Showing posts with label ooredoo သတင်း. Show all posts
Showing posts with label ooredoo သတင်း. Show all posts

နိုဝင်ဘာမှာ ဖြစ်လာမယ့် အူရီဒူးကွန်ရက်


ရန်ကုန်မြို့ နေရာတချို့မှာ တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက်များ ဒီလကုန်ရင် ထပ်မံတိုးချဲ့သွားမယ်လို့ အူရီဒူး ဆက်သွယ်ရေး ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ 
“နှစ်လခွဲအတွင်း ရန်ကုန်ကွန်ရက် ဖြန့်ကျက်မှုအခြေအနေက ၉၅ ရာခိုင်နှုန်းအထိ ရှိလာမှာ ဖြစ်ပါတယ်။ 
အခုဆို အင်းယားကန် ပတ်ဝန်းကျင်၊ ၉ မိုင် ပတ်ဝန်းကျင်၊ အင်းယားလိတ် အနီးက 
ပါရမီ လမ်းမကြီးတလျှောက်မှာ ကွန်ရက်ရရှိဖို့ ကြိုးစားနေပါတယ်။
နာက်ပြီး သာင်္ကေတ မြို့နယ်နေရာ တော်တော်များများမှာ ကွန်ရက်ရရှိဖို့ လိုပါသေးတယ်။
အဲဒီအခြေအနေကိုလည်း ဒီလကုန် ဆောင်ရွက် သွားမှာပါ။
နာက်ပြီး ဗဟန်းမြို့နယ်ဖြစ်တဲ့ ရွှေတောင်ကြားမှာလည်း တပတ်၊ နှစ်ပတ်အတွင်း ကွန်ရက် ရရှိတော့မှာ ဖြစ်ပါတယ်” လို့ အူရီဒူး မြန်မာရဲ့ အမှုဆောင် အရာရှိချုပ် Ross Cormack က သတင်းထောက်များကို ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၆ မြို့နယ်မှာ စက်တင်ဘာလကုန်အထိ အူရီဒူးကွန်ရက်ရှိနေပြီး အောက်တိုဘာအကုန်မှာတော့ နောက်ထပ် ၁၃ မြို့နယ်အထိ တိုးချဲ့နိုင်မယ်လို့ အူရီဒူးက ဆိုပါတယ်။

ဒါဆိုရင် မကြာခင် ရန်ကုန်မှာ အူရီဒူးကွန်ရက်ရှိမယ့် မြို့နယ်အရေအတွက် ၃၉ မြို့နယ် ဖြစ်လာပါတော့မယ်။

အောင်တိုဘာအလွန် ဒေသကြီး ၄ ခုအတွင်း အူရီဒူးဖုန်း သုံးနိုင်မယ့် အခြေအနေ




သူဇာ

မိနစ် ၁၀၀၀ လက်ဆောင်ကို ဟဲလို လို့ ပြောလိုက်ကြရအောင်



၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ရက် မှ နိုဝင်ဘာလ ၂၁ရက်နေ့အထိ ပရိုမိုးရှင်းကာလအတွင်း မိတ်ဆွေတို့သည် တစ်ကြိမ်တွင် ကျပ် ၃၀၀၀ နှင့် အထက် Top Up ပြုလုပ်ပါက ကျွန်တော်တို့မှ အပိုလက်ဆောင်များ အဖြစ် Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုရန် မိနစ် ၁၀၀၀ နှင့် SMS ၁၀၀၀ ပို့ခွင့် ပေးအပ်မှာဖြစ်ပါတယ်။

ဤ ပရိုမိုးရှင်းကာလအတွင်းရရှိမည့် Top Up အပိုလက်ဆောင် ကို အောက်ပါ စည်းကမ်းချက်များအတိုင်း သုံးစွဲနိုင်ပါမည်။

ဤ Top Up အပိုလက်ဆောင်ကို မြန်မာပြည်တွင်း Ooredoo ဖုန်းအချင်းချင်း ဖုန်းခေါ်ခြင်း နှင့် SMS ပို့ခြင်း များအတွက်သာ သုံးသလောက်ပေးစနစ်ဖြင့် သုံးစွဲနိုင်ပါသည်။ ဤဝန်ဆောင်မှုများကို Ooredoo ၏ တရားမျှတစွာ သုံးစွဲခြင်းပေါ်လစီ အပါအဝင် စည်းမျဉ်းစည်းကမ်းများအတိုင်း သုံးစွဲရ မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါကwww.ooredoo.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဤ Top Up အပိုလက်ဆောင်ကို ပြည်ပရောက်စဉ်အသုံးပြုမှု (Roaming)၊ နိုင်ငံတကာသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုခြင်း ၊ နိုင်ငံတကာသို့ SMS ပို့ခြင်း များတွင် အသုံးပြု၍ မရနိုင်ပါ။ မြန်မာပြည်တွင်းအခြားတယ်လီကွန်းအော်ပရေတာများသို့ ဖုန်းခေါ်ခြင်း နှင့် SMS ပို့ခြင်းပြုလုပ်ရာတွင်လည်း အသုံးပြု၍ မရနိုင်ပါ။ဤ Top Up အပိုလက်ဆောင်ကို ငွေသား၊ သို့မဟုတ် Ooredoo ၏ အခြားထုတ်ကုန်များ ၊ သို့မဟုတ် အခြားဝန်ဆောင်မှုများ နှင့် မည်သည့် အခြေအနေတွင်မျှ လဲလှယ်၍မရပါ။

Top Up ပြုလုပ်ရာတွင် ပရိုမိုးရှင်းကာလအတွင်း ၃၀၀၀ ကျပ်ထက် မနည်းငွေဖြည့် ရုံဖြင့် ဤအပိုဆောင်းလက်ဆောင်ရရှိပါမည်။ ကျပ် ၃၀၀၀ တန်ငွေဖြည့်ကဒ် တစ်ကြိမ် ဝယ်ယူ ငွေဖြည့်ပါက ဤအပိုဆောင်းလက်ဆောင် ခံစားခွင့်ရရှိပါမည်။ တစ်ကြိမ်တွင် ကျပ် ၁၀၀၀ ဖြင့် Top Up သုံးကြိမ် ပြုလုပ်ပြီး အားလုံးပေါင်း၍ ကျပ် ၃၀၀၀ ပြည့် /ကျော်သွားရုံဖြင့် လည်းဤအပိုဆောင်းလက်ဆောင်ရရှိ ပါမည်။

ပရိုမိုးရှင်းကာလ အတွင်း ကျပ် ၃၀၀၀ နှင့် အထက် Top Up ပြုလုပ်ပါက ဤ အပိုဆောင်းလက်ဆောင်ရရှိမည်ဖြစ်ပြီး တစ်ကြိမ်သာ ခံစားခွင့် ရှိပါသည်။ နောက်ထပ် Top Up ထပ်လုပ် ပါက ဤလက်ဆောင်ကို ထပ်မံရရှိမည် မဟုတ်ပါ။

Top Up အပိုလက်ဆောင် စတင်ရရှိသည့်အချိန်မှစ၍ ရက်ပေါင်း ၃၀ အတွင်းသာဤလက်ဆောင်ကိုအသုံးပြုခွင့်ရှိပါသည်။ထိုအကျုံးဝင်ကာလကျော်လွန်ပါက လက်ကျန်အပိုလက်ဆောင်များမှာ ငွေပြန်အမ်းခြင်း၊ သို့မဟုတ် လျော်ကြေးပေးခြင်းမရှိစေရဘဲသက်တမ်းကုန်ဆုံးသွားမည်ဖြစ်ပြီးဆက်လက်သုံးစွဲ၍မရနိုင်ပါ။

ဤTop Up အပိုလက်ဆောင် အရ အသုံးပြုခွင့်ရှိသည့် ဖုန်းခေါ်ချိန် နှင့် SMS များကုန်သွားမှသာအောက်ပါအတိုင်းမိတ်ဆွေ၏လက်ကျန်စာရင်းမှနှုတ်သွားပါ
မည်။

(၁) မိတ်ဆွေဝယ်ယူထားသည့် ဝန်ဆောင်မှု အစီအစဉ်အလိုက် ခံစားခွင့်ရှိသော Ooredoo ဖုန်းအချင်းချင်းဖုန်းခေါ်ချိန် နှင့် SMS များ

(၂) Ooredoo ၏ သုံးသလောက်ပေး နှုန်းထားများ အရ ငွေဖြတ်ခြင်း
Ooredoo သည် ဤ လက်ဆောင်အစီအစဉ်ကို အချိန်မရွေး ပြောင်းလဲခွင့်၊ ရုပ်သိမ်းခွင့်ရှိပါသည်။

(YMG remark) - သတိပြုရန်အချက် 

ပရိုမိုးရှင်းကာလအတွင်းတစ်ကြိမ်သာခံစားခွင့်ရရှိမည်ဖြစ်ပြီး နောက်တစ်ကြိမ် ငွေသုံးထောင်နှင့်အထက် ဖြည့်တင်းပါကလည်း ထိုခံစားခွင့်ကို ထပ်မံရရှိမည် မဟုတ်ပါ။ ထိုအပြင် ပရိုမိုးရှင်းကို စတင်အသုံးပြုသည့်ရက်မှ ရက်ပေါင်း ၃၀ အတွင်းသာ အကြုံးဝင်မှ ဖြစ်ပါတယ်။ 

ref : Ooredoo Myanmar

သုံးသလောက်သာကောက်မည့် အစီအစဉ် အော်ရီဒူး ကြေညာလိုက်ပြီ



အော်ရီဒူးမြန်မာ က စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၆ နာရီကစပြီး တယ်လီဖုန်းခေါ်ဆိုခ နှုန်းထားကို စက္ကန့်နဲ့ တွက်ချက်ယူမယ့်နှုန်းထားကို ပြောင်းလဲကျင့်သုံးမယ်လို့ ကြေညာလိုက်ပါတယ်။

အော်ရီဒူးမြန်မာရုံး က လူမှုဆက်ဆံရေး နဲ့ ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက “အော်ရီဒူးကနေ အော်ရီဒူး အချင်းချင်း ခေါ်ဆိုရင် ၁ မိနစ်ကို ၂၅ ကျပ်ဆိုတော့ စက္ကန့် ၆၀ နဲ့ စားပေါ့။ ကျသလောက် စက္ကန့်နဲ့ ပြော သမျှပဲ ကောက်ခံမှာပါ” လို့ ပြောပါတယ်။

အော်ရီဒူး ဆင်းကတ်ကနေ မြန်မာ့ဆက်သွယ်ရေးက အမ်ပီတီဆင်းကတ်နဲ့ ဖုန်းကို ခေါ်ဆိုရင်တော့ ၁ မိနစ်ကို ၃၅ ကျပ်နှုန်းထားနဲ့ ၁ စက္ကန့်ချင်း သုံးစွဲသလောက် တွက်ချက် ကောက်ခံမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဒီနှုန်းထားမတိုင်မီက ဖုန်းခေါ်ဆိုခတွေကို ၁ စက္ကန့်ကျော်တိုင်း ၁ မိနစ်စာ (၆၀ စက္ကန့်) နှုန်းထား ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အော်ပရေတာ တင်ဒါအောင်ခဲ့တဲ့ အော်ရီဒူးမြန်မာဟာ လွန်ခဲ့တဲ့လဆန်းပိုင်းကစလို့ တယ်လီဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှုပေးနေသလို လက်ရှိမှာ မြန်မာ့ဆက်သွယ်ရေး အမ်ပီတီနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နေပြီး တယ်လီဖုန်းဆင်းကတ် ၁ သန်းကျော် ရောင်းချထားပြီးဖြစ်ပါတယ်။

အော်ရီဒူးမြန်မာရဲ့ အမှုဆောင်အရာရှိချုပ် Ross Comack က “ကိုယ်သုံးသလောက်ပဲ ကျသင့်တယ်ဆိုတာ အင်မတန်အရေးကြီးတယ်လို့ ကျနော်တို့ရဲ့ သုံးစွဲသူ မိဘပြည်သူများ ပြောပြချက်အရ သိရပါတယ်။ ကျနော်တို့ရဲ့ အသံအရည်အသွေးမြင့် ခေါ်ဆိုမှုတွေကို ဒီအယူအဆနဲ့ ထပ်ပေါင်းခြင်းအားဖြင့် သုံးစွဲသူ မိဘပြည်သူများကို ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံနဲ့ ပိုမိုသက်သာတဲ့ နှုန်းထားတွေကို ၀န်ဆောင်မှု ပေးနိုင်တော့မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်သီရိကြာညိုက အော်ရီဒူးမြန်မာဟာ ပထမဆုံးအနေနဲ့ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့နဲ့ အနီးဝန်းကျင်က ၆၈ မြို့နယ်ကို စတင်ဝန်ဆောင်မှုပေးနေတဲ့အနက် နေပြည်တော်နဲ့ မန္တလေးမှာ ကြည်လင်ပြတ်သားပြီး မြန်နှုန်းမြင့်အင်တာနက်ရပေမယ့် လူနေသိပ်သည်းတဲ့ ရန်ကုန်ုမှာတော့ ၄၅ မြို့နယ်အနက် မြို့နယ် ၂၆ ခုမှာသာ အပြည့်အ၀ ၀န်ဆောင်မှုပေးနိုင်သေးတယ်လို့ ရှင်းပြပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန်တခွင်လုံး ၀န်ဆောင်မှုပေးနိုင်အောင် တာဝါတိုင်တွေ တိုးမြှင့်ဆောက်လုပ်နေရာမှာ ဆီဒိုးနားနဲ့ မီကာဆာဟိုတယ်တွေအပေါ်မှာ တာဝါတိုင်တည်ဆောက်ရေးအတွက် လုပ်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၅ ရက်နောက်ပိုင်းမှာ လှည်းကူး၊ ရေနံချောင်း၊ အုတ်ကန်၊ သုံးဆယ်၊ သာယာဝတီ၊ နတ်မောက်၊ မရမ်းကုန်း၊ ကော့မှူး၊ ပခုက္ကူ။ တောင်ငူ၊ ပုဂံ၊ ညောင်ဦး ကြည့်မြင်တိုင်၊ မြင်းခြံ၊ ဖြူး၊ သနပ်ပင်၊ ပန်းတနော်၊ ဒလ၊ နတ်တလင်း မင်းလှမြို့နယ်တွေမှာ အော်ရီဒူးဆင်းကတ်ဖုန်းတွေ သုံးနိုင်တော့မယ်လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတွေအဖြစ် မြန်မာ့ဆက်သွယ်ရေး၊ (အမ်ပီတီ)၊ အော်ရီဒူးနဲ့ ယှဉ်ပြိုင်ရောင်းချနေကြပြီး လာမယ့် အောက်တိုဘာလဆန်းပိုင်းကျရင် အော်ပရေတာအောင်ထားတဲ့ တယ်လီနောမြန်မာက ဈေးကွက်မှာ ၀င်ရောက်ယှဉ်ပြိုင်ရောင်းချတော့မှာဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးကတော့ ၁ မိနစ်ဖုန်းခေါ်ဆိုခ ၅၀ ကျပ် ကျသင့်နေပြီး ခေါ်ဆိုသည့်အချိန် ၆ စက္ကန့်တိုင်း တခါ ကောက်ခံတဲ့စနစ်ကျင့်သုံးနေတယ်လို့ သိရပါတယ်။

လက်ရှိကာလမှာ ဈေးကွက်အခြေအနေအရ မြန်မာ့ဆက်သွယ်ရေးတယ်လီဖုန်းဆင်းကတ်တွေဟာ ဈေးကွက်မှာ ၁၅၀၀ တန်ဆင်းကတ်တခုဟာ ၁ သောင်းခွဲကနေ ၂ သောင်းထိ ဈေးပေါက်နေပြီး အ၀ယ်လိုက်နေပါတယ်။
DVB

အူရီးဒူးဆင်းမ်ကတ် ရန်ကုန်တိုင်း မြို့နယ် နှစ်ဆယ်ခန့်တွင်သာ သုံးစွဲနိုင်


အူရီးဒူး၏ လက်ရှိချဲ့ထွင်ထားသည့် မိုဘိုင်းကွန်ရက်အ ရ ၎င်းတို့၏ ဆင်းမ်ကတ် များကို ရန်ကုန်တိုင်း ဧရိယာအတွင်းရှိ မြို့နယ်နှစ်ဆယ်ကျော်တွင်သာ အသုံးပြု နိုင်သေးကြောင်း အူရီးဒူးမြန်မာမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိသည့်အနက် လက်ရှိအခြေ အနေအရ မြို့နယ်အားလုံး၏ ထက်ဝက်ခန့်တွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ် သည်။


‘‘အူရီးဒူး အနေနဲ့ ဈေးကွက်စတင် မိတ်ဆက်ပြီး လေးပတ်အတွင်းမှာ ရန်ကုန်မြို့ ရဲ့ ကွန်ရက် ကောင်းမွန်လာအောင်လို့ တာဝါတိုင် အများစုကို တည်ဆောက်နေ ပါတယ်။ လက်ရှိမှာ ရန်ကုန်က မြို့နယ်အားလုံးရဲ့ တစ်ဝက်ကျော်လောက်မှာ သုံးလို့ရနေပါပြီ’’ဟု အူရီးဒူး မြန်မာမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး မန်နေဂျာ ဒေါ်သီရိကြာညို က ပြောသည်။

အူရီးဒူး၏ မိုဘိုင်းကွန်ရက်သည် ဈေးကွက်စတင် မိတ်ဆက်သည့်အချိန်မှ လက်ရှိအချိန်ထိ ရန်ကုန်မြို့ရှိ နေရာအများစုတွင် လိုင်းမမိသည့် ပြဿနာ များနှင့် ကြုံတွေ့နေရ၍ အသုံးပြုသူများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး လက်ရှိတွင် မိုဘိုင်းကွန်ရက် မမိသည့်နေရာများကို လေ့လာမှုများပြုလုပ်ပြီး ကွန်ရက်ချဲ့ထွင်မှုများ ဆောင်ရွက်လျက် ရှိသည်ဟုဆိုသည်။

‘‘လေးပတ်အတွင်း ရန်ကုန်မှာ တာဝါတိုင် တစ်ရာလောက် ထပ်ဆောက်ပြီးသွား ပါပြီ။ ကမ္ဘာအေးဘုရားလမ်းနဲ့ အင်းလျားကန် တစ်ဝိုက်မှာ လိုင်းမမိတြဲ့ ပဿနာ ကိုလည်းဖြေရှင်းသွားဖို့ လုပ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ ကွန်ရက်ကို မကြာခင် လပိုင်းအတွင်းမှာ လွှမ်းခြုံဖို့အတွက်လည်း လုပ်နေပါတယ်’’ဟု ဒေါ်သီရိကြာညို က ပြောသည်။

အူရီးဒူးအနေဖြင့် ၎င်းတို့၏ ဆင်းမ်ကတ်များကို ဈေးကွက်စတင် မိတ်ဆက်သည့် အချိန်မှ လက်ရှိအချိန်ထိ ဆင်းမ်ကတ်ပေါင်း တစ်သန်းကျော် ရောင်းချခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။

7Day Daily

ဆင်းမ်ကတ်များ စတင်ရောင်းချချိန်မှစ၍ ဖုန်းလိုင်းကျပ်မှုအများဆုံးဖြစ်နေ သည့် ရန်ကုန်တိုင်းဒေသကြီးတွင် အော်ရီဒူးက တာဝါတိုင်များ ထပ်မံ တိုးချဲ့မည်


ဖုန်းလိုင်း ကျပ်မှုအများဆုံးဖြစ်နေသည့် ရန်ကုန် တိုင်းဒေသကြီးတွင် တာဝါတိုင်များ ဦးစားပေး ထပ်မံတိုးချဲ့သွားမည် ဖြစ်ကြောင်း အော်ပရေတာ တစ်ခု ဖြစ်သည့် အော်ရီဒူး(မြန်မာ)မှ သိရသည်။

အဆိုပါအော်ပရေတာမှဆင်းမ် ကတ်များကို မြို့ကြီး၆၈မြို့နယ်တွင် လိုင်းကောင်းမွန်စွာအသုံးပြုနိုင်ပြီ ဟု ကြေညာထားသော်လည်း နယ်မြို့ များတွင်သာ ဖုန်းပြောဆိုနိုင်ခြင်းများ ရှိပြီး ရန်ကုန်တွင် လက်ရှိအချိန်အထိ ဖုန်းလိုင်းကောင်းစွာမရသေးသဖြင့် တာဝါတိုင် တိုးချဲ့ တည်ဆောက်မည် ဖြစ်သည်ဟု သိရသည်။

အော်ရီဒူး(မြန်မာ)မှစီအီးအို Mr Ross Cormack က''ရန်ကုန်က တချို့နေရာတွေ လိုင်းမမိတာရှိပါ တယ်။ လက်ရှိ ရန်ကုန်ဧရိယာကိုပို ကောင်းအောင် လုပ်ပေးနေတယ်။ တစ်ပတ်၊ နှစ်ပတ်အတွင်းတော့ သိသာမှာမဟုတ်ဘူး။ တာဝါတိုင်ဘယ် လောက်ဆောက်မယ်ဆိုတာထက် ကွန်ရက်ဘယ်လောက်
ဖြန့်ကြက်နိုင် ပြီဆိုတာ အရေးကြီးပါတယ်'' ဟုပြော သည်။

လက်ရှိတွင် အင်တာနက်၊ ဖုန်း လိုင်းအသုံးပြုမှု ကွန်ရက်များအတွက် Base Station ပေါင်း၂ဝ ကျော် တည်ဆောက်ပြီးဖြစ်ကာ ထပ်မံ၍ သရက်၊ သာယာဝတီ၊ တောင်ငူနှင့် ပြင်ဦးလွင်အစရှိသည့် မြို့များတွင် လည်း လိုင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အော်ရီဒူးမှဖုန်းပြောဆိုခများ သည် မိနစ်အလိုက်ဖြတ်သည့်စနစ် ဖြစ်သည့် အတွက် MPT ထက်ဖုန်း ပြောခ ပိုမိုဖြတ်တောက်မှုများရှိနေ ကြောင်း ယင်းကတ်အသုံးပြုသူများ က ပြောဆိုကြသည်။

အော်ရီဒူးဆင်းမ်ကတ်အသုံး ပြုသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ် သူဦးကျော်ဝင်းက ''အော်ရီဒူးက ရန်ကုန်မှာ လိုင်းမကောင်းသေးတာ အမှန်ပဲ။ တစ်ခါတလေ ပြောလို့ရရင် လဲ တစ်မိနစ်မပြည့်သေးဘူး။ ပိုက်ဆံ ဖြတ်တာ တစ်မိနစ်စာ ၃၅ကျပ် ဖြတ် တယ်။ အမ်ပီတီကကျတော့ စက္ကန့် အလိုက်မှတ်တဲ့ ပုံစံဆိုတော့ ပိုက်ဆံ ဖြတ်ရင်သိပ်မဖြတ်ဘူးလို့ထင်တယ်''ဟုပြောသည်။

ယင်းအော်ပရေတာမှ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များ အပါအဝင် မြို့ကြီး ၆၈မြို့နယ် တွင်သြဂုတ်၁၅ရက်မှစတင်၍ ဆင်းမ် ကတ်များ စတင်ရောင်းချခဲ့ခြင်းဖြစ် ပြီး လက်ရှိတွင် ကတ်ပေါင်း၁သန်း ကျော် ရောင်းချခဲ့ကာ ဆက်သွယ် ရေးကွန်ရက် ကိုးသန်းခန့်ဖြန့်ကြက် နိုင်ပြီဖြစ်သည်ဟု ထုတ်ပြန်ကြေညာ ချက်များအရ သိရသည်။

PPT
Democracaytoday
Yangon Media Group

Ooredoo က 1MB ၂၅ ကျပ်အစား 1MB ကို ၁၀ကျပ်ပြောင်းလိုက်ပါပြီ


အူရီဒူးမြန်မာမှ အင်တာနက်အသုံးပြုခ ကို ယခင်ကောက်ခံနေတဲ့
1 MB ၂၅ကျပ်အစား 1MB ကို ၁၀ကျပ်ပြောင်းလဲကောက်ခံမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
သြဂုတ်၁၅ ရက်ဆင်းကတ်စတင်ရောင်းချချိန်က စပြီး ဆင်းကတ်ပေါင်း တစ်သန်းကျော်ရောင်းချပြီး ဖြစ်ပါတယ်။
တရားဝင်စတင်ရောင်းချချိန်တွင် လူဦးရေ ၇.၈ သန်းကိုသာ
ကွန်ယက်လွှမ်းခြုံ နိုင်ခဲ့ ပေမယ့် ယခုအချိန်မှာ လူဦးရေ ၉ သန်းနီးပါး
ကွန်ယက် ရရှိနေပြီလို့ သိရပါတယ်။
ရန်ကုန်မြို့မှာ တာဝါတိုင် ၂၀ ထပ်မံတိုးချဲ့ခဲ့ပြီး သရက်| သာယာဝတီ| တောင်ငူနှင့် ပြင်ဦးလွင်မြို့များကို ပါကွန်ယက်လွှမ်းခြုံထားပြီလို့ သတင်းထုတ်ပြန်ပါတယ်။


Author ရဲလင်းလင်းသန်း
Kumudra