Showing posts with label ပြည်တွင်းနည်းပညာ. Show all posts
Showing posts with label ပြည်တွင်းနည်းပညာ. Show all posts

စမတ်ဖုန်းမှာ Youtube Video ကို background play အဖြစ် ဖွင့်ထားချင်သူတွေအတွက်


Android နဲ့ iOS စမတ်ဖုန်းတွေမှာ YouTube app နဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုက background play မရခြင်းပဲ ဖြစ်ပါတယ်။ YouTube မှာ ဗွီဒိယို သို့မဟုတ် သီချင်းတစ်ပုဒ် နားထောင်နေရင်း တခြား app တစ်ခုခု ဖွင့် သို့မဟုတ် screen ကို ပိတ်လိုက်မယ်ဆိုရင် အဲဒီ ဗွီဒီယို/ အော်ဒီယိုဟာ အလိုအလျှောက် pause ဖြစ်ပါလိမ့်မယ်။

အင်တာနက် သုံးစွဲနေစဉ် ဒါမှမဟုတ် တခြားတစ်ခုခု လုပ်နေစဉ် စမတ်ဖုန်းနဲ့ YouTube app မှာ သီချင်းနားထောင်ချင်ရင် ဘယ်လိုလုပ်ရမလဲ။ မိုဘိုင်းလ်ဖုန်းလေးနဲ့ YouTube video များကို background မှာ ဖွင့်ထားချင်ရင် အောက်ပါ နည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

iOS အတွက်

· Safari ကနေတဆင့် YouTube site ကို သွား။

· ကိုယ် ကြိုက်တဲ့ music video ကို ရှာဖွင့်ပြီး screen အပြည့်လာသည့်အထိ စောင့်ပါ။

· နောက် home button ကို နှိပ်ပါ။ Home screen ပြန်ရောက်ပြီး audio ကို ရပ်တန့်စေပါလိမ့်မယ်။

· အဲဒီအချိန်မှာ swipe လုပ်ပြီး control center အကူအညီယူပြီး play button ကို တစ်ချက် နှိပ်ပေးရပါမယ်။

အခုတော့ တခြား app များ အသုံးပြုနေစဉ် ဒါမှမဟုတ် ဖုန်းပိတ်ထားတဲ့ အချိန်မှာတောင် မိမိကြိုက်နှစ်သက်လို့ ဖွင့်ထားတဲ့ music video က background မှာ ဆက်သွားနေမှာ ဖြစ်ပါတယ်။ ဒီလို အသုံးပြုရ အဆင်ပြေ ပေမယ့်လို့ YouTube app ကို delete ပစ်ဖို့ လိုပါလိမ့်မယ်။ သို့မဟုတ်ပါက Safari မှ app ကို အော်တို redirect ဖြစ်နေမှာပါ။

သို့ပေမယ့် app ကို မဖျက်ချင်ဘူးဆိုရင် YouTube site ကို Google Chrome browser မှတဆင့် ဖွင့်နိုင်သေးတယ်။ အထက်ပေါ်က step အတိုင်း လိုက်နာလုပ်ဆောင်သွားရုံ ပါပဲ။

Android အတွက်

· ပထမဆုံးအနေနဲ့ Mozilla browser ကို download ပြီး install လုပ်ပါ။

· YouTube site ကို Mozilla နဲ့ ဖွင့်။

· Settings ကို သွားပြီး desktop tab ကို နှိပ်ရပါမယ်။

· YouTube ရဲ့ desktop site သို့ ပြောင်းလဲ ပေးပါလိမ့်မယ်။

· ကြိုက်တဲ့ music video ကို ဖွင့်ပါ။ တခြား app များ အသုံးပြုနေစဉ် သို့မဟုတ် screen ပိတ်ထားတဲ့အချိန်မှာလည်း background မှာ ဆက်လက်သွားနေမှာ ဖြစ်ပါတယ်။ 

Ref: Indiatimes
Trend

ဧရာဝတီဘဏ်က Mobile Banking ကို အောက်တိုဘာတွင် မိတ်ဆက်မည်


ဧရာဝတီဘဏ်သည် လက်ရှိ အချိန်၌ Internet Banking စနစ် ကို ဝန်ဆောင်မှုပေးအပ်နေပြီး လာမည့် အောက်တိုဘာလဆန်းပိုင်း၌ Mobile Banking စနစ်ကို ထပ်မံ ဝန်ဆောင်မှုပေးအပ်မည်ဟု ဧရာဝတီဘဏ်၏ အီလက်ထရွန်နစ်ဌာနမှ ကိုမျိုးဝင်းရည်ကပြောသည်။ Internet Banking စနစ်ကို ဇွန်လ ၂၇ ရက်နေ့တွင် စတင်ဝန်ဆောင်မှုပေးအပ်ခဲ့သည့် ဧရာဝတီဘဏ်သည် Mobile Banking စနစ်ကိုဝန်ဆောင်မှုပေးအပ်နိုင်ရန် ပြင်ဆင်နေခြင်ဖြစ်ပြီး အဆိုပါ Mobile Banking စနစ်၌ Internet Banking စနစ်နှင့်မတူညီသော ဝန်ဆောင်မှုသစ်များကို ထည့်သွင်းထားသည်ဟုသိရသည်။
ဧရာဝတီဘဏ်၏ Internet Banking စနစ်၌ ကျပ်ငွေစနစ်တစ်ခုကိုသာ ဖော်ပြပေးနိုင်သော်လည်း Mobile Banking စနစ်၌ ယူရို ၊ အမေရိကန်နှင့် စင်ကာပူငွေကြေး စနစ်များကို ဖော်ပြပေးနိုင်သည်ဟု သိရသည်။ ထို့အပြင် Mobile Banking စနစ်၌ SMS စနစ်ကို အပိုဆောင်းအနေဖြင့် အသုံးပြုနိုင် မည်ဖြစ်သည်။ SMS စနစ်ကြောင့် အင်တာ နက်ကွန်ရက်မလိုအပ်ဘဲ ငွေကြေး များကို လွှဲပြောင်းပေးအပ်နိုင်မည့် အပြင် အခြားသောဝန်ဆောင်မှုများ ဖြစ်သည့် နိုင်ငံတကာသုံးစမတ် ကတ်များဆီသို့လည်း Internet Banking နှင့် Mobile Banking စနစ်ကိုအသုံးပြု၍ ငွေကြေးလွဲ ပြောင်းအသုံးပြုနိုင်မည်ဟု သိရသည်။ ထို့အပြင် ATM စက်များ ၏ တည်နေရာများကို ကြည့်ရှုနိုင် ခြင်းနှင့် မိုဘိုင်းဖုန်းများဆီသို့ ငွေကြေးဖြည့်သွင်းနိုင်ခြင်း ၊ ဈေးဝယ် စင်တာများ၌ ငွေကြးပေးချေနိုင် ခြင်းတို့ကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ Mobile Banking စနစ်ကို အင်းဝဘဏ် ၊ CB ဘဏ်နှင့် အခြားသောဘဏ်တစ်ခု တို့က စတင်ဝန်ဆောင်မှုပေးအပ်နေ ပြီဖြစ်ပြီး ဧရာဝတီဘဏ်က လေးခုမြောက်ဘဏ်အဖြစ် Mobile Banking ကို ၀န်ဆောင်မှုပေးအပ် မည်ဖြစ်သည်။ အင်းဝဘဏ်၏ Mobile Banking စနစ်၌ အသုံးပြု သူ ၅ သောင်းကျော်ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း အခြား သောဘဏ်များကမှု ထုတ်ပြန်ပြော ဆိုခဲ့ခြင်းမရှိပေ။ ဧရာဝတီဘဏ်သည် Internet Banking စနစ်နှင့် Mobile Banking စနစ်အသုံးပြုသူများအတွက် ငွေကြေးစာရင်းဇယားများကို အချိန် နှင့်တစ်ပြေးညီအသုံးပြုနိုင်စေရန် အင်တာနက်မှတစ်ဆင့် ဘဏ်ခွဲ အားလုံးကို ကွန်ရက်တစ်ခုချိတ် ဆက်ထားကြောင်း သိရသည်။ လက်ရှိအချိန်၌ ဧရာဝတီဘဏ် သည် ဘဏ်ခွဲပေါင်း ၇၉ ခုကို ဖွင့်လှစ်ထားပြီး လာမည့် ၂၀၁၅ ခုနှစ် မတ်လ၌ ဘဏ်ခွဲပေါင်း ၁၂၀ ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထား သည်။ လက်ရှိအချိန်၌ ဧရာဝတီဘဏ်တွင် Internet Banking အသုံးပြုသူ ၄၃၀၀ ဝန်းကျင်ရှိသည်။

မြဝတီ နည်းပညာ

စွန့်ပစ် စီးကရက် အစီခံများကို မိုဘိုင်းလ်ဖုန်းနှင့် ကွန်ပျူတာသုံး ပစ္စည်းများ အဖြစ်သို့ သိပ္ပံ ပညာရှင်များက ပြောင်းလဲဖန်တီးနိုင်



ယခုဆိုလျှင် ပတ်ဝန်းကျင် သန့်ရှင်းရေး အတွက် သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က လူအများ သောက်သုံးပြီး လွှင့်ပစ်လိုက်သော စီးကရက်တိုများကို နည်းပညာသုံး ပစ္စည်းများအဖြစ် ပြန်လည် အသုံးပြုနိုင်သော နည်းလမ်းတစ်ရပ်ကို ရှာဖွေ တွေ့ရှိထားသည်။

တောင်ကိုရီးယား နိုင်ငံမှ သုတေသီများက ၎င်းစီးကရက်တိုထဲမှ အစီခံများကို ကွန်ပျူတာသုံး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်ရသော ယာဉ်များနှင့် လေတာဘိုင်စက်များတွင် စွမ်းအင် သိုလှောင်ရန် ပစ္စည်းတစ်မျိုး အဖြစ်သို့ အသွင်ပြောင်းနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤပစ္စည်းကို လျှပ်စစ်စွမ်းအင် အကြီးအကျယ် သိုလှောင်နိုင်သော စူပါကက် ပစစ်တာများ၏ လျှပ်ငုတ်ကို အပေါ်မှ ဖုံးအုပ်ရန် အသုံးပြုနိုင်သည်။ အဆိုပါ စီးကရက် အစီခံများမှ ထုတ်လုပ်သော ပစ္စည်းသည် လက်ရှိစီးပွားရေး လောကတွင် အသုံးပြုနေသော ကာဗွန်၊ ဂရာဗင်းနှင့် ကာဗွန်နာနိုကျူများထက် ပိုမိုကောင်းမွန်သည်ဟု သုတေသီများက ပြောသည်။


ဆိုးလ်အမျိုးသား တက္ကသိုလ်မှ ပါမောက္ခ ဂျောင်ဟုတ်ယီက အဆိုပါ သောက်ပြီးသား စီးကရက် အစီခံများကို အဆင့်မြင့် ကာဗွန် အခြေခံသော ပစ္စည်းအဖြစ်သို့ လုပ်နည်းစဉ် တစ်ဆင့်တည်း လွယ်ကူစွာ အသုံးပြု၍ အသွင်ပြောင်းလိုက်ပါက လူ့အသိုင်းအဝိုင်းမှ တောင်းဆိုနေသည့် စွမ်းအင်ကို ဖြည့်ဆည်း ပေးနိုင်သော ပစ္စည်းအဖြစ်သို့ ပြောင်းလဲသွား နိုင်ကြောင်း သိရသည်။ ဤသောက်ပြီးသား စီးကရက်တိုများမှာ အဆိပ်အတောက် ဖြစ်စေ သောကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် အပြင် ရေကိုပါ ညစ်ညမ်းစေပြီး အဆိပ် အတောက် ဖြစ်စေနိုင်ကြောင်း သိရသည်။ ယခုဆိုလျှင် အမေရိကန်နိုင်ငံ ဆန်တီယာဂိုမြို့မှ သုတေသီများက စီးကရက်ဘူးခွံပေါ်၌ သောက်ပြီးသား စီးကရက်သည် ပတ်ဝန်းကျင်ကို အဆိပ်သင့် ထိခိုက်စေနိုင်ကြောင်း သတိပေးစာသားကို ရိုက်နှိပ်ဖော်ပြရန် တောင်းဆိုနေပြီး ဆေးလိပ် ကုမ္ပဏီများက တရားဝင် ဆေးလိပ်တိုများ သန့်ရှင်းရေးအတွက် ကုန်ကျစရိတ် များကို တာဝန်ယူစေလိုကြောင်း ဆန်တီယာ ဂိုစတိတ်ယူနီဗာစတီမှ သောမတ်နိုဗိုတနီက ပြောသည်။

သုတေသီများသည် စီးကရက် အစီခံတွင် ဆဲလူးလို့ အက်ဆီတိတ်ဖိုင်ဘာ အများဆုံး ပါဝင်နေရာ ယင်းကို ပိုင်ရိုလိုက်စစ်ခေါ် လောင်ကျွမ်းစေသော နည်းစနစ်ဖြင့် စိမ့်ဝင်နိုင်သည့် အပေါက်ငယ်လေးများ ပါရှိကာ ကာဗွန် အခြေခံသည့် ပစ္စည်းအဖြစ်သို့ အသွင် ပြောင်းယူ နိုင်သည်။ အဆိုပါ စိမ့်ဝင်နိုင်သော အပေါက်လေးများ၏ မတူညီသောအရွယ် အစားကြောင့် High Power Density ရှိသည်ဖြစ်၍ စူပါ ကက်ပစစ်တာများအား အမြန်သွင်းနိုင်ကြောင်း ပါမောက္ခ ဂျောင်ဟုတ်ယီက ပြောသည်။ သို့ဖြစ်၍ သိပ္ပံပညာရှင်များသည် လက်ရှိ သုံးနေသော ကာဗွန်များနေရာတွင် စီးကရက် အစီခံမှရရှိသော ကာဗွန်အခြေခံ ပစ္စည်းများဖြင့် အစားထိုး အသုံးပြု သွားနိုင်ရေးကို တွန်းအားပေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

မြ၀တီ