Showing posts with label မုဒိမ်းမှုများ. Show all posts
Showing posts with label မုဒိမ်းမှုများ. Show all posts

အဓမ္မပြုကျင့်ခံရသူ သေဆုံးသတင်းကြောင့် လူစုလူဝေးဖြစ်ပွား


စစ်တွေမြို့နယ် ဓည၀တီ ရပ်ကွက်တွင် အသက်ရှစ်နှစ်အရွယ် အမျိုးသမီးငယ်အား ဒုတပ်ကြပ်တစ်ဦးမှ အဓမ္မပြုကျင့် သတင်းကြောင့် ယခုလ (၂၃) ရက်နေ့က စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် လူစုလူဝေး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့က ဆေးရုံမှာဖြစ်တာက အဓမ္မပြုခံရတဲ့ ကောင်မလေးက ဆေးရုံတင်ထားရတယ်။ ဖမ်းဆီးခံထားရတဲ့ ဒုတပ်ကြပ်ရဲ့ ဆေးစာသားကို ဆေးရုံမှာ လာယူတဲ့ အချိန်မှာ ဆေးရုံမှာ နေမကောင်းလို့ ဆုံးသွားတဲ့ ကလေးကလည်းရှိတယ်။ အဲဒီဆုံးသွားတဲ့ ကလေးကို လူနာဆောင်ကနေ ရေခဲတိုက်ကိုပို့တာကို အဲဒီအဓမ္မပြုကျင့်ခံရတဲ့ ကလေးမလေး ဆုံးသွားတယ် ဆိုပြီးတော့ တစ်ယောက်စကား တစ်ယောက်ကြားပြီးတော့ လာသတင်းမေးကြတာ၊ အဲဒါကြောင့် လူစုလူဝေး ဖြစ်သွားတာပါ”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးကြီး သစ်ဆန်းက ပြောသည်။

ထိုကဲ့သို့ သတင်းလာရောက် မေးသည့်သူများမှာ မီဒီယာသမားများဖြစ်ကာ သတင်းမေးရန် လာကြည့်သည့် ဒေသခံများလည်းရှိပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ခရိုင်နှင့် မြို့နယ်ရဲမှူးများမှ ပြန်လည် ရှင်းပြသည့် အတွက် နားလည် သဘောပေါက်သွားကြောင်း ၎င်းကပြောသည်။

“လူစုလူဝေးဖြစ်တော့ ရဲတွေ အစောင့် ချထားတာတော့ ရှိတာပေါ့။ ပဋိပက္ခတော့ မဖြစ်ပါဘူး”လို့ ရခိုင်ပြည်နယ် စစ်တွေ ဒေသခံ ဦးသန်းထွန်းက ပြောသည်။

အသက် ရှစ်နှစ်အရွယ် အမျိုးသမီးငယ်အား အဓမ္မကျင့်ခဲ့သည် ဒုတပ်ကြပ်ကြီးအား စစ်တွေမြို့မရဲစခန်းမှ (ပ)၂၀၃/ ၂၀၁၅ ပြစ်မှုပုဒ်မ -၃၇၆ ဖြင့် စက်တင်ဘာလ (၂၃) ရက်နေ့ ညနေ (၆) နာရီကျော်တွင် ဖမ်းဆီးပြီး စစ်တွေမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

The Messenger

နိုင်ငံတကာစံချိန်ချိုးလိုက်သည့်အသက်ကြီးဆုံး မုဒိန်းအဖွဲ့ ဝင်များ

နိုင်ငံတကာမှာ ခလေးငယ်တွေ အလိုမတူဘဲအုပ်စုလိုက် အတင်းအင်အားသုံး လိင်ဆက်ဆံ
နကြသူတွေမှာ များသောအားဖြင့် လူငယ်ပိုင်းများ ဖြစ်ပေမယ့် ခုအဖိုးကြီးမုဒိန်းအဖွဲ့ မှာ
အသက်၈၀ ကျော်ကဦးဆောင်ခဲ့ပြီး အဖွဲ့ ဝင်ခြောက်ဦးမှာအငယ်ဆုံးက ၆၅ နှစ်ပါ။

သူတို့ အာလုံး ထိုင်းနိုင်ငံအူဒေါင် ဌာနီအရပ်က တရွာထဲ သားလယ်ပိုင် ရှင်များဖြစ်ကြပါတယ်။
အသက် ၁၂ နဲ့  ၁၃ သာရှိသေးတဲ့ မိန်းခလေးသုံးယောက်ရဲ့  မိဘတွေက ဆင်းရဲလို့  အဖိုးကြီး စိုက်ခင်းမှာ ကျောင်းပိတ်ချိန် သွားအလုပ်လုပ်ကြပါတယ်။

ခလေးငယ်တယောက်ချင်းဆီကို ဒီအဖိုးကြီးက အရင် မုဒိန်းကျင့်ပြီး ခလေးတွေကြောက်အောင် နည်းအမျိုးမျိုးနဲ့ ခြောက်လှန့် နှုတ်ပိတ်ထားပြီး ရွာမှာ ပေါက်ရောက်တဲ့သူတစ်ယောက်ဖြစ်လို့  ခလေးလးကလည်း ကြောက်ပြီး အမေတွေကို မတိုင်ရဲကြပါဘူး။

နောက်ပိုင်းတော့ သောက်ဖေါ်သောက်ဖက်တွေခေါ်လာပြီး ခလေးတွေ ကိုဝိုင်းပြီး လိင်ဆက်
ဆံခဲ့ကြပါတယ် ၊ကိစ္စပြီးတော့ သနားကြေး တယောက် ဘတ် ၃၀၀(တသောင်းကျပ်)
စီပေးပြီး အိမ်ပြန်လွတ်လိုက်ပါတယ် ၊မိဘတွေ သိသွားတာကတော့ မိန်းခလေးတယောက် သွေးတွေဆင်းနေရာကနေ စစ်ရင်းပေါ်ခဲ့တာပါ။

ရွာကရဲစခန်းကို တိုင်ချက်ဖွင့်တော့ အဖိုးကြီးက သူဝိတ်နဲ့ ဖိပြီး အမှုကိုတရားရုံးမအောင်နယ်မြေရဲတွေကို ငွေနဲ့ ပိတ်ထားတယ်၊ အမေတွေကိုလူမိုက်ဌားသတ်ဘို့ တောင်စီစဉ်ခဲ့တာကြောင့် မုဒိန်းကျင့်ခံရတဲ့ ခလေးအားလုံးကိုခေါ်ပြီး အမျိုးသမီးေ၇းရာ အဖွဲ့ ဆီမှာ အကူညီတောင်းခိုလှုံနေရပါတယ်။

မုဒိန်း အဖိုးကြီးရဲ့  သတင်းကို လူမှူကွန်ရက်စာမျက်နှာတွေမှာ ပါလာတော့မှ ရဲကစတင်အလုပ် လုပ်ပါတယ် ၊ဒီနေ့ တော့ အားလုံးကိုဖမ်လိုက်ပါပြီ နယ်မြေရဲစခန်းက အမှုမလုပ်ဘဲ ထိမ်ချန်ထားတဲ့ရဲ အရာရှိလည်း အရေးယူလိုက်ပါတယ်။
မင်းဘာ ဘာသာပြန်ဆိုသည်







မိန်းမပျိုကိုတစ်ဦးအား ဓားနဲ့မွှန်း၊ သစ်ပင်မှာ နွယ်ကြိုးနဲ့ချည်ပြီး မုဒိမ်းကျင့်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဟဲနား
ရွာအနီး တောလမ်းတွင် စက်တင်ဘာလ ၂၈
ရက် မွန်းလွဲ ၃ နာရီခန့်က အသက် ၃၃ နှစ်
အရွယ်ရှိ အမျီုးသမီးတစ်ဦးကို ဓားဖြင့်မွှန်းကာ
နွ
ယ်ကြိုးများဖြင့် သစ်ပင်တွင် ချည်နှောင်ပြီး
အဓမ္မပြုကျင့်ခဲ့သူဟု သံသယရှိသူ အမျိုးသားကို 


၂၄ နာရီအတွင်း ဖမ်းမိခဲ့ကြောင်း ကသာမြို့မ ရဲစခန်းထံမှ သိရှိရသည်။

ကသာမြို့နယ်၊ မံလွဲရွာတွင် နေထိုင်သူ ယင်းအမျိုးသမီးမှာ ထိုနေ့ နံနက်ပိုင်းက ကသာမြို့ပေါ်ရှိ ဘဏ်သို့လာရောက်ကာ ကျောက်ဆည်မြို့တွင် နေထိုင်သော မောင်ဖြစ်သူထံ ငွေလွှဲပြီးနောက် နေအိမ်အပြန် တောလမ်းခရီးတွင် အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက နောက်မှ လိုက်ကာ ထိုးကြိတ်ရိုက်နှက်ပြီး နွယ်ကြိုးများဖြင့် သစ်ပင်တွင် ချည်နှောင်ကာ အဓမ္မပြုကျင့် ခဲ့ကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

"ကသာကနေ သူနေတဲ့ရွာအထိ လိုင်းကားက မရောက်ဘူး။ ဟဲနားရွာကနေ မံလွဲရွာကို သုံးမိုင်ကျော်လောက်ကို လမ်းလျှောက်ရတာ။ တောလမ်းထဲမှာ အမျိုးသမီးကို ရိုက်နှက်ပြီး လက်မောင်းတွေကို ဓားနဲ့မွှန်းခံရလို့ သတိလစ်သွားချိန်မှာ နွယ်ကြိုးတွေနဲ့ သစ်ပင်မှာ ချည်နှောင်ပြီး အဓမ္မကျင့်ခဲ့တာ။ ပြီးတော့ ဝတ်လစ်စားလစ် ထားခဲ့တာ" ဟု ရဲအရာရှိက ဆက်လက် ရှင်းပြသည်။


အဆိုပါ အဓမ္မပြုကျင့်ခံရသော အမျိုးသမီးမှာ တစ်ညတာလုံး တစ်ဦးတည်း ကျန်ရှိခဲ့ပြီး သတိပြန်လည်လာချိန် အော်ဟစ် အကူအညီတောင်း ခဲ့သောကြောင့် စက်တင်ဘာလ ၂၉ရက် နံနက် ၅ နာရီခန့်တွင် ဟဲနားကျေးရွာမှ ထင်းခုတ်သမားများနှင့် တွေ့ရှိခဲ့ပြီး ၄င်းကို ကယ်ဆယ်ကာ ရဲတပ်ဖွဲ့ကို သတင်း ပေးခဲ့ကြောင်း၊ ယင်းနောက် အဓမ္မပြုကျင့်ခဲ့သူ၏ ပုံပန်း သဏ္ဌာန်ကို အမျိုးသမီး ကိုမေးမြန်းရာမှ စက်တင်ဘာလ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ကျူးလွန်သူဟု ယူဆရသူ အမျိုးသားကို ဖမ်းဆီးမိခဲ့ကြောင်း ဟဲနားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။


"အဓမ္မကျင့်သူဘယ်သူဆိုတာ မနည်းချော့မော့မေးမှ ဖြေခဲ့တာ၊ သူပြောတဲ့သူနဲ့ ရွာထဲက သက်နိုင်ပုံက တူနေတာကြောင့် သက်နိုင်အိမ်ကို ရဲတပ်ဖွဲ့က ဝိုင်းပြီးဖမ်းခဲ့တာ။ အသုံးပြုခဲ့တဲ့ ဓားပါ သက်သေအဖြစ် သိမ်းဆည်းနိုင်ခဲ့တယ်။ သက်နိုင်ကလည်း သူကျူးလွန်ခဲ့တာကို ဝန်ခံခဲ့တယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။


ယင်းအဓမ္မပြုကျင့်ခဲ့သူဟု တိုင်ကြားခံရသူ အမျိုးသားမှာ အိမ်ထောင်ရှိသူ ဖြစ်ပြီး ဟဲနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၄င်းကို (ပ)၂၀၀/ ၁၄၊ ပုဒ်မ ၃၄၂/ ၃၂၆/ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ကသာမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice weekly

ရထားပေါ်သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုကျူးလွန်သူကို ထိုင်းမှာ သေဒဏ်ချမှတ်

ထိုင်းနိုင်ငံမှာ ဇူလိုင်လက အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို ရထားပေါ်မှာ မတရားကျင့်သတ်ဖြတ်သူကို တရားရုံးက အင်္ဂါနေ့မှာ သေဒဏ်စီရင်ချက် ချလိုက်ပါတယ်။ 





မိန်းကလေးကို ဘယ်လို ပြုမူခဲ့တယ်ဆိုတဲ့အကြောင်း ရဲတပ်ဖွဲ့ကို သရုပ်ဖော်ရှင်းပြနေတဲ့ Wanchai Saengkhao(ဓာတ်ပုံ - Bangkok Post)
လူသတ်မှုအတွက် - သေဒဏ်
အသက် ၁၅ နှစ်အောက် လူငယ်တဦးကို မတရားကျင့်မှုအတွက် - ထောင်ဒဏ် ၉ နှစ်
အများပြည်သူသုံးရထားပေါ်မှာ ခိုးမှုအတွက် - ထောင် ၅ နှစ်
အလောင်းဖျောက်မှု - ထောင် ၁ နှစ်
မူးယစ်ရမ်းကားမှု - ထောင် ၆ လ

သက်သက်ညာညာ စီရင်ဖို့ သူ့ရဲ့ တောင်းဆိုချက်ကို တရားရုံးက ပယ်ချပါတယ်။
ပြစ်မှုကျူးလွန်ကြောင်း သက်သေ အထောက်အထားတွေက အင်မတန် ခိုင်မာလွန်းတယ်လို့ တရားရုံးက ဆိုပါတယ်။

ဒီအမှုနဲ့ ဆက်စပ်သတင်း ၂ ပုဒ်ရဲ့လင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံကလာတဲ့ သတင်းဆိုးတပုဒ် http://blog.irrawaddy.org/2014/07/blog-post_5202.html

မုဒိမ်းမှုကျူးလွန်သူကိုသေဒဏ်ပေးဖို့ Facebook မှာ ထိုင်းတို့ တောင်းဆို http://blog.irrawaddy.org/2014/07/facebook_9.html

သတ်ဖြတ်ခံရသူရဲ့ မိသားစုကို အားပေးဖို့ အထင်ကရ ထိုင်း မော်ဒယ်၊ သရုပ်ဆောင် Panadda Wongpudee ကလည်း တရားခွင်ကို လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် အွန်လိုင်းသတင်းမှာ တွေ့ရပါတယ်။ 

မတရားကျင့်သတ်ဖြတ်သူကို သေဒဏ်ပေးဖို့ လှုံ့ဆော်တဲ့သူထဲမှာ ဒီမော်ဒယ် သရုပ်ဆောင်လည်း တယောက် အပါအ၀င် ဖြစ်ပါတယ်။
ဧရာဝတီ 

ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီးသွားနေစဉ် အဓ္ဓမပြုကျင့်ခံရ


ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသော Oktoberfest ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး အဓ္ဓမပြုကျင့်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

အသက် ၂၄နှစ်ရှိ ခရီးသွားဧည့်သည်သည် စနေနေ့ညက ပွဲတော်ကျင်းပရာနေရာနှင့် ဆက်စပ်လျက်ရှိသော ချုံများအကြား ဆီးသွားနေစဉ် ယင်းကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။


သူစိမ်းယောက်ျားတဦးက ယင်းဗြိတိန်နိုင်ငံသားထံ ချည်းကပ်လာပြီး ၎င်းနှင့် ကာမဆက်ဆံလိုကြောင်း ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့သည်ဟု ဘာဗေးရီးယန်းရဲများက ပြောသည်။

ကလန်ကဆန်လုပ်သောအခါ ၎င်း၏ ဦးခေါင်းကို အနောက်မှဆွဲ၍ မြေပြင်ပေါ်သို့လှဲချခဲ့ပြီး အခြားယောက်ျားတဦးက ၎င်းအား ဖိထားစဉ် မုဒိန်းကျင့်ခံခဲ့ရခြင်းဖြစ်သည်။

ကိစ္စပြီးသည့်နောက် ကျုးလွန်သူအမျိုးသား ၂ဦး ထွက်ပြေးသွားခဲ့ကြသည်။
မုဒိန်းပြုကျင့်ခံရသူမှာ Leeds မှဖြစ်သည်ဟု ဂျာမန်မီဒီယာများက ဖော်ပြသည်။

ယခုနှစ် Oktoberfest ပွဲတော်၌ မုဒိန်းမှုများ၊ လိင်ပိုင်ဆိုင်ရာ ဘလက်ကာယ ပြုမှုများအတွက် တိုင်ကြားမှုများ ရှိသော်လည်း ယခင်နှစ်ထက်စာလျှင် လျော့ကျသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

စနေနေ့အထိ လာရောက်လည်ပတ်သူ ၃ ဒသမ ၃ သန်းခန့်ရှိုနေပြီး ရာဇ၀တ်ပြစ်မှု ၆၇၀ခန့် တိုင်ကြားထားကြောင်း၊ ယင်းမှာ ယခင်နှစ်ကထက် ၂၀ % လျော့ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

Ref; The Independent

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ကျားကြောက်၍ ရှင်ကြီးကိုးခဲ့သော်လည်း ရှင်ကြီးကြောင့် ဒုက္ခထပ်ရောက် ရသည့် အမျိုးသမီး

အမေရိကန် နိုင်ငံ နယူးယော့ခ်တွင် အမျိုးသား တစ်ဦး၏ အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရသည့် အမျိုးသမီး တစ်ဦးမှာ အခြား အမျိုးသား တစ်ဦးကို အကူအညီ တောင်း ခဲ့သော် လည်း အကူအညီ မရဘဲ ထပ်ဆင့် အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရသည်။



အဓမ္မမှု၏ ပထမ တရားခံအဖြစ် စွပ်စွဲ ခံနေရသူ နီကိုလပ် အီဆက်စ်။ ဓာတ်ပုံ - Mirror

သြဂုတ် ၃၁ရက် နံနက်ခင်း ၅ နာရီခန့် အချိန်က One Last Shag ဆိုသည့် ဘားဆိုင်မှ အိမ်သို့ ပြန်လာသည့် အသက် ၃၁နှစ် အရွယ် အမျိုးသမီး တစ်ဦးကို မျက်နှာစိမ်း အမျိုးသား တစ်ယောက်က အတင်းပွေ့ ဖက် နမ်းရှုပ်ကာ မြေပေါ် တွန်းလှဲ၍ သေနတ်ဖြင့် ပစ်သတ် မည်ဟု ခြိမ်းခြောက်ကာ အဓမ္မ ပြုကျင့်သည်။ ယင်းအမျိုးသားမှာ ထိုသို့ အတင်း ဗလ္လက္ကာယ ပြုကျင့်ပြီး ပိုက်ဆံအိတ်ကို ယူပြီး ထွက်ပြေး သွားကြောင်း ဘရွတ်ကလင်း တရားရုံးတွင် အဆိုပါ အမျိုးသမီးက ထွက်ဆိုသည်။

နိုင်ထက်စီးနင်း ဗလ္လက္ကာယ ပြုကျင့်ခြင်း ခံခဲ့ရ၍ အမျိုးသမီးသည် အားအင် ကုန်ခမ်း နွမ်းလျစွာဖြင့် ဒယိမ်းဒယိုင် လျောက်လာ ခဲ့ရာ ပေ ၅၀၀ ခန့်  လျှောက်လှမ်း မိချိန်၌ လမ်းတွင် တွေ့ ရသည့် ဖြတ်သွား ဖြတ်လာ အခြားအမျိုးသား တစ်ဦးကို အကူအညီ တောင်းရာတွင် ထပ်ဆင့် သားမယား ပြုကျင့်ခံရခြင်း ဖြစ်ကြောင်း နယူးယောက်ပို့စ် သတင်းက ဖော်ပြ ထားသည်။

ဘားမှ အိမ်သို့ ပြန်လာစဉ် ပထမဆုံး သားမယား ပြုကျင့်သူသည် အသက် ၁၇ နှစ်သာ ရှိသေးသည့် နီကိုလပ် အီဆက်စ် ဆိုသူ ဖြစ်ပြီး ပြုကျင့် ခံရပြီး နောက်ပိုင်း အိမ်အရောက် ကြိုးစားပြန်စဉ် အသက် ၂၀အရွယ် ဒါကန် ဂျက်ဆင်ဆိုသူကို တွေ့ ရှိ အကူအညီတောင်း မိရာမှ “ကျားကြောက်လို့  ရှင်ကြီးကိုး ရှင်ကြီး ကျားထက် ဆိုး” အဖြစ်နှင့် ကြုံခဲ့ရကာ တစ်နာရီ အတွင်း နှစ်ကြိမ် တိုင်တိုင် အဓမ္မ ပြုကျင့်ခံလိုက် ရခြင်း ဖြစ်ကြောင်း တရားရုံးတွင် ရှေ့နေ ရှေ့ရပ် များဖြင့် အမှုစွဲဆို စစ်ဆေး ကြားနာ နေပြီ ဖြစ်သည်။

အခင်း ဖြစ်ရပ်တွင် ရာဇဝတ်သား နှစ်ဦးစလုံးက အမျိုးသမီး ဖြစ်သူကို လမ်းပေါ် တွန်းလှဲခဲ့ ကြကြောင်း၊ ၎င်းတို့ အလို မလိုက်လျှင် ပစ်သတ် မည်ဟု ခြိမ်းခြောက် အကြပ်ကိုင် ခဲ့ကြကြောင်း၊ သို့သော်လည်း သေနတ်ကို မြင်တွေ့  ခဲ့ရခြင်း မရှိကြောင်း တရားရုံး ကြားနာမှု အရ သိရသည်။ ၎င်းတို့ နှစ်ဦးသည် အတူအကွ ပူးပေါင်း ကြံစည်ခဲ့ကြဖွယ် ရှိနေကြောင်းလည်း ကောက်ချက်ချ ထားသည်။

ယခုတွင် အီဆက်စ်နှင့် ဂျက်ဆင်တို့ နှစ်ဦးကို ဓားမြမှု၊ ပြစ်မှုမြောက် လိင်အကြမ်းဖက်မှု၊ မတရား ချုပ်နှောင်မှု၊ ကိုယ်ထိ လက်ရောက် ကျုးလွန်မှုနှင့် ရာဇဝတ်မှု ကျုးလွန်ခြင်း စသည့် ပုဒ်မများဖြင့် အမှုစစ်ဆေးလျက် ရှိသည်။

ဂျက်ဆင်၏ တရားခံ ရှေ့နေကမှု အမှုမှာ လုံးလုံး မှားယွင်း စွဲဆိုခံရသည့် အမှုဖြစ်ပြီး အမှုသွား အမှုလာ အရ တစ်နာရီ အတွင်း နှစ်ကြိမ် တိုင်အောင် သားမယား ပြုကျင့် ခံရသည် ဆိုသော အဖြစ်အပျက်က စိတ်ကူးယဉ် ဖန်တီးထားသည့် ဇာတ်လမ်း ဇာတ်ကွက်သာ ဖြစ်ကြောင်း ထုချေ ထားသည်။

Ref: Mirror
 Mizzima News

တောင်အာဖရိကတွင် အမျိုးသမီးနှစ်ဦးက အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ခြိမ်းခြောက်၍ မုဒိမ်းကျင့်

တောင်အာဖရိကနိုင်ငံတွင် အသက် ၂၉ နှစ် အရွယ် အမျိုးသားတစ်ဦးမှ ၎င်းကို အမျိုးသမီးနှစ်ဦးက ကားထဲတွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ အလိုမတူပဲ မုဒိမ်းကျင့်ခဲ့သည်ဟု ရဲအား တိုင်ကြားခဲ့သည်။


၎င်း၏အိမ်သို့ ပြန်လာစဉ် ၎င်း၏အနားသို့ BMW ကားတစ်စီး ထိုးရပ်လာခဲ့ကြောင်း၊ ကားမောင်းသူ အမျိုးသမီးက ၎င်းအား ကားထဲသို့ ဝင်ရောက်ရန် ညွှန်ကြားကြောင်း၊ ထိုစဉ် ကားနောက်ခန်း၌ ထိုင်နေသူ အမျိုးသမီးက ခါးကြားမှ သေနတ်ကိုထုတ်ကာ ၎င်းတည့်တည့်သို့ချိန်၍ ကားထဲသို့ဝင်ရန် အမိန့်ပေးခဲ့ကြောင်း ထိုသူက ရဲကို တိုင်ကြားခဲ့သည်။

ထိုနောက် အမျိုးသမီးများက ကားကို ပန်းခြံတစ်ခုသို့ မောင်းနှင်ဝင်ရောက်ရပ်တန့်ခဲ့သည်။

အမျိုးသမီး နှစ်ဦးက ထိုသူအား အဝတ်အစားများကို အကုန်ချွတ်ခိုင်းစေပြီး ထိုသူအား မုဒိမ်းကျင့်ခဲ့ကြသည်။ ထိုသို့ မုဒိမ်းကျင့်နေစဉ်အတွင်း အမျိုသမီးတစ်ဦးကာ ထိုသူအား သေနတ်ဖြင့် တည့်တည့်ချိန်ထားသည်။

အမှုကျူးလွန်သူ အမျိုးသမီး ၃ ဦးမှာ အသက် ၃၀ ဝန်းကျင် ဖြစ်သည်ဟု ထိုသူက ရဲများကို ပြောကြားသည်။

၎င်းတွေ့ကြုံခဲ့ရသော အဖြစ်ဆိုးကို ပြောပြစဉ်အတွင်း ထိုသူမှာ ထိန့်လန့်ကြောက်ရွံနေပြီး တုန်လှုန်ခြောက်ခြားစွာဖြင့် ၎င်း၏ HIV စစ်ဆေးမှု အဖြေရလာဒ်ကို စောင့်မျှော်လျက် ရှိသည်။

အမျိုးသမီး ၃ ဦးကို ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုများဖြင့် တရားစွဲထားသော်လည်း ယခုတိုင် လက်ရဖမ်းမိခြင်း မရှိသေးပါ။

တောင်အာဖရိကနိုင်ငံ၊ ယင်းမြို့၌ ယခင်ကလည်း ထိုကဲ့သို့သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့ဖူးကြောင်း ရဲက ဝန်ခံပြောကြားသည်။ ယခင်ကျူးလွန်ခဲ့သော အမျိုးသမီးများက နောက်တစ်ကျော့ ဤမြို့၌ ပြန်လည်ကျူးလွန်လေသလားဟု ရဲများက စိုးထိတ်နေကြသည်။

http://www.emirates247.com/crime/world/man-raped-by-two-women-at-gunpoint-2014-09-18-1.563396

From: မျိုးမင်းသန့်