Showing posts with label ပြည်တွင်းပြည်ပ နိုင်ငံတကာအကျော်အမော်များ. Show all posts
Showing posts with label ပြည်တွင်းပြည်ပ နိုင်ငံတကာအကျော်အမော်များ. Show all posts

Pee Mak မင်းသား မြန်မာနိုင်ငံသို့ လာရောက်မည်




မန်မာပရိသတ်အား ပေးမှုရရှိခဲ့သည့် ထိုင်းရုပ်ရှင် ဇာတ်ကား ‘‘Pee Mak’’မင်းသား Mario Maurer သည် Pond's အလှကုန်၏ သံတမန်တစ်ဦး အနေဖြင့် မြန်မာနိုင်ငံသို့ ပထမ ဆုံးအကြိမ်လာရောက်ရန် အစီ အစဉ်ရှိကြောင်း သတင်းရရှိ သည်။

မင်းသား Mario Maurer သည် အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး တွေ့ဆုံလို သည့် ပရိသတ်များအနေဖြင့် လေယာဉ်ကွင်းသို့ လာရောက်နိုင် သည်ဟု အဆိုပါခရီးစဉ်၏ ပြန် ကြားရေးတာဝန်ခံ ကိုဂျေဆန်က ပြောသည်။

ခရီးစဉ်မှာ တစ်ရက်သာကြာ မြင့်မည်ဖြစ်ပြီး Pond's Men Energy Charge မြန်မာပြည်တွင် စတင်မိတ်ဆက်ခြင်းကို Brand သံတမန်အဖြစ် လာရောက်ခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။

ယခုခရီးစဉ်တွင် ပရိသတ် များနှင့် သီးသန့်တွေ့ဆုံမည့်အစီ အစဉ် ပါဝင်မည်မဟုတ်ဘဲ Pond'sMen Product Launch Event သို့ တက်ရောက်ပြီး အောက်တို ဘာ ၇ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်မည်ဖြစ်သည်။

‘‘ခရီးစဉ်အသေးစိတ်ကို တော့ မသိသေးဘူး။ ဒီကိုရောက် တဲ့အချိန်ကျမှ ဘုရားသွားမယ်ဆို ရင်လည်း လိုက်ပို့ဖို့ရှိတယ်’’ဟု ကိုဂျေဆန်ကပြောသည်။

Pee Mak ဇာတ်ကားသည် ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ရုံ တင်ပြသခဲ့ရာ ထိုင်းနိုင်ငံသာမက အရှေ့တောင်အာရှနိုင်ငံများတွင် ပါ အောင်မြင်ခဲ့သော ၀ိညာဉ်သရဲ တစ္ဆေဇာတ်ကားဖြစ်သည်။
7 Day

အင်္ဂလန်လား၊ ပြင်သစ်လား ရော်နယ်ဒို ကြိုက်ရာရွေး





ဘောလုံးစတား ခရစ္စတီယာ နိုရော်နယ်ဒို ကတော့ လာမယ့်နွေ ရာသီမှာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာတော့မယ် လို့ ဖွင့်ဟ လိုက်ပါပြီ။ ၂ဝဝ၉ ခုနှစ်မှာ အင်္ဂလန်ထိပ်သီး မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ရီးရဲလ်ကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွေ့ကြေးပေါင်သန်း ၈ဝ နဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ ရော်နယ်ဒို တစ်ယောက် ဘယ်အသင်းကိုပြောင်း မလဲဆိုတာ ဘောလုံး ပရိသတ်တွေ အတွက် စိတ်ဝင်စား စရာ ကောင်း နေပါပြီ။

ရီးရဲလ်နဲ့ ခုနစ်နှစ်တာ ဖြတ်သန်းခဲ့ပြီးနောက် ရော်နယ်ဒို ဘယ် အသင်းကို ရွေးချယ်မလဲ။ အဖြစ် နိုင်ဆုံး ကတော့ အသင်းဟောင်း မန်ယူ နဲ့ ပြင်သစ်လီဂူးဝမ်းကလပ် ပီအက်စ်ဂျီတို့ပဲ ဖြစ်ပါတယ်။

မန်ယူက ကစားသမားဟောင်း ရော်နယ်လ်ဒို ကိုပြန်ခေါ်ဖို့ အရင် က နှစ်ကြိမ် တိုင်တိုင် ကြိုးပမ်းဖူး ပါတယ်။ အခု ဆိုပြောင်းရွှေ့ကြေး ပေါင်သန်း ၉ဝ အထိသုံးပြီး ရော် နယ်ဒိုကိုပြန်ခေါ်ဖို့ မန်ယူကစတင် ကြိုးစားနေပြီ လို့ သတင်းတွေက ဆိုပါတယ်။ လုပ်ခ လစာကိုလည်း တစ်နှစ်ပေါင် ၁၅ သန်းပေးဖို့ ဒီလောက် ငွေကြေး သုံးမယ် ဆိုရင် တောင် ရော်နယ်ဒို ကို ခေါ်ယူနိုင် မယ်လို့ အာမခံချက် မရှိပါဘူး။

ဘာလို့လဲ ဆိုတော့ ပီအက်စ်ဂျီ ကလည်း ငွေပုံပေးပြီး ရော်နယ်ဒိုကို ခေါ်မယ်လို့ လေသံ ပစ်ထားလို့ပါ။

ဒီလို အနေအထားတွေကြောင့် အသင်းဟောင်း မန်ယူနဲ့ပဲ ပြန်လက် တွဲမလား၊ စိန်ခေါ်မှု အသစ်တွေ အတွက် ပြင်သစ်ကို သွားမလား ဆိုတာ ရော်နယ်ဒိုက ဆုံးဖြတ်ရမှာ ပါ။ အသက် ၃၁ နှစ်ပြည့်တော့ မယ်ဆိုပေမယ့် ရော်နယ်ဒို ရဲ့ ပြောင်း ရွှေ့ကြေးဟာ ကမ္ဘာ့ စံချိန်တင်ပဲ ဖြစ်လိမ့်မယ်လို့ အများကခန့်မှန်း ထားကြပါတယ်။

Ref : BBC: Daily Mirror