Showing posts with label နိုင်ငံတကာအနုပညာရပ်ဝန်း. Show all posts
Showing posts with label နိုင်ငံတကာအနုပညာရပ်ဝန်း. Show all posts

အပြာရောင်မင်းသမီးရဲ့ ရင်ထဲက မင်းသား


ဧပရယ်ကာရိုလီနာဆိုတာ စပိန်နိုင်ငံက နာမည်ကြီး အပြာရောင်မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကတည်းက အပြာရောင်မင်းသမီးဖြစ်လာခဲ့တဲ့ ကာရိုလီနာဟာ အသက် ၂၃ နှစ်သာရှိသေးပြီး ၂၀၁၅ ခုနှစ်ရဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

သူမကို အင်တာဗျူးတစ်ခုမှာ အိပ်ယာပေါ်မှာ အတူအနေချင်ဆုံးပုရိသက ဘယ်သူလဲလို့ မေးမြန်းခဲ့ရာမှာ ဘာစီလိုနာနဲ့စပိန်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် အင်နီယေစတာလို့ ဖြေကြားခဲ့ပါတယ်။


စပိန်အသင်းကမ္ဘာ့ဖလားရရှိခဲ့ရာမှာ ဟောလန်အသင်းဘက်ကို အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် သေဆုံးသွားတဲ့သူငယ်ချင်းဂျာကေးအတွက် အောင်ပွဲခံခဲ့တဲ့ အင်နီယေစတာကို ကာရိုလီနာကြွေသွားခဲ့တာဖြစ်ပါတယ်။ 'အင်နီယေစတာကို အိပ်ယာပေါ်ခေါ်ပြီး ချစ်တင်းနှောချင်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းတွေကို သူသိမှာ မဟုတ်ပါဘူး' လို့ ကာရိုလီနာက ဆိုခဲ့ပါတယ်။

Mizzima

သြစတြေးလျ ပြည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်တဲ့ အဆိုတော်ခရစ်ဘရောင်း



အမေရိကန်အဆိုတော် ခရစ် ဘရောင်းကို အိမ်တွင်းအကြမ်း ဖက်မှုဖြစ်မှုများကြောင့် ဩစ တြေးလျက ပြည်ဝင်ခွင့်ပိတ်ပင် သွားဖွယ်ရှိသည်။

၂၀၁၅ ဒီဇင်ဘာအတွင်း ဩစတြေးလျသို့ သွားရောက်ဖျော် ဖြေမည်ဟု ဘရောင်းက ပြီးခဲ့ သည့် သီတင်းပတ်အတွင်း ကြေ ညာခဲ့သဖြင့် လူမှုကွန်ရက်ပေါ် တွင် ဝေဖန်မှုများထွက်ပေါ်လာပြီး ဩစတြေးလျနိုင်ငံသို့ ဝင်ခွင့်မပေးရန် တောင်းဆိုမှုများ ထွက်ပေါ်ခဲ့ သည်။

ခရစ်ဘရောင်း၏ ဗီဇာ လျှောက်ထားမှုကို ပြန်လည်သုံး သပ်နေသည်ဟု ဖက်ဒရယ်အစိုးရ က ပြောသည်။ အစိုးရအနေဖြင့် ဗီဇာကို ငြင်းပယ်ရန် စိုးရိမ်နေ မည်မဟုတ်ဟု ဩစတြေးလျ အမျိုးသမီးရေးရာဝန်ကြီး လွှတ် တော်အမတ် မီချယ်လီယာ ကက်ရှ်က ပြောသည်။

အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်ပြီး ကမ္ဘာ့အနှံ့ခရီးသွား မည်ဆိုပါက သင်သည် ဩစတြေးလျနိုင်ငံက မျှော်လင့်ထားသော ကိုယ်ကျင့်တရားမရှိသူဖြစ်၍ ၀င်ခွင့်မရနိုင်ဟု ပြောကြားမည့် နိုင်ငံများရှိသည်ကို နားလည်ရန်လိုသည်ဟု လွှတ်တော်အမတ် ကက်ရှ်က ပြောသည်။

ဝန်ကြီးချုပ် မဲလ်ကွန်တန်း ဘူးလ်က နိုင်ငံတစ်ဝန်း အိမ်တွင်း အကြမ်းဖက်မှုတားဆီးကာကွယ် ရေးအစီအစဉ်ကို ကြေညာရာတွင် မဲလ်ဘုန်းမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မစ္စစ် ကက်ရှ်က ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဩစတြေးလျအစိုးရက ကမ္ဘာ့လက်ဝှေ့ချန်ပီယံမေဝယ် သာကိုလည်း အလားတူအ ကြောင်းကိစ္စများကြောင့် ပြည်ဝင် ခွင့်ပိတ်ပင်ကြောင်း ယခုနှစ်ဆန်း က ဆုံးဖြတ်ချက်ချခဲ့သည်။

—Ref: BBC

ဖန်စီကားလေးတွေ ရိုက်ဖြစ်တဲ့ ထားထက်ထက်




Miss တစ်ဦးဖြစ်တဲ့ ထားထက်ထက်က ဗီဒီယို ဇာတ်ကားတွေမှာ မင်းသမီးတစ်လက်အဖြစ် သရုပ်ဆောင် လာရတဲ့အတွက် ကာရိုက်တာ မထပ်အောင် သတိထားပြီး လက်ခံဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ “ညီမက အခုဆိုရင် သရုပ်ဆောင်ပိုင်းမှာ ရိုက်ခွင့်တွေ ရလာတယ်။ ဒါကလည်း ပရိသတ်တွေရဲ့ ကျေးဇူးကြောင့်ပါ။ ဒါကြောင့် ညီမကို ပရိသတ် စိတ်မပျက်သွားအောင်လို့ ကာရိုက်တာတွေ မထပ်အောင် သတိထားပြီး လုပ်ထားပါတယ်။ ကာရိုက်တာစုံ မရိုက်ဖူးသေးပေမယ့် အတတ်နိုင်ဆုံး ခွဲထွက်ပြီး ရိုက်သွားမှာပါ။ လတ်တလောတော့ အချစ်ဖန်စီလေးတွေ ရိုက်နေတယ်။ နောက်ပိုင်း ဒရာမာပါ ရိုက်ဖို့ ရှိပါတယ်။ ကိုယ်ကလည်း အသစ်ဆိုတော့ အစစအရာရာ သင်ယူရပါတယ်”လို့ ပြောသွားပါတယ်။လက်ရှိမှာတော့ ဇေရဲထက်နဲ့ အချစ်ဖန်စီကားလေးကို ရိုက်ကူးထားပြီး နောက်ထပ်လည်း သဘာဝကျတဲ့ ကာရိုက်တာလေးတွေနဲ့ တွေ့ရမယ်လို့ ပြောသွားပါတယ်။
Messenger

Chris Brown ရဲ့ ကောင်မလေးနဲ့ ဓာတ်ပုံအတူ တွဲမရိုက်ချင်တဲ့ Kim Kardashian


RadarOnline က ဖော်ပြချက်အရတော့ Kim Kardashian ဟာ ပါတီတစ်ခုမှာ ဓာတ်ပုံ
အတူရိုက်ဖို့ကြိုးစားခဲ့တဲ့ChrisBrownရဲ့ရည်းစားKarruecheTranကိုသိပ်အဆင့်မရှိတဲ့
သူလို့ ခေါ်လိုက်ပါတယ်တဲ့။ Kim Kardashian အတွက် ကံမကောင်းဘူးလို့ပဲ ပြောရ
မလား။

သူမက Chris Brown တို့အတွဲနဲ့ ဓာတ်ပုံမရိုက်ချင်ပါဘူးဆိုမှ Chris Brown က သူမ
ခင်ပွန်း KanyeWestကိုအဖွဲ့လိုက်ဓာတ်ပုံတစ်ပုံလောက်ရိုက်ကြရအောင်ဆိုပြီး တောင်းဆို
လိုက်ချိန်မှာတော့ စိတ်ညစ်ညစ်နဲ့ ဓာတ်ပုံအရိုက်ခံလိုက်ရတော့တာပါပဲ။

အဲ့ဒီနောက်မှာတော့ Kim Kardashian ကတော့ ပြတ်ပြတ်သားသားပဲ ချက်ချင်းလှည့်ထွက်
သွားခဲ့သလို သူမကို စကားပြောဖို့ ကြိုးစားနေတဲ့ Tran ကိုတောင် တစ်ချက်အဖက်မလုပ်ဘူး
လို့ Radar ဖော်ပြချက်အရ သိရပါတယ်။ ဒီအခြေအနေတွေအတွက် အားလုံးက စိတ်ပျက်လက်ပျက် ဖြစ်နေကြရပေမယ့် Tran ကတော့ အေးဆေးပါပဲတဲ့။

Credit : Trend

ဟောင်ကောင် ဆန္ဒထုတ်ဖော်မှုအတွက်ထောက်ခံအားပေး စကားပြောခဲ့တဲ့ မင်းသား


ကမ္ဘာကျော် တရုတ် မင်းသားတစ်ဦးဖြစ်တဲ့ Chow Yun-Fat ဟာ လက်ရှိဖြစ်ပွားနေတဲ့တရုတ်နိုင်ငံ ၊ဟောင်ကောင်မြို့တော်က ဆန္ဒပြမှုတွေ နဲ့ ပတ်သက်ပြီး ထောက်ခံတဲ့ အားပေးစကားတွေ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Chow Yun-Fat ဟာဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေတဲ့ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ဟာ ရဲရင့်ကြကြောင်း နဲ့ သူတို့ဟာ သူတို့လိုချင်တာကို တောင်းဆိုတဲ့ အခါမှာ မာကျော ကြကြောင်း ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီဆန္ဒထုတ်ဖော်မှုတွေအတွက် အစိုးရဟာ ထိုက်တန်တဲ့အဖြေ တစ်ခုကိုထုတ်ပေးရလိမ့်မယ်လို့လည်းဆိုပါတယ်။

တနင်္ဂနွေနဲ့ က ဆန္ဒထုတ်ဖော်နေသူတွေကို မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲ နှိမ်နင်းခဲ့မှုအပေါ်မှာလည်း ရှုံ့ချခဲ့ပါတယ်။ ထို ဆန္ဒထုတ်ဖော်မှု ဟာ ငြိမ်းချမ်းတဲ့ ဆန္ဒထုတ်ဖော်မှု ဖြစ်တဲ့အတွက် အကြမ်းဖက်မှုတွေ ၊မျက်ရည်ယိုဗုံးတွေမသုံးသင့်ကြောင်းနဲ့ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုင်နာကျင်မှု မရှိစေချင်ကြောင်းကို Chow Yun-Fat က ဆိုပါတယ်။

Ref:hollywoodreporter.com
Trend

ရူးရူးမူးမူးချစ်ပြန်တဲ့ ရောဘတ်ပတ်တင်ဆင်

Twilight မင်းသား ရောဘတ် ပတ်တင်ဆင်က ဗြိတိန်အဆိုတော် မလေးFKA Twigs နဲ့ ရူးရူးမူးမူး ချစ်နေတယ်လို့ သိရပါတယ်။ သူက Twigs ကို ခရစ် စတင်းစတီးဝပ်ကို ချစ်ခဲ့တုန်းကလို အသည်းအသန်ဖြစ် နေကြောင်း သူငယ်ချင်းတွေကဆိုပါတယ်။ ရောဘတ်နဲ့ စတီးဝပ်ဟာ ၅ နှစ်ကြာလက်တွဲခဲ့ပေမယ့် စတီးဝပ်ရဲ့ ဖောက်ပြန်မှုကြောင့် လမ်းခွဲရခြင်းဖြစ်ပါတယ်။ စတီးဝပ် နဲ့ကွဲပြီးနောက် ဘယ်သူ့ကိုမှ အတည်တကျမချစ်ခဲ့ ပေမယ့် အခုတော့ သူတကယ်ချစ် မြတ်နိုးတဲ့သူတွေ့နေ ပါပြီ။FKA Twigs ရဲ့ နာမည်ရင်းက Tahliah Barneth ဖြစ်ပြီး သူတို့နှစ်ဦးက မိတ်ဆွေတွေဖြစ်ပြီး နောက် ချစ်သူဘဝသို့ လျင်လျင်မြန်မြန် ရောက်ခဲ့ ကြပါတယ်။

“ရောဘတ်က Twigs ကို အစွဲလမ်းကြီးစွဲ လမ်းနေ တယ်။Twigs ရဲ့အလှ၊ ဖန်တီးနိုင်စွမ်းနဲ့ ယုံကြည်မှုရှိခြင်း က သူ့ကိုဖမ်းစားထားတယ်။ လူပုံအလယ်မှ ထုတ် ကြွားဖို့ ဂုဏ်ယူနေလေရဲ့” လို့ သူငယ်ချင်းတစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားကာ Hollywoodlife.com မှာ ဖော်ပြထားပါတယ်။ ရောဘတ် က Twigs ကို အပေါင်း အသင်းတွေ နဲ့ တွေ့ဆုံမိတ်ဆက်ပေးခဲ့ပြီးTwigs တစ် ယောက်LA မှာ နေသားတကျ ဖြစ်ဖို့ ကူညီပေးလျက် ရှိပါတယ်။

Ref; zeenews.com

ငြိမ်းချမ်းရေးလိုလားပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းစေချင်တဲ့ ကချင်တိုင်းရင်းသူလေးအလှမယ် အမ်ဂျာဆိုင်း

ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Grand Myanmar ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မယ့် ကချင်တိုင်းရင်းသူလေး အလှမယ် အမ်ဂျာ ဆိုင်း ရဲ့National Costume Theme အတွက် Stop the War in Myanmar ငြိမ်းချမ်းရေးကို ဖော်ဆောင်ထားတဲ့ ဝတ်စုံဒီဇိုင်းကို ဒီဇိုင်နာ မပုံ့က တီထွင် ဖန် တီးပေးခဲ့ပါတယ်။ ငြိမ်းချမ်းခြင်းဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့ creation လုပ်ပြီး ဖန်တီးထားတဲ့ National Costume ဝတ်စုံဖန်တီးဖြစ်ခဲ့ပုံနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အမ်ဂျာဆိုင်းရဲ့ စကားသံများကို ဖော်ပြပေးလိုက်ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲ

ညီမရဲ့ပြိုင်ပွဲက Talent ပြိုင်ရမှာမပါဘူး။ Talent မပါတော့ National Costume က အဓိကဖြစ်တဲ့အတွက် သေချာပြင်ဆင်ထားပါတယ်။ Talent မပါတော့ မြန်မာ ကို ကမ္ဘာကသိအောင် ဆွဲဆောင်မယ့်အချက်က နည်းသွားပြီ။ ဒါကြောင့် ဆရာတွေကလည်း ဒီဇိုင်နာမပုံ့နဲ့ တိုင်ပင်ပြီးတော့ မြန်မာမှာဒါမျိုးရိုးရာ ယဉ်ကျေးမှုတွေ ထွန်းကား တယ်ဆိုတာသိသွားအောင်ဆိုပြီး မြန်မာနိုင်ငံရွှေနိုင်ငံဖြစ်တဲ့အတွက် ရွှေချည်လေးတွေ၊ diamond နဲ့ Silver လေးတွေနဲ့ လုပ်ထားတယ်။ ညီမသွားပြိုင်ရမယ့်ပွဲကလည်း Stop the War in Myanmar ငြိမ်းချမ်းရေးကို ဖော်ဆောင်တယ်ဆိုတော့ ဒီဇိုင်နာ မပုံ့တို့နဲ့တိုင်ပင်ပြီး ပြည်တွင်းစစ်ကို ငြိမ်းချမ်းခြင်းဆိုတဲ့ အဓိက ရည်ရွယ်ချက်လေးနဲ့ creation လုပ်ပြီးတော့ National Costume ဝတ်စုံကိုပြင်ဆင်ထားပါတယ်။

ငြိမ်းချမ်းရေးကို လိုလားတယ်

ငြိမ်းချမ်းရေးဆိုတာက မြန်မာနိုင်ငံတင်မှမဟုတ်ပါဘူး။ ဘယ်နိုင်ငံအတွက်မဆို တအားလိုအပ်ပါတယ်။ ငြိမ်းချမ်းမှသာနိုင်ငံရဲ့လူမှုရေး၊ စီးပွားရေးအကုန်လုံးက လည်း တိုးတက်အောင်မြင်လာမှာပါ။ မငြိမ်မသက်မှုတွေ ခဏခဏဖြစ်ခဲ့ရင် ကိုယ့်နိုင်ငံပဲ နစ်နာတာပေါ့။ ဒါကြောင့် ပြည်တွင်းစစ်ကိုလည်း ချုပ်ငြိမ်းစေချင်တယ်။ ပြီးတော့ တစ် ကမ္ဘာလုံးကလည်း သာယာပျော်ရွှင်ငြိမ်းချမ်းမယ်ဆိုရင် ပိုပြီးပြည့်စုံတဲ့ဘဝတွေကို ပိုင်ဆိုင်ကြရမယ်လို့ ထင်ပါတယ်။ ညီမကတော့ ငြိမ်းချမ်းခြင်းကို လိုလားတယ်။ ညီမယှဉ် ပြိုင်ရမယ့် ပြိုင်ပွဲက ငြိမ်းချမ်းခြင်းကို ဖော်ဆောင်ခြင်းဆိုတာကလည်း ကိုယ့်နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လုပ်ရမယ့်လုပ်ငန်းတွေပါ။ လာပြိုင်ကြမယ့် အလှမယ် အေ ယာက် ၁ဝဝကျော်တိုင်းက ပြိုင်ပွဲပြီးလို့ ကိုယ့်နိုင်ငံပြန်ရောက်သွားတဲ့ အချိန်မှာ ငြိမ်းချမ်းခြင်းဆိုတဲ့အလုပ်ကို လုပ်ရမှာ။ ညီမလည်း ပြိုင်ပွဲပြီးလို့ ဒီကိုပြန်ရောက်ရင်ညီမရဲ့ Organization နဲ့အတူ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်သွားမှာပါ။ ညီမပြိုင်ပွဲပြီးလို့ ပြန်လာရင်လည်း စစ်ပွဲတွေဖြစ်တဲ့နေရာမှာ ရပ်တန့်ပါတော့လို့ သွားပြီးပြောလို့မရဘူး။ မရတဲ့အတွက် ဒီကချင်မှာဆိုလည်း စစ်ပွဲတွေဖြစ်နေတဲ့အတွက် ညီမဘာလုပ်နိုင်မလဲပေါ့။ အဓိက ညီမလုပ်နိုင်တာကတော့ ပညာပေးဟောပြောပွဲတွေလုပ်သွားမယ်။ ပြီးတော့ ပရဟိတကို အဓိကလုပ်သွားမယ်။ ပရဟိတလုပ်တဲ့အချိန်မှာ မငြိမ်မသက်ဖြစ်ပြီးတော့ စစ်ဘေးဖြစ်နေတဲ့ နေရာတွေကို အဓိကသွားပြီးလုပ်သွားမှာပါ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်သွားဖို့တွေကိုတော့ ညီမပြန်ရောက်ရင်တော့ လက်တွေ့အကောင် အထည်ဖော်မယ်။ လုပ်နိုင် မယ့်နေရာကနေ အကောင်းဆုံးကြိုးစားပြီးလုပ်သွားမယ်။
Popular

50 Cent နဲ့ အတူ ဓါတ်ပုံ တွဲရိုက်ခဲ့တဲ့ ရဲဝန်ထမ်းတွေ စစ်ဆေးအပြစ်ပေးခံရ

ဖလော်ရီဒါ ပြည်နယ်၊ Three Palm ကမ်းခြေ က နယ်ထိန်း ရဲ့ လက်အောက်ခံ ရဲဝန်ထမ်းတွေဟာ ရပ်ပါ 50 Cent နဲ့ အတူ ဓါတ်ပုံ တွဲရိုက်ခဲ့တဲ့ အတွက် စစ်ဆေး အပြစ်ပေးခြင်း ခံခဲ့ရပါတယ်။ CBS Miami သတင်းတွေအရတော့ ရဲဝန်ထမ်းတွေဟာ ရပ်ပါ 50 Cent နဲ့ သူတို့ရဲ့နယ်မြေ တရားရုံးမှာ နိုင်ငံသား ဥပဒေ ကိစ္စရပ်အတွက် လာရောက်စဉ် က ဓါတ်ပုံတွဲရိုက်ခဲ့ခြင်း ဟာ Professional မဆန်တဲ့ အတွက် Verber Counseling ဆိုတဲ့ နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ပြီး မှတ်တမ်းယူထားကာ နောက်တစ်ကြိမ်ဆို ရာထူးမှ ဖယ်ရှားမယ့် အပြစ်ပေးခြင်းတစ်မျိုးကို ခံခဲ့ရပါတယ်။မှတ်တမ်းထဲမှာတော့ ထိုရဲဝန်ထမ်းတွေဟာ ညံ့ဖျင်းတဲ့ရှုထောင့်နဲ့ ကြားနေ၀ါဒကင်းမဲ့ပြီး သူတို့ရဲက သတ်မှတ်တာဝန်တွေကို ပျက်ကွက်ခဲ့ကြတဲ့အတွက် အပြစ်ပေးခံရတာ ဖြစ်တယ်လို့ဆိုထားပါတယ်။

Ref:xxlmag.com
Trend

အခက်အခဲကာလအပြီးမှာ အားပေးတဲ့ လန်ဒန်ပရိသတ်ကို ကျေးဇူးတင်တဲ့ အစ်ဂီအဇယ်လီယာ


သြစတြေးလျအဆို တော် အစ်ဂီအဇယ်လီယာက လန်ဒန်မြို့ ဖျော်ဖြေပွဲ၌ ၎င်းကို ချစ်ခင်အားပေးသော ပရိသတ် များအပေါ် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပြီး အလွန်ခက်ခဲ ကြမ်းတမ်းသည့် သီတင်းတစ် ပတ်ပြီးနောက် အားပေးခဲ့သော ပရိသတ်များအား ကျေးဇူးတင် စကား ပြောကြားခဲ့သည်။


အစ်ဂီအဇယ်လီယာနှင့် ၎င်း ၏ ရည်းစားဟောင်း ဂျီဖီဝိုင်တို့ ချစ်ရည်လူးနေသည့် ဗီဒီယိုမှတ် တမ်းကို အပြာရုပ်ရှင်ဖြန့်ချိသူများ က ရရှိထားသည်ဟူသော မ ကောင်းသတင်း ပျံ့နှံ့နေချိန်တွင် အစ်ဂီက လန်ဒန်မြို့၌ ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


အစ်ဂီအဇယ်လီယာက ယင်းဗီဒီယိုမျိုးမရှိဟု ငြင်းထားပြီး ရည်းစားဟောင်းကို ကွန်ပျူတာ မှ ဖိုင်များနှင့် ဗီဒီယိုများ ခိုးယူမှု ဖြင့် တရားစွဲထားသည်။


အစ်ဂီက ၎င်းအခက်အခဲဖြစ် နေချိန်တွင် ဆက်လက်အားပေး ဆဲဖြစ်သည့် လန်ဒန်မြို့ ပရိသတ် များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။


အစ်ဂီ၏ လန်ဒန်မြို့ဖျော် ဖြေပွဲ၌ ဗြိတိန်အဆိုတော် ရီတာ အော်ရာကလည်း Black Widow သီချင်းဖြင့် ပါဝင်ဖျော်ဖြေပေးခဲ့ သည်။အဆိုတော် ဂျနီဖာလိုပက်ဇ် နှင့် အစ်ဂီအဇယ်လီယာတို့ ပူးတွဲ သီဆိုထားသော Booty တေးဂီတ ဗီဒီယိုသည် ထွက်ရှိပြီး ၄၈ နာရီ အတွင်း ကြည့်ရှုသူ ၂၅ သန်း ကျော် ရရှိထားသည်ဟုသိရသည်။

—Ref: AAP

အိမ်ထောင်သက် ၁၄ လ အကြာမှာ ကွာရှင်းကြတော့မယ့် Avril Lavigne နဲ့ Chad Kroeger


ပန့်ခ်အဆိုတော်မလေး Avril Lavigne နဲ့ သူမရဲ့ချစ်သူ Nickelback တီးဝိုင်းက အသက် ၃၉ နှစ် အရွယ် ရှေ့ထွက် အဆိုတော် Chad Kroeger တို့ဟာ အိမ်ထောက်သက် ၁၄ လ အကြာမှာ ကွာရှင်းကြတော့မယ်လို့ သိရပါတယ်။

“သူတို့ဇာတ်လမ်းကပြီးသွားပါပြီ၊သူဟာ LA ကိုသွားတော့မှာဖြစ်သလို၊ လူတွေကိုလည်းသူတို့ ကွာရှင်းတဲ့အကြောင်းတွေ ပြောပြနေပါတယ်။”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အဓိက ပြသနာကတော့ Avril Lavigne ဟာ သူတို့နှစ်ယောက်ရဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ် လက်ဆောင်ကို ဖျက်ဆီးလိုက်တဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

Avril Lavigne ရဲ့ မိတ်ဆွေတစ်ယောက်ကတော့ Chad ဟာ သူမရဲ့သူငယ်ချင်းတွေနဲ့လည်း အဆင်မပြေဘူးလို့ဆိုပါတယ်။ Avril Lavigne နဲ့ Chad Kroeger တို့ဟာ Let Me Go လို့အမည်ရတဲ့ စုံတွဲသီချင်းကို သွင်းကြစဉ်အခါ ၂၀၁၂ ဇူလိုင်လမှာ စတင်လက်တွဲခဲ့ကြတာပါ။Avril Lavigne ဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အထိ Sum41 အဖွဲ့ရဲ့ ရှေ့ထွက်တစ်ဦးဖြစ်တဲ့ Deryck Whibley နဲ့ လည်း အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့တာ မအောင်မြင်ခဲ့ပါဘူး။ အခုတစ်ခေါက်ဟာ သူမရဲ့ ဒုတိယ အကြိမ် အိမ်ထောင်ရေး ပြိုကွဲမှုပဲ ဖြစ်ပါတယ်။

Ref:lifeandstylemag.com

ဘီယွန်ဆေးရဲ့ဘီကီနီပုံမှာ ဘာကိုပြုပြင်ထားသလဲ


သရုပ်ဆောင် အဆိုတော် Beyonce ရဲ့ ဓာတ်ပုံထဲ ပေါင်တံတွေ သွယ်လျလျဖြစ်အောင် ပြုပြင်ထားတယ်လို့ ဆိုပါတယ်။

Beyonce ရဲ့ အင်တာနက်စာမျက်နှာမှာ တင်လိုက်တဲ့ မြွေအရေခွံဒီဇိုင်း ဘီကီဝတ်ဓာတ်ပုံကို ကြည့်ပြီး အဲဒီလို ဆိုနေကြခြင်းပါ။

လှေခါးကနေ ခပ်ပြုံးပြုံးလေး ဆင်းလာတဲ့ဒီပုံမှာ သူ့ပေါင်အတွင်းသား ခပ်ပါးပါး ထွင်းထားတာကတော့ သိသိသာသာပါပဲ။

နောက်ခံ လှေခါးထစ်က ပုံစံပျက်နေပါတယ်။

ပေါင်သားကို ထွင်းထားတာ မဟုတ်ဘူး ဆိုရင်တော့ လှေခါးထစ်တပ်ဆင်တဲ့လက်သမားတွေ အသုံးမကျတာပဲ ဖြစ်ပါလိမ့်မယ်။

လက်သမားတွေ အပြစ်မရှိဘူး ဆိုရင်တော့ ဓာတ်ပုံကို ပြုပြင်တဲ့ငနဲ သို့မဟုတ် ငနဲမ သောက်သုံးမကျဘူးလို့ ဆိုရမယ်။

သန်းကြွယ်သူဌေးဖြစ်ပြီး အကောင်းစား ကွန်ပြူတာသမား မငှားနိုင်ဘူးလားလို့ Beyonce ကို အပြစ်တင်သူတောင် ရှိလာနိုင်ပါတယ်။

သူက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အသက် ၃၃ နှစ် ပြည့်သွားပါပြီ။

လူမည်း ဂီတသမားတွေထဲမှာတော့ ကြေးအများဆုံး ရသူပါပဲ။
Time ကလည်း သူ့ကို ပြီးခဲ့တဲ့နှစ်ရော ဒီနှစ်ရော ကမ္ဘာ့ သြဇာအကြီးဆုံး ၁ဝဝ စာရင်းထဲ ထည့်ထားတာပါ။

အနောက်ကမ္ဘာမှာ လူကြိုက်များတဲ့ သရုပ်ဆောင် အဆိုတော် Beyonce ဓာတ်ပုံထဲက ပေါင်တံ ပြုပြင်လို့ လူမိတာ ဒါ ဒုတိယအကြိမ်ဖြစ်ပါလိမ့်မယ်။

သူ့ရဲ့ကိုယ်နေဟန်ထားကြည့်ရတာ ဝဝဖိုင့်ဖိုင့် မဟုတ်ပါဘူး။ ပေါင်တံသွယ်သွယ် ဖြစ်ချင်တယ် ဆိုတော့ လူအများအပြားက ပေါင်တံသွယ်သွယ်မှ နှစ်သစ်ကြတယ်လို့ ယူဆတာကြောင့် ဖြစ်ပုံရပါတယ်။

ဆံပင်အရောင်ကလည်း ပြင်ဆင်ထားခြင်းပါ။ ရွှေရောင်ဆံပင်ကို ကြိုက်သူ အတော်များနေပါပြီ။

ဒီအဆိုတော်က အဆင်းအသွင်ကို ပြုပြင်ထားပေမယ့် သူ့သီချင်းထဲက သူ့အသံကတော့ အစစ်အမှန်ဖြစ်မယ်လို့ ထင်ရပါတယ်။

တရုတ်ပွဲစီစဉ်သူတွေ တစ်ဖက်သတ်ဖျက်သိမ်းလိုက်တဲ့ ကင်ဟွန်ဂျွန်းရဲ့ ဖျော်ဖြေပွဲ


တောင်ကိုရီးယားအဆိုတော် ကင်ဟွန်ဂျွန်း၏ ဘေဂျင်း မြို့ဖျော်ဖြေပွဲကို တရုတ်ပွဲစီစဉ် သူများက တစ်ဖက်သတ်ဖျက်သိမ်းခဲ့သည်ဟု ကင်ဟွန်ဂျွန်း၏ အေဂျင်စီ Key East က ၀က်ဘ်ဆိုက်မှ တစ်ဆင့်ကြေညာသည်။

‘‘စက်တင်ဘာ ၁၉ရက်နေ့ ဘေဂျင်းမြို့ဖျော်ဖြေပွဲကို တရုတ်နိုင်ငံက ပွဲစီစဉ်သူတွေ တစ်ဖက်သတ်ဖျက်သိမ်းလိုက်ပါတယ်။ တရုတ်ပရိသတ်တွေနဲ့တွေ့မယ်လို့ ကတိပေးထားတဲ့အတိုင်းအေဂျင်စီနဲ့ ကင်ဟွန်ဂျွန်းက ပြင်ဆင်မှုအားလုံးလုပ်ပြီးခဲ့ပေမယ့် ဒီလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ အဲဒီကိစ္စကို တုံ့ပြန်ဖို့လည်း စီစဉ်နေပါတယ်။ နစ်နာတဲ့ ပရိသတ်တွေအားလုံးကိုတောင်းပန်ပါတယ်’’ဟု Key Eastအေဂျင်စီကပြောကြားသည်။


တရုတ်နိုင်ငံမှ ဖျော်ဖြေပွဲ စီ စဉ်သူများကလည်း ကင်ဟွန်ဂျွန်း ၏ ဖျော်ဖြေပွဲကို တရားဝင်ဖျက် သိမ်းကြောင်း ကြေညာခဲ့ပြီး ကြို တင်လက်မှတ်ဝယ်ယူထားသော ပရိသတ်များလက်မှတ်ဖိုးငွေများကို ပြန်လည်ထုတ်ယူနိုင်သည်ဟု ကြေညာခဲ့သည်။ ကေပေါ့ပ်နှင့် ကေဒရာမာ စတားကင်ဟွန်ဂျွန်းသည် လက်ရှိတွင် ချစ်သူမိန်းကလေးအပေါ် ကိုယ်ထိလက်ရောက်အကြမ်း ဖက်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်။ မိန်းကလေးက ကင်ဟွန် ဂျွန်းအနေဖြင့် ၎င်း၏အပြစ်ကို ၀န်ခံ၍ တောင်းပန်စေလိုသည် ဟု ပြောကြားခဲ့ကြောင်း TV Report သတင်းက စက်တင်ဘာ ၁၂ ရက်တွင် ဖော်ပြသည်။

Soompi
7 Day

အပေါ်ပိုင်းဗလာနဲ့ ပါတီပွဲတက်တဲ့ မိုင်လေဆိုင်းရပ်စ်


မကြာခဏ အငြင်းပွားဖွယ် အပြုအမူများ လုပ်လေ့ရှိသော အမေရိကန်အဆို တော် မိုင်လေဆိုင်းရပ်စ်သည် ဖက်ရှင်ဒီဇိုင်နာ အလက်ဇန်းဒါးဝမ်၏ နယူးယောက် ဖက်ရှင်ပြပွဲအပြီး စက်တင်ဘာ ၆ ရက်ည ပါတီပွဲသို့ အပေါ်ပိုင်း ဗလာကျင်း အနေအထားဖြင့် တက်ရောက်ခဲ့သည်။

ပါတီပွဲတက်သည့် အသက်(၂၁)နှစ်အရွယ် မိုင်လေဆိုင်းရပ်စ်သည် အနက်ရောင် ဘောင်းဘီရှည် ၀တ်ဆင်ထားသော်လည်း အပေါ်ပိုင်း၌ အင်္ကျီမပါဘဲ ဗလာကျင်း ဖြစ်နေခဲ့သည်။ မိုင်လေဆိုင်းရပ်စ်သည် ၎င်း၏ရင်သား ထိပ်ပိုင်းကို ရေခဲမုန့် ကတော့ပုံစံ ဘော်ကြယ်ကပ်ခွာဖြင့်သာ ဖုံးကာထားသည်။ မိုင်လေဆိုင်းရပ်စ် သည် ဆေးတောင့်များဖြင့် စီခြယ်ထားသည်ဟု ယူဆရသော နေကာမျက်မှန် ကို တပ်ထားပြီး ဆေးခြောက်ပုံသဏ္ဌာန် နားကပ်များ ပန်ဆင်ထားသည်။


၎င်းသည် ကန်ဒေါဂျန်နာ၊ ကိုင်လီဂျန်နာနှင့် ၎င်း၏ မိတ်ဆွေ ဟေလီတို့နှင့်အတူ ပါတီပွဲ ကျင်းပခဲ့ပြီး ဒီဇိုင်နာဝမ် ၎င်း၏ ပရိသတ်တို့နှင့်အတူ ဓာတ်ပုံများ တွဲရိုက် ခဲ့သည်။

ပေါ့ပ်အဆိုတော် မိုင်လေဆိုင်းရပ်စ်သည် မကြာခဏဆိုသလို အငြင်းပွားဖွယ် အမူအရာများ လုပ်လေ့ရှိသူဖြစ်ပြီး မကြာသေးမီကလည်း ဒိုမီနစ်ကန် သမ္မတ နိုင်ငံက မိုင်လေဆိုင်းရပ်စ်၏ အပြုအမူများကြောင့် နိုင်ငံတွင်း ပြုလုပ်မည့် ဖျော်ဖြေပွဲကို တားမြစ်ခဲ့သည်။

ဟယ်ရီစတိုင်နှင့် လမ်းခွဲခဲ့ချိန်မှ စ၍ မည်သူနှင့်မျှ တွဲခဲ့ခြင်း မရှိဟု တေလာဆွစ် ၀န်ခံ



အမေရိကန် အဆိုတော် တေလာဆွစ်က One Direction အဖွဲ့မှ အဆိုတော် ဟယ်ရီစတိုင်နှင့် လမ်းခွဲ ခဲ့ပြီးချိန်မှ စ၍ ယခု အချိန်ထိ မည်သူ တစ်ဦး တစ်ယောက်နှင့်မျှ တွဲခဲ့ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်ဟု နောက်ဆုံး ထွက်ရှိသော Rolling Stone မဂ္ဂဇင်းတွင် ဖော်ပြ ထားသည်။
မိမိနှင့် တွဲခဲ့ဖူးသူသည် နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်လာခဲ့သည်ဟု ခံစားရခြင်းကြောင့် မိမိအနေဖြင့် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ တွဲလိုခြင်း မရှိကြောင်း တေလာက ပြောကြားသည်။
"ကျွန်မနဲ့ ပတ်သက်ပြီး ဟာသလုပ်တာကို မကြိုက်ဘူး။ Carful Bro, She'll Write a Song About You ဆိုတဲ့ ခေါင်းစဉ်က ကျွန်မရဲ့ အလုပ်အပေါ် အလေးအနက် မထားရာ ရောက်တာကြောင့် မကြိုက်ပါဘူး"ဟု ၎င်းက ပြောကြားသည်။
တေလာသည် ၎င်း၏ ရည်းစာဟောင်းများနှင့် စပ်လျဉ်း၍ သီချင်းများ ရေးသားခဲ့ရာ မကြာမီထွက်ရှိမည့် ၎င်း၏ 1989 တေးအယ်လ်ဘမ်သစ်တွင် ရည်းစားဟောင်းများကို ရည်ညွှန်းသည့် ရေးသားမှုများကို တွေ့ရှိရတော့မည်ဟု မဟုတ်ဟု ထင်ရသည်။ လက်ရှိအချိန်တွင်တေလာ ၏ Shak It off တေးသီချင်းသည် Billboard လူကြိုက်အများဆုံး တေးသီချင်း တစ်ရာ စာရင်းတွင် နံပါတ်တစ် အဖြစ် သီတင်းနှစ်ပတ်ကြာ ရပ်တည်လျက်ရှိသည်။
တေလာ ၏ ပဉ္စမမြောက် သီချင်းခွေ 1989 ကို အောက်တိုဘာ ၂၇ တွင် ဖြန့်ချိသွားမည် ဖြစ်သည်။ တေလာနှင့် ဟယ်ရီစတိုင်တို့သည် ၂၀၁၃ ခုနှစ် အစောပိုင်းက လမ်းခွဲခဲ့ကြခြင်းဖြစ်သည်။
by mizzima

Good Old Days ရုပ်ရှင် ထုတ်လုပ်ရေးမှ ရုပ်ရှင် ဇာတ်ကားများ ကို သရုပ်ဆောင်သစ် များဖြင့် ရိုက်ကူး သွားမည်

ရန်ကုန်၊ စက်တင်ဘာ ၁၀။ Good Old Days ရုပ်ရှင် ထုတ်လုပ်ရေးမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ တွင် ပထမဆုံး စတင် ရိုက်ကူးမည့် သဲထိတ်ရင်ဖို ဇာတ်ကား ကို သရုပ်ဆောင် အသစ်များဖြင့် ရိုက်ကူး မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လည်း ရုပ်ရှင် ဇာတ်ကား နှစ်ကား ထပ်မံ ရိုက်ကူးမည် ဟု ယင်းရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ထူးပိုင်ဇော်ဦး မှ မဇ္ဈိမကို ပြောသည်။



"ထိုင်း ဇာတ်ကားတွေမှာ ဆိုလည်း သရုပ်ဆောင် အသစ်တွေ ပါပေမယ့် ဇာတ်ကား ကောင်းရင် ပရိသတ် တွေက ကြည့် ကြတယ်။ ကျွန်တော်တို့ ဆီမှာလည်း သရုပ်ဆောင် အသစ်တွေ နဲ့ ဇာတ်ကား ကောင်းကောင်း ရိုက်ကူးရင် ဖြစ်နိုင်မှာပဲ ဆိုပြီးစီစဉ် လိုက်တာပါ။ ဇာတ်ကားနာမည်တော့ မပေးရသေးပါဘူး" ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာလ တွင် ရိုက်ကူးမည့် ရုပ်ရှင် ဇာတ်ကား အတွက် သရုပ်ဆောင်သစ် များကို ၂၀၁၄ခုနှစ်အစပိုင်းကခေါ်ယူ ခဲ့ခြင်းဖြစ်ပြီး လာရောက် လျှောက်ထားသူ ၁၃၅ဦး ထဲမှ ၁၁ယောက်ကို ထပ်မံရွေးချယ်ပြီး ရိုက်ကူးကြခြင်း ဖြစ်သည်။

လက်ရှိတွင် ထို သရုပ်ဆောင် ၁၁ဦးကို သရုပ်ဆောင်ပိုင်း နှင့် ပတ်သက်ပြီး လေ့ကျင့်မှုများ ဆောင်ရွက် နေပြီးဇာတ်ကားနှင့် လိုက်ဖက်မည့် သရုပ်ဆောင်မှုများကို မူအဓိက ထားသင်ကြား ပေးလျက် ရှိသည်။

၂၀၁၅ ခုနှစ်တွင် ရုပ်ရှင် ဇာတ်ကား နှစ်ကား ထပ်မံ ရိုက်ကူးမည် ဖြစ်ခြင်းကြောင့် ၂၀၁၄ခုနှစ်စက်တင်ဘာ ၈ရက်တွင် သရုပ်ဆောင် သစ်များ စတင် ခေါ်ယူလျက် ရှိပြီးစိတ်ပါဝင်စား သူများ သည်စက်တင်ဘာ ၂၅ ရက်နောက်ဆုံးထားကာ လျှောက်ထား နိုင်သည်ဟု ယင်းရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ကပြောသည်။

"ဖောင်တွေ ခေါ်ပြီးတာနဲ့ လူတွေ့ စစ်ဆေးမှုတွေ လုပ်မှာပါ။ ရိုက်မယ့် ဇာတ်ကားက အချစ်ကား နဲ့ ဒရမ်မာ ဇာတ်ကား ဆိုတော့ အဲဒီ နှစ်ကား အတွက် လိုအပ်တဲ့ ဇာတ်ကောင် အတိုင်း သရုပ်ဆောင်တွေကို ရွေးချယ် သွား မှာပါ။ နောက်ပိုင်းမှာလည်း ဗီဒီယို ဇာတ်ကားထက် ရုပ်ရှင် ဇာတ်ကားတွေကို အဓိက ထားပြီး ရိုက်ကူး ဖို့ စီစဉ် ထားပါတယ်" ဟု ၎င်းက ထပ်မံ ပြောပြသည်။

၂၀၁၅ ခုနှစ်တွင် ရိုက်ကူးမည့် ရုပ်ရှင် ဇာတ်ကားနှစ်ကား တွင် အသက် ၁၈နှစ် မှ ၂၈နှစ် အတွင်း ရှိအမျိုးသား ၊ အမျိုးသမီး သည် လူအများနှင့် အတူတွဲဖက်ပြီး အလုပ်လုပ် လုပ်ရမည် ဖြစ်ခြင်းကြောင့် အကျင့်စရိုက် ၊ အနေအထိုင် နှင့်အပြောအဆို တို့ကောင်းမွန် ရမည်ဟု ၎င်းကပြောသည်။

"၀ါသနာရှင်တွေကသရုပ်ဆောင် လုပ်ငန်း အတွေ့အကြုံ ရှိဖို့ မလို ပါဘူး။သရုပ်ဆောင်ခြင်းကို အထူး စိတ်ပါဝင်စားစွာ လုပ်ကိုင် နိုင်သူ ဖြစ်ရ မဲ့အပြင် ရုပ် ရည် ချောမော ပြေပြစ်သူလည်း ဖြစ်ရပါမယ်။နောက်မူးယစ်ဆေးဝါး သုံစွဲသူ မဖြစ်ရ ပါဘူး။ အချိန်နဲ့ အလုပ်ကို လေးစားသူ ဖြစ်ရမယ်။

နောက်ပြီးရုပ်ရှင် ရိုက်မှာ ဆိုတော့သရုပ်ဆောင် တွေဟာ လေ့ကျင့်မှုတွေ၊ နောက် ရှုတင် အစမ်းရိုက်ကူးမှု တွေမှာနဲ့ လိုအပ်တဲ့ အချိန်တိုင်းမှာ အချိန်ပေး နိုင်သူဖြစ် ရပါမယ်။ သူတို့ ဆီက အနုပညာကြေးမတောင်းသလို အနုပညာကြေး ကိုလည်း ကျွန်တော်တို့မပေးပါဘူး။ ဒါပေမဲ့ ရိုက်ကူးချိန်မှာ လိုအပ်တဲ့ အဝတ်အစား၊ မိတ်ကပ် စတဲ့ လိုအပ်မှု ကိုတော့ ကျွန်တော်တို့တွေပဲ အကုန်အကျ ခံသွားမှာပါ"ဟု ဒါရိုက်တာ ထူးပိုင်ဇော်ဦးကပြောသည်။

၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်တွင် ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား များကိုဝတ္ထု ၊ဇာတ်ညွှန်း နှင့်ဒါရိုက်တာကို ထူးပိုင်ဇော်ဦး ဖန်တီးရိုက်ကူး သွားမည်ဖြစ်ပြီး ရိုက်ကူး ပြီးစီးပါက ယင်းရုပ်ရှင်ကား များကို ဆင်ဆာ တင်ကာ ရုံတင် တန်းစီ စနစ်ဖြင့် ပြသ သွားမည် ဖြစ်သည်။

အနုပညာရှင်များ၏ ဖောက်ထွင်းခိုးယူခံခဲ့ရသော ၀တ်လစ်စလစ်ပုံများကို ၀င်ရောက်ကြည့်ရှုသူဦးရေ များပြားသဖြင့် အင်တာနက်လိုင်း ပြတ်တောက်


နယူးဇီလန်နိုင်ငံအတွင်း နာမည်ကျော် အနုပညာရှင်များ၏ ဖောက်ထွင်းခိုးယူခံခဲ့ရသော ၀တ်လစ်စလစ်ပုံများကို ၀င်ရောက်ကြည့် ရှုသူဦးရေ များပြားလွန်းသောကြောင့် နိုင်ငံအတွင်း အင်တာနက်လိုင်း ပြတ်တောက်ခဲ့သည်ဟု စက်တင် ဘာလ ၇ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းဝတ်စလစ်ပုံများအတွက် အင်တာနက်တွင်ဖော်ပြထားသော ၀က်ဘ်ဆိုက်လိပ်စာသည် မှန်ကန်သော လိပ်စာမဟုတ်ပဲ ကလစ်နှိပ်ကာ ၀င်ရောက်ကြည့်ရှုသူများ၏ ကွန်ပျူတာထဲသို့ ဗိုင်းရပ်စ်ထည့်သွင်းရန် လုပ်ဆောင်ထားသော လိပ်စာဖြစ်နေခြင်းကြောင့် နိုင်ငံအတွင်း အင်တာနက်စနစ်ကို ထိခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်ကြောင့် နယူးဇီလန်နိုင်ငံ၏ အင်အားကြီးဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Spark သည် စက်တင်ဘာလ ၇ ရက်အထိ အသုံးပြုသူ ခြောက်သိန်းကျော် အသုံးပြုခဲ့ခြင်းအတွက် မနိုင်မနင်းဖြစ်ခဲ့ရသည့် အင်တာနက်စနစ် ကို ပြင်ဆင်မှု များ ပြုလုပ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဝတ်လစ်စလစ်ပုံများ iCloud မှ ဖောက်ထွင်းခံခဲ့ရသော အနုပညာရှင်များထဲတွင် ဂျနီဖာ လောရင့်၊ ရီဟားနားနှင့် အဆိုတော အဲဗယ်လ် လာဗင်း တို့လည်း ပါဝင်ခဲ့သည်။ ယင်းပုံများ အင်တာနက်တွင် ပျံ့နှံ့ခဲ့သည့်အချိန်တွင် Spark က အသုံးပြု သူများအနေဖြင့် မှားယွင်းသော ၀က်ဘ် ဆိုက်လိပ်စာကို နှိပ်မိသောကြောင့် နိုင်ငံတကာ ၀က်ဘ်ဆိုက်များသို့ အလွန်အမင်း ၀င်ရောက်ကြည့်ရှုမှုနှုန်း မြင့်တက်စေနိုင်သည့် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ချေ ရှိကြောင်း လူမှုကွန်ရက်စာမျက်နှာဖြစ်သော တွစ်တာမှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ကွန်ပျူတာ လုံခြုံရေး အဖွဲ့ဖြစ်သည့် Trend Micro ကလည်း အင်တာနက်ပြတ်တောက်မှု မဖြစ်ခင် အသုံးပြုသူ များကို သတိပေးခဲ့သည်။ "ဒီအချိန်မှာ naked celebrity သို့မဟုတ် အီးမေးလ်ထဲမှာ ပါဝင်တဲ့ ဖိုင်ကို နှိပ်တာ က ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး၊ မသမာသူတွေက အကြံအစည်နဲ့ လုပ်ဆောင်တာပဲ ဖြစ်လိမ့်မယ်"ဟု ၎င်းတို့က သတင်းထုတ်ပြန်ခဲ့သည်။

ဘရက်ပစ် နှင့် အိန်ဂျလီနာ ဂျိုလီ တို့ ကိုယ်ခံပညာ သင်တန်းကျောင်း တက်ရောက်

နယူးယော့ခ်၊ စက်တင်ဘာ ၉။ ဟောလိဝုဒ် ကြင်စဦး ဇနီးမောင်နှံ ဘရက်ပစ် နှင့် အိန်ဂျလီနာ ဂျိုလီ တို့သည် ၎င်းတို့၏ By The Sea ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် လေ့ကျင့်သည့် အနေဖြင့် စစ်တိုက်သည့် အသွင်ဖြင့် ဖန်တီးထားသော လက်နက်မဲ့ ကိုယ်ခံပညာ သင်တန်းကျောင်းကို တက်ရောက် လျှက် ရှိသည်။ ၎င်းတို့သည် ကရာမက်ဂါဟု အမည်ရသည့် အစ္စရေးလ် ကိုယ်ခံပညာ တစ်မျိုးကို လေ့လာ နေခြင်းဖြစ်သည်။



ဘရက် (အသက် ၅၀ နှစ်) သည် ယင်းကိုယ်ခံ ပညာ သင်တန်းကို ယခုမှ စတင်လေ့လာခြင်းဖြစ်ပြီး ဂျိုလီ မှာမူ ၎င်း၏ ၂၀၀၁ ခုနှစ် ရုပ်ရှင် Tomb Raider ဇာတ်ကားအတွက် သင်ယူခဲ့ဖူးသည်ဟု သိရသည်။

ဟောလိဝုဒ် အေစာရင်းဝင် သရုပ်ဆောင် ဇနီးမောင်နှံ ဖြစ်သည့် ဘရက်ပစ်နှင့် အိန်ဂျလီနာဂျိုလီ တို့တွင် မာဒေါ့စ်၊ ပတ်စ်၊ ဇာဟာရ၊ ရှီလော့၊ နော့က်စ်နှင့် ဗီဗီယာနီ ဟုအမည် ရသည့် ကလေး ခြောက် ဦး ရှိသည်။ သူတို့၏ ကလေးများသည် လည်း မိဘများ၏ ကိုယ်ခံပညာ လေ့ကျင့်မှုကို အလွန်ပင် တက်ကြွစွာ ကြည့်ရှုခဲ့ကြသည်။ ဘရက်ပစ်သည် ထိုသို့ ကိုယ်ခံပညာ လေ့ကျင့်အပြီး ၃ ပတ်ခန့် မှာပင် ၁၀ ပေါင်ခန့် ကိုယ်အလေးချိန်ကျသွားခဲ့သည်ဟု ဆိုသည်။ ၎င်း သည် သူ၏ သားသမီး များကိုပါ အပျော်လေ့ကျင့်စေခဲ့ပြီး ကလေးသီးသန့် သင်ခန်းစာများကိုလည်း လေ့ကျင့်ပေးသည်ဟု ဆိုသည်။

၎င်းတို့၏ နောက်ဆုံး ထွက်ရှိမည့် By the Sea ဇာတ်ကားကို အိန်ဂျလီနာဂျိုလီက ရေးသားရိုက်ကူးပြီး ဘရက်ပစ် နှင့်ပူးတွဲ သရုပ်ဆောင်မည် ဖြစ်သည်။ ယင်းဇာတ်ကားသည် ဇနီးမောင်နှံ နှစ်ဦးအတူ သရုပ်ဆောင်ခဲ့သော ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့သည့် Mr. and Mrs. Smith ဇာတ်ကားအပြီး ဒုတိယမြောက် ဖြစ်သည်။

၎င်းတို့ ကိုယ်ခံပညာ လေ့ကျင့်မှုကြောင့် လူအများ သည်လည်း လိုက်လံ လေ့ကျင့် လာကြမည်ဟု တွေးထင်မှု များလည်း ရှိနေသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့ လက်ထပ် ထိမ်းမြားခဲ့သော Correns နေရာ၌ ခရီးသွားလုပ်ငန်း ၁၀၀၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ ခြင်းကြောင့် ဖြစ်သည်။ ဘရက်နှင့် အိန်ဂျလီနာတို့သည် သူတို့၏ ပျားရည်ဆမ်း ခရီးကို Malta ဒေသတွင် ဇိမ်ခံ ရွက်လှေပေါ်တွင် ကျင်းပခဲ့ပြီး ယင်းဒေသတွင် ၎င်းတို့ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန် အတွက် ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းများအတွက် ဒေါ်လာ ၂ သိန်း ပေးအပ်ခဲ့သည်ဟု သိရသည်။
Mizzima

ကေပေါ့ပ် Ladies' Code အဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံး


တောင်ကိုရီးယားမိန်းက လေးပေါ့ပ်အဆိုရှင်များအဖွဲ့ Ladies' Code အဖွဲ့ဝင်တစ်ဦးဖြစ် သော ရီဆယ်သည် စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ် တွင် ကွယ်လွန်သည်ဟု Ladies' Code အဖွဲ့ အေဂျင်စီ Polaris Entertainment က ကြေညာ သည်။ Ladies' Code အဖွဲ့သည် စက်တင်ဘာ ၃ ရက် အစောပိုင်း တွင် ဆိုးလ်မြို့အိမ်အပြန်လမ်း၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အဖွဲ့ဝင် အွန်ဘီမှာ နေ့တွင်းချင်း သေဆုံးခဲ့သည်။

ရီဆယ်မှာ ယာဉ်မတော်တ ဆမှုကြောင့် ဦးခေါင်းတွင် ဒ
ဏ် ရာ အပြင်းအထန်ရရှိခဲ့ပြီး ခွဲစိတ်မှု ခံယူခဲ့သော်လည်း စက်တင်ဘာ ၇ ရက်က သေဆုံးသွားသည်။
‘‘ဂျပန်နိုင်ငံကနေ လာကြတဲ့ ရီဆယ်ရဲ့ မိဘတွေနဲ့ အေဂျင်စီ အဖွဲ့သားတွေဟာ ရီဆယ်နောက် ဆုံးထွက်သက်အထိ အတူရှိနေ ပေးခဲ့ပါတယ်။ အွန်ဘီသေဆုံးပြီး နောက်မှာ ဒီဝမ်းနည်းစရာကောင်း တဲ့ ရီဆယ်နာရေးသတင်းကို ကြေ ညာရလို့ တကယ်စိတ်မကောင်း ဖြစ်ရပါတယ်။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ အဖွဲ့ဝင်နှစ်ဦးနဲ့ ဒီအချိန် မှာ ၀မ်းအနည်းဆုံး ဖြစ်နေတဲ့ ကျန်အဖွဲ့ဝင်တွေအတွက် ဆက် လက်ဆုတောင်းပေးကြပါ’’ ဟု အေဂျင်စီက ပြောသည်။
အဆိုပါ ယာဉ်မတော်တဆ မှုတွင် ဒဏ်ရာရရှိခဲ့သည့် Ladies' Code အဖွဲ့ဝင်တစ်ဦးဖြစ်သော ဆိုဂျောင်မှာ ကျန်းမာရေးကောင်း မွန်ပြီဟု အေဂျင်စီက စက်တင် ဘာ ၆ ရက်တွင် ပြောသည်။
၂၀၁၃ ခုနှစ်တွင် တရားဝင် အနုပညာလှုပ်ရှားမှုများစတင် သော Ladies' Code အဖွဲ့၌ အ ဖွဲ့ဝင် ငါးဦးပါဝင်ပြီး ရီဆယ်သည် ကွယ်လွန်ချိန်တွင် အသက် (၂၃) နှစ်နှင့် အွန်ဘီမှာ (၂၁) နှစ်သာ ရှိသေးသည်။ 
by 7day

ဘေလ်ဘုတ် ကမ္ဘာ့အယ်လ်ဘမ်များ စာရင်းမှာ နံပါတ်(၁)ဖြစ်နေတဲ့ Super Junior ရဲ့ Mamacita



တောင်ကိုရီးယား အမျိုး သားအဆိုရှင်များအဖွဲ့ Super Junior ၏ Mamacita အယ်လ် ဘမ် သည် ယခုသီတင်းပတ် အမေရိကန်ဘေလ်ဘုတ် ကမ္ဘာ့ အယ်လ်ဘမ်များစာရင်း၌ နံပါတ် တစ် နေရာရရှိခဲ့သည်။

Super Junior အဖွဲ့၏ သတ္တမမြောက် အယ်လ်ဘမ် Mamacita သည် သြဂုတ် ၃၀ ရက်တွင် Apple iTunes မှတစ် ဆင့် တရားဝင် ထွက်ရှိခဲ့သည်။ ထွက်ရှိပြီး ရက်ပိုင်းအတွင်းတွင် ပင် ဘေလ်ဘုတ်ကမ္ဘာ့အယ်လ် ဘမ်များစာရင်း၌ နံပါတ်တစ်ဖြစ် ခဲ့သည်။

Mamacita အယ်လ်ဘမ် သည် နိုင်ငံလေးနိုင်ငံ၏ iTunes တေးဂီတစာရင်း၌လည်း ထိပ်ဆုံး မှ ရပ်တည်လျက်ရှိသည်ဟု သိရ သည်။

Mamacita အယ်လ်ဘမ် တွင် သီချင်း ၁၀ ပုဒ် ပါဝင်ပြီး Super Junior အဖွဲ့ဝင် ၁၀ ဦး ပါဝင်သီဆိုထားသည်။

Mamacita ဒရာမာတေးဂီ တဗီဒီယိုသစ်ကို စက်တင်ဘာ ၅ ရက်တွင် Super Junior အဖွဲ့ဝင် တရားဝင်ဝက်ဘ်ဆိုက်နှင့် ယူ ကျု့ဘ်ရုပ်သံလိုင်းတို့မှတစ်ဆင့် ထွက်ရှိခဲ့သည်။

Super Junior အဖွဲ့သည် အယ်လ်ဘမ်သစ် ပရိုမိုးရှင်းအဖြစ် စက်တင်ဘာ ၁၉ ရက်တွင် Super Show 6 နိုင်ငံတကာ နယ် လှည့်ဖျော်ဖြေပွဲကို စတင် မည်ဖြစ်သည်။ —Ref: STAR N

စီအမ်အေဆုပေးပွဲမှ ဆန်ခါတင်ကိုးဆုရှင် မိုင်ရန်ဒါလမ်းဘတ်



အမေရိကန်ကန်းထရီးဂီတကြယ်ပွင့် မိုင်ရန်ဒါလမ်းဘတ်အား တစ်နှစ်တာအေ ကာင်းဆုံး အနုပညာရှင်ဆုအပါအဝင် စီအမ်အေဆုကိုးဆုအတွက် ဆန်ခါတင်ရွေးချယ်ခံ ထားရကြောင်းသိရသည်။


ကန်းထရီးဂီတအစည်းအရုံးမှ အဖွဲ့ဝင်များ၏ မဲပေးရွေးချယ်မှုဖြင့် ကန်းထရီးတေးသံ ရှင်များနှင့် ထုတ်လွှင့်သူများကို နှစ်စဉ်ချီးမြှင့်လေ့ရှိသည့် အဆိုပါဆုပေးပွဲကို အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ တန်နက်စီပြည်နယ်၏ မြို့တော်နက်ရှ်ဗီလီ၌ နိုဝင်ဘာ ၅ ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။

တေးသံရှင်မိုင်ရန်ဒါလမ်းဘတ်သည် ၂ဝ၁၃ ခုနှစ်က စီအမ်အေ၏ အကောင်းဆုံးအ မျိုးသမီးအသံပိုင်းဆိုင်ရာဆု ရရှိဆွတ်ခူးခဲ့ပြီး ယခုနှစ်တွင်လည်း ယင်းဆုအပါအဝင် ယခုနှစ်ဆန်းပိုင်းထွက်ရှိခဲ့သည့် Platinum အယ်လ်ဘမ်ဖြင့် Album of the Year ဆု အပါအဝင် ဆုကိုးဆု ဆန်ခါတင်ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။