Showing posts with label ရှင်းလင်းချက်များ. Show all posts
Showing posts with label ရှင်းလင်းချက်များ. Show all posts

ဓမ္မစေတီခေါင်းလောင်းနဲ့ မပတ်သက်ကြောင်း စံလင်း ရှင်းလင်း

ဓမ္မစေတီ ခေါင်းလောင်းကြီးနဲ့ ပတ်သက်ပြီး စံလင်းကတော့ သူနဲ့ မပတ်သက်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်ထားပါတယ်။ 


တေးရေး တေးဆို စံလင်းက ထုတ်ပြန်ချက် ထွက်ပေါ်လာတာဟာ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးမှာ အဓိက လုပ်ဆောင်နေတဲ့ ဦးစံလင်း နဲ့ နာမည်ဆင်တူဖြစ်နေတော့ လူလွဲပြီး သူ့ကို ထင်ယောင် ထင်မှားဖြစ်မှာ စိုးရိမ်ပြီးထုတ်ပြန် ထားတာ ဖြစ်နိုင်ပါတယ်။ 



ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနဲ့ ရန်ကုန်မြစ်ဆိုတဲ့ မြစ် ၃ ခု ဆုံရာ ရန်ကုန်မြစ်ဝ အနီးမှာ ရက်ပေါင်း ၃၆ ရက် အကြာ ဒီကနေ့အထိ ဓမ္မစေတီ ခေါင်းလောင်း တူးဖော်နေတာ ဘာမှ ထူးခြားလာမှုလည်း မရှိသေးပါဘူး။ လူတွေရဲ့ စိတ်ဝင်စားမှုကလည်း လျော့ကျလာနေပါတယ်။ 

ခါင်းလောင်းကြီး ကို ငဇင်ကာက သင်္ဘောနဲ့ သယ်ယူတယ်ဆိုတဲ့ အထောက် အထားနဲ့ ရန်ကုန်မြစ်ဝမှာ ခေါင်းလောင်းကြီး ရှိတယ်ဆိုတဲ့ သမိုင်းအထောက်အထား မတွေ့ဘူးလို့ သမိုင်းပညာရှင်၊ သုတေသီတွေဖြစ်တဲ့ ဦးဘုန်းတင့်ကျော်၊ ၊ ဒေါတာ တိုးလှ၊ ဦးကျော်၊ ဦးစိန်မြင့် ( ညွှန်မှူး - ငြိမ်း) စတဲ့သူ တွေကလည်း ဒီဗွီဘီနဲ့ 
တွေ့ဆုံခန်းတွေမှာ ဝေဖန်ထားပါတယ်။ 

အခုလို မရေမရာ ဖြစ်နေမှုတွေရှိနေချိန်မှာ ခေါင်းလောင်းကြီး ဆယ်ယူတူးဖော်နေမှုနဲ့ ပတ်သက်ပြီး နောက်ဆုံး အခြေ အနေ များအား နတ်စင်တရာ ဆရာတော်ကြီးက ရှင်းလင်းမယ်၊ 
စက်တင်ဘာလ ၁၄ ရက် (တနင်္ဂနွေနေ့) နေ့လယ် ၁ နာရီ သန်လျင်မြို့နယ် ၊ ကျိုက်ခေါက်ဘုရား အလွန် နတ်စင်တရာ ကျောင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပြီး စိတ်ဝင်စားသူ ဘယ်သူမဆို လာရောက်နိုင်တယ်လို့ ဖိတ်ခေါ်ခဲ့ပါတယ်။ 

The Irrawaddy ဂျာနယ် မျက်နှာဖုံးတခုမှာ တွေ့ရတဲ့ ခေါင်းလောင်းရှာဖွေသူဦးစံလင်း

အိမ့်သံစဉ် ~ 
ဧရာဝတီ