ဆိုင်နိုင်သောသူပါ။
ပြသာနာတွေကြုံတိုင်း ကိုယ်ကိုကိုယ် အမြဲတမ်း အရှုံးသမား၊ ကိုယ့်မှာချည်းပဲ ပြသာနာပေါင်း သောင်းခြောက်ထောင်လို့ ထင်နေသောသူကတော့ ဘယ်တော့မှ ကံကောင်းမယ်လို့မထင်ပါ။
ကံကောင်းသောသူဆိုတာက ဖြစ်တာသောပြသာနာကို လက်ခံပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ခေါင်းအေးအေးနဲ့ စဉ်းစားတာကြောင့် မဖြစ်သင့်သောအန္တရာယ်တွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။
ဒါကြောင့် နောင်လည်းအမှားမဖြစ်အောင် စဉ်းစားနိုင်တာကြောင့် အမှားနည်းပြီး ကံမကောင်းမဖြစ်နိုင်တော့တာပါ။

၀၂. ဘယ်သူ့ကိုမှ မယုံကြည်ရဘူးလို့ ခံယူထားသူ

လောကကြီးမှာ အမှန်တရားကို လက်ကိုင်ထားဖို့ရန် အရေးကြီးပါတယ်။ ကံကောင်းနေသောသူဆိုတာ သူ့ပတ်ဝန်းကျင်မှာ ယုံကြည်သောသူဆိုတာ အမြဲရှိနေပါတယ်။
ဘယ်သူပဲဖြစ်ဖြစ် လူကောင်းတွေချည်းပဲ မဟုတ်ပင်မဲ့ ကောင်းသောအကြောင်းလေးတွေကို အလေးထားပြီး ယုံကြည်သင့်တယ်လို့ ခံယူထားကြပါတယ်။
ဒါကြောင့် တွေ့သောသူကို ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံတာကြောင့် ကိုယ့်ရဲ့အသိုင်းအဝိုင်းလည်း ကျယ်ပြန့်လာမှာဖြစ်ပြီး ကံကောင်းခြင်းတွေလည်း အတူပါလာပါလိမ့်မယ်။

၀၃. ဖြစ်နေသောအရာမှန်သမျှကို အဆိုးမြင်သောသူ

လောကကြီးမှာ တရားမမျှတာတွေလည်း အများကြီးရှိပါတယ်။ ကံမကောင်းသောသူတွေကတော့ အကောင်းထက် အဆိုးဘက်ကို ပိုပြီး မြင်ကြပါတယ်။
အဆိုးဘက်မှာကတော့ ပိုပြီးတော့ အပြစ်ကိုပြောရန်လွယ်လို့ပါ။ အပြစ်ပြောခြင်းဖြင့် စိတ်သက်သာယာမူတွေကို ရရှိနေနိုင်လို့ပါ။
အဆိုးတွေကြောင့် ကိုယ့်တိုင်လည်း ဒီမကောင်းသောဒဏ်ကို လက်တွေ့ခံစားနေရတယ်လို့ ထင်နေသာသူများလည်း ရှိနိုင်ပါတယ်။
ကံကောင်းသောသူကတော့ အဆိုးရော အကောင်းကိုပါ နှစ်ခုစလုံး တွေးမြင်နိုင်ကြသူတွေပါ။ နှစ်ခုစလုံးကို သိပြီး ချင့်ချိန်သုံးသပ်နိုင်သူများပါ။

၀၄. မနာလိုသောသူ

ပတ်ဝန်းကျင်မှာ အောင်မြင်နေသောသူကို မကောင်းမြင်ပြီး အပြစ်တင်ကာ မနာလိုဖြစ်နေသောသူကတော့ ဘယ်တော့မှ ကံကောင်းလာမယ်လို့ မထင်ပါ။
အချိန်ရှိတိုင်း မနာလို သဝင်တိုနေသော အချိန်ရှိရင် ကိုယ့်အတွက် အကျိုးရှိမည့်အလုပ်ကိစ္စကို စဉ်းစားမှသာ ကိုယ့်ရဲ့ဘဝက တိုးတက်မှာပါ။
ကံကောင်းသောသူတွေက သူတပါး စီးပွားတက်နေရင်လည်း အားပေးရန်အသင့်ရှိသလို၊ ကိုယ့်စီးပွားအောင်မြင်ဖို့ရန် ဝိုင်းဝန်းကူညီနေသောသူ၏ ကျေးဇူးကိုလည်း မမေ့ပါ။

၀၅. ရည်မှန်းချက်ဆန္ဒပြင်းထန်သောသူ

ဘဝရည်မှန်းချက်ကို မြင့်မားစွာ ထားရှိခြင်းသည်ကောင်းပါသည်။သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့သည်ရှိသော် တောင့်တောင့်ခံနိုင်ရည်ရှိရပါမည်။
ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်ထိန်းချုပ်နိုင်တယ်ဆိုတာ အတော်ကို နည်းပါတယ်။ အခြေအနေ အချိန်အခါအရ အဆင်ပြေသလို လုပ်ဆောင်သွားရန် အလွန်ကို လိုအပ်ပါတယ်။
ကံကောင်းသောသူဆိုတာကတော့ ဒီအချိန်အနေအပေါ်ကို သုံးသပ်ပြီး လုပ်နိုင်သောအရာကို လုပ်ပြီး နောက်တဆင့်ကို တက်လှမ်းဖို့အတွက် အမြဲကြိုးစားနေသောသူပါ။
တစ်ခုမအောင်မြင်လို့ စိတ်ဓာတ်ကျပြီး ထိုင်နေသူများမဟုတ်ပဲ နောက်တစ်ခုကို ဘယ်လိုလုပ်ရမလဲဆိုတာကို ချက်ချင်းကို စဉ်းစားနေသူများပါ။

၀၆. အနာဂတ်ကို ကြိုတွေးပြီး ကြောက်နေသူ

ကံမကောင်းသောသူဆိုတာ မဖြစ်သေးသောအရာကို ကြိုတွေးပြီး စိတ်ပူနေသောသူဖြစ်ပါတယ်။ နားနှစ်ဖက်မှာ မကောင်းသတင်းများကိုသာ သိုသိပ်ထားပြီး
ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်ကူးယဉ်ပြီး ကြောက်နေကြသူများပါ။ကံကောင်းသောသူများမှာလည်း ဘဝအခက်အခဲတွေကို ရင်ဆိုင်ရပါတယ်။
သို့ပင်မဲ့လည်း တကယ်တည်းဖြစ်လာသောပြသာနာကို ဖြေရှင်းသောအခါမှာ တွေးထားတာထက် မြန်မြန်၊ အေးအေးဆေးဆေးနဲ့ ပြေလည်သွားတာတွေ အများကြီးပါ။

၀၇. သူတပါးမကောင်းကြောင်း အမြဲပြောနေသောသူ

ကံမကောင်းသောသူဆိုတာ အတိတ်ကို အလွန်နှစ်သက်သောသူပါ။ အတိတ်ကို ကိုယ်ကကြုံခဲ့ရသော အဖြစ်အပျက်တွေက သူမှတပါးအခြားမရှိတော့သလို ပြောပါလိမ့်မယ်။
ကိုယ့်အကြောင်းကို ပြောစရာကုန်သွားရင်တော့ သူတပါးအကြောင်းကို စပါလိမ့်မယ်။ ကံကောင်းသောသူတွေဆိုတာကတော့ ဘဝပန်းတိုင်အတွက် ကြိုးစားနေတာကြောင့်
သူတပါးအကြောင်းကို စဉ်းစားရန် အချိန်လည်းမရှိပါ။ သူတို့ဟာ ဘဝရဲ့ပန်းတိုင်ဆီကို တက်လှမ်းနိုင်ရန် ကြိုးစားပြီးလျှောက်လှမ်းနေရလို့ ပျော်ရွှင်တက်ကြွနေပါတယ်။

ကံကောင်းသောသူများမှာလည်း ခက်ထန်သောဘဝ အတွေ့အကြုံတွေရှိပါတယ်။ ထိုသို့သောအချိန်မှာ ဘယ်လိုစဉ်းစားပြီး ကျော်ဖြတ်ရမလဲဆိုတကိုသာ စဉ်းစားနေခြင်းဟာ
ကံမကောင်းသောသူများနဲ့ ကွားခြားချက်ပင်ဖြစ်ပါတယ်။ လောကကြီးမှာ ဖြစ်ပျက်နေတာပါ။ ပန်းတိုင်ဆီကိုရောက်အောင် ပြေးသောအခါ အခန့်မသင့် ခလုတ်တိုက်မှာပါ။
ခလှတ်တိုက်ရင် ထိုင်ငိုမလား၊ နည်းနည်းသည်းခံပြီး ရှေ့ဆက်ပြေးမလားဆိုတာ ကိုယ့်တိုင်ပင် စဉ်းစားဆုံးဖြတ်လိုက်ပါ။

Chelmo Team

တန်ဖိုးရှိသော သိမှတ်ဖွယ်ရာများ


လူသားတို့မကျင့်အပ်သောအရာ( ၅ ) ပါး
၁. ခြင်္သေ့လိုလဲ မဟောက်နဲ့
၂. ဖားငယ်လိုလဲ မကြောက်နဲ့
၃. တောင်လိုလဲ မမောက်နဲ့
၎. မြစ်လိုလဲ မကောက်နဲ့
၅. တွင်းလိုလဲ မစောင့်နဲ့

ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါ ( ၄ ) ပါး
၁.သစ္စာ – ကတိ သစ္စာတည်
၂.ဓမ္မော – တရားဥပဒေ လမ်းကြောင်းအတိုင်း ကျင့်သုံးရမည်
၃.ဒိတိ – တုန်လှုပ်ခြောက်ခြားခြင်း မရှိရ
၎.စာဂေါ – အသက်စွန့်ရန် အသင့်ရှိရမည်
အသင်းအဖွဲ့ ပျက်စီးခြင်း အကြောင်း ( ၆ ) ပါး
၁. အမျက်ထွက်လွယ်ခြင်း
၂. ကျေးဇူးမဲ့ကိုသာ ဆိုခြင်း
၃. ရန်ငြိုးဖွဲ့ခြင်း
၎. ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း
၅. ငြူဆူခြင်း
၆. ဝန်တိုခြင်း

စည်းရုံးရေးလမ်းစဉ် သင်္ဂဟ တရား ( ၄ ) ပါး
၁. ဒါန – ပေးကမ်းထောက်ပံ့ခြင်း ငွေကြေးပစ္စည်း အကူအညီပေးခြင်း
၂. ပေယာဝဇ္ဇ – ယဉ်ကျေးသိမ်မွေ့သော ချစ်ဖွယ်သောစကား
ကို ပြောဆိုခြင်း
၃. အတ္တစရိယာ – အကျိုးစီးပွားတိုးတက်အောင် ကိုယ်နုတ်နှစ်ပါးဖြင့် လုပ်ကိုင်ပေးခြင်း
၎. သမာနတ္တတာ- ကိုယ်နှင့် ထပ်တူပြုခြင်းနှင့် တန်းတူထားခြင်း ဆက်ဆံခြင်း ပြုစုခြင်း တန်တူဒုက္ခခံခြင်း

မတိုင်ပင်အပ်သော သူ ( ၅ ) ယောက်
၁. မိန်းမကျူးသောသူ တစ်ယောက်
၂. သေရည်သောက်စား သူတစ်ယောက်
၃. အလိုရမ္မက်ကြီးသောသူ တစ်ယောက်
၎. အမျက်ဒေါသကြီးသူ တစ်ယောက်
၅. မလိမ္မာသောသူ တစ်ယောက်

ပညာရှိများ၏ ပျက်စီးရခြင်း အကြေား( ၃ ) ပါး
၁. ယုတ်မာသောသူကို ပညာသင်မိသောကြောင့် ပျက်စီးရခြင်း
၂. မကောင်းသောမိန်းမ မယားပြုမိသောကြောင့် ပျက်စီးရခြင်း
၃. မသူတော်နှင့်ပေါင်းမိသောကြောင့် ပျက်စီးရခြင်း

မတင့်တယ်သော အရာ ( ၈ ) ပါး
၁. မင်းမရှိသည့် တိုင်းပြည်
၂. ရေမရှိသည့် မြစ်
၃. သစ်မရှိသည့် တောခြောက်
၎. အတောက်မရှိသည့် မီး
၅. စည်းမရှိသည့် ရွာ
၆. ကြာမရှိသည့် ကန်
၇. အောင်လံမတည်သည့် ရထား
၈. လင်မရှိသည့် မိန်းမ

ပစ္စည်းယိုပေါက် ( ၆ ) ခု

၁. ပျင်းရှိခြင်း
၂. မေ့လျော့ပေါ့ဆခြင်း
၃. အလုပ်မကျွမ်းကျင်မှု ခိုကပ်မှုရှိခြင်း
၎. အိပ်ချိန် အလုပ်နားချိန်များလွန်ခြင်း
၅. စည်းကမ်းမရှိခြင်း
၆. အလုပ်ကို အချိန်မှီ မပြီးစီးခြင်း

စီးပွားယုတ်စေသော အကျင့် ( ၆ ) ပါး

၁. နေမြင့်အောင် အိပ်ခြင်း
၂. ပျင်းရိခြင်း
၃. နုတ်လက်ကြမ်းတမ်းခြင်း
၎. နိုး၍ ထပ်ခဲခြင်း
၅. တစ်ယောက်တည်းခရီးသွားခြင်း
၆. ပဒါနကံပြုခြင်း
Credit: လူငယ်များအတွက်.

ပိုမိုကောင်းမွန်သော စီမံခန့် ခွဲမှုဆီသို့ 


ယူ၁၉ကလေးတွေ ၀မ်းလျှောနေတာ ၂ ယောက်က ဆေးရုံတောင် တင်ရတယ်လို့ ကြားပါတယ်။ အစားအသောက်ကြောင့် ဖြစ်တာလား၊ အပြင်စာ စားကြလို့ လား၊ ဒါမှမဟုတ် စခန်းသွင်းတဲ့ ဟိုတယ်မှာ စားပြီး ဖြစ်ကြတာလား၊ တိတိကျကျ စုံစမ်းပြီး နောက်နောင် ဒါမျိုးမကြုံအောင် စနစ်တကျပြင်သင့်ပါတယ်။ ၂ ယောက်က ဒဏ်ရာရ၊ ၂ ယောက်က ဆေးရုံတက်နေရတာကြောင့် ယူ၁၉အသင်း ပြင်ဆင်မှုတွေ အလွန်အမင်းထိခိုက်ရပါတယ်။ [ဒီဖြစ်ရပ်ဟာ မြန်မာယူ၁၉အသင်းရဲ့ ပြိုင်ပွဲဝင် အစီအစဉ် (tournament plan) ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းက အောက်တိုဘာလ ၂ ရက်နေ့ နောက်ပိုင်းမှ စ စုစည်းလေ့ကျင့်နိုင်မယ်လို့ သိရပါတယ်။ MNL League ပွဲတွေကို စက်တင်ဘာ ၂၉၊ ၃၀ နဲ့ အောက်တိုဘာ ၁ ရက်နေ့ မှာ ကစားရဖို့ ရှိပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၈ ရက်နေ့ လက်ဘနွန်နဲ့ ကစားမယ့်ပွဲအတွက် အောက်တိုဘာ ၂ ရက်နေ့ မှာမှ စ ပြင်ရမှာဖြစ်ပါတယ်။ လက်ရွေးစင်အသင်းရလဒ်မကောင်းတဲ့အချိန်မှာ ဖြစ်နိုင်ရင် ပူးတွဲလေ့ကျင့်ချိန် ၁၀ ရက်လောက် ရစေချင်တာပါ။ လက်ရွေးစင်အသင်းနောက်တန်းက အဓိကကစားသမားတွေ ပွဲပယ်ခံထားရလို့ အစားဝင်မယ့်ကစားသမားတွေ နားလည်မှုပိုမိုမြင့်မားနေဖို့ လည်း လိုပါသေးတယ်။

၂၀၁၆ အာဆီယံဆူဇူကီးဖလား အိမ်ရှင်လုပ်ရာမှာ ပွဲစဉ်အများစုကို သုဝဏကွင်းမှာ ကစားမှာဖြစ်ပေမယ့် အုပ်စုနောက်ဆုံးပွဲစဉ်တွေကို အောင်ဆန်းကွင်းမှာပါ တပြိုင်ထဲကစားမယ်လို့ သိရပါတယ်။ အောင်ဆန်းကွင်းဟာ လက်ရှိအချိန်မှာ မပြုပြင်ရသေးတဲ့အပြင် မီးမောင်းအားနည်းချက်၊ မြက်ခင်း အားနည်းချက်လဲ ရှိနေပါတယ်။ ကွင်းပြင်ဖို့ ဆိုတာ အသုံးပြုရမယ့် ငွေပမာဏက မနည်းတာကြောင့် နိုင်ငံတော်ကို တင်ပြတောင်းခံပြီး အကူအညီယူလုပ်ဆောင်သင့်ပါတယ်။

ယူ၁၉ပွဲစဉ်တွေကို MRTV Entertainmet Channel ကနေ တိုက်ရိုက်ပြမယ်လို့ သိရပါတယ်။ နိုင်ငံတကာ ရုပ်သံလိုင်းတွေ၊ ဘောလုံးပွဲတွေကို အင်တာနက်ကနေ အလွယ်တကူကြည့်နိုင်ပေမယ့် မြန်မာနိုင်ငံမှာ ဘောလုံးပွဲလုပ်တဲ့အခါ MRTV လိုင်းမှ အပ၊ ကျန်လိုင်းတွေဆို အင်တာနက်ကကြည့်ဖို့ လုံးဝ အဆင်မပြေပါဘူး။ တကယ်တော့ ဒီကိစ္စဟာ မီဒီယာတွေရဲ့ တာဝန်ဖြစ်ပေမယ့် ကျနော်တို့ ဘောလုံးချစ် ပရိသတ်၊ အဖွဲ့ ချုပ်ဘက်က ဘာများလုပ်ပေးနိုင်မလဲ စဉ်းစားကြစေချင်ပါတယ်။ ပိုကောင်းအောင် လုပ်နိုင်မယ့်နည်းလမ်းတွေ ရှိတာ သေချာပါတယ်။

ဗီယက်နမ်ယူ၁၉အသင်းက ပြိုင်ပွဲကျင်းပမယ့် သုဝဏကွင်းမှာ လေ့ကျင့်ခွင့်ရချိန် နည်းလို့ စိတ်ပျက်ရတယ်လို့ သိရပါတယ်။ ဒီကိစ္စကိုတော့ ဘောလုံးအဖွဲ့ ချုပ်ကို အထူး(အထူး) ချီးကျုးချင်ပါတယ်။ အိမ်ရှင်အသင်းရဲ့ အားသာချက်ကို အပြည့်အ၀ယူလိုက်နိုင်တာဖြစ်ပြီး မိမိတို့ အသင်းတွေ နိုင်ငံတကာကို သွားပြိုင်ရရင်လဲ ဒီလိုပဲ ကြုံရတာဖြစ်ပါတယ်။

ယမန်နေ့ က ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲ အောင်မြင်ခဲ့သလို၊ ပရိသတ်တွေလည်း စည်းကမ်းတကျအားပေးခဲ့ကြပါတယ်။ ဒီလိုအောင်မြင်မှုရခဲ့ပေမယ့် မတော်တဆအမှားတစ်ခုကနေ အများပြောစရာဖြစ်ခဲ့ရတာ တွေ့ ရပါတယ်။ နောက်နောင် အများနဲ့ ထိစပ်လုပ်ကိုင်ရတဲ့ ကိစ္စတွေ စီမံခန့် ခွဲရာမှာ ပို ဂရုစိုက်သင့်ပါတယ်။ သင်ခန်းစာယူစရာပါ။ ဒီပြိုင်ပွဲဟာ အောင်မြင်မှုရှိခဲ့ပြီး ဗိုလ်လုပွဲအားပေးကြတဲ့ ပရိသတ်တွေ အကောင်းဆုံးအားပေးခဲ့တာကို မှတ်တမ်းတင်ရမှာပါ။ ပရိသတ်စစ်စစ်တွေ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းကနေ တကူးတက လာအားပေးခဲ့ကြတာ ၀မ်းသာစရာပါ။

ယနေ့ စတင်မယ့် အာရှယူ၁၉ ခြေစစ်ပွဲမှာ ပရိသတ်များ ကွင်းအတွင်း ပစ်ပေါက်ခြင်း၊ ၀င်ရောက်အောင်ပွဲခံခဲ့ခြင်းတို့ ကြောင့် အာရှဘောလုံးအဖွဲ့ ချုပ်က ပြစ်ဒဏ်ပေးထားတာကြောင့် မြန်မာယူ၁၉အသင်းဟာ ဘရူနိုင်းယူ၁၉အသင်းနဲ့ ပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအဖြစ်မျိုး ထပ်မကြုံရအောင် ကွင်းအတွင်းဝင်ရောက်မည့် ပရိသတ်ကို သေသေချာချာစစ်ဆေး၊ မူးယစ်ရမ်းကားသူများကို လုံးဝ ပေးမ၀င်ဖို့ အထူးအရေးကြီးပါတယ်။ အားကစားမြှင့်တင်ပြီး နိုင်ငံပုံရိပ်ကို တည်ဆောက်ရာမှာ စုန်းပြုးတစ်ချို့ ကြောင့် နိုင်ငံ ဂုဏ်သိက္ခာမကျဆင်းစေသင့်ပါဘူး။

ကျနော်တို့ အားလုံးရဲ့ ဘုံရည်မှန်းချက်က မြန်မာ့ဘောလုံးတိုးတက်မြင့်မားရေး ဖြစ်လို့  ဘောလုံးချစ်စိတ်နဲ့ တင်ပြလိုက်ရပါတယ်။

မြန်မာဘောလုံးချစ်မြတ်နိုးသူများ

ပြည့်တန်ဆာမလေး တစ်ယောက်အကြောင်းပေါ့

ပည့်တန်ဆာမလေး တစ်ယောက်အကြောင်းပေါ့ …..
ဖတ်ပြီးရင်အောက်ကမေးခွန်းလေးလဲဖြေခဲ့နော်

★ ★ ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါအုန်း သခင်မ နားကြားများလွဲ လေသလားကွယ် ။

>>> ဟုတ်ပါတယ် သခင်မ …သခင်မကို အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်း နေ ပါတယ် ….

★ ★ မဖြစ်နိုင်တာကွယ် … သခင်မဘ၀မှာ အမျိုးသမီးကတွေ့ခွင့်တောင်း တယ်ဆိုတာ မဖြစ်နိင်တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့တုန်း …
တစ်လကြိုတင် ချိတ်ဆက် ထားခြင်း မရှိရင်သခင်မ ဘယ်သူ့မှ မတွေ့တာ သူမသိ ဘူးလား …။

>>> သိပ်ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက် ပါသခင်မ … ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် သခင်မကိုပဲတွေ့ပါရစေ … သခင်မနဲ့နှစ်ကိုယ်ကြားပြောပါရစေတဲ့ ….

★ ★ ဘုရားဘုရား … ဟုတ်ရဲ့လားကွယ် … ကဲကဲ … ထားပါတော့ သူ့ကိုဖျော်ရည်နဲ့ ဧည့်ခံ ထားလိုက်ပါကွယ် … သခင်မလာခဲ့မယ် ခနစောင့်ဖို့ ပြောထားလိုက်နော် ….

> ★ < အင်း …. ကျမလိုပြည့်တန်ဆာတစ်ယောက်ကို …. အမျိုးသမီးတစ်ယောက်က … တွေ့ခွင့် တောင်းတယ် ဆိုပါလား ထူးဆန်လိုက်တာ ….

ကိုယ် ကို မှန်ရှေ့မှာတစ်ချက် လှည့်ပတ်ကြည့်လိုက်တယ် …. ပြီးတော့ အပေါ်ရုံ လေးကို အသာအယာ ခြုံပြီး …. ဧည့်ခန်းမဆီကိုထွက်လာခဲ့တယ် …။

အိုး … မျက်နှာလေးက ကျက်သရေရှိသလို အေးချမ်းလှပါလား ….

ဧည့်ခန်း စန္ဒကူးညောင်စောင်းမှာ ထိုင်နေတဲ့ ကျမ လောက်မလှပေမယ့် အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိနေတဲ့ ကျမနဲ့နဲ့သက်တူ၇ွယ်တူလောက်ရှိမယ့် မိန်းခလေး တစ်ယောက် … ကျမဧည့်ခန်း အပြင်အဆင်ခန်းနားပုံကို … စိတ်ဝင်တစားကြည့်ရင်း ကျမ ကို စောင့်နေတာ တွေ့လိုက်ရတယ် ….

★ ★ ကျမ သီရိမာ ပါ ….

သူကျမကို မော့ကြည့်ပြီး … ပစပ်အဟောင်းသားနဲ့ခနငေးမောသွားတယ် … ပြီးမှ သတိ ၀င်လာပြီး ….

★ ဒီလောက်လှပ ကျော့ရှင်းပြီး ကျက်သရေရှိလှတာ …. သီရိမာပဲဖြစ်မှာပေါ့ … နိုင်ငံတော်ရဲ့ အချောဆုံး အလှဆုံး ကျက်သရေအရှိဆုံး ဘွဲ့ကိုခံယူထားတာပဲ … ကျမတောင် ငေးမိ သွားရတယ် …. ကျမက ဥတ္တရာပါ …. သုမန သူထေးကြီးရဲ့ ချွေးမပါရှင် …

★ ★ သြော် … နန္ဒသူထေး လေးရဲ့ ကြင်ယာကိုး …. နာမည်ကို ကြားဘူးတာကြာပါပကော ရှင် … သိပ်တော်ပြီး ခင်ပွန်းကိုသိပ်ဂရုစိုက်တဲ့ …. မိန်းမမြတ်လေးတဲ့ … ကျမယုံသွားပြီ …

ဒီမယ် … ကျမပြောပြပါအုန်းမယ် …. ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ် သူထေးသူကြွယ်တွေထဲမှာ … ကျမဆီကို ရောက်မလာတဲ့ တစ်ဦးတည်းသော သူကိုပြပါဆိုရင်လေ …. ရှင့်ရဲ့နူးညံ့ သိမ်မွေ့တဲ့ … ပြုစုမှု အောက်က ရှင့်ခင်ပွန်းပဲရှင် သိရဲ့လား …။

★ အင်း …. သူ သီရိမာနဲ့မတွေ့ဖူးတာ ကြောင့် သီရိမာဆီမလာတာကြောင့် ကျမမှာ … အခက်တွေတွေ့ပြီး နောက်ဆုံး … ကျမ ကပဲ သီရိမာ ဆီလာပြီး သီရိမာကလာဘို့အကူ အညီတောင်းရတော့ တာပေါ့ရှင် …. ။

★ ★ ဟင် … ဘယ်လို … ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင် … ထူးဆန်းတာတွေနဲ့ပဲ ကြုံတွေ့ နေရတယ် … တခုခုမှားနေသလားပဲ … ကျမအထင် … အမက ကျမကို ရှင့်ခင်ပွန်းနဲ့ တွေ့စေချင်သလားပဲ …. ဟုတ်လား ….

ကျမသိတာက ဂုဏ်သရေ၇ှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦး လှည့်မှာသိတ်ကြောက်ကြတယ်လေ …။

★ ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျမဖခင် သုမနသူထေးနဲ့ ကျမခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားကို … သက်ဝင်ယုံကြည်မှုမရှိသေးဘူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံ သေးဘူး … ကျမကတော့ ကျမ မိဘတွေလို ဒါန သီလ ဘာဝနာကိုအားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ကျမလေ သူနဲ့အကြောင်းပါပြီးကတည်းကစလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့်ခွင့်မပေးပဲ …နေ့စဉ်သူ့ကိုပဲ ပြုစုစေတယ် …

★ ★ ခစ်ခစ် … အမခင်ပွန်းက အမကို သိပ်ချစ်တာပေါ့ ….

★ ဒါချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမြစ်မှုတွေကုန်သွားချိန်ရော …. အဆင်းလှတုန်း … အရွယ်နုပျိုတုန်း ကျန်းမာသန်စွမ်းတုန်းတော့ … ချစ်တာပေါ့ …

★ ★ အို … အမ ဥတ္တရာ … ကျမအမေ လဲဒီလိုပဲ သိလား … ဘုရင်မင်းမြတ်ကအစ တစ်နိုင်ငံ လုံး အနမ်းခံရတဲ့ ပန်းကလေး … ဟော သူလဲအိုမင်းရော … ဘယ်သူမှ အရေးမလုပ်တော့ ဘူး ….

ခုလဲကြည့်လေ .. ကျမမပါရင် … ဘုရင်မင်းကြီး ဘာပွဲမှလုပ်လို့မရဘူး …. ဘယ်သံတမန် ဧည့်သည်မှ တွေ့လိုမရဘူး … ကျမအားတဲ့ရက်ကို သူညှိပြီးစီစဉ်ရတာ …. ပြောပြစမ်းပါ အမဥတ္တရာ … ကျမရဲ့ ပျိုမြစ်ခြင်းကဘယ်လောက်ထိခံမလဲ … နောက် ငါးနှစ်လား … နောက်ဆယ်နှစ်လား ….

သူမက ကျမတို ညီမငယ်လေး တစ်ယောက် လို မြတ်နိုးစွာ ပြုံးကြည့်နေတယ် ….

★ ★ ကျမဘယ်လိုကူညီရမလဲ … ပြောလေ

★ ဆယ့်ငါးရက် တိတိ ကျမအိမ်မှာလာနေပြီး ကျမခင်ပွန်းကို … ခင်ပွန်းတစ်ယောက် လို ပြုစုပေးပါညီမရယ် … ဗုဒ္ဓနဲ့ သံဃာတော်တွေကို … ကျမ ဆွမ်းဖိတ်လုပ်ကျွေးချင်တယ် … သီလဆောက်တည်ချင်တယ် … ဆယ့်ငါးရက်ထဲပါ …. ကျသင့်ငွေကို ခုထဲကပေးခဲ့ပါ့မယ် ညီမရယ် ….

★ ★ ဆယ့်ငါးရက်တောင် … များလှပါလား … ပြီးတော့ အမခင်ပွန်းက ကျမပြုစုလုပ်ကျွေးတာ နှစ်သက်မယ် လို့ အမထင်လားဟင် ….

★ ငါ့ညီမလောက်လှတာ … ရာဇဂြိုဟ်မှာ ရှိလို့လားညီမလေးရယ် …. ပျိုမြစ်မှု နဲ့ … အလှ အပကို ကိုးကွယ်တဲ့ ယောက်ျားတစ်ယောက်က … လောကမှာ အလှဆုံးလို့ ပြောလို့ရတဲ့ ညီမကို မနှစ်သက်ဘူးဆိုရင် .. ကျိန်းသေပြီ … သူဟာယောဂီပဲ … အမခင်ပွန်းအကြောင်း အမသိပါတယ်ညီမငယ် … သူမင်းနဲ့တွေ့တာနောက်ကျတယ်တောင်ထင်မှာ … ။

★ ★ တစ်ကယ်ဆို ကျမ ဒါမျိုး ရက်ရှည် ပြုစုရတာလက်မခံချင်ဘူး … အားလုံးကို နေ့ပိုင်း နာရီပိုင်း လောက်ပဲပြုစုရတာ .. ဒါပေမယ့် …ခင်ပွန်းအတွက် … ဇနီးကိုယ်တိုင် လာတယ် ဆိုတော့ ကျမလက်ခံလိုက်ပါ့မယ် … ပြီးတော့ဗုဒ္ဓအတွက် ဆိုတဲ့စကား ကိုကြားရတော့ ကျမတို့အနွယ် ရဟန္တာမကြီး အမ္ဗပါလီကို မြင်မိလို့ပါ ….။

★ ၀မ်းသာလိုက်တာ ညီမငယ် … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက်ဖြန် ရထား လွှတ်လိုက် ပါ့မယ် ….

★ ★ အို … ကိစ္စမရိုပါဘူးအမ … ကျမရထားနဲ့ပဲလာခဲ့ပါ့မယ် ….

အခန်း ( ၂ )

> ★< ကျမ ရဲ့ မြင်းဖြူ လေးကောင် ကတဲ့ ရထားလုံး နန္ဒ သူဌေးးလေး အိမ်ရှေ့ ရောက်တယ် ဆိုရင်ပဲ … ကျမနဲ့ အတူပါလာတဲ့ အလုပ်သမားတွေက .. ကျမကို တံခါးဖွင့်ပေးချိန်မှာ … ဥတ္တရာက အိမ်ထဲက ပြုံးရွှင်စွာပြေးထွက်လာပြီး …. ရထားပေါ်ကဆင်းမယ့်ကျမကို သူ့ လက်နှစ်ဖက်နဲ့ ဆီးကြို ဖေးမပါတယ် … အသင့်စောင့်နေတဲ့သူ့အခြွေရံတွေက … ကျမ သေတ္တာတွေကို သယ်သွားကြပါတယ် ….

သူကျမလက်ကို ဆွဲပြီး ခမ်းနားလှတဲ့ ဂေဟာကြီးအပေါ်တက်လာခဲ့တယ် …. လှေခါးထိပ် နှစ်ဖက်မှာ မိန်းမပျိုနှစ်ယောက်စီက ကျမတို့ကိုအရိုအသေပေးကြတယ် …

★ ညည်းတို့အရှင် … အခန်းတွင်းမှာလား …

>>> ဟုတ်ကဲ့ပါသခင်မ … ဧည့်သည်အတွက် သခင့်အခန်း နဲ့ ကပ်လျှက် အခန်းမှာ ပြင်ထား ပါတယ် …. ။

★ အေး အေး မင်းတို့လွပ်လပ်စွာနေကြတော့ ….

သူကျမကိုလက်ဆွဲခေါ်လာပြီး … ကျမအတွက်ပြင်ထားတဲ့အခန်း လို့ထင်ရတဲ့အခန်း ရှေ့မှာ .. ရပ်ပြီး …

★ ခနတစ်ဖြုတ်နားအုန်းနော်ညီမလေး …. ခနနေ သူဌေးမင်းနဲ့တွေ့ဖို့ အမလာခေါ်မယ်…။

> ★ < သလွန်ပေါ်မှာထိုင်ရင်း ..ကျမဘ၀အကြောင်းစဉ်းစားမိတယ် ….

ကျမရဲ့ မိခင်အမည်က သလ္လ၀တီ …. ဗိမ္မိသာရမင်းကြီးရဲ့ အမတ်ချုပ်ကြီးရဲ့ သမီး … ဝေသာလီ ဂဏ နိုင်ငံတွေရဲ့ဥပဒေအရ … နိုင်ငံတစ်နိုင်ငံက … မြင့်မြတ်တဲ့မျိုးနွယ် မိန်းခလေး တစ်ယောက် သိပ်ချော သိပ်လှလို့ ( ၇ ) ပြည်ထောင်မင်းတွေ လာတောင်းရမ်း ယူရပြီ ဆိုရင် …. ဒီမိန်းခလေးကို … နိုင်ငံတော်ရဲ့သမီး … မြင့်မြတ်သူအားလုံးပိုင်သူ … ဆိုတဲ့ဘွဲ့ပေးရတယ် …

ဘုရင်ကိုယ်တိုင် …စံနန်း ဥယျာဉ် ဆောက်ပေးရတယ် … မင်းစိုး ရာဇာ နဲ့ ဘုရင် ဘွဲ့ပေး ထားတဲ့ သူဌေးတွေကို … ပြုစုရတယ် …. မင်းခမ်း မင်းနား တွေကို ဦးစီး ရတယ် …

တစ်ပြည်ထောင်မင်းတွေကိုဧည့်ခံရတယ် …. စစ်မက်အရေး အရိပ်အမြွက်ရှိရင် …မာယာနဲ့ ညှိနှိုင်းရတယ် … သတင်းနှိုက်ရတယ်

ဒီလိုဘွဲ့ပေးလိုက်တဲ့အချိန်မှာ … ကျမမိခင်ရဲ့ချစ်သူ အဘယ မင်းသားက ကျမအမေကို နှစ်ချီပြီး ငှားခဲ့တယ် ( ဥပဒေကိုမှ မလွန်ဆန်နိုင်ပဲကိုး )

ကျမရဲ့မိခင်ဟာ … အဘယ မင်းသားနဲ့ အကြောင်းပြုစုံမက်ပြီး … သားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် …. သားယောက်ျားလေး ဂုဏ်မငယ်ရအောင် … အဘယဘုရင်ကိုယ်တိုင် နန်းတွင်းခေါ်ယူ သူ့ရင်သွေးလေးကို ဇီဝက လို့မှည့်ပြီး … နန်းတွင်းမှာထားခဲ့တယ် …

ကျမကိုမွေးဖွားခဲ့တဲ့အခါမှာတော့ … မအေတူတဲ့အပြင် ..မအေထက်တောင်နူးညံ့လှပလို့ ….ကျမကို မိခင်ရဲ့အရိုက်အရာကို ဆက်ခံစေခဲ့တယ် … ။

ကျမမိခင်ကြီးကွယ်လွန်တဲ့အခါ … ကျမကိုသိပ်ချစ်တဲ့ ကျမရဲ့ အကိုကြီး ဟာ … သမား တော်ကြီးဇီဝက ဆိုပြီူး ထင်ရှားခဲ့သလို … ကျမဟာလဲ …. ရာဇဂြိုဟ်ရဲ့ ရုပ် အဆင်း အင်္ဂါ ကြန်အင်လက္ခဏာ … ပညာ … အဖြာဖြာနဲ့ပြည့်စုံတဲ့ …. မင်းအသိအမှတ်ပြု … တိုင်းပြည် ရဲ့ အဓိကကျတဲ့ ၀န်ထမ်း တစ်ဦးဖြစ်လာတာပေါ့ …. ဒီလိုနိုင်ငံ့ သမီး ပျိုတွေ ဟာ…. မဟာဆီမဟာ သွေး ပဲဖြစ်ရတယ် လေ ….

ကျမတတ်အပ်တဲ့တာဝန် …ဟုတ်လား …အဲ့တာတွေက ….
၁။အကမျိုးစုံ ကပြ သင်ပြတတ်ရတယ်
၂။ တူရိယာပစ္စည်းမျိုးစုံ…တီးတတ်ရတယ် …
၃။ အခါရာသီအလိုက် သင့်တော်တဲ့ဝတ်စားဆင်ယင်မှု ကိုယ်တိုင်ရော… မင်းအခမ်းနားအတွက်ရော…ဘုရင်ကိုပါ…ဆင်မြန်းနိုင်ရတယ်
၎။ ရုပ်နဲ့ လိုက်တဲ့ ခြယ်သပြင်ဆင်မှု
၅။ အိပ်ယာ ကုတင် … ပန်းအလှပြင် ..စံအိမ်တော် ရှုမ၀ကျက်သရေနဲ့ပြည့်စုံအောင် ပြင်ဆင်မှု
၆။ လူအမျိုးမျိုး… နှစ်သက်ပျော်ရွှင်အောင်ပြုစုမှု
၇။ သေရည် သေရက် အမျိုးမျိုး ရောစပ်ရာမှာလိမ်မာမှု
၈။ ကာမမွေ့လျော်ပုံအမျိုးမျိုးအတတ်
၉။ လေး မြှားကျည်..ဒါဏ်ရာခွဲစိတ်ကုသပေးရတဲ့အတတ်
၁၀။ အချက်အပြုတ်ကျွမ်းကျင်လိမ်မာမှု
၁၁။ ပန်းချီ
၁၂။ အ၀တ်အစား တို့ကိုကိုယ်တိုင်စံပြချုပ်လုပ်တတ်မှု
၁၃။ ခလေးသူငယ်တို့အား စောင့်ရှောက်မှုအတတ်
၁၄။ ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ပြီး …တိုင်းတစ်ပါးမှ ဘုရင် မင်းသား စသည် သံတမန်များကိုပြုစုစဉ် …နိုငငံအတွက်သီတင်းအချက်အလက်များကို … နှိုက်ယူစုံစမ်းခြင်းအတတ် ….
၁၅။ ကွမ်းယာခြင်းအတတ်
၁၆။ အိမ်တွင်းပရိဘောဂနှစ်သက်ဖွယ်ထားသိုခြင်း …
၁၇။ လင်ယောက်ျားနှစ်သက်ကျေနပ်အောင်ပြုစုခြငး အတတ်နှင့်ပြန်လည် သင်ပြခြင်း အတတ်
၁၈။ နို့ ထောပတ် .. မလိုင် …ဒိန်ခဲ စသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတတ်…။
ဒါ့အပြင် မင်းမှုထမ်းတို့ကိုလဲနိုင်ငံတော်တွက်ကြိုးစားချင်စိတ်ရှိအောင်သီချင်းစပ်ဆို ဖျော်ဖြေ ကပြခြင်း … ရဲစိတ် ရဲမာန်ပြည့်ဝအောင် သီချင်းများစပ်ဖျော်ဖြေပေးခြင်း …ဒါတွေ တတ်ရတာပေါ့ …။
( ပြည်သူတွေက ဘုရင်ကို တွေ့ရခဲသလို ကျမကိုလဲ တွေ့ခဲ ပါတယ် …. တစ်နှစ်တစ်ကြိမ် နိင်ငံသူနိုင်ငံသားတွေ မင်းမှုထမ်း ရဲမက်တွေကို သီချင်း သီကုံး ဖျော်ဖြေ ရတယ် ပြည်သူ တွေကလဲကျမကို သိတ်မြတ်နိုးတယ် )

ဒါကြောင့် နိုင်ငံတော်ကချေသည်ဆိုတာ …. နိုင်ငံဂုဏ်ဆောင် ပညာရှိ … မင်းမျိုးနွယ် ဆိုပါတော့

ကျမအမေနဲ့ ခေတ်ပြိုင် အမ္ဗပါလီဆိုတဲ့ ဝေသာလီက ကချေသည် ဆိုရင်လေ … မူးကြီး မတ်ကြီးတွေ ထက်တောင် ပညာသာလွန်တဲ့အပြင် … ဟော .. အခုဆိုရင် လေ ... ဗုဒ္ဓရဲ့ သမီးတော် ဘုရင်တောင်ဦးခိုက်ရတဲ့ ရဟန္တာ ထေရီမကြီးးး ဖြစ်နေပြီပေါ့ …

အင်း ..ကျမလဲတစ်နေ့နေ့မှာဗုဒ္ဓကို …ယုံကြည်သူဖြစ်မလားမသိဘူး …ဒါပေမယ့် … ကျမ ကတော့ လက်ရှိကျမရဲ့ပျိုမြစ်နုနယ်မှုကို …. သိပ်သဘောကျတယ် …. ကျမ ခြေထောက် လေးတစ်ချက်ခတ်လိုက်တာနဲ့ …. ဘုရင်ကအစ ..မင်းဆွေစိုးမျိုး သူဌေးတွေ ရဲ့ငွေ အား လုံး ကျမခြေထောက်အောက်ရောက်လာတာလေ ….

★ ဒေါက် ဒေါက် … ညီမရေ ..သူဌေးမင်းနဲ့တွေ့ရအောင် …

> ★ < သူ့နောက်ကနေ … ခပ်ယို့ယို့လိုက်သွားလိုက်တယ် …. ကျမရဲ့ကပ်လျှက် အခန်းထဲမှာ .. သူဌေးလေးကို .. သလွန်ညောင်စောင်းပေါ် ထိုင်နေတာတွေ့ရတယ် …

သူ … သေရည်ကို ရွှေခွက်နဲ့သောက်နေတုန်းအချိန် … ခန့်ငြားမွန်ရည်တယ် … အပူအ ပင် အကြောင့်အကျ … စိတ်သောကကို … သူ့စိတ်ထဲအရောက်မခံ ပုံပဲ …

ဥပတိရုပ် ကောင်းသလို … ဥတ္တရာပြောသလိုပဲ … ကာမသုခလ္လိကာနုယောဂ … ကျင့်သုံး အားသန်ပုံပဲ ဆိုတာအကဲခတ်လို့ရတယ် … ဘယ်လိုပဲဆိုဆို … သဘောထားဖြောင့်စင်းပြီး နှစ် လို ဖွယ် အဆင်း ရှိသူ လို့သတ်မှတ်ရမှာပါ…။

★ သီရိမာ …. ရောက်လာပါပြီ … အရှင့်သား ….

> ★ < သူကျမကို လှမ်းကြည့်လိုက်တယ် …ကျမလဲသူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ … ကျိန်း သေပြီ … သူ့အကြည့်ကို ကျမရဲ့ရူပါရုံက သံလိုက်လို ဆွဲဆောင်သွားပြီ… မခွာ တော့ဘူး … သ ဥတ္တရာ ရှိနေတာ မသိတော့ဘူး …

★ ကဲ … သီရိမာ … ကိုယ့်အိမ် … ကိုယ့်ခင်ပွန်းလိုသဘောထား … ပျော်ပျော်နေနော် … အိမ်စေ အမှုလုပ်များ ကလဲ ရှင့်ကို .. ကျမနဲ့မခြား … ခစား ရိုသေကြပါလိမ့်မယ် ….

> ★ < ကိုယ့်ခင်ပွန်းလိုသဘောထား … ဒီစကားက ကျမကို ပီတိဖြစ်စေတယ် …

ကျမ ဥတ္တရာကိုခေါင်းညှိမ့်ပြလိုက်တယ် … နန္ဒကတော့ ကျမကိုခြေဆုံးခေါင်းဆုံး ကြည့်နေ ရာက မခွာနိုင်သေးဘူး …။

ဥတ္တရာထွက်သွားပါတယ် … သူကျမကိုကြည့်နေတုန်း …. ကျမသူ့နားတိုး သွားလိုက် တယ် …

★ ★ ဘာစကားမှမပြောတော့ဘူးလား … သီရိမာကိုအလိုမရှိဘူးလားဟင် …

★ ★ ★ အို…အို .. ဒီ..ဒီလို မဟုတ်ပါဘူး … ဗြုန်းကနဲဆိုတော့လေ … အံ့သြသွားလို့ပါ …

★ ★ ဘာလို့ …

★ ★ ★ နတ်သမီးတစ်ပါး ကျုပ်ရှေ့ရောက်လာတယ်လို့ … အိမ်မက်များ မက်နေသလားလို့ ပါ … လှလိုက် တဲ့ သီရိမာ၇ယ် … လှလိုက်တာ … ဒီနေ့ဒီရက်ထိ … သီရိမာ ကို … မတွေ့ခဲ့ရ
တာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ ...။

> ★ < ကျမလဲသူ့ကိုမြင်မြင်ချင်း စိတ်ဝင်စားမိတယ် … ဒီရက်တွေ သူ ကျမကို သူ့မျက်စိ အောက်က အပျောက်မခံဘူး … နောက်ဆုံး အစားအသောက်ကိုတောင် သီရိမာ ..ပြင်ဆင်ပေးမှ … အ၀တ်အစားကအစ သီရိမာ ဆင်မှ … ကျမတို့ ကမ္ဘာမှာ .. ဥတ္တရာ မရှိတော့ဘူး … ကျေးကျွန်တွေကလဲ ကျမကို … အိမ်ကြီးသခင် … သူဌေးကတော်ကြီးလို ..ရိုကျိုး ခစားကြတယ် … ကျမထင်တယ် .. သူကျမကိုလက်လွှတ်မခံတော့ဘူး … ကျမလဲ အိမ်ထောင်ရှင်မိန်းမတစ်ယောက် လိုပဲနေချင်လာတော့တယ် ….

ကျမတို့ … အချိန်တွေကိုမေ့နေကြတယ် …. သူက သူနဲ့ ကျမ စတွေ့တဲ့နေ့ကို သူနဲ့ ကျမရဲ့မင်္ဂလာအထိမ်းအမှတ်နေ့လို့သတ်မှတ်တယ် … သိပ်ပျော်နေခဲ့ကြတာ ..။

ဒီလိုနဲ့နန္ဒသူဌေးရင်ခွင်မှာ ကျမနေနေခဲ့တာ နှစ်ပတ်ပြည့်ခဲ့ပြီ ….

အင်း သမဏေ ဏ … သမဏော … ဂေါဏေ ဏ... ဂေါဏော တဲ့ …

ကိလေသာတပ်မက်သူနှင့် … တရားကျင့်သူ …
နေ့စဉ် ဗုဒ္ဓဝေယျာ ၀စ္စ နှင့် သီလမြဲသူ ဥတ္တရာနှင့် …. ကာမ ကို အလွန်အကြူးတပ်မက်သူ … နန္ဒ … စည်းဝါးမကိုက်နိုင်ပါဘူး ….

ကျမ နဲ့ နန္ဒ ကတော့ သံလိုက်နှင် သံကဲ့သို့ …. သိပ်လိုက်ဖက်တယ် …. ပြီးတော့ ကျမတို့နှစ်ယောက် မခွဲနိုင်တော့ဘူး … ကျမစိတ်ကို ကျမသိနေပြီ … ကျမ သူ့ကိုမခွဲနိုင် ဘူး ….

မနက်ဖြန်ဆယ့်ငါးရက်ပြည့်မြောက်ပြီ …. လင်သားကင်းမဲ့သောအိမ်သို့ပြန်ရတော့မည် … ငါဒီအိမ်ကိုသိပ်စက်ဆုတ်တယ် ….

အကယ်၍ ဥတ္တရာသေပြီး … ငါသာ နန္ဒ ဇနီးဖြစ် ခဲ့သော် … ကျမဆက်၍မတွေးချင်တော့ … ကျမစိတ်ထဲမှာပြင်းပြနေတာ … ကျမသာနန္ဒရဲ့ ဇနီးမယား … ဒီအိမ်ကြီးရဲ့သခင်မ …

နန္ဒ သလွန်တက်ကထပြီး … ပြူတင်းပေါက်မှာ သွားရပ်နေတာ တွေ့ရတယ် … ကျမက နန္ဒ မှီဝဲတဲ့ ရသာယနဆေးအတွက် ထောပတ် ပိသာလောက်ကို ..ကြေးအိုးနဲ့ကျိုနေတယ် … ထောပတ်တွေပွက်ပွက်ဆူနေပြီ …

ကျမ နန္ဒကို တစ်ချက်လှမ်းကြည့်လိုက်တယ် … သူပြူတင်းပေါက်ကနေ … အောက်ကို ငုံ့ ကြည့် ပီး …. ခေါင်းတညှိမ့်ညှိမ့်နဲ့ ပြုံးပြီး အခန်းထဲပြန်လှည့်ဝင်လာတယ် …

ဟင် …သူဘာကြည့်တာလဲ … ဘာလို့ပြုံးတာလဲ … ကျမအပြေးအလွှား ပြူတင်းနားကို သွားကြည့်လိုက်တယ် …

ချွေးသံ တရွှဲရွှဲ နဲ့ ဗုဒ္ဓနဲ့ သံဃာတွေအတွက် ဆွမ်းချက်နေတဲ့ … ဥတ္တရာပါလား

တောက် … ဒီမိန်းမ …

ဟားးးး …. တရားကိုပဲနှစ်သက်တဲ့ မိန်းမမှာ ဘာလို့ အဖိုးတန်လင်ယောက်ျားရှိရတာလဲ … ငါ့လို .. ပညာတတ် အရာရာပြည့်စုံပြီး လင်သားကို မကုန်ခမ်းနိုင်တဲ့ … သာယာမှု ပေးတတ် သူ မှာ ကျတော့ ဘာလို့ လင်သားမရှိရတာလဲ …

ကျမ သူမကို စူးစူးရဲရဲ ကြည့်နေချိန်မှာ … သူမကလဲ အမှတ်တမဲ့ … မော့အကြည့် … ကျမကိုလဲတွေ့ရော … လှမ်းပြီး ပြုံးပြတယ် ….

ကြည်လင် သန့်ရှင်းတဲ့အပြုံး … ကျမဒေါသကိုဆွစေတဲ့ အပြုံး … ငါ့လောက်မချော တဲ့မိန်း မမှာ … ဘာလို့ဒီလို စွဲမက်ဖွယ် ဖြူစင်အပြစ်ကင်းတဲ့ အပြုံး ရှိနေရတာလဲ ….

သင်းက .. ငါ့ကို ခုထိ အနိုင်ယူနေတုန်းပါလားးး …

ကျမဘာမှစဉ်းစားမနေတော့ဘူး … မီးဖိုပေါ်က ကျိုက်ကျိုက်ဆူနေတဲ့ ထောပတ်ဆီပူအိုး ကို … သတိထား မ လာပြီး … ဥတ္တရာခေါင်းပေါ် လောင်းချလိုက် ပါတော့တယ် …

>>> အမလေး … ဘယ့်နှယ် လုပ်လိုက်တာတုန်း …

>>> သခင်မကို ကယ်ကြပါအုန်း …..

ဝိုင်းအော်ကြသော အသံနှင့်အတူ … ယောက်ျားမိန်းမများ တ၀ုန်းဝုန်း အပေါ်ထပ်သို့ ပြေး တက်လာ ကြပြီး … ကျမကို ဆွဲထုတ် ရိုက်နှက်ကြပါတော့တယ် …

သူ့အခန်း ခနပြန်သွားတဲ့နန္ဒလဲ ပြေးထွက်လာပြီး …

★ ★ ★ ဟဲ့ ဟဲ့ သီရိမာကို မင်းတို့ဘယ်လိုပြုနေကြတာတုန်း … ဆိုပြီးတားတယ် …

>>> မဟုတ်ဘူး အရှင့်သား … သူသခင်မကို ..ထောပတ် ဆီပူရေတွေနဲ့လောင်းချတယ် အရှင့်သား ….

★ ★ ★ ဟင် … ဥတ္တရာ … ငါ့ရဲ့ဥတ္တရာ … သေရှာပြီလား …

> ★ < နန္ဒ အပူတပြင်း ပြေးဆင်းသွားတယ် …. ကျမသိသွားပြီ … ကျမရဲ့ဘ၀အမှန် …
ငါကားအခစားး …. ရိုင်းရိုင်းပြောရရင် ကြေးစား …. ဥတ္တရာက နန္ဒရဲ့ ကြင်သူသက်ထား … ဇနီးမယား ….

ထာဝရမယားဖြစ်လို၍ ပြုမှား မိသည့်တိုင်အောင် နန္ဒ၏ မေတ္တာစစ်ကား … ငါ့အပေါ်မှာ မဟုတ် … ဥတ္တရာ အပေါ်မှာသာ ရှိတာငါသိရပြီ …

ဝိုင်းဝန်းရိုက်နှက်နေတာကို နာမှန်းမသိတော့ဘူး … ရှက်ခြင်း .. ပူလောင်ခြင်း … ၀မ်းနဲခြင်း … ယူကျုံးမရဖြစ်ခြင်း ရောထွေးနေခဲ့တယ် … ဒီအချိန်မှာပဲ …

ဟဲ့ … ဟဲ့ … ငါ့ကျေးဇူးရှင် ခင်ပွန်းမကို အန္တရာယ် မပြုကြနဲ့ ရပ်ကြတော့ တော်တော့ ဆိုပြီး ကျမကိုယ်ပေါ်မှာလှဲချအုတ်မိုးပြီး … ၀င်ကာတဲ့ ဥတ္တရာကိုတွေ့လိုက်ရလျှင်ပဲ … ကျမလန့်လွန်းလို့ ကြက်သေသေသွားခဲ့တယ် ….

ထောပတ်ရေတွေတစ်ကိုယ်လုံးရွှဲရွှဲစိုနေပါ လျှက် … ထိုအပူဟာ သူ့မေတ္တာဓါတ်ကို မကျော်လွှားနိုင်ကြောင်း … မျက်စိနဲ့ တပ်အပ်မြင်တွေ့လိုက်ရတယ် ….

★ သူမတော်တဆပြုမိတာဖြစ်မှာပါကွယ် …

>>> မဟုတ်ဘူးအရှင်မ .. သူကျကျနနလောင်းလိုက်တာ … ကျမသေသေချာတွေ့လိုက်တယ် ….

★ ကဲ ..တော်ပါပြီ …ထားလိုက်ပါတော့ … ငါ့မှာမှအန္တရာယ်မဖြစ်ပဲကွယ် … စိတ်မဆိုးကြပါနဲ့ … သူဟာ သခင်မတို့ကျေးဇူးရှင်လေ … သူသာ အရှင့်သားကို လာမပြုစုမစောင့် ရှောက်ရင် .. သခင်မတို့လဲ … ၀ိတက် .. ၀ိစာရ ရှင်းရှင်းနဲ့ ဗုဒ္ဓကို ဆွမ်းလုပ်ကျွေး နိုင်မှာမဟုတ်ဘူးလေ … ကြည့်စမ်းပါအုန်း … သူ့ခမျာဒါဏ်ရာတွေတောင်ရနေရှာပြီ … မင်းတို့အားလုံး သူ့ကို တောင်းပန် လိုက်ကြ ….

သူကိုယ်တိုင် ပျာပျာသလဲ ဆေးလိမ်းပေးရှာတယ် …. နန္ဒကတော့ ကျမကို စူးစူးဝါးဝါး တစ်ချက်ကြည့်ပြီး အပါးက လှည့်ထွက် သွားတယ် ….

★ ★ ကျမ မှားပါပြီအမရယ် … အမက တစ်ကယ့် သူတော်ကောင်းပါ …

★ မငိုပါနဲ့ ညီမရယ် … မငိုပါနဲ့ … ပုထုဇဉ်ဆိုတာ … ရာဂပွားသလောက် မှားကြတာ ပဲလေ …

★ ★ ကျမတိုခွင့်လွှတ်တာ … အမကို သိပ်အံ့သြမိတယ် …. ကျမကို မမုန်းဘူးလားဟင် …။

★ ညီမလေးကိုမုန်းလိုက်ရင် …. ထောပတ်ပူတွေဟာ တစ်ကိုယ်လုံးကို … လောင်မြိုက်တော မှာပေါ့ … ကြည့်ပါလား … ညည်းလေးအမ ဘာမ မှ မဖြစ်တာ …။
ဒါဟာ အမက ညီမကိုမမုန်း ဘူဆိုတဲ့ အထင်ရှားဆုံးသက်သေပါပဲညီမလေးရယ် ….

ကျမသူ့ကိုဖက်ပြီး အားရပါးရငိုလိုက်တယ် ….

အခန်း ( ၃ )

အဲ့ဒီနေ့ကပဲ … ဥတ္တရာရဲ့ အကူအညီနဲ့ … ကျမအိမ်ကိုပြန်ခဲ့တယ် … ဗုဒ္ဓနဲ့ရဟန်း ၅၀၀ အတွက် ဆွမ်း ဆွမ်းဟင်းတို့ကို … တစ်ညလုံးကိုယ်တိုင်ချက်ပြုတ်ခဲ့တယ် ….

နောက်တစ်နေ့မှာ … ကျမပိုင်တဲ့ မြင့်ဖြူလေးကောင် ကတဲ့ ရထားလုံးပေါ်မှာ ဆွမ်းဟင်း အပြည့်နဲ့ … ဥတ္တရာအိမ်ကို ဒုတိယအကြိမ် … ရောက်လာခဲ့တယ် ….

ပထမတစ်ကြိမ်က … လျှပ်ပေါ်လော်လီသောစိတ်ဖြင့် …ကိုယ်တွင် လှသထက်လှအောင် … မာနဆောင်လာပြီး …

တခုတစ်ကြိမ်လာရာမှာတော့ …ကျိုးနွံအောက်ကျို့သော စိတ် … တစ်ညလုံးပင်ပန်း ထား သော်လည်း …. ၀င်ဝါမှုမရှိ ပကာသနမဆန်သောအ၀တ်တို့နှင့် …

ဖြူစင် တက်ကြွသော အပြုံးကိုဆောင်လျှက် ….. ဆွမ်းအုတ်ကို ခြေလျှင်သယ်လာသော ကျမကို … လမ်းသွားလမ်းလာများမြင်ပြီး … ပီတိသောမနသ ဖြစ်နေကြပါတယ် …

ဗုဒ္ဓကိုတွေ့လိုက်ရတဲ့အချိန်မှာ … လူအားလုံးက ဖခင် လို့ ခေါ်ရတဲ့အကြောင်းရင်းကို သိခဲ့ရတယ် ….

ဗုဒ္ဓ ကိုဒီနေ့ဒီရက်ထိ မဖူးတွေ့ပဲနေခဲ့တာ … ကျမကိုယ်ကျမ ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိပါဘူး … မိသီရိမာ ….

လှလိုက်တဲ့သီရိမာရယ် …လှလိုက်တာ … ဒီနေ့ဒီရက်ထိ …သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ …. ။

မိန်းမယုတ် …. ။ (( ပြန်ကြားယောင်ပြီး ကျမကိုယ်ကျမ ကျိန်ဆဲမိ ပါပြီ )))

ဆွမ်းဘုန်းပေးပြီးနောက် …. ဗုဒ္ဓက ကျမကို ဂရုဏာ အပြည့်ပါတဲ့ အပြုံးနဲ့ လှမ်းကြည့် ပါတယ် … ကျမက

★ ★ ဖခင် … ယမန်နေ့က .. ကျမဟာ … ကျမရဲ့ကျေးဇူးရှင် … ဥတ္တရာကို မပြုကောင်း မပြု အပ သောအရာ … ထောပတ်ဆီပူလောင်းပြီးသေကြောင်းကြံခဲ့ပါတယ် … သူတော် ကောင်း ကိုစော်ကားမိတဲ့အတွက် … ကြီးစွာသော အပြစ်မှ လွတ်မြောက်ချင်တဲ့အတွက် …. ကြီးစွာသော နောင်တတရားနှင့်အတူ … အဖ ဘုရားရှင် ရှေ့မှောက် ရောက်လာခဲ့ ပါတယ် ….

★ ★ ★ ★ ချစ်သမီး …. သူတော်ကောင်းကိုပစ်မှားလျှင် … ကြီးစွာသော အပြစ်ရှိသည်ဟု မှတ်လေ လော့ …. ။

ချစ်သမီး … ချစ်သမီးတဲ့ … ဘ၀မှာ တစ်ခါမှမကြားဖူးခဲ့တဲ့ … လောကမှာ ကျမကို ဒီလို ခေါ်မယ့်သူ မရှိဘူးထင်ထားတာ …. မရှိဖူးတဲ့ ဖခင်ဆိုသူ ဆီက ကြား ချင်ဆုံးစကား …. ဗုဒ္ဓက ချစ်သမီးတဲ့ … ကျမမျက်ရည်တွေကျလာပါတယ် … ။

★ ★ ★ ★ ချစ်သမီးဥတ္တရာ … ထောပတ်ဆီပူရည်နှင့် လောင်းသောအခါ အသို့ရှိသနည်း ….

★ တပည့်တော်သည် …သီရိမာကျေးဇူးကြောင့် …ဒါနကိုပြုခွင့်ရပေသည် … သီလကို ဆောက်တည်ခွင့် ရပေသည်… ဗုဒ္ဓကို ဖူးတွေ့ဆွမ်းလုပ်ကျွေးခွင့်ရပေသည် …. သီရိမာ ကားကျေးဇူးရှင်ပေတကားဟု … လွန်စွာချစ်ကြည်သော မေတ္တာ ဓါတ်ဖြင့် ခံနေ ပါသည် ဘုရား ။

★ ★ ★ ★ သာဓု သာဓု သာဓု ဥတ္တရာ … အမျက်စောင်းမာန်ကြီးသူကို …. အမျက်မရှိခြင်းဖြင့်အောင်နိုင်ရာ၏ …။

သူတော်မဟုတ် အကျင့်ယုတ်သူကို ….
သူတော်အကျင့်ဖြင့်အောင်နိုင်ရာ၏

ဝန်တိုစဉ်းလဲ … စေးနဲသူကို ….
စွန့်ကြဲပေးကမ်း …. လှူဒါန်းခြင်းဖြင့်အောင်နိုင်ရာ၏ ….

ချွတ်လွဲဖောက်ပြန် … မမှန်စကားဆိုသူကို …
သစ္စာစကားဖြင့်အောင်နိုင်ရာ၏ ….

> ★ < ကျမ မျက်ရည်တွင်တွင် စီးကျသည်အထိ ပီတိဖြစ်ခဲ့ရသည် …. သည်မျှသော တရား အစုလေးဖြင့် ကျမစိတ်ကိုချက်ချင်းသိလိုက်ရသည် …

အယူအဆအလွဲများ … သို့လောသို့လော တွေဝေမှုများ …. အရေခွံ ကွာကျခဲ့သည် …
ဓမ္မအရသာကွန့်မြူးလျှက် … ပီတိဖြင့် ပေါ့ပါးကြည်လျှက်ရှိနေခဲ့သည်။

သံဝေဂတရား ချက်ချင်း ၇ရှိလိုက်သည် … စိတ်သည် … ၀ါဂွမ်းနှယ် ပေါ့ပါး ကြည်လင် သွားခဲ့ရသည် …

အိမ်ယာသည် ၄င်း … ဥစ္စာသည် ၄င်း … ကျမ၏ရူပကာယသည်၎င်း … အစရှိသော တပ်မက်မှု အားလုံးတို့သည် …. ကျမစိတ်ထဲမှ အပြီးတိုင် စင်ကြယ်သွားခဲ့သည် ….

သာဓု သာဓု သာဓု ချစ်သမီး သီရိမာ …. သင်ချစ်သမီးကား … အရိယာမဂ် ..အယဉ် အဆင့်သို့ … ဆိုက်ရောက်ခိုဝင်ပြီး ဖြစ်ပေပြီ ….။

လောက၏ဖခင် ဗုဒ္ဓ၏ စကားသည် … အမ ဥတ္တရာတို့ တိုက်ကြီးတစ်ခုလုံး သိမ့်သိမ့် တုန်သွား သည်ဟု … ကျမထင်လိုက်မိသည် … ကျမမျက်ရည်တွေကား ရွဲရွှဲစိုလျှက်ပင် ….။

ကဲရှင် သလ္လ၀တီဟာ အဘယ မင်းသားနဲ့အကြောင်းပါပြီး သားတော်ဇီဝကကိုမွေးခဲ့ပါတယ်တဲ့
ဒါဆို အမ္ဗပါလီဟာ ဗိမ္မိသာရနဲ့အကြောင်းပါပြီး သားတော်လေးတစ်ပါးဖွားမြင်ခဲ့တယ် …သူလဲ နာမည်ကြီး ရဟန္တာပဲ အဲ့တာဘယ်သူလဲရှင်

ချမ်းမြေ့ကြပါစေရှင် …..

ပျောက်ကွယ်သွားတော့မယ့် ဘီလုံးငှက်တို့ရဲ့ တေးဆိုသံ

(ဘီလုံးငှက်)

ဘီလုံးငှက်တို့ရဲ့ ရုပ်ဆင်းသဏ္ဌာန်ဟာ ထူးခြားလှပတဲ့ငှက်မျိုး မဟုတ်ပေမယ့် သာယာစွာအသံကျူးရင့် တေးဆိုတတ်ကြပါတယ်။ ဘီလုံးငှက်မျိုးဟာ alaudidae မျိုးရင်းတွင် ပါဝင်ပြီး မျိုးစိတ်ပေါင်းများစွာရှိပါတယ်။
ဒါ့အပြင် သူ့ရဲ့ပုံပန်းသန်ဟာ စာကလေးနဲ့လည်း ဆင်တူပါတယ်။ အပေါ်ပိုင်းမှ အညိုနုရောင် အမွှေး အတောင်များတွင်လည်းကောင်း၊ ရင်အုပ်တွင်လည်းကောင်း အညိုရင့်ရောင် အကန့်များ၊ အကြောင်းများ ပါရှိတတ်ပါတယ်။ စာကလေးအရွယ် ၆.၁၂ ကနေ ၇ လက်မခန့် အလျားရှိပါတယ်။ အမောက်ကလေး လိုလို ပုံသဏ္ဌာန်လည်း ပါရှိတတ်ရာ၊ တစ်ခါ တစ်ရံထင်ထင်ရှားရှား တွေ့ရတတ်ပါတယ်။ အဖိုရောအမပါ ပုံပန်းသွင်ပြင် အတူတူပါပဲ။

ဘီလုံးငှက်တို့ကို လယ်ကွင်းများ၊ မြက်ခင်းများ၊ လွင်ပြင်များ၌ အစုလိုက်၊ အုပ်လိုက် တွေ့ရတတ်တာပါ။ သို့ပေမယ့် အခုအခါမှာ မြန်မာနိုင်ငံတွင် ဘီလုံးငှက်များဟာ အတွေ့ရ နည်းသွားပါပြီ။ သူတို့ဟာ မြန်မာနိုင်ငံတောင်ပိုင်းလယ်ကွက်များ၌ ကျက်စားတတ်သောငှက်မျိုးဖြစ်သော်လည်း၊ စပါးရိုးပြတ်များထက် မြက်ခင်းများကိုပိုပြီး နှစ်သက်ဟန်တူပါတယ်။ ဘီလုံးငှက်တို့ဟာ ပိုးမွှားများ၊ သစ်စေ့၊ စပါးစေ့များကို ရှာဖွေ စားသောက်တတ်ပါတယ်။

သူတို့ဟာ ကောင်းကင်ကိုပျံတက်နေစဉ် တေးဆိုတတ်ကြပါတယ်။ အထူးသဖြင့် မိတ်လိုက်ချိန်မှာဆိုရင် ဘီလုံးငှက်ဖိုတို့ဟာ တေးသံစုံကျူးရင့် အစွမ်းပြပြီး လူပျိုလှည့်တတ်ကြပါတယ်။ များသောအားဖြင့် နံနက်ခင်းနှင့် ညနေခင်းများတွင် အစွမ်းပြတတ်ကြတာပါ။ ဘီလုံးငှက်ဖိုဟာ နားနေတဲ့နေရာမှ တောင်ပံတဖျပ်ဖျပ်ခတ်ပြီးလျှင် အပေါ်တည့်တည့်သို့ထိုး၍ ပျံသန်းရင်း တေးသံကျုးရင့်သွားလေရာ၊ တစ်ခါတစ်ရံမှန်ပြောင်းနှင့် ကြည့်လို့ မရအောင်ပင် မြင့်လှစွာပျံတက်ကြပါတယ်။

အဲ့လို့ အပေါ်ပျံတက်ရာမှ ရုတ်ခြည်းအောက်သို့ ပျံမဆင်းသေးဘဲ၊ လေဘက်သို့ ဦးခေါင်းလှည့်ကာ လေပေါ်၌ တန့်နေပြီး တစ်ခါတစ်ခါမှ အတောင်ကိုခတ်ရင်းဆက်လက်တေးသံကျူးနေတတ်ပါတယ်။ ၅ မိနစ်ခန့် ကြာမှ တောင်ပံကိုပိတ်၍ အောက်သို့စိုက်ချလိုက်၊ တောင်ပံကိုဖြန့်၍ ခတ်လိုက်၊ နဲ့ နောက်ဆုံး မြေပြင်နှင့် နီးလာသောအခါ မူလပျံတက်သောနေရာသို့ရောက်အောင် တစ်ရှိန်ထိုးပျံသွားတတ်ကြပါတယ်။ အမတစ်ကောင်အတွက် အဖိုများစွာတို့ဟာ တပြိုင်တည်းအစွမ်းပြတတ်ကြရာ၊ တကွင်းလုံး ၎င်းတို့ အသံနဲ့ ဆူညံနေတတ်ပါတယ်။

ဘီလုံးငှက်တို့ဟာ မြေပြင်မှာ နားနေတုန်းလည်း တေးဆိုတတ်တာကို ရံဖန်ရံခါ တွေ့ရပါတယ်။ လူတစ်စုံတစ်ယောက်ကို မြင်ရင် မပြေးဘဲဝပ်နေပြီး သူတို့ကို နှောင့်ယှက်တယ်ဆိုရင် ကျစ်ကျစ်၊ ကျစ်ကျစ်နှင့် အော်မြည်ကာမြေပြင်နှင့်ကပ်၍ နိမ့်ချည် မြင့်ချည် ပျံသန်းနေတတ်ကြပါတယ်။


ဘီလုံးငှက်တို့ရဲ့ ဥများ 

မြန်မာနိုင်ငံ၌ တွေ့ရတတ်သော ဘီလုံးငှက်မျိုးတို့ရဲ့ အသံဟာ ပျော့ပြီး စူးရှတဲ့အသံပါ။ ဘီလုံးငှက်တို့ရဲ့ သားပေါက်ချိန်ဟာ မတ်လမှ ဇူလိုင်လအထိ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တွေမှာ ၂ သားပေါက်တတ်ပါတယ်။ သူတို့ရဲ့ အသိုက်တွေကို ချုံဖုတ်များ၊ မြက်တောများ၊ အကာအကွယ်ရှိသော မြေချိုင့်ခွက်များထဲတွင် မြက်ခြောက်များခင်း၍ ပြုလုပ်ကြတာပါ။ တစ်မြုံလျှင် ဥ ၃ ဥ မှ ၅ ဥအထိရှိတတ်ပါတယ်။ သူတို့ရဲ့ ဥတွေဟာ ရှည်မျောမျော ပုံစံဖြစ်ပြီး ဥခွံ ဟာ ချောမွတ်ပါတယ်။ ဝါညိုညိုအစက်အပြောက်များ၊ ခရမ်းပြာအစက် အပြောက်များ အများအပြားပါရှိတတ်ပါတယ်။

ဘီလုံးငှက်မျိုးကို ဥရောပတိုက်တွင်လည်းကောင်း၊ တူရကီ၊ အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာ၊ တိဗက်၊ တရုတ်၊ ယိုးဒယားစသော အာရှနိုင်ငံများတွင်လည်း တွေ့ရှိရတတ်ပါတယ်။


ကိုးကား။ ။ ၀ီးကီးပီးဒီးယား
ဧရာဝတီ

လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ခြင်းအတွက် နောင်တ မရသင့်ဘူးဆိုတာ ဒီအချက်တွေက သင့်ကို ပြောပြပေးနေ


လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်တဲ့ လူတစ်ယောက်အတွက် ပျော်ရွှင်မှုဆိုတာ ဘယ်လိုမှ ရှာဖွေဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ခုလို ဘယ်လိုမှအဆင်မပြေတော့တဲ့ အချစ်ရေးကို အဆုံးသတ်ပစ်နိုင်တဲ့ သင့်ရဲ့စိတ်ဓာတ်ခိုင်မာမှုကိုတော့ ချီးကျူးစရာလို့ ဆိုရမှာပါ။ စုံတွဲတွေဟာ တစ်ဦးပေါ်တစ်ဦး ထားရှိထားတဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ မရှိတော့သည့်တိုင်အောင် ထားခဲ့ဖူးတဲ့ သံယောဇဉ်ကြောင့် ရေရှည်ဆက်သွားနေကြ ပါတယ်။ မျက်စိစုံမှိတ် တွဲနေရတဲ့ သူတို့ရဲ့ အချစ်ရေးဟာ အချိန်ကြာလေ စိတ်ပျက်စရာကောင်းလေ ဖြစ်လာပါလိမ့်မယ်။ ဒါကို တစ်ယောက်က နားလည်ပြီး ရှေ့ဆက်ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာနဲ့ အဆုံးသတ်နိုင်မယ် ဆိုရင် နာကျင်မှုဝေဒနာက အချိန်အတိုင်းအတာတစ်ခုလောက်သာ ခံစားရမှာပါ။ မဟုတ်ရင်တာ့ တစ်သက်လုံး ဒီဒုက္ခကြီးကို ထမ်းပိုးပြီး ဘ၀ခရီးလမ်းကို လျှောက်လှမ်းသွားရပါလိမ့်မယ်။ ဒီတော့ လူတစ်ယောက်ကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တဲ့အခါ သင့် ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ ပြောပြပေးနိုင်တဲ့ အရာတွေကတော့

၁။ သင်ဟာ သူ့ကိုယ့်ကို ပစ်ထားခဲ့မလားဆိုပြီး အမြဲစိုးရိမ်ပူပန်နေရတယ်။

၂။သင်နဲ့ သင့်ချစ်သူထက်စာရင် အခြားအတွဲလေးတွေက ပျော်စရာ၊ ကြည်နူးစရာကောင်းလို့ အဲ့ဒီလိုဘ၀လေးမျိုးရအောင် အမြဲဆုတောင်းနေရတယ်။

၃။သင့်အချစ်ရေးကို ပြန်တွေးလိုက်ရင် ဆိုးရွားတဲ့အမှတ်တရတွေ အရင် ခေါင်းထဲပေါ်လာတာပဲ။

၎။ သ၀န်တိုရတဲ့ ကိစ္စက နှစ်ဦးသားကြားထဲမှာ ကြီးမားတဲ့ ပြသနာတစ်ခု။

၅။သင်စိတ်ဝင်စားတဲ့ အရာတွေနဲ့ပတ်သက်ပြီး သင့်ကို စိတ်ဒုက္ခရောက်အောင် ပြောဆိုပြုမူတယ်။

၆။သင့်အောင်မြင်အောင်ကြိုးစားမယ့် ပန်းတိုင်အတွက် သင့်ကို ဘာမှအကူအညီပေးတာ၊ အားပေးတာမရှိဘူး။

၇။ ဒီအချစ်ရေးကြောင့် သူငယ်ချင်းတွေ ဆုံးရှုံးလိုက်ရပြီ။

၈။သူကျတော့ ဒါလုပ်ပြီး ကိုယ်ကျတော့ ဒါမလုပ်ဘူးဆိုတဲ့ စကားနာထိုးတာမျိုးတွေ နေ့တိုင်းကြုံရတယ်။

၉။သူ့မိသားစု နဲ့ဆုံတဲ့အခါ ကိုယ့်အတွက် ဘယ်တော့မှ သက်တောင့်သက်သာ မဖြစ်ဘူး။ သူလည်း ဒီလိုပဲ ခံစားရတယ်လို့ ပြောတယ်။

၁၀။တစ်ခုခုဆို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ခွင့် မရှိဘူး။ သူ့ကိုအရင်ဆုံး တင်ပြရတယ်။

၁၁။ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေက ပြသနာအကြီးကြီးတွေ ဖြစ်သွားတတ်တယ်။

၁၂။နှစ်ယောက်မှာ တစ်ယောက်က အမြဲတမ်း ဒီအချစ်ရေးကို အဆုံးသတ်မယ်ချည်း ပြောနေတတ်တယ်။

၁၃။သင့်မိသားစု၊ သူငယ်ချင်းတွေကပါ သင်တို့နှစ်ဦး လမ်းခွဲလိုက်တာ ပိုကောင်းတယ်လို့ ပြောဆိုလာကြပြီ။

၁၄။သူနဲ့ ဘယ်အရာမှ အကြိုက်မတူလို့ ငြင်းခုံရတာလည်း အမြဲ၊ အလျှော့ပေးလိုက်ရတာလည်း အမြဲပဲ။

၁၅။ သူများတွေလို ငါတို့နှစ်ယောက် အသက်ကြီးလာရင် ဆိုတာကြီး တွေးရတာနဲ့တင် ပျော်ဖို့ထက် စိတ်ရှုပ်သွားရတယ်။


Ref:popsugar
Trend Myanmar

စိတ်ကို အသိသတိနှင့် ပြုပြင်ထိန်းချုပ်


လူမှုဘဝ လောက၌ ကျင်လည် လျှောက်လှမ်းကြ ရာတွင် စိတ်ချမ်းသာမှုကို ခံစားရယူ ပိုင်ဆိုင်နိုင်ကြ သကဲ့သို့ တစ်ခါတစ်ရံ တွင် စိတ်ဆင်းရဲမှု များကိုလည်း ကြုံတွေ့ ခံစားကြ ရလေ့ရှိသည်။ လူတို့၏ စိတ်ဆန္ဒအရ စိတ်ဆင်းရဲမှုကို မခံစားချင်ကြ။ မခံစားနိုင်ကြ။ စိတ်ဆင်းရဲမှု ဟူသည် လိုအင်ဆန္ဒ များကြောင့် သာလျှင် ဖြစ်ပေါ် လာရသည်။


လိုချင်တပ်မက် စိတ်များလာလျှင် စိတ်ထောင်း၍ ကိုယ်ကြေ ဆိုသကဲ့သို့ လိုချင်ရာ မရနိုင် သောကြောင့် စိတ်ဆင်းရဲကြ ရသည်။ တချို့ စိတ်ကျရောဂါ များပင် စွဲကပ်တတ် ကြသည်။ ထိုစိတ်၏ စေစားရာ အတိုင်း လုပ်ဆောင်ကြ သူလည်း ရှိသည်။ လူ့ဘဝ၏ ထွက်ပေါက်သည် စိတ်ဟု ဆိုထားရာ စိတ်ထွက်ပေါက် ရှာကြရာတွင် တစ်ဦးနှင့် တစ်ဦး မတူကြပေ။


လူအမျိုးမျိုး စိတ်အထွေထွေ ဖြင့် ဘဝကို ကျင်လည်ကြ ရာတွင် လူကြီးများနှင့် လူငယ်များမှာ ဖြေသိမ့်နိုင်စွမ်း မတူညီနိုင် ကြပေ။ ကလေးများမှာ စိတ်၏ စေခိုင်းရာ အတိုင်း ခံစားတတ် ကြသည်။ လိုချင်တာ မရလျှင် စိတ်ကောက် စိတ်ဆိုးတတ် ကြသည်။ စိတ်ဟူသည် မှာလည်း နွဲ့ဆိုး ဆိုးတတ် သည့်သဘော ရှိသောကြောင့် စိတ်အလို လိုက်၍ အမှားများ တတ်ကြသည်။


လူတိုင်း အမှားနှင့် မကင်းနိုင်ကြ သော်လည်း အမှား အနည်းအများ ပေါ်မူတည်၍ ဘဝ၏ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်း တို့ကိုဖြစ်ပေါ် စေနိုင်၍ ဆင်ခြင်ကြရန် လိုသည်။ လူ့အလို နတ်မလိုက် နိုင်ဆိုသကဲ့သို့ စိတ်အလို အတိုင်း အရာရာ မပြည့်စုံနိုင် သည်ကို သဘောပေါက်ရန် လိုသည်။


စိတ်သည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက် အတွင်း၌ပင် ဖောက်ပြန် တတ်သော သဘောရှိ သောကြောင့် စိတ်ကို ထိန်းချုပ်နိုင်ရန် လိုသည်။ အထူးသဖြင့် ကလေးများကို ထိန်းကျောင်း သွန်သင်ဆုံးမ ကြရာတွင် ကလေးငယ်များ လိုချင်သမျှ မိဘများက အကြိုက်ဆောင် အလိုမလိုက် ကြရန်လိုသည်။


ဘုရားဟော ဇာတ်တော်များတွင် မိဘနှစ်ဦးသည် သားကို အလိုလိုက်လွန်း သောကြောင့် မိဘဖြစ်သူတို့မှာ စိတ်ဆင်းရဲစွာဖြင့် သေဆုံးသွား ကြရသကဲ့သို့ သားဖြစ်သူ မှာလည်း ခွက်လက် ဆွဲ၍ တောင်းစား ရသည့်ဘဝ ရောက်ကာ ဘဝဆုံး နိဂုံးမလှ ဖြစ်ခဲ့ရသည်ကို ဗုဒ္ဓဘာသာ ဝင်တိုင်း မှတ်သားဖူးမည် ဖြစ်ပါသည်။ ထိုဘုရားဟော ဇာတ်တော်ကို သင်ခန်းစာ ယူ၍ မိဘများသည် သားသမီးများ၏ စိတ်ကို အလိုမလိုက် စေရန် ထိန်းကျောင်း သွားရန်ဖြစ်သည်။ သားသမီးများကို လည်း ထိုဇာတ်တော် လာ သာဓကကို ပြောပြ၍ မိဘဝတ္တရား နှင့်အညီ ထိန်းကျောင်း သွားကြရန် လိုသည်။


ထိုသို့ မိဘများက မိဘဝတ္တရား နှင့်အညီ ဆုံးမနိုင်မှ သာလျှင် သားသမီး များသည် စိတ်ကိုထိန်းချုပ် နိုင်သောအကျင့် ကိုရရှိကာ ဘဝမှန်၊ လမ်းမှန်ကို လျှောက်လှမ်း နိုင်ကြမည် ဖြစ်သည်။ သားသမီးတို့ ဘဝမှန်၊ လမ်းမှန်ကို လျှောက်လှမ်း နိုင်မှသာလျှင် သားသမီးတို့ဘဝ အဆင်ပြေ ချောမော၍ မိဘများကို ပြန်လည် စောင့်ရှောက် နိုင်မည်။ ဤသို့ဖြင့် မိဘနှင့် သားသမီးတို့ တစ်နည်းအားဖြင့် မျိုးဆက် တစ်ဆက်လုံး စိတ်ချမ်းသာမည် ဖြစ်သည်။


သို့ဖြစ်ရာ မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ အလုပ်ရှင် နှင့် အလုပ်သမား ဆက်ဆံကြရာ တွင် တစ်ဦး အလိုကို တစ်ဦး ဖြည့်ဆည်းကြ သည်ဆိုရာ၌ အသိပညာ မပါဘဲ စိတ်အလိုလိုက် အကြိုက်ဆောင် ခြင်းမျိုးသည် စိတ်ဆင်းရဲမှု ကိုသာ ဖြစ်ပေါ် စေသောကြောင့် စိတ်အလိုကို အသိ သတိတို့ဖြင့် ပြုပြင်ထိန်းချုပ် ဖော်ဆောင် ရမည် ဖြစ်ကြောင်း အသိပေး ရေးသား လိုက်ရပေသည်။


( အယ်ဒီတာ့အာဘော် )


#Yadanarpondaily