Showing posts with label Miss Myanmar သတင်း. Show all posts
Showing posts with label Miss Myanmar သတင်း. Show all posts

Miss Myanmar World 2014 သရဖူနဲ့ ၀ိုင်လေး...








Miss World 2014 သို့ မြန်မာကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခွင့် သိန်း၂၀၀တန်သရဖူနဲ့ အတူ ငွေသားဆုသိန်း၁၀၀ ဆွတ်ခူးရှိတဲ့ 
အလှမယ် ဝိုင်းလေး အတွက်ဂုဏ်ယူပါတယ်
photo credit- Nan Eian Khamဖေ့ဘုတ်မှ

Miss Universe 2014 ပြိုင်ပွဲ ပြိုင်မည့်ရက် နောက်ဆုတ်ခြင်းကြောင့် လေ့ကျင့်ချိန် ပိုရသွားသည့် သျှားထွဋ်အိန္ဒြာပြော


၂၀၁၃ Miss Universe ပြိုင်ပွဲကို နိုဝင်ဘာလတွင် ကျင်းပ ပြုလုပ်ခဲ့ သော်လည်း ၂၀၁၄ ခုနှစ် ပြိုင်ပွဲ ကျင်းပမည့် ရက်ကို ဇန်နဝါရီလ ၂၅ ရက် သို့ သတ်မှတ် လိုက်ခြင်းကြောင့် Miss Myanmar Universe 2014 သျှားထွဋ် အိန္ဒြာက ယင်း ပြိုင်ပွဲ အတွက် လေ့ကျင့်မှု ပြုလုပ်ရန် အချိန်ပိုရ ခဲ့သည်ဟု မဇ္ဈိမ ကို ပြောသည်။

"ပြိုင်ပွဲက ရက်နောက်ဆုတ် သွားတော့ ညီမ အတွက် ပြင်ဆင်ချိန် ပိုရ ပါတယ်။ အဓိက က မြန်မာနိုင်ငံ ရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံ ၊ ရှေးဟောင်း အမွေအနှစ် သယံဇာတ တွေအကြောင်း ကို ပိုပြီး လေ့လာ ဖြစ်တယ်။ တခြား မိတ်ကပ် ပြင်ဆင်မှု ၊ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာတွေလည်း လေ့ကျင့်နေပါတယ်။ ထိုင်းနိုင်ငံမှာ သွားလေ့ကျင့် တာက သုံးခေါက်လောက်ရှိပါတယ်" ဟု ၎င်းက ဆိုသည်။

အလှမယ် သျှားထွဋ်အိန္ဒြာသည် ဖိလစ်ပိုင် နှင့်ထိုင်းနိုင်ငံ များတွင် အလှမယ်နှင့် ပတ်သက်သည့် လေ့ကျင့်မှုများ ဖြစ်သည့် စင်ပေါ်တွင် လမ်းလျှောက်နည်း ၊ မိတ်ကပ် လိမ်းခြယ်မှု ၊ အမေး အဖြေ ဖြေဆိုမှုများကို သြဂုတ်လ ၅ရက်မှ ၁၅ရက် အထိ သွားရောက် လေ့လာ ခဲ့သည်။

၎င်းသည် ရေကူးဝတ်စုံ ၀တ်ဆင်ရာ၌ ခန္ဓာကိုယ် လှပမှု ရှိရန် ဗိုက်နှင့် ခါးအပိုင်းကို လေ့ကျင့်ဖြစ်နေပြီး နိုင်ငံကိုယ်စားပြု ဝတ်စုံ နှင့်ညနေခင်း ဝတ်စုံ တို့ အတွက်လည်း ၎င်း၏ အဖွဲ့အစည်းနှင့် အတူ ပြင်ဆင် လျက် ရှိသည်။

အလှမယ် သျှားထွဋ်အိန္ဒြာသည် Miss Universe 2014 ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ပြီး ပြန်လည် ရောက်ရှိ လာပါက ပရဟိတ လုပ်ငန်းများ ၊ Miss နှင့် ပတ်သက်သည်များကို ဦးစားပေး လုပ်ဆောင် သွားမည် ဖြစ်ပြီး သရုပ်ဆောင်ပိုင်းကို လုပ်ဆောင်ရန် မသေချာ သေးကြောင်း သျှားထွဋ်အိန္ဒြာက ဆိုသည်။

Miss Universe 2014 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အလှမယ် သျှားထွဋ်အိန္ဒြာသည် ပြိုင်ပွဲ ကျင်းပမည့် ရက်ထက် ၃ပတ် ကြိုတင် သွားရောက် ရမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၅ရက်တွင် အမေရိကန် နိုင်ငံ၏ Florida ပြည်နယ် Doral မြို့၌ ၀င်ရောက်ယှဉ်ပြိုင် ရမည် ဖြစ်သည်။

Miss Universe 2013 ပြိုင်ပွဲကို၂၀၁၃ခုနှစ် နိုဝင်ဘာ ၉ရက်က ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပခဲ့ရာ Miss Myanmar Universe 2013 အလှမယ် မိုးစက်ဝိုင်ကဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

Mizzima

အကြောင်းမကြားဘဲပြိုင်ပွဲမှထုတ်ပယ်ခံရသည့်အတွက် နာမည်ထိခိုက်ကြောင်း ပက်ထရစ်ရှာ၏မိခင်ဆို


Miss Myanmar World 2014 ၂ဝ၁၄ ပြိုင်ပွဲ၏ ဆန်ခါတင်အလှမယ် ၂ဝ ထဲမှ သရုပ်ဆောင်ပက်ထရစ်ရှာကို လေ့ကျင့်ပြင်ဆင်ရမည့်ရက်များ၌ လာရောက်လေ့ကျင့်ရန် ပျက်ကွက် မှုများရှိသဖြင့် ပြိုင်ပွဲမှထုတ်ပယ် လိုက်ကြောင်း Miss Myanmar World 2014 အဖွဲ့အစည်းက ယခုလ ၁ဝ ရက်၌ ထုတ်ပြန်ခဲ့ပြီးနောက် ထုတ် ပယ်ခံရခြင်းက သမီးဖြစ်သူ၏ နာမည်ကိုထိခိုက်မှုရှိကြောင်း ပက် ထရစ်ရှာ၏မိခင်ကပြောသွားသည်။
ပက်ထရစ်ရှာ၏မိခင်ဒေါ်ချယ် ရီခိုင်က ''ယခုလ ၉ရက်၊ ၁ဝရက် က နားရက်လို့သူတို့ကပြောတယ်။ အန်တီတို့ ကြိုလဲမေးပါတယ်။ ဒါ ကြောင့် အဲဒီရက်မှာ အမ်တီဗွီရိုက် ရက်ပေးလိုက်တယ်။ ၈ရက်ညအထိ အဆက်အသွယ်လုပ်ပါတယ်။ ဆက်သွယ်လိုရတဲ့ သူပေါ့။ သူ့ နာမည်ကိုတော့ ထည့်မပြောတော့ ဘူး။ ပြိုင်ပွဲဝင်ပြိုင်ဖို့ကိုလဲ သူပဲ ခေါ်တာပါ။ သူ့ကိုလဲ လှမ်းပြော တယ်။ အန်တီတို့ ကိုယ့်သဘောနဲ့ ကိုယ်နားတာ မဟုတ်ပါဘူး။ အခု လို အကြောင်းမကြားဘဲထုတ် လိုက်တဲ့အတွက် သမီးလေးလဲ နာမည်ထိခိုက်တယ်။ သမီးလေး ဖုန်းထဲကိုတော့ Miss Call တစ်ကောဝင်တာတော့တွေ့တယ်။ ဒီပြိုင်ပွဲက အရမ်းကြီးပါတယ်။ အဲဒီအတွက် နေမကောင်းတာကို တောင် အန်တီ လေ့ကျင့်တဲ့ရက်တွေ တိုင်းပုံမှန်လိုက်ပို့ပေးပါတယ်။ အခုက ဒီလိုဖြစ်သွားတော့ ပြိုင်ဖို့အစီအစဉ် မရှိတော့ပါဘူး''ဟု ပြောကြားသည်။


မော်ဒယ်တစ်ဦးဖြစ်သည့်အတွက် ပြိုင်ပွဲအပြင် အခြားအနုပညာနှင့် ပတ်သက်၍ လုပ်ကိုင်နေသည်ကို နားလည်သော်လည်း အဖွဲ့အစည်း နှင့်လုပ်ရသည့်အတွက်အဆင်မပြေ နိုင်ကြောင်း ပြိုင်ပွဲ၏တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးစိုးသူရက ပြောသည်။ ''ယခုလ ၉ ရက်မှာ လေ့ကျင့်ဖို့အတွက် ရောက်မလာ ဘူး။ ၁ဝရက်နေ့နံနက်အထိ ဖုန်းနဲ့ အဆက်အသွယ်လုပ်ခဲ့ပေမယ့်ဆက် သွယ်လို့မရခဲ့ဘူး။ ပြိုင်ပွဲ ကျင်းပ ရေးကော်မတီရဲ့သဘောတူညီချက် နဲ့ ပြိုင်ပွဲက ထုတ်ပယ်လိုက်ရ ခြင်းဖြစ်ပါတယ်''ဟု ၄င်းကပြော သည်။

Miss Myanmar World ပြိုင် ပွဲကို ပြိုင်ပွဲဝင်ဆန်ခါတင် ၁၉ ယောက်ဖြင့်သာ ယခုလ ၂၇ ရက် ည ၇နာရီခွဲတွင် ရန်ကုန်မြို့ စထရင်း ဟိုတယ်၌ကျင်းပသွားမည်ဖြစ်သည်။
ပက်ထရစ်ရှာက သူမ၏ဖေ့စ် ဘွတ် လူမှုကွန်ရက်စာမျက်နှာ ထက်၌ Camp သွင်းသည့် ရက် များတွင် ပျက်ကွက်မှုမရှိကြောင်း၊ Miss Myanmar World ၏ အထက် လူကြီးများက ခွင့်ပြုပြီးမှသာ ရိုက် ကူးရေးများ ပြုလုပ်ခဲ့ကြောင်း၊ အားပေးခဲ့ကြသည့် ပရိသတ်ကို လည်း များစွာအားနာမိကြောင်းကို အကျယ်တဝင့်ရှင်းပြထားသည်။

The Union Daily

Miss Asia Pacific World 2014 မေမြတ်နိုးအမှား မကျူးလွန်၍ သရဖူကို ပြန်လည်သွားရောက် အပ်နှံမည်မဟုတ်ကြောင်း ပြေကြား


ရန်ကုန် စက်တင်ဘာ ၂

တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့၌ ပြီးခဲ့သည့် ဇွန်လက ကျင်းပခဲ့ သည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ် စားပြု သွားရောက်ယှဉ်ပြိုင်သော အလှမယ်သရဖူဆု ရရှိခဲ့သည့် Miss Asia Pacific World 2014 သရဖူဆုရှင် မေမြတ်နိုးက ယနေ့ အချိန်ထိ မိမိအနေဖြင့် အမှားတစ်စုံ တစ်ရာ ကျူးလွန်ခဲ့ခြင်း မရှိသောကြောင့် ရရှိခဲ့သည့်သရဖူကို ပြန်လည် အပ်နှံသွားမည်မဟုတ်ကြောင်းပြော ကြားခဲ့ သည်။

သရဖူရပြီး သုံးလပြည့်သည် အထိ မိမိ အမှားတစ်စုံတစ်ရာ မပြု လုပ်ခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံ Miss Asia Pacific World 2014 အဖွဲ့က မိမိ ကို တစ်ဖက်စောင်းနင်းကြေညာ ခဲ့သည့်အတွက် မိမိနိုင်ငံ၊ မိမိ မိသားစုနှင့် မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်ရောက်၊ ၎င်းအဖွဲ့အနေဖြင့် ဒီကလူကြီးများနှင့်မိမိ မိသားစုကို တရားဝင်တောင်းပန်မှ သရဖူကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဝေဇယန္တာ လမ်းသွယ်၊ အမှတ် (၂၉၀) Rock & Rich Café Paiyo Bar ၌ ပြုလုပ် သည့် မီဒီယာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။ 
Miss Asia Pacific World 2014 ဆုရှင် မေမြတ်နိုးကို ကိုရီးယား နိုင်ငံ Miss Asia Pacific World အဖွဲ့က သုံးနှစ်ကြာ ဇာတ်ကားတွဲ ရိုက်ရန်နှင့် အလှမယ်ပြိုင်ပွဲများဝင် ပြိုင်ရန် ဘက်ပေါင်းစုံက ပြုပြင် ပြောင်းလဲမှုများ လုပ်ပေးမည်ဟုပြော ဆိုကာ ပြီးခဲ့သည့် ဩဂုတ် ၁၈ရက်က ကိုရီးယားနိုင်ငံသို့ ခေါ်ဆောင်ခဲ့ ခြင်းဖြစ်သည် ဟုလည်း သိရသည်။

ကိုရီးယားတွင် ဆွေးနွေးညှိနှိုင်းမှုများ အမျိုးမျိုးပြုလုပ်ခဲ့သော်လည်း သရဖူဆုရှင် မေမြတ်နိုး၊ ၎င်း၏ မိခင်နှင့် ကိုရီးယားနိုင်ငံ Miss Asia Pacific World အဖွဲ့တို့ သဘောထားချင်း မတိုက်ဆိုင်သဖြင့် ဩဂုတ် ၂၇ ရက်က မြန်မာနိုင်ငံသို့ ပြန်အလာတွင် ကိုရီးယားနိုင်ငံ Miss Asia Pacific World အဖွဲ့က မဟုတ်မမှန်လုပ်ကြံသတင်း များ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြခဲ့သည်။ 
“ဟိုရောက်တော့ ကျွန်မကို အနုပညာလုပ်ငန်းတွေလုပ်ဖို့ သူတို့နဲ့ သုံးနှစ်လက်တွဲ စာချုပ်ချုပ်ဆိုပြီး တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာ ဂျရီလုပ်ပေးမယ်၊ ပြီးတော့ ဇာတ်ကား တွေရိုက်ပေးမယ်၊ ပြိုင်ပွဲတွေ အများကြီး ဝင်ပြိုင်ခိုင်းမယ်။ ဒါပေမဲ့
ညီမအမေကို ပြန်လွှတ်လိုက်၊ ညီမပဲ နေခဲ့လို့ပြောတော့ ကျွန်မလည်း အမေနဲ့တိုင်ပင်ပြီး ဆက်နေလို့မသင့် တော့ဘူးထင်ပြီး ပြန်လာခဲ့တာပါ” ဟု Miss Asia Pacific World 2014 သရဖူဆုရှင် မေမြတ်နိုးက ပြောကြား သည်။
ကိုရီးယားနိုင်ငံ Miss Asia Pacific World အဖွဲ့က ဩဂုတ် ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Miss Asia Pacific World 2014 ဆုရှင် မေမြတ်နိုးသည် နေရှင်နယ်ဒါရိုက်တာ၊ မန်နေဂျာနှင့် စာချုပ်ပါအချက် များကို လိုက်နာမှု မရှိဘဲ အမှားများကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

“ကိုရီးယားနိုင်ငံ Miss Asia Pacific World အဖွဲ့က သူတို့နဲ့ လက်တွဲလုပ်ကိုင်ဖို့ သမီးကို ဟိုမှာ တစ်ယောက်တည်း ထားခဲ့ခိုင်းတယ်။ ကျွန်မက အမေတစ်ယောက် အနေနဲ့ ဘယ်လိုလုပ်ထားခဲ့နိုင်မှာ လဲ။ အဲဒါကြောင့် ကျွန်မတို့လည်းသားအမိနှစ်ဦးတိုင်ပင်ပြီး ပြန်လာခဲ့တာ။ သူတို့က ကျွန်မတို့ ပြန်လာတဲ့ ၂၇ ရက်မှာပဲ အခုလို မဟုတ်ကဟုတ်က သတင်းတွေ ထုတ်ပြန်တော့တာပဲ” ဟု မေမြတ်နိုး၏ မိခင် ဒေါ်စန်းစန်းမြင့်က ဆိုသည်။
Miss Asia Pacific World 2014 ဆုရှင် မေမြတ်နိုးသည် အသက် ၁၆ နှစ်သာရှိသေးပြီး အနု ပညာလောကကို တစ်ကြိမ်တစ်ခါမှ ဝင်ရောက်ခဲ့ဖူးခြင်း မရှိကြောင်း၊ ကမ္ဘာကျော် ကိုရီးယားတေးဂီတ Kpop အဖွဲ့နှင့်လည်း ဆက်လက် လုပ်ဆောင်တော့မည်မဟုတ်ဘဲ ယခု ရရှိခဲ့သည့် သရဖူကိုလည်း ဆက်လက်လုပ်ဆောင်တော့ မည်မဟုတ်ဘဲ ယခုရရှိခဲ့သည့် သရဖူကိုလည်း ၎င်းကျေနပ်သည်အထိ တောင်းပန်ပါကပြန်လည်အပ်နှံ သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် ပညာရေးကိုသာ ဦးစားပေးသင်ယူသွားတော့မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
MOI Webportal Myanmar

မြန်မာအလှမယ် မေမြတ်နိုးကို သရဖူရုတ်သိမ်းတာနဲ့ ပတ်သတ်ပြီး ပြောစရာလေးတွေရှိလာပါတယ်၊


အေဂျင်စီက လှနုထွန်းနဲ့ မေမြတ်နိုးတို့ကြား ဘလိုတွေကတိကဝတ်တွေ ရှိခဲ့လဲတော့ သေချာမသိဘူး၊ အခုကြားထဲက ဝင်လာတဲ့ ကိုရီးယားအဖွဲ့အစည်းအကြောင်းကို ပြောချင်တယ်၊ နိုင်ငံကိုယ်စားပြုမယ်တစ်ယောက်ကို ဒေါ်လာတစ်သိန်းတန် သရဖူယူပြီးရှောင်နေပါတယ်ဆိုပြီး ကြေငြာချက်ထုတ်လိုက်ကတည်းက အဲ့ဒီအဖွဲ့အစည်းရဲ့ ကလေးကလားဆန်မှုကို ဖော်ပြလိုက်သလိုပါပဲ၊

နောက်ပြီး မေမြတ်နိုး ကိုရီးယားကိုမိခင်နှင့်အတူသွားတဲ့အပေါ်မှာရော အဲ့ဒီအဖွဲ့အစည်းက မိခင်ကို ပြန်လွှတ်ပြီး မေမြတ်နိုးတစ်ယောက်ထဲနေခဲ့ဖို့ ဖိအားပေးတာကလည်း အဲ့ဒီအဖွဲ့အစည်းရဲ့ မရိုးသားမှုကို သိသာစေပါတယ်၊ အသက် နှစ်ဆယ် မပြည့်သေးတဲ့ မိန်းခလေးတစ်ယောက်ကို ဘယ်လိုမိဘက နိုင်ငံရပ်ခြားမှာ တစ်ယောက်ထဲ ထားခဲ့နိုင်မလဲ၊ စဉ်းစားကြည့်ကြပါ၊


နောက်ထပ် ထပ်ပြီးမသင်္ကာစရာကတော့ ပြီးခဲ့တဲ့နှစ်တွေက လာရောက်ယှဉ်ပြိုင်ခဲ့တဲ့မယ်တွေထဲက သုံးယောက်ဟာ ထွက်ပြေးလို့ လေဆိပ်ထိတောင် လိုက်ဖမ်းယူရတယ်ဆိုတဲ့ သတင်းဟာလည်း ထွက်ပေါ်လာတယ်၊ ဒီလိုမျိုးအခြေအနေမှာ မေမြတ်နိုးဘက်ကနေပြီးတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ရပါလိမ့်မယ်၊

သမိုင်းကြောင်းမကောင်းခဲ့တဲ့ ကိုရီးယားအဖွဲ့အစည်းကိုရော၊ မယ်တွေအပေါ်မှာ ကာကွယ်ရပ်တည်မှုလုံးဝမရှိပဲ ကိုယ့်အတွက်ပဲရှေ့တန်းတင်ပြီး ထိမ်းချုပ်ထားချင်တဲ့ လှနုထွန်းရဲ့အေဂျင်စီကိုရော ပြင်းထန်စွာရှုံ့ချလိုက်ပါတယ် --

Dine Khin Khin

မေမြတ်နိုးအား မီဒီယာရှေ့တွင် တောင်းပန်ခိုင်းပြီး သရဖူပြန်အပ်ရန် တောင်းဆို


မီဒီယာရှေ့တွင်တောင်း ပန်ပြီး သရဖူပြန်အပ်ရန်မေမြတ် နိုးအား Miss Asia Pacific World Organization၏ ကိုရီးယားနှင့်အ ရှေ့တောင်အာရှပိုင်း တာဝန် ယူထားသောဥက္ကဋ္ဌမစ္စတာချွိုင် ဂျင်းကပြောသည်။


‘‘မေမြတ်နိုးက မီဒီယာတွေ ရှေ့မှာ တောင်းပန်ပေးမယ်ဆိုရင် သရဖူသိမ်းတဲ့ ကိစ္စတွေကိုကူညီ ပေးနိုင်တယ်။ ဒီအရာက မြန်မာနဲ့ ကိုရီးယားအတွက်လည်း အ ကောင်းဆုံးအရာဖြစ်ပြီး မေမြတ် နိုးအတွက်လည်းအကောင်းဆုံး အရာဖြစ်မှာပါ’’ဟု မစ္စတာချွိုင် ဂျင်းကပြောသည်။

မေမြတ်နိုးကိုလည်း လာ ရောက်တောင်းပန်ပြီးပါက ရှေ့ ဆက်အလုပ်များ လုပ်ဆောင်သွား လိုသည်ဟု၎င်းကပြောသည်။

ရင်သားခွဲစိတ်မှုကို ၎င်းတို့ အဖွဲ့အစည်းတစ်ခုတည်း၏ဆုံး ဖြတ်ချက်အရ လုပ်ဆောင်ခြင်းမ ဟုတ်ဘဲ မေမြတ်နိုးနှင့်၎င်း၏မိ ခင်တို့၏ သဘောတူညီမှုအရလုပ် ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုဆို သည်။

‘‘သူရော သူ့အမေပါ လက် မှတ်ထိုးခဲ့ပြီးပါပြီ။ အော်ပရေးရှင်း လုပ်တဲ့အခါမှာ လက်မှတ်မထိုးဘဲ ဘယ်အော်ပရေးရှင်းမှ ကိုရီးယား မှာမလုပ်ပေးဘူး’’ဟု မစ္စတာချွိုင်း ဂျင်းကပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရုပ်ရှင်ကြယ်ပွင့်များသည် ခွဲစိတ်မှုများလုပ်ဆောင် လေ့ရှိသဖြင့် မေမြတ်နိုးကိုမည်သည့်အစိတ်အပိုင်းခွဲစိတ်လိုသနည်းဟု မေးမြန်းပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

အဖွဲ့အစည်း၏ အစီအစဉ် အချိန်ဇယားများကိုအလုပ်မလုပ် ခြင်း၊ အဖွဲ့အစည်း၏စကားကိုမ လိုက်နာခြင်း၊ ချုပ်ဆိုထားသော စာချုပ်စည်းကမ်းများကိုမလိုက် နာခြင်းကြောင့် သရဖူကိုရုပ်သိမ်း ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာချွိုင်ဂျင်းကပြောသည်။

မေမြတ်နိုး၏မိခင်ကို ကိုရီး ယားသို့ နှစ်ပတ်လိုက်ပါခွင့်ရရန် မေမြတ်နိုး ကတောင်းဆိုခဲ့၍ စီစဉ် ပေးခဲ့ခြင်းသာဖြစ်ပြီး ၎င်း၏မိခင် က သမီးနှင့်အတူ သုံးလနေထိုင် ခွင့်ရရန်ကြိုးစားခဲ့ကြောင်း သိရသည်။ သရဖူအသိမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ မေမြတ်နိုးသည် စက်တင်ဘာ ၂ရက်တွင်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

7Day

အလှမယ်များ အော်ဂနိုက်ဇေးရှင်း၏ စကားကို နားထောင်နိုင်ရန်လိုအပ်သည်ဟု သျှားထွဋ်အိန္ဒြာ ဆို


မြန်မာနိုင်ငံတွင် ရွေးချယ်ခြင်းခံရသည့် အလှမယ်များသည် အော်ဂနိုက်ဇေးရှင်းများ၏ စကားကိုနားထောင်ရန် လိုအပ်ပြီး စည်းမျဉ်းစည်းကမ်းများနှင့် အတူ လိုက်နာဆောင်ရွက်သင့်သည်ဟု Miss Universe Myanmar ဆုရှင် သျှားထွဋ်အိန္ဒြာ ကမဇ္ဈိမကိုပြောသည်။ " သမီးတို့ မြန်မာနိုင်ငံမှာ ခေါင်းစဉ် အမျိုးမျိုးနဲ့ အလှမယ်တွေ အများကြီးရှိပါတယ်။ အားလုံး သူအရည်အချင်းနဲ့သူ တော်ကြတဲ့ သူတွေချည်းပါပဲ။ ဒါပေမယ့် သူ့အယူအဆနဲ့ အော်ဂနိုက်ဇေးရှင်းတွေရဲ့အယူအဆတွေ ကွဲလွဲလာတဲ့ အခါအခုလိုမျိုး ပြဿနာတွေဖြစ်လာတာပါ။ အကောင်းဆုံးကတော့ အလှမယ်တွေအနေနဲ့ သူ့ရဲ့အော်ဂနိုက်ဇေးရှင်းကို ကောင်းကောင်း ဆက်ဆံပြီး စကားနားထောင်နိုင်ဖို့ လိုအပ်ပါတယ်။ သမီးဆိုရင် အော်ဂနိုက်ဇေးရှင်းရဲ့စကားကို နားထောင်တယ်။ တီချယ် စောယုဝေတို့နဲ့လည်း အဆင်ပြေအောင် နေပါတယ်" ဟု သျှားထွဋ်အိန္ဒြာ ကပြောသည်။


Miss Myanmar International 2012 အလှမယ်နန်းခင်ဇေယျာ မှ စတင် ခဲ့သည့် အလှမယ်များသည် ပွင့်လင်းမြင်သာသည့် ခေတ်စနစ်သို့ ရောက်ရှိလာသည့် အတူ မြန်မာနိုင်ငံ၌ အလှမယ်များ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက်ရွေးချယ် ၎င်းတို့နှင့် အဖွဲ့အစည်းများ ကြားတွင် ပြဿနာများ ဖြစ်ပေါ်လာခြင်းကြောင့် မီဒီယာများသည် ရေးစရာ သတင်းတစ်ခု ဖြစ်လာ ခဲ့သည်။

လက်ရှိ အလှမယ် မေမြတ်နိုး၏သတင်းကို လူတိုင်းစိတ်ဝင်စားခြင်း ခံရသည့်အပြင် Miss Supranational Myanmar 2013 ခင်ဝင့်ဝါ နှင့် Miss Grand Myanmar 2013 ထားထက်ထက် တို့သည် လည်း ၎င်းတို့ အဖွဲ့အစည်းနှင့် ပြဿနာ များဖြစ်ခဲ့ဖူးသော်လည်း ၎င်းတို့သည်စာချုပ် သက်တမ်း ပြည့်သွားခြင်းကြောင့် လွတ်လပ် သွားသည့်အလှမယ်များဟုမီဒီယာများတွင် ဖြေကြား ထားသည်။

" ပြင်ဆင်ချိန်က နှစ်လသုံးလတော့ ရပါသေးတယ်။ ပြိုင်ပွဲက နိုင်ငံပေါင်း ၉ဝ၊ ၁ဝဝ လောက် ပြိုင်တာဆိုတော့လေ။ မြန်မာနိုင်ငံက ပြိုင်ပွဲလုပ်ပြီးတာ နိုင်ငံပေါင်း ၅ဝ မြောက်ပါ။ အချို့နိုင်ငံတွေဆို ပြိုင်ပွဲမကျင်းပရသေးတဲ့ နိုင်ငံတွေတောင် ရှိသေးတော့ ပြင်ဆင်ချိန်တော့ရမှာပါ။ ကျွန်မတို့က အကောင်းဆုံး ကြိုးစားထားပါတယ်။ ပြိုင်ပွဲပြီးဆုံးသည်အထိ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားစေမှာပါ။"ဟု Miss Universe Myanmar Organization မှ NationalDirector ဒေါ်စောယုဝေက မဇ္ဈိမကိုပြောသည်။

ဆုရရှိသည့်အလှမယ် သျှားထွဋ်အိန္ဒြာသည် ဆုကြေးငွေကျပ် သိန်း ၁ဝဝ နှင့်ငွေကျပ် ၁၅ သိန်း တန်ဖိုးရှိ သရဖူ အပြင် အခြားဆုများစွာရရှိခဲ့ပြီး ၂ဝ၁၄ခုနှစ်၊ ဒီဇင်ဘာလ၌ အမေရိကန်ပြည်ထောင်စု Las Vegas မြို့တွင်ကျင်းပမည့် Miss Universe 2014 Contest သို့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

Miss Universe Contest ကို ၁၉၅၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ကာ မြန်မာနိုင်ငံမှ ၁၉၅၈၊ ၁၉၅၉ နှင့် ၁၉၆ဝ ပြည့်နှစ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၆ဝ ပြည့်နှစ် အမေရိကန်ပြည်ထောင်စု Miami မြို့၌ ကျင်းပသည့် မယ်စကြာဝဠာ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဒေါ်မြင့်မြင့်မေက Miss Congeniality ဆုကိုရရှိခဲ့သည်။

၅၃ နှစ်အကြာ မှပါဝင်ယှဉ်ပြိုင်ခဲ့သည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ Miss Universe Myanmar 2013 Contest ကိုပြန်လည်ကျင်းပခဲ့ရာ Miss Universe Myanmar 2013 အဖြစ် မိုးစက်ဝိုင်က ရွေးချယ်ခံခဲ့ရပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် Miss Universe 2013 ကိုရုရှားသမ္မတနိုင်ငံ မော်စကိုမြို့၌ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုရရှိခဲ့ခြင်း မရှိပေ။

mizzimaburmese

မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ


မြန်မာ အလှမယ် မေမြတ်နိုးကို Miss Asia Pacific World သရဖူ ပြန်လည် ရုပ်သိမ်းလိုက်တာဟာ နှစ်ဘက် သဘော တူညီချက်တွေကို ချိုးဖောက်ခဲ့လို့ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောဆိုပြီး မေမြတ်နိုးကို အပြစ်ပုံချခဲ့ ပါတယ်။

ဒါပေမဲ့ မေမြတ်နိုးကို အပ်နှင်းထားတဲ့ Miss Asia Pacific World အလှမယ်ဘွဲ့ကို နောက်တစ်ယောက်ကို ပြောင်းလဲ ပေးမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားက နိုင်ငံ ပွဲစီစဉ်ရေး အဖွဲ့က ပြောခွင့်ရသူ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

မေမြတ်နိုးဘက်က မရိုးသားခဲ့တဲ့ အတွက်ရယ်၊ အလှမယ်ဘွဲ့ ရသူ တစ်ယောက် အဖြစ် ရပ်တည်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ အတွက် ရယ်ကြောင့် သရဖူကို ပြန်ရုပ်သိမ်း တာလို့ ပြောပါတယ်။

အဓိက မကျေနပ်တဲ့ အကြောင်း တစ်ခုကတော့ သူတို့ ကုမ္ပဏီနဲ့ အလုပ် ဆက်လုပ်ဖို့ သြဂုတ်လ ထဲမှာ မေမြတ်နိုး တောင်ကိုရီးယားကို ပြန်လာချိန်မှာ သူ့မိခင်ကိုပါ တပါတည်း ခေါ်လာခဲ့တဲ့ ကိစ္စ ဖြစ်တယ်လို့ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

မေမြတ်နိုးရဲ့ မိခင်ကို နှစ်ပတ်ဗီဇာ လျှောက်ပေးခဲ့ပေမဲ့ သူက မေမြတ်နိုး တောင်ကိုရီးယားမှာ ရှိနေသမျှ သုံးလလုံး နေချင်တယ်ဆိုတာကို သူတို့ လက်မခံနိုင်ဘူးလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

အလှမယ် ဖြစ်ပြီးတဲ့ အခါ ပိုမိုလှပအောင် Breast Implant ဆိုတဲ့ ရင်သား ခွဲစိပ် ပြုပြင်တာ၊ ခေါင်း၊ ခါးနဲ့ ခြေ အဆုံး ပလတ်စတစ် ဆာဂျရီ နည်းနဲ့ ခွဲစိပ် ပြုပြင်တာတွေ လုပ်ရမယ်လို့ ကြိုတင် သဘောတူခဲ့တာ ရှိခဲ့ပြီး အခုတခါ မေမြတ်နိုး ကိုရီးယားကို ပြန်လာပြီး နောက်တစ်ရက်မှာ ဒေါ်လာ တစ်သောင်း ကုန်ကျတဲ့ ရင်သား ခွဲစိပ် ပြုပြင်မှုလုပ်ပေးခဲ့တယ်လို့ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

ဒါဟာ မေမြတ်နိုးရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်တာလို့ ဒေးဗစ် ကင်းမ်က ပြောပေမဲ့ မေမြတ်နိုး အနေနဲ့ ငြင်းလို့ မရတဲ့ ဖိအားပေးမှုကြောင့် လက်ခံခဲ့ရတာလို့ သူ့ အစ်မဖြစ်သူက ပြောပါတယ်။

ရင်သား ခွဲစိပ် ပြုပြင်တဲ့ ကိစ္စကို လူတစ်ယောက်ရဲ့ အတွင်းရေး လျှို့ဝှက် ချက် အဖြစ် ထားမယ်လို့ ပြောခဲ့ပြီးမှ အခု ထုတ်ဖော်ပြောတာဟာ ပွဲစီစဉ်သူတွေ ဘက်က လိမ်လည် ပြောဆိုရာ ကျပြီး သူတပါး အတွင်းရေးကို ထုတ်ပြောရာလည်း ကျတယ်လို့ မေမြတ်နိုးရဲ့ အစ်မက ပြောပါတယ်။

ဒေါ်လာ တစ်သိန်း လောက်တန်တဲ့ သရဖူကြီးကို ယူပြီး မေမြတ်နိုး ထွက်ပြေး သွားခဲ့တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောတာနဲ့ ပတ်သက်လို့လည်း သူ့ အစ်မက မေမြတ်နိုးဟာ တောင်ကိုရီးယားမှာ နေဖို့ ခွင့်ပြုထားတဲ့ရက် မတိုင်ခင် ပြန်လာခွင့် ရှိတဲ့ အတိုင်း ပြန်လာခဲ့တာလို့ ပြောပါတယ်။

သရဖူဟာ မြန်မာနိုင်ငံသားတွေ အတွက် ရခဲ့တာ ဖြစ်လို့ ဘာဆက်လုပ်မယ်ဆိုတာကို လာမယ့် အင်္ဂါနေ့မှာ မေမြတ်နိုးက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အကြောင်းစုံ ရှင်းလင်း ပြောပြ သွားမယ် လို့လည်း သူက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မေမြတ်နိုး ဒေါ်လာ ၁ သိန်းတန် ရတနာသရဖူ၊ ဒေါ်လာ ၁ သောင်းတို့နှင့် ထွက်ပြေးတိမ်းရှောင်နေဟုဆို


Miss Asia Pacific World အဖြစ်မှ ဖြုတ်ချခံရသူ မြန်မာအလှမယ် မေမြတ်နိုးသည် ဒေါ်လာ ၁၀၀,၀၀၀ တန် ရတနာသရဖူအပြင် ပြိုင်ပွဲစပွန်ဆာများက ရင်သားခွဲစိပ်ပြုပြင်ရန်ပေးသော ဒေါ်လာ ၁ သောင်းတို့နှင့်အတူ တိမ်းရှောင်နေသည်ဟု အဆိုပါအလှမယ်ပြိုင်ပွဲ၏ မီဒီယာဒါရိုတ်တာ ဒေးဗစ်ကင် က ယခုလ ၂၈ရက်နေ့က ပြောသည်။

၂၀၁၂ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာအလှမယ်ပြိုင်ပွဲများသို့ ပြန်လည်ခြေလှမ်းချခဲ့သော မြန်မာနိုင်ငံသည် ၂ နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယားခြေစိုက် Miss Asia Pacific World ပြိုင်ပွဲတွင် သရဖူဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့အလှမယ်ဖြစ်သည်။ ယင်းမှာ မြန်မာမယ်တဦးအနေနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ပထမဆုံး သရဖူဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

မေမြတ်နိုးသည် ရိုင်းပြခြင်း၊ မရိုးသားခြင်းတို့အပြင် ပြိုင်ပွဲကျင်းပသည့် အဖွဲ့အစည်းက သူမ၏မိခင်အတွက် ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၁၉ ရက်နေ့အထိသာ နေထိုင်ခွင့်လျောက်ထားနိုင်သည့် ဖိတ်ကြားစာ ပေးပို့ခဲ့သော်လည်း ယင်းဖိတ်ကြားစာဖြင့် ၃ လဗီဇာ တရားမ၀င်ရယူရန် ကြိုးပမ်းခဲ့သည်ဆိုသော စွပ်စွဲချက်များ
ကြောင့် Miss Asia Pacific World 2014 မယ်အဖြစ်မှ ဖြုတ်ချခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအင်တာနက်စာမျက်နှာတွင် သရဖူရှင်ဓါတ်ပုံနေရာကို ဖျက်ထားပြီး “မေမြတ်နိုး(ဖြုတ်ချခံ)” ဟု ရေးသားပြုလုပ်ထားသည်။ ထို့အပြင် Miss Asia Pacific World Organization က သရဖူကို မြန်မာနိုင်ငံဒါရိုတ်တာ မလှနုထွန်းထံသို့ မီဒီယာများ ရှေ့မှောက်၌ ပြန်လည်အပ်နှံရန် မေမြတ်နိုးအား တောင်းဆိုထားကြောင်းလည်း သိရသည်။

Ref ; seatlepi