Showing posts with label မြန်မာ့ဆက်သွယ်ရေးသတင်း. Show all posts
Showing posts with label မြန်မာ့ဆက်သွယ်ရေးသတင်း. Show all posts

MPT ရဲ့ နောက်ထပ် အစီအစဉ်အသစ်လေး လာပါပြီ


MPT ကြိုတင်ငွေဖြည့်ကတ် ၆၀ရာခိုင်နှုန်းအထိ အပိုပေးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ဆက်သွယ်ရေး (MPT) ၏ GSM နှင့် WCDMA ဖုန်းဆင်းကတ်များအတွက် ကြိုတင်ငွေဖြည့်ကတ် ငါးထောင်ထည့်လျှင် ၄၀ ရာခိုင်နှုန်း ကျပ် ၂၀၀၀ အပိုရမည်ဖြစ်ပြီး ငွေဖြည့်ကတ် တစ်သောင်းတန်နှင့် အထက်ကို ထည့်ပါက ၆၀ ရာခိုင်နှုန်း ကျပ် ၆၀၀၀ အပိုဆုကြေး ရရှိမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။





ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E LITE IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် MPT ဆင်းကဒ်များ စတင်ရောင်းချနေသည်ကို စက်တင်ဘာလ ၁ ရက်နေ့ကတွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)

အပိုဆုကြေး ထပ်ပေါင်းပေးသည့် အစီအစဉ်ကို စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်အတွင်း ငွေဖြည့်သူများအတွက် အကျုံးဝင်မည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်အထိသာ အပိုဆုကြေးကို အသုံးပြုနိုင်မည်ဖြစ်သည်။

"ကျွန်မ ဒီညပဲ တစ်သောင်းတန်ဖြည့်လိုက်တာ bonus ခြောက်ထောက် ၀င်လာတယ်" ဟု ကျပ်တစ်သောင်းတန် ငွေဖြည့်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဆင်းမ်ကတ်များအတွက် ငွေဖြည့်ကတ် ဖြည့်သွင်းရာတွင် အပိုဆုကြေးပေးသည့် အစီအစဉ်ကို ဧပြီလအတွင်းက ပြုလုပ်ခဲ့ဖူးပြီး ယခုအခါ ဒုတိယအကြိမ် Promotion ပြုလုပ်ခြင်း ဖြစ်သည်။

လက်ရှိတွင် MPT ၏ GSM ဖုန်းငွေဖြည့်ကတ်မှာ ကျပ်ငါးထောင် ၊ တစ်သောင်းမှ သုံးသောင်းအထိ ရှိနေပြီး ကျပ်ငါးထောင်အောက် လျော့နည်းသော ငွေဖြည့်ကတ်များကိုလည်း ထုတ်လုပ်ရောင်းချပေးသွားမည်ဟု မိုဘိုင်းအင်ဂျင်နီယာချုပ်က ပြောကြားထားသည်။
Mizzima

MPT ဆင်းမ်ကတ်ကိုယ်စားလှယ်ဆိုင်များ ဈေးတင်ရောင်းပါက ခွဲတမ်းထပ် မပေးတော့ဟု ဆို


MPT ဆင်းမ်ကတ် တစ်ဆင့်ပြန်လည်ရောင်းချ သည့် ကိုယ်စားလှယ်ဆိုင်များ ဈေးတင်ရောင်းချသည်ကို စုံစမ်းသိရှိ ရပါက ထပ်မံချထားမည့် ဆင်းမ် ကတ်ခွဲတမ်းများပေးတော့မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဒုအင်ဂျင်နီယာချုပ် ဦး သိန်းဟုတ်က ပြောသည်။
‘‘ဆင်းမ်ကတ်တွေကို ဆိုင်ကနေ တိုးဝယ်ပြီး ပြန်သွင်းတဲ့လူတန်းစားတစ်ရပ်ရှိနေပြီး သူတို့က ဈေး ကွက်တစ်ခုကို ဖန်တီးနေလို့ အခု လို ဈေးတင်ရောင်းတာတွေ ဖြစ်နေတာပါ။ ကျွန်တော်တို့ဆီက တစ်ဆင့် ပြန်ရောင်းတဲ့ ဆိုင်တွေ က ဈေးတင်ရောင်းတယ်ဆိုရင် နောက်ထပ်ခွဲတမ်းတွေ ထပ်ချပေးတော့မှာ မဟုတ်ပါဘူး’’ဟု ဦးသိန်းဟုတ်က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် စက်တင်ဘာ ၁ ရက်က ဆင်းမ်ကတ်များကို လက်လီ အရောင်းဆိုင်များမှတစ်ဆင့် စ တင်ရောင်းချပေးခဲ့ပြီး အရောင်း ဆိုင် အနည်းငယ်တွင်သာ ရောင်း ချပေးနိုင်သည့်အတွက် ကျပ်တစ် သောင်းခွဲကျော်အထိ ဈေးတင် ရောင်းချမှုများ ဖြစ်ခဲ့သည်။
‘‘ဆင်းမ်ကတ်တွေကို နောက်ထပ်ခွဲတမ်းနဲ့ ထပ်ချပေးဖို့ရှိပါ တယ်။ အမှန်တကယ်သုံးမယ့်လူ တွေကို ခဏစောင့်ဖို့ ပြောချင်ပါ တယ်။ ရက်တွေအကြာကြီးစောင့် ခဲ့ပြီးမှ ဒီရက်ပိုင်းလေးအတွင်းကို ခဏတော့ စောင့်စေချင်ပါတယ်’’ ဟု ဦးသိန်းဟုတ်က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးသည် လက်ရှိအချိန်အထိ ဆင်းမ်ကတ် များကို အရောင်းဆိုင်များသို့ ခွဲ တမ်းတစ်ကြိမ်သာ ချထားပေးနိုင် သေးပြီး ထပ်မံချထားပေးမည့် ရက်ကို မသိရသေး၍ အရောင်း ဆိုင်အချို့တွင် ကျပ်နှစ်သောင်းခွဲ အထိ ပြန်လည်ရောင်းချလာ ကြောင်း ဆင်းမ်ကတ်အရောင်းအ ၀ယ်ပြုလုပ်သူအချို့က ပြောသည်။‘‘တစ်ကတ်ချင်းဝယ်မယ်ဆို ရင်တော့ နှစ်သောင်းခွဲပါ။ ဆယ် ကတ်နဲ့ အထက်ဝယ်ဆိုရင်တော့ နှစ်သောင်းသုံးထောင်နဲ့ လျှော့ပေးပါတယ်’’ဟု ရန်ကုန်မြို့တွင် ဆင်းမ်ကတ်အရောင်းအ၀ယ်ပြု လုပ်သည့် ဆိုင်မှ တာဝန်ခံတစ်ဦး ကပြောသည်။
MPT ဆင်းမ်ကတ်များကို အချို့အရောင်းဆိုင်များတွင် သီး သန့်ရောင်းချခြင်းမပြုဘဲ ဟန်း ဆက်ဝယ်ယူပါက အခမဲ့အနေ ဖြင့် ပေးလေ့ရှိသည်။ သို့သော် ဟန်းဆက်ဝယ်ယူသော်လည်း ဆင်းမ်ကတ်အခမဲ့ပေးခြင်းမရှိဘဲ ကျပ်နှစ်သောင်းခွဲဖြင့် ၀ယ်ယူမှ သာ ပေးသည့် ဆိုင်များလည်းရှိ နေကြောင်း မိုဘိုင်းဖုန်းအသုံးပြု သူအချို့ထံမှ သိရသည်။
‘‘MPT ကတ်ကို အပြင်မှာ ဈေးကြီးပေးပြီး ၀ယ်ရမှာစိုးလို့ ဟန်းဆက်ဝယ်ရင်တော့ ဆိုင်က ပေးမှာပဲဆိုပြီး ဒီနေ့ဟန်းဆက်အ သစ်တစ်လုံးသွားဝယ်တယ်။ တစ် ကတ်ကို နှစ်သောင်းခွဲပေးမှရ မယ်။ ဟန်းဆက်ဝယ်ရင် မပေးဘူးဆိုပြီးပြောလို့ မ၀ယ်ခဲ့လိုက်ဘူး’’ဟု ရန်ကုန်မြို့နေ ကိုရဲက အ ရောင်းဆိုင်တစ်ခုတွင် ၎င်းကြုံ တွေ့ခဲ့ရပုံကို ပြောပြသည်။
7Day Daily

MPT သုံးစွဲတိုင်း အပို ထပ်တိုး ဘောနပ်စ်ငွေ သုံးစွဲခွင့် ရမည်


MPT က SIM ကတ်များ ပိုမို လွယ်လင့် တကူ ရရှိသုံးစွဲနိုင် ရန် ဆောင်ရွက် လျက်ရှိ
MPT သည် ဂျပန် နိုင်ငံ၏ ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော KDDI ၊ ကမ္ဘာ့စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သော Sumitomo တို့နှင့် မကြာသေးမီက ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ MPT သည် တယ်လီဖုန်း သုံးစွဲမှု ပိုမိုတိုးမြှင့် ထိုးဖောက်နိုင်ရန် ထားရှိခဲ့သည့် ကတိက၀တ်အတိုင်း ၂၀၁၄ ခုနှစ်ကုန်အထိ SIM ကတ်ပေါင်း ( ၅ ) သန်းကျော်ကို ရောင်းချသွားရန် စီစဉ်လျက်ရှိပါသည်။ စက်တင်ဘာလမှ စ၍ နိုင်ငံတစ်ဝန်းရှိ လက်လီအရောင်းဆိုင်များတွင် SIM ကတ်များကို ကျပ် ( ၁၅၀၀ ) ဖြင့် ၀ယ်ယူ ရရှိနိုင်တော့မည် ဖြစ်ပါသည်။ ထို့ပြင် မကြာမီ ကာလအတွင်း၌MPT သည် တန်ဖိုးနည်းငွေဖြည့်ကတ်များကိုလည်း စတင် ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ပါသည်။


MPT ၏ GSM / WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် စက်တင်ဘာလ ( ၄ ) ရက်နေ့ မှ စက်တင်ဘာလ ( ၁၂ ) ရက်နေ့အတွင်း အထူး အရောင်းမြှင့်တင်ရေး အစီအစဉ် တစ်ခုကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ GSM / WCDMA မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ထိုကာလ အတွင်း ငွေကျပ် ( ၅၀၀၀) ငွေဖြည့်သုံးစွဲတိုင်း ၂၀ % အပို ထပ်တိုး ဘောနပ်စ်ငွေ ကို လည်းကောင်း ၊ ငွေကျပ် ( ၁၀၀၀၀ ) နှင့် အထက် ငွေဖြည့် သုံးစွဲတိုင်း ၃၀% အပို ထပ်တိုး ဘောနပ်စ်ငွေ ကို လည်းကောင်း အပိုဖြည့်ငွေအဖြစ် သုံးစွဲခွင့် ရရှိကြမည် ဖြစ်ပါသည်။ ထို့ကြောင့် GSM / WCDMA မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ငွေပိုဖြည့်လေ ထပ်တိုး ဘောနပ်စ် အပိုဖြည့်ငွေ များများရလေ ဖြစ်ပါသည်။


MPT သည် ဆက်သွယ်ရေး ကွန်ရက်ကို နိုင်ငံအနှံ့ ဖြန့်ကျက် လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိစဉ် နိုင်ငံသားအားလုံး မိုဘိုင်းဖုန်း ၀န်ဆောင်မှုများကို ပိုမို၍ လွယ်လင့်တကူ ရရှိသုံးစွဲနိုင်စေရန်ကိုပါ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

http://www.mcit.gov.mm

MPT က SIM ကတ်များ ပိုမို လွယ်လင့် တကူ ရရှိသုံးစွဲနိုင်ရန် ဆောင်ရွက် လျက်ရှိ


MPT သည် ဂျပန် နိုင်ငံ၏ ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော KDDI ၊ ကမ္ဘာ့စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သော Sumitomo တို့နှင့် မကြာသေးမီက ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ MPT သည် တယ်လီဖုန်း သုံးစွဲမှု ပိုမိုတိုးမြှင့် ထိုးဖောက်နိုင်ရန် ထားရှိခဲ့သည့် ကတိက၀တ်အတိုင်း ၂၀၁၄ ခုနှစ်ကုန်အထိ SIM ကတ်ပေါင်း ( ၅ ) သန်းကျော်ကို ရောင်းချသွားရန် စီစဉ်လျက်ရှိပါသည်။ စက်တင်ဘာလမှ စ၍ နိုင်ငံတစ်ဝန်းရှိ လက်လီအရောင်းဆိုင်များတွင် SIM ကတ်များကို ကျပ် ( ၁၅၀၀ ) ဖြင့် ၀ယ်ယူ ရရှိနိုင်တော့မည် ဖြစ်ပါသည်။ ထို့ပြင် မကြာမီ ကာလအတွင်း၌MPT သည် တန်ဖိုးနည်းငွေဖြည့်ကတ်များကိုလည်း စတင် ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ပါသည်။


MPT ၏ GSM / WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် စက်တင်ဘာလ ( ၄ ) ရက်နေ့ မှ စက်တင်ဘာလ ( ၁၂ ) ရက်နေ့အတွင်း အထူး အရောင်းမြှင့်တင်ရေး အစီအစဉ် တစ်ခုကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ GSM / WCDMA မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ထိုကာလ အတွင်း ငွေကျပ် ( ၅၀၀၀) ငွေဖြည့်သုံးစွဲတိုင်း ၂၀ % အပို ထပ်တိုး ဘောနပ်စ်ငွေ ကို လည်းကောင်း ၊ ငွေကျပ် ( ၁၀၀၀၀ ) နှင့် အထက် ငွေဖြည့် သုံးစွဲတိုင်း ၃၀% အပို ထပ်တိုး ဘောနပ်စ်ငွေ ကို လည်းကောင်း အပိုဖြည့်ငွေအဖြစ် သုံးစွဲခွင့် ရရှိကြမည် ဖြစ်ပါသည်။ ထို့ကြောင့် GSM / WCDMA မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ငွေပိုဖြည့်လေ ထပ်တိုး ဘောနပ်စ် အပိုဖြည့်ငွေ များများရလေ ဖြစ်ပါသည်။

MPT သည် ဆက်သွယ်ရေး ကွန်ရက်ကို နိုင်ငံအနှံ့ ဖြန့်ကျက် လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိစဉ် နိုင်ငံသားအားလုံး မိုဘိုင်းဖုန်း ၀န်ဆောင်မှုများကို ပိုမို၍ လွယ်လင့်တကူ ရရှိသုံးစွဲနိုင်စေရန်ကိုပါ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

သတင်း။ ။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန

MPT SIM ကဒ်များကို နိုင်ငံတစ်ဝန်းရှိ လက်လီ အရောင်းဆိုင်များ တွင် ဝယ်ယူရရှိ နိုင်တော့မည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိဘပြည်သူများအား SIM ကဒ်များ ပိုမို လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တန်ဖိုးနည်း SIM ကဒ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီအရောင်းဆိုင်များတွင် စက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးမည်ဖြစ်ပါသည်။ SIM ကဒ်များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

နေပြည်တော်
-------------
ဒက္ခိဏသီရိ၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ

ကချင်
-------------
မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ ရွှေကူ၊ တနိုင်း

ကယား
-------------
လွိုင်ကော်

ကရင် 
-------------
ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ

ချင်း
-------------
ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ တီးတိန်

စစ်ကိုင်း
-------------
မုံရွာ၊ ဘုတလင်၊ ခန္တီး၊ ဟုမ္မလင်း၊ အင်းတော်၊ ကလေး၊ ကလေးဝ၊ ကန့်ဘလူ၊ ကောလင်း၊ မော်လိုက်၊ မြင်းမူ၊ ပုလဲ၊ စစ်ကိုင်း၊ ဝန်းသို

တနင်္သာရီ
-------------
ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ကျွန်းစု၊ လောင်းလုံ၊ မြိတ်၊ ပုလော၊ ရေဖြူ

ပဲခူး
-------------
ပဲခူး၊ ပြည်၊ ဒိုက်ဦး၊ ကဝ၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ အုတ်တွင်း၊ ဖြူး၊ ရွှေကျင်၊ ထန်းတပင်၊ တောင်ငူ၊ သနပ်ပင်၊ ဝေါ၊ ရေတာရှည်၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ နတ်တလင်း၊ အုတ်ဖို၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သာယာဝတီ၊ သဲကုန်း၊ ဇီးကုန်း

မကွေး
-------------
မကွေး၊ အောင်လံ၊ ချောက်၊ ဂန့်ဂေါ၊ ကံမ၊ မင်းဘူး၊ မင်းတုန်း၊ မင်းလှ၊ မြိုင်၊ မြို့သစ်၊ နတ်မောက်၊ ငဖဲ၊ ပခုက္ကူ၊ ပေါက်၊ ပွင့်ဖြူ၊ စလင်း၊ ဆော၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ သရက်၊ ထီးလင်း၊ ရေနံချောင်း၊ ရေစကြို

မန္တလေး
-------------
အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ မိုးကုတ်၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ စဥ့်ကူး၊ အမရပူရ၊ ချမ်းမြသာစည်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ မိထ္ထီလာ၊ ပြည်ကြီးတံခွန်၊ စဥ့်ကိုင်၊ တံတားဦး၊ သာစည်

မွန်
-------------
မော်လမြိုင်၊ ဘီးလင်း၊ ချောင်းဆုံ၊ ကျိုက်မရော၊ ကျိုက်ထို၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ်၊ သထုံ၊ ရေး

ရခိုင်
-------------
စစ်တွေ၊ အမ်း၊ ဘူးသီးတောင်၊ ဂွ၊ ကျောက်ဖြူ၊ ကျောက်တော်၊ မောင်းတော၊ မင်းပြား၊ မြောက်ဦး၊ မန်အောင်၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင် ၊ သံတွဲ၊ တောင်ကုတ်

ရန်ကုန်
-------------
ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ ဒေါပုံ၊ မင်္ဂ္လာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ပုဇွန်တောင်၊ တောင်ဥက္ကလာပ၊ တာမွေ၊ သာကေတ၊ သင်္ဃ္န်းကျွန်း၊ ရန်ကင်း၊ လှိုင်သာယာ၊ လှည်းကူး၊ ၊ မှော်ဘီ၊ ထန်းတပင်၊ အင်းစိန်၊ မင်္ဂ္လာဒုံ၊ ရွှေပြည်သာ၊ တိုက်ကြီး၊ အလုံ၊ ဗဟန်း၊ ကိုကိုးကျွန်း၊ ဒဂုံ၊ ဒလ၊ လှိုင်၊ ကမာရွတ်၊ ကော့မှူး၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကျောက်တံတား၊ ကျောက်တန်း၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ စမ်းချောင်း၊ ဆိပ်ကြီးခနောင်တို၊ ဆိပ်ကမ်း၊ သန်လျင်၊ သုံးခွ

ရှမ်း
-------------
တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းတုံ၊ တာချီလိတ်၊ သိန္နီ၊ ကွတ်ခိုင်၊ လောက်ကိုင်၊ မဘိန်း၊ မန်တုံ၊ မိုးမိတ်၊ မိုးညှင်း၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ ကလော၊ ကွန်ဟိန်း၊ လဲချား၊ လင်းခေး၊ ရပ်စောက်၊ လွိုင်လင်၊ မိုင်းရှူး၊ မိုးနဲ၊ နမ့်စန်၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ပင်းတယ၊ ပင်လောင်း၊ ရွာငံ

ဧရာဝတီ
----------------
ပုသိမ်၊ ဘိုကလေး၊ ဓနုဖြု၊ ဒေးဒရဲ၊ အိမ်မဲ၊ ဟင်္သ࿿ာတ၊ အင်္ဂ္ပူ၊ ကန်ကြီးထောင့်၊ ကျိုက်လတ်၊ ကြံခင်း၊ ကျောင်းကုန်း, ကြုံပျော်၊ လပွတ္တာ၊ လေးမျက်နှာ၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ မြန်အောင်၊ မြောင်းမြ၊ ငပုတော၊ ညောင်တုန်း၊ ပန်းတနော်၊ ဖျာပုံ၊ သာပေါင်း၊ ဝါးခယ်မ၊ ရေကြည် ၊ ဇလွန်