Showing posts with label အီဘိုလာသတင်း. Show all posts
Showing posts with label အီဘိုလာသတင်း. Show all posts

အမေရိကန်မှ အီဘိုလာရောဂါ ကူးစက်မှုစတင်


အမေရိကန် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက အမေရိကန် ပြည်ထောင်စုအတွင်း ပထမဆုံး အီဘိုလာရောဂါ ဝေဒနာရှင်တဦးကို ရှာဖွေ တွေ့ရှိထားကြောင်း ပြောဆိုပါတယ်။


ရောဂါထိန်းချုပ်မှုဆိုင်ရာ ဗဟိုဌာန CDC ရဲ့ အကြီးအကဲ ဒေါက်တာ Tom Frieden က လိုက်ဘေးရီးယားနိုင်ငံမှာ ရောဂါကူးစက်ခံခဲ့ရတဲ့ အမျိုးသား ဝေဒနာရှင်တယောက်ကို တွေ့ရှိထားကြောင်း အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

သူဟာ အနောက်တောင်ပိုင်း Texas ပြည်နယ် Dallas မြို့ကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဆိုက်ရောက်ခဲ့ပြီး ရက်အတန်ကြာပြီးမှ ရောဂါလက္ခဏာကို စတင် ပြသခဲ့တယ်လို့ ဆိုပါတယ်။

အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့ ဝေဒနာရှင်ကို Texas ပြည်နယ်က ဆေးရုံတခုမှာ သီးသန့် ကြပ်မတ်ထားကြောင်း ဒေါက်တာ Tom Frieden က ပြောပါတယ်။ နောက်ပြီး တာဝန်ရှိသူတွေဟာ ဝေဒနာရှင်နဲ့ ထိတွေ့ဆက်ဆံမှု ရှိခဲ့သူတွေကိုလည်း ရှာဖွေနေကြောင်း ပြောပါတယ်။

အာဏာပိုင်တွေအနေနဲ့ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်မယ်ဆိုတာ သံသယရှိစရာ မလိုကြောင်းနဲ့ အမေရိကန်နိုင်ငံကို ပျံ့နှံ့သွားဖို့ မဖြစ်နိုင်ကြောင်း CDC အကြီးအကဲက ပြောပါတယ်။

အာဖရိကမှာ ကူးစက်ခံခဲ့ရတဲ့ အမေရိကန် ကျန်းမာရေးဝန်ထမ်းတွေကို ရောဂါကုသဖို့ အမေရိကန်နိုင်ငံကို ပြန်လည် ခေါ်လာလေ့ရှိကြောင်း၊ ဒါပေမဲ့ Texas ပြည်နယ်က လူနာဟာ အမေရိကန် ပြည်ထောင်စုအတွင်း ပထမဆုံး တွေ့ရတဲ့ အီဘိုလာ ရောဂါဝေဒနာရှင် ဖြစ်တယ်လို့ ပြောပါတယ်။

VOA

အီဘိုလာဗိုင်းရပ်စ်ကြောင့်အသေခံဗုံးဖောက်ခွဲမှုများကြောင့်သေဆုံးသူ ၂၈၁၁ ဦးထိရှိလာခဲ့


အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်ရောဂါ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့မှု
ကြောင့် လူပေါင်း၂၈၁၁ ဦးသေဆုံးခြဲ့ပြီဖစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက
စက်တင်ဘာ ၂၂ ရက်တွင် ကြေညာလိုက်သည်။ သို့သော် ဆီနီဂေါနှင့် နိုင်ဂျီးရီးယားနိုင်ငံ
တို့တွင် အီဘိုလာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေမှုကို ထိန်းချုပ်စပြုလာနိုင်ပြီဟု သိရသည်။

အီဘိုလာအရေးပေါ် ကော်မတီ နောက်ဆုံးအစည်းအဝေးတွင် ကမ္ဘာ့ ကျန်းမာရေး
အဖွဲ့ကြီး ထုတ်ပြန်ချက် များအရ အနောက်အာဖရိကနိုင်ငံ ငါးနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်
ရောဂါ ဖြစ်ပွားသူ ၅၈၆၄ ဦး၊ စက်တင်ဘာ ၁၈ ရက်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက်အထိ အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းမှာ
၂၆၃၀ ရှိခဲ့ပြီဟု ပြောဆိုသည်။

ယခုနှစ်ပိုင်းမှ စတင်၍ အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ဂီနီနိုင်ငံတွင် စတင်ဖြစ်
ပွားခဲ့ပြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဆီရာလီယွန်နှင့် လိုင်ဘေးရီးယားနိုင်ငံများသို့ပါ
ပျံ့နှံ့လာခဲ့သည်။လိုင်ဘေးရီးယားနိုင်ငံမှာအီဘိုလာဗိုင်းရပ်စ် ရောဂါကို ဆိုးဆိုးရွားရွား
ခံစားခဲ့ရသည့်အတွက် ရောဂါဖြစ်ပွားသူ ၃၀၂၂ ဦးအနက် သေဆုံးသူ ၁၅၇၈ ဦးရှိခဲ့သည်။

ထိုအချိန်မှာပင် အီဘိုလာဗိုင်းရပ်စ်ရောဂါမှာ ဆီနီဂေါနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံ
တို့တွင် ထပ်မံဖြစ်ပွားခဲ့ရာ အထိုက်အလျောက် ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း ကမ္ဘာ့
ကျန်းမာရေးအဖွဲ့က ပြောဆိုသည်။ အီဘိုလာအရေးပေါ်ကော်မတီ အစည်းအဝေးက
အီဘိုလာရောဂါသည်များအနေဖြင့် ခရီးသွားလာခွင့်ကိုပါ ပိတ်ပင်သင့်ကြောင်း
ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ 

အေအက်ဖ်ပီ

အီဘိုလာကြောင့် သေဆုံးသူ ၂၂၉၆ ယောက်ရှိပြီ


အနောက်အာဖရိက နိုင်ငံတချို့မှာ ပျံ့နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် အခုဆိုရင် သေဆုံးသူ အယောက်ပေါင်း ၂၂၉၆ ဒါမှမဟုတ် သုံးထောင်နီးပါး ရှိသွားပြီလို့ သိရပါတယ်။


ဇာတ်လမ်း အီဘိုလာပိုးကို စမ်းသပ်ဆေးဝါးနဲ့ စတင်ကုသတော့မယ်
သေဆုံးသူ သုံးထောင်နီးပါးထဲက ထက်ဝက်လောက်ဟာ တစ်လအတွင်းမှာ သေဆုံး ကြတာ ဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အခုလောလောဆယ် Guinea, Liberia, Nigeria နဲ့ Sierra Leone နိုင်ငံမှာ လူပေါင်း ၄၀၀၀ ကျော် အီဘိုလာ ကူးစက်ခံနေရတာ ဖြစ်ပါတယ်။

အီဘိုလာပိုး ကူးစက်ခံရသူ ၁၀% လောက်သာ အသက်ရှင်လေ့ရှိပြီး ကျန် ၉၀% လောက်က တော့ သေဆုံး နေကြရတယ် လို့လည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အခုဆိုရင် လူနာတွေလည်း တဖြေးဖြေးများလာပြီး လူနာကုတင်တွေ ဆေးရုံ၊ ဆေးခန်းတွေလည်း အလုံအလောက် မရှိတဲ့အတွက် အမြန်ဆုံးကူညီကြဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါတယ်။

ABC

လိုက်ဘေးရီးယားမှာ အီဘိုလာ ပိုပြန့်ပွား

အီဘိုလာ ရောဂါဟာ လိုက်ဘေးရီးယားမှာ တိုးပွား လာနေပါတယ်။ နောက်ထပ် သီတင်းပတ် ၃ ပတ် အတွင်း မှာ လူနာအသစ် ထောင်ဂဏန်းနဲ့ ချီပြီး တိုးပွား လာမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ခန့်မှန်းထား ပါတယ်။

အနောက်အာဖရိကနိုင်ငံတွေဖြစ်ကြတဲ့ ဂီနီယာ၊ လိုက်ဘေးရီးယား၊ ဆီယာရာ လီယွန်း၊ နိုက်ဂျီးရီးယားတို့မှာ အီဘိုလာကြောင့် သေဆုံးသူ အနည်းဆုံး ၂၁၀ဝ ရှိသွားပါပြီ။ အဲဒီအထဲမှာ ကျန်းမာရေးဝန်ထမ်း ၇၉ ယောက်ပါဝင်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကပြောပါတယ်။

အီဘိုလာဒဏ်ကို အခုလို ခံကြရတဲ့ အထဲမှာ လိုက်ဘေးရီးယားကတော့ အဆိုးဆုံး ဖြစ်ပါတယ်။ လိုက်ဘေးရီးယားမှာ အီဘိုလာရောဂါသီးသန့်ကုသဖို့အတွက် အနည်းဆုံး လူနာကုတင် ၁၀ဝ၀ လိုအပ်ပါတယ်။ အခု လိုက်ဘေးရီးယားရဲ့ အီဘိုလာ သီးသန့် ကုတဲ့ဆေးရုံမှာ လူနာ ၂၄၀ စာပဲနေရာ ရှိပါတယ်။

အဲသလို လူနာကုတင် အလုံအလောက်မရှိတဲ့အတွက် လူနာတွေဟာ ဆေးရုံကို ရှောင်ရှားကုန်ပါတယ်။

ဆေးရုံကို ရှောင်ရှားတော့ အရပ်ထဲမှာ အိမ်မှာ လူတွေကြားထဲမှာ လူနာတွေ ရောက်သွားပြီး ရောဂါပိုမိုပြန့်ပွားကုန်ပါတယ်။

လိုက်ဘေးရီးယားဟာ ပြည်တွင်းစစ်ဒဏ်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုက ပျက်စီးနေပါတယ်။ ဆရာဝန်ကလည်း လူတသိန်းမှာ တယောက်နှုန်းပဲရှိပါတယ်။ ဒါဟာ အီဘိုလာ မဖြစ်ခင်က အခြေအနေဖြစ်ပြီး အီဘိုလာ ဖြစ်ပြီးနောက်မှာတော့ ဆရာဝန်တွေ အသက်ဆုံးရှုံးလို့ ပိုပြီးလျော့သွားပါသေးတယ်။

အဓိကကတော့ စီးပွားရေးနိမ့်ကျတာ ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ကျတာကြောင့် အခြေအနေဟာ ပိုမိုစိုးရိမ်စရာ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


အီဘိုလာ အန္တရာယ် အာဖရိကကို ခြိမ်းခြောက်


အီဘိုလာရန်ကြောင့် တနိုင်ငံလုံး ၃ ရက် တံခါးပိတ်

ဆီယာရာ လီယွန်းနိုင်ငံက အီဘိုလာဗိုင်းရပ်စ် ပြန့်ပွား မှုကို တားမြစ်ဖို့အတွက် နိုင်ငံကို ၃ ရက်ကြာ တံခါးပိတ်ဖို့ စီစဉ်နေပါတယ်။ ၃ ရက် တာ ကာလ အတွင်းမှာ လူအားလုံးဟာ အိမ်ထဲက အိမ်ပြင် မထွက်ကြပဲ ကိုယ့်အိမ်မှာကိုယ်ပဲ နေကြရမှာ ဖြစ်ပါတယ်။

အနောက်အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ ဆီယာရာ လီယွန်းနိုင်ငံဟာ အီဘိုလာရောဂါဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့ တိုင်းပြည်တပြည်လည်း ဖြစ်ပါတယ်။

ဒီလို တိုင်းပြည်ကို တံခါးပိတ်ထားတဲ့ ကာလအတွင်းမှာ ကျန်းမာရေး လုပ်သားတွေအနေနဲ့ အီဘိုလာ ရောဂါ ခံစားရသူ လူနာသစ်တွေကို မှတ်တမ်းတင်ပြီး သီးခြားခွဲထား နိုင်မှာ ဖြစ်တယ်လို့ သမ္မတရဲ့ အကြံပေးအရာရှိ တဦးက ပြောပါတယ်။

လူတွေအိမ်ထဲက အိမ်ပြင်မထွက်ရေးကို ကြီးကြပ်ဖို့အတွက် လူပေါင်း ၂ သောင်းကို ခန့်ထားကွပ်ကဲမယ်လို့ ဆိုပါတယ်။ အီဘိုလာ တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေအနက်မှာ အခုဆောင်ရွက်ချက်ဟာ အပြင်းထန်ဆုံး လုပ်ဆောင်ချက်တခုဖြစ်ပါတယ်။ ဒီလို အတင်းအကြပ်ဆောင်ရွက်မှုမျိုး ကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားလာနိုင်တဲ့ အလားအလာရှိပါတယ်။

BBC Burmese


ဆီယာရာ လီယွန်း အီဘိုလာ သတိပေး ကြေညာချက်


အီဘိုလာ ရောဂါပျောက်သူ တွေ ရဲ့သွေးသွင်းပြီး လူနာကုမယ်


အီဘိုလာ ရောဂါဖြစ်ပြီး ပြန်နေကောင်းလာ သူတွေရဲ့ သွေးကိုသုံးပြီး နောက်ထပ် ရောဂါ ဖြစ်သူတွေကို ကုသွားမယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကြေညာပါတယ်။ လာမယ့် နိုဝင်ဘာမှာ ရှေ့တန်းကနေ လူနာတွေကို ကုနေတဲ့ သူတွေအတွက် အီဘိုလာ ထိုးဆေး စသုံးနိုင်မယ်လို့ ယူဆကြောင်းလည်း ဆက်ပြောပါတယ်။

ကျွမ်းကျင်သူ ပညာရှင် ၁၅၀တို့ဟာ အလားအလာကောင်းတဲ့ စမ်းသပ် အဆင့်ဆေးဝါးတွေကို အနောက်အာဖရိက ကိုဘယ်လို အမြန်ဆုံးပို့ပေးနိုင်မလဲ ဆိုတာ လွန်ခဲ့တဲ့၂ရက် ကတည်းက ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး သူတို့က အီဘိုလာ ဗိုင်းရပ်ကူးစက်ပြီး ပြန်နလန် ထူလာတဲ့လူနာရဲ့ သွေးရေကြည်ကို ယူပြီးကုတဲ့ ကုထုံးက အမြန်ဆုံးနဲ့ ဘေးအကင်းဆုံး နည်းလို့ အားလုံးက သဘောတူခဲ့ကြပါတယ်။

ဆိုလိုတာက သွေးထဲမှာ ရောဂါကိုကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေက ရောဂါကိုခုခံရာမှာ အထောက်အကူပေးအောင် လုပ်တာဖြစ်ပါတယ်။ အခုအခါ အီဘိုလာဖြစ်ပြီး ပြန်ကောင်းလာသူတွေ အတော်ရှိတဲ့အတွက် သူတို့က ရောဂါ ဖြစ်နေသူတွေကို ကုရာမှာ သွေးတို့ သွေးရေကြည်တို့ ပြန်ပေးနိုင်မှာ ဖြစ်တယ်လို့သူက ဆက်ပြောပါတယ်။ ဒီနည်းကို အရင်တုန်းက ရောဂါ ဖြစ်ပွားစဉ် သုံးခဲ့ဘူးပြီး လူအချို့ ပြန်ကောင်းလာဘူးပါတယ်။ ဒါပေမယ့် ဘယ်လောက် ထိရောက် နိုင်တယ်ဆိုတဲ့ ဓါတ်ခွဲခန်းမှာ စမ်းသပ်တဲ့ အထောက်အထားတော့ မရှိပါဘူး။

ယူကေနဲ့ အမေရိကန်နိုင်ငံတို့မှာ အခုလအတွင်း လူသားတွေအပေါ်စမ်းသပ် အသုံးပြုတဲ့ ထိုးဆေးကိုလည်း အီဘိုလာ ရောဂါလူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အတွက် နိုဝင်ဘာမှာ ရနိုင်ဖွယ်ရှိပါတယ်။ ရောဂါ ထိန်းချုပ်မှုထက် ကူးစက်မှုတွေ ပိုမြန်ဆန် နေတဲ့အတွက် ရောဂါပြန့်ပွားတာကိုဘဲ အဓိက အာရုံစိုက်ပြီး တိုက်ဖျက်ဖို့လိုမယ်လို့ ကမ࿿ ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထပ်လောင်း ပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ၁၉၀၀ အထိ မြင့်တက်လာ

အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်ရောဂါ စတင်ကူးစက်ပြန့်ပွားချိန်
မှစ၍ ယနေ့အထိ သေဆုံးသူဦးရေ ၁၉၀၀ ကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က ကြေညာသည်။ 
အနောက်အာဖရိကနိုင်ငံများ ဖြစ်သည့် ဂီနီ၊ ဆီရာလီယွန်နှင့် လိုင်ဘေးရီးယား
နိုင်ငံတို့တွင် အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်သူ ၃၅၀၀ ခန့်ရှိကြောင်း ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့ အကြီးအကဲ မာဂရက်ချန်းက ပြောသည်။ အဆိုပါ နိုင်ငံများတွင် အီဘိုလာ
ဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်နိုင်မှုထက် ဖြစ်ပွားမှုနှုန်းကလွန်ကဲနေကြောင်း သူမကပြောဆို
သည်။ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စက်တင်ဘာ ၄ ရက်တွင် အစည်းအဝေး ကျင်းပပြီး
အလားအလာကောင်းသည့် ကုသမှုများနှင့် ပတ်သက်၍ ဆွေးနွေးညှိ နှိုင်းခဲ့ကြသည်။
အဆိုပါ ဂျီနီဗာညီလာခံ တွင် အီဘိုလာရောဂါ ထိန်းချုပ်ရေး ကျွမ်းကျင်သူများ၊ ဆေးဘက်
ဆိုင်ရာ သုတေသနပညာရှင်များ၊ အီဘိုလာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေသည့် နိုင်ငံများမှ
တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဆေးဝါးအထူးကုဆရာဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရ
သည်။ 
အဆိုပါ အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းမပြုမီ လူ ၂၀၀၀၀
ကျော်ကိုကူးစက်နိုင်ကြောင်း ကမာ့္ဘ ကျန်းမာရေးအဖွဲ့ကြီးက သတိပေးကြေညာထားပြီး
ဖြစ်သည်။ အီဘိုလာ ဗိုင်း ရပ်စ်ရောဂါဖြစ်ပွားခဲ့သူများအနက် ရာခိုင်နှုန်း ၄၀ ခန့်မှာ
စက်တင်ဘာ ၃ ရက် အတွင်း သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအတည်ပြု
ပြော ကြားသည်။ 
ဘီဘီစီ
စံတော်ချိန်

အီဘိုလာဗိုင်းရပ် ကူးစက်ရာတွင် သန္ဓေပြောင်း၊ ဆေးဝါးများဖြင့် ကာကွယ်ကုသနိုင်ရန် မဝေးတော့။


နိုင်ငံတကာအရေးပေါ်အခြေအနေ ထုတ်ပြန်ကြေငြာရသည့်အထိ ကူးစက်မှု၊သေဆုံးမှု ဆိုးရွားပြင်းထန်နေသော အီဘိုလာဗိုင်းရပ်၏ သဘောသဘာဝနှင့် ကာကွယ်ဆေး၊ကုသဆေး ထုတ်လုပ်မှုဆိုင်ရာ နောက်ဆုံးတွေ့ ရှိချက်ကို 
သုတေသီများက ယမန်နေ့ ကထုတ်ပြန်ကြေငြာခဲ့ရာ အီဘိုလာဗိုင်းရပ်သည် လူတစ်ဦးမှတစ်ဦးသို့  ကူးစက်ရာတွင် သန္ဓေပြောင်းလဲလေ့ရှိပြီး တိရိစ္ဆာန်များတွင်ထက် လူသားများတွင် သန္ဓေပြောင်းလဲမှုပို၍မြန်ဆန်ကြောင်း၊ သို့ သော် ယခုဖော်စပ်ထုတ်လုပ်နေသည့် ဆေးဝါးများက အီဘိုလာဗိုင်းရပ် သန္ဓေပြောင်းလျင်လည်း အစွမ်းအာနိသင်ရှိနေအုံး မည်ဖြစ်ကြောင်း သိရသည်။


အီဘိုလာဗိုင်းရပ်သည် တိရိစ္ဆာန်များတွင်ထက် လူသားများတွင် သန္ဓေပြောင်းလဲမှု နှစ်ဆခန့် ပို၍မြန်ဆန်နေပြီး လူတစ်ဦးမှ နောက်လူ တစ်ဦးထံ ကူးစက်ရာတွင် ဗီဇပုံဆောင်ဓါတုပစ္စည်းလည်း ဆက်တိုက်ဆိုသလို ပြောင်းလဲ သွားလေ့ရှိသည်။ ဤသည်ကို လေ့လာသိရှိနိုင်ရန် ကျန်းမာရေးဝန်ထမ်းအသက်များစွာ ပေးဆပ်ခဲ့ရကြောင်း သိရသည်။

အစောပိုင်းကာလက ပိုးကူးစက်ခံထားရသူ ၇၈ ဦးထံမှ ပိုးအမျိုးအစားကိုရယူလေ့လာခဲ့ရာ အီဘိုလာသည် တိရိစ္ဆာန်တွင်ထက် လူသားတွင် သန္ဓေပြောင်းလဲမှုနှစ်ဆခန့်  ပို၍မြန်ဆန်နေပြီး လူတစ်ယောက်ထံမှ နောက်လူ တစ်ယောက်ထံ ကူးစက်ရာတွင် ဗီဇပုံဆောင် ဓါတုပစ္စည်းဆက်တိုက်ပြောင်းလဲသွားရာ လူနာ ၇၈ ယောက်တွင်ပင် အီဘိုလာဗီဇကွဲပြားမှုမှာ ၃၀၀ ခန့် ရှိနေသည်ကို တွေ့ ရှိခဲ့သည်။

ထိုအပြင် အီဘိုလာဗိုင်းရပ်သည် ၀င်ရောက်လိုက်သောခန္ဓာကိုယ် ခုခံအားစနစ်၏အားနဲချက်ကိုရှာဖွေပြီး ယင်းခုခံ အားစနစ်ထဲ ၀င်ရောက်ရန် ဗီဇဓါတုပစ္စည်းကို လိုအပ်သလိုပြုပြင်ပြောင်းလဲပြီးမှ သန္ဓေပြောင်းလဲကူးစက်ပြန့် ပွားခြင်း ဖြစ်သည်ကိုလည်း တွေ့ ရှိခဲ့ကြသည်။

ဆက်လက်၍ အီဘိုလာကူးစက်ခံရသူများကို ရှေးဦးသူနာပြုစုပေးခြင်း၊ လက်ရှိတိုက်ကျွေးနေသောဆေးဝါးများ တိုက်ကျွေးနေ၍သာ ယခုအခြေအနေအထိ ထိန်းထားနိုင်ခြင်းဖြစ်ပြီး ထိုအရေးပေါ်ကုသမှုများ မပြုလုပ်နိုင်ခဲ့သော် အီဘိုလာကူးစက်မှုနှင့်သေဆုံးမှုနှူန်းမှာ ယခုထက်အဆပေါင်းများစွာ တိုးလာနိုင်ကြောင်းကိုလည်း သုတေသီများက ဖွင့်ဟပြောပြသည်။

ယင်းသို့ သန္ဓေပြောင်းလဲနိုင်မှုကြောင့် လက်ရှိထုတ်လုပ်ရန်ကြိုးပမ်းနေသော အီဘိုလာကာကွယ်ကုသဆေးများကို ဆက်လက်အသုံးပြုနိုင်ရန် ဖြစ်၊မဖြစ် စမ်းသပ်ခဲ့ရာ သန္ဓေပြောင်းလဲလျင်လည်း ယခုထုတ်လုပ်သွားမည့် အီဘိုလာ ဆေးများက အစွမ်းအာနိသင်ရှိနေအုံးမည်ဖြစ်ပြီး အခြားကာကွယ်ကုသဆေးများကိုမူ ဆက်လက်စမ်းသပ်ကြည့်ရ အုံးမည်ဖြစ်ကြောင်း သိရသည်။

ယခုနောက်ဆုံးအခြေအနေအရ အီဘိုလာဗိုင်းရပ်သည် ဆက်လက်ပြန့် နှံ့ နေအုံးမည်ဖြစ်ပြီး ရောဂါပိုးကူးစက်ခံရဖွယ် ရှိသူပေါင်း ၂ သောင်းခန့် ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ထုတ်ပြန်ကြေငြာထားသည်။

အီဘိုလာ ဟုတ်၊ မဟုတ် စစ်ဆေးမည့် သွေးနမူနာ ဓါတ်ခွဲခန်းသို့ ပို့လိုက်ပြီဟုဆို

ရန်ကုန်၊မဇ္ဈိမ။ ။ အီဘိုလာ ရောဂါရှိသူဟု သံသယရှိ လူနာ နှင့် အနီးကပ်ထိတွေ့ခဲ့သူလေးဦး၏ သွေးနမူနာများကို သက်ဆိုင်ရာ ရည်ညွှန်း ဓာတ်ခွဲခန်းသို့ သြဂုတ် ၂၉ရက်က ပို့လိုက်ပြီဟု ဆိုသော်လည်း မည်သည့် ဓါတ်ခွဲခန်းသို့ ပို့လိုက်သည်ကိုမူ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ခြင်း မရှိပေ။



ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “သက်ဆိုင်ရာ ရည်ညွှန်းဓါတ်ခွဲခန်းနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ ဘယ်ဓါတ်ခွဲခန်းလဲ ဆိုတာ ပြောလို့ မရသေးဘူး။ နောက်မှ သတင်းထုတ် ပြန်ပေးမယ်။ အခုတော့ ပို့ပေးလိုက်ပြီ” ဟု ပြောသည်။

အဆိုသွေးနမူနာကို ဓါတ်ခွဲစမ်းသပ်နိုင်ရန် မူလ သတ်မှတ်ထားသည့် အိန္ဒယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ် ဗေဒဓာတ်ခွဲခန်းသို့ လည်းကောင်း၊ ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့ရှိ ဓါတ်ခွဲခန်းသို့လည်းကောင်း၊ အမေရိကန်နိုင်ငံ CDC Atlanta ဓါတ်ခွဲခန်းသို့ လည်းကောင်း ပေးပို့နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့(WHO)နှင့် ညှိနှိုင်းခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အတွက် သြဂုတ်၂၉ရက်က ပေးပို့လိုက်ပြီဖြစ်သည့် သွေးနမူနာကိုမူ မည်သည့် ဓါတ်ခွဲခန်းသို့ ပေးပို့လိုက်သည်ကိုမူ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူထံ မဇ္ဈိမက မေးမြန်းသော်လည်း ထုတ်ပြန်ပြော ကြားနိုင်ခြင်း မရှိသေးဟု ဖြေကြားခဲ့သည်။

မြောက်ဥက္ကလာ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော သံသယလူနာတွင် ပြင်းထန်ငှက်ဖျားရောဂါ ပိုးနှစ်မျိုး ရောဂါခံစားနေရသူ ဖြစ်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


အီဘိုလာဗိုင်းရပ်စ်ပိုး ခံစားနေရသည်ဟု သံသယရှိသူနှင့် အနီးကပ် ထိတွေ့သူ လေးဦး၏ ဓာတ်ခွဲနမူနာများကို အီဘိုလာရောဂါပိုး ရှိ-မရှိ စစ်ဆေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ IATA တို့နှင့် ညှိနှိုင်း၍ သြဂုတ်လ ၂၉ရက်တွင် ဇီဝလုံခြုံမှု သတ်မှတ်ချက်နှင့် အညီ ပေးပို့လိုက်ပြီဟု ကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်လိုက်သည်။

သြဂုတ် ၁၉ရက်က အီဘိုလာဖြစ်ပွားရာ အာဖရိကမှ ပြန်လာသော သံသယရှိလူနာ၏ သွေးနမူနာကို အီဘိုလာဗိုင်းရပ်စ်ပိုး ဟုတ်၊မဟုတ်အတည်ပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စမ်းသပ်စစ်ဆေး ထောက်ခံချက်ကို သြဂုတ်လ၂၂ရက်က ရရှိပြီး အန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းသို့ သွေးနမူနာပို့ရန် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့၏ ခွင့်ပြုချက် မရ၍ ယနေ့မှ ပို့နိုင်ခြင်းဖြစ်သည်။

အီဘိုလာရောဂါ ဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးရန် ပေးပို့


အီဘိုလာသံသယရှိ လူနာရဲ့ ဓာတ်ခွဲနမူနာကို ရောဂါအတည်ပြုစစ်ဆေးနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့တို့နဲ့ ညှိနှိုင်းပြီး ဇီဝလုံခြုံမှုသတ်မှတ်ချက်နဲ့အညီ ဒီနေ့ ပို့ဆောင်လိုက်ပြီလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၄ ဦး၊ စုစုပေါင်း ၅ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို အီဘိုလာရောဂါပိုး ရှိ-မရှိ စစ်ဆေးနိုင်ဖို့ ပေးပို့ထားတယ်လို့ ဖော်ပြထားပါတယ်။
အီဘိုလာရောဂါ သံသယနဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ဆေးကုမှုခံယူနေတဲ့ လူနာရဲ့ကျန်းမာရေး အခြေအနေ ပိုမိုတိုးတက်လာနေပြီး အစာစား လမ်းလျှောက်နေနိုင်ပြီလို့ ကျန်းမာရေးဌာနက ပြောပါတယ်။

အာဖရိကမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အသက် ၂၂ နှစ်အရွယ် မြန်မာ အမျိုးသားတဦးကို ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ကိုယ်အပူချိန်မြင့်လျက် တွေ့ရှိရတဲ့အတွက် အီဘိုလာ ရောဂါသံသယနဲ့ သက်ဆိုင်ရာက မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံဆီ လွှဲပြောင်းပို့ဆောင် ကျန်းမာရေးစောင့်ကြပ်စစ်ဆေး ကုသပေးနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ချက်အရ အီဘိုလာရောဂါနဲ့ ပတ်သက်တဲ့ ဓာတ်ခွဲစစ်ဆေးတာကို အိန္ဒိယနိုင်ငံ ပူနေးမြို့က ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးရမှာ ဖြစ်ပါတယ်။
DVB

အီဘိုလာသံသယသွေးနမူနာကို အမေရိကန်နှင့် ဂျာမနီသို့ ပေးပို့စစ်ဆေးရန်ဆွေးနွေး


ရန်ကုန်၊ အီဘိုလာရောဂါ သံသယရှိသူ ၏သွေးနမူနာကို အမေရိကန်နိုင်ငံ CDC Atlanta (သို့မဟုတ်) ဂျာမနီနိုင်ငံ ဟန်း ဘတ်မြို့ရှိ ခွဲခန်းသို့ပေးပို့ စစ်ဆေးရန် ဆွေးနွေးမှုများပြုလုပ်ထားကြောင်း သိ ရသည်။

လက်ရှိအချိန်တွင် လူနာသွေးနမူ နာကို အိန္ဒိယနိုင်ငံပူးနေမြို့ရှိဓာတ်ခွဲခန်း သို့ ပေးပို့စစ်ဆေးနိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအ ဖွဲ့အစည်းတစ်ခုဖြစ်သော IATA နှင့် WHO တို့ညှိနှိုင်းဆဲဖြစ်သည်ဟု သြ ဂုတ် ၂၆ ရက် ဗဟိုကူးစက်ရောဂါတိုက် ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ တိုးသီရိအောင်က ပြောသည်။

အီဘိုလာဗိုင်းရပ်စ်ရှိသည်ဟု သံသ ယရှိသူ လူနာ၏သွေးနမူနာအား အိန္ဒိယ နိုင်ငံ ပူးနေမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲ ခန်းသို့ပေးပို့ရန်အတွက် အိန္ဒိယမှ လက် ခံသော်လည်း လေကြောင်းလိုင်းမှ သယ် ယူပို့ဆောင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

''လေကြောင်းလိုင်းကနေ သယ် ယူပို့ဆောင်ဖို့က အခက်အခဲရှိနေတယ်။ IATA ကတော့ နိုင်ငံတကာကိုပို့ရင် လိုအပ်ချက်ခြောက်ချက်ရှိတယ်ဆိုပြီး ပြောတာပေါ့။ သူတို့ကနေ လက်မခံ သေးဘူး။ အခုဒီက အစိုးရရယ်၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တွေကနေပြီးတော့ လေကြောင်းလိုင်းနဲ့ညှိနှိုင်းမှုတွေလုပ် နေတယ်'' ဟု ၄င်းက ပြောသည်။

ယခုလ ၁၉ ရက်က အနောက် အာဖရိကမှပြန်လာသူ ဦးဇင်မင်းဦးအား အီဘိုလာရောဂါရှိသည်ဟု သံသယရှိ သဖြင့် ၄င်း၏သွေးနမူနာအား အမျိုး သားကျန်းမာရေးဓာတ်ခွဲခန်းမှုဆိုင်ရာ ဌာန(NHL)မှ စစ်ဆေးခဲ့ရာ ရရှိသော သွေးနမူနာ၏အဖြေမှာ ငှက်ဖျားပိုးနှစ် မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပ ရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းရပ်စ်ရော ဂါပိုးနှစ်မျိုးကူးစက်ခံရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။ 

လက်ရှိတွင် လူနာသည် ငှက်ဖျားရောဂါပိုးတွေ့ရှိရသော်လည်း လူနာအပါအဝင် လူနာနှင့်အတူလိုက် ပါလာသော လေးဦးအား စောင့်ကြပ် ကြည့်ရှုနေဆဲဖြစ်သည်ဟုသိရသည်။

TheYangonTimes

မြန်မာနိုင်ငံတွင် အီဘိုလာ ဓာတ်ခွဲခန်း တည်ဆောက်ရန် စီစဉ်


မြန်မာနိုင်ငံတွင် အီဘို လာရောဂါစမ်းသပ်စစ်ဆေးနိုင် မည့်ဓာတ်ခွဲခန်း တည်ဆောက် ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အခု မြန်မာနိုင်ငံမှာဆိုရင် အီဘိုလာနဲ့ပတ်သက်ပြီး နဖူးတွေ့ဒူးတွေ့ ကြုံလာရပြီဆိုတော့ ရောဂါစစ်ဆေးဖို့အတွက် လိုအပ် မယ့် ပစ္စည်းတွေဝယ်ယူပြီး ဓာတ် ခွဲခန်းဆောက်ဖို့ စီစဉ်နေပါပြီ’’ ဟု ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူး စက်ရောဂါဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာ ထွန်းတင်က ပြောသည်။

မြန်မာနိုင်ငံတွင် အီဘိုလာ ရောဂါဖြစ်၊ မဖြစ် သိရှိနိုင်ရန် စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းမရှိ ခြင်းကြောင့် သြဂုတ် ၁၉ ရက်က အာဖရိကတိုက်မှ ပြန်လည်ရောက်ရှိလာသည့် အီဘိုလာရောဂါ သံသယရှိ လူနာ ဦးဇင်မင်းဦး၏ သွေးကို ဓာတ်ခွဲစစ်ဆေးရန် ကမ္ဘာ့ကျန်းမာရေး ဓာတ်ခွဲဌာန တည်ရှိရာ အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

‘‘ဓာတ်ခွဲခန်းဆောက်ဖို့ ဆို တာကလည်း သူ့အတွက် လိုအပ် မယ့် အဆောက်အအုံတွေ၊ ပစ္စည်း ကိရိယာတွေ ၀ယ်ဖို့ရှိသေးတယ်။ ဒီနေ့ပြော နောက်နေ့ ဗြုန်းခနဲဆောက်လို့ ပြီးမယ့် အရာတော့ မဟုတ်ဘူး။ အချိန်အတိုင်းအတာ တစ်ခုတော့ ကြာမှာပဲ’’ဟု ဒေါက် တာထွန်းတင်က ဆိုသည်။

လင်းနို့မှတစ်ဆင့် စတင်ဖြစ် ပွားသော အီဘိုလာဗိုင်းရပ်စ်ပိုး သည် အနောက်အာဖရိကနိုင်ငံ များဖြစ်သည့် လိုက်ဘေးရီးယား၊ ဂီနီ၊ နိုင်ဂျီးရီးယား၊ ဆီရာယာလီယွန် စသည့် နိုင်ငံလေးနိုင်ငံတွင် ကူးစက်မှု မြန်ဆန်နေပြီး သြဂုတ် ၂၃ ရက်ထိ ရောဂါဖြစ်ပွားသူအရေ အတွက် ၂၆၁၅ ဦးနှင့် သေဆုံးသူ များမှာ အနည်းဆုံး ၁၄၂၇ ဦး ရှိ နေပြီ ဖြစ်သည်။

အီဘိုလာရောဂါပိုးမှ ကာ ကွယ်နိုင်ရန် တစ်ကိုယ်ရေ သန့် ရှင်းရေး ဂရုစိုက်ခြင်း၊ ရောဂါပိုး ရှိသူ(သို့) ရောဂါကူးစက်ခြင်း ခံထားရသူ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များကို အကာအကွယ်မပါဘဲ ထိတွေ့ခြင်းမပြုရန်နှင့် အီဘိုလာရောဂါဖြစ်ပွားနေ သည့် နိုင်ငံများသို့ ခရီးသွားခြင်း တို့ကို ရှောင်ကြဉ်ရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
7daydaily

၆ လခန့် အချိန်ယူရဦးမည့် အီဘိုလာတိုက်ဖျက်ရေး


ဆီရီယာလီယွန်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ အီဘိုလာတိုက်ဖျက်ရေး ကိုယ်စားလှယ် ဒေးဗစ်နာဗားရိုးက အီဘိုလာရောဂါကို တိုက်ခိုက်ဖို့နောက်ထပ် ၆ လအချိန်ယူရဦးမယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်ကျန်းမာရေးပညာရှင်တစ်ဦးဖြစ်တဲ့ နာဗားရိုးဟာ အခုကပ်ဆိုးကို တုန့်ပြန်ဖို့အတွက် ကုလသမဂ္ဂကနေ ခန့်အပ်ထားတဲ့သူဖြစ်ပြီး ရောဂါဖြစ်ပွားနေတဲ့ ဒေသကို လာရောက်လေ့လာ နေတာပါ။ သူက အီဘိုလာကို တိုက်ဖျက်ဖို့ဆိုတာဟာ တိုက်ပွဲတစ်ပွဲ မဟုတ်ဘဲ အချိန်ယူပြီး တိုက်ခိုက်ရမယ့် စစ်ပွဲကြီးတစ်ခုဖြစ်ပြီးတော့ အားလုံးက ပြင်းပြင်းထန်ထန် တွဲဖက်လုပ်ကိုင်သွားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်တွေဟာ ဒီရောဂါဆိုးကို တိုဖျက်သွားဖို့ ကတိ ပေးထားပြီး စတင်ဖြစ်ပွားချိန်ကစလို့ သေဆုံးခဲ့သူ (၁၄၂၇)ယောက်ရှိခဲ့ပြီဖြစ်ပါတယ်။

WHO ကလည်း အီဘိုလာကူးစက်ခံရသူ WHO ၀န်ထမ်း ၂၄၀ ကျော်ရှိပြီး ၁၂၀ ကျော်သေဆုံးခဲ့ပြီးပြီ လို့ တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အနောက်အာဖရိကက နိုင်ငံတစ်ခုဖြစ်တဲ့ ကွန်ဂိုဒီမိုကရက်တစ် နိုင်ငံကလည်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံထဲမှာ အီဘိုလာကူးစက်ခံရမှု နှစ်ခုကို တွေ့ရှိခဲ့တယ်လို့ တနင်္ဂနွေနေ့က ကြေငြာခဲ့ပါတယ်။ လိုက်ဘေးရီးယားနဲ့ ဆီးရီယာလီယွန် တို့မှာ ဆေးကုသမှုပေးနေတဲ့ ဆရာဝန်တွေပါ သေဆုံးခဲ့ရပြီး စမ်းသပ်ဆဲဆေးဝါးနဲ့ ကုသခံနေတဲ့ ဆရာဝန်တစ်ဦး လိုက်ဘေးရီးယားမှာ ထပ်မံသေဆုံးခဲ့တာကြောင့် ကုသနိုင်တဲ့ ဆေးဝါးပေါ်လာဖို့သံသယ၀င်နေကြတယ်လို့လည်း သိရပါတယ်။

ကွန်ဂို၌ အီဘိုလာရောဂါဖြစ်ကြောင်း အတည်ပြု


ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံက နိုင်ငံမြောက်ပိုင်း၌ အဖျားရောဂါပြင်းထန်စွာ ခံစားနေရသူ တစ်ဦး၌ အီဘိုလာရောဂါဖြစ်ပွားနေ ပြီဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
လူ ၁၃ ဦး သေဆုံးခဲ့သော အီကွေတီးယားပြည်နယ်၌ အဖျား ရောဂါဖြစ်နေသူနှစ်ဦးကို စမ်းသပ် စစ်ဆေးရာမှ အတည်ပြုနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဖီးလစ်နမ်ဘိုင်းက ဘီဘီစီသို့ ပြောကြားသည်။
အဆိုပါရောဂါထိန်းချုပ်သွားရန် ကန့်သတ်ဇုန် ထူထောင်သွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ နမ်ဘိုင်းက ဆက်လက်ပြောကြားသည်။ ယင်းရောဂါသည် စတင်ဖြစ်ပွားချိန် မှစပြီး အနောက်အာဖရိက အပြင်ဘက်၌ ပထမဆုံးအကြိမ်ဖြစ်ပွားခြင်း ဖြစ်သည်။ ယခုအထိ အဆိုပါ ဗိုင်း ရပ်စ်ကြောင့် သေဆုံးသူ ၁၄၂၇ ဦး ရှိသွားပြီဖြစ်သည်။
အီဘိုလာရောဂါဖြစ်ပွားမှု အမြန်နှုန်းသည် မကြုံစဖူးတိုးပွားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောသည်။ အနောက်အာဖရိက၌ မတ်လမှစပြီး အီဘိုလာရောဂါ ကူးစက်ခံရသူပေါင်း ခန့်မှန်းအားဖြင့် ၂၆၁၅ ဦး ရှိသွားပြီဟု ဆိုသည်။ ''ဒီရောဂါက ကုသနိုင်တဲ့ ဆေးမရှိသေးဘူးဗျ။ ဒါပေမယ့် စမ်းသပ်ဆေးဝါး ZMappနဲ့ကုတာ ပြန်ကောင်းတာတွေ တော့ရှိတယ်''ဟု ဒေါက်တာနမ်ဘိုင်းက ပြောသည်။
(ဘီဘီစီ)

Myanmaalinn

ကွန်ဂိုမှာ အီဘိုလာဗိုင်းရပ်စ်ကြောင့် ၂ ဦးသေ

အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ဝေဒနာရှင်ဆီသွားမယ့် ကျန်းမာရေးလုပ်သားကို ကာကွယ်မှု အပြည့်ဝတ်စုံဖြင့် ဤသို့ မြင်ရစဉ်။

အာဖရိကတိုက်အလယ်ပိုင်း ကွန်ဂိုနိုင်ငံမှာ အီဘိုလာ ဗိုင်းရပ်စ်ပိုးကူးစက်ပြီး သေဆုံးသူ နှစ်ဦးရှိသွားပြီဖြစ်ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးက အတည်ပြု ပြောကြားလိုက်ပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်ပိုးကူးစက်နေသူ ၈ ဦးကို သူ့နိုင်ငံအတွင်း စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီး Felix Kabange Numbi က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

တချိန်တည်းမှာပဲ Sierra Leone နိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်နေတယ်ဆိုတဲ့ ဗြိတိသျှနိုင်ငံသားကို ဗြိတိန်ကို ပြန်လည် ခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။ သူ့ကို လန်ဒန်မြို့မှာရှိတဲ့ Royal Free ဆေးရုံမှာ သီးခြားခွဲထုတ်ပြီး ဆေးကုသပေးသွားမှာ ဖြစ်ပါတယ်။

လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား နှစ်ဦးဟာလည်း အမေရိကန်နိုင်ငံမှာ ဆေးကုသမှုခံယူပြီးနောက် အခု ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ အဲဒီ အမေရိကန် အီဘိုလာ ဝေဒနာရှင်နှစ်ဦးထဲကတဦးဖြစ်တဲ့ ဒေါက်တာ Kent Brantly တဦးတည်း ဆေးကုသမှုခံယူပြီး ပြန်လည် ကောင်းမွန်လာတာမဟုတ်ပါဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့မှာ Tweeter လူမှုကွန်ယက်က တဆင့် သတင်းထုတ်ပြန်လိုက်ပါတယ်။

အာဖရိကတိုက်က အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့သူ သုံးဦးဟာ ပြန်လည်ကောင်းမွန်လာတာကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို အင်တာနက်မှာ ကြည့်ရှုနိုင်တဲ့ လိပ်စာကိုလည်း အဲဒီ WHO ရဲ့ Tweet ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အီဘိုလာသံသယလူနာ၏သွေးကို အိန္ဒိယနိုင်ငံရှိ WHO ဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရေး မြန်မာအစိုးရ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင် ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့တို့ ညှိနှိုင်းဆဲဖြစ်


အီဘိုလာဗိုင်းရပ်စ်သံသယလူနာ၏သွေးနမူနာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်း သို့ ပေးပို့နိုင်ရေးအတွက် မြန်မာအစိုးရ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) တို့ လက်ရှိအချိန်အထိ ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနက သြဂုတ်၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။ 

"အိန္ဒိယကိုပို့မယ့်သွေးနမူနာကို ကျွန်မတို့ကျန်းမာရေးဌာနက အားလုံးပြင်ဆင်ထားပြီးသားဖြစ်ပေမယ့် IATA အဖွဲ့ရဲ့ သယ်ပေးမယ်ဆိုတဲ့ခွင့်ပြုချက်ကို စောင့်နေရတဲ့အခြေအနေပါ။
အိန္ဒိယအစိုးရဘက်ကလည်း သွေးနမူနာလက်ခံမယ်ဆိုတဲ့ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ်။ IATA အနေနဲ့လည်း လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ IATA တို့လက်ရှိအချိန်ထိ ညှိနှိုင်းနေဆဲပါ။ ဒီလိုလေကြောင်းလိုင်း ပြဿနာအခက်အခဲတွေက တခြားနိုင်ငံတွေမှာလည်း ဖြစ်နေတာမျိုးတွေရှိပါတယ်။ ဒါကြောင့်မို့ သူတို့နိုင်ငံတွေမှာဆို ကိုယ်ပိုင်လေယာဉ်တွေနဲ့သယ်တာမျိုးတွေတောင်ရှိပါတယ်။ ၀န်ကြီးဌာနအနေနဲ့လည်း အမြန်ဆုံးပေးပို့ချင်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ WHO က သတ်မှတ်ချက်အတိုင်း အားလုံးလုပ်ဆောင်ပြီးသွားပါပြီ။ သွေးနမူနာကိုပေးပို့နိုင်ဖို့ တိုက်ရိုက်မပို့နိုင်တဲ့ အခက်အခဲတစ်ခုပဲရှိတော့တာပါ" ဟု ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နှင်းရေးဌာနမှ ဒေါက်တာတိုးသီရိအောင်ကဆိုသည်။

အီဘိုလာကူးစက်မှု ရှိ မရှိ အတည်ပြုနိုင်ရန် သွေးနမူနာကို သတ်မှတ်ညွှန်းပို့ဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရေးနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာအချို့တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) အဖွဲ့၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ဝေဖန်ချက်များထွက်ပေါ်နေပြီး မြန်မာအစိုးရအနေဖြင့် ယင်းကိစ္စအပေါ် မည်သို့ကိုင်တွယ်လုပ်ဆောင်သွားမည်ကိုမူ စိတ်ဝင်စားမှုမြင့်တက်နေကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားရာတွင် "ဒီသွေးနမူနာရဲ့ ဓာတ်ခွဲအဖြေရဖို့က ကြားထဲမှာလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအများကြီးရှိနေတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သံသယလူနာရဲ့သွေးနမူနာကို သတ်မှတ်ဓာတ်ခွဲခန်းကိုပေးပို့မယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်းရှိပြီးသားဖြစ်ပြီး ဒါတွေကိုလည်း ကျွန်တော်တို့ဘက်က အားလုံးပြင်ဆင်ထားပြီးသားပါ။ အခု အိန္ဒိယအစိုးရရဲ့ထောက်ခံချက်ကရပြီးပါပြီ။ အရင် H5N1 စစ်တုန်းကလည်း နမူနာပစ္စည်းပို့ဖို့အတွက် ကြားထဲမှာ အချိန်နှစ်ပတ်လောက်ကြာခဲ့ပါတယ်။ သတ်မှတ်ဓာတ်ခွဲခန်းတွေကို နမူနာပစ္စည်းတွေရောက်သွားရင်စစ်တဲ့အချိန်က တစ်ရက်အတွင်းရပေမယ့် ပေးပို့ရတဲ့ကြားက လုပ်ငန်းတွေကကြာနေတာပါ" ဟု ပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်ဖြစ်ပွားလျက်ရှိသော အနောက်အာဖရိကဘက်မှပြန်လာပြီး ဖျားနာနေသူ ဦးဇင်မင်းဦး၏သွေးနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ စစ်ဆေးခဲ့ရာရရှိသော ဓာတ်ခွဲအဖြေအရ ငှက်ဖျားရောဂါပိုးနှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ် (Plasmodium Falciparum) နှင့် ပလပ်စမိုဒီရမ်ဗိုင်းဘက် (Plasmodium Vivax) ရောဂါပိုးနှစ်မျိုးကူးစက်ခံနေရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ထို့အပြင် လူနာ၏သွေးနမူနာများကို အမေရိကန်နိုင်ငံ CDC Atlanta (သို့မဟုတ်) ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့ရှိ ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးနိုင်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လူနာမှာကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အီဘိုလာ သံသယလက္ခဏာဖြစ်သည့် ခန္ဓာကိုယ်အတွင်းအပြင်တို့တွင် သွေးယိုစီးခြင်းလက္ခဏာများ လုံးဝမတွေ့ရှိရကြောင်းနှင့်အခြားလေးဦး၏ ကျန်းမာရေးအခြေအနေမှာလည်း အားလုံးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Eleven Media Group 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့် ကြပ်ကြည့် ရှုရေး လုပ်ငန်းများ လုပ်ဆောင်နေ စဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ကွန်ဂိုနိုင်ငံတွင် အီဘိုလာ ကူးစက်နေပြီဟု ကြေညာ


ဒီမိုကရက်တစ် သမ္မတ ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်နေပြီလို့ ကြေညာလိုက်ပါတယ်။

နိုင်ငံ မြောက်ပိုင်း အီကွေတာ ပြည်နယ်မှာ အီဘိုလာ ရောဂါသည် ၂ ယောက်ကို တွေ့ရှိခဲ့ရ တယ်လို့ ကျန်းမာရေး ၀န်ကြီး ဖဲလက်စ် ကာဘိန်းဂ် က ကြေညာပါတယ်။

အီကွေတာ ပြည်နယ်မှာ အမျိုးအ မည်မသိ တဲ့ ရောဂါတမျိုး ပျံ့နှံ့နေတာ ရက်သတ္တပတ်တချို့ ရှိခဲ့ပါပြီဖြစ်ပြီး ရောဂါကြောင့် လူ ၇၀ သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

သြဂုတ် ၂၁ ရက်နေ့ကတော့ ထူးဆန်တဲ့ ရောဂါဟာ အီဘိုလာ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပြီး အခုတော့ အီဘိုလာအဖြစ် အတည်ပြုလိုက်တာပါ။

ကွန်ဂိုမှာ ၁၉၇၆ ခုနှစ်ကစလို့ အီဘိုလာ ပျံ့နှံ့မှု အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး ဒီတကြိမ်နဲ့ဆိုရင် ၆ ကြိမ်မြောက် ဖြစ်ပါတယ်။ အနောက်အာဖရိက နိုင်ငံတွေမှာ ဖြစ်နေတဲ့ ကပ်ဘေးနဲ့ ပတ်သက်မှု မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

အခုနောက်ဆုံး အီဘိုလာရောဂါ တကျော့ပြန်ဖြစ်လာတယ်လို့ ကွန်ဂိုအစိုးရက ကြေညာတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အတည်ပြုချက် မပေးသေးပါဘူး။
By ဒီဗွီဘီ