Showing posts with label ရက်စက်ယုတ်မာမှုများ. Show all posts
Showing posts with label ရက်စက်ယုတ်မာမှုများ. Show all posts

ပါလက်စတိုင်း ကလေးငယ် ၁၁ ဦးကို အစ္စရေး တပ်ဖွဲ့က အဓမ္မ ခေါ်ဆောင်





ဂျေရုဆလင် စက်တင်ဘာ ၂၂

အစ္စရေး တပ်ဖွဲ့ဝင်များ သည် အစ္စရေး နိုင်ငံက ပိုင်ဆိုင်သော အယ်လ်ကဒ် မြို့ဟောင်း (ဂျေရုဆလင်မြို့)အနီး ဝန်းကျင်၌ စီးနင်း ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်စဉ် ပါလက်စတိုင်း ကလေးငယ် ၁၁ ဦး ကို အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။ ကလေးငယ် ရှစ်ဦးသည် ဂျေရုဆလင်မြို့ အရှေ့ဘက် ရက်စ်အယ်လ်အမဒ် အရပ်မှ ဖြစ်ပြီး ကျန်သုံးဦး သည် အယ်လ်အီဆာဝီယာအရပ်မှ ဖြစ်ကြောင်းနှင့် ၄င်းတို့ကို အစ္စရေး တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၁ ရက်တွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း ပါလက်စတိုင်း ဝါဒီ ဟေလ်ဝီ သတင်း ထုတ်ပြန်ရေး ဌာနက ပြောကြားသည်။ 
အစ္စရေး တပ်ဖွဲ့ဝင် များသည် လွန်ခဲ့သည့် လများ ကလည်း အနောက်ဘက် ကမ်းခြေ ဒေသတွင် စီးနင်း ဝင်ရောက် မှုများ လုပ်ဆောင် ပြီး ပါလက်စတိုင်း လူမျိုးပေါင်း များစွာကို ဖမ်းဆီးကာ ပြစ်မှု ဖော်ပြခြင်း မရှိဘဲ အကျဉ်း ထောင်များ အတွင်း ထိန်းသိမ်း ထားကြောင်းသိရသည်။
ပြည်ချစ်သား

လူ့အသက်ကို တန်ဖိုးမထားတဲ့ ဆေးရုံနဲ့ ဆရာဝန်ကြောင့် သေဆုံးခဲ့ရတဲ့ကလေးငယ်




မိခင်ဖြစ်သူ Nway Wah Wah Lattမှ- နောင်မွေးလာမည့်မိခင် နှင့်ရင်သွေး သတိပြုရန်အတွက်ကျွန်မ၏ရင် နင့်ဖွယ် အ တွေ့အကြုံကို share လိုက်ပါတယ် ကျွန်မတွင် သမီးလေး တစ်ယောက် ရိုပါတယ် သူ့ကိုဗိုက်ခွဲပြီး ပင် လုံဆေးရုံ မုာမွေးခဲ့ပါတယ် နောက် ထပ်ကိုယ် ဝန် ရလာတဲ့အခါ သမီးကိုမွေးပေးတဲ့ OG prof ဒေါ် ခင် သိန်းဦး က ပင် လုံဆေးရုံမုာ မထိုင် တဲ့အတွက် ဝိတိုရိယ ဆေးရုံမုာ ကိုယ်ဝန်ကိုအပ်နှံပြီး လစဉ်ချိန်းတဲ့အခါတိုင်း မှန် မှန်ပြပြီး ကိုယ်ဝန်ကို ဂရုတစိုက်စောင့်ရေုာက်ခဲ့ပါ တယ် ကိုယ်ဝန်၆လမှာသားလေးဆိုတာသိလို့အတိုင်းမသိပျော်ရွှင် ရပါတယ်OGကိုယုံကြည်စွာနဲ့သားလေးကိုအပ်နှံခဲ့တယ်ကျွန်မကို11လပိုင်6းရက်မှာdue dateပေးပြီးခွဲ မွေးဖို့ဆုံးဖြတ်ခဲံတယ်ကျွန်မသူ့ကိုဆေးခန်း ပြပြီးပြန်လာတဲ့ညမှာပဲဗိုက်နာလာခဲ့တယ်ည၁နာရီခွဲကနာတာဝိတိုရိယရဲ့အ ရေးပေါ်ကို၂နာရီခွဲမှာရောက်တယ်မနက်၆နာ ရီမှာအခန်း၂၁၆ကိုရွှေ့ပြီးOGက၆ခွဲ မှာ OG ရောက်လာ ပြီး သားကိုခွဲမွေး ရင် လမ စေ့တဲ့အတွက်အသက်မရှင်နှိင် ဘူးလို့ပြောပါတယ် သားအသက် ရှင် ဖို့ရိုးရိုးမွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် OG ကကျွန်မကိုပစ်ထားခဲ့ပြီး တခြားမုာခွဲ ဖို့ဆိုပြီးထွက်သွား ခဲ့တယ် ၁၂နာရီ မှာပြန်လာမယ်လို့ပြောသွားခဲ့တယ် ကျွန်မလဲ သားလေး အသက် ရဖို့ဗိုက် အနာခံပြီး ညှစ်မွေးနေချိန်မှာ ဒေါ်ချယ် ရီလင်း ကမညှစ်နဲ့Prof ဒေါ်ခင် သိန်းဦးက ၁၂ မှလာမှာ ဒီလောက်နာရုံလောက်နဲ့မ မွေးနိုင် သေးဘူးလို့ပြောတယ် ကျွန်မရဲ့အ မေကိုလည်းရှင် က လေးမ မွေးဘူးဘူးးလို့ဟိန်းဟောက်တယ် မွေးခန်း ထဲမှာအ စောကြီးဝင်နေလို့မရဘူးပြောတယ် ကျွန်မကိုပေါင် ကိုစေ့ခိုင်းပြီးခြေ ထောက် နှစ်ချောင်းကို ချုပ်ထားပါတယ် မ မွေးနဲ့အံုးဆိုပြီးပြောတယ် ကျွန်မကိုမွေးခန်းကိုမပို့ဘဲ OG လာချိန် ၁၂ နာရီအထိကိုစောင့်ခိုင်း ပါတယ် ကျွန်မ မခံနှိင် တဲ့အဆုံးက လေးလည်းခေါင်းထွက်နေတဲ့အချိန်မွေးခန်းကို အတင်းအော်ဟစ်ပြီး ပို့ခိုင်းတော့မှ ကျွန်မကိုခေါ်သွားတယ်ဓါတ် လှေကား ထဲမှာလည်း အားလုံးကမ မွေးနဲ့အုံးဟု အော်ဟစ် ကာခြေ ထောက်ကို ချုပ်ထားကြတယ်နောက်ဆုံးမွေးခန်းကိုရောက်တော့အခန်းအဆင် သင့်မဖြစ်သေးလို့ဆိုပြီးအပြင် မှာစောင့်ခိုင်းပြန်ပါတယ်ကျွန်မလည်းမရ တော့ဘူးဆိုပြီးညှစ်တော့မွေးစင်ပေါ်မ ရောက်ခင် သားကိုမွေးသွားပါတယ် သားလေးဟာ ရေမွှာပေါက်ပြီးမွေးချိန် ကြာမြင့်သွားတဲ့အတွက်ရေမွှာမွန်းပြီး အဆုတ် ထဲကိုရေ တွေရောက်သွားပါ တယ် အသက်ကောင်းကောင်း မရှုနှိင် တော့ပါဘူး အဲ့ဒီအချိန်မှာကပ်ကြေး တောင် အဆင် သင့်မရိုဘဲ ချက်ကြိုးဖြတ်ဖို့ကို အသည်းအသန် လိုက် ရှာနေပါ တယ် မွေးခန်းထဲမှာ ယောက်ယက်ခတ်နေတယ် သားကို ၁၁း၁၅ မိနစ်မှာမွေး တယ် OG က ၁၂း၃၀ ကျော်မှရောက်လာတယ် ကျွန်မကိုမချုပ်ပေးဘဲနဲ့ ပေါင် နှစ်ချောင်းကို ချိတ်ပြီး OG လာတဲ့အထိ စောင့်ခိုင်းပါတယ် က လေးဆရာဝန် Pof ဒေါ်မြမြအုန်းမှ လည်း ၁း၃၀ မှရောက် လာပါတယ် လူသားတစ်ယောက် ရဲ့အသက် ကို မငဲ့ ကွက်ပဲ အချိန်မ လေးစား မ ထောက်ထား တဲ့ ဆရာဝန်ဆရာမများကြောင့် သားလေး သေဆုံးသွားခဲ့ပါ တယ် ဝိတိုရိယ မှာက လေးပစ္စည်းကိရိယာမစုံလင် တဲ့အတွက် ရန်ကင်းက လေးဆေးရုံကို ပို့တဲ့အချိန်မှာ သားလေးဟာ အရာရာအားလုံးနောက်ကြသွားခဲ့ရပါပြီ သားလေးဟာ တနင်္ဂနွေမနက်၇း၀၀ မှာဘဝတပါးကိုကူးပြောင်းသွားပါပြီး မိခင် နှင့် မွေးကင်းစက လေးများ ကျမလိုမဖြစ် စေရန် ရေးသားဖေါ်ပြလိုက်ပါတယ် share ပေးစေလိုပါသည်
Myanmar Celebrities

လှလွန်းသောကြောင့် အန္တရာယ် ကြုံခဲ့ရသူလေး

ချစ်စရာ ကောင်းလွန်းသည့် ရုပ်ဆင်း သွင်ပြင်ကြောင့် အခြား မိန်းကလေးများက မနာလိုဖြစ်ကာ ရုပ်ရည် ပျက်ယွင်းသွားစေရန် ၀ိုင်းဝန်း လုပ်ကြံမှု တစ်ခု အာဂျင်တီးနား နိုင်ငံ၏ မြို့တစ်မြို့ ဖြစ်သည့် ဂျူအန် ဒိုမင်ဂို ပယ်ရွန် တွင် ဖြစ်ပွားခဲ့သည်။



ဂျူလီယာသည် ပါးနှစ်ဖက်နှင့် နှုတ်ခမ်းပေါ်တွင် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ပြီး ကျောတွင်လည်း ကြီးမားသည့် ဒဏ်ရာ နှစ်ချက် ရခဲ့သည်။ ဓာတ်ပုံ - Mirror

အသက် ၁၅ နှစ် အရွယ်သာ ရှိသေးသည့် ဂျူလီယာ အယ်လ်ဗာရက်ဇ် အမည်ရှိ မိန်းကလေးသည် သူငယ်ချင်းများနှင့် တွေ့ဆုံရာမှ အိမ်သို့ ပြန်လာစဉ် သူမ၏ ရပ်ဆင်း သွင်ပြင်အပေါ် မနာလို ဖြစ်နေသည့် ပြိုင်ဘက် မိန်းကလေး နှစ်ဦး၏ လုပ်ကြံခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ တရားခံအဖြစ် စွဲချက်တင်ခြင်း ခံထားရသည့် အသက် ၁၈ နှစ်နှင့် ၁၆ နှစ် အရွယ် မိန်းကလေး နှစ်ဦးက ဂျူလီယာ၏ အပြန်လမ်းတွင် စောင့်ဆိုင်းကာ အတင်းအကျပ် ၀ိုင်းဝန်း ချုပ်ကိုင်ပြီး မျက်နှာကို ဓားဖြင့် ခြစ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ မပြုလုပ်မီတွင် အဆိုပါ မိန်းကလေး နှစ်ဦးက ဂျူလီယာ၏ မျက်နှာကို တစ္ဆေသရဲ ရုပ်ရှင် ဇာတ်ကားတစ်ကား ဖြစ်သည့် Child Play ဇာတ်ကားမှ ဇာတ်ဆောင်အရုပ် ချက်ကီနှင့် တူအောင် ဖျက်ဆီး ပစ်မည်ဟု ဦးစွာ ခြိမ်းခြောက် ခဲ့ကြောင်း သိရသည်။

အစီရင် ခံစာအရ ကျူးလွန်သူ မိန်းကလေး နှစ်ဦးက ဓားကို ဆွဲထုတ်ကာ "နင့်မျက်နှာကို လူတိုင်းက ချစ်ဖို့ကောင်းတယ်လို့ ပြောကြတယ် ဂျူလီယာ။ ငါတို့ လုပ်ပြီးသွား ရင်တော့ နင်လှနေတော့မှာ မဟုတ်ဘူး။ နင့်ကို လူတွေက ချက်ကီလို့ ခေါ်ကြလိမ့်မယ်"ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရသည်။

ထို့နောက် ဂျူလီယာ၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို ဓားဖြင့် စိတ်ကြိုက် ခြစ်ကာ မြေပေါ်ရှိ သွေးအိုင်အတွင်း ပစ်ထားခဲ့ကြသည်။ ဖြတ်သွားဖြတ်လာ လူတစ်ဦးက တွေ့ရှိသဖြင့် ဆေးရုံကားကို ခေါ်ပေးသောကြောင့်သာ ယခုထက် ပို၍ ဆိုးဆိုးရွားရွား မဖြစ်ခဲ့ခြင်း ဖြစ်သည်။ ယင်း တိုက်ခိုက်မှုကြောင့် ဂျူလီယာ အနေဖြင့် မျက်နှာနှင့် နောက်ကျောတွင် ဒဏ်ရာများ ရရှိခဲ့ပြီး ဘယ်ဘက်နားရွက်မှ နှာခေါင်းပေါ်အထိ ရရှိခဲ့သည့် ဒဏ်ရာကြီးမှာ အတော်ပင် ဆိုးရွားလှသည်။ ကျောပေါ်ရှိ ဒဏ်ရာ တစ်ခုမှာလည်း အချက်နှစ်ဆယ်ထိ ချုပ်ခဲ့ရကြောင်း သိရသည်။

ရဲများက ကြူးလွန်ခဲ့သည့် မိန်းကလေး နှစ်ဦးကို စစ်မေးမှုများ ပြုလုပ်ခဲ့ပြီး ၁၆ နှစ်အရွယ် မိန်းကလေးကို အသက်ငယ်လွန်း သောကြောင့်ဟု ဆိုကာ ပြန်လွှတ်ပေး ခဲ့သည်။ အသက် ၁၈ နှစ်အရွယ် မိန်းကလေးကိုမူ ဆက်လက် ထိန်းသိမ်းထားသည်။ ထိန်းသိမ်း ခံထားရသည့် မိန်းကလေးက မိမိတို့မှာ ဂျူလီယာ၏ စော်ကားမှုကို ခံခဲ့ရ သောကြောင့် ပြန်လည် လက်စားခြေခြင်း ဖြစ်ကြောင်း ချေပထားသည်။

ဂျူလီယာ၏ အစ်မ ဖြစ်သူ ရီနီက "ဒီဒဏ်ရာတွေကြောင့် ကျွန်မ ညီမလေး အရမ်းကို စိတ်ဓာတ်ကျ နေပါတယ်။ ဟိုနှစ်ယောက်က ကျွန်မ ညီမကို အမြဲတမ်း မနာလို ဖြစ်နေကြတာ။ ကျွန်မတို့ တစ်မိသားစုလုံး ညီမလေးဘက်က ရပ်တည် အားပေးသွား မှာပါ။ ခုတော့ ညီမလေး ခမြာ မှန်ကို ကြည့်မိတိုင်း ဆိုးရွားလှတဲ့ ရုပ်ရည်ကြောင့် ကိုယ့်ကိုကိုယ် သတ်သေချင်တယ် လို့ချည်း ပြောနေရှာတယ်"ဟု ဖွင့်ဟခဲ့သည်။
Mizzima News

အသက်တစ်ချောင်းကို.... အမှိုက်တစ်စကဲ့သို့ .... စွန့်ပစ်ခဲ့ခြင်း.... (သို့ဟုတ်) တာဝန်မဲ့သောမိဘများ၏ ရက်စက်ယုတ်မာမှု ။


မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ ၊ အုန်းတော(၂)ရပ်ကွက် ၊ အပိုင်း(၁) ၊ ပညာပျိုးခင်းလမ်း တွင် မွေးကင်းစကလေးငယ် တစ်ဦး၏ ရုပ်အလောင်းတစ်ခု ယနေ့ စက်တင်ဘာလ(၂၂) ရက် မနက်(၈)နာရီခွဲ အချိန် ခန့်က တွေ့ရှိခဲ့သည်။ အဆိုပါ မွေးကင်းစကလေးငယ်၏ ရုပ်အလောင်းအား ပတ်ဝန်းကျင် ပြည်သူတစ်ဦးက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ သတင်းပေး ပို့ခဲ့သဖြင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ကာ မြို့နယ်ဆေးရုံသို့ လိုအပ်သော ဆေးစစ်မှုများ ပြုလုပ်နိုင်ရန်ပို့အပ်လိုက်ကြ သည်။ ကလေးငယ်မှာ မိန်းကလေးတစ်ဦးဖြစ်ပြီး မွေးပြီးကာစ ချက်ကြိုးတန်း လန်းဖြင့် စွန့်ပစ်ခံခဲ့ရခြင်း ဖြစ်ကာ မသေဆုံးမီ(သို့) သေဆုံးပြီးမှ စွန့်ပစ်ခံခဲ့ရသည် ကို စုံစမ်းမှုများပြုလုပ်လျှက် ရှိသည်။ ထိုသို့ပြုမူလုပ်ဆောင် ခဲ့ခြင်းသည် လူမှုရေးပြဿနာ များကြောင့် ဥပဒေကိုမျက် ကွယ်ပြုကာ စာနာမှုကင်းစွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင် ကြောင်း ဒေသခံများကြားတွင် ဝေဖန်မှုများပြောဆိုနေကြ သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို စုံစမ်း ဖော်ထုတ်ကာ ထိရောက်ပြင်း ထန်သောအရေးယူ ဆောင် ရွက်မှုများ အမြန်ဆုံးဆောင် ရွက်နိုင်ရေးကိုလည်း ဒေသခံ များက တိုက်တွန်းဆန္ဒပြုနေ ကြသည်။