Showing posts with label ကျန်းမာရေးဆောင်းပါး. Show all posts
Showing posts with label ကျန်းမာရေးဆောင်းပါး. Show all posts

ချိုင်းသား ဖြူနေစေမယ့် သဘာဝနည်းလမ်းများ


လက်မောင်းအောက် ချိုင်းသား မည်းနေသူတွေ စိတ်ညစ်မနေနဲ့တော့နော။ ကိုယ့်ရဲ့လက်တကမ်းမှာပဲ အလွယ်ရနိုင်တဲ့ ပစ္စည်းတွေနဲ့ပဲ ပြုပြင်လို့ရနေပြီ။ နည်းလမ်းတွေကို လွယ်လွန်းလိုက်တာ ဆိုပြီး အထင်တော့မသေးပါနဲ့။ အချိန်နဲ့ စိတ်ရှည်မှုပဲ လိုပါတယ်။


(၁) အာလူး က သိပ်ကောင်းတဲ့ သဘာဝ အရောင်ချွတ်ဆေးပါ။ သူ့မှာ အက်ဆစ်ပျော့တွေ ပါဝင်တာကြောင့် အရေပြားကို မယားယံစေပါဘူး။ အာလူးကို ပါးပါးလေးတွေ လွှာလှီးလိုက်ပြီး ချိုင်းနေရာကို ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်တိုက်ရပါမယ်။ ပြီးရင်တော့ ရေ ကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပေါ့။ ချိုင်းသားလေး မြန်မြန်ဖြူချင်ရင် အနည်းဆုံး တစ်နေ့ ၂ ခါ လောက် လုပ်ပေးပါ တဲ့။ လွယ်တယ်မလား။

(၂) လီမွန် ဆိုတဲ့ ရှောက်သီး၊ သံပုရာ၊ သံပုရို သီးတွေကလဲ သဘာဝကိုက သန့်စင် သုတ်သင်ပေးတဲ့ ပစ္စည်းပါ။ သူ့မှာက ရောဂါပိုးတွေ သန့်စင်ပေးတဲ့၊ ဘက်တီးရီးယား သန့်စင်ပေးတဲ့ ဓာတ်တွေ ပါပြီးသား။ လီမွန်မှာပါတဲ့ အက်ဆစ်ဂုဏ်သတ္တိတွေက တောက်ပစေခြင်းနဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ရေမချိုးခင် သံပုရာသီးကို အစိပ်လိုက်လေး လှီးလိုက်ပြီး ချိုင်းကို ပွတ်ပေးရပါမယ်။ ပြီးရင်တော့ အသားအရေ မခြောက်သွားရအောင် moisturizer တမျိုးမျိုး လိမ်းထားလို့ ရပါတယ်။
သံပုရာရည် သုံးတဲ့ နောက်တစ်နည်းကတော့ သံပုရာရည်+ ဆနွင်းမှုန့်+ဒိန်ချဉ်+ပျားရည် ရောပြီး အနှစ်လုပ်။ အဲဒီအနှစ်ကို ချိုင်းမှာ အနည်းဆုံး ၁၀ မိနစ်လောက် လိမ်းထားပြီး ရေဆေးချလိုက်တာပါ။ လွယ်တယ်နော် ဒီနည်းလဲ။

(၃) Baking Soda မုန့်ဖုတ်ဆော်ဒါကလဲ ချိုင်းသားဖြူဖို့ အကောင်းဆုံး scrub ပါ။ ခန္ဓာကိုယ် အနံ့ဆိုးတွေ မထွက်အောင်လဲ ကာကွယ်ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ရေနဲနဲနဲ့ ခပ်ပျစ်ပျစ်လေးဖြစ်အောင်လုပ်။ ချိုင်းမှာ လိမ်းထားပြီး အဲဒီနေရာတ၀ိုက်ကို scrubbing လုပ်နေပေါ့။ ပြီးရင်တော့ ဆေးချလိုက်ပြီး ခြောက်သွားအောင် ခပ်ဖွဖွလေး ပုတ် ပုတ်ပေးပေါ့။ ဒါလဲ လွယ်တာပဲ။

(၄) သခွားသီးကတော့ အသားအရေ အရောင်လင်းလက်စေပါတယ်။ သံပုရာသီးနဲ့ သခွားသီး ၂ မျိုး ရောလိုက်ရင် အသားအရေမှာ မည်းကွက်နေတာတွေကို ကောင်းကောင်း အရောင်ချွတ်ပေးနိုင်တာပေါ့။ သခွားသီးက အသားအရေ ပျော့ပျောင်းစေသလို သံပုရာသီးက အရောင်ချွတ်ပေးတာကိုး။
သခွားသီးကို လှီးပြီး ချိုင်းသားကို ပွတ်တိုက်ပေးနေပေါ့။ ဒါမှမဟုတ်လဲ သခွားရည်ကို ချိုင်းက မည်းနေတဲ့နေရာ လိမ်းထားလိုက်တာပါ။
သခွားရည်သုံးတဲ့ နောက်တစ်နည်းကတော့ သခွားရည်နဲ့သံပုရာရည် အရောထဲ ဆနွင်းမှုန့်နဲနဲ ရောမွှေပြီး လိမ်းတာပါ။

(၅) လိမ္မော်သီးအခွံမှာလဲ ချိုင်းသားတွေ မည်းတာကို ဖြူလာအောင် အရောင်ချွတ်ပေးနိုင်စွမ်း ရှိပါတယ်။ scrub လုပ်တဲ့နည်းကလဲ မခက်ပါဘူး။
အရင်ဆုံး လိမ္မော်ခွံကို အခြောက်လှမ်းရပါတယ်။ ပြီးရင်တော့ ဘလန်ဒါ ကြိတ်စက်နဲ့ အမှုန့်ဖြစ်သွားအောင် ကြိတ်လိုက်ပါ။ အဲဒီလိမ္မော်ခွံအမှုန့်ရယ်+ နို့ရည်+ နှင်းဆီရည် (စူပါမားကက်တွေ အလှကုန်ဆိုင်တွေမှာ မေးဝယ်ပါ)။ အနှစ်ပျစ်ပျစ်လေးဖြစ်အောင် ဖျော်ထားပါ။ ချိုင်းကို လိမ်းထား၊ ၁၀ မိနစ်လောက် scrub လုပ်။ ခပ်ဖြည်းဖြည်း ပွတ်တာပေါ့။ ပြီးရင်တော့ ရေဆေးချလိုက်တော့လေ။

ကဲ-- လက်ပြတ်အင်္ကျီပဲ ၀တ်ဝတ်၊ ချိုင်းအနံ့ဆိုးလဲ မထွက်အောင် အလွယ်သုံး အိမ်တွင်းကုထုံးပါ။ အားလုံး အဆင်ပြေကြပါစေနော်။

စောနွဲ့နေဆိုင် (ပူတာအို)

Saw Noi Nay Saing - Putao

အန္တရာယ်ရှိသော ကြက်သွန်နီခြမ်း


ထက်ခြမ်းခွဲထားသော ကြက်သွန်နီကို ချက်ချင်းအသုံးမပြုနိုင်ပဲ ရက်ကျော်လွန်သွားလျှင် ပြန်၍အသုံးမပြုသင့်ပါ။ မစားသင့်ပါ။ အန္တရာယ်ကို ဖြစ်စေပါသည်။


ခွဲခြမ်းထားပြီး အပြင်မှာ အနည်းဆုံး ၆ နာရီနှင့် အထက်ကြာသွားသည့် ၄င်းကြက်သွန်နီခြမ်းဟာ အပုတ်နံ့များ၊ အနဲ့ဆိုးများကို စုပ်ထားထားနိုင်ပြီး ဘတ်တီးရီးယားပိုးမွှားများနှင့် အခြား အန္တရာယ်ကို ဖြစ်စေတတ်သည့် ပိုးမွှားများလည်း ပါရှိလာသည့်အတွက် ၀မ်းပျက်၊ ၀မ်းလျှော၊ ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့်အပြင် အဆိပ်အတောက်ကိုလည်း ဖြစ်စေနိုင်ပါတယ်လို့ နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ ဖော်ပြထားကြပါတယ်။

အခွံခွါထားသည့် ကြက်သွန်နီနှင့် ထက်ခြမ်းခွဲထားသည့် ကြက်သွန်နီခြမ်းကို ပြန်လည်အသုံးပြုလိုပါက အဖုံးလုံအောင် ပိတ်ထားသော ဗူး၊ ခွက်တို့ဖြင့် လုံခြုံစွာ ထည့်ထားသင့်ပါတယ်။ သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထည့်သွင်းသိမ်းဆည်းထားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။

မသိမ်းဆည်းလိုက်ရပဲ အပြင်မှာ အချိန်ကြာအောင် ပစ်ထားမိသည့် ကြက်သွန်နီခြမ်းကို မဖြစ်မနေ အသုံးပြုရတော့မည်ဆိုလျှင်လည်း ပုံထဲမှာ မြင်ရသည့်အတိုင်း အလယ်တည့်တည့်မှ အဆံ၊ အဖူးကလေးကို ဖယ်ထုတ်ပစ်သင့်ပါတယ်။ အကြောင်းကတော့ အပုတ်နံ့များနှင့် အနံ့ဆိုးများကို ၄င်းနေရာမှ အဓိက စုပ်ယူထားပြီး ပိုမွှားများလည်း ၄င်းနေရာမှာ ပါဝင်မှုအများဆုံးလို့ သိရပါတယ်။

အသက်ကို ဥာဏ်စောင့်ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို)

ကိုးကား - The Danger Of Half Onion.

Saw Noi Nay Saing - Putao

သင့်နေ့စဉ်အစားအစာနဲ့ကျန်းမာရေး


တန်ဖိုးကြီးအစားအစာတွေကမှ ကျန်းမာရေးအတွက်ကောင်းကျိုးပြုပေးတယ်ဆိုတဲ့အတွေးကို
သင်စွန့်လွှတ်လိုက်ပါ။ သင့်ရေခဲသေတ္တာနဲ့ မီးဖိုချောင်က အစားအစာတွေက သင့်ကို အံ့သြဖွယ် ကောင်းကျိုးပြုနိုင်ပါတယ်။
၁။ မှို(Mushrooms)
ဗီတာမင်ဒီပမာဏမြောက်များစွာပါဝင်ပါတယ်။ ဟင်းချို၊ အသီးအရွက်တွေနဲ့ ရောချက်စားသုံးနိုင်ပါတယ်။


၂။ ခရမ်းချဉ်သီး
အန်တီအောက်စီးဒင့်က ခရမ်းချဉ်သီးရဲ့ အခွံမှာ များစွာပါဝင်ပါတယ်။ လေဖြတ်ခြင်းအတွက် အထူးသင့်တော်ပါတယ်။ ဖရဲသီး၊ ဂရိတ်ဖရုသီးတို့ကိုလည်း စားသုံးနိုင်ပါတယ်။ အော်ဂင်းနစ် အသီးအနှံကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၃။ ဘလူးဘယ်ရီသီး
လေ့ကျင့်ခန်းပြုလုပ်ပြီးချင်း ဘလူးဘယ်ရီသီး စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း အဆီလောင်ကျွမ်းမှုကို ပိုမိုအထောက်အကူပြုပါတယ်။

၎။ ဝိုင်အမျိုးမျိုး
နှလုံးကျန်းမာရေးကို အထောက်အကူပေးပါတယ်။ တစ်ပတ်ကို ဝိုင်ပမာဏ ၄ခွက်သောက်သုံးခြင်းက 
စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါကိုပါ လျော့နည်းစေပါတယ်။ ယမကာအမျိုးအစားဖြစ်တာကြောင့် ဝိုင်သောက်လေ့သောက်ထမရှိသူတွေ မရွေးချယ်သင့်ပါဘူး။

၅။ ချိစ်(Cheese)
ချိစ်ကြိုက်သူတွေအတွက်တော့ သတင်းကောင်းလေးပါ။ သွေးအားနည်းသူတွေအတွက် သင့်တော်ပါတယ်။ သွားတွေကို ခိုင်မာစေပြီး ကြွေလွှာတွေ ပျက်စီးဆုံးရှုံးမှုကို လျော့ချပေးပါတယ်။

၆။ ပန်းသီး
သွေးတိုးကျစေပါတယ်။ ဗီတာမင်နဲ့သတ္တုဓာတ်တွေ အမြောက်အများပါဝင်ပါတယ်။

၇။ ပြောင်းဖူးပေါက်ပေါက်
အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အရိုးပွသူတွေစားသုံးသင့်ပါတယ်။

၈။ ဖရုံစေ့
ကောင်းမွန်စွာ အိပ်မပျော်သူတွေအတွက် ဖရုံစေ့၊ ကြိုက်နှစ်သက်ရာအသီးအနည်းငယ်၊ ခရက်ကာမုန့်တို့ကို အိပ်ရာမဝင်မီ စားသုံးသင့်ပါတယ်။ အမိုင်နိုအက်ဆစ် ပါဝင်မှုများလို့ အိပ်ပျော်စေတဲ့ ဟော်မုန်းကို အားပေးပါတယ်။

ဗောက်ထခြင်းကို အကောင်းဆုံးတုန့်ပြန်ခြင်း



ယနေ့ခေတ်လူကြီးလူငယ်မရွေးအထူးသဖြင့်မိန်းကလေးများမှာ ဗောက်ထခြင်းကြောင့်မိမိရဲ့ခေါင်းတစ်ခုလုံးယားယံပြီးဗောက်ဖတ်လေးများဦးခေါင်းအနှံ့ပျံ့နှံ့တတ်သည့် ဗောက်ထသည့်မှိုရောဂါတစ်မျိုးကိုရင်ဆိုင်ကြရလျက်ရှိပါတယ်။ ဗောက်ထခြင်းဟာမိန်းကလေးများသာမကအမျိုးသားများတွင်ဖြစ်ပွားတတ်ပြီး ဗောက်ထခြင်းကို အကောင်းမွန်ဆုံး တုန့်ပြန်ကာကွယ်ခြင်းမရှိပါက အခြားသော မလိုလားအပ်တဲ့ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါ့အပြင်ယနေ့ခေတ်မှာလှပပြီးဆွဲဆောင်မှုရှိတဲိ့န်းကလေးတစ်ယောက်ဖြစ်ဖို့ဆိုတာဟာ ဦးခေါင်းမှာဗောက်တွေထနေလို့မဖြစ်ပါဘူး။ ထို့အတူပဲ ဆွဲဆောင်မှုရှိသော ယောကျာ်းလေးတစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း ဦးခေါင်းမှာ အဖြူရောင်ဗောက်ဖတ်တွေထပြီးအချိန်ပြည့်ဦးခေါင်းကိုကုတ်နေလို့လဲ မဖြစ်ပါဘူး။ ဒါကြောင့် ယခုတစ်ပတ် NewsWatch Journal ရဲ့ကျန်းမာရေးနှင့်အလှအပ ကဏ္ဍကနေ ပျိုပျိုအိုအို ယောကျာ်းလေး၊ မိန်းကလေးများဆွဲဆောင်မှုအပြည့်ရှိပြီး ဗောက်ရှင်းတဲ့ဦးခေါင်းပိုင်ရှင်များဖြစ်ဖို့ ဗောက်ထခြင်းကိုအကောင်းဆုံးတွန်းလှန်နိုင်တဲ့ နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ ဗိုက်တာမင်ဓါတ်များကြွယ်ဝပါစေ

လူတစ်ယောက်ရဲ့ ဦးရည်ပြားကျန်းမာရေးဟာ ထိုလူရဲ့ခန္ဓာကိုယ်မှာ ဗိုက်တာမင်ဓါတ်ဘယ်လောက်ကြွယ်ဝသလဲဆိုတဲ့အချက်ပေါ်မှာမူတည်နေတာကြောင့် ဗိုက်တာမင် အေ၊ ဘီ နှင့် စီ ဓါတ်များပေါကြွယ်ဝတဲ့ အစားအစာများကို စားသောက်သင့်ပါတယ်။ ၎င်းအဟာရဓါတ်တွေဟာခန္ဓာကိုယ်ရဲ့ သွေားလှည့်ပတ်မှုစနစ် (Circulatory System) အတွက်မရှိမဖြစ်လိုအပ်သလို ဆဲလ်ကြီးထွားရေးကဏ္ဍမှာလည်း လိုအပ်ပါတယ်။ ဒါ့အပြင် ၎င်းဓါတ်များဟာ သွေးအတွင်းရှိဆဲလ်များ၏ခုခံစွမ်းအား (immune system) ကိုအထောက်အကူဖြစ်စေတာကြောင့် ဦးရည်ပြားမှာဗောက်ထခြင်းကို အကောင်းဆုံး ကာကွယ်နိုင်ကြပါတယ်။၎င်းဗိုက်တာမင်ဓါတ်တွေပြည့်ဝစွာပါဝင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် စတော်ဘယ်ရီသီးစတဲ့အသီးတွေကို စားသုံးသင့်ပါတယ်။

၂။ သင့်ရဲ့ ဘီး နှင့် မိတ်ကပ်လိမ်းချယ်သည့်စုတ်တံများကို ဆေးကြောပါ

မျက်နှာမှာ မိတ်ကပ်လိမ်းချယ်သည့်အခါ အသုံးပြုတဲ့ စုတ်တံများကို အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ရန် ဆေးကြောကြပါသလို ဦးခေါင်းရဲ့ ဦးရည်ပြားရောဂါများအထူးသဖြင့် ဗောက်ထခြင်းရောဂါကိုကုသကာကွယ်ရန်အတွက်မိမိတို့နေ့စဉ်အသုံးပြုနေတဲ့ ဘီးများကိုအခါအားလျော်စွာ ဆေးကြောသင့်ပါတယ်။ ဘီးမှာကပ်နေတဲ့ ဆံပင်များကို ဖယ်ထုတ်ပြီး ပန်ကန်ဆေးဆပ်ပြာနှင့်ဆေးကြောပါ၊ ပြီးနောက် ရေနွေးနှင့် အဖြူရောင် ရှာလကာရည် တို့ရောစပ်ထားသောအရည်ထဲတွင် နာရီဝက်ဝက်ခန့် စိမ်ကာ ဆေးကြောပေးခြင်းကို နှစ်ပတ်တစ်ကြိမ် (သို့မဟုတ်) သုံးပတ်တစ်ကြိမ်ပြုလုပ်ပေးခြင်းအားဖြင့်လည်း ဗောက်ထခြင်းရောဂါကိုကာကွယ်ပါ။

၃။ ဆေးပါဝင်သော ခေါင်းလျှော်ရည်ကိုအသုံးပြုပါ
ဇင့်ဓါတ်ဟာ ဗောက်ထခြင်းရောဂါကိုအကောင်းမွန်ဆုံးတွန်းလှန်နိုင်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဇင့် ဓါတ်ဟာ ဗက်တီးရီးယားတွေကိုတိုက်ခိုက်နိုင်စွမ်းရှိသလို ခန္ဓာကိုယ်မှ ဆဲလ်များပြောင်းလဲမှုများကိုလည်းနှေးကွေးအောင်ပြုလုပ်နိုင်စွမ်းရှိပါတယ်။ မိမိတို့ကြိုက်နှစ်သက်ပြီး အစွမ်းထက်တဲ့ဆေးပါဝင်တဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုနိုင်ကြပြီး ဦးရည်ပြားကို Moisturize (အစိုဓါတ်ရရှိအောင်) ပြုလုပ်ပေးနိုင်သော ခေါင်းလျှော်ရည်မျိုးက ဗောက်ထခြင်းကိုကာကွယ်ရာမှာပိုမိုအစွမ်းထက်ပါတယ်။

၎။ အလှပြင်ဆိုင်တွင် ကုသမှုပြုလုပ်ခြင်း

လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်က စပြီး ဗောက်ထခြင်းနှင့်ပတ်သက်ပြီး လူတွေနားလည်ခဲ့တာကပုခုံးပေါ်မှာရှိနေတဲ့အဖြူရောင်ဗောက်ဖတ်လေးတွေဟာ ဦးခေါင်းရဲ့ဦးရည်ပြားပေါ်ကနေကျလာတာဟု ဖြစ်သည်။ ဒါကြောင့်
ဗောက်ထခြင်းကို အလှပြင်ဆိုင်သွားပြီးကုသလိုသူများအတွက် ဦးရည်ပြားအသစ်ပြုပြင်ခင်း (Scalp Renew) လို့လူသိများတဲ့ ကုသခြင်းမျိုးပြုလုပ်ရပါမယ်။ ဦးရည်ပြားအသစ်ပြုပြင်ခြင်း (Scalp Renew) ဆိုတာ ဦးရည်ပြားမှာရှိတဲ့ အဆီးပိုများကိုဖယ်ရှားခြင်းဖြစ်ပြီး ၎င်းကုသမှုကို ရက် ၃၀ မှ ၄၅ ရက်လျှင် တစ်ကြိမ်စီပြုလုပ်သင့်ပါတယ်။ ကျန်းမာသန်စွမ်းသော ဦးရည်ပြားပိုင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက်လည်း ဦးရည်ပြား အသစ်ပြုပြင်ခြင်း ( Scalp Renew) ကုသမှုကိုမိမိတို့နှင့်နီးစပ်ရာ အလှပြင်ဆိုင်များတွင် ကုသမှုခံယူလိုက်ပါ။

၅။ မိမိမှာ ဘာကြောင့် ဗောက်ထသလဲ သိအောင်လုပ်ပါ။

လူတစ်ယောက်နှင့်တစ်ယောက် ဗောက်ထခြင်းပမာဏဟာ မတူညီပါဘူး။ ဒါ့အပြင် ကုသရေးနည်းလမ်းကိုလည်းလူအားလုံးအတွက်တစ်မျိုးတည်းအသုံးပြုလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နှင့် တစ်ယောက်ဗောက်ထရောဂါဖြစ်ပွားမှု ရဲ့အရင်းအမြစ်အကြောင်းရင်းက တူညီမှုမရှိလို့ပါပဲ။ အဓိက ဗောက်ထခြင်းနည်းလမ်းအားဖြင့် pityiaris capitis simplex နှင့် pityriasis steatoides ဆိုပြီးနှစ်မျိုးရှိပါတယ်။ ပထမ တစ်မျိုး ဖြစ်တဲ pityiaris capitis simplex ဟာ စိတ်ဖိအားများပြားခြင်း၊ အစားအသောက်မမှန်ခြင်းနှင့် ရေဓါတ်ခမ်းခြောက်ခြင်းများကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး ဖြစ်ပွားပါက ဦးရည်ပြားဟာ ခြောက်သွေ့လာပြီးဦးရည်ပြားယားယံခြင်းများဖြစ်ပေါ်စေသည်။ထိုကဲ့သို့ဖြစ်ပေါ်ပါကအစွမ်းထက် ခေါင်းလျှော်ရည်များကိုအသုံးပြုကာကုသနိုင်ပါတယ်။ ဒုတိယတစ်မျိုးဖြစ်တဲ့ pityriasis steatoides ကတော့ အဆီဓါတ်များပြားသော ဦးရည်ပြားများတွင်ဖြစ်ပေါ်တတ်ပြီး ထိုကဲ့သို့ဖြစ်ပေါ်နေသူတစ်ဦးကတော့ သက်ဆိုင်ရာ ဆရာဝန်များနှင့်တွေ့ဆုံဆွေးနွေးသင့်သည်ဟု သိရသည်။

အောင်ဟိန်းခိုင်

အရေးပေါ်သန္ဓေတားခြင်းနှင့်ပတ်သက်၍ အမျိုးသမီးများ၏ လွဲမှားသော ယူဆချက်များ



မကြာမီက ပြုလုပ်ခဲ့သော လေ့ လာမှုတစ်ခုအရ အရေးပေါ်သန္ဓေတား ခြင်းအကြောင်းကို အနည်းအကျဉ်းမျှသာသိသော အမျိုးသမီး ၅၉ ရာခိုင်နှုန်းရှိပြီး များစွာမသိသည့် အမျိုးသမီး ၁၂ ရာခိုင်နှုန်းရှိကာ လုံးဝမသိ သူ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အသက်(၁၆)နှစ်မှ (၅၄)နှစ်အတွင်းရှိ အမျိုးသမီးပေါင်း ၂၀၀၀ ဦးကို စစ်တမ်းကောက်ယူမှုအရ အရေးပေါ် သန္ဓေတားခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ လွဲမှားသော ယူဆချက်များကိုလည်း ဖော်ပြနေသည်။

အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း(သို့မဟုတ်) သုံးနေကျ သန္ဓေတားနည်းနှင့် အဆင်မပြေသည့်အခါ အရေးပေါ် သန္ဓေတားနိုင် သည့် နည်းလမ်းသုံးမျိုးရှိသည်။ သန္ဓေတားနိုင်သော ဆေးများ ရှိပါသည်။ IUD ဟုခေါ်သော အရေးပေါ် သန္ဓေတားနိုင်သည့်ပစ္စည်းကိုအကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးနောက် ငါးရက်အထိသားအိမ်ထဲတွင် ထည့်ထားနိုင်သည်။ IUD ပစ္စည်းမှာ ပလတ်စတစ်နှင့် ကြေးနီဖြင့် ပြုလုပ်ထားသော သားအိမ်ထဲတွင် ထည့်ရသော ပစ္စည်းငယ်လေး တစ်ခုဖြစ်ပြီး ငါးနှစ်မှ ဆယ်နှစ်အထိ အသုံးပြုနိုင်သည်။

လတ်တလော လေ့လာမှုများအရ အမျိုးသမီး သုံးပုံတစ်ပုံကျော်က အရေးပေါ်သန္ဓေတားဆေးများ ၀ယ်ယူရန်သားဖွားမီးယပ်ဆရာဝန်ထံမှ ညွှန်ကြားစာလိုကြောင်း ယုံကြည်ကြသည်ဟု သိရသည်။ အရေးပေါ် သန္ဓေတားဆေးအမျိုးမျိုးကို ဆေးဆိုင်များတွင် ဆေးစာမလိုဘဲ အလွယ်တကူဝယ်ယူရရှိနိုင်ပါသည်။ အကယ်၍ သန္ဓေတားရန် IUD ပစ္စည်း သုံးမည်ဟု ဆုံးဖြတ်ထားပါက ယင်းပစ္စည်းကို ဆရာဝန်(သို့မဟုတ်) သူနာပြုတို့က ထည့်ပေးရန် လိုအပ်သည်။

အရေးပေါ်သန္ဓေတားဆေးများကို ဆေးဆိုင်များ၊ ဆေးရုံများ၊ သားဖွားမီးယပ်ဆိုင်ရာ ဆေးခန်းများတွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါသည်။ အမျိုးသမီး ၅၀ ရာခိုင်နှုန်းက အရေးပေါ်သန္ဓေတား နည်း အသုံးပြုခြင်းမှာ ကိုယ်ဝန်ပျက်ကျစေသည် (သို့မဟုတ်) သေချာရေရာမှု မရှိဟု ယုံကြည်ကြကြောင်း အထက်ပါ လေ့လာမှုအရ သိရသည်။ အရေးပေါ်သန္ဓေတားဆေးများက မျိုးဥမျိုးအောင်ခြင်း(သို့မဟုတ်) ထုတ်လွှတ်ခြင်းကို တားဆီးပေးခြင်း (သို့မဟုတ်) သားအိမ်ထဲတွင် သန္ဓေမတည်နိုင်ရန် ကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်သည်။

ယင်းနည်းလမ်းမှာ မလိုလားအပ်သော ကိုယ်ဝန်ဆောင်ခြင်းကို ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး ကိုယ်ဝန်ဖျက်ချခြင်းမဟုတ်ကြောင်း၊ဆေးဘက်ဆိုင်ရာ လေ့လာမှုများနှင့် တရားဌာနများက အတိအလင်း ပြောကြားထားပြီး ဖြစ်သည်။ ကိုယ်ဝန်ဖျက်ချခြင်းမှာ ကိုယ်ဝန်ဆောင်ထားရခြင်းကို အဆုံးသတ်စေလိုက်ခြင်းဖြစ်ပြီး မျိုးအောင်ပြီး မျိုးဥသားအိမ်ထဲတွင် တွယ်နေပြီးမှသာ ကိုယ်ဝန်ဖျက်ချနိုင်သည်။ ယင်းကိစ္စနှစ်ခုမှာ အလွန်ပင် ကွာခြားပါသည်။

အရေးပေါ်သန္ဓေတားဆေးကို အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးနောက် ၂၄ နာရီအတွင်း သောက်ရမည်ဟူသော ယူဆချက်သည် မမှန်ကန်ဘဲ ယင်းဆေးများမှာ သုံးရက်အထိ ဆေးစွမ်းပြနိုင်သည်။ သို့သော် စောစောသောက်လေ ဆေး၏အကျိုးသက်ရောက်မှုအားကောင်းလေ ဖြစ်သည်။

အရေးပေါ်သန္ဓေတားဆေးကို တစ်လအတွင်း တစ်ကြိမ်ထက်ပို၍ သောက်သုံးနိုင်သော်လည်း ကျွမ်းကျင်သူများက ယင်းသို့ လုံးဝလမ်း မညွှန်ပေ။ အရေးပေါ်သန္ဓေတားနိုင်သည့် တခြားနည်းလမ်းများ ရှိသည်ကို အမှတ်ရပါ။

အရေးပေါ်သန္ဓေတားဆေးသောက်ပြီး နို့တိုက်ခြင်းကို သီတင်းတစ်ပတ်အထိ မလုပ်ရန် ကျွမ်းကျင်သူများက ညွှန်ကြားသည်။ လေ့လာမှုအတွင်းပါဝင်သော အမျိုးသမီးသုံးပုံနှစ်ပုံက အရေးပေါ်သန္ဓေတားဆေးများ အကြိမ်ကြိမ် အသုံးပြုခြင်းဖြင့် ကိုယ်ဝန်မဆောင်နိုင်ဖြစ်မည်ဟု ယုံ ကြည်ထားကြသည် (သို့မဟုတ်) မသေချာဟုယုံကြည်ကြသည်။

အရေးပေါ်သန္ဓေတားဆေး အကြိမ်ကြိမ်သုံးခြင်းက သင်၏ရာသီလာချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သို့သော်လည်း နောင်တစ်ချိန် ကိုယ်ဝန်မဆောင်နိုင်ဖြစ်ခြင်းမျိုး မရှိပါ။ ယင်းဆေးများမှာ ပုံမှန်သောက်သုံးရန် မဟုတ်ဆိုခြင်းကို အမှတ်ရပါ။ ပုံမှန်သုံးရန် သန္ဓေတားဆေးလိုအပ်ပါက နည်းလမ်းများစွာရှိပြီး ဆရာဝန်နှင့် တိုင်ပင်ကာ သင့် အတွက် အဆင်ပြေဆုံးနည်းလမ်းဖြင့် ပုံမှန်သန္ဓေတားနိုင်သည်။

-TOI

7 Day

လက်သည်း ကိုက်ခြင်း



လက်သည်းကိုက်လေ့ရှိခြင်း၊ လက်မကို စုပ်လေ့ရှိခြင်း စတာတွေဟာ စိတ်ပျံ့လွင့်သူတွေ၊ စိတ်ဂဏှာ မငြိမ်တဲ့သူတွေ၊ စိတ်ဖိစီးမှုများတဲ့သူတွေရဲ့ လက္ခဏာ တစ်ရပ်ပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကလေးတွေနဲ့ ဆယ်ကျော်သက် လူဦးရေရဲ့ တ၀က်လောက်ဟာလည်း လက်သည်းကိုက်တဲ့အကျင့် ရှိတတ်ကြတယ် လို့ ဆိုပါတယ်။

လက်သည်းကိုက်ခြင်းကြောင့် လက်သည်းများ လုံးဝပျက်စီး ယိုယွင်းတာမျိုး မဖြစ်တတ်ပေမယ့် လက်သည်းတွေ မလှမပ ဖြစ်တတ်ပြီး လက်သည်းနဲ့ ပါးစပ်တွေမှာ ရောဂါပိုးတွေ ကူးစက်ဝင်လာစေနိုင်ပါတယ်။ လက်သည်းကိုက်တတ်တဲ့ အကျင့်ဟာ အင်မတန် ဖျောက်ရ ခက်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ လက်သည်းကိုက်တတ်တဲ့ အကျင့်ဟာ အလိုအလျောက် ပျောက်သွားတတ်ကြပါတယ်။

လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ဖျောက်ဖို့အတွက် စိုးရိမ်ပူပန်တတ်တဲ့ အကျင့်ကိုဖျောက်ပြီး နေထိုင်ရမှာပါ။ လက်သည်းကို မကိုက်မိစေဖို့အတွက် အရသာခါးတဲ့ အရောင်တင်ဆေး (nail polish) တွေကိုလည်း သုံးနိုင်ပါတယ်။ တကယ်လို့ လက်သည်း ကိုက်ခြင်းအပြင် မိမိဆံပင်ကို မိမိဘာသာ ဆွဲစုပ်လေ့ရှိခြင်း၊ မိမိကိုယ်မိမိ နာကျင်အောင်လုပ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပူးတွဲရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Credit : Trend Myanmar

ဘာပဲစားစား သင့်ဗိုက်သားပြားချပ်နေအောင် ထိန်းသိမ်းဖို့ အလွယ်ကူဆုံး နည်းလမ်းများ


စိန်ခေါ်မှုများစွာ ကြုံတွ့နေရတဲ့ ခုခေတ်အချိန်အခါမှာ ဘယ်သူက ကိုယ့်ဗိုက်ကို ဆယ့်နှစ်ရာသီ ပြားချပ်နေတာ မလိုချင်ဘဲ ဘယ်ရှိပါ့မလဲ။ အထူးသဖြင့် နည်းနည်းကျပ် အဝတ်အစားတွေနဲ့ အဝတ်အစားအတိုအပြတ်တွေ အရှိန်အဟုန်နဲ့ ခေတ်စားလို့လာတဲ့ ဒီအချိန်မှာလေ။ ရိုးရိုးရှင်းရှင်းနည်းနဲ့ပဲ သင့်ဗိုက်သားပြားချပ်နေအောင် ထိန်းသိမ်းဖို့ အလွယ်ဆုံးနည်းလမ်းတွေရှိပါတယ်။

(၁) ညမအိပ်မီ လေးနာရီအတွင်း အစာမစားပါနဲ့

အစာတွေစားပြီးပြီးချင်း တခါတည်း အိပ်ခန်းသို့ချီတက် အိပ်စက်အနားယူလိုက်မယ်ဆိုရင် အစာချေဖျက်ပေးဖို့ သင့်တင့်တဲ့အချိန် မယူလိုက်ပဲ၊ နေ့အချိန်က ကိုယ်လက်လုပ်ရှားမှုပြုနေစဉ်အတွင်းက ကယ်လိုရီးတွေကို ဖယ်ထုတ်ပေးဖို့ အခွင့်ရအောင် အချိန်ကောင်းမပေးလိုက်ရာရာက်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အလေးချိန်က ကိုယ့်အပေါ်မှာသာစုပြုံပြီး ဝမ်းဗိုက်ကဘေးဘက်ကို ကားထွက်လာတာ၊ ကြီးရင်းပိုကြီးလာတာ တဖြည်းဖြည်း စတင်သတိပြုမိလာမှာဖြစ်တယ်။

(၂) ထမင်းမစားမီနဲ့ စားပြီးအချိန်မှာ ရေတစ်ဗူးသောက်ပါ

ရေဟာ ကောင်းတဲ့ အချက်ဖြစ်သည်သာမက ဗိုက်ကို တကယ်ပြည့်နေတာထက်ကို ပိုတင်းနေရသလို ခံစားရစေမှာဖြစ်တယ်။ ထမင်းမစားခင် ရေတစ်ဗူးသောက်မယ်ဆိုရင် အစာအလွန် အကျွံစားသုံးချင်စိတ်ကို ရှောင်လွဲနိုင်မှာဖြစ်ပြီး ထမင်းစားပြီး ရေတစ်ဗူးသောက်ခြင်းအားဖြင့်လည်း ဗိုက်ပြည့်ပြီဖြစ်ကြောင်း သေချာမှု ရရှိခံစားလာစေမှာဖြစ်တယ်။ ရေကြောင့်ဖြစ်လာတဲ့ ကိုယ်အလေးချိန်ကြောင့် မစိုးရိမ်ပါနဲ့။ ခဏကြာလာရင် ချက်ချင်း သိသိသာသာ ပြန်ကျသွားပါလိမ့်မယ်။

(၃) အိပ်ယာမဝင်ခင်နဲ့ နိုးလာတဲ့အချိန် ၂၅ ကြိမ်စီ အံကြိတ်ပေးပါ

ဒါမဖြစ်မနေလုပ်ရမယ့် တာဝန်ပါ။ ဒီအလေ့အကျင့်ကို တစ်ခုချင်းစီ အတိမ်းအစောင်း မခံဘဲ အကုန်လိုက်နာဆောင်ရွက်လို့မှ သင့်ဗိုက်က ထင်သလောက်ပြားချပ်မလားဘူးဆိုပါဆို့။ တစ်နေ့ကို အကြိမ် ၅၀ လောက် ထပ်လုပ်ပေးနိုင်ရင် မဆိုးဘူးပေါ့။ အဲဒီလို လုပ်လို့ အကျင့်ရလာပြီဆိုတာနဲ့ သင့်တစ်နေ့တာလှုပ်ရှားမှုမှာ ထူးခြားမှုရှိလာကြောင်း သိရှိလာပါလိမ့်မယ်။

Source: vibenigeria

Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း

Contraceptive pills ကိုယ်ဝန်တား စားဆေး၊ Rings ကွင်း၊ နဲ့ Patches ကပ်ခွါတွေကနေ သုံးစွဲတဲ့ အမျိုးသမီးတွေ Risk of blood clot သွေးခဲစေနိုင်တဲ့ အန္တရာယ် ရှိစေနိုင်တယ်လို့ ၂၇-၁ဝ-၂ဝ၁၁ နေ့က အမေရိကန် FDA ဆေးဝါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ကနေ ထုတ်ပြန်လိုက်ပါတယ်။

Food and Drug Administration ကနေ အမျိုးသမီးပေါင်း ၈ သိန်းကျော်ကို ၂ဝဝ၁ ကနေ ၂ဝဝ၇ အတွင်းမှာ လေ့လာခဲ့တာပါ။ ဒီ အမျိုးသမီးတွေဟာ Yaz pill သုံးသူတွေ၊ Ortho Evra trans-dermal patch အရေပြားအောက် ထည့်ထားရတဲ့ ဆေးချောင်းတွေ နဲ့ NuvaRing (ဗဂျိုင်းနား) ထဲထည့်ထားရတဲ့ ကွင်းတွေ သုံးနေကြသူတွေ ဖြစ်ပါတယ်။ ဒီ နည်း ၃ မျိုးလုံးဟာ Deep venous thrombosis ကိုယ်အတွင်းထဲမှာ ရှိတဲ့ သွေးပြန်ကြောထဲ သွေးခဲတဲ့ရောဂါနဲ့ ဆက်စပ်နေပါတယ်။

Drospirenone ဆေးပါတဲ့ဟာ Progestin ပါတဲ့ Levonorgestrel လိုဆေးနဲ့ မတူတဲ့သဘော ဖြစ်ပါတယ်။ ဒီအန္တရာယ် ရှိနိုင်တဲ့ ဆေးနာမည်တွေကတော့ Yaz, Yasmin, Beyaz, Ocella, Loryna, Gianvi, Safyral, Syeda နဲ့ Zarah တွေ ဖြစ်ကြတယ်။

- Yaz ဆေးဟာ ဂျာမန်ကုမ္ပဏီ Bayer ကနေထုတ်လုပ်ပြီး တကမ္ဘာလုံးမှာ ၁့၅၆ ဘီလီယမ် ဘိုး ရောင်ချနေရတဲ့ ကိုယ်ဝန်တား စားဆေး ဖြစ်တယ်။
- NuvaRing ဆိုတာ အမျိုးသမီးရဲ့ ဗဂျိုင်းနားထဲမှာ တလထားနိုင်တဲ့ ဆေးပါတဲ့ကွင်း ဖြစ်တယ်။ Merck pharmaceuticals ကနေ ထုတ်တယ်။

- Ortho Evra patch ကတော့ Janssen Pharmaceuticals ကနေထုတ်ပြီး တပါတ်တခါ အသစ်လဲရတာမျိုး ဖြစ်တယ်။

အခု တွေ့ရှိချက်ဟာ အသစ်ဖြစ်ပြီး လာမဲ့ ဒီဇင်္ဘာလထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဘို့ရှိပါတယ်။ အခုလို တာရှည်ခံ တားနည်းတွေကနေရတဲ့ Estrogen (အီစထိုဂျင်) ဟော်မုန်းကြောင့် ဒီလိုဖြစ်ရလို့ ယူဆစရာရှိပါတယ်။

European Medicines Agency ကလဲဘဲ ၂၇-၅-၂ဝ၁၁ ကတည်းက ဒီလို သတိပေးချက် ထွက်ပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သွေးခဲစေနိုင်တဲ့ ဖြစ်နှုန်းက သိပ်မများတာကြောင့် အမျိုးသမီးတွေ Drospirenone pills မသုံးကြနဲ့တော့လို့ မပြောသေးပါ။

ရှားပါတာတွေ ရှိပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတယောက် Yaz သုံးရာကနေ သွေးခဲပြီး သေဆုံးရတယ်လို့ စွပ်စွဲမှုနဲ့ တရားစွဲဘူးတယ်။ Michelle Pfleger ခေါ်တဲ့ ၁၈ နှစ်သမီး အမေရိကန်မလေးလဲ ဝက်ခြံ ပျောက်အောင်ဆိုပြီး တားဆေး Yaz သောက်လို့ နှလုံးရပ်ပြီး သေဆုံးသေးတယ်။

- ဒီနှစ်ထဲမှာ British Medical Journal ရဲ့ရေးသားချက် ၂ ခု အရလဲ Yaz နဲ့ Yasmin ဆေးတွေကနေ သွေးခဲမှာကို ၃ ဆ ရှိတယ်၊
- သုံးနေကြ တားဆေးတွေက ၂ ဆသာ ဖြစ်စေတယ်လို့ ပါရှိတယ်။ တားဆေး မသောက်သူထက် ပိုဖြစ်နိုင်တာကို ဆိုလိုတာဖြစ်တယ်။
- Yaz ရဲ့ တရားဝင် Website (ဝက်ဘ်ဆိုက်) မှာလဲ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေထဲမှာ Blood clots သွေးခဲတာ၊ Stroke (စထုပ်ခ်) ရတာ နဲ့ Heart attack နှလုံး (အတက်ခ်) ရတာတွေ ဖြစ်စေနိုင်တယ်လို့ ပါထားတယ်။

- NuvaRing ဆေးကွင်း နဲ့ Ortho Evra ဆေးချောင်းတွေနဲ့ ဆက်စပ်မှုကတော့ အသစ်တွေ့ရှိချက် ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၃၅ နှစ် အထက် အမျိုးသမီးတွေအတွက် စိုးရိမ်စရာရှိနိုင်တယ်။

Dr. တင့်ဆွေ

Contraceptive pills ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေး

• လူအများဆုံးသုံးတယ်။ ဈေးချိုတယ်။ ရှာရတာလွယ်တယ်။
• Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတဲ့ တလစာ ၂၈ လုံးပါတဲ့ကိုယ်ဝန်တားဆေးဖြစ်တယ်။
• ဆေးလုံး အရောင် ၂ မျိုးရှိမယ်။ ၂၁ လုံးကအရောင်တမျိုး၊ ၇ လုံးကအရောင်တမျိုး။ ၂၁ လုံးမှာသာ ဟော်မုန်းတွေ ပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တားဆေးကို ပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတ္တပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကို ဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေ သွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန် သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။

Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး
၁။ Combined pill ဆေးနှစ်မျိုးတွဲ စားဆေး
COC လို့လဲ ခေါ်တယ်။ ဟော်မုန်း ၂ မျိုးတွဲဆေး ဖြစ်တယ်။ Estrogen နဲ့ Progesterone ဟော်မုန်းတွေကနေ လစဉ် ရာသီလာစေဘို့နဲ့ မျိုးဥ ထွက်နေဘို့ လုပ်ပေးနေတာပါ။ ဆေးထဲပါတဲ့ ဟော်မုန်းတွေကြောင့် မျိုးဥ ထွက်မှာကို တားဆီး ပေးတယ်။ အမျိုးမျိုးရှိတယ်။ သားအိမ်အဝမှာ ရှိတဲ့ ချွဲရည်ကိုလဲ ထူပြစ်စေတာမို့ မျိုးဥ ထွက်လာအုံးတော့ သုတ်ပိုးနဲ့ တွေ့ဘို့ ခက်ခဲစေပြီး၊ သားအိမ်အတွင်းနံရံကိုလဲ ပါးလွှာစေသေးလို့ သန္ဓေဟာ သားအိမ်မှာ လာမကပ်နိုင်တော့ဘူး။ လူအများဆုံးသုံးတဲ့ဆေးဖြစ်တယ်။

စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။ ရာသီ စလာတဲ့နေ့က ၅ ရက်မြောက်နေ့ကစပြီး သောက်ရမယ်။ အားလုံးပေါင်း ၂၁ ရက်ကြာ၊ နေ့တိုင်း ဆေး ၁ ပြားစီသောက်ရမယ်။ နောက်ဆုံး သောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာ ဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။

၂။ Progestogen-only pill (POP) ဆေးလုံး
Mini-Pill လို့လဲ ခေါ်သေးတယ်။ Progestogen ဟော်မုန်း တမျိုးတည်းပါတဲ့ဆေး ဖြစ်တယ်။ နာမယ် အမျိုးမျိုးနဲ့ ရှိတယ်။ ဒီဆေးကြောင့် သားအိမ်အဝက ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာစေလို့ ကျားသုတ်ပိုးကို သားအိမ်ထဲ မဝင်အောင် တားတယ်။ သားအိမ် အတွင်းသားနံရံကိုလဲ ပါးလွှာစေလို့ သန္ခေတွယ်ကပ်မှာကိုလည်း တားပေးတယ်။ ဒီဆေးမျိုးက ကြားရက်မှာ သွေးနဲနဲဆင်းတာ ပိုဖြစ်တတ်တယ်။ ဆေးကပ်ကုန်တာနဲ့ နောက်တကပ် ဆက်သောက်ပါ။ အသက်ကြီးလည်း သောက်နိုင်တယ်။ Cerazette ဆေး ဖြစ်ရင် လစဉ် မျိုးဥထွက်တာကိုပါ တားဆီးပေးမယ်။

၃။ အရေးပေါ်တားဆေး Ecee-2 ကို ဖေ့စ်ဘွတ်မှာမတင်ပါ။

ကိုယ်ဝန်နဲ့ တားဆေး
ကလေးဖွါးပြီးသူတွေ ကလေးနို့မတိုက်ရင် ၂ ပါတ်၊ နို့တိုက်ရင် ၆ ပါတ် စောင့်ပြီး စသောက်ရမယ်။ ဟော်မုန်း ၂ မျိုးတွဲ ဆေးက နို့ထွက် နည်းစေတယ်။ ဒါ့ကြောင့် ဟော်မုန်း ၁ မျိုးထဲဆေးကို နို့တိုက်တိုက်-မတိုက်တိုက် ကလေးဖွါးပြီးတာနဲ့ သောက်ပါ။ ကိုယ်ဝန်ပျက်သူတွေ ပျက်ပြီးပြီးချင်း သောက်ရမယ်။

မလိုလားအပ်တာတွေ
• သွေးအချိန်မဟုတ် နဲနဲဆင်းမယ်၊
• ခေါင်းကိုက်မယ်၊
• စိတ်မူ ပြောင်းလဲတတ်တယ်၊
• ရင်သား တင်းတတ်တယ်၊
• စိတ်ကျတတ်တယ်၊
• ဆက်ဆံလိုစိတ် နဲတတ်တယ်၊ လူတိုင်းမဟုတ်ပါ။
• လူဝလာတတ်တယ်၊
• အရေပြားပေါ် အစက်အပျောက် ပေါ်တတ်တယ်။
• ရာသီနည်းတာ၊ မလာတာဖြစ်နိုင်တယ်၊
• ရှားရှားပါးပါး မျိုးဥအိမ် အကြိတ်အလုံးပေါ်တာ သွေးဖိအားတက်ခြင်း၊ သွေးခဲခြင်းတွေ ဖြစ်တတ်တယ်။
• အခု ဒါမှမဟုတ် အရင်က ရင်သား-ကင်ဆာ ရှိနေရင်၊ ကိုယ်ဝန်ရှိနေရင်၊ အသဲနဲ့ သည်းခြေရောဂါရှိနေရင်၊ မျိုးဥအိမ် အကြိတ်-အလုံး ရှိဘူးရင်၊ (မိုင်ဂရင်း) အမူးရောဂါရှိရင် မသုံးသင့်ပါ။
• ကိုယ်ဝန် ရှိနေရင်၊ အသက် ၃၅ ကျော်ရင်၊ အဝလွန်ရင်၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက် ရောဂါ၊ အသဲ-သည်းခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေရင် မသုံးသင့်ပါ။

ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေ
• ခြေထောက်-အဆုပ်-နှလုံး-ဦးနှောက်မှာ သွေးခဲတတ်တယ်။
• သွေးဖိအား (သွေးတိုး) များတတ်တယ်။
• အသက် ၃၅ နှစ်ကျော်ရင် ဒါတွေ ပိုဖြစ်စေနိုင်တယ်။
• ပဋိဇီဝဆေး၊ မွေးလမ်းပိုးကုဆေး၊ အတက်ပျောက်ဆေး၊ HIV ဆေးတွေနဲ့ တွဲသောက်တာ မကောင်းပါ။
• ဝမ်းလျှောနေတုံး၊ အန်နေတုံး သောက်သူတွေမှာ ထိရောက်မှု မသေခြာပါ။
• ပျို့-အန်ချင် သက်သာအောင် ညနေစာစားပြီး သောက်သင့်တယ်။

ပူးတွဲ-ကောင်းကျိုး
သွေးဆင်းရက် မှန်စေတယ်။ ရာသီမလာခင် ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းစေတယ်။ သွေးဆုံးခါနီး ခံစားရတာတွေ လျှော့စေတယ်။ ဝက်ခြံပေါက်တာ သက်သာစေတယ်။ မျိုးဥအိမ်-ကင်ဆာနဲ့ သားအိမ် အတွင်းလွှာ-ကင်ဆာလဲ အဖြစ်နဲစေတယ်။ Osteoporosis အရိုးရောဂါဖြစ်မှာကို လျှော့ပါး စေတယ်။ ရာသီဆင်းတာ နည်းစေလို့ သွေးအားနည်းတာ အဖြစ်နဲမယ်။ မျိုးဥအိမ်အလုံး၊ မွေးလမ်းခြောက်တာ၊ ဆက်ဆံချိန်နာတာ၊ ရင်သား-အကြိတ်၊ သားအိမ်ပြင်ပ ကိုယ်ဝန်တည်တာ၊ ကိုယ်မွှေးများတာတွေပါ အဖြစ်နည်းကြတာ တွေ့ရပါတယ်။

Extended Cycle Birth Control Pills ခေါ်တဲ့ Seasonique, Lybrel and Seasonale ဆေးသစ်တွေက တနှစ်မှာ ရာသီ ဘယ်နှစ်ခါဘဲ လာစေချင်တာမျိုး စိတ်ကြိုက် ထိန်းလို့ရတယ်။ ရာသီမဆင်းအောင်အထိပါ လုပ်ချင်လုပ်နိုင်တယ်။ Yaz 28 ဆေးက ပဌမ ၄ ရက်သောက်ရမှာက ဟော်မုန်း မပါဘူး။ ဒါ့ကြောင့် ဟော်မုန်း အပြောင်းအလဲ ဖြစ်တာ နည်းစေတယ်။ Loestrin 24 Fe ဆေးက အဲလိုဘဲ အရင်ပေါ်တာပါ။

Dr. တင့်ဆွေ

နားကျပ်သုံးစွဲခြင်း၏ ဘေးထွက်ဆိုးကျိုးများ


ကားမောင်းရင်း ဖုန်းပြောတဲ့အခါဖြစ်စေ၊ သီချင်းနားထောင်တဲ့အခါဖြစ်စေ၊ တီဗွီကြည့်တဲ့ အခြါ ဖစ်ေ စ၊ ကွန်ပြူတာအင်တာနက် လိုင်းသုံး၍ စကားပြောတဲ့အခါဖြစ်စေ၊ ကွန်ပြူတာဂိမ်းေ ဆာ့ တဲ့ အခါဖြစ်စေ 
မိမိကြောင့် ဘေးပတ်ဝန်ကျင်ကိုအသံဖြင့် နှောင့်ယှက် မှုမရှိစေဘဲ၊ တသီးပုဂ္ဂလြ ကည် လင် ရှင်းလင်းစွာ နားသောတဆင်နိုင်ဖို့ အတွက် နားကျပ်လေးတွေက လွန်စွာအသုံးတည့် လှပါ တယ်။ သို့ သော် ထိုနားကျပ်တွေကဘဲ နားကျန်းမာရေးအတွက် ဘေးထွက်ဆိုး ကျိုးများ စွာ ဖြစ်စေနိုင်ကြောင်းကို သိထားဖို့ လိုပါ တယ်။


(၁) အကြားအာရုံချို့ ယွင်းခြင်း။
ယနေ့  ကမ္ဘာပေါ်မှာ အကြားအာရုံချို့ ယွင်းကြသူအများစုမှာ ဆယ်ကျော်သက် ရွယ် များဖြစ်ကြပြီး၊ ၄င်းတို့ ဟာ အသက် ၁၀ နှစ် အရွယ် မတိုင်မှီကတည်းကစ၍ အသံနှုန်းမြှင့်ကာ နားကျပ်ဖြင့် သီချင်းကျယ်ကျယ်နားထောင်လေ့ ရှိကြကြောင်း၊ ထိုသို့ ကာလ တာရှည်စွာနားထောင်ခြင်းက
လုံးဝနားကန်းသွားနိုင်ကြေင်း၊ တချို့ လည်းယာယီ နားပင်းသွာတာမျိုးတွေရှိကြောင်း ဘော့စတွန် ရှိ ကလေးဆေးရုံမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Dr. Brian Fligor က ဆိုပါတယ်။

(၂) Decibel Ranges(ခေါ်)အသံပါဝါယူနစ်များ။
အသံပါဝါယူနစ်ဆိုတာ အသံအတိုးအကျယ်ကို တိုင်းတာနှုန်းထားဖြစ်ပါတယ်။ နားကျပ်မှ အသံ ပါ ၀ါယူနစ်ကို ၈၅ အထိ ထား၍ တစ်နေ့ ကို ၈-နာရီကြာ သီချင်းနားထောင်တဲ့အခါ ယာယီနား ကန်း သွားစေနိုင်ပါတယ်။ ထို့ နည်းတူ အသံပါဝါယူနစ်ကို ၈၈ အထိ ထား၍ ၄-နာရီကြာမျှ သီချင်း နားထောင်တဲ့အခါမှာလည်း ယာယီနားကန်းသွားစေပါတယ်။ အကယ်၍ အသံပါဝါယူနစ်ကို ၁၀၀ မှ ၁၀၅ အထိထား၍ သီချင်းနားထောင်မယ်ဆိုရင်တော့ ၁၅-မိနစ် အချိန်တွင်းမှာပင် နား (လုံးဝ) ကန်းသွားနိုင်ပါတယ်။

(၃) နားထဲသို့ ပိုးဝင်သွားခြင်း။
ဥပမာ အင်တာနက်ဂိမ်းဆိုင်တွေမှာ နားကျပ်ကို မပျက်စီးသမျှကာလပတ်လုံး အသစ်လဲလှယ်ြ ခင်းမ ရှိ လူတကာသုံးထားတာ ကြောင့် ဘက်တီးရီးယားပိုးမွှားတွေကို တစ်ယောက်ပြီး တစ်ေ ယာက် လက်ဆင့်ကမ်းသယ်ဆောင်သွားကြပြီး နားထဲပိုးဝင်တတ်ပါ တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မိမိကိုယ်ပိုင် နားကျပ်သီးသန့် ထား၍သုံးပါ။ ခေတ္တချေးဌားသုံးစွဲခြင်း မပြုရ။

(၄) အချိန်အကန့် အသတ်ရှိပါစေ။
အလုပ်သဘောအရ မဖြစ်မနေ နားကျပ်တပ်၍သုံးရတဲ့အခါ၊ နားစည်တုန်ခါမှုမပြင်းထန်စေဖို့ အ တွက် (က) နားကျပ်ကို ဟိုးအ တွင်း နားဂလိုင်ပေါက်ထဲအထိ ထိုး၍မတပ်ပါနှင့် (ခ) မိမိကြားေ လာက်ရုံမျှသာ အသံပမာဏကို ချိန်ဆ၍လျော့သုံးပါ (ဂ) နားကျပ် သုံးစွဲချိန်ကို အချိန် ၁-နာရြီ ပည့်တိုင်း ၅-မိနစ် ခေတ္တနားပါ။

နားကျန်းမာရေးအသိဖြင့် ဖာသာဆင်ခြင်၍ မိမိပတ်ဝန်းကျင်ရှိသူများကိုပါ နားကျပ်ဝတ္တုပစ္စည်းေ လးတွေကြောင့် အကြားအာရုံ မဆုံးရှုံးကြလေအောင် ကျန်းမာရေးအသိဖြင့် လက်ဆင့်ကမ်းသ တင်း မျှဝေပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

ပေါက်ပေါက် မျှဝေသည်

Rheumatism လေးဘက်နာ

ခဏခဏမေး၊ မကြာမကြာတင်ပေးနေရတဲ့ရောဂါ။ အရင်ရေးထားတာတွေကို စုပေါင်းပြီး တပုဒ်ထဲလုပ်လိုက်ပါတယ်။ ဒါကြောင့် နည်းနည်းရှည်သွားတယ်။

ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဘက်နာ” လို့ ဗမာတွေက ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာလာတယ်။ အနီးစပ်ဆုံးက Rheumatism ဖြစ်ပါတယ်။ ဒီထဲမှာ (ရူမက်တစ်) အဆစ်နာ၊ (ရူမက်တစ်) အဖျား၊ (ရူမက်တစ်) နှလုံးရောဂါ၊ စတာတွေကို ခြုံခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးက နဲနဲတော့ ခေတ်နောက်ကျသွားပါပြီ။

အဆစ်နာ အမျိုးအစားပေါင်းက ရာကျော်ရှိတယ်။ အဆစ်နာတယ်ဆိုလိုက်ရင် လေးဘက်နာလို့ဘဲ ထင်ကြတယ်။ နဲနဲတော့မှန်တယ်။ ဒါပေမဲ့ အဆစ်နဲ့မဆိုင်တဲ့ နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ အဆုပ်တွေမှာလည်း ဖြစ်တာတွေ ရှိသေးတယ်။ ရောဂါခွဲတွေက များသလားမမေးနဲ့၊ ၁ဝဝ-၂ဝဝ ရှိတယ်။ လည်ပင်းကျီးပေါင်းတက်၊ ဂေါက်၊ အရေပြား၊ အရိုး၊ အဆစ်၊ တွယ်ဆက်(တစ်ရှူး) ရောဂါတွေ အများကြီး ပါနေတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဘက်နာ” လို့ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာ လာတယ်။

အဆစ်နာတာသာမက ဖျားတာ၊ လည်ပင်းနာတာ၊ နှလုံးရောဂါတွေလည်း ဆက်စပ်နေတယ်။ အများအားဖြင့် ခြေ၊ လက်၊ လည်ပင်း၊ ခါး၊ အဆစ်မှန်သမျှ ဒုက္ခပေးတယ်။ အဆစ်နာအပြင် အရွတ်နာ၊ အဆစ်ဖုံးနာ၊ အရွတ်ကြောနာ။ အများဆုံး ထိတာက အဆစ်ဖုံးနေရာ ရောင်တာပါ။ ကြွက်သားမှာ ဖြစ်ရင် ဝတ်နေကြ အဝတ်တောင် အတင်မခံနိုင်ဘူး။

အောက်တိုဘာ ၁၂ ရက်ကို “ကမ္ဘာ့ အဆစ်နာနေ့” လို့ သတ်မှတ်ထားတယ်။ လူ ၁ဝဝ မှာ ၁ ယောက် ဖြစ်နေကြတယ်။ အမျိုးသမီးတွေမှာ ၃ ဆများတယ်။ သွေးထဲမှာ အဆိပ်လို ကိုယ်နဲ့ မသင့်တာရှိလာလို့။ ရာသီဥတုနဲ့ ဆိုင်တဲ့သူတွေက ဆိုင်တယ်။

တချို့က ခုခံအားစနစ်နဲ့ဆိုင်လို့ (အော်တိုအင်မြူး) ရောဂါအုပ်စုမှာ ပါတယ်။ သူ့အောက်မှာလည်း ရောဂါမျိုးစုံ ပါတယ်။ မတည့်တာ ဝင်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်း ရှိတယ်။ “သူ့လူနဲ့ ကိုယ့်လူ မခွဲခြား တတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။” အဲဒီထဲက တခုကတော့ Rheumatoid arthritis (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ်အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ် အသေးစားရော အကြီးစားပါ ဖြစ်တာ။

အဆစ်နာတာနဲ့ နှလုံးရောဂါ တွဲနေတတ်တာက အရေးပါတယ်။ များသောအားဖြင့် ငယ်ငယ်-ရွယ်ရွယ်၊ ၅-၁၆ နှစ်တွေမှာ ဖြစ်တတ်တယ်။ နှလုံးရောဂါက (ရူမက်တစ်) အဖျားရဲ့ အကျိုးဆက် ဖြစ်တယ်။ Group A Streptococcus ဆိုတဲ့ (ဗက်တီးရီးယား) ကြောင့်ဖြစ်ရတဲ့ Strep throat ဆိုတဲ့ လည်ပင်းနာနဲ့ အဝါရောင် အဖျားရောဂါတွေကို လက်ညှိုးထိုးရတယ်။ နှလုံးရောဂါဆိုတာကလည်း အမျိုးမျိုး ရှိသေးတယ်။ လေးဘက်နာနဲ့ ဆိုင်တာက အဆို့ရှင်ရောဂါတွေပါ။ MS ကျဉ်းတာ၊ MI ကျယ်တာ။

ရောဂါရာဇဝင်နဲ့ ဆရာဝန်ကနေ စစ်ဆေးတာနဲ့စမယ်။ စစ်ဆေးရင် အဆစ်နေရာမှာ နီနေမယ်၊ ရောင်နေမယ်၊ နာနေ၊ တင်းနေမယ်၊ အဆစ်ထဲမှာ အရည်ပိုဖြစ်လာလို့ ရောင်နေမယ်၊ အလုံးလို-အကျိတ်လိုဖြစ်လာမယ်၊ တဖက်ထဲလဲဖြစ်နိုင်၊ ဘယ်-ညာလဲဖြစ်နိုင်တယ်၊ လှုတ်ရှားရတာ အရင်လောက်မရ ဖြစ်လာမယ်၊ ကိုယ်ပူနိုင်တယ်၊ အားယုတ်နေမယ်။

လူ ၁ဝဝဝ မှာ ၆ ယောက်မှာ RA ရှိတယ်။ အမျိုးသမီးတွေက ၂-၃ ဆ ပိုတယ်။ အဆစ်မှာ အများဆုံးဖြစ်တယ်။ ကျန်အင်္ဂါအစိတ်အပိုင်းတွေကိုဖြစ်တာ ၁၅-၂၅% ရှိတယ်။ အဆုပ်မှာ ခဲနေတယ်။ ကျောက်ကပ်မှာ ရောင်ရမ်းဖြစ်စဉ်တမျိုး ဖြစ်တယ်။ နှလုံးနဲ့သွေးကြောမှာ သွေးလွှတ်ကြောမာ-ကျဉ်းလို့ နှလုံးသွေးကြောပိတ်တာဖြစ်စေနိုင်တယ်။ နှလုံးအဖုံးလွှာ ရောင်တာ၊ နှလုံးကြွက်သားရောင်တာ၊ ဘယ်ဘက်အောက်ခန်းအလုပ်မနိုင်တာ၊ အဆို့ရှင်တွေရောင်တာစတဲ့ နှလုံးရောဂါတွေကိုလဲ ဖြစ်စေနိုင်တယ်။ အာရုံကြော၊ မျက်စိ၊ အသဲ၊ ထိခိုက်မှုနု့သွေးအားနည်းတာတွေလဲဖြစ်နိုင်တယ်။

Rheumatoid arthritis (RA) ရူမတွိုက် အဆစ်နာဆိုတာ (အော်တိုအင်မြူး) ရောဂါအုပ်စုမှာပါတယ်။ သူ့လူနဲ့ ကိုယ့်လူ မခွဲခြားတတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။ အဲဒီထဲက တခုကတော့ (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ်အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ် အသေးစားရော အကြီးစားပါဖြစ်တာ။ သူ့အောက်မှာလည်း ရောဂါမျိုးစုံပါတယ်။ မတည့်တာဝင်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်းရှိတယ်။

(ရူမက်တစ်) ရောဂါသေခြာအောင် ASO Test, Complete blood count, ECG, ESR တွေလုပ်ရတယ်။ ASO ဆိုတာ Group A streptococci ကို ခုခံပေးမဲ့ (အင်တီဘော်ဒီ) ဖြစ်ပါတယ်။ ပုံမှန် 160 Todd units per milliliter တနည်းပြောရရင် လူကြီးဆို 200 units အောက်၊ ကလေးဆို 300 units အောက်ရှိတယ်။

အဲတာတွေအပြင် Rhumatic factor (RF) positive ဒါမှမဟုတ် Cyclic Citrullinated Peptide (CCP) antibody test လုပ်မယ်။ ရှိနေသူဆိုတာ Rheumatoid arthritis (RA) ဖြစ်နေတာကို သေခြာစေတယ်။ မရှိတိုင်း မဖြစ်ဘူးမဟုတ်ပြန်ပါ။ ၃ဝ% မှာ (RA) မတွေ့ဘူး။ အထူးသဖြင့် ရောဂါဖြစ်တာစောသေးရင် မရှိကြဘူး။ Anti-CCP antibody ရှိနေသူက -၉၆-၉၈% သေခြာတယ်။ များလာလေလေ အဆစ်ပျက်စီးနေလေလို့သိတယ်။ ဒါပေမဲ့ ဒီစမ်းသပ်နည်းမှာ အနုတ်ပြပေမဲ့ ဒီရောဂါမဟုတ်ဘူးလို့ မပြောနိုင်သေးပါ။

• Rheumatoid Factor (RF) ၇ဝ-၈ဝ% မှာ ရှိနေမယ်။
• (ESR) မြင့်မားနေမယ်။
• (CRP) အသင့်ကနေ များနေမယ်။
• Anti -CCP အသင့်ကနေ များနေမယ်။
• Antinuclear Antibodies (ANA) အသင့်ကနေ များနေမယ်။ SLE ဖြစ်နေရင် ၉၅% သေခြာတယ်။
• Scleroderma ဖြစ်နေရင် ၆ဝ-၈ဝ% သေခြာတယ်။ Sjogren’s syndrome ဖြစ်နေရင် ၄ဝ-၇ဝ% သေခြာတယ်။ Rheumatoid arthritis ဆိုရင် ၃ဝ-၅ဝ% သေခြာတယ်။
• သွေးဖြူဥ များနေနိုင်တယ်။
• Human Leukocyte Antigens (HLA) တချို့မှာ ရှိတယ်။
• Uric Acid များနေနိုင်တယ်။ ဂေါက်ဖြစ်နေသူတွေမှာ သေခြာတယ်။
• ဓါတ်မှန်နဲ့ MRI လဲလုပ်နိုင်တယ်။

ဘယ်လိုကုသမလဲ
ရောဂါရာဇဝင်နဲ့ ဆရာဝန်ကနေ စစ်ဆေးတာနဲ့ စမယ်။ စစ်ဆေးရင် အဆစ်နေရာမှာ နီနေမယ်၊ ရောင်နေမယ်၊ နာနေ၊ တင်းနေမယ်၊ အဆစ်ထဲမှာ အရည်ပိုဖြစ်လာလို့ ရောင်နေမယ်၊ အလုံးလို-အကျိတ်လို ဖြစ်လာမယ်၊ တဖက်ထဲလဲ ဖြစ်နိုင်၊ ဘယ်-ညာလဲ ဖြစ်နိုင်တယ်၊ လှုတ်ရှားရတာ အရင်လောက်မရ ဖြစ်လာမယ်၊ ကိုယ်ပူနိုင်တယ်၊ အားယုတ်နေမယ်။

ဆေးကုနည်း သုံးပိုင်းရှိတယ်။ (၁) နာနေတဲ့နေရာကို ဒဏ်သက်သာအောင်လုပ်တာ၊ (၂) ရုပ်ပိုင်းဆိုင်ရာ-အလုပ်အကိုင် ပြန်လုပ်နိုင်အောင် ကုသပေးတာနဲ့ (၃) ခွဲစိတ်ကုသတာတွေပါ။ ဆေးဝါးမှာလဲ သုံးမျိုး။ (၁) (စတီရွိုက်) မပါတဲ့ NSAID အနာ သက်သာဆေး၊ (၂) (ကော်တီကိုစတီရွိုက်) ဆေး၊ (၃) (DMARD) (ရူမက်တစ်) ဆန့်ကျင်ဆေး။

(ရူမက်တစ်) အဖျားဖြစ်ရင် ပဋိဇီဝဆေး (Penicillin, Amoxicillin, Sulfadiazine, Erythromycin) တမျိုးမျိုး ချက်ချင်း ပေးတယ်။ လက္ခဏာတွေ သက်သက်သာအုံးတော့ ဆေးကို ၁ဝ ရက်အပြည့်ပေးတယ်။ နာတာသက်သာအောင် Aspirin ပေးတယ်။ ရောင်တာသက်သာအောင် Corticosteroids (စတီရွိုက်) ဆေးပေးတယ်။ ပါးစပ်-လည်ပင်းနဲ့ဆိုင်ရင် ဆားရည်နဲ့ ပလုပ်ကျင်းရတယ်။ Throat lozenges ငုံရတယ်။ သူများကို ကူးစေနိုင်လို့ ၂-၃ ရက် ကျောင်းမတက်ဘဲနေ၊ လူကြား-သူကြားလဲ မသွားစေနဲ့။

ဆိုးဝါးတဲ့ နှလုံးရောဂါ ရမလာအောင် တာရှည်ခံ (ပနယ်စလင်) ထိုးရတယ်။ Benzathine Penicillin G 1.2 ဖြစ်တယ်။ အများအားဖြင့် ၁ လ တခါ၊ ၆ လကြာ၊ ထိုးလေ့ရှိတယ်။ အဖျားက ပြန်ပေါ်လာတတ်တယ်။ ဒါ့ကြောင့် ပဋိဇီဝဆေး နည်းနည်းကို ၃-၅ နှစ်ကြာ ပေးတတ်တယ်။

ကုသဘို့ အကောင်းဆုံးဆေးက Penicillin ဖြစ်တယ်။ Penicillin V စားဆေးရော Benzathine penicillin ထိုးဆေးပါ ကောင်းတယ်။ ဈေးလဲမကြီးဘူး၊ ဒီပိုးမျိုး သန့်သန့်ကိုနိုင်တယ်၊ ရေရှည်ထိရောက်တာကို သိထားပြီးဖြစ်တယ်။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲမဖြစ်ဘူး။ (ပနယ်စလင်) ဆေးဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ်မရှိပါ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ။ Penicillin V (Phenoxymethylpenicillin) ပနယ်စလင်စားဆေးကို (ရုမက်တစ်) အဖျားရောဂါ ကာကွယ်ဘို့သုံးတယ်။

Strep-throat လည်ချောင်းနာ
Group A β-hemolytic streptococcal (GAS) tonsillopharyngitis လို့ အတိအကျ ခေါ်ရတယ်။ ဖြစ်စေတဲ့ ဗက်တီးရီးယားနာမည်နဲ့ အာသီး-လည်ချောင်းရောင်ဆိုတာ နှစ်ခုကို တွဲခေါ်တာ ဖြစ်ပါတယ်။ ရောဂါသေခြာအောင် Throat culture လည်ချောင်းက အကျိအချွဲကိုယူပြီး ရှိနေတဲ့ပိုးကို စစ်ဆေးရတယ်။ ကုသဘို့ အကောင်းဆုံးဆေးက Penicillin ဖြစ်တယ်။ Penicillin V စားဆေးရော Benzathine penicillin ထိုးဆေးပါကောင်းတယ်။ ဈေးလဲမကြီးဘူး၊ ဒီပိုးမျိုး သန့်သန့်ကို နိုင်တယ်၊ ရေရှည်ထိရောက်တာကို သိထားပြီးဖြစ်တယ်။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲ မဖြစ်ဘူး။

(ပနယ်စလင်) မတည့်သူတွေကိုတော့ Cephalosporin နဲ့ Clindamycin စားဆေး ဒါမှမဟုတ် Azithromycin, Clarithromycin, Dirithromycin, Erythromycin, Roxithromycin, Telithromycin, Carbomycin A, Josamycin, Kitasamycin, Midecamycin, Oleandomycin, Solithromycin, Spiramycin နဲ့ Troleandomycin စားဆေးတွေ ပေးနိုင်တယ်။

တခါဖြစ်ဘူးသူဟာ ထပ်ဖြစ်ဘို့များတယ်။ ဒါ့ကြောင့် ကာကွယ်နေရတယ်။ ဘယ်လောက်ကြာကြာကာကွယ်နေရမလဲ။ (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ၊ (၂) နောက်ထပ် ရောဂါပိုး ဝင်နိုင်ခြေ၊ လူနာရဲ့ အသက်၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ်။ ကာကွယ်ရေးမှာလဲ (ပနယ်စလင်) က အကောင်းဆုံး။ (ပနယ်စလင်) ဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ်မရှိပါ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ။

လေးဘက်နာနဲ့ ငှက်ဖျားဆေးများ
ရုမတွိုက် အဆစ်နာကို ငှက်ဖျားဆေးတွေပေးပြီးကုသနည်းကို အသင့်အတင့် ရောဂါမွမ်းမံနည်းအဖြစ် သုံးတယ်။
1. Chloroquine sulphate - Nivaquine / plasmoquine
2. Chloroquine phosphate - Chloroquine
3. Hydroxychloroquine – Plaquenil တွေကို သုံးကြတယ်။

ဒီဆေးပေးဘို့ ဆုံးဖြတ်ချက်ဟာ နာနေတာ သက်သာမဟုတ်ဘဲ ရောဂါပြီးစနစ်ကို ကြည့်ရတယ်။ ဆေးကို တုန့်ပြန်မယ် ဆိုရင် ၂-၆ လအတွင်းမှာ သိသာပါမယ်။ ငှက်ဖျားဆေး တမျိုးထဲပေးနည်းရှိသလို တခြား Methotrexate ဆေးနဲ့ပါ တွဲပေးတာလဲရှိတယ်။ အဲလိုနည်းကနေ Methotrexate ရဲ့ ဘေးထွက်-ဆိုးကျိုးနည်းစေတာတွေ့ရတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = နေလောင်မခံနိုင်၊ အရေပြား အစက်အပျောက်ဖြစ်၊ အလာဂျီ အနီကွက်ဖြစ်၊ ပျို့ (အထူးသဖြင့် ခါးတာစားမိရင်)၊ နားထဲအသံမည်၊ မျက်စိကြည့်မကောင်း (ရှားပါး)။

ဆေးဘယ်လောက်ပေးမလဲ
• Chloroquine - 4mg/kg chloroquine base
• Hydroxychloroquine - 6mg / kg

ခဏခဏအဆစ်နာရင် အလုပ်အကိုင်ပါပျက်မယ်။ ကြာလာရင် အထူးသဖြင့် လက်ဆစ်တွေက ပုံသဏ္ဌာန်ပြောင်းသွားလို့ ကြည့်မကောင်း ဖြစ်လာတတ်တယ်။ အမျိုးအဆွေထဲမှာ လူနာရှိရင် “စိတ်တော့ မပျက်ပါနဲ့” လို့ အရင်ပြောထားပါရစေ။ ရိုးရိုးသားသား ဝန်ခံရရင် လုံးဝပျောက်သွားစေရမယ်လို့ ဆရာဝန်များက အာမမခံပါ။ ဆေးကုတာရဲ့ ရည်မှန်းချက်က နာနေတာတွေ သက်သာအောင်၊ အထိခိုက်နည်းအောင်၊ ဒုက္ခိတဖြစ်မသွားအောင်သာ ဖြစ်ပါတယ်။ ရောဂါရှိတာကို စောစောသိဘို့လိုတယ်။ သိလို့ အပြင်းအထံဆေးကုခံပေမဲ့ ပျောက်စေမယ်လို့ မပြောနိုင်တာ ဆောရီးပါ။

လူကသိပ်ဝနေရင် အရိုး-အဆစ်ကို ဒဏ်မပိစေဘို့ ကိုယ်အလေးချိန် ထိန်းပေးရတယ်။ နားခိုင်းတယ်။ လိုအပ်ရင် တုတ်ကောက်၊ ဂျိုင်းထောက် သုံးရမယ်။ (ဖီဇီယို) ပညာရှင်တို့ အလုပ်ပြန်လုပ်နိုင်အောင် ကူညီသင်ကြားပေးတဲ့ ပညာရှင်တို့နဲ့ ကုသရတယ်။ ဆိုးရင် အဆစ်ထဲ (စတီရွိုက်) ဆေးထိုးပေးရတတ်တယ်။ အဆစ်လှုတ်ရှုားမှုကို ထိခိုက်လာရင် ခွဲစိတ်ရတယ်။

တခါဖြစ်ဘူးသူဟာ ထပ်ဖြစ်ဘို့ များတယ်။ ဒါ့ကြောင့် ကာကွယ်နေရတယ်။ ဘယ်လောက်ကြာကြာ ကာကွယ်နေရမလဲ (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ၊ (၂) နောက်ထပ် ရောဂါပိုးဝင်နိုင်ခြေ၊ လူနာရဲ့ အသက်၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ်။ Penicillin V ပနယ်စလင်စားဆေးကို (ရူမက်တစ်) အဖျားရောဂါ ကာကွယ်ဘို့ သုံးတယ်။ ကာကွယ်ရေးမှာလဲ (ပနယ်စလင်) က အကောင်းဆုံး။ မတည့်ရင် Sulfadiazine, Macrolide နဲ့ Azithromycin, Clarithromycin ဆေးတွေ ပေးနိုင်တယ်။

လေးဘက်နာကုသနည်းတွေကို (RCT) လို့ခေါ်တဲ့ ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျလေ့လာမှု
(၁) ထိရောက်တဲ့ ဆေးတွေ = Disease Modifying Anti-Rheumatic Drugs (DMARDs) = Adalimumab, Azathioprine, Chloroquine and Hydroxychloroquine, Ciclosporin (Cyclosporin A), D-penicillamine, Etanercept, Golimumab, Gold salts (sodium aurothiomalate, auranofin), Infliximab, Leflunomide, Methotrexate (MTX), Minocycline, Rituximab, Sulfasalazine (SSZ) ဆေးတွေ စောစောပေးတာ သက်သာစေတယ်။

ငှက်ဖျာဆေးတွေ (Chloroquine and Hydroxychloroquine) ပေးတာ သက်သာတယ်။ Methotrexate (ကင်ဆာဆေး) ပေးတာ သက်သာစေတယ်။ Minocycline ပေးတာ သက်သာစေတယ်။ Sulfasalazine ပေးတာ သက်သာစေတယ်။ Corticosteroid ရက်တိုနဲ့ နည်းနည်း ပေးတာ သက်သာစေတယ်။

(၂) ကောင်းစေနိုင်တယ်လို့ ယူဆတဲ့ဆေးတွေ = Auranofin ဆေးဟာ (DMARDs) ဆေးတွေလောက်တော့ မထိရောက်ဘူး။ မဆိုးပါ။ Leflunomide ဆေးကလဲ သက်သာလောက်မယ်လို့ ထင်ရတယ်။ ရေရှည်ပေးတာတော့ မသေခြာပါ။ (DMARDs) ဆေးတွေကို တမျိုးနဲ့တမျိုးတွဲပေးတာလဲ ကောင်းနိုင်တယ်။

(၃) မသုံးသင့်တော့တဲ့ ဆေးတွေ = Azathioprine, Ciclosporin, Cyclophosphamide, Corticosteroid lone term use, Parenteral gold, Penicillamine တွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Dr. တင့်ဆွေ

စိတ်ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ပေးမယ့် သဘာဝကျကျ နည်းလမ်းကောင်းများ

စိတ်ပင်ပန်းမှုဟာ လူတစ်ဦးတစ်ယောက်ခြင်းစီမှာ ဖြစ်ပေါ်တတ်ပါတယ်။ ခန္ဓာကိုယ် ပင်ပန်းမှုထက်ကို စိတ်ပင်ပန်းမှုက ပိုမိုဆိုးရွားပါတယ်။ သင်စိတ်ဖိစီး ပင်ပန်းနေတာနဲ့ တပြိုင်နက် မိသားစုအရေးတွေ လစ်ဟင်းလာတတ်သလို ကောင်းမွန်စွာအိပ်စက်မပျော်ခြင်း လုပ်ငန်းတာဝန်တွေထိခိုက်ခြင်းနဲ့ နောက်ဆက်တွဲ ဆိုးကြိုးတွေ ဖြစ်စေပါမယ်။

စိတ်ပင်ပန်းမှုကို ဘယ်လိုတိုက်ခိုက်မလဲ???

သင့်စိတ်ကို ဖြေလျော့စေပြီး စိတ်စွမ်းအင်တွေကို မြှင့်တင်ရပါမယ်။ သင်အမှန်တကယ် စိတ်ပင်ပန်းနွမ်းနယ်နေပါက သင့်စိတ်အနားယူသင့်သော ပုံစံများကို ဖော်ပြပေးလိုက်ပါတယ်။

* သင့်အတွက်အချိန်ယူပါ *
အတန်ငယ်မှောင်သော အခန်းတစ်ခုမှာ ထိုင်ပေးပါ။ ပြီးနောက် သင်ယုံကြည်သက်ဝင်သော တရား၊ အယူဝါဒတစ်ခုခုကို တွေးတောပါ။ ဥပမာ တရားထိုင်ခြင်း၊ ဆုတောင်းခြင်း၊ စိတ်ထဲရှိသော ပြုချင်သော ဆန္ဒတို့ကို ရေးမှတ်ခြင်း များပြုလုပ်ပေးပါ။ လေ့လာတွေ့ရှိချက်အရ လူအတော်များများရဲ့ စိတ်ဖြေလျော့မှုကတော့ အလင်းရောင်မရှိသော အခန်းတစ်ခုမှာ မျက်လုံးအစုံမှိတ်ပြီး ထိုင်နေခြင်းပါပဲ။

* ကောင်းမွန်စွာအိပ်စက်ပါ *
ပြည့်ဝစွာအိပ်စက်ပါလျှက် စိတ်ပင်ပန်းမှု ဖြစ်ပေါ်နေဆဲပဲလို့ သင်တွေးကောင်းတွေးနေလိမ့်မယ်။ မည်သို့ပင်ဖြစ်စေ တစ်ည ၈နာရီကြာအောင် လုံလောက်တဲ့ အိပ်စက်မှုကို ရယူပေးပါ။ နေ့စဉ်ရက်ဆက် အိပ်စက်မှု ပြည့်ဝမှန်ကန်လာပါက သင့်ခန္ဓာကိုယ် အားအင်ပြည့်ဖြိုးလာပြီး စိတ်ဓာတ်လန်းဆန်းလာမှာ အမှန်ပါပဲ။

* နေ့စဉ်ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာအသေးအဖွဲများကို မေ့ထားပါ *
စာအုပ်ဖတ်ပါ၊ မိသားစု သူငယ်ချင်းများနှင့် အားလပ်ရက်များမှာ အပျော်ခရီးထွက်ပေးပါ။ တခါတရံ သင့်ဘေးပတ်ဝန်းကျင်ကို အသစ်အဆန်းဖြစ်အောင် ပြောင်းလဲခြင်းက သင်ကြုံတွေ့ရတဲ့ နေ့စဉ်စိတ်ဖိစီးမှု ပြဿနာများကို လျော့ပါးစေပါတယ်။

* အခြေခံ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ *
သင်ကိုယ်လက်လှုပ်ရှားမှုပြုတာနဲ့ တပြိုင်နက် သင့်ဦးနှောက်က Endorphin ဓာတ်ကို အလိုအလျောက် ထုတ်ပေးပါတယ်။ Endorphin ဓာတ်က သင့်စိတ်ကို ပျော်ရွှင်စေအောင် လှုံ့ဆော်ပေးပါတယ်။ ဒီအတွက် သင့်အနေနှင့် မာရသွန်လို အားသွန်ခွန်စိုက်ပြေးဖို့ မလိုအပ်ပါဘူး။ တစ်နေ့ကို ၁၅ မိနစ်လောက် လမ်းလျှောက်ပေးရုံနှင့် လုံလောက်ပါတယ်။

* သင်ကိုယ်တိုင် အတွက်သင်သာလျှင် အဓိကပါ*
တခါတရံ တစ်စုံတစ်ခုကို သင့်မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် များနှင့်တွဲဖက်လုပ်ဆောင်ရတဲ့အခါမှာ အလိုလိုက် အလျော့ပေးခြင်းဖြင့် စိတ်ဖိစီးမှုများစုဝေး ဖြစ်တည်လာတတ်ပါတယ်။ ဥပမာ တခါတရံ သင်က ပြတိုက်တစ်ခုကို သွားချင်လျှက် သင်၏ချစ်သူ၊ မိတ်ဆွေ တစ်စုံတစ်ဦးက အတူသွားဖို့ ငြင်းဆန်နေရင် သင့်စိတ်ဆန္ဒအလျှောက် သင်သွားဖြစ်အောင် သွားလိုက်ပါ။ ကိုယ်ပြုလုပ်ချင်သော အကြောင်းအရာ အခြေအနေတစ်ခုဟာ သူတစ်ပါးအတွက် ငြင်းဆန်စရာ ဖြစ်လာပါက ကိုယ်တိုင်မှာ စိတ်ပင်ပန်းမှု ဖြစ်ရပါတယ်။ ဒါ့ကြောင့် သင့်အတွေ့အကြုံအရ သင်နှစ်သက်သော အကြောင်းအရာနှင့် အကြိုက်အတော်များများတွင် သင်သာလျှင် အဓိကဖြစ်ပါစေ။
ဒီအခြေခံ အချက်အလက်လေးတွေ လိုက်နာပေးနိုင်ရင် သင့်ရဲ့စိတ်ပင်ပန်းမှုတွေကို တဖြည်းဖြည်း တွန်းလှန်နိုင်ပါလိမ့်မယ်။