Showing posts with label ချက်နည်းပြုတ်နည်း. Show all posts
Showing posts with label ချက်နည်းပြုတ်နည်း. Show all posts

ငါးသံပရာပေါင်း ချက်နည်း



ငါးသံပရာပေါင်းမှာ ဇီးချိုသီးလည်း ပါဝင်တာမို့ အရသာက ချိုပြီ ထူးခြား ကောင်းမွန်ပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်..
-
ပါဝင်သောပစ္စည်းများ
-
တလာဗီယားငါး – ၁ကောင် (၃၅၀- ၄၀၀ဂရမ်)
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
ငရုတ်သီးစိမ်း၊နီ – ၄တောင့် (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၅မွှာ (အ၀ိုင်းပါးပါးလှီးပါ)
ဇီးချိုသီး – ၄လုံး
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်ပြုတ်ရည် – ခွက်တ၀က် (၁၀၀မီလီလီတာ)
နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)
-
ချက်ပြုတ်နည်း
-
၁။ ငါးကို ကြေခွံဖယ်၊ သန့်စင်ပြီ ဓားဖြင့် အမျှောင်းမွှန်းပေးပါ။
၂။ ပြီလျှင် တလဗီယားငါးကို ဆား၊ ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနုယ်ထားပါ။
၃။ ပြီနောက် ဆော့ရည် အတွက် ပါဝင်သောပစ္စည်းများဖြစ်သော ( ကြက်သွန်ဖြူ၊ ၊သံပရာရည်၊ ငရုတ်သီးစိမ်း၊ သကြား၊ ငံပြာရည်၊ရေ) အားလုံးကို ပန်းကန်လုံး တစ်ခုထဲ ထည့်ပြီး သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။
၃။ ထိုဆော့အရည်များကို တလာဗီယားငါးပေါ်သို့ လောင်းထည့်၊ ဇီချိုသီးထည့်ပြီ၊ နံနံပင်(အနည်းငယ်) အုပ်ပြီ ပေါင်းအိုးဖြင့် မိနစ် ၂၀ခန့် ပေါင်းပေးပါ။
၎။ အရသာရှိသော ငါးသံပရာပေါင်းကို ထမင်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ…
-
Wutyeefoodhouse

ကကတစ်စတူး


ကျွန်တော်ချက်တဲ့ပုံစံလေးအတိုင်းပဲဖော်ပြလိုက်ပါတယ်..ပါဝင်ပစ္စည်းနည်းတယ်
မြန်တယ်..အရသာရှိတယ်..။


ကကတစ်ငါး........၃၀ ကျပ်သား(၁) ကောင်
ချင်း....................၁တက်( အမျှင်လှီး)
ကြက်သွန်ဖြူ ........၇ တက်( ပါးပါးလှီး)
ခရုဆီ..................၂ဇွန်း(ထမင်းစားဇွန်း)
ပဲငံပြာရည်အကြည်...၁ ဇွန်း(.....။.....)
သကြား+ ဟင်းခတ်မှုန့်..အနည်းငယ်စီ
ကြက်သွန်မြိတ်.....၃ ပင်ခန့် ( လက်တစ်ဆစ်) **ကျွန်တော်ချက်တဲ့နေ့ကမရှိလို့ သုံးမထားပါ
ငရုတ်ကောင်း.........အနည်းငယ်

ကကတစ်ငါးကိုရေဆေးသန့် စင်ပြီး..ပါးဟပ်တွေဖြုတ်ကာ..အရသာအနည်းငယ်
နှင့်နှပ်ထားပါ..။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုငဆပူပေးပြီး..မျှင်မျှင်လှီးထားတဲ့ချင်း ၊
ပါးပါးလှီးထားတဲ့ကြက်သွန်ဖြူ တွေကို မွှေးလာအောင်ဆီသတ်ပေးပါ။

အရသာနယ်ထားတဲ့ငါးကို..အပေါ်ယံတင်းအောင်ထည့်ပေါင်းဆီသတ်ပါ။

ငါးအနည်းငယ်တင်းသွားပြီဆို ..ရေလက်ဖက်ရည်ပန်းကန်လုံး၁ခွက်စာကို
ပတ်ပတ်လည်လောင်းထည့်ပြီးချက်ချင်းဆိုသလို ၊ပါဝင်သောအရသာတွေ
အားလုံးဖြည့်စွက်ပြီး..အဖုံးအုပ်ထားပါ..။

သစ်သားယောင်းမလေးနှင့်မွှေပေးပြီးဟိုဖက်ဒီဖက်လှည့်ပေးပါ။

ရေခန်းသွားပြီး..အနှစ်ခပ်ပျစ်ပျစ်လေးဖြစ်ချိန်မှာ..ငရုတ်ကောင်းဖြူး ၊ ကြက်သွန်
မြိတ်တွေရောထည့်မွှေပေးလိုက်ရင်သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ..။

ငါးအသားလွှာနဲ့ ဆီးသီးဆားရည်စိမ်ပေါင်း


ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)


ယနေ့ ခေတ်ကာလမှာ လူတွေဟာ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ တိုးပွားလာသလို၊ အစားအသောက်၊ နေထိုင်မှု ပုံစံတွေပါ သိသာစွာ တိုးတက်ပြောင်းလဲ လာခဲ့ပါပြီ …။ ကမ္ဘာကျော် ဘောလုံးသမားရဲ့ ဇနီး ဗစ်တိုးရီးယားဘက်ခမ်း ဆိုရင် အသားတွေထဲမှာ ငါးအသား တမျိုးတည်းကိုသာ စားသောက်ပြီး သူရဲ့ ခန္တာကိုယ်အလေးချိန်ကို ထိန်းသိမ်း ထားတယ်လို့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အင်တာဗျူး တခုမှာ ဖြေထားတာ တွေ့ရပါတယ်။

ဒါကြောင့် ကျနော်တို့ အရှေ့တိုင်း ချက်ပြုတ်နည်းတမျိုး ဖြစ်တဲ့ ငါးအသားလွှာ ပေါင်းလေးကို ဝေမျှ တင်ဆက်ပေးလိုက်ပါတယ်။

ဒီငါးပေါင်းမှာ ငါးအသားလွှာကိုဖြစ်စေ၊ အကောင်လုံးကို ဖြစ်စေ ပေါင်းလိုရပါနိုင် ပါတယ်။ ကျနော်က ဒီနေရာမှာ ဆားငံသီးကို အသုံးမပြုဘဲ ဆီးသီးဆားရေစိမ်ကို အသုံးပြုထားပါတယ်။ ဆားငံသီး သုံးမယ်ဆိုရင်တော့ ကြို
တင်ရေစိမ်ပြီး အစေ့တွေကို ဖယ်ထုတ်ထားပါ။ ဒီနည်းက ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ ဂျပန် စတဲ့နိုင်ငံတွေမှာ အသုံးပြုတာ များပါတယ်..။

ငါးအသားလွှာနှင့် ဆီးသီးဆားရည်စိမ်ပေါင်း

ပါဝင်ပစ္စည်းများ

ငါးအသားလွှာ – ၄၀၀ ဂရမ်
ချင်း အမျှဉ်လှီးထားပြီးသား – ၁/ ၄ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
ကြက်သွန်မြိတ် အရိုးဖြူ – ၁/ ၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
နံနံပင် (သို့) တရုတ်နံနံ – အနည်းငယ်
ငရုတ်တောင့်နီ – ၂ တောင့် (အစေ့ထုတ်ပြီးအမျှဉ်လှီး)

ဆီးသီးဆားရည်စိမ် ဆော့စ်အတွက်

ဆီးသီးဆားစိမ် - ၄လုံး (အစေ့ထုတ်ပြီး ချေထားရန်)
ပဲငံပြာရည်အကြည် – ၂ ဇွန်း (ထမင်းစားဇွန်း)
ပဲငံပြာရည်အပျစ် – ၁ ဇွန်း (ထမင်းစားဇွန်း)
ခရုဆီ – ၁ ဇွန်း (ထမင်းစားဇွန်း)
ကြက်သွန်ဖြူ – ၃ တက်
ချင်း အမျှဉ်လှီး – ၁ ဇွန်း (ထမင်းစားဇွန်း)
နှမ်းဆီ – ၁ ဇွန်း (ထမင်းစားဇွန်း)
သကြား – ၁ ဇွန်း (ထမင်းစားဇွန်း)
ဟင်းခတ်မှုန့် – အနည်းငယ်
တရုတ်မှိုမည်း – ၃ ပွင့် (ရေစိမ်ထားရန်)

ပထမဆုံး ငါးအသားလွှာ (သို့) ငါးအကောင်လုံးကို ဆား ၊ ဟင်းခတ်မှုန့်၊ သံပုရာသီး တခြမ်းလောက် ညှစ်ပြီး အရသာနယ် နှပ်ကာ ရေခဲသေတ္တာမှာ ၁၀ မိနစ်ခန့်ထားပါ။

အိုးတလုံးမှာ နှမ်းဆီ၊ ချင်း၊ ကြက်သွန်ဖြူ တွေကို ရောထည့်ပြီး အပူစတင်ပေးပါ (ဆီကျက်မှ ထည့်တာမျိုး
မပြုလုပ်ပါနဲ့၊ နှမ်းဆီအနံ့ ဆုံးရှုံး သွားတတ်ပါတယ်)။

အနည်းငယ် မွှေးလာတာနဲ့ ရေစိမ်ပြီး ပါးပါးလှီးထားတဲ့ မှိုမည်း၊ ချေထားတဲ့ ဆီးသီး ဆားရည်စိမ်တွေ ထည့်မွှေပေးပါ။

ဆော့စ်ရည်မှာ ပါဝင်ရမယ့် အရသာတွေ အားလုံး ထည့်ပေါင်းပြီး ရေအနည်းငယ်ဖြည့်ကာ တပွက် ဆူပါစေ။ တပွက်ဆူတာနဲ့ ပါဝင်တဲ့ အဖတ်ဟူသမျှကို စစ်ထုတ်လိုက်ပါ။

ငါးအသားလွှာ (သို့) ငါး တကောင်လုံး နှစ်မြုပ်နိုင်တဲ့ ခွက်ငယ်ထဲ ငါးကိုထည့်ပြီး စစ်ယူထားတဲ့ အရည်တွေ လောင်းထည့်ကာ ငါးကျက်သည်အထိ ပေါင်းပါ။

တချို့ကတော့ စစ်ယူထားတဲ့ အရည်နဲ့ရောပြီး အိုးတလုံးမှာ ထည့်ပြုတ် လိုက်တတ် ကြပါတယ်။ ဒီနည်းလည်း အဆင်ပြေပါတယ်။

ငါးအသားလွှာကို စစ်ယူပြီး ပြင်ဆင်မယ့် ပန်းကန်မှာ ထည့်ပြီးရင် ပေါင်းရည် ပူပူကို အပေါ်ကနေ လောင်းချ ပေးလိုက်ပါ။ ချင်း အမျှဉ်၊ ကြက်သွန်မြိတ် အရိုးမျှင်မျှင်လှီး၊ တရုတ်နံနံ (သို့) နံနံ၊ ငရုတ်သီးစိမ်းတောင့် နီတွေနဲ့ အလှဆင်ပြီးရင် သုံးဆောင်နိုင်ပါပြီ။

ဂင်မ်ချီ Kimchi လုပ်နည်း


ပါဝင်ပစ္စည်းများကတော့ မုန်ညင်းထုတ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ပန်းသီး၊ကိုရီးယားသစ်တော်သီး(ရနိုင်လျှင်) ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကူဆိုင်(ကြက်သွန်မြိတ်ကဲ့သို့အပင်သေး)၊ ဂျင်း၊ ဂျူံမှုန့်၊ ငံပြာရည်၊ဆား၊ သကြား၊ ငရုတ်ပွခြောက်၊နှမ်း တို့လိုအပ်ပါတယ်။
ဂင်မ်ချီအဖြူလုပ်တာနဲ့တော့ ဘာမှသိပ်မကွာပါဘူး။ ငရုတ်သီးပါတာနဲ့ မပါတာဘဲရှိမယ် ကျန်တာကတော့ တူပါတယ်။
ပထမဦးဆုံး မုန်ညင်းထုတ် ၂ပိသာခန့်ကို ရေဆေးပြီး အလယ်ကနေထက်ခြမ်းခွဲပြီး ဆားနဲ့နယ်ပြီး နွမ်းသွားအောင် ဖိပေးထားပါ။ ဂျူံမှုန်နှစ်ဆယ်သားခန့်ကို ခပ်ပစ်ပစ်ကြိုထားပြီး အအေးခံထားပါ။ ငရုတ်ပွခြောက်ကို အစေ့ထုတ်ရေစိမ်ပြီး ကြက်သွန်နီ ငါးဥ ကြက်သွန်ဖြူဥသေး သုံးဥ၊ ဂျင်းလက်တစ်ဆစ်ခန့် တိုကိုရောပြီး ညက်နေအောင်ကြိတ်ထားပါ။ မုန်လာဥဖြူ၊မုန်လာဥနီ၊ ပန်းသီး ၊ ကြက်သွန်မြိတ်၊ ကူဆိုင်တို့ကို လက်လေးသစ်ခန့် အချောင်းရှည်ရှည်လေးတွေလှီးထားပါ။
မုန်ညင်းထုတ်နွမ်းတာနဲ့ ရေအေးနဲ့ ဆေးပါ။ ပြီးရင် အရည်တွေကို ညစ်ပစ်ပါ။
အားလုံးပြီးတာနဲ့ ဇလုံခပ်ကြီးကြီးထဲကို ခုနက ကြိတ်ထားတဲ့ ငရုတ်သီးအနှစ်ကိုထည့် ဂျုံကြိုထားတာထည့် ငံပြာရည် သုံးဇွန်းထည့် သကြားတစ်ဇွန်းထည့် အရသာအပေါ့အငံကို မြည်းကြည့်ပါ။ လိုအပ်ရင်ထပ်ထည့်ပါ။ နှမ်းနည်းနည်းထည့်ပါ။ အားလုံးကို သမအောင်မွှေပြီး လှီးထားတဲ့ အသီးအရွက်တွေကိုထည့် သမအောင်လုပ်ပေးပါ။ ပြီးတာနဲ့ မုန်ညင်းထုတ်ကို ဇလုံထဲမှာလုပ်ထားတဲ့ အဆာတွေနဲ့ နှံ့အောင်လုပ်ပြီး ဘူးထဲကိုထည့်သိပ်ပါ။ တစ်ရက်လောက်ထားလိုက်ရင် စားလို့ရပါပြီ။ ရေခဲသေတ္တာထဲမှာ ထားရင်တော့ ကြာကြာထားလို့ရပါတယ်။ အပြင်မှာထားရင်တော့ ခဏလေးနဲ့ ချဉ်ပါတယ်။
မှတ်ချက်။ ။ ဂင်မ်ချီလုပ်တဲ့အခါ ဗီနီကာတို့ ကိုရီးယားငရုတ်ဆီ (gochujang)တို့လုံးဝမသုံးပါဘူး။သုံးမိမှာစိုးလို့ပါ။