Showing posts with label DKBAသတင်း. Show all posts
Showing posts with label DKBAသတင်း. Show all posts

DKBA/KKO ဗိုလ်ဆန်းအောင် တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူများသေဆုံးဒဏ်ရာရ




ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကော့ကရိတ်မြို့အကြားတွင် အစိုးရတပ်များအခြေပြုလျက်ရှိသည့် အလယ် ဗိုလ်တဲစခန်းအား ယနေ့နေ့လည် (၁၁)နာရီဝန်းကျင်တွင် DKBA/KKO ဗိုလ်ဆန်းအောင် အဖွဲ့မှလက်နက်ကြီး ဖြင့်ပစ်ခတ်မှုကြောင့် ခရီးသွားယာဉ်တစ်စီးအားထိခိုက်မိခဲ့ရာ ခရီးသွားပြည်သူ ၅ ဦးသေဆုံးခဲ့ရပြီး ၁၀ ဦးခန့် ဒဏ်ရာရှိခဲ့ကာ အလယ်ဗိုလ်တဲ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါးမှာလည်း ခြေထောက်တွင် လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိ ခဲ့ပါသည်။

အဆိုပါပစ်ခတ်မှုကြောင့် မြ၀တီမြို့မှ ကော့ကရိတ်အဆင်း လမ်းပိုင်းများ 
ပိတ်ထားရပြီး ဒဏ်ရာရရှိခဲ့သူများကို ကော့ကရိတ်ဆေးရုံကြီးသို့ ပို့ဆောင်ထားခဲ့ရပါသည်။ အမျိုးသား (၄)ဦး အမျိုးသမီး(၂)ဦး ကလေး(၃)ဦးနှင့် ဆရာတော်တစ်ပါးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး လေးဦးမှာစိုးရိန်ဖွယ်
အခြေအနေဖြစ်သည်ဟုသိရှိခဲ့ရသည်။

“ပစ်တာကတော့ DKBA အဖွဲ့ကပစ်တာသေချာပါတယ်။ 

အခုဖြစ်တဲ့ဒေသမှာက အောက်ဗိုလ်တဲ၊ အထက် ဗိုလ်တဲ နှင့် အလယ်ဗိုလ်တဲဆိုပြီး စစ်တပ်စခန်းတွေရှိတယ်လေ။ ဗိုလ်ဆန်းအောင်အဖွဲ့တွေက အလယ်ဗိုလ်တဲ 
စခန်းကို လှမ်းပြီးပစ်တာမထိဘဲ ခရီးသွားယာဉ်ကိုထိပြီး အခုလိုဖြစ်ရတာပါ။ လက်ရှိအခြေအနေမှာဒဏ်ရာ ရတဲ့သူတွေကို ဆေးရုံကိုပို့ပြီးတော့ ဆေးကုသနေကြပါတယ်” ဟုပစ်ခတ်မှုဖြစ်ပွားခဲ့ရာနေရာသို့ရောက်ရှိနေခဲ့
သောဒေသခံတစ်ဦးမှပြောကြားခဲ့ပါသည်။
ဗိုလ်ဆန်းအောင်သည် လက်ရှိတွင် DKBA/KKO ခွဲထွက်အဖွဲ့မှဖြစ်ပြီး အစိုးရစစ်တပ်နှင့်တိုက်ပွဲများဖြစ်ပွား လာရန်စတင်ဖန်တီးခဲ့သူ တစ်ဦးဖြစ်ကြောင်း လက်ရှိအခြေနေတွင် DKBA/KKO တပ်ဖွဲ့မှ စစ်ဦးစီးချုပ်ဗိုလ်ချုပ် စောလားဘွယ် အနေဖြင့်ဖြစ်ပွားနေသောပြဿနာ များအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်ညွှန်ကြား ထားသော်လည်း ဗိုလ်ဆန်းအောင်အနေဖြင့် လိုက်နာခြင်းမရှိဘဲ ယခုကဲ့သို့ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်နေရကြောင်းသိရှိခဲ့ရပါသည်။

From: ခင်အေးမွန်

ယနေ့နံနက်မြ၀တီတွင် ပစ်ခတ်မှုဖြစ် DKBA တဦးသေ တဦးဒဏ်ရာပြင်းထန်စွာရရှိ


ယနေ့နံနက် ၂ နာရီခန့်က မြ၀တီမြို့ ကြံခင်းလမ်းတွင် မြန်မာစစ်တပ်နှင့် DKBA ပစ်ခတ်မှု ဖြစ်ပွားရာ DKBA တပ်ရင်း (၉၁၀)မှ ဗိုလ်လင်းနိုင် သေဆုံးပြီး ကျန်တဦး ဒဏ်ရာ ပြင်းထန်စွာရရှိပြီး မြ၀တီ ဆေးရုံ အရေးပေါ်ဌာနတွင် ရောက်ရှိနေသည်ဟု DKBA တပ်မှူးတဦး ကပြောသည်။

ပစ်ခတ်မှုကို အသေးစိတ် စုံစမ်းမှုများ ပြုလုပ်နေပြီး လုံးဝလက်မခံနိုင်သည့် ဖြစ်ရပ်ဖြစ်သည်ဟု DKBA တပ်မှူးကြီး တဦးကပြောပြီး မြန်မာအာဏာပိုင်များ ယခုဖြစ်ရပ်ကို ဖြေရှင်း ပေးရမည်ဟု ဆိုသည်။
ကြံခင်းလမ်းတွင် နေထိုင်သူတဦးက"ဖြစ်တာ ဟုတ်တယ် ဒီကေဘီအေနဲ့ နယ်ခြားစောင့်တပ် ပြည်သူ့စစ်ပူးပေါင်း အဖွဲ့လို့ကြားတယ်"ဟုပြောသည်။

မြ၀တီတွင် နှစ်ရက်ဆက်တိုက် ချိန်ကိုက်မိုင်းတွေ့ရှိ ပြီးနောက် အာဏာပိုင်များက လုံခြုံရေးကို တိုးမြှင့်ထားသည်ဟု ခရိုင်အဆင့် တာဝန်ရှိသူ တဦးက ယမန်နေ့က မီဒီယာသမားများကို ပြောသည်။

ယနေ့ပစ်ခတ်မှုနှင့် ပတ်သက်၍ DKBA မှ တပ်မှူးကြီး တဦးဖြစ်သည့် ဗိုလ်မှူးကြီးကျော်သက်က " ငါ့လူတယောက်သေရင် သူတို့လူဆယ်ရောက်သေရမယ်"ဟု ယနေ့နံနက်ပိုင်းက ပြောဆိုခဲ့သည်။

ချိန်ကိုက်မိုင်းများတွေ့ရှိမှုနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် ပြည်သူများ ကျီးလန့်စာစား ဖြစ်နေကြရသည်ဟု မြ၀တီမြီု့ခံများ ကပြောဆိုနေကြသည်။

သတင်း - ကရင်အမျိုးသား(မီဒီယာ)