Showing posts with label တယ်လီနောသတင်း. Show all posts
Showing posts with label တယ်လီနောသတင်း. Show all posts

ဒါတွေသိမှ Telenor သုံးပါ


ရန်ကုန်မှာTelenor ရောင်းပြီဆိုတော့ သိထားသင့်တာတွေ တင်ပေးလိုက်ပါတယ်။

(1)zero facebool.apk
ဒီ apk က Telenor ကတရားဝင် free သတ်မှတ်ထားတာပါ။facebook အတွက်။ဒေါင်းရန်……
https://www.dropbox.com/s/f4lulp05dutoa5d/-1050817990.apk?dl=0
(2)Opera mini.apk
ဒီ apk ကတော့ Telenor နဲ့အကျိုးတူပူးပေါင်းထားတဲ့ apk ပါ။
Java;Scribe;Flash တို့မပါတဲ့အတွက် Data ကို ချုံပေးပါတယ်။ဒေါင်းရန်………https://www.dropbox.com/s/b3vwu3wbqko2l2h/-1552877520.apk?dl=0

(3)Internet speed meter.apk
ဒီ apk က ကိုယ်တစ်နေ့သုံးတာ ဘယ်လောက် Mb ရှိပြီဆိုတာသိနိုင်ပြီး။တစ်လစာ ဘယ်လောက်ထိသုံးထားလဲဆိုတာပါတွက်ပေးထားပါတယ်။
Upload/Download speedတွေပါပြပေးပါတယ်။ဒေါင်းရန်……https://www.dropbox.com/s/lzh26oeksezw47p/com.internet.speed.meter.lite.apk?dl=0

ဒီသုံးခုကတော့ Telenor သုံးသူများမဖြစ်မနေဆောင်ထားရမယ့် apk သုံးခုပါ။
အဆင်ပြေကြပါစေ။

တစ်ခြားဝန်ဆောင်မှုအပိုင်းတွေကိုလဲ ပုံတွေနဲ့ပြထားပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Credit >> (သူရေး) <

တယ်လီနော်ဆင်မ်းကတ်ရောင်းမည့်ရက်ရန်ကုန်လူထုစိတ်ဝင်တစားစောင့်နေ


တယ်လီနော်ဆင်မ်းကတ်ရောင်းမည့်ရက်ရန်ကုန်လူထုစိတ်ဝင်တစားစောင့်နေ
တယ်လီနောဆင်းမ်ကတ်ကို မန္တလေး၌ စတင်ချထားပေးပြီး နှစ်ပတ်အကြာတွင် ရန်ကုန်မြို့၌ 
ချထားပေးမည်ဟု တယ်လီနောကထုတ်ပြန်ကြေညာထားခြင်းကြောင့် အောက်တိုဘာလဆန်း
ပိုင်းအတွင်း တယ်လီနောဆင်းမ်ကတ် ရောင်းချမည့်အချိန်အတိအကျသိလိုနေကြပြီး ရောင်းချ
ချိန်၌ ဦးစွာရရှိလို၍ စာရင်းပေးလိုသူ များပြားနေကြောင်း ရန်ကုန်မြို့ရှိ ဖုန်းဆိုင်များက 
အောက်တို ဘာ ၅ရက်၌ တညီတညွတ်တည်း ပြောဆိုကြသည်။

တယ်လီနောဆင်းမ်ကတ်များကို စက်တင်ဘာ ၂၇ရက်က မန္တလေးမြို့တွင် စတင်ရောင်းချ
ပေးခဲ့ပြီးတစ်ပတ်အကြာ အောက်တိုဘာ ၃ရက်၌နေပြည်တော်တွင် ရောင်းချပေးခဲ့သည်။
ယင်းကြောင့် တယ်လီနောစတင် ရောင်းချပေးမည်ဟု ကြေညာထားသည့် မြို့ကြီး
သုံးမြို့တွင် ရန်ကုန်မြို့သာ ကျန်ရှိနေတော့သောကြောင့် သုံးစွဲသူများက စိတ်ဝင်စားမှု
မြင့် တက်နေခြင်း ဖြစ်ကြောင်း သိရသည်။

'မန္တလေးမှာ ချထားပေးပြီးနှစ်ပတ်အကြာမှာ ရန်ကုန်မှာ ချပေးမယ်
ဆိုပေမယ့် အောက်တိုဘာ ၆ ရက်၊ ၇ ရက်လောက်မှာ ချမယ်ဆိုတဲ့သတင်းတွေ
ကြားလို့ဆိုပြီး တယ်လီနောတံဆိပ် တွေကပ်ထားတဲ့ ကျွန်တော်တို့လိုဆိုင်တွေမှာ
ကြိုစာရင်းပေးချင်တဲ့လူနဲ့၊ ဘယ်နေ့ ထွက်တော့မလဲ လာမေးတဲ့သူတွေ များပါ
တယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်းရန်ကုန်မှာ စတင်ရောင်းချပေးမယ့် ရက်
အတိအကျကို အနားနီးမှ အတိအကျသိရမှာ ဖြစ်ပါတယ်' ဟု ဆူးလေဘုရား
အနီးရှိ မိုဘိုင်းလ်အရောင်းဆိုင်တစ်ဆိုင်မှ ကိုမျိုးမြင့်က ပြောဆိုခဲ့သည်။

ရန်ကုန်မြို့မှ အသက် ၂၃နှစ်အရွယ် ကိုသီဟအောင်ကလည်း 'မိုဘိုင်းလ်
ဆင်းမ်ကတ်တွေစချပေးပြီဆိုရင် ရန်ကုန်ကပဲစတော့ အခုတယ်လီနောက မန္တလေး
ကစပြီးချပေးလိုက်တဲ့အတွက် ရန်ကုန်ကလူတွေက အရမ်းကို သုံးချင်နေကြပြီ။
အထူးသဖြင့် အင်တာနက်လိုင်း အခြေအနေပေါ့။ တချို့ဆို မန္တလေးက
ဆင်းမ်ကတ်တွေ ဒီကိုယူလာပြီး သုံးတာတောင်ရှိတယ်။ ဒါပေမဲ့ ကွန်ရက်မချိတ်
ဆက်ရသေးတော့ သုံးလို့မရပါဘူး။ တယ်လီနောကလည်း ရောင်းမယ့်ရက်ကို
မန္တလေးမှာချထားပေးပြီး နှစ်ပတ်ကြာလို့ပဲ ပြောထားတော့ အခုရက်ပိုင်းများ
ချထားပေးမလားဆိုပြီး ဖုန်းအရောင်းဆိုင်တွေကို သွားပြီးမေးနေကြရတာပါ' ဟု
ပြောဆိုသည်။

တယ်လီနောဆင်းမ်ကတ်များကိုလက်ရှိတွင် မန္တလေးမြို့နှင့်နေပြည်တော်
တို့၌ စတင်သုံးစွဲနေကြပြီး အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ ချထားပေးမည့်
သတင်းများ ထွက်ပေါ်နေသော်လည်း တယ်လီနောမြန်မာက မန္တလေး
တွင် ချထားပေးပြီး နှစ်ပတ်အကြာမှသာချထားပေးမည်ဖြစ်ကြောင်း ကြေညာထား
ပြီး ရက်အတိအကျကိုမူ ကြေညာခြင်းမရှိသေးကြောင်း သိရသည်။
စံတော်ချိန်

တယ်လီနောဆင်းမ်ကတ်များ နိုင်ငံပေါင်း ၂ဝဝကျော်သို့ ဖုန်းခေါ်ဆိုနိုင်ပြီး နိုင်ငံငါးနိုင်ငံကို သယ်ဆောင်အသုံးပြုနိုင်မည်


အော်ပ ရေတာ တစ်ခုဖြစ်သည့် တယ်လီနော (မြန်မာ)မှ ပြည်တွင်းမှ နိုင်ငံပေါင်း ၂ဝဝကျော်သို့ အပြန်အလှန်ဖုန်းခေါ် ဆိုနိုင်ရန် ဆောင်ရွက်ထားပြီး နိုင်ငံ ငါးနိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရသည်။

ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံ များ အပါအဝင် ကနေဒါအစရှိသည့် နိုင်ငံများသို့ ဖုန်းအပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ပြီး မည်သည့် နိုင်ငံကိုမဆို စာတိုစနစ် (SMS)ပေးပို့ခြင်း အားဈေးနှုန်း အနေဖြင့် ကျပ်၃ဝ သတ်မှတ်ထားကြောင်း သိရ သည်။

တယ်လီနော(မြန်မာ)မှတာဝန် ရှိသူတစ်ဦးက ''ပြည်တွင်းကနေ နိုင်ငံခြားကောလ်တွေကို အလွယ် တကူ ခေါ်ဆိုနိုင်အောင် ဆောင် ရွက်ထားတယ်။ ဖုန်းခေါ်ဆိုခတွေကို လဲ နှုန်းထား အနည်းဆုံးဖြစ်အောင် သတ်မှတ်ပေးထားပါတယ်။ ကနေ ဒါနိုင်ငံဆိုရင်၁မိနစ် ၁ဝဝကျပ်လောက် နဲ့ဖုန်းခေါ်နိုင်မှာပါ''ဟုပြောသည်။

အဆိုပါ အော်ပရေတာမှ နိုင်ငံခြားသို့ သယ်ဆောင် အသုံးပြု နိုင်ရန် လက်ရှိတွင် ငါးနိုင်ငံသတ် မှတ်ထားကာ ယင်းတို့မှာ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အစရှိသည့် နိုင်ငံ များဖြစ်ပြီး လစဉ်နိုင်ငံငါးနိုင်ငံခန့်ထပ်တိုးသယ်ဆောင် အသုံးပြုနိုင် ရန် တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိနိုင်ငံတကာ ဖုန်းခေါ် ဆိုခများကို တစ်မိနစ်လျှင် ကျပ် ၁ဝဝမှ အများဆုံး ကျပ်၈ဝဝ အထိ သတ်မှတ်ထားပြီး အာဂျင်တီးနား သို့ ခေါ်ဆိုပါက ကျပ် ၈ဝဝ၊ သြစ တြေးလျ ကျပ် ၄ဝဝ၊ ဘရာဇီး ကျပ် ၈ဝဝ၊ အမေရိကန် ကျပ် ၄ဝဝဟုဆိုင် ရာ နိုင်ငံအလိုက် အသီးသီးသတ်မှတ် ထားကြောင်း သိရသည်။

''တယ်လီနော ကတ်တွေကို အောက်တိုဘာ ပထမပတ်လောက် မှာ နေပြည်တော်မှာ ရောင်းမယ်၊ နောက်ဒုတိယပတ်လောက်မှာ ရန် ကုန်မှာ ရောင်းပေးနိုင်အောင်စီစဉ်ထား တယ်။ နိုင်ငံခြား ကောလ်တွေ ခေါ် ဆိုရာမှာလဲ လိုင်းကောင်းကောင်း ပြောနိုင်ဖို့အတွက် ကိုပြင်ဆင်ပေး ထားတယ်'' ဟုပြောသည်။

တယ်လီနောမှ ယင်းဆင်းမ် ကတ်စတင်အသုံးပြုချိန်တွင်ဖေ့စ် ဘွတ်တစ်လ အခမဲ့အသုံးပြုခွင့်ပေး သွားမည်ဖြစ်ကာ Wikipedia (အွန် လိုင်းစွယ်စုံကျမ်း)အား အခမဲ့ အသုံး ပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း အော်ပရေတာမှ ပြည် တွင်း(သို့) ပြည်ပသို့ပြောဆို ဆက် သွယ်ခြင်းများနှင့် ပတ်သက်၍အဆင် မပြေခြင်းများရှိပါကလည်းကောင်း မေးမြန်းစုံစမ်းလိုပါက ဖုန်းနံပါတ် ၉၇၉သို့ တစ်ကြိမ်ခေါ်ဆိုလျှင် ၂၅ ကျပ်ဖြင့် ဆက်သွယ်ခေါ်ဆိုနိုင် ကြောင်း သိရသည်။

တယ်လီနော(မြန်မာ)ဆင်းမ် ကတ်များကိုမန္တလေးတွင်စက်တင် ဘာ၂၇ရက်မှစတင်ရောင်းချခဲ့ ကြောင်းသိရသည်။

Democracytoday

တယ်လီနောဖြင့် ငါးနိုင်ငံသို့သာ ဖုန်းခေါ်ဆိုနိုင်


တယ်လီနောဆင်းမ် ကတ်အသုံးပြုသူများ ပြည်ပသို့ ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှု(Roaming Service) ကို အသုံးပြုလိုပါက ကနဦးအနေဖြင့် ငါးနိုင်ငံကိုသာ အပြန်အလှန်ခေါ်ဆိုမှုပြုလုပ်နိုင်ဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


‘‘တယ်လီနောဆင်းမ်ကတ် တွေမှာ Roaming ၀န်ဆောင်မှု က တစ်ခါတည်း ပါပြီးသားပါ။ လက်ရှိမှာတော့ ငါးနိုင်ငံကို အ ပြန်အလှန်ခေါ်ဆိုမှုတွေ ပြုလုပ် နိုင်မှာဖြစ်ပြီး နောက်ထပ်နိုင်ငံ တွေကိုလည်း ထပ်ပြီးတိုးချဲ့သွားဖို့လုပ်နေပါတယ်’’ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြော သည်။

တယ်လီနော အနေဖြင့် ဆင်းမ်ကတ်များကို စက်တင်ဘာ၂၇ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး ပြည်တွင်းဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၅ ကျပ်၊ SMSပေးပို့ခ အနေဖြင့် တစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ယူလျက် ရှိ သော်လည်း ပြည်ပသို့ ဖုန်းခေါ် ဆိုသည့် Roaming ၀န်ဆောင်မှု နှင့် ပတ်သက်သည့်ဖုန်းခေါ်ဆိုခ နှင့် SMS ပို့ခနှုန်းထားများကို အတိအကျထုတ်ပြန်ခြင်းမရှိသေး ဘဲ ၎င်းတို့၏၀က်ဘ်ဆိုက်တွင် တင် ပေးသွားမည်ဟုသာ ပြောကြား ထားသည်။

တယ်လီနောမှ ပြည်ပသို့ အပြန်အလှန်ခေါ်ဆိုနိုင်မည့် နိုင်ငံ များမှာ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံ တို့ဖြစ်ကြောင်းသတင်းရရှိသည်။

လက်ရှိတွင် အစိုးရအော်ပ ရေတာဖြစ်သည့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသည် GSM နှင့် WCDMA ဖုန်းများကို နိုင်ငံ ပေါင်း ၃၁ နိုင်ငံသို့ သယ်ယူအသုံး ပြုနိုင် သည့် Outbound Roaming ၀န် ဆောင်မှုနှင့် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ မိုဘိုင်းဖုန်းများကို ပြည် တွင်းသို့ သယ်ယူအသုံးပြုနိုင် သည့် Inbound Roaming ၀န် ဆောင်မှုများပေးလျက်ရှိသည်။

တယ်လီနောက ဆင်းမ်ကတ်နှင့် ဟန်းဆက်ကို ၁၉,၉၀၀ ကျပ်ဖြင့် ရောင်းချမည်


တယ်လီနောသည် 2G ကွန်ရက်သုံး keypad ဟန်းဆက်နှင့် မိုဘိုင်းဆင်းမ်ကတ်ကို ငွေကျပ် ၁၉,၉၀၀ ကျပ်ဖြင့် တွဲဖက်ရောင်းချမည်ဟု ကြေညာသည်။ အလားတူ 3G ကွန်ရက်သုံး Touch Screen စမတ်မိုဘိုင်းဖုန်းနှင့် မိုဘိုင်းဆင်းမ်ကတ်ကိုလည်း ငွေကျပ် ၄၉,၉၀၀ ဖြင့် တွဲဖက်ရောင်းချမည်ဟု သိရသည်။


အဆိုပါ ဟန်းဆက်များသည် ထိုင်ဝမ်နိုင်ငံထုတ် maximus တံဆိပ် ဟန်းဆက်များဖြစ်ပြီး တယ်လီနော၏ အမှတ်တံဆိပ်လည်း တွဲဖက်ပါဝင်မည်ဖြစ်သည်။ ဟန်းဆက်များကို အရေအတွက် မည်မျှရောင်းချပေးမည်ဟု တယ်လီနောက ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိသော်လည်း အသုံးပြုသူ လိုအပ်ချက်ရှိသလောက် ထပ်မံရောင်းချပေးနိုင်ရန် စီစဉ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဟန်းဆက်များကို မန္တလေးမြို့ရှိ တယ်လီနော ဆင်းမ်ကတ်အရောင်းဆိုင် ၁,၅၀၀ ရှိသည့်အနက် အရောင်းဆိုင် ၉ ဆိုင်၌ ဝယ်ယူနိုင်မည်ဟု သိရသည်။ ထို့အပြင် တယ်လီနောသည် ပြည်တွင်း၌ နာမည်ရရှိပြီးသားဖြစ်သည့် Samsung ၊ Huawei တို့နှင့် ပူးပေါင်း၍ ဟန်းဆက်နှင့် ဆင်းမ်ကတ်ကို တွဲဖက်ရောင်းချပေးမည်ဟု သိရသည်။

Internet Journal 

တယ်လီနောဆင်းကဒ်တွေ မန္တလေးမှာ ဒီလ ၂၇ရက်နေ့ချပေးမည်

မန္တလေးမြို့တွင် စက်တင်ဘာ၂၇ ရက်နေ့၌ တယ်လီနော ဆင်းကတ်များကို ၁၅၀၀ ကျပ်နှုန်းဖြင့် စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။

မည့်သည့်ဖုန်းကိုမဆို ခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်နှုန်းဖြင့်လည်းကောင်း မက်စေ့ခ်ျတစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့်လည်းကောင်း ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Shwe Myitmakha Media Group

Telenor က ဆင်းမ်ကတ်ရောင်းချမည့် ရက်အတိအကျမသိရသေး


Telenor Myanmar အနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ယခုရက်ပိုင်းအတွင်း ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ရောင်းချမည့်ရက် အတိအကျမသိရသေးကြောင်း ယနေ့ကျင်းပသော Myanmar Connect 2014 အခမ်းအနားမှ သိရသည်။

"ဘယ်တော့ရောင်းမလဲ ပြောရရင်တော့ မကြာခင်မှာပဲ ရောင်းချမယ်လို့ပြောပါရစေ" ဟု တယ်လီနောမြန်မာ၏ CEO Peter Furberg ကပြောသည်။ စက်တင်ဘာလ ၁၆ ရက်မှ စတင်ကာ တယ်လီနောဆင်းမ်ကတ် များရောင်းချမည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

"တာဝါတိုင်တွေ ဆောက်နေတာဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာပါပဲ။ ဆင်းမ်ကတ်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ရောင်းချသွားမှာပါ" ဟု Mr.Peter Furberg ကပြောသည်။
internet journal

တယ်လီနောမှ ဆင်းကဒ်ဖြန့်ဝေမှု မန္တလေးမှစတင်မည်ဟုသိရ


တယ်လီနောမှ ငွေကျပ် ၁၅၀၀ ထက်မပိုသော တစ်မိနစ်ပြောဆိုနှုန်းထား ၂၅ ကျပ်ထက် မပိုသော ဆင်းကဒ်များအား မြန်မာနိုင်ငံအတွင်း ဖြန့်ချိရာတွင် မန္တလေးမြို့မှ စတင် သွားမည်ဖြစ်ကြောင်း၊ ယနေ့ ၁၀ နာရီခွဲမှစကာ မန္တလေး စက်မူဇုံ ကနောင်ခန်းမ တွင် တယ်လီနောနှင့် စက်မူစီးပွားရေးလုပ်ငန်းစုများ အတွက်သီးသန့် ဝန်ဆောင်မှုများအကြောင်း လာရောက် ရှင်းလင်မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။


သို့သော်လည်း မည်သည့်နေ့ရက်တွင် စတင်ဖြန့်ချိမည်ကို ပြောကြားခဲ့ခြင်း မရှိသေးဘဲ နီးကပ်မှသာ အသေးစိတ် သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ Vice president & Head of Enterprise Marketing Group ဖြစ်သူ ဦးရေချမ်းမှ အထက်ပါပွဲတွင် ပြောကြားခဲ့သည်။
တက်ရောက်လာသူ လုပ်ငန်းရှင်အချို့မှ မေးမြန်းမှုကို ဖြေကြားရာတွင်လည်း တစ်မိနစ်အတွက် ပြောဆိုခနှုန်းထားမှာ လောလောဆယ်တွင် ၂၅ ကျပ်ထက်မပိုသော နှုန်းထားဖြစ်ပြီး စက္ကန့်အလိုက် တွက်ချက်ကောက်ခံမှုကို နောက်မှ ထပ်မံထုတ်ပြန်ပေးမည်ဟု ဆိုသည်။ ပိုကောင်းသည့် ဝန်ဆောင်မှုကို ပေးရန်ရှိပြီး ဝန်ဆောင်မှုများမှာ ရိုးစင်းရှင်းလင်းမည်ဟုဆိုကာ အများပြည်သူအား ပေးသောကတိ တည်စေနိုင်ရန်အတွက် ကတိပေးထားသော လိုင်စင်ရပြီး ၈ လအကြာ အောက်တိုဘာ ၅ ရက် နောက်ဆုံးထား ဖြန့်ချိပေးမည်ဟု ပြောသည်။

ဆိုင်းဘုတ်များ တပ်ဆင်ထားသည့် မိုဘိုင်းဆိုင်အများစုကမူ ယခုလ ၁၅ ရက်နေ့တွင် တယ်လီနော ဆင်းကဒ်များ မန်းတွင် စတင်ဖန့်ဝေပေးမည်ဟု ပြောဆိုနေကြကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။