Showing posts with label PNAသတင်း. Show all posts
Showing posts with label PNAသတင်း. Show all posts

မိုင်းထောင်ရန် သွားရောက်သော လူတစ်စုအား PNA တပ်ဖွဲ့မှ ဖမ်းဆည်းပစ်ခတ်

စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ ခွဲ ခန့်တွင် ပအိုဝ်းအမျိုးသား တပ်မတော်PNA (PNO အသွင်ပြောင်းဌာနေပြည်သူ့စစ်) ထိန်းချုပ်ရာ နယ်မြေဖြစ်သော ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လယ်ခရိုင်၊ လုံးအောင်ကျေးရွာ တောင်ဘက် ခန်းမှန်းမြေပုံ LC 455957 နေရာတွင် ပအိုဝ်းအမျိုးသား တပ်မတော်(PNA) လှုပ်ရှားနေသော စစ်ကြောင်းတစ်ခုမှ လုံးအောင်ကျေးရွာ တောင်ဘက်သို့ နယ်မြေ ရှင်းလင်းရာတွင် မသင်္ကာဖွယ် လူတစ်စုအား တွေ့ရှိခဲ့ရာ စစ်ဆေး မေးမြန်းရန်အတွက် တားဆီးခဲ့ကာ ထိုလူတစ်စုက အစစ်ဆေးမခံဘဲ ထွက်ပြေးခဲ့သဖြင့် ပစ်ခတ်ခဲ့ရာ ထို့လူတစ်စုမှ အရပ်သား ယောင်ဆောင် RCSS/SSA အဖွဲ့ အမာခံ (၂) ဦးအားတွေ့ထိမှန်သွားကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါသည်။

ထို့သိုထိမှန်သွားသူကို သွားရောက်စစ်ဆေးရာတွင် ၄င်းတို့ထံမှ ဆွဲမိုင်း ပစ္စည်းများကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။ ၄င်းထိမှန်သွားသော RCSS/SSA အမာခံ တပ်ဖွဲ့ဝင်အား လွိုင်လင်မြို့ဆေးရုံကြီးတွင် ဆေးကုသခံယူလျက်ရှိပါသည်။

ထိုအပြင် စက်တင်ဘာလ ၁၃ ရက်နေ့ ၆ နာရီ မိနစ် ၄၀ ခန့်အချိန်တွင်လည်း ပအိုဝ်းအမျိုးသားတပ်မတော်(PNA) စစ်ကြောင်းတခု လုံးအောင် အရှေ့တောင်ဘာက် ခန့်မှန်းမြေပုံ LC 431989တွင် ဒေသဖြွိုဖွံးရေးလုပ်ငန်းဖြစ်သော ရေရရှိရေးအတွက် သွားရောက်လုပ်ဆောင်ရာ အဆိုပါ RCSS/SSA အဖွဲ့မှ စိုင်းကတ်ဦးဆောင်အဖွဲ့(၇) ဦးထောင်ထားသည့်ဆွဲမိုင်းကြောင့် ပအိုဝ်းအမျိုးသား တပ်မတော်(PNA) တပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း (PNA) သတင်းရပ်ကွက်ကနေ စုံစမ်းသိရှိရပါသည်။

BY THIT HTOO LWIN

အောက်တွင် မိုင်းထောင်အဖွဲ့(RCSS/SSA)မှ တစ်ဦး ဒဏ်ရရနေသည့်ပုံ ဖြစ်ပါသည်။