ကယားပြည်နယ်နေ့ အခမ်းအနား သို့ တက်ရောက် ဖျော်ဖြေသည့် ဇွန်သဉ္ဇာ ၏ ဖျော်ဖြေမှုကို မနှစ်သက်သဖြင့် ဒေသခံအချို့က ခဲဖြင့် ပစ်ပေါက်ခဲ့ကြောင်း လွိုင်ကော် ဒေသခံများထံမှ သိရသည်။ ၆၂ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ပြည်နယ် အားကစားကွင်းတွင် ဇန်န၀ါရီ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ ဇန်န၀ါရီ ၁၈ ရက် ညပိုင်းဖျော်ဖြေမှုတွင် Sexy Model ဇွန်သဉ္ဇာ က ခေတ်ဆန်သော ၀တ်စားဆင်ယင်မှုဖြင့် ဖျော်ဖြေခဲ့ရာ ပရိသတ်အချို့က ခဲဖြင့် ပစ်ပေါက်ခဲ့ကြခြင်း ဖြစ်သည်ဟု အဆိုပါဖျော်ဖြေပွဲသို့ သွားရောက် ကြည့်ရှုခဲ့သည့် ဒေသခံအမျိုးသမီး တစ်ဦးက The Ladies သို့ပြောသည်။ “ဇွန်သဉ္ဇာ က ခုံယူပြီး ကတဲ့အချိန် စင်အောက်ကနေ ခဲနဲ့ပေါက်တာပေါ့။ ပြီးတော့ သူဝတ်ထားတာ ကလည်း ဘောင်းဘီ တိုတိုလေးနဲ့ ကပြတာဆိုတော့ အဲ့လို ပေါက်တာတောင် စင်ပေါ်ကနေ ပေါက်ချင်လည်း ထိအောင်ပေါက်လို့ ပြောတော့ ထပ်ပေါက်တာပေါ့။ မျက်ခုံးထိသွားတယ်လို့ တော့ ကြားလိုက်တယ်။ ဇာဇာထက် လည်း ပါပေမယ့် ဇွန်သဉ္ဇာ ခဲနဲ့ပေါက်ခံရတယ်ဆိုတော့ စင်ပေါ်တက်မလာတော့ဘူး” ဟု အဆိုပါအမျိုးသမီးက ပြောသည်။ ကယားပြည်နယ်နေ့ကို လွန်ခဲ့သည့် ၁၉၅၂ ခုနှစ် ပါလီမန်အစိုးရ လက်ထက်က ကရင်နီပြည်ဆိုသည့် အမည်မှ ကယားပြည်နယ်အဖြစ် သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည့် ဇန်န၀ါရီ ၁၅ ရက်နေ့ကို အစွဲပြု၍ ပြည်နယ်နေ့အဖြစ် သတ်မှတ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ကယားပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် က ကရင်နီပြည် အဖြစ် သီးခြားရှိခဲ့ပြီး၊ ၁၉၄၈ ခုနှစ် နောက်ပိုင်း ကရင်နီပြည် အမည်ကို ကယား ပြည်နယ်အဖြစ် တိုင်းပြုပြည်ပြု လွှတ်တော်မှ ပြောင်းလဲခဲ့ခြင်း ဖြစ်သော်လည်း သီးခြားကရင်နီပြည်အဖြစ် ဆက်လက် ရပ်တည်လိုသည့် အဖွဲ့များလည်း ကျန်ရှိနေ သေးသည်။ " ကျွန်တော်တို့ တိုင်းရင်းသား ဒေသမှာက ရှေးရိုးစွဲလေးတွေလည်း ရှိသေးတယ်။ ဒီလို ပြည်နယ်နေ့ အခမ်းtနား ဖျော်ဖြေပွဲမှာ ခေတ်ဆန်လွန်းတာတွေကို စင်တင် တော့ နဂိုကတည်းက ပြည်နယ် အမည်နာမကို တောင် မနှစ်သက်တဲ့ ပြည်သူ အချို့က စိတ်ဆိုးတာလည်း ပါတာပေါ့လေ။ ဒီကြားထဲ ဇွန်သဉ္ဇာက ပေါက်ရင် ထိအောင်ပေါက်ကြလို့ ပြောတော့ ပွဲဆူကုန်တာပေါ့ " ဟု လွိုင်ကော်မြို့ခံ ကိုနေအေးက ပြောသည်။ သတင်း - ဇော်မင်းထွန်း The Ladies News Journal
Showing posts with label ကျော်ကြားသူတို့အတွင်းရေး. Show all posts
Showing posts with label ကျော်ကြားသူတို့အတွင်းရေး. Show all posts
ကိုယ့်ကိုယ်ကို ပုံသွင်းလို့ ရချင်တဲ့ မင်းသမီးလေး
“ညီမက ကိုယ့်ဘာသာကိုယ် ဘယ်လို ကာရိုက်တာမျိုးနဲ့ လိုက်တယ်ဆိုပြီး သတ်မှတ် ထားတာမျိုးတွေတော့ မရှိပါဘူး။ ကိုယ့်ဆီရောက်လာတဲ့ ကာရိုက်တာကို အကောင်းဆုံး လုပ်မယ်ဆိုတာပဲ စဉ်းစားတယ်။ ပြောရရင် ကိုယ်တိုင်ပဲ လိုသလို ပုံသွင်းနိုင်တဲ့ သရုပ်ဆောင် ဖြစ်ချင်တယ်။ ဒါပေမဲ့ ပရိသတ်က သတ်မှတ်ပေးရင်တော့ သူတို့က ကိုယ့်ကို အကဲဖြတ် ပေးနေတယ် ဆိုတော့ ပိုသိမှာပေါ့နော်။ ကာရိုက်တာ တစ်ခုတည်းနဲ့ လိုက်တယ်ဆိုတာမျိုးတော့ ညီမမသတ်မှတ်ဘူး၊ အရာရာအားလုံးက ကိုယ်နဲ့ လိုက်ဖက်ညီရမယ် ဆိုတာကိုပဲ ညီမတွေးတယ်”လို့ ပြောပြသွားပါတယ်။
အေးမြတ်သူက ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးထားတာ ရှိတယ်လို့ သိရပါတယ်။
messenger
မလိုချင်ဘူး .. စစ် .. သီချင်းရဲ့ Music Video အကြောင်း ဖွင့်ဟလာတဲ့ အဆိုတော်မလေး
ဂီတသက်တမ်း ၇နှစ်အတွင်းမှာ ထူးခြားတဲ့ အသံပါရမီနဲ့အတူ ပရိသတ်ချစ်ခင်မှု၊ အောင်မြင်မှုတွေ ရရှိထားတဲ့ တေးသံရှင် နီနီခင်ဇော်က သူမလျှောက်လှမ်းနေတဲ့ အနုပညာဘဝခရီးမှာ ဘယ်လိုခံယူချက်တွေနဲ့ လျှောက် လှမ်းဖြစ်နေလဲဆိုတာ ကို အခုလိုဖွင့်ဟလာပါတယ်။
“အဓိကကတော့ နီနီက ဒီနေ့ နီနီခင်ဇော်နဲ့ မနက်ဖြန် နီနီခင်ဇော် မတူအောင်၊ ပြီးခဲ့တဲ့ အခွေနဲ့ အခု အခွေနဲ့မတူအောင်၊ အခုထွက်ခဲ့ တဲ့အခွေနဲ့ နောက်ထွက်မယ့် အခွေ မတူအောင် အမြဲတမ်းModified လုပ်နေပါမယ်။ အဓိက ဥပမာပေး ရရင်ဖြင့် ကမ္ဘာပေါ်မှာ အထင်ရှား ဆုံးဖုန်းတွေဖြစ်တဲ့ iphone တို့၊Samsung တို့ဆို သူတို့ကိုယ်သူတို့ အမြဲတမ်းတီထွင်ပြီးတော့ အဆင့်မြှင့်နေပါတယ်။ ခေတ်နဲ့ လျော်ညီစွာ အဆင့်မြှင့်နေမှပဲ အမြဲတမ်း သုံးစွဲနေတဲ့IT ပစ္စည်းတွေဖြစ်လာတာပါ။ အဲဒီတော့ နီနီတို့သည်လည်း ကိုယ့်ကိုယ်ကိုယ် အဲဒီလို သတ်မှတ် ပါတယ်။ နီနီတို့ အဆင့် မမြှင့်နိုင်တော့တဲ့ တစ်နေ့ဟာ နီနီတို့ ကျရှုံးတဲ့နေ့ပါပဲ။ နီနီတို့ နေ့စဉ်နဲ့အမျှ ခေတ်ရေစီးကြောင်းကိုလည်း အမြဲ တမ်း အမီ လိုက်နေပါတယ်။ သို့ပေမယ့် နီနီတို့ ရိုးရာယဉ်ကျေးမှုလည်း မသွေဖည်ဘဲ နဲ့ ကြိုးစားနေပါတယ်။ ဒါက နီနီ ရှေ့ဆက်ရမယ့် အနုပညာဘဝလေး ပါ” လို့ နီနီခင်ဇော်က ဆိုပါတယ်။
ဇူလိုင် ၁၉ရက်နေ့က နီနီခင်ဇော်ရဲ့ ဒုတိယ တစ်ကိုယ်တော် စီးရီးအခွေဖြစ်တဲ့ ‘အနီရောင်’ တေးစီးရီးခွေထွက်ရှိခဲ့ပြီး ပရိုမိုးရှင်းပြုလုပ် ခဲ့တဲ့Junction Square မှာလည်း ပရိသတ်အပြည့် အလျှံလာရောက် အားပေးခဲ့ကြပါတယ်။ နီနီ ခင်ဇော်ရဲ့ အောင်မြင်တဲ့ သီချင်းတွေ ထဲမှာ ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’ သီချင်းက မပါ မဖြစ်ပါဝင်လို့နေပါတယ်။ ဒီသီချင်းလိုမျိုး ချစ်ခြင်း၊ မုန်းခြင်းတွေကနေ သွေဖည်ပြီး ခံစားမှု ရသအမျိုးမျိုးပေးစွမ်းနိုင်တဲ့ သီချင်းမျိုးတွေကို နောက်အခွေတွေမှာ ဆက်လက် သီဆိုဖြစ်ဦးမယ်လို့ နီနီခင်ဇော်က ပြောခဲ့တဲ့အ တိုင်း သူမရဲ့’အနီ ရောင်’တေး စီးရီးခွေမှာ ‘မလိုချင်ဘူး..စစ်’ဆိုတဲ့ သီချင်းကို Music Video ရိုက်ကူးပြီး တင်ဆက်ထားတာတွေ့ရပါ တယ်။ ဒီသီချင်းနဲ့ ပတ် သက်လို့ အားပေးမှုများစွာရှိခဲ့သလို နီနီခင်ဇော် သရုပ်ဆောင်တဲ့အပိုင်းကို ဝေဖန်မှုလေးတွေလည်းရှိခဲ့ပါ တယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ နီနီခင်ဇော်ဖွင့်ဟတာက…
“ပရိသတ်တွေလည်း ကြားချင်လိမ့်မယ်လို့ ထင်ပါတယ်။ ပထမဦးဆုံး ပြောချင်တာက နီနီ သည် မိရိုးဖလာဗုဒ္ဓဘာသာကိုးကွယ်တာ လည်း ဟုတ်ပါတယ်။ နောက်တစ်ခုက နီနီသည် ကိုယ့်ရဲ့ ဗုဒ္ဓဘာသာ ကို ယုံကြည်သက်ဝင်စွာ၊ မြတ်နိုးစွာ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတစ်ဦးဖြစ်ပါတယ်။ နီနီတို့ ဒီသီချင်းကို ရိုက်ကူးစဉ်ကာလမှာ သဘာဝဒဏ်၊ ရေဒဏ်၊ လေဒဏ်နဲ့ အဓိကအားဖြင့် မီးဒဏ်ကိုခံစားရ တဲ့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးအနေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့ အတွက် ဘယ်လိုမျိုး သက်ရောက်မှု ရှိမယ် ဆိုတာ နီနီ့ခေါင်းထဲမှာ မထားခဲ့ပါဘူး။ နောက်က မီးတွေဖောက်ခွဲ တဲ့အခါ နီနီ့ကုပ်တွေ၊ ကျောတွေ အကုန်လုံးစင်ပါတယ်။ နီနီ့ကုပ်တွေကို မီးပူလွန်းတဲ့အတွက် နီနီ့ခေါင်းကို အပြည့်ခြုံတာမဟုတ်ဘဲ တစ်ဝက်မှာ မိန်းကလေးတစ်ယောက် ပုဝါစည်းတဲ့ ပုံစံနဲ့ ပြုလုပ်ထားပါတယ်။ သို့ပေမယ့် ဒီသီချင်းသည် ပရိသတ်တွေကြည့်သွားတဲ့အတိုင်းပဲ၊ နီနီတို့ ရိုက်ကူးပုံဖော်ခဲ့တာသည် ငြိမ်းချမ်းရေးကိုပဲ ဦးတည်ရိုက်ကူးခဲ့ တာပါ။ မည်သည့်ဘာသာရေးပဋိပက္ခကိုမှ ရိုက်ကူးခဲ့ခြင်း၊ ပုံဖော်ဖန်တီးခဲ့ခြင်း မရှိပါဘူး။ ဒါကို ပရိသတ် တွေ သိပါတယ်”လို့ နီနီခင်ဇော် က ရှင်းလင်းပြောပြခဲ့ပါတယ်။
Popular Journal
ဝေဖန်ခံနေရတဲ့ ရှိုးပွဲဖက်ရှင်နဲ့ ပတ်သက်လို့ အဆိုတော် အမွန်း ရှင်းပြီ
၂၀၁၀ ခုနှစ်လောက်ကစလို့ ဂီတလောကထဲကို ရောက်ရှိလာတဲ့ အဆိုတော် အမွန်း(Ah moon) ဟာ အခုလတ် တလော သူ့ရဲ့ ရှိုးပွဲမှာ ၀တ်ဆင်တဲ့ ဖက်ရှင်တွေနဲ့ပတ်သက်လို့ လူပြောသူပြောများနေပါတယ်။ သူရဲ့ဝတ်ဆင်မှု ဖက်ရှင်တွေဟာ အနောက်နိုင်ငံက အဆိုတော်မမတွေရဲ့ ရှိုးပွဲဖက်ရှင်တွေနီးပါး ပေါ်ပေါ်တင်တင် ဖြစ်လာ လေတော့ မြန်မာပြည်ပရိတ်သတ်ရဲ့ ပါးစပ်ဖျား နည်းနည်း လှုပ်ခတ်လာခဲ့တာပါ။ အခုနောက်ဆုံး သိပ်မကြာ သေးခင်က ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားတဲ့ Miss Myanmar International 2015 မယ်ပြိုင်ပွဲကြီးရဲ့ ဖျော်ဖြေရေးအစီအစဉ်မှာ သူဝတ်ဆင်သွားခဲ့တဲ့ ဖက်ရှင်တခုကြောင့် ဝေဖန်ပြောဆိုမှုများရှိ လာခဲ့ပါတယ်။ ဒါ့ကြောင့် အဲ့ဒီမယ်ပြိုင်ပွဲရဲ့ ကျင်းပရေးကော်မတီက သူတို့အလှမယ်ရွေးချယ်ပွဲမှ ဖျော်ဖြေရေး အစီအစဉ်တချို့မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ၀တ်စားဆင်ယင်မှုတွေ ပါဝင်ခဲ့တဲ့အတွက် အမြင် မသင့်တော်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရခြင်းနဲ့ ပတ်သက်လို့ တရားဝင် ပြန်လည်တောင်းပန်ခြင်း တွေ ပြုလုပ်ခဲ့ရတဲ့အထိပါပဲ။ အဲ့ဒီလိုဖြစ်ပျက်ခဲ့ရတာနဲ့ပတ်သက်လို့ရော သူလက်ရှိ လုပ်ကိုင်ဖြစ်နေတဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်လို့ရော အဆိုတော် အမွန်းကို ဧရာဝတီက ဆက် သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး အမွန်းရဲ့ ဖျော်ဖြေရေးဖက်ရှင်နဲ့ပတ်သက်လို့ ဝေဖန်ခံနေရတဲ့အပေါ် ဘာပြောချင်ပါလဲ။ ဘယ်လိုသုံးသပ်ချင်ပါလဲ။
ဖြေ ပထမဆုံးအနေနဲ့ Miss Myanmar International Organizer တွေဘက်က သူတို့တွေအနေနဲ့ တောင်းပန်စာ ထုတ်ပြန်ရတယ်ဆိုတာကို ကြားသိရတဲ့အတွက်ကြောင့် စိတ်မကောင်းဘူး။ ဘာကြောင့်လည်း ဆိုတော့ ကိုယ့်ရဲ့ performance ကြောင့်ဆိုပြီး ဦးတည်ပြီးတော့ သူတို့ဘက်ကနေပြီး တောင်းပန်စာ ထုတ်ပြန်ရ တယ်ဆိုတဲ့အတွက်ကြောင့်မို့လည်း စိတ်မကောင်းတာပါ။ နောက်တချက်က ကျမအမြင်ကတော့ ကျမ အမြဲတမ်းပြောပါတယ်။ လူတွေအားလုံးရဲ့ မတူညီတဲ့ အမြင်တွေကို လေးစားပါတယ်။ ဘာကြောင့်လည်းဆို တော့ လူတိုင်းမှာ မတူညီတဲ့ အမြင်တွေရှိတာပဲလေ။ ပြီးတော့ ကျမနိုင်ငံကို ကျမချစ်တယ်။ ကျမရိုးရာ ယဉ်ကျေးမှုကိုလည်း ကျမချစ်တယ်။ ကျမရဲ့ ကချင်ရိုးရာ မြန်မာရိုးရာ တိုင်းရင်းသားဝတ်စုံအားလုံးကို ကျမချစ်တယ်။ တနင်္ဂနွေဘုရားကျောင်းတက်တဲ့ အချိန်၊ ရွှေတိဂုံဘုရားသွားရင် ဒါမှမဟုတ် အလှူမင်္ဂလာ ပွဲတွေသွားရင် ကျမရဲ့ပုံစံက လုံချည်နဲ့ရင်ဖုံးပါပဲ။ ဒါပေမယ့် အခုဟာက ကျမက အနုပညာရှင်တယောက်လေ။ နောက် ဒါက ကျမရဲ့ အနုပညာ တင်ဆက်မှုတခုပါ။ စတိတ်ပေါ်မှာ ကျမရဲ့ပေါ့ပ်မြူးဇစ်နဲ့ ပေါ့ပ်ဂီတနဲ့ အကနဲ့ ဖျော်ဖြေနေတဲ့အချိန်မှာ ကျမရဲ့ပုံစံသည် တခြားစီဖြစ်နေပါလိမ့်မယ်။ အဲ့လိုဖျော်ဖြေနေတဲ့အချိန်မှာ ကျမကို ယဉ်ကျေးမှုကို မမြတ်နိုးပါဘူးတို့၊ ယဉ်ကျေးမှုကို ဖျက်ဆီးနေပါတယ်တို့ပြောလိုက်ရင် ဒါနှစ်ခုဟာ လုံးဝမတူတဲ့ နေရာနှစ်ခုပေါ့နော်။ အဲ့လိုကျမ မြင်ပါတယ်။ အဲ့တော့ အဲ့နှစ်ခုကို ဆွဲစိပြီးတော့ ဘယ်လိုမှပြောလို့မရပါဘူး။ ကျမအမြင်ကိုပြောတာပါ။ ကျမ ကတယ်၊ ဆိုတယ်၊ တင်ဆက်တယ်။ ကျမပရိတ်သတ်တွေက ကျမကို ချစ်တယ်။ ကျမလုပ်တဲ့အနုပညာကို နှစ်သက်အားပေးကြတယ်။ ကျမလုပ်နေတဲ့အနုပညာက သူတို့အတွက် လုပ်တာပေါ့နော်။ ကျမ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း အမြဲတမ်း ဂုဏ်ယူနေသူတယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း “မြန်မာ” ဆိုတဲ့သီချင်းကို ကျမကိုယ်တိုင် ရေးထားတယ်။ အမေရိကား LA က Paramounp Studio မှာ အဲ့တုန်းကလည်း မြန်မာ ၀တ်စုံ အပြည့်နဲ့ကျမရိုက်တယ်။ ဆိုတော့ ကျမတို့နိုင်ငံတွင်းမှာလည်း အရည်အချင်းရှိတဲ့သူတွေအများကြီးရှိတယ်။ ကမ္ဘာကိုထွက်ပြမယ်ဆိုရင် ထွက်ပြရဲတဲ့ သတ္တိရှိဖို့ရယ်၊ ယှဉ်ပြိုင် နိုင်စွမ်းရှိဖို့လိုပါတယ်။ သူများနိုင်ငံက အနုပညာတွေ သူများနိုင်ငံက အဆိုအကတွေ အနုပညာပိုင်းဆိုင်ရာ အရာရာမှာ အရမ်းအဆင့်မြင့်ပြီး သာလွန်နေတယ်။ ကျမတို့နိုင်ငံက ပရိတ်သတ်တွေအားလုံးကလည်း နိုင်ငံတာက မြူးဇစ်ဗီဒီယိုတွေကိုရော အကဖျော်ဖြေတင်ဆက်ပုံတွေကိုရော တကယ့်နိုင်ငံတကာက K-pop ပဲဖြစ်ဖြစ်ပေါ့ သူတို့ရဲ့ ဖျော်ဖြေမှုဆိုရင် လက်မှတ်တွေ ဈေးကြီးပေးဝယ်ပြီး တခဲနက် သွား ကြည့်ကြတယ်။ နိုင်ငံခြားမှာ သွားမကြည့်နိုင်ရင်တောင်မှ ဒီနိုင်ငံမှာ လာဖျော်ဖြေဖို့အတွက် မျှော်လင့်ကြတယ်။ တကယ်လို့များ ဘီယွန်ဆေးတို့ ဘရစ်နီစပီးယားတို့ တေလာဆွစ်တို့ မြန်မာနိုင်ငံမှာ လာဆိုလို့ကတော့ လူတွေ သိန်းနဲ့ချီ သွားအားပေးကြမှာပဲ။ သူတို့ကိုလည်း ဘာဝတ်ပါတို့ ညာဝတ်ပါတို့ ပြီးရင် ဘာမ၀တ်နဲ့တို့ ဘာမပြောနဲ့တို့ ဘယ်သူကမှ ပြောကြမှာမဟုတ်ဘူး။ ကျမကမြန်မာနိုင်ငံက မိန်းကလေး တယောက်ဖြစ်လို့ပါဆိုပြီးတော့မှ ကျမဖျော်ဖြေတဲ့ ပေါ့ပ်နဲ့ အကမှာကျတော့ ယဉ်ကျေးမှု အကျီကြီးနဲ့ကျတော့ အဆင်မပြေဘူးပေါ့နော်။ ကျမဆိုတာ ကတာအတွက်ကို ကျမ၀တ်တဲ့အချိန်မှာ ပြောတာကို Miss Myanmar အဖွဲ့အစည်းအနေနဲ့ ပြန်ပြီးတောင်းပန်ရတယ်ဆိုတော့ ကျမအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ကျမ အဓိက ပြောချင် တာက ကျမတို့ မြန်မာနိုင်ငံက အနုပညာက ကမ္ဘာမှာ ဘယ်လိုယှဉ်မလဲ။ အနုပညာဆိုတာက ယဉ်ကျေးမှု ဘက်က သွားတာမဟုတ်ဘဲ ကမ္ဘာနဲ့ ယှဉ်တဲ့ အနုပညာက ဘယ်လိုယှဉ်မလဲပေါ့။ US နဲ့ Europe ကို ခဏ မေ့ထားလိုက်ပါဦး။ K-pop ကိုတောင် ဘယ်လိုယှဉ်မလဲ။ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံ ထိုင်းကိုတောင် ကျမတို့ယှဉ်ဖို့တော်တော်ခက်နေပါသေးတယ်။ ကျမတို့ဆီမှာ အရည်အချင်းရှိတဲ့ တေးဂီတပညာရှင်တွေ တေးရေးဆရာတွေ တေးဆိုတွေအများကြီးရှိပါတယ်။ အားလုံးကို ကမ္ဘာ့အလယ်မှာ ထွက်ပေါ်လာစေချင်တာက ကျမရဲ့ စိတ်ဓာတ်အရင်းခံပါပဲ။ ကျမမျှော်လည်းမျှော်လင့်တယ်။ အဲ့ဒီအတွက် ကျမကြိုးစားနေတယ်။ ကျမရဲ့ ဂီတ တင်ဆက်မှုတွေ ဖက်ရှင်တွေကို မကြိုက်တဲ့ သူတွေအပေါ်မှာ ဘယ်လိုမှ ကျမ သဘောမထားပါဘူး။ လူတိုင်းမှာ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ရှိပါတယ်လို့ ကျမထင်တယ်။ ကျမ စင်ပေါ်မှာဖျော်ဖြေနေတဲ့အချိန်မှာ ကျမရဲ့ ပေါ့ပ်ဂီတနဲ့ အက အစီအစဉ်ပါ။ ကျမရဲ့ဖျော်ဖြေမှုကို ကြည့်ဖူးတဲ့သူတွေလည်း သိပါတယ်။ ကျမက စင်ပေါ်မှာ ဒီလိုမျိုး ပရမ်းပတာ ၀တ်ပြီးတော့မှ တက်ပြီး ဖျော်ဖြေနေတာမဟုတ်ပါဘူး။ တကယ်ဆို တကယ်ကပြီးတော့မှ ကျမရဲ့အက၊ အဆို တွေကို သေချာစီစဉ်ပြီးတော့မှ ဖျော်ဖြေလေ့ရှိပါတယ်။ အဲ့ဒါ ကျမရဲ့ အနုပညာရှင်တယောက်အနေနဲ့ ခံယူတဲ့ ခံယူချက်ပါပဲ။ ကျမအနေနဲ့ ဘယ်သူ့ကိုမှ နစ်နာစေချင်တဲ့ ထိခိုက် စေချင်တဲ့စိတ်အလျဉ်းမရှိပါဘူး။ အဲ့တော့ ကျမကို ဖျော်ဖြေခွင့်ပေးခဲ့တဲ့ Miss Myanmar အဖွဲ့အစည်းကိုလည်း ကျေးဇူးတင်ပါတယ်။
မေး ဒီမတိုင်ခင်က မျှော်စင်ကျွန်းက Grand Royal Pre New Year ပါတီပွဲတုန်းက အမွန်းရဲ့ အ၀တ်အစားတချို့ကြောင့် ဝေဖန်ခံခဲ့ရဖူးသေးတယ်နော်။ ဆိုတော့ အမွန်းရဲ့ဖက်ရှင်နဲ့ပတ်သက်လို့ အခုနောက် ပိုင်းမှာ ပရိတ်သတ်က ပိုသတိထားမိလားပြီး အမွန်းရယ်လို့ သိလာတယ်လို့ မြင်မိလား။
ဖြေ ကျမအနေနဲ့ ပြောရမယ်ဆိုရင် အဲ့ဒီ ဖက်ရှင်တခုတည်းကြောင့်နဲ့ နေရာတနေရာကို ရောက်လာဖို့ဆိုတာ မလွယ်ပါဘူး။ အနုပညာအလုပ်က ဒီ့ထက် ပိုကျယ်ပြန့်နက်နဲပါတယ်။ အဓိကက ကျမရေးတဲ့ သီချင်းလေး တွေနဲ့ ကျမတင်ဆက်ပုံတွေနဲ့ ကျမရဲ့ဆိုရှယ်မီဒီယာ ယူကျုမှာတင်ထားတဲ့ Music Video လေးတွေနဲ့ပေါ့။ ကျမ ဒီအနုပညာကို သဘောကျတဲ့ ပရိတ်သတ်တွေရှိလာတဲ့အတွက်ကြောင့်မို့သာ ဆက်ပြီးတော့ ဒီလို ရပ်တည်နိုင် တာပါ။ အဲ့ဒီဖက်ရှင်ကြောင့် လူသိတယ်ဆိုတာက တစိတ်တဒေသမှန်တော့မှန်ပါတယ်။ ဖက်ရှင်ကိုကြည့်ပြီး အော် သူဒီလို ၀တ်ထားတာပါလားဆိုပြီး သူတို့စိတ်ဝင်စားတာတော့ရှိတယ်။ အဲ့ဒီရဲ့နောက်ကွယ်မှာ သူတို့တွေ တကယ်တမ်းကြည့်လာတဲ့အချိန်မှာ ကျမရဲ့ သီချင်းလေးတွေ ကျမတကယ် ရေးထားဆိုထားတဲ့ သီချင်လေး တွေ ကျမတင်ဆက်ပုံလေးတွေကို သူတို့ မြင်လာတဲ့အချိန်မှာ အဲ့ဒါဟာ ကျမကိုပိုပြီး အရှေ့ကို ဆက်လှမ်းနိုင် ဖို့အတွက် သွားဖို့အတွက် ရပ်တည်ဖို့အတွက် အားပေးတဲ့ ပရိတ်သတ်ရှိမှသာလို့ ကျမထင်ပါတယ်။ ကျမအနေ နဲ့ အဲ့ဒီဖက်ရှင်ကြီးကိုပဲ သိပ်ပြီးတော့ ခေါင်းထဲထားမနေဘူး။ လူတိုင်းနဲ့ မတူတဲ့ အမြင်တွေရှိတဲ့ထဲမှာ လူတိုင်း ပြောကြဆိုကြတာကို ကျမတယောက်တည်းမှ မဟုတ်ပါဘူး။ ဘယ်သူ့ကို ဖြစ်ဖြစ်ပေါ့နော်။ လမ်းသွားနေတဲ့သူ တယောက်ကိုလည်း လူတွေက ထိုင်ပြောရင်လည်း ပြောနေကြတာပဲ။ အဲ့တယောက်ကတော့ ပုံတုန်းကြီး၊ အဲ့တယောက်ကတော့ တအားလန်းလွန်းတယ်၊ လွန်လွန်းတယ်။ အဲ့တယောက်ကတော့ ရိုင်းတယ်။ မိုက်တယ် ပေါ့နော်။လူတွေက လမ်းပေါ်လျှောက်သွားနေတဲ့လူတွေကိုတောင် ပြောချင်ပြောနေကြတာ။ အဲ့တော့ ကျမအ နေနဲ့ ဖက်ရှင်ပိုင်းကို ပြောနေကြတာကို အရမ်းကြီးထွေထွေထူးထူး အာရုံထားပြီး အဲ့ဒါကို တွေးမနေပါဘူး။ အဓိက ကျမလုပ်စရာရှိတဲ့ နိစ္စဓူဝ သီချင်းရေးတယ်၊ ဆိုတယ်၊ ပရိတ်သတ်ကို သီချင်းတွေ ချပြဖို့အတွက် အဲ့ဒါကိုပဲ အဓိက ကျမအာရုံထားပါတယ်။
မေး အမွန်းရဲ့ တကိုယ်ရည်အမြင်တခုအနေနဲ့ အနုပညာတခုကို ဖန်တီးတဲ့အခါမှာ ဖက်ရှင်က ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်လဲလို့ သုံးသပ်မိလဲ။
ဖြေ ဖက်ရှင်ကတော့ တော်တော်ကို အရေးပါပါတယ်။ အဆိုရယ်၊ အကရယ်၊ သီချင်းရေးတာရယ် ပြီးရင်ဖက်ရှင် ကတော့ တွဲကို တွဲရတယ်။ ဘာလို့လည်းဆိုတော့ ဘယ်လောက်ပဲ အရည်အချင်းရှိပြီးတော့ တော်နေပါစေ။ အမြင်မှာ မျက်စိပသာဒ သိပ်မကျရင်လည်း ပရိတ်သတ်က ထင်သလောက် အားပေးမှုက မရှိကြဘူးပေါ့။ သီချင်းလေးတွေတော့ ကြိုက်တယ်ပေါ့။ အဲ့လိုဖြစ်တတ်တယ်။ လူကိုယ်တိုင်လည်း ဖက်ရှင်မှာ အားထုတ်ဖို့ လိုတော့ လိုပါသေးတယ်။ အဲ့တော့ ကျမကတော့ အဓိကက ကိုယ်ကိုယုံကြည်မှုပေးနိုင်မယ့် အ၀တ်အစား တွေကို ကျမ၀တ်တယ်။ ဘာလို့လည်းဆိုတော့ လူငယ်တယောက်အနေနဲ့ လူငယ်ပရိတ်သတ်တွေရဲ့ ရေစီး ကြောင်းကိုလည်း ကျမ လူငယ်တယောက်အနေနဲ့ သိပါတယ်။ အဲ့တော့ ဒီ လူငယ်တွေ သဘောကျ လူငယ်တွေ လက်ခံနိုင်တဲ့ အနေအထားနဲ့ မျက်စိအမြင်မှာ လူငယ်တွေအတွက် ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တခုကိုတော့ ကျမ ၀တ်လေ့ရှိပါတယ်။ အဓိကက ကျမ မြူးဇစ်နဲ့လိုက်တဲ့ ဖက်ရှင်ကို ကျမ စဉ်းစားပြီးတော့မှ ဖျော်ဖြေရေးနေရာ တွေမှာ ကျမ၀တ်ပါတယ်။ ဖက်ရှင်ပံ့ပိုးမှုအပိုင်းကတော့ ရာခိုင်နှုန်းတော်တော်မျာများ အရေးပါပါတယ်။
မေး အမွန်းရဲ့ ဒုတိယအယ်လ်ဘမ်ကို စီစဉ်နေပြီလို့လည်းသိရတယ်။ အမွန်းရဲ့ ပရိတ်သတ်တွေကို အဲ့ဒီသတင်းလေး ပေးပါဦး။
ဖြေ အောက်တိုဘာ တတိယပတ်မှာ ထွက်နိုင်အောင် ကြိုးစားနေတယ်။ Title ကိုတော့ အပီးသတ်ရွေးနေပါပြီ။ မကြာခင်တော့ ပရိတ်သတ်သိရတော့မှာပါ။ ပြီးရင် သီချင်း ဆယ်ပုဒ်ပါပါမယ်။ အဲ့ဒီထဲမှာ ကျမကိုယ်တိုင်ရေး ထားတဲ့ သီချင်း ၇ ပုဒ်ပါပါတယ်။ ကျမ ပရိတ်သတ်တွေကို ကျမ သီချင်း အသစ်တွေပေးချင်နေတာ ကြာပါပြီ။ မနှစ်က အောက်တိုဘာမှာ “မင်းပေးတဲ့အချစ်” ဒီဗီဒီ ထွက်ထားပါတယ်။ အဲ့တော့ တနှစ်ပြည့်တဲ့အချိန်မှာ ကျမ နောက်ထပ် အယ်လ်ဘမ်အသစ်ကို အော်ဒီယိုအနေနဲ့ ပရိတ်သတ်လက်ထဲကို ပေးမှာပါ။
ဧရာဝတီ
ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ်ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ
“ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင်
နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး
အရမ်းနှိမ်တာ…”
ပညာရေးအတွက် ဂျပန်သွားဖို့ ရည် ရွယ်ပြီး
ဂျပန်သံရုံးမှာ ဂျပန်စာသင်နေရင်း Sexy ဓါတ်
ပုံများနဲ့ အောင်မြင်နေတဲ့ မော်ဒယ်များကို အား
ကျပြီး ဆရာဂျွန်လွင် ဆီမှာ သင်တန်းတက်ဖြစ်ခဲ့ပါတယ်။ သင်တန်းကာလတလျှောက် သင်ခန်းစာများကို စိတ်မ၀င်စားခဲ့ဘဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ကာ သင်တန်းဆင်းပြီး ကျောင်းဆက်တက်ခဲ့ပါတယ်။
၂၀၁၁ မှာတော့ မိခင်ဖြစ်သူ လေဖြတ်ရောဂါခံစားခဲ့ ရခြင်းကြောင့် ဂျပန်သွားမည့် အစီအစဉ်ကို လက်လျှော့ကာ မော်ဒယ်လောကထဲ ခြေစုံပစ်ဝင်ခဲ့ပြီး ယနေ့မှာတော့ Sexy များနဲ့ Sexy Party များမှာ မပါမပြီး ဇာဇာထက်ဆိုတဲ့ နာမည်တခုကို ရယူပိုင် ဆိုင်နေပြီဖြစ်တဲ့ မော်ဒယ် ဇာဇာထက်က သူမအတွက် ကြိုးစားချင်စိတ်နဲ့ မခံချင်စိတ်တွေ အဓိကဖြစ်စေခဲ့တာ နာမည်ကြီး ဓာတ်ပုံဆရာတယောက်ကြောင့်လို့ ဆိုပါတယ်။
“ဇာ ဒီနှစ်ပိုင်းထဲမှာ Sexy ပုံတွေ Sexy Party တွေနဲ့ ပိုပေါက်လာခဲ့တယ်။ နောက် ဇာ ယုံကြည်တာက ဇာ့ကျောမှာ နေ့နံ မကိုက်ပေမယ့် ဇာကြိုက်လို့ထိုးထားခဲ့တဲ့ ကျားရုပ်လေးကြောင့်လို့လည်း ထင်တယ်။ ဇာ စလုပ်တုန်းကတော့ ကော့မန့်တွေ အများကြီးရတာပေါ့နော်။ တင်ကကြီး တယ်၊ ခါးကကြီးတယ်၊ ဘောလုံးသမား ဆိုဒ် အမျိုးမျိုးပေါ့။ ဒါတွေကို ဇာ ဘယ်လိုမှ မခံစားရဘူး။
ဒါပေမဲ့ နာမည်ကြီး ဓာတ်ပုံဆရာတယောက်ပဲ မောင်နှမလိုကို ခင်တာ။ သူက နွယ်နွယ်ထွန်းတို့ ပေါက်နေ တဲ့အချိန်မှာ ရိုက်ပြီးရင် ဘယ်သူက ဘယ်လိုလှတာ… ဖြူဖွေးနုဖက်နေတာပဲ … ဘယ်လို Sexy ဖြစ်တာဆိုပြီး လာလာပြော တယ်။ အဲတော့ ဇာလည်း ရိုက်ချင်တာပေါ့ နော်။ ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင် နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး အရမ်းနှိမ်တာ…
အခု ဇာ ကြိုးစားခဲ့တယ်။ ဖြစ်လာတယ်။ အဲတော့ ကျွန်မ ဖြစ်နေပြီဆိုပြီး သူ့ဖေ့စ်ဘွခ်မှာ သွား Add တယ်။ အရင်ကဆို သိပ်ခင်ခဲ့ကြတာ။ ဒါပေမဲ့ ဇာ့ကို Sexy Model အနေနဲ့ တကယ့်ကို ရွံရွံရှာရှာပုံစံမျိုးနဲ့ ကြည့်ခဲ့တာ။ သူသာ ဇာ့ကို ခုချိန်မှာ ရိုက် ပါမယ်လို့ဆိုခဲ့ရင် ဇာ အခုမပြောနဲ့ နောင် တသက်လုံးလည်း သူ့ကိုဆိုရိုက်ပေးမှာ မဟုတ်ဘူး။ သူက ဘာကို Jealousy ဖြစ်ပြီးတော့ ဇာ့ကို မုန်းနေမှန်း မသိဘူး။
သူက ဇာ့ကို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာရင် လည်ဖြတ်ခံလိုက် မယ်ဆိုပြီးပြောခဲ့တာ။ ရိုက်လည်း ဇာ့ပုံနဲ့ ဘယ်လိုမှ ထွက်မှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တာ။ လူတိုင်းကို သူအဲလိုထင်လို့မရဘူး ဆိုတာ ဇာပြချင်တာ။ သူပြောခဲ့တဲ့စကား တခွန်းက ဇာ့အတွက် တွန်းအားတွေ ဖြစ်စေခဲ့ပြီး ဇာအခုလိုဖြစ်လာတော့ သူမခေါ် ရဲတော့ဘူး” လို့ ရင်ဖွင့်ခဲ့ပါတယ်။
ဇာဇာထက်က ဓာတ်ပုံဆရာ နာမည်ပြောဖို့ ငြင်းဆန်ခဲ့ပေမယ့် သူ့ကို ၀တ်လစ်စားလစ်မော်ဒယ်ဖြစ်အောင် တွန်းပို့ပေးလိုက်သူက နာမည်သုံးလုံးနဲ့ လူငယ်ပိုင်းထဲက နာမည်ကြီး ဓာတ်ပုံဆရာလို့သာ ပြောခဲ့ပါတယ်။
MYN
News Watch
ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေတစ်သိန်း ချမှတ်
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏသီရီခရိုင်တရားရုံးက ယနေ့နံနက်တွင် ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ကျခံရန် အမိန့်ချမှတ်လိုက်သည်။
နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်မှုပုဒ်မ (၄၀၉)ဖြင့် ထောင်ဒဏ်သုံးနှစ်၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် ဒဏ်ငွေတစ်သိန်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် ယနေနံနက် ၁၁ နာရီဝန်းကျင်တွင် ဒက္ခိဏခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဦးဆန်းဆင့်ကို နိုင်ငံပိုင်ငွေအလွဲသုံးစားလုပ်မှုဖြင့် ၂၀၁၄ ဇွန်လ ၁၉ ရက်တွင် စတင်ဖမ်းဆီးစစ်ဆေးခဲ့ပြီး၊ တရားရုံးတင်စစ်ဆေးစဉ် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
စတင်ဖမ်းဆီးစစ်ဆေးတရားစွဲဆိုပြီး လေးလအကြာတွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းအား ပြစ်မှုများရုပ်သိမ်းပေးရန် လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးက လက်မှတ်ရေးထိုးတောင်းဆိုထားပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုတရားသူကြီးချုပ်ထံသို့ အဆိုပါတောင်းဆိုထားချက်နှင့်ပတ်သက်၍ သဝဏ်လွှာပေးပို့ထားသည်။
7 Day
စိန်ရတုအလွန် မြန်မာ့ရုပ်ရှင်ကောင်းကင်မှာ လင်းလက်ခဲ့သည့် ကြွေလွင့်ကြယ်တစ်ပွင့်
အကယ်ဒမီဒွေးသည် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြုခံရသူတစ်ဦးဖြစ်သည်။ စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်သော ဒွေးသည် ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ စတင်ခြေချခဲ့ပြီး ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်ရိုက်ဖြစ်ခဲ့ပါသည်။ ရုပ်ရှင်လောကထဲကို နာမည်ရင်း ထင်လင်း အမည်နှင့် ပထမဆုံးဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ဒွေးအမည်သို့ပြောင်းကာ ၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာကျော်ဟိန်း၏ “ဒုက္ခကို အရောင်ဆိုးတယ်” အမည်ရှိ မူး ယစ် ဆေးဝါးပညာပေးဗီဒီယိုကားနှင့် “ဝေလည်းမွှေး၊ ကြွေလည်းမွှေး ” ရုပ်ရှင်ဇာတ်ကားပရိသတ်အသိများပြီး စတင်အောင်မြင်ခဲ့သည်။
ဗီဒီယိုကားပေါင်းများစွာနှင့် ရုပ်ရှင်ကားပေါင်းများစွာရိုက်ကူးခဲ့သော စူပါမင်းသား တစ်ယောက် ဖြစ်လာခဲ့သည်။ ဒွေးသည် ၁၉၉၇ ခုနှစ်တွင် “အမေ့ခြေရာ”ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီရရှိခဲ့သည်။ ရုပ်ရှင်ကားကြီးပေါင်းများစွာ၊ ဗီဒီယိုကားပေါင်းများစွာ၊ ကြော်ငြာများကိုလည်း ရိုက်ကူးခဲ့ပြီး ဂီတလောကတွင်လည်း သီချင်းပေါင်းအပုဒ် ၃ဝ ကျော်ကို သီဆိုခဲ့သည်။ အချိန်မတိုင်မီ ကြွေလွင့်သွားခဲ့သည့် ဒွေးအတွက် ရုပ်ရှင်လောက တစ်ခုလုံးသာမက ပရိသတ်များပါ စိတ်မကောင်းကြီးစွာ ကရုဏာ ဖြစ်ကြရသည်။ (ဒွေးသည်နှလုံးရောဂါဖြင့် ၂ဝဝ၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၅ နာရီ၌ အမှတ် (၃၄- စီ)၊ အေးသာယာ လမ်း၊ ဘောက်ထော်နေ အိမ်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဒွေးသည် အသက် (၄၂) နှစ်ရှိပြီဖြစ် သည်။)
ထွဋ်မြတ်
Popular News
ပျဉ်းမနားပရိသတ်ကို တောင်းပန်တဲ့ Rဇာနည်
ပျဉ်းမနားနှစ်ကျိပ် ရှစ် ဆူပွဲနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ် တွင် တင်ခဲ့သော အကြောင်းအ ရာမှာ စနောက်၍ တင်ခဲ့ခြင်းဖြစ် ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပရိသတ်များကို တောင်းပန်ကြောင်း Rဇာနည်က ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုတော် Rဇာနည်က ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပျဉ်း မနားနှစ်ကျိပ်ရှစ်ဆူပွဲတွင် မိုးအ လင်းဖျော်ဖြေရသည့် အကြောင်း အရာကို ‘‘ပျဉ်းမနား မိုးဖင်မိုးလင်း ပွဲကြီး တိုက်ပွဲကြီးစရန် နာရီပိုင်း သာ လိုတော့သည်။ ကဲ..ကိုနိုင်ဇော် မျောက်ပွဲစပြီနော်’’ စသဖြင့် ရေးသားခဲ့ရာ ယင်းကိစ္စကို ပျဉ်းမနား ပရိသတ်များက မကျေနပ်သောကြောင့် ပျဉ်းမနားမြို့နယ် ဂီတ အစည်းအရုံးသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
‘‘ပျဉ်းမနားမှ ပရိသတ်ထု ကြီးအား ကျွန်တော်Rဇာနည်မှ အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ။ မည်သို့မှ နစ်နာသည့် ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်း မဟုတ်ပါ။ ကိုယ့် Wall ပေါ်မှာ ကိုယ့်Friends များနှင့် စနောက် လိုစိတ် ပိုပြီး ရေးမိခြင်းကြောင့် ချစ်လှစွာသော ပျဉ်းမနားတေး ချစ်ပရိသတ်ထုကြီးအား တောင်း ပန်ပါတယ်ခင်ဗျာ’’ ဟု အောက် တိုဘာ ၁၄ ရက်ညက Rဇာနည်၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။
အဆိုတော် Rဇာနည်သည် ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲတွင် ပထမဆုံးအကြိမ် သွားရောက် ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး နှစ်ရက်စ လုံးပရိသတ်စိတ်ကြိုက် မိုးအလင်းသီဆိုပေးခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သည့် ဇော်ပိုင်နှင့် နှစ်ယောက်တွဲဖျော်ဖြေပွဲ တွင် ပြောကြားခဲ့သည်။
7 Day
ပျဉ်မနား နှစ်ကျိပ်ရှစ်ဆူး ဘုရားပွဲတော်ကို မျောက်ပွဲတော်လို့ ပြောလို့ Rဇာနည်ကို ပြန်လည် တောင်းပန်ရန် ပျဉ်းမနားပြည်သူများ ဂီတအစည်းအရုံးကို တိုင်ကြား
ရန်ကုန်၊ အောက်တိုဘာ ၁၄။ ။R ဇာနည်၏ ရိုင်းပျမှုများကို ပြန်လည်တောင်းပန်ရန် ပျဉ်းမနားပြည်သူများက မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ တိုင်ကြား ထား သည်ဟု ပျဉ်းမနားမြို့နယ်၊ ဂီတအစည်းအရုံး ဥက္ကဌ ဦးအောင်သန်းက မဇ္ဈိမကိုပြောသည်။ ပျဉ်းမနားမြို့၏ အထင် ကရဘုရားပွဲတော်ဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်တွင် အဆိုတော် R ဇာနည်ကို ဖျော်ဖြေပေးနိုင်ရန် အတွက် ရန်အောင် (၁) ဝတ်ဖြူတော်အသင်းက အောက်တိုဘာ ၇ ရက်နှင့် အောက်တိုဘာ ၉ ရက်တို့တွင် ငှားရမ်းခဲ့သည်ဟု ၎င်းကပြောသည်။
ဓာတ်ပုံ-ဘိုဘို
ယင်းနှစ်ရက်တွင်R ဇာနည်သည် Sky Palace ဟိုတယ် တွင်တည်းခို ခဲ့ပြီး၎င်း ၏လူမှုကွန်ယက် စာမျက်နှင့်ပေါ် တွင် " ပျဉ်းမနားမိုးဖင်မိုးလင်းတိုက် ပွဲကြီးစရန် နာရီ ပိုင်း သာလိုတော့သည်။
ကဲ ကိုနိုင်ဇော်မျောက် ပွဲစပြီနော်"ဟုရိုင်း ပျသည့် စကားလုံးများပြောဆို ရေးသားခဲ့သည့်အပေါ်ပျဉ်းမနားမြို့သူမြို့သားများမှပျဉ်းမနားမြို့၏အထင်ကရပွဲတော် တစ် ခု ဖြစ်သည့် နှစ်ကျိပ် ရှစ်ဆူ ဘုရား ပွဲတော် ကိုမျောက်ပွဲ ဟု ခိုင်းနှိုင်း ထားခြင်းကို မကျေ နပ်သောကြောင့် ပျဉ်းမ နားမြို့နယ်ဂီတအစည်းအရုံးသို့တိုင်ကြား ခဲ့ခြင်းဖြစ်သည် ဟု ပျဉ်းမနားမြို့နယ်ဂီတအစည်းအရုံး မှဥက္ကဌဦးအောင် သန်းကပြောသည်။
“ပျဉ်းမနားမြို့မှာအောက်တိုဘာ၁၀ရက်မနက်က တည်း ကဆူနေတာ။ ပြည်သူပြည်သား တွေကသူတို့အထွတ်အမြတ်ထားတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကိုမျောက် ပွဲလို့ ခိုင်းနှိုင်းထားတဲ့ အပေါ်မှာမကျေနပ်ကြတာ။အဲဒါနဲ့ ကျွန် တော်တို့ ဂီတအစည်းအရုံးကိုလာတိုင်တော့ကျွန်တော် က ဗဟို ဂီတအစည်း အရုံးကိုဖုန်းနဲ့လှမ်း ဆက်ပြီး တိုင် လိုက် တယ်။
အဲဒါ မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) ကကျွန်တော် ကိုစာရွက်စာတမ်းနဲ့အထောက်အထားနဲ့တိုင်ပါဆိုလို့စာရွက်စာတမ်းအထောက်အထားတွေကိုအောက် တို ဘာ ၁၃ ရက် ညကားနဲ့ မြန်မာ နိုင်ငံ ဂီတ အစည်း အရုံး (ဗဟို) ကို ပို့ပေးလိုက်ပါပြီ။ ” ဟု ဦးအောင်သန်း ကပြော သည်။
ပျဉ်းမနားမြို့သူမြို့သားများအနေဖြင့် R ဇာနည် ၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပြန်လည် တောင်းပန်ပါက ကျေနပ်သွားမည်ဖြစ်သည် ဟု၎င်းကဆိုသည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှဒုဥက္ကဌဦးလွင်မြင့် က “ အောက်တိုဘာ ၁၃ ရက်က ကျွန်တော် တို့ဗဟိုကိုဖုန်းဆက်ပြီးပျဉ်းမနားဂီတအစည်းအရုံးကလှမ်း တိုင် ပါတယ်။ စာရွက်စာတမ်းတော့ မရောက်သေးပါဘူး။ စာ ရွက်စာတမ်း ရောက်ရင်တော့ကာယကံရှင်ကိုခေါ်မေးပြီးသူဖြေတဲ့အဖြေအပေါ်မူတည်ပြီးဆုံးဖြတ် သွားမှာ ပါ။အဲဒီကနေအများရဲ့ဆန္ဒ၊ကာယကံရှင်ရဲ့အဖြေအပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာပါ R ဇာနည်ကရမ်းရမ်းကားကားမဟုတ်ပါဘူး။အတိုင်ခံရတာလည်း တစ်ခါမှ မရှိခဲ့ ဘူး။ ပညာပေးသဘော လေးနဲ့ပဲ ဆောင်ရွက်သွားမှာပါ ” ဟု မဇ္ဈိမသို့ပြောသည်။
မြန်မာနိုင်ငံဂီအစည်းအရုံး (ဗဟို) ရှိညှိနှိုင်းဖြေရှင်းရေးေ က်ာမတီသည် အဆိုတော် R ဇာနည် နှင့်မြို့ ခံကာယကံ ရှင် များ၏အဖြေပေါ်မူတည်ပြီးညှိနှိုင်းဆောင် ရွက်ပေး သွားမည်ဟု ၎င်းကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး Rဇာနည်အားမဇ္ဈိမမှဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာ Rဇာနည်၏ဇနီးမှRဇာနည်ခရီးသွားနေကြောင်းနှင့်ပျဉ်းမနားကိစ္စနှင့်ပတ်သက် ပြီး မည်သို့မျှ ပြောကြားလိုခြင်းမရှိဟု ဖြေကြားခဲ့သည်။
R ဇာနည် သည်ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ် ဆူဘုရား ပွဲတွင် ချမ်းချမ်း၊ ဝိုင်းစုခိုင်သိန်း၊ ဖြူဖြူကျော်သိန်း၊ နိုင်ငံကျော် အဆိုတော် များစွာနှင့် ပါဝင်သီဆို ဖျော်ဖြေ ခဲ့ခြင်းဖြစ်သည်။
Mizzima
ဦးလှဆွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါင်းပုဝါနဲ့ ဂါရဝပြု
လွှတ်တော် မင်းသားကြီး ဦးလှဆွေက သီတင်းကျွတ်အခါသမယမှာ မြန်မာတို့ရဲ့ ထုံးစံဓလေ့အတိုင်း သက်ကြီး ဂါရဝ ပြုမှု တခု လုပ်ခဲ့ပါတယ်။
ဓာတ်ပုံ- ဦးလှဆွေ/ ဖေ့စ်ဘုတ်
ဦးလှဆွေက လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူ့ဖေ့စ်ဘုတ်ပေါ်မှာ တင်လာတဲ့ ပို့စ်မှာတော့ သူ့ရဲ့ သက်ကြီး ဂါရဝ ပြုခံ ပုဂ္ဂိုလ်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါဘဲ။
ဒေါ်အောင်ဆန်း စုကြည်ကို ဦးလှဆွေက ဘာပစ္စည်းနဲ့ ကန်တော့လည်းဆိုတာကတော့..
"သီတင်းကျွတ်ဆိုတော့ သက်ကြီးတဲ့ သူ ဝါကြီးတဲ့ သူတွေကို ဂါရဝပြုရတာပေါ့ ။ ဒီနေ့ လွှတ်တော်ပြီး
တော့ အမကြီးဒေါ်အောင်ဆန်းစုကြည်ကို ယောထမီ နဲ့ ဒေါင်းပုဝါ ဂါရဝ ပြုပါတယ် ။ အမကြီးက ဆုပေးပါတယ်၊ ကျန်းမာချမ်းသာပါစေ တဲ့ဗျား။ ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ " ဆိုပြီး ဦးလှဆွေက ရေး ထားပါတယ်။
အိမ့်သံစဉ် ~
ဧရာဝတီ
ဇာတ်ပို့ နေရာ ရိုက်ကူးမည် မဟုတ်ဟု ဝင့်ယမုံလှိုင် ပွင့်လင်းစွာပြော
ရန်ကုန်၊ စက်တင်ဘာ ၂၆။ MRTV 4 မှ ရိုက်ကူးသည့် The Sing Of Love ဇာတ်လမ်းတွဲနှင့် လူသိများလာသည့် သရုပ်ဆောင် ဝင့်ယမုံလှိုင်က ဇာတ်ပို့ နေရာမှ ရိုက်ကူးရန် ကမ်းလှမ်း လာပါက လက်ခံ ရိုက်ကူးသွားမည် မဟုတ်ဘဲ အဓိက ဇာတ်ဆောင် နေရာမှသာ လက်ခံ ရိုက်ကူး မည်ဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။
"ကမ်းလှမ်းတဲ့ ဇာတ်တွေကို သေသေချာချာ စိစစ် ပါတယ်။ သမီးကို ယုံကြည်တဲ့ ထုတ်လုပ်ရေးတွေ၊ ပရိသတ်တွေ အတွက် ကမ်းလှမ်း လာတဲ့ အလုပ်တွေ အပေါ် အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင် ပါတယ်။ ဇာတ်ပို့ နေရာကတော့ ဘယ်အချိန် မျိုးမှာပဲ ဖြစ်ဖြစ် လာကမ်းလှမ်း ရင်တော့ လုပ်ဖြစ်မယ် မထင်ပါဘူး။ အဲဒီ နေရာကနေ သရုပ်မဆောင် ဘူးလို့ စိတ်ဆုံး ဖြတ်ထား လို့ပါ။ ကျန်တာ ဘာအကြောင်းမှ မရှိပါဘူး။ ရလာတဲ့ ဇာတ်ရုပ် တိုင်းကိုတော့ အကောင်း ဆုံး ဖြစ်အောင် သရုပ်ဆောင် သွားမှာပါ"ဟု ၎င်းက ပြောသည်။
၎င်း၏ ပထမဆုံး ဗီဒီယို ဇာတ်ကား ဖြစ်သည့် "Good Luck" ဗီဒီယို ဇာတ်ကားသည် သြဂုတ်လ ၂၇ ရက်က ထွက်ရှိခဲ့ထား ခဲ့သည်။ ယင်းအပြင် ၂၀၁၄ ခုနှစ် အတွင်းတွင် စိုင်းစိုင်းခမ်းလှိုင်နှင့် အတူ သရုပ်ဆောင် ရိုက်ကူးထားသည့် " ဧဒင်ရဲ့ နတ်သမီး" ရုပ်ရှင် ဇာတ်ကားကို ရုံတင် ပြသသွားမည်ဟု ဝင့်ယမုံလှိုင် က ပြောသည်။
အသစ်တစ်ယောက် ဖြစ်သည့် အတွက် မည့်သည့် အလုပ်ကို လုပ်သည်ဖြစ်စေ စိုးရိမ်စိတ် အမြဲတမ်း ရှိနေပြီး စိုင်းစိုင်းခမ်းလှိုင်နှင့် တွဲဖက် သရုပ်ဆောင် ရသည့် အချိန်က စိုင်းစိုင်းခမ်းလှိုင်၏ သရုပ်ဆောင်မှု များကို အမီလိုက်ကာ သရုပ်မဆောင် နိုင်မည်ကို စိုးရိမ် ခြင်းကြောင့် " ဧဒင်ရဲ့နတ်သမီး" ရုပ်ရှင်ကားကို စိတ်နှစ်၍ ကြိုးစား သရုပ်ဆောင် ထားသည်ဟု ပြောသည်။
လက်ရှိတွင် မင်းမော်ကွန်း၊ ရာဇာနေဝင်း၊ သားညီ တို့နှင့်အတူ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးသည့် "မှော်ဝင်မြို့ပြ" ဇာတ်ကားတွင် အဓိက ဇာတ်ဆောင် အနေဖြင့် ပါဝင် သရုပ်ဆောင်လျက် ရှိသည်။ ဝင့်ယမုံလှိုင်သည် MRTV 4 မှ ရိုက်ကူးသည့် The Sing Of Love ဇာတ်လမ်း တွဲတွင် မာယာချို ဇာတ်ကောင်ဖြင့် ပရိသတ် စိတ်ဝင်စားမှု ရရှိခဲ့သူ ဖြစ်သည်။
Mizzima
သမ္မတဦးသိန်းစိန်နှင့် ဒုတိယသက်တမ်း
အကြံပေးအချို့က သမ္မတဦးသိန်းစိန်အတွက် သုတေသနအကြံပြုစာတမ်းတစ်စောင် ရေးပေးခဲ့သည်ဟု ကြားသိရသည်။ ကြားဖြတ်ရွေးကောက်ပွဲအပြီး လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အဆိုပါအကြံပြုစာတမ်း ရေးပေးခဲ့ခြင်းဖြစ်သည်ဟု စာတမ်းကို လေ့လာခွင့်ရသူများက ဆိုသည်။
စာတမ်းတွင် အကြံပေးအချို့ပေးသော နောက်သက်တမ်းအတွက် အကြံပြုချက်များပါဝင်ကြောင်း ယင်းစာတမ်းကို လေ့လာခွင့်ရသူအချို့ကဆိုသည်။
၂၀၁၅ တွင် သမ္မတအဖြစ် ဆက်လက်တာဝန်ယူနိုင်ရန် အရပ်ဘက်အဖွဲ့အစည်းများကို စည်းရုံးရန်နှင့် လူငယ်များကို စည်းရုံးရန်၊ ပါတီသစ်တည်ထောင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ရန်တို့ဖြစ်သည်။
အဆိုပါစာတမ်းတွင် ဦးကျော်သူ(နာရေးကူညီမှုအသင်းဥက္ကဋ္ဌ)အနေဖြင့် ၂၀၁၅ ၌ ရွေးကောက်ပွဲဝင်ပါက အနိုင်ရနိုင်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ အရေးပါပုံကို ဥပမာပေးရေးသားထားကြောင်းလည်း ထိုစာတမ်းကို ဖတ်ရှုဖူးသူတစ်ဦးကဆိုသည်။
ထို့အတူ ကမ္ဘာတွင်သြဇာရှိသော ခေါင်းဆောင်အချို့ ဒေသတွင်းသြဇာရှိသော ခေါင်းဆောင်အချို့နှင့် ပြည်တွင်းမှ ပညာရှင်အချို့ကမူ နိုင်ငံတော်သမ္မတအား ဒုတိယသက်တမ်းအတွက် အကြံပြုမှုများရှိသည်ဟု အဆိုပါအရာရှိကြီးကဆိုသည်။
ထိုစာတမ်းပါ အချက်အလက်အချို့နှင့် လက်ရှိသမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက်များကို လေ့လာကြည့်ပါက လက်ရှိသမ္မတဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ဒုတိယသမ္မတသက်တမ်းအတွက် အပြင်အဆင်မှာ စိတ်ဝင်စားစရာ အလွန်ကောင်းနေသည်။
သမ္မတဦးသိန်းစိန်အနေဖြင့် တိတိကျကျ ပြောဆိုဖြေကြားထားခြင်း မရှိသေးပေ။
မကြာသေးမီက သွားရောက်ခဲ့သော ဥရောပသုံးနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် NZZ သတင်းထောက်က သမ္မတဦးသိန်းစိန်ကို ဒုတိယသက်တမ်းအတွက် အလားအလာ ရှိ၊ မရှိ မေးမြန်းခဲ့သည်။
ထိုမေးခွန်းနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်က ‘‘ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော် အနားယူချင်ပါပြီ။ ဒါပေမဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ဘာကအကောင်းဆုံးလဲဆိုတာ စဉ်းစားရမှာပဲ’’ဟု ဦးသိန်းစိန်ကပြောဆိုသည်။
ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် သမ္မတဦးသိန်းစိန်တို့ နောက်ဆုံးတွေ့ဆုံရာတွင် ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်က သမ္မတအား ဒုတိယသက်တမ်း ဆက်လက်လုပ်ဆောင်ရန် အကြံပြုရာတွင်လည်း တိုင်းပြည်ကလိုအပ်၍ ပြည်သူကတောင်းဆိုပါက ဆက်လက်ဆောင်ရွက်ပါမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
သမ္မတဦးသိန်းစိန်အနေဖြင့် သမ္မတတာဝန်ထမ်းဆောင်ပြီး ၂ နှစ်ခွဲကျော်ကာလတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုများပြုလုပ်လာခဲ့ပြီး လူငယ်ရေးရာများလည်း ဆောင်ရွက်လာခဲ့သည်။
သမ္မတဦးသိန်းစိန်အနေဖြင့်လည်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်နှင့် တွေ့ဆုံမှုပြုလုပ်လာခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း လူထုအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
‘‘အရပ်ဘက်အဖွဲ့အစည်းတွေထဲက လူထုနဲ့ တစ်သားတည်းဖြစ်တဲ့ အသင်းတွေက နိုင်ငံရေးမှာ အရေးပါတယ်။ ဥပမာ ဆွမ်းလောင်းအသင်းလိုမျိုးတောင် လျှော့တွက်လို့မရဘူး’’ဟု အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးတွင် အရေးပါပုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ်ဦးမြင့်ဦးက သုံးသပ်သည်။
နိုင်ငံတော်သမ္မတအနေဖြင့်လည်း လူငယ်ထုနှင့်ပတ်သက်၍ ယခုနောက်ပိုင်း သိသိသာသာ ဆောင်ရွက်မှုများ ရှိလာသည်။ ကင်းထောက်လူငယ် ပြန်လည်ဖွဲ့စည်းခြင်းနှင့် လူငယ်စင်တာတည်ထောင်ခြင်းတို့ အပါအ၀င် ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် အသက်(၄၀)မှ အသက်(၁၈)နှစ်ကြား လူဦးရေမှာ တစ်နိုင်ငံလုံးမဲပေးနိုင်ခွင့်ရှိသူ ထက်ဝက်ကျော်ရှိသည်။
ထိုသူများမှာ နည်းပညာကျွမ်းကျင်မှုနှင့် လုပ်နိုင်ကိုင်နိုင်ရှိမှုတို့ကြောင့် ၂၀၁၅ တွင် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်။
ထို့ကြောင့် NGO အများစုမှာ လူငယ်များအား နိုင်ငံရေးသင်တန်းပေးသည့် သင်တန်းကျောင်းများနှင့် သင်တန်းများ များပြားလာကြောင်း ရခိုင်အမျိုးသားပါတီမှ ဗဟိုကော်မတီဝင် ကိုခိုင်ကျော်မိုးက သုံးသပ်သည်။
‘‘Local NGO တွေ အများကြီး ပေါ်လာတယ်။ အသက်(၄၀)အောက် လူငယ်တွေကို နိုင်ငံရေးသင်တန်းပေးတဲ့ သင်တန်းတွေ လုပ်တာများလာတယ်။ ကျန်းမာရေးကဏ္ဍတို့၊ လယ်ယာကဏ္ဍတို့လုပ်တဲ့ NGO က တော်တော်နည်းပါတယ်’’ဟုလည်း ၎င်းကပြောသည်။
သမ္မတ၏ ၂ နှစ်ခွဲပြည့်မိန့်ခွန်းတွင် သူကျန်ရှိသော သက်တမ်းကာလအတွင်း အဓိကလုပ်ဆောင်မည့်လုပ်ငန်းတွင် ငြိမ်းချမ်းရေးနှင့် လူငယ်ကဏ္ဍတို့ကို အဓိကလုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။
‘‘ငြိမ်းချမ်းရေးက သမ္မတကိုင်ထားတဲ့ ဖဲပဲ။ ဂျိုကာဖဲ’’ဟု မော်လမြိုင်အခြေစိုက် လူမှုရေးနှင့်နိုင်ငံရေးသင်တန်းများ ပေးနေသော NEI ကျောင်းဥက္ကဋ္ဌ ကိုကျော်စံဝင်းကဆိုသည်။
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့အနေဖြင့်လည်း သမ္မတဦးသိန်းစိန်အား ဒုတိယသက်တမ်း ဆက်လက်လုပ်ဆောင်စေလိုသူများရှိသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများအား သမ္မတဦးသိန်းစိန်နှင့်သာ ဆက်လက်ဆွေးနွေးလိုသည့် သဘောထားမျိုး တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့ထံတွင် တွေ့ရသည်။
‘‘တိုင်းရင်းသားခေါင်းဆောင်အချို့က ဦးသိန်းစိန်နဲ့ပဲ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လုပ်ချင်တဲ့ သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်အပေါ် သြဇာညောင်းလို့’’ဟု နိုင်ငံရေးလေ့လာသူ တပ်မတော်အရာရှိဟောင်း ကိုရဲမိုးက သုံးသပ်သည်။
လက်ရှိ တပ်မတော်အရာရှိများအနေဖြင့်လည်း သမ္မတဦးသိန်းစိန်အား သဘောကျသူများပြီး တပ်မတော်၏ ထောက်ခံမှုရရှိထားသူလည်း ဖြစ်သည်။ သမ္မတဦးသိန်းစိန်အနေဖြင့် ပြီးခဲ့သည့်လက သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်တွင် တပ်မတော်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ၏ ပြည်ပခရီးစဉ်တွင် ဖြေကြားချက်အပြောမှာ နိုင်ငံအတွင်းရှိ ပြည်သူအချို့အတွက် ရယ်မောစရာဟာသတစ်ခုဖြစ်ခဲ့သလို အချို့အတွက်လည်း ဒေါသဖြစ်စရာ ဖြစ်ခဲ့သည်။
မန္တလေးမြို့မှ တက်ကြွလှုပ်ရှားသူအချို့က ဝေဖန်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းမှာ ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ပိုင်ခွင့်ရှိသည်။
ထို့ကြောင့် သမ္မတဦးသိန်းစိန်အနေဖြင့် ၂၀၁၅ တွင် ရွေးကောက်ပွဲဝင်လိမ့်မည်မဟုတ်ဘဲ တပ်မတော်၏ ကျောထောက်နောက်ခံ ပါဝင်လှုပ်ရှားနိုင်ခြေများသည်ဟုလည်း လေ့လာသူအချို့ကဆိုသည်။
လက်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌရာထူးကို သူရဦးရွှေမန်းက တာဝန်ယူထားပြီး သူ့အနေဖြင့်လည်း ၂၀၁၅ ခုနှစ်တွင် သမ္မတအဖြစ် တာဝန်ယူလိုကြောင်း တရားဝင်ပြောထားသည့်အတွက် ဦးသိန်းစိန်အနေဖြင့် ပါတီမှဝင်ရောက်အရွေးခံရန်မှာ မလွယ်ကူသည့်အနေအထားဖြစ်သည်။
ထို့ကြောင့် သမ္မတ၏ ၂၀၁၅ ခုနှစ်တွင် ဆက်လက် သမ္မတလုပ်ဆောင်ရန်အတွက် အရေးကြီးသည်မှာ တပ်မတော်နှင့် တိုင်းရင်းသားများအပေါ် များစွာမူတည်သည်။ ထို့အပြင် သူ့သက်တမ်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်အောင် ဆောင်ရွက်နိုင်မှသာ အခြေအနေကောင်းမည့် အနေအထားဖြစ်သည်။ သမ္မတဦးသိန်းစိန်အနေဖြင့် သက်တမ်းကာလ ၁၈ လသာ ကျန်တော့သည့် ယခုအချိန်တွင် ပွင့်ပွင့်လင်းလင်း ပြောရမည့်အချိန်ရောက်နေပြီဖြစ်သည်
7 Day
Online Shopping လုပ်ငန်း လုပ်တော့မယ့် အေသင်ချိုဆွေ
အေသင်ချိုဆွေက စီးပွားရေး တစ်ခု လုပ်ဖို့ စီစဉ်နေပြီး ဘန်ကောက်က နေအင်္ကျီတွေ သွင်းကာ Online Shopping အနေနဲ့ ရောင်းချဖို့ စီစဉ်နေတာ ဖြစ်ကြောင်း သိရ ပါတယ်။ အမျိုးသမီး ခေတ်ပေါ် ဖက်ရှင် ဒီဇိုင်းများကို Online Shopping အနေနဲ့ ရောင်းချမယ့် အပေါ် အေသင်ချိုဆွေ က “အနုပညာ အလုပ် လုပ်ရင်းနဲ့ စီးပွားရေး ဘက်ကို စမ်းကြည့်ချင်တာပါ။ အခုလည်း Online Shopping တွေ တအား ခေတ်စားနေတယ်။ ကိုယ်ကိုယ်တိုင် ကလည်း ဘန်ကောက် မှာ အင်္ကျီ တွေ သွားဝယ်ပြီး ဖက်ရှင် ဘက်ကို စိတ်ဝင်စားနေတော့ လုပ်ကြည့်ချင် တာပါ။ ဆိုင်နာမည် ကတော့ ဘယ်လို ပေးရမှန်း မသိသေးဘူး။ တိုင်ပင်နေ တုန်းပဲ။ လုပ်ဖြစ်ရင်တော့ အွန်လိုင်း မှာလည်း အသိပေးမှာပါ။ အနုပညာအသိုင်း အဝိုင်းထဲက ကိုယ်နဲ့သိတဲ့ သူတွေကို လိုက်စပ်ပြီး အရင်ဆုံး လုပ်ဖြစ်မှာပါ။ မိန်းကလေး အတွက် ဖက်ရှင်တွေ ဦးစားပေး တင် မှာပါ။ အခုခေတ် ခေတ်စားနေတဲ့ ပုံစံမျိုးတွေ တင်မယ်။ နောက်ပိုင်းမှာ ဒါလုပ်ကြည့်လို့ အောင်မြင်တယ် ဆိုရင် USA Brand တွေလည်း တင်ဖို့ အစီအစဉ် ရှိပါတယ်” လို့ ပြောပါတယ်။
အနုပညာ နဲ့ စီးပွားရေး လုပ်ငန်းကို မျှတအောင် လုပ်ကိုင် သွားမှာဖြစ်ကြောင်း ကိုလည်း အေသင်ချိုဆွေက “အနုပညာ အလုပ်က လုပ်နေဦးမှာပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ စီးပွားရေး တစ်ခု၊ နေ့စဉ် ပုံမှန်ဝင်ငွေပေါ့။ အဲဒါမျိုးလေး လက် ငုတ်လက်ရင်း ရှိနေတယ် ဆိုတာမျိုး ဖြစ်စေချင်တယ်။ အနုပညာ အလုပ်ကျတော့ ဒီအလုပ်ပဲ တစ်ချိန်လုံး အား ကိုးနေလို့မရ ဘူး။ ရေရှည် ကိုယ့်ဘဝ လျှောက် ဖို့အတွက်က ရှိသေးတယ်။ နေ့စဉ်နေ့တိုင်း ကိုယ်လုပ်ရမယ့် လုပ်ငန်း တစ်ခုတော့ လုပ်ရမယ် ဆိုပြီး ဆုံးဖြတ် လိုက်တာပါ” လို့ အေသင်ချိုဆွေက စက်တင်ဘာ လကုန်မှာ ဘန်ကောက်မှာ ပစ္စည်း တွေ သွားဝယ်တော့ မှာဖြစ်ပြီး Online Shopping လုပ်ငန်း ကိုမကြာမီ စတင်တော့ မှာဖြစ် ကြောင်း သိရပါတယ်။
ခိုင်ဝေလွင်
Popular
ချောက်ကမ်းပါးပေါ်မှ ရေထဲ ဒိုင်ဗင်ထိုးချလို့ နားစည်ကွဲသွားတဲ့ ဂျပ်စတင်ဘီဘာ
ကနေဒါအ ဆိုတော် ဂျပ်စတင်ဘီဘာက ၎င်း သည် ချောက်ကမ်းပါးပေါ်မှ ရေ ထဲသို့ ဒိုင်ဗင်ထိုးချစဉ် နားစည်ကွဲ ၍ ခွဲစိတ်ကုသမှုခံယူရဖွယ် ရှိ သည်ဟု စက်တင်ဘာ ၂၄ ရက် တွင် ၎င်း၏ တွစ်တာစာမျက်နှာ၌ ပြောကြားခဲ့သည်။
‘‘ချောက်ကမ်းပါးကနေ ရေ ထဲကို ဒိုင်ဗင်ထိုးခဲ့တဲ့အချိန်မှာ နားစည်ကွဲသွားခဲ့တယ်။ ခွဲစိတ် ကုသမှု ခံရနိုင်တယ်လို့ ဆရာဝန် တွေက ပြောတာပဲ။ ကျွန်တော့် နားစည်က သိပ်အဆင်မပြေပေ မယ့် ပရိသတ်ကြီးအတွက်တော့ တေးသီချင်းသစ် ဖန်တီးနေဆဲပါ’’ ဟု ဂျပ်စတင်ဘီဘာက ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားခဲ့ သည်။
အဆိုတော် ဂျပ်စတင်ဘီဘာ က ဘယ်အချိန်၊ ဘယ်နေရာ၌ မတော်တဆမှု ဖြစ်ပွားခဲ့သည်ကို မူ ထုတ်ဖော်ပြောကြားခြင်း မရှိ ပေ။
အနည်းငယ်မြင့်မားသော နေရာတစ်နေရာမှ ရေထဲသို့ ခုန် ချစဉ် ရုတ်တရက် ဖြစ်ပေါ်လာသော ဖိအားအပြောင်းအလဲ ကြောင့် နားစည်ကွဲတတ်သည်ဟု သိရသည်။
Ref: Mirror
7Day
စံချိန်တင်ဟက်ထရစ်ဂိုးနှင့် ရှေ့တွင်စောင့်ကြိုနေသည့် စိရော်နယ်ဒိုအတွက် မှတ်တိုင်များ
ရီးရဲလ်မက်ဒရစ်သို့ ၂ဝဝ၉ခုနှစ် ဇွန်လတွင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈ဝဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် ဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့သည့် စီရော်နယ်ဒိုသည် ဘာနေဗျူးတွင် ကုန်ဆုံးခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ကုန်ကျထားသော ငွေကြေး နှင့်တူညီစွာ သူ၏သွင်းဂိုးများဖြင့် ပေးဆပ်နိုင်ခဲ့သူဟုပင် ဆိုရပေမည်။
၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီ၏ ပွဲစဉ်လေးပွဲကစားပြီးချိန်တွင် အသင်းအတွက် ကိုးဂိုးသွင်းယူပေး နိုင်ခဲ့သည့် စီရော်နယ်ဒိုသည် တစ်ပတ်အတွင်း ခုနစ်ဂိုးသွင်းယူထားနိုင်ခဲ့ပြီး အယ်လ်ချီ ကို အနိုင်ရသည့်ပွဲတွင် လေးဂိုး၊ ဒီပို့တီဗိုနှင့်ပွဲတွင် သုံးဂိုးသွင်းယူခဲ့ကာ ရီးရဲလ်အတွက် (၂၅) ကြိမ်မြောက် ဟက်ထရစ်ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။
ဒီပို့တီဗိုဘက်သို့ ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် စီရော်နယ်ဒိုသည် (၂၄)ကြိမ် မြောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့သူဖြစ်ခဲ့ပြီး ဂန္ထဝင်ကစားသမား ပူးစ်ကပ်၏ (၂၃) ကြိမ်ကို ချိုးဖျက်နိုင်ခဲ့သော်လည်း (၂၈)ကြိမ်ဖြင့် စံချိန်တင်ထားသည့် ဒီစတီဖာနို၏စံချိန်ကိုမီရန် သုံးကြိမ်လိုနေသေးသည်ကို တွေ့ရသည်။
လာလီဂါပြိုင်ပွဲများတွင် ဟက် ထရစ် အများဆုံးသွင်းထားသူမှာ ရီးရဲလ်မက်ဒရစ်မှ ဒီစတီဖာနိုနှင့် ဘီလ်ဘာအိုအသင်းမှ ဂန္ထဝင်ကစားသမား တိုက်စစ်မှူး ဇာရာတို့ဖြစ်ကြပြီး (၂၂)ကြိမ်စီရယူထားနိုင်ခဲ့ခြင်း ကြောင့် လာလီဂါဟက်ထရစ် (၂၁)ကြိမ်ရရှိပြီးဖြစ်သည့် စီရော်နယ်ဒိုအနေဖြင့် အဆို ပါစံချိန်များကို ကျော်ဖြတ်ရန်မှာ မခက်ခဲတော့ပေ။ စီရော်နယ်ဒိုနောက်တွင် မက်ဆီမှာ (၁၉)ကြိမ်ဖြင့် ရပ်တည်နေပြီး ပြိုင်ဘက်၏ကျော်ဖြတ်နိုင်မှုကိုပါ သတိပြုရပေမည်။
ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းပြန်လည်ရရှိလာ သည့် စီရော်နယ်ဒိုသည် စံချိန်ကောင်းများရရှိထားသူဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၃-၁၄ ဘောလုံးရာသီတွင် ၁၇ဂိုးသွင်းယူကာ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။
ယခုနှစ် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ် တွင် ဘေဆယ်လ်ဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် စီရော်နယ်ဒိုမှာ ဥရောပပြိုင်ပွဲ များ၌ ၆၈ဂိုး မြောက်အဖြစ် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စံချိန်တင်ထားသည့် ရာအူးလ်၏ သွင်းဂိုးထက် သုံးဂိုးသာလျော့နည်းနေမှုကြောင့် ယခုနှစ်ဘောလုံးရာသီတွင် ရာအူးလ်၏စံချိန်ကို ကျော်ဖြတ်သွားနိုင်ဖွယ်ရှိနေသည်။
ဥရောပစူပါဖလားပြိုင်ပွဲတွင် ဆီဗီလာဘက်သို့ နှစ်ဂိုးနှင့် အုပ်စုအဖွင့်ပွဲစဉ်တွင် ဘေဆယ်အသင်းဘက်သို့ တစ်ဂိုးသွင်းယူထားနိုင်ခဲ့ခြင်းတို့ကြောင့် အင်ဇာဂီ၏သွင်းဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
စပိန်ကစားသမားဟောင်း ရာအူးလ်သည် ၁၉၉၄ မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း ရီးရဲလ်မက်ဒရစ်အတွက် ၃၂၃ဂိုးသွင်းယူနိုင်ခဲ့ကာ ဒီစတီဖာနိုက ၃ဝ၈ဂိုး၊ ဆန်တီလာနာက ၂၉ဝဂိုး နောက်တွင် စီရော်နယ်ဒိုက ၂၆၄ဂိုး ဖြင့် ရပ်တည်နိုင်ခဲ့ပြန်သည်။
လက်ရှိ စီရော်နယ်ဒိုပိုင်ဆိုင်ထားသည့် မှတ်တမ်းများမှာ ဂန္ထဝင်ကစားသမားများကို အမီလိုက်ရန် ပွဲများစွာ လိုအပ်နေသေးပြီး ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီတွင် ပွဲစဉ်ပေါင်း ၅၆ပွဲယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသေးသည်။
သွင်းဂိုးအများဆုံးဖြင့် ထိပ်ဆုံး၌ရပ်တည်နေခဲ့သူ ရာအူးလ်သည် ပွဲပေါင်း ၇၄၁ပွဲ ကစားပြီးချိန်၌ ၃၂၃ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စီရော်နယ်ဒိုမှာ ၂၅၄ပွဲ ကစားပြီး ချိန်တွင် ၂၆၄ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သောကြောင့် လက်ရှိ ဥရောပလိဂ်ပြိုင်ပွဲများ၌ ကစားသည့်ပွဲအရေအတွက်နှင့် သွင်းဂိုးနှုန်းတွင် ထိပ်ဆုံး၌ရပ်တည်နေသူဖြစ်သည်။
ယခုနှစ် ရီးရဲလ်မက်ဒရစ်အသင်း၏ အပြောင်းအရွှေ့ပေါ်လစီကြောင့် မန်ယူအ သင်းသို့ ပြန်လည်ရောက်ရှိမည်ဟု သတင်းများထွက်ပေါ်နေသော စီရော်နယ်ဒိုသည် လာလီဂါသွင်းဂိုး ၁၈၆ဂိုးရယူနိုင်ခဲ့ပြီဖြစ်ကာ လာလီဂါသွင်းဂိုးအများဆုံးကစားသမား ဖြစ်ရန် ကြိုးစားရဦးမည်ဖြစ်သည်။
လက်ရှိတွင် ဇာရာက ၂၅၁ဂိုးဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဒီစတီဖာနို(၂၂၇)၊ ရာအူးလ် (၂၂၈)၊ ဟူဂိုဆန်းချက်ဇ်(၂၃၄)၊ မက်ဆီ (၂၄၆)ဂိုးစီဖြင့် အစဉ်လိုက်ရပ်တည်နေခဲ့သောကြောင့် မက်ဆီမှာ ဇာရာ၏ ဂိုးသွင်း အများဆုံးစံချိန်ကို ချိုးဖျက်ရန် နီးစပ်နေပြီး ရော်နယ်ဒိုမှာ အရေအတွက် ကွာဟနေဆဲ ပင်ဖြစ်သည်။
၂ဝ၁၁-၂ဝ၁၂ ဘောလုံးရာသီတွင် ရီးရဲလ်အသင်းအတွက် တစ်ရာသီတည်း ၄၆ ဂိုးသွင်းယူပေးနိုင်ခဲ့သည့် စီရော်နယ်ဒိုမှာ ဘာစီလိုနာအသင်း၏ တစ်ရာသီအတွင်း ရရှိသည့် သွင်းဂိုး ၅ဝနှင့်နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်နေသည် ဟုပင် ဆိုရပေမည်။
စီရ်ာနယ်ဒိုအနေဖြင့် ဒဏ်ရာကင်းစွာဖြင့် ဆက်လက်ခြေစွမ်းပြ ကစားနိုင်မည်ဆိုပါက မကြာမီကာလအတွင်း လာလီဂါသမိုင်းတွင်ရစ်မည့် မှတ်တိုင်များကို စိုက်ထူနိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပေလိမ့်မည်။
Democracytoday
ပုရိသတို့ အသည်းဆွဲ မိတ်ကပ်မထက် လိင် ပြောင်းဖို့နဲ့ အသံပြောင်းဖို့အတွက် တစ်နှစ်လောက် အချိန်ယူနေပါတယ်ဟုဆို
ခုလက်ရှိ မိတ်ကပ်လောကမှာ အောင်မြင်ကျော်ကြားနေတဲ့ အလှဖန်တီးတွေ မနည်းမနောပါပဲ။ အဲ့ဒီလို မိတ်ကပ်ပညာရှင်တွေထဲမှာ ဒီဇိုင်းဆွဲခြင်း အတတ်ပညာကို ၀ါသနာကြီးခဲ့ပေမဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်မလာပဲ မိတ်ကပ် artist တစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားလာသူ၊ she male တစ်ယောက်ဖြစ်ပေမယ့် လှပတဲ့ ဘော်ဒီ၊ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာလေးကြောင့် အမျိုးသမီးတွေ ကတောင် ပြန်အားကျနေရသူ၊ လက်ရှိမှာ ၀ါသနာအရ ဖိုတို ကြော်ငြာ ရိုက်ကူးခြင်းတွေကို တွဲဖက်လုပ်ကိုင်လာတဲ့ မထက် ( pop soul) နဲ့ တွေ့ဆုံဖြစ်တဲ့အခါမှာတော့
ခုနောက်ပိုင်း မဂ္ဂဇင်း တော်တော်များများမှာ မထက်ပုံလေးတွေ တွေ့လာရတယ်။ ကြော်ငြာအချို့မှာ မြင်တွေ့လာရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါလား။
မထက်က နဂိုကတည်းက ဓာတ်ပုံရိုက်တာ ၀ါသနာပါတယ်။ Modelling ကို အရင်ကတည်းက ၀ါသနာပါတယ်။ မဖြစ်နိုင်လို့သာ မလုပ်ခဲ့တာပေါ့။ ဒါပေမဲ့လဲ ဓာတ်ပုံလေးတွေရိုက်ပြီးရင် fb ပေါ်တင်တယ်။ ကိုယ့်ပုံလေးတွေကို သူငယ်ချင်း ဓာတ်ပုံဆရာတွေနဲ့ရိုက်ဖြစ်တယ်။ အလှဓာတ်ပုံတွေလေးတွေ ဆိုရင် မထက် ရဲ့ သူငယ်ချင်းတွေကြိုက်ကြတယ်။ အားပေးတယ်။ အဲ့ဒီကနေတစ်ဆင့် ဆိုင်ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ အခုကုပ်အင်္ကျီဆိုင် တစ်ခုရိုက်တယ်။ နောက်တစ်ခု ထပ်ရိုက်ဖို့လဲ အစီအစဉ်ရှိတယ်။ နိုင်ငံခြားက အထည်သစ်တွေဝင်ရင်လဲ ထပ်ရိုက်ပေးဖို့ရှိတယ်။ အဓိကက ပရော်ဖက်ရှင်နယ် ဘ၀ရပ်တည်မှုအရတော့ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ့်မူရင်းအလုပ်ပဲ လုပ်မှာပါ။ မဂ္ဂဇင်းတွေမှာပါဖြစ်တာကတော့ တခြားမဂ္ဂဇင်းတွေမှာ ပါတဲ့ ပုံလေးတွေကို မြင်ပြီး ထပ်ရိုက်ကြတာပေါ့နော်။ ဖက်ရှင်နဲ့မိတ်ကပ် artist နဲ့ကို တွဲပြီး အင်တာဗျူးလုပ်ရင်း ရိုက်ဖြစ်တာပေါ့နော်။
ခုလိုအနေအထား ရောက်လာပြီဆိုတော့ ကံအကျိုးပေးအရ ကံစပ်မယ်ဆိုရင်ရော ဆက်လုပ်ဖြစ်မလား ၊ ဒီအလုပ်နဲ့ရပ်တည်ဖြစ်မလား။
ဒါကလေ ကြိုပြောလို့တော့မရဘူး။ မြန်မာပြည် အခြေအနေနဲ့ကျတော့ ခက်ခဲတယ်လေ။ နိုင်ငံခြားမှာက လွယ်တယ်။ ယိုးဒယားမှာဆို ရှိတယ်လေ။ ဒီလိုမျိုး မော်ဒယ်လ်ရှိတယ်။ မင်းသမီးရှိတယ်။ မထက်တို့ကျတော့ မပြည့်စုံသေးဘူး။ ပြင်ဆင်မှုတွေ အများကြီးလိုအပ်သေးတယ်။ ပရိသတ်လက်ခံဖို့လဲ အများကြီးလိုအပ်တယ်။ ကိုယ်ကတော့ ဒီလိုလုပ်နေရတာလေးကို ပျော်တာပေါ့နော်။
တခြားမိတ်ကပ် artist တွေနဲ့မတူပဲ မထက်ကို မိန်းမအရမ်းဆန်တယ်လို့သုံးသပ်ကြတဲ့ သုံးသပ်မှုအပေါ် ပြောပြပေးပါဦး။
မထက်က တူပါစေဆိုပြီး စီစဉ်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်က မိန်းကလေးဖြစ်ချင်တာလေ။ အဲ့ဒီတော့မိန်းကလေးတွေ ဘာလုပ်လဲဆိုတာကိုကြည့်တယ်။ မိန်းကလေးတွေရဲ့ နေတာထိုင်တာ သွားတာလာတာကအစ ကြည့်တယ်။ ကိုယ်က အခြောက်ဖြစ်ချင်တာ မဟုတ်ဘူး။ မိန်းမဖြစ်ချင်တာလေ။ အဲ့ဒီမှာ အခြောက်ကို အတုမယူဘူး။ မိန်းမတွေကိုပဲ အတုယူတယ်။ အဲ့မှာ ကွာမယ်ထင်တယ်။ တတ်နိုင်သမျှတော့ မိန်းမလျာဆန်သော အခြောက်ဆန်သော အကြောင်းအရာတွေကို လျော့တယ်။ ငါတို့မိန်းမလျာတွေ ဘာလုပ်လေ့ရှိလဲ။ ဘေးက သူငယ်ချင်း အပေါင်းအသင်း အသိုင်းအ၀ိုင်းနဲ့လဲ ဆိုင်ပါလိမ့်မယ်။ ဟယ်ဘာလို့အဲ့လိုကြီး ပြောနေတာလဲ။ အဲ့ဒါ အခြောက်ကြီးနဲ့တူတယ်လို့ ပြောတဲ့ခါမျိုးတွေကျတော့ ထိန်းလိုက်တာပေါ့နော်။ ထိန်းထိန်းသိမ်းသိမ်းလေး နေတတ်လာတယ်။ မိဘကလဲ မကြိုက်တဲ့ခါကျတော့ ထိန်းထိန်း သိမ်းသိမ်းလေး ပြောတာဆိုတာကအစ ချုပ်တည်းနေလိုက်တဲ့ခါမှာ မိန်းမပိုဆန်လာတယ်။ သွားတာလာတာနေတာထိုင်တာအစ မိန်းမနဲ့ပိုတူလာတယ်။
အရင်က ထင်ပေါ်ကျော်ကြားခဲ့တဲ့ မိတ်ကပ် artist တွေထဲမှာ မထက်လိုမျိုး ကြော်ငြာတွေ ဘာတွေရိုက်ရတာမျိုး မရှိတဲ့အပေါ် မှာရော ဘယ်လိုသုံးသပ်မိလဲ။
အဲ့လို ဖြစ်ပါစေဆိုပြီးလုပ်ခဲ့တာမဟုတ်ဘူး။ ကိုယ်ကနဂိုကတည်းက စူပါမော်ဒယ်နဲ့သွားတာမျိုး၊ မင်းသမီးနဲ့သွားတာမျိုး ၊နိုင်ငံခြားက ပရော်ဖက်ရှင်နယ်မော်ဒယ်တွေရဲ့ ပုံစံကိုလိုက်ကြည့်တာမျိုး ဒီလိုပဲ သူတို့လုပ်တာကိုင်တာလေး၊ ဓာတ်ပုံဆရာနဲ့ ဘယ်လိုအပေးအယူလုပ်လဲ ဆိုတာလေးကို လိုက်ကြည့်ထားတယ်။ ကိုယ်နဲ့မဆိုင်ဘူးလို့ဘယ်တော့မှ မသတ်မှတ်ခဲ့ဘူး။ လေ့လာတဲ့ အခါကျတော့ ကိုယ်တကယ် ကင်မရာရှေ့ရောက်တဲ့ခါမှာ နေတတ်ထိုင်တတ်သွားတယ်။ အကြည့်၊ မျက်လုံး၊ အနေအထားလေးတွေ ကိုယ်သိလာတယ်။ သိသွားတဲ့ခါကျတော့ ကိုယ်ကိုတိုင် ရိုက်တဲ့ခါမှာ အဆင်ပြေသွားတာပေါ့။
မထက်က ခုလိုလမ်းစဖောက်ပြီး ဒီလမ်းကို လျှောက်ခဲ့တဲ့အတွက် နောက်တက်လာမယ့် she male တွေတွက်ရော မထက်ကရှေ့ဆောင်လမ်းပြအနေနဲ့ လမ်းစတစ်ခုဖြစ်လာနိုင်မလား။
မထက်က ဦးဆောင်လမ်းပြအနေနဲ့သွားတာရယ်တော့ မဟုတ်ဘူးပေါ့။ မထက်ဆို မထက်ရဲ့ Role model အနေနဲ့ထားထားတာဆို ခင်စန်းဝင်း။ သူဟာတကယ့်ကို အိနြေ္ဒသိက္ခာရှိစွာနဲ့ သွားလာ လှုပ်ရှားတယ်။ အဲ့ဒါကို မထက်နည်းယူတယ်။ နောက်မိုးကုပ်ပေါက်ပေါက်ဆိုလဲ မထက် အရမ်းသဘောကျတယ်။ သူ့ရဲ့ဖက်ရှင်တွေ၊ သူ့ရဲ့နေပုံထိုင်ပုံတွေ ပြောဆိုမှုတွေ အရမ်းသဘောကျတယ်။ သူတို့နှစ်ယောက်ကို မထက် အမြဲတမ်းနည်းနာယူတယ်။ ငါ့အလှည့်ကျရင်လဲ လူတိုင်း လက်ခံလေးစားတဲ့ မိန်းမလျာတစ်ယောက်ဖြစ်စေရမယ်ဆိုတဲ့ စိတ်ကို အမြဲထည့်ထားတယ်။ သူများရွံ့စရာဖြစ်စေတဲ့ မိန်းမလျာတစ်ယောက်ရဲ့ဘ၀ထက်စာရင် သူများ လေးစားအားကျတဲ့ မိန်းမလျာဘ၀ကို ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ မထက်ကိုယ့်ကိုကိုယ် အမြဲဆင်ခြင်တယ်။ ဆင်ခြင်ရင်းနဲ့သူများလက်ခံလာတယ်။ မော်ဒယ်လ်ဖြစ်ချင်တဲ့ စိတ်လဲမရှိဘူး။ ဓာတ်ပုံကို ၀ါသနာပါလို့ရိုက်ရင်းနဲ့ခုလိုဖြစ်လာတာပေါ့။ ကိုယ့်နောက်က တက်လာမဲ့သူတွေကိုလဲ ကိုယ်ဟာ မိန်းကလေးနဲ့တူချင်တာလား။ အခြောက်ဖြစ်ချင်တာလားဆိုတာ ခွဲခွဲခြားခြား သိအောင်လုပ်ရမယ်။ အပေါင်းအသင်း၊ အပြုအမူ၊ အပြောအဆိုလေးတွေကအစ ဆင်ခြင်သင့်တယ်။
ခုလက်ရှိ အခြောက်လောကအကြောင်းကိုလည်း ပြောပြပေးပါဦး။ သူတို့တွေက မိန်းမဖြစ်ချင်တာလား၊ အခြောက်ပုံစံနဲ့ နေချင်ကြတာလား။
အခြောက်ဖြစ်ချင်ကြတာများမယ်။ ယောက်ယတ်တွေခတ်မယ်။ မထက်တို့လဲ မဖြစ်ချင်ဘူးပေါ့။ သွက်သွက်လက်လက်နဲ့ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း နေလိုက်ချင်တာတို့၊ ပြောလိုက်ချင်တာတို့၊ ရှိတယ်။ ဒါပေမဲ့ ဒီမိန်းမလျာဆိုတဲ့ အသိုင်းအ၀ိုင်းကို လူတွေဘာကြောင့် မုန်းတာလဲဆိုပြီး ပြန်လည် တွေးခေါ်ကြည့်လိုက်တဲ့ခါမှာ မိန်းမလျာတွေက လွတ်လပ်မှုကို အရမ်းကိုခုံမင်ခြင်း၊ သွက်လက်ခြင်း ၊ အရှိကို အရှိတိုင်း အမြင်ကို အမြင်တိုင်းပြောလေ့ရှိခြင်း၊ လွတ်လပ်စွာနေထိုင်ခြင်းကြောင့် လူတွေက အရမ်းမုန်းတီးလာကြတယ်။ ဒီအဆင့်အတန်းကို အရမ်းကို ခွဲခြားပစ်လိုက်တယ်။ အဲ့ဒါတွေကို ကိုယ်က တတ်နိုင်သမျှလျော့သွားအောင် ဆင်ခြင်စေချင်တယ်။ အဲ့လိုဆိုရင် လူလူချင်း လူရာသွင်းလာမယ်။ လူလို့မြင်လာလိမ့်မယ်လို့ ထင်ပါတယ်။ အရင်ထက်စာရင် အားပေးလေးစားပြီး လက်ခံလာတဲ့ လူတန်းစားတွေ အရမ်းများလာတဲ့ခါ အရမ်းဝမ်းသာတယ်။ အဲ့ဒီတွက် ကိုယ့်ရဲ့ဆန္ဒနဲ့သိက္ခာတွေကို တတ်နိုင်သမျှပိုပြီး ထိန်းသိမ်းဖြစ်တယ်။ အဲ့ဒီမှာ လူရာဝင်လာတယ်။ အဲ့ဒါကြောင့်နောက်တက်လာမယ့် ကလေးတွေ ဒါ တွေကို နည်းနာယူသင့်တယ်လို့ထင်ပါတယ်။
မထက်က အင်တာဗျူး ဖြေတဲ့ခါ လျှို့ဝှက်ထိန်ချန်ထားခြင်းမရှိဘူးပေါ့နော်။ အဲ့ဒါလေးနဲ့ပတ်သတ်ပြီးတော့လဲပြောပြပေးပါဦး။
မထက်က ဘယ်အကြောင်းအရာမဆို လျှို့ဝှက်စွာမနေဘူး။ လျှို့ဝှက်စွာနေရာတာကို မထက်အရမ်းမုန်းတယ်။ မထက်ယောက်ျားလိုနေခဲ့တဲ့ တစ်လျှောက်လုံးလဲ ကိုယ့်ကိုကိုယ် gay တစ်ယောက်ဆိုပြီး သူများရွံရှာ မုန်းတီးမှာစိုးလို့တတ်နိုင်သမျှကို မထက်ထိန်းထိန်းသိမ်းသိမ်းနေခဲ့တယ်။စည်းနဲ့ဘောင်ထဲမှာတတ်နိုင်သမျှနေခဲ့တယ်။ မထက် ကိုယ့်ကိုကိုယ် gill တစ်ယောက်လို့ခံယူလိုက်တဲ့အချိန်ကစပြီး လွတ်လွတ်လပ်လပ်နေဖြစ်တယ်။ ငါဘယ်တော့မှ လျှို့ဝှက်စွာမနေဘူး။ ကိုယ်ပြောချင်တာကို ထိန်းသိမ်းပီးလေးပင်စွာနေရတာကို မထက်မနေချင်ဘူး။ လျှို့ဝှက်ချက်နည်းစွာနေတယ်။ ကိုယ့်ဖက်ကရိုးသားစွာနေရင်ဘယ်အကြောင်းအရာမှလျှို့ဝှက်ထားစရာမလိုဘူးလို့
မထက်လက်ခံထားတယ်။ မထက်ဘ၀မှာတတ်နိုင်သမျှဘယ်မေးခွန်းလာလာဖြေပေးခဲ့ပါတယ်။
ခု ရင်သားကို စီလီကွန်ထည့်ထားတာနဲ့ပတ်သတ်ပြီးတော့လည်း ပြောပြပေးပါဦး။
ဟုတ်တယ်။ စီလီကွန်ထည့်တယ်။ ဘာကြောင့်ထည့်လဲ မိန်းမဖြစ်ချင်တဲ့အတွက်ထည့်တယ်။ မထက်နိုင်ငံခြားက အမျိုးသမီးတွေကို အရမ်းသဘောကျတယ်။ သူတို့ဈေးဝယ်ထွက်တဲ့ခါမျိုးတွေမှာ သူတို့လွတ်လပ်စွာ သူတို့ရဲ့ရင်သားတွေကို ဖော်ထားကြတယ်။ ဒါဟာ မိန်းမတစ်ယောက်ရဲ့အလှလို့ မထက် ခံယူထားတယ်။ အဲ့ဒါကြောင့် အလှအပကို ကြိုက်တဲ့ မထက်ကလဲ မိန်းမတစ်ယောက်ရဲ့ အလှအပဖြစ်တဲ့ ဒီရင်သားကို ခွဲစိတ်မှုကို လုပ်မယ်လို့စီစဉ်ခဲ့တယ်။ စီစဉ်ခဲ့တဲ့အလျောက်မှာလဲ အကောင်းဆုံး ဆေးရုံကို ရွေးချယ်ပြီး လေ့လာမှုတွေ လုပ်ခဲ့တယ်။ ခုထည့်ထားတာဆို ၂နှစ်ဝန်းကျင် ရှိနေပါပြီ။
နောက်တစ်ခုက sex ချိန်းဖို့နဲ့အသံပြောင်းမယ်ဆိုတာလေးနဲ့ပတ်သတ်ပြီးတော့လဲ သိချင်ပါတယ်။
ဟုတ်တယ်။ စီစဉ်နေပါတယ်။ sex ချိန်းမယ်ဆိုရင် မထက် အချိန်ပေးရမယ်။ နောက်ပြီး အသံပြောင်းမယ် ဆိုရင် အနည်းဆုံး ၂ ပတ် စကားမပြောရဘူး။ ဘန်ကောက်နဲ့ရန်ကုန်နဲ့ကို ကူးချည်သန်းချည် လုပ်ရမယ်။ sex ချိန်းမယ်ဆိုရင်လဲ နှစ်လ၊သုံးလ ဒီဘန်ကောက်နဲ့ရန်ကုန်ကို အသွားအပြန်လုပ်ရမယ်။ နောက်နာကျင်မှုတွေရှိမယ်။ အလုပ်တွေကို အထိုက်အလျောက် နှောင့်နှေးမှာစိုးလို့မထက် တစ်နှစ်လောက်တော့ အချိန်ယူနေပါတယ်။
Subscribe to:
Comments (Atom)

















