Showing posts with label အနုပညာသတင်း. Show all posts
Showing posts with label အနုပညာသတင်း. Show all posts

Miss Grand Myanmar 2014 ကချင်တိုင်းရင်းသူမယ်လေး M Ja Seng ကို အားပေးကြမယ်နော်



ထိုင်းနိုင်ငံမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ Miss Grand Myanmar 2014 ကချင်တိုင်းရင်းသူမယ်လေး M Ja Seng ဘယ်နေရာရောက်ရောက် မြန်မာဆန်ဆန်လေးနဲ့ မြန်မာ့အလှကိုပြသနေပါတယ်...
အောက်က Link ကနေ Vote ပေးလို့ရပြိနော် 
Voting Link >>

http://www.missgrandinternational.com/?page=vote_detail&cont=163 <<

ဘယ်လောက်တန်တယ် ဆိုပြီး ဈေးခေါ်ရအောင် ညီမက ကုန်ပစ္စည်း မဟုတ်ဘူးဟုဆိုလိုက်တဲ့ မြန်မာမော်လ်ဒယ်မလေး

အကယ်ဒမီ ဗန်းကိုင်မှတစ်ဆင့် အနုပညာလောကထဲ ဆင့်ကာဆင့်ကာ ၀င်ရောက်ခဲ့ပြီး ဇာတ်ကားတွေ တော်တော်များများမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ရိုက်လာရတဲ့ ဖူးပွင့်သခင် က အနုပညာပျိုးခင်းမှာလဲ ၀င်ပြိုင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူမကတော့ “အနုပညာပျိုးခင်း ကဖောင်တော့တင်ထားပါတယ်။ သူများတွေက သွားတင်လို့ ပြောတာနဲ့တင်တော့ တင်ထားကြည့်တယ်။ ကံပေါ့နော်”တဲ့။

ကာရိုက်တာရွေးချယ်တဲ့အပိုင်း၊ ဇာတ်ကားလက်ခံရိုက်ကူးရေးပိုင်းကိုတော့ “ကိုယ်လဲအသစ်ကနေ လာရတာပဲဆိုတော့ တတ်နိုင်သမျှ ဇာတ်ကောင်းပြီးကိုယ်လဲလုပ်ကွက်ရမယ်ဆိုရင်တော့ ညီမ ရိုက်ပါတယ်။ ခုခေတ်က မင်းသားစွဲလဲ မရှိတော့ဘူး။ အသစ်လဲ အားပေးကြတော့ ကိုယ့်အတွက် လုပ်ကွက်ရမယ်ဆို ဘယ်မင်းသားနဲ့မဆို ညီမ ရိုက်မှာပါ။ ကိုယ်ကိုယ်တိုင်ကတော့ ကားတိုင်းမှာ အကောင်းဆုံးနဲ့ အမှားအနည်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ သရုပ်ဆောင်ဆိုတာ အပြင်မှာ ဖြစ်နေတဲ့ဟာတွေ အားလုံးကို လေ့လာထားရတယ်။ ကိုယ်ကျရာ ဇာတ်ရုပ်ကို အရုပ်ရယ် အ၀တ်အစား ဆင်ယင်မှု အိုက်တင်ပိုင်းရောအကုန်လုံးကို perfect ဖြစ်အောင်လုပ်ရတာပေါ့နော်။ အဓိက အ၀တ်အစားက၂၅ ရာခိုင်နှုန်းပါတယ်။ အိုက်တင်ပိုင်းကတော့ ၇၅ ရာခိုင်နှုန်း ပါမယ်လို့ ညီမကတော့ထင်တယ်။”လို့ သူမက ပြောပါတယ်။

တက်သစ်စ မင်းသမီးတစ်ယောက်ရဲ့အနုပညာကြေးနဲ့ပတ်သတ်ပြီးတော့လဲ သူမက “ညီမ စရိုက်ကတည်းက ဘယ်ရွေ့ ဘယ်မျှ မသတ်မှတ်ထားဘူး။ ကိုယ့်လုပ်ရည်ကိုင်ရည်ကို ပရိသတ်ကပဲ ဝေဖန်ပေးမယ်။ ပရိသတ်ကပဲ ဒီကောင်မလေးက ဘယ်လောက်ထိ ပေးဆပ်ထားလဲ ဘယ်လောက်ထိ တန်လဲဆိုတာ အမှတ်ပေးပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် ငါကတော့ ဘယ်လောက်တန်တယ် ဆိုပြီး ဈေးခေါ်ရအောင် ညီမတို့ကကုန်ပစ္စည်းလဲ မဟုတ်ဘူး။ ဈေးသည်တွေလဲ မဟုတ်ဘူး။ ကိုယ့်ရဲ့ကြိုးစားမှု အပေါ်ပဲ ဆုံးဖြတ်တယ်။ ညီမစရိုက်ကတည်းက ကုမ္ပဏီကပဲ စညှိပေးတာ။ သူတို့ပြောတဲ့အတိုင်းပဲ ညီမယူတယ်။ ခင်တဲ့သူကျတော့လဲ ခင်တဲ့သူအလျောက်ပေါ့။ အတတ်နိုင်ဆုံးတော့ ညီမ ဈေးဘယ်တော့မှ စမခေါ်ပါဘူး။ ကိုယ့်ရဲ့ကြိုးစားမှုကိုပဲ အဓိကထားတယ်။ ပိုက်ဆံကတော့ လူတိုင်း လိုချင်တာပေါ့နော်။ များများလိုချင်ရင် ကိုယ့်ရဲ့ကြိုးစားမှုကို များများ ထားရမယ်။ ငါကတော့ ဒီဈေးတန်တယ်ပြောပြီးမှ ကိုယ့်ဖက်က ဘာမှမလုပ်ပေးနိုင်ရင် ကိုယ်က အလကားသက်သက် ပိုက်ဆံယူနေသလိုဖြစ်မှာစိုးလို့ ညီမကိုယ်ညီမ ဈေးကို မသတ်မှတ်ထားပါဘူး”တဲ့။

Trend Myanmar

ပရိသတ်အတွက် အထူးအဆန်းဖြစ်စေမည့်ဂီတဖန်တီးလိုက်သည့် မြန်မာအဆိုတော် မိန်းမချောလေး

ယနေ့ခေတ်ဂီတဘက်ပိုင်းတွင် သီဆိုလေ့မရှိသော ပုံစံမျိုးဖြစ်သည့် သီချင်းမျိုးကို
ပရိသတ်အတွက် အထူးအဆန်းဖြစ်အောင် ဖန်တီးသီဆိုထားပါသည်ဟု တေးသံရှင်
အယ်လ်လွန်းအောင်က ပြောဆိုသည်။ 
စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းရှိ
အောကစ်ဟိုတယ်၌ ပြုလုပ်သော 'ဘာကြောင့်လဲ' စီဒီခွေ တေးစီးရီး မိတ်ဆက်ပွဲ၌ ၎င်းက
ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 
'ညီမက ဂီတဘက်ပိုင်းမှာဆိုရင် အထူးအဆန်းလေးတွေဖြစ်အောင် ဖန်
တီးချင်တယ်။ဂီတနှစ်ခုကိုရောပြီးတော့သီဆိုရတဲ့ပုံစံမျိုးပေါ။့ ရော(့ ခ်)နဲ့ပေါ့(ပ်)တွဲဆိုတာ
မျိုးတို့၊ ဂီတနှစ်ခုကို ပေါင်းပြီး ဖန်တီးရတဲ့ အသစ်ဆန်းပုံစံလေးတွေကို ပရိသတ်အတွက်
ဖန်တီးပေးချင်တာပါ။ ကိုယ်တိုင်လည်းတီထွင်ပြီးသီဆိုရတာကြိုက်လို့ပါ'ဟု ၎င်းက
ရှင်းပြသည်။ 
တေးသံရှင် အယ်လ်လွန်းအောင်သည် လတ်တလော လှုပ်ရှားမှုအနေဖြင့်
'ဘာကြောင့်လဲ' စီဒီခွေကို သီဆိုထားသည်ဖြစ်ပြီး အဆိုပါအခွေကို ထင်းရှူးရိပ်
တေးသံသွင်းမှ စက်တင်ဘာ ၁၁ ရက်တွင် ဖြန့်ချိမည်ဟု သိရသည်။ ၎င်းအခွေထဲတွင်
လူတိုင်း၏ ခံစားချက်နှင့် တိုက်ဆိုင်သည့် သီချင်းမျိုးပါဝင်ကြောင်း သိရသည်။

စံတော်ချိန်

မာယာချိုနဲ့မတူတဲ့ ဇာတ်ရုပ်ကို ကြိုးစားသရုပ်ဆောင်ခဲ့တဲ့ ၀င့်ယမုံလှိုင်


မကြာမီ ထုတ်လွှင့်ပြသမည့် The Sign of Love Book 2တွင် ပရိသတ်များ မြင်တွေ့နေကျ မာယာချိုပုံစံနှင့် မတူသည့် ဇာတ်ကောင်စရိုက်ကို တွေ့မြင်ရမည်ဟု ၀င့်ယမုံလှိုင်က ပြောသည်။

‘‘ဒီဇာတ်လမ်းမှာက မာယာချိုဆိုတာ မဖြစ်ခင်ဆိုတော့ ဘာမှ နားမလည်သေးတဲ့ သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ တွေ့ရမှာပါ။အရင်က ပုံစံတွေနဲ့လည်းလုံးဝကွဲသွားပါတယ်’’ဟု ၎င်းကပြောသည်။

ဒရာမာဇာတ်လမ်းဖြစ်၍ ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့ရပြီး သရုပ်ဆောင်မှု လိုအပ်ချက်နှင့် ပတ်သက်၍လည်း ပရိသတ်များဘက်မှ ဝေဖန်အကြံပြုစေလိုကြောင်း ၀င့်ယမုံလှိုင်က ပြောသည်။

The Sign of Love Book 2 ကို စက်တင်ဘာ ၁၅ ရက်မှ စတင်၍အပတ်စဉ် တနင်္လာမှ သောကြာအထိ ညစဉ်ထုတ်လွှင့် ပြသပေးမည်ဖြစ်သည်။ ၎င်းပါဝင်သရုပ်ဆောင်ထားသည့် ပထမဆုံးဗီဒီယိုဇာတ်ကား Good Luck ဇာတ်ကားမှ ဇာတ်ရုပ်ကို ပရိသတ်များအားပေးခဲ့၍ ၀မ်းသာခဲ့ရသည်ဟု ၀င့်ယမုံလှိုင်ကပြောသည်။
7 day

စားပွဲထိုးဘဝက မော်ဒယ်လ် ဖြစ်လာသူ ရှမ်းမလေး နန်းနွတ်နဲ့ အင်တာဗျူး



စားပွဲထိုးဘဝမှ ဓာတ်ပုံမော်ဒယ်လ် ဖြစ်လာသူ နန်းနွတ် (ဓာတ်ပုံ – နန်းနွတ်၏ facebook စာမျက်နှာမှ)


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ လက်ပ်ယန်းဆိုတဲ့ စားသောက်ဆိုင်မှာ ငါးနှစ်နီးပါးကြာအောင် စားပွဲထိုး အလုပ်လုပ်နေရင်း အခုအခါမှာတော့ စားပွဲထိုးအလုပ်အပြင် ထိုင်းနိုင်ငံရဲ့ အွန်လိုင်းရှော့ပင်း (Online shopping) တွေမှာ မော်ဒယ်လ် တယောက်အနေနဲ့ လူသိများ ထင်ရှားလာသူ နမ်းနွတ်ဆိုတဲ့ ရှမ်းတိုင်းရင်းသူလေးဟာ မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ ၇ နှစ်ကျော် ၈ နှစ်ကာလ၊ သူ့အသက် ၁၇ နှစ်အရွယ်ကတည်းက ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အခုအချိန်မှာ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ နမ်းနွတ်ဟာ သူ့ရဲ့ သဘာဝကပေးတဲ့ ချောမောလှပတဲ့ ရုပ်သွင်ပြင် ကြောင့်အပြင် အခုလို ထိုင်းနိုင်ငံမှာ အောက်ခြေ အလုပ်သမားဘ၀နဲ့ ရပ်တည်ခဲ့ရာကနေ အွန်လိုင်းစာမျက်နှာထက် နာမည်ကျော်ကြားလာမှု တွေကြောင့် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံသတင်းဌာနတွေရဲ့ အင်တာဗျူးကဏ္ဍတွေမှာပါ သူ့အကြောင်းကို တွေ့ဆုံမေးမြန်းခြင်းတွေ လက်ခံလာရပါတယ်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနဲ့ ဆီဆိုင် ကြားမှာရှိတဲ့ ကွန်နန်းရွာလေးမှာ မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံမှာ ဆယ်တန်းပညာအထိ သင်ကြားခဲ့ကာ ဆယ်တန်း ကျတဲ့အခါမှာတော့ မိသားစုစီးပွားရေး အခြေအနေကြောင့် သူအသက် ၇ နှစ်အရွယ်ကတည်းက ချင်းမိုင်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ သူ့မိခင်ထံ လိုက်လာပြီး အလုပ်လုပ်ခဲ့တာလို့ သိရပါတယ်။ မွေးချင်းညီအမ ၃ ယောက်မှာ အငယ်ဆုံးသမီးဖြစ်တဲ့ နမ်းနွတ်ဟာ မြန်မာပြည်နဲ့ အလှမ်းဝေးကွာခဲ့ရတဲ့အပြင် တိုင်းရင်းသူလည်း ဖြစ်တဲ့အတွက် မြန်မာစကားကို ကြိုးစားအားယူပြီး မစပ်စု မေးမြန်းခဲ့သမျှ ပြောပြသွားခဲ့ပါတယ်။ နမ်းနွတ်ရဲ့ ရုန်းကန်ခဲ့ရတဲ့ အတိတ်အကြောင်းတွေနဲ့ သူ့ရဲ့လက်ရှိဘ၀ တစိတ်တဒေသ အကြောင်းတွေကို သူ့စကားတွေအတိုင်း ဖော်ပြ ပေးလိုက် ပါတယ်။

မေး။ ။ ဘယ်လိုစိတ်ကူး ဘယ်လိုအကြောင်းတွေကြောင့် ဒီ ချင်းမိုင်ကို လာဖြစ်ခဲ့ရတာလဲ။

ဖြေ။ ။ အမေက ဒီမှာနေပြီးတော့ ပိုက်ဆံပို့ပေးရတယ်။ ကျမ ကျောင်းတက်ဖို့ အမေက ပိုက်ဆံပို့ပေးရတယ်။ အဲဒီတော့ အမေ့ကိုသနားတယ်။ အမေက အလုပ်အရမ်းလုပ်ပြီး ပို့ပေးနေရတော့ ကိုယ်ကိုယ်တိုင်ကလည်း အသက် ကြီးပြီပေါ့။ ဆယ်တန်းလည်း ကျရော ၁၇ နှစ်ဆိုတော့ အလုပ်လုပ်ရတော့မယ်ဆိုပြီး ထွက်လာတာ။ အလုပ်အကိုင်ကောင်းရင် ပိုက်ဆံကို အိမ်ပို့ပေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ လာခဲ့တာပါ။ သိတဲ့အတိုင်းပဲလေ အဲဒီဘက်မှာက အလုပ်တွေ ရှားပါးတယ်။ ပိုက်ဆံတွေ ရှားပါးတယ်ဆိုတော့ ဒီကိုပဲ လာကြတယ်။

မေး။ ။ ချင်းမိုင်ကို စစရောက်ချင်းမှာ ဘယ်လို အလုပ်အကိုင်မျိုးတွေကို လုပ်ကိုင်ခဲ့ရလဲ။

ဖြေ။ ။ စစ ရောက်ရောက်ချင်း တလလောက်အကြာမှ အိမ်ဖော် စလုပ်ရတယ်။ သူများနိုင်ငံရဲ့ အတန်းစာလည်း မတတ်ဘူး။ စကားလည်း မတတ်ဘူးဆိုတော့ အခက်အခဲတွေရှိတယ်။ သူများနဲ့ စကားပြောတော့လည်း နားမလည်ဘူးဆိုတော့ အိမ်ဖော်ပဲ သွားလုပ်ပါတယ်။ အိမ်ဖော်က စကားသိပ်မပြောရဘူးလေ။ သူများ ခိုင်းတာတော့ နည်းနည်း နားလည် တယ်ပေါ့။ နားမလည်ရင်လည်း အမေ့ကိုမေးတယ်။ အိမ်ဖော်အလုပ်ကို တနှစ်လောက်ကြာတယ်။ ပြီးတော့ စားသောက်ဆိုင် မှာလည်း ထမင်းဟင်းချက်ရတယ်။ အလုပ်အစုံပဲ လုပ်ဖူးပါတယ်။

မေး။ ။ ဒီလို အလုပ်တွေ လုပ်ရတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ။

ဖြေ။ ။ အခက်အခဲ ဆိုတာတော့ အားလုံးပဲ တွေ့ကြမှာပေါ့နော်။ ပန်းကန်ဆေးတာရော၊ ငှက်တူးတာရော အကုန်လုံးပေါ့၊ အစစအရာရာ အကုန်လုံး လုပ်ရတယ်။ သူများရဲ့အင်္ကျီအ၀တ်အစား၊ အတွင်းခံကအစ အကုန်လုံး လျှော်ပေးခဲ့ရတယ်။ သူများခိုင်းတာ အကုန်လုံး လုပ်ရတယ်။ ပိုက်ဆံ ရချင်တာကိုး။ တခါတလေ အလုပ်က မကောင်းဘူး။ အိမ်ဖော် သွားလုပ် တာလည်း အိမ်ရှင်က နှိမ်ပြီးဆက်ဆံတယ်။ သူတို့က ဘယ်ကလာတုန်း မေးရင် မြန်မာပြည်က လာတယ်ဆိုရင် သူတို့က တအား ခိုင်းချင်တယ်။ မလုပ်နိုင်တာတွေလည်း ခိုင်းတယ်။ မကောင်းတဲ့သူနဲ့ သွားတွေ့ရင် အဲဒီလိုခံရပါတယ်။ ဒါပေမယ့် ကျမက ကံကောင်းချင်တော့ ဒီဆိုင်မှာ အလုပ်ရတယ်။ ဒီဆိုင်က သူဌေးက သဘောကောင်းတယ်။ အခု ဒီဆိုင်မှာ ငါးနှစ်ရှိပြီ။ မိသားစုလိုဖြစ်နေပြီ။ သူဌေးကိုလည်း ကျမတို့က အမေ၊ အဖေ လို့ပဲ ခေါ်တယ်။

မေး။ ။ အခု ဒီလက်ပ်ယန်း စားသောက်ဆိုင်မှာ တနေ့ ဘယ်နှနာရီ အလုပ်လုပ်ရလဲ။ ပိုက်ဆံဘယ်လောက်ရလဲ။

ဖြေ။ ။ ဆိုင်အလုပ်က မနက် ၁၁ နာရီကနေ ည ၉ နာရီ အထိပါ။ တနေ့ကို ဘတ်သုံးရာရပါတယ်။ သင်္ကြန်တို့၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း အချိန်တို့ဆိုလည်း မုန့်ဖိုး တထောင် နှစ်ထောင် အဲလိုပေးပါတယ်။

မေး။ ။ အဲလို အလုပ်တွေလုပ်ကိုင်ခဲ့ရာကနေ ထိုင်းနိုင်ငံရဲ့ ဓာတ်ပုံမော်ဒယ်လ်အဖြစ် ဘယ်လိုကြောင့် လုပ်ဖြစ်ခဲ့ ရတာလဲ။ ဘယ်လောက်ကြာပြီလဲ။

ဖြေ။ ။ ဒီဆိုင်ကိုလာတဲ့ ဧည့်သည်တွေက များတယ်လေ။ အဲဒီမှာမှ လာတဲ့ အစ်ကိုကြီးတယောက်က ငါ ဓာတ်ပုံတွေ ရိုက်နေတယ်တဲ့၊ သူက ချင်းမိုင်က ဓာတ်ပုံဆရာ။ ကျမကို ဓာတ်ပုံရိုက်ဖို့ စိတ်ဝင်စားသလားပေါ့။ အဲဒီလို လာမေးတယ်။ ကျမက အဲဒီအလုပ်တွေကို ၀ါသနာပါတယ်လေ။ ငယ်ငယ်လေးကတည်းက ၀ါသနာပါတယ်။ ဓာတ်ပုံရိုက်ချင်တယ်၊ လှလှ ချောချော လေးလည်းဖြစ်ချင်တယ်။ အဲဒါကြောင့် စိတ်ဝင်းစားတယ်လို့ ဆိုတော့ သူက ဘယ်မှာသွားမရိုက်မလဲဆိုပြီး လုပ်ရင်းနဲ့က သူကလည်း ချင်းမိုင်က ဓာတ်ပုံဆရာအဖွဲ့တွေ၊ လူကြီးတွေနဲ့ မိတ်ဆက်ပေးတယ်။ ကျမက ဓာတ်ပုံ ရိုက်ချင်တယ်၊ ၀ါသနာပါတယ်ဆိုပြီး လာရိုက်ကြည့်လို့ ရမလားပေါ့။ အဲဒီလို မိတ်ဆက်ပေးရင်းနဲ့ အခုလိုဖြစ်လာတာပါ။ တလကို သုံးလေးရက်လောက် သွားရိုက်ရတယ်။ ဆိုင်က တလကို တရက်ပဲ ပိတ်ပါတယ်။ ဒါပေမယ့် ကျမက ဓာတ်ပုံသွား ရိုက်မယ်ဆိုရင် တလကို လေးရက်လောက် ဆိုင်အလုပ်ကို နားရပါတယ်။ ဓာတ်ပုံ မော်ဒယ်လ် အလုပ်လုပ် လာတာ ၂ နှစ်ကျော်ပါပြီ။

မေး။ ။ ဘယ်လိုကြော်ငြာတွေအတွက် ဓာတ်ပုံတွေ ဓာတ်ပုံတွေရိုက်ပေးခဲ့ရလဲ။

ဖြေ။ ။ ဒီမှာက အွန်လိုင်းက တအား ခေတ်စားတယ်လေ။ အွန်လိုင်းမှာရောင်းတဲ့ အ၀တ်အစားတွေ၊ ကလစ်တွေ အစုံပေါ့။ အဲဒီလိုမျိုးအတွက် မော်ဒယ်လ်အနေနဲ့ ရိုက်ပေးရတာပါ။ ဒီ ချင်းမိုင်မှာရှိတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေက လာပြီးတော့ ဓာတ်ပုံရိုက်တယ်။ သတင်းလာလုပ်တယ်။ အင်တာဗျူးတွေ လာလုပ်ကြတယ်။

မေး။ ။ သတင်းဌာနတွေက အင်တာလာဗျုးကြတယ်ဆိုတော့ ဘယ်သတင်းဌာနတွေလဲ။ သူတို့က ဘာတွေမေးကြလဲ။ ဘာတွေပြန်ဖြေဖြစ်လဲ။

ဖြေ။ ။ ထိုင်းတီဗီ Channel 3 နဲ့ Channel 7 ၊ Channel 9 … နောက် TNN Channel … အစုံပါပဲ။ သူတို့က ဘယ်ကလာတုန်း၊ ဒီမှာ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီတုန်းလို့ မေးကြတယ်။ ဒီလို ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အခက်အခဲတွေ ဘယ်လို ဖြတ်ကျော်သွားနိုင်လဲပေါ့။ ဘာကြောင့် ဒီထက်ပိုပြီး ကောင်းတဲ့အလုပ်တွေ သွားမလုပ် ဘူးလားပေါ့။ ဘီယာငှဲ့ပြီး ရောင်းရတဲ့ မိန်းကလေးတွေလို မလုပ်ဘူးလားပေါ့၊ အဲဒီမှာ ပိုက်ဆံ များများရတယ်လေပေါ့။ အဲဒီလိုတွေ မေးကြတယ်။ ကျမက ကိုယ့်အင်ကိုယ့်အားနဲ့ပဲ လုပ်ချင်တယ်လို့။ ဒီလိုလုပ်နေလည်း ထမင်းစားနေရတယ်လို့၊ မပင်ပန်းပါဘူးလို့၊ ဒီလိုလုပ်လည်း လုပ်နိုင်ပါတယ်လို့ ပိုက်ဆံအများကြီးလည်း မမျှော်လင့်ပါဘူးလို့၊ ဒီအလုပ်ကိုပဲ ကျေနပ်ပါတယ်လို့ ပြောဖြစ်ပါတယ်။ ဘီယာငှဲ့တဲ့ မိန်းကလေးတွေက အ၀တ်အစားတိုတိုလေးတွေ ၀တ်ပြီး ဧည့်သည် ယောက်ျားနဲ့လည်း ထိုင်ပေးရတယ်။ ပြီးတော့ မုန့်ဖိုးရတယ်ပေါ့။ ကျမတို့ ကျောင်းနေတုန်းကဆိုရင် ထမီတောင် အရှည်ကြီး ၀တ်ခဲ့ရတာ။ ဒီလိုအ၀တ်အစားတွေ မရှိဘူးပေါ့နော်။ သူများ လက်ကိုင်တာ ဖက်တာ နမ်းတာလည်း မကြိုက်ဘူးပေါ့။ မလုပ်နိုင်ပါဘူးပေါ့။ နောက် ကျမတို့နိုင်ငံမှာ ဒီလိုမျိုးတွေ မသင်ထားခဲ့ဘူးလို့ ပြောလိုက်ပါတယ်။

မေး။ ။ အွန်လိုင်းကြော်ငြာ ဓာတ်ပုံတွေကြောင့် သတင်းဌာနတွေက အခုလိုလာပြီး အင်တာဗျုးတာတွေ ရှိလာတော့ နမ်းနွတ်ကို ထိုင်းပရိတ်သတ်တွေက ဘယ်လောက်အထိ သိလာကြပြီလဲ။ သူတို့ကရော ဘယ်လောက်အထိ အားပေး ကြလဲ။

ဖြေ။ ။ အခုက လူသိပိုများလာပါတယ်။ ဒီထိုင်းနိုင်ငံက တီဗီချန်နယ်တွေ အကုန်ုလုံးက သူတို့ကြားသိလာတော့ ဒီဆိုင်မှာ မြန်မာနိုင်ငံက ရှမ်းပျိုမေတယောက် အလုပ်လုပ်တယ်ပေါ့၊ မော်ဒယ်လ်လည်း ဖြစ်နေတယ်ပေါ့၊ သူများတွေက လူသိများလာတဲ့ အခါကျတော့ လာကြတယ်။ ဧည့်သည်တွေ အကုန်လုံးလာပြီး ဒီဆိုင်မှာလာပြီး ဓာတ်ပုံတွေရိုက်ကြတယ်။ ဓာတ်ပုံ လာရိုက်တာတော့ နေ့တိုင်းပဲရှင့်။ သူတို့က မြန်မာပြည်ကလာတဲ့ ကောင်မလေးလား ဓာတ်ပုံရိုက်ချင်လို့ပါ ဆိုပြီးတော့ပေါ့။ လှတယ်ပေါ့။ ဒီမှာ အလုပ်ကြိုးစားပေါ့ ဆိုပြီး အားပေးကြတယ်။ ဒီ့ထက် ကြိုးစားရင် ဒီ့ထက် အောင်မြင်မယ်ပေါ့။ အခုလိုမျိုးက ထိုင်းလူမျိုးတောင် မဖြစ်နိုင်ဘူးလို့ သူတို့က ပြောတယ်။ သမီးက ဒီမှာလာနေပြီး ကြိုးစားနေတာ ဂုဏ်ယူဖို့ကောင်းတယ်ပေါ့။ အားပေးပါတယ်။ တခြားသူတွေက ဓာတ်ပုံမြင်ဖူးကြတဲ့သူတွေ။ အွန်လိုင်းမှာ ဒီအင်္ကျီလေး ကြော်ငြာပေးလို့ရမလား၊ ဒီကလစ်လေး ကြော်ငြာပေးလို့ရမလား၊ ဒီဆိုင်လေး ကြော်ငြာပေးလို့ရမလားဆိုပြီး ရောက်လာကြတယ်။ ဆိုင်ကိုလာကြပြီး ဘယ်ကြော်ငြာမှာ တွေ့ဖူးတယ်ပေါ့။ ဘာလေး ကြော်ငြာထားတာမဟုတ်လားဆိုပြီး မိတ်ဆက်ကြတာလည်းရှိတယ်။ သူတို့ကိုယ်တိုင်လည်း မိတ်ဆက်သလို တခြားသူတွေနဲ့လည်း မိတ်ဆက်ပေးတယ်။ အပေါင်း အသင်းတွေ ရလာပါတယ်။

မေး။ ။ ဒီလို လူသိများ ကျော်ကြားလာတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ။ ။ မလွယ်ပါဘူး။ ဘယ်နိုင်ငံမှာပဲနေနေ ကိုယ့်နိုင်ငံမှာပဲနေနေပေါ့၊ အခက်အခဲရှိတာပေါ့လေ။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာကတော့ ထမင်းနဲ့ဟင်း ၀ယ်မစားရဘူးပေါ့။ ကိုယ်စိုက်ပျိုးထားတာတွေ စားလို့ရတာပေါ့။ ဒီနိုင်ငံမှာလာနေတော့ အလုပ်မလုပ်ရင် ထမင်းမစားရဘူးရှင့်။ ဒီနေ့အထိ ရောက်လာဖို့ဆိုတာ အကုန်လုံး ကြုံတွေ့ခဲ့ရဖူးပြီးပြီ။ ပိုက်ဆံတပြားမှ မရှိဘဲနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ သူများတွေက မကောင်းတဲ့စကားတွေ လာပြောခဲ့တာတွေလည်း ကြားဖူးခဲ့ရပြီးပြီ။ ဒီနေ့အထိ ရောက်လာဖို့ မလွယ်ခဲ့ပါဘူး။

မေး။ ။ အခုလို ကျော်ကြားလာတာ အောင်မြင်လာတာဟာ နမ်းနွတ်ရဲ့ ငယ်ဘ၀ အိပ်မက်နဲ့ တထပ်တည်းပဲလား။

ဖြေ။ ။ ငယ်ငယ်တုန်းက အိမ်မက် တခုပဲရှိခဲ့တယ်။ မင်းသမီး ဖြစ်ချင်တယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်ရင်လည်းဖြစ် သူများနိုင်ငံမှာပဲ ဖြစ်ဖြစ် မင်းသမီးဖြစ်ချင်ခဲ့တယ်။ ကျောင်းနေတုန်းက သူများအင်္ကျီလှလှပပလေး ၀တ်တယ်ဆိုရင် ၀တ်ချင် လိုက်တာပေါ့။ တီဗီထဲမှာ မင်းသမီးတွေ ကောင်းကောင်းလေး စားတာနေတာကို ကြည့်နေခဲ့ရတော့ အဲဒီလို အစားအစာ၊ အဲဒီလို မင်းသမီးတွေ ၀တ်တဲ့ လှတာလေးတွေဆို ၀တ်ချင်လိုက်တာပေါ့။ အသက်ကြီးလာရင် ကိုယ့် အင်ကိုယ့်အားနဲ့ ပိုက်ဆံရှာပြီး ၀တ်မယ်ပေါ့။ အဲဒီလို သဘောနဲ့ပဲ ဒီနေ့အထိ ကြိုးစားနေရတာ။

မေး။ ။ သူများနိုင်ငံမှာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာပဲဖြစ်ဖြစ် မြန်မာအမျိုးသမီးငယ်တွေဟာ သူတို့ဘ၀ ရပ်တည်ရေးအတွက် ဘဝနဲ့ရင်းပြီး ရုန်းကန်နေကြရတာ ဒီဘက်ခေတ်မှာ ပိုများလာနေပါတယ်။ သူများနိုင်ငံကို အသက်ငယ်ငယ်နဲ့ ရောက်လာပြီး ဘ၀ကို အောက်ခြေသိမ်းကစ ရုန်းကန်ခဲ့ရတဲ့ နမ်းနွတ်အနေနဲ့ ကိုယ့်ဘ၀ ပျက်စီးယိုယွင်းမသွားအောင် ဘယ်လို ထိန်းသိမ်းနေထိုင်ခဲ့ရလဲ။

ဖြေ။ ။ စိတ်ငြိမ်အောင်ပေါ့၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကို ထိန်းရပါတယ်။ တခါတလေလည်း ပိုက်ဆံ တပြားမှ မရှိဘူး။ ဒီက ထိုင်းသူဌေးတွေက အလုပ်ရမယ်လေ။ တလကို ဘတ်နှစ်သောင်း သုံးသောင်းပေးမယ်။ အတူတူလိုက်နေမလားဆိုပြီး မိန်းကလေးငယ်တွေကို လာပြီး ပြောခဲ့ဖူးတာတွေလည်း ကြားခဲ့ရဖူးတယ်။ ဒါပေမယ့် ကျမကတော့ စိတ်ကိုတည်ငြိမ်အောင် ထားတယ်။ ကိုယ့်သဘောနဲ့ကိုယ် ထိန်းတယ်။ အမေရော အဖေရော ရှိတယ်။ အဖေ အမေ မျက်နှာမပျက်ရအောင် အလုပ်ကို တနေ့ ဘတ် ၂၀၀၊ ၃၀၀ ပဲရရင်လည်း ရပါစေ။ ဒီအလုပ်နဲ့ပဲ ပျော်တယ်။ ကိုယ့်အင်ကိုယ့်အားနဲ့ပဲ လုပ်ချင်တယ်။ ကြိုးစားတယ်။ မနေ့က ပိုက်ဆံမရှိဘူး၊ ဒါပေမယ့် ကိုယ်ကြိုးစားရင် ဒီကနေ့ ပိုက်ဆံရှိလာမယ်ဆိုပြီး အလုပ်ဆိုရင် ဘယ်အလုပ်မှ မရွေးဘူး။ အလုပ်အားလုံးဟာ ဘယ်အလုပ်ဖြစ်ဖြစ် ပိုက်ဆံရတာပဲဆိုပြီး ကြိုးစားရင် အောင်မြင်တဲ့နေ့ ရှိမှာပဲလို့ အစကတည်းက အဲလို စိတ်မျိုး ထားပါတယ်။

မေး။ ။ နမ်းနွတ် ကြိုးစားရုန်းကန်ခဲ့ရသလို မြန်မာပြည်က မော်ဒယ်လ်လောကမှာရော၊ အပြင်လောကမှာပါ ရပ်တည်နေနိုင်အောင် ကြိုးစား ရုန်းကန်နေရဆဲ မြန်မာမိန်းကလေးတွေကိုရော ဘယ်လို အကြံဉာဏ်မျိုးတွေ ပေးချင်လဲ။

ဖြေ။ ။ မြန်မာပြည်မှာပဲနေနေ၊ ထိုင်းနိုင်ငံမှာပဲနေနေ ကိုယ့်စိတ်ကိုယ် ထိန်းရမယ်။ သူများမယားငယ် သွားဖြစ် နေရင်လည်း လေးငါးနှစ် မကြာဘူး။ သူတို့လည်း ကြာလာရင် အသစ်လူကို ရှာသွားမှာပဲလေ။ အဲဒါကြောင့် ကိုယ့်အင် ကိုယ့်အားနဲ့ ကြိုးစားရင် ကိုယ့်ပစ္စည်း ကိုယ့်ဥစ္စာလိုပဲ ရနိုင်ပါတယ်။ ဒီကနေ့ မကောင်းဘူးဆိုပြီး ကြိုးစားလိုက်ရင် မနက်ဖြန် ဒီ့ထက်ပိုကောင်းလာမယ်။ အဲဒီလို စိတ်ထားသဘောမျိုးနဲ့ ကိုယ့်စိတ်ကို သေချာထိန်းပြီးတော့နေရင် ပိုကောင်းမလားလို့ ကိုယ့်စိတ်ကို သေချာမေးကြည့်ပေါ့နော်။ ဒီနေ့နည်းနည်းပဲရတာ နည်းနည်းပဲစားမယ်။ မနက်ဖြန် များများရမှ များများ စားမယ်ဆိုတဲ့ သဘောနဲ့နေရင် ပိုကောင်းမလားပေါ့။ အရှက်မရဘူးပေါ့။ ရှက်စရာလည်း မလိုတော့ဘူးပေါ့။ ကိုယ့်အင်ကိုယ့်အားနဲ့လုပ်တယ် ကိုယ့်အင်ကိုယ့်အားနဲ့ ရလာတဲ့ပိုက်ဆံနဲ့ပဲ အ၀တ်အစား ၀ယ်နိုင်တယ်ဆိုရင် အဲဒီလောက်ပဲ ၀တ်ပေါ့နော်။ ဒီလောက်ပဲစားနိုင်တယ်ဆိုရင် ဒီလောက်ပဲစားပေါ့။ အဲလို သဘောထားရင် အကုန်လုံး မြန်မာပြည်မှာပဲနေနေ ဒီထိုင်းမှာပဲနေနေ ပျက်စီးမယ့်အကြောင်းဆိုတာ မရှိပါဘူးရှင့်။ အခုလို နာမည် မကျော်ကြားလာဘူး ဆိုရင်တောင် မိဘတွေ မျက်နှာပျက်စရာမဖြစ်ဘူးပေါ့။ ကိုယ့်အင်ကိုယ့်အားနဲ့ နိုင်သလောက် ၀တ်မယ် စားမယ်ဆိုရင် ကိုယ့်မိဘတွေအတွက် အရှက်ရစရာမဖြစ်ဘဲ ဂုဏ်ယူရပါမယ်။

မေး။ ။ အခုလို ထိုင်းနိုင်ငံရဲ့ ဓာတ်ပုံမော်ဒယ်လ်အဖြစ် ရပ်တည်နေရင်းကနေ ထိုင်းနိုင်ငံရဲ့ မင်းသမီးအဖြစ် ထုတ်လုပ်သူတွေ ဒါရိုက်တာတွေက ကမ်းလှမ်းလာမယ်ဆိုရင်ရော လုပ်သွားဖို့ ရှိလား။ ဘယ်လောက်အထိ အောင်မြင်လာအောင် လုပ်ဖို့စိတ်ကူးထားလဲ။

ဖြေ။ ။ စိတ်ကူးဖူးပါတယ်။ ဒါပေမယ့် ကို်ယ်လုပ်နိုင်သလောက် လုပ်မယ်။ ကိုယ်မလုပ်နိုင်လည်း ဘာမှမဖြစ်ဘူးပေါ့။ ကိုယ့်အင်အား ဒီလောက်ပဲ ရှိတယ်ဆိုရင် ဒီလောက်ပဲပေါ့။ နေ့တိုင်းတော့ ကြိုးစားပါတယ်။ ဒါပေမယ့် အဝေးကြီးကို မမျှော်မှန်း၊ မမျှော်လင့်ပါဘူး။ ဒီနေ့ အကောင်းဆုံးလုပ်မယ်ဆိုရင် မနက်ဖြန်လည်း ကောင်းလာမှာပဲလို့ အဲဒီလိုပဲ သဘောထားလိုက်တယ်။

မေး။ ။ တနေ့ ဒီ့ထက် အောင်မြင်ကျော်ကြားတဲ့ သူတယောက် ဖြစ်လာခဲ့ရင်ရော ကိုယ်နေခဲ့တဲ့ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံကို ပြန်အကျိုးပြုချင်တဲ့ စိတ်မျိုးရှိလား။

ဖြေ။ ။ ရှိတယ်ရှင့်။ အစတုန်းက ဒီကိုလာတာကတော့ ပိုက်ဆံရှိရင် ကိုယ့်ရွာကိုပြန်ပြီး အကျိုးပြုမယ်။ ကိုယ့်မိသားစုနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ကောင်းအောင် လုပ်ချင်တယ်ပေါ့။ အဲဒီလိုစိတ်ကူးမျိုး ရှိခဲ့ပါတယ်။ တကယ်လို့ ကျမက ဒီမှာ နာမည်ကြီးသွားပြီး ရုပ်ရှင်မင်းသမီးဖြစ်သွားပြီဆိုရင် ပိုပြီးတော့ ကိုယ့်အိမ်ကို ပြန်ချင်တယ်။ သူများတွေ ကိုယ့်အိမ်ကိုယ် ပြန်သွားလည်ကြသလိုမျိုးပဲ သွားကြည့်မှာပေါ့။ ကိုယ့်အိမ်ဘယ်လို နေနေလဲပေါ့။ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင် လုပ်မှာပေါ့နော်။ ရွာဝင်လမ်းတွေဆိုရင်လည်း ဖုန်တွေအများကြီးပဲလေ။ တနေ့ ပိုက်ဆံရှိလာရင် ကိုယ့်ရွာလေးကို ပြန်ပြီး ပြုပြင်ချင်တယ်။ အဲလိုစိတ်ကူးမျိုး စိတ်ကူးခဲ့ဖူးတယ်။ ကျမတို့ကို စာသင်ပေးခဲ့ဖူးတဲ့ ဆရာ၊ ဆရာမတွေကိုလည်း သတိရတယ်။ အောင်မြင်တဲ့နေ့ ရောက်လာမယ်ဆိုရင် ကိုယ့်ကို စာသင်ပေးဖူးတဲ့ ဆရာ ဆရာမတွေအကုန်လုံးကို ပြန်ပြီး ကန်တော့မယ်။

မေး။ ။ ထိုင်းနိုင်ငံမှာ တသက်လုံးနေသွားမှာလား။ မြန်မာပြည်ပြန်ဖို့ စိတ်ကူးရှိလား။

ဖြေ။ ။ ကျမတို့အိမ်က မြန်မာပြည်မှာပါ။ အိမ်ပဲပြန်ချင်ပါတယ်။ ဒီမှာ အလုပ်လာလုပ်တာ ဘယ်နှစ်နှစ် ဆက်လုပ်ရမယ်ဆိုတာ မသိသေးပါဘူး။ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်အင်ကိုယ့်အား ဘယ်လောက်ရှိမယ်ဆိုတာ မသိသေးပါဘူး။ အဲဒီတော့ အခုလည်း ပိုက်ဆံအများကြီးရအောင် စုနေတယ်။ အခုလို ငယ်တုန်းမှာပေါ့။ အသက်ကြီးလာရင် ကိုယ့်အိမ်ကိုပဲ ပြန်ချင်ပါတယ်။
ဧရာဝတီ

ဂျာနယ် တစ်စောင်မှာ ဖြေခဲ့တဲ့ အဖြေ အပေါ်ပြန် ရှင်းပြတဲ့ ခန့်စည်သူ

“အစ်ကို ကတော့ ဘယ်သူ့ ဘယ်သူကိုမှ ပုဂ္ဂလိက ခံစားချက်နဲ့ ဖြေတာ မဟုတ်ပါဘူး။ အစ်ကို့ကို ဂျာနယ် တစ်ခုက လာမေးတယ်။ အရင်တုန်းက မင်းသား တစ်ယောက် က တစ်လကို ဗီဒီယို ၃ ကားပဲ ရိုက် ရမယ်လို့ ရုပ်ရှင် အစည်းအရုံးက ချမှတ် ထားတာရှိတယ်။ နောက်ပိုင်း ကျတော့ ဖြေလျှော့ပေး လိုက်တယ်။ အဲဒီအပေါ်မှာ ဂျာနယ်လစ်က ဘာ မေးလဲ ဆိုတော့ ဒီလိုမျိုးဖြေလျှော့ လွှတ်ပေးလိုက်ခြင်း အားဖြင့် မြန် မာပြည် ဗီဒီယိုလောက ဆုတ်ယုတ် သွားနိုင်စရာ ရှိလားလို့ မေးတယ်။ အစ်ကို ကပြန်ဖြေလိုက်တယ်။ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးတာ၊ ကိုယ့်သမိုင်း ကို ရုပ်ရှင်အစည်းအရုံး ကလာရေးပေးလို့ မရဘူး။ ကိုယ် ကကောင်းအောင် လုပ်ရင် ပရိသတ် က အားပေးမှာပဲ။ နဂိုတည်း ကိုက မကောင်းအောင်၊ ညံ့အောင် ရိုက်ရင်တော့ ပရိသတ် ဒဏ်ခတ်တာကို ခံရမှာပဲ။ အဲဒီတော့ လူတိုင်း ၊လူတိုင်းဟာ ကိုယ့်သမိုင်း ကိုယ် ပဲရေးရတာ။ ကိုယ့်သမိုင်းကို ဘယ်သူမှလာ ရေးပေးလို့ မရဘူး။ ရုပ်ရှင် အစည်းအရုံးကြီး ကလည်း လာရေးပေး လို့မရဘူး ဆိုပြီး ရိုးရိုးသားသား နဲ့ဖြေခဲ့တာပါ။ ကိုယ့် စိတ်ထဲမှာ ရှိတဲ့ အတိုင်း ရိုးရိုးသားသား နဲ့ပဲဖြေခဲ့တာပါ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလို တဲ့ပုံစံမျိုး နဲ့ဖြေတာ မဟုတ် ပါဘူး”လို့ ဂျာနယ် တစ်စောင် မှာဖြေခဲ့တဲ့ အဖြေ အပေါ် မှာနားလည်မှု လွဲသွားခြင်းကို ခန့်စည် သူကပြန်လည် ပြောပြပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး အပါအဝင် ဘယ်လူပုဂ္ဂိုလ် ၊ဘယ် လောကသား ကိုမှ ထိခိုက် ပုတ်ခတ် ပြောဆိုခြင်း မလုပ်တဲ့အပြင် ဘယ်သူ့ ကိုမှလည်း ထိခိုက်နစ်နာစေ လိုတဲ့ ခံစားချက်မျိုး နဲ့ဖြေကြားခဲ့တာ မဟုတ်ပါကြောင်း ပြောတဲ့ ခန့်စည်သူက “ရုပ်ရှင် အစည်းအရုံးကို အသွား ခလုတ်တိုက် ၊အပြန် ခလုတ်တိုက်ဖြစ်ရအောင် ရုပ်ရှင် အစည်းအရုံးကြီးက ခလုတ်မှ မဟုတ်တာ။ ကိုယ်ကိုယ်တိုင် ကလည်း မြန် မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံး ၁/၉၈ သရုပ်ဆောင် သင်တန်းကနေ ဆင်းခဲ့တာပါ။ ရုပ်ရှင်အစည်းအရုံး ကကိုယ့်ရဲ့ Mother Unit (မိခင်ဌာန) ဆိုရင် လည်းမမှား ဘူး။ ကိုယ့်လောက အတွက် ဘာလုပ်ပေးပြီးပြီလဲ ဆိုရင်တော့ ကိုယ်စောင့် နတ် သိဖို့ပဲ အရေးကြီးပါတယ်။ ကြော်ငြာ စရာလည်း မလိုပါဘူး။ ပရဟိတ လုပ်တဲ့ လူတိုင်း၊ အများ အကျိုး အတွက် လုပ်တဲ့ လူတိုင်းကို လေးစားပါတယ်”လို့ ပြောပါတယ်။ မေတ္တာသင်္ဂဟ အဖွဲ့ရဲ့ စက်တင်ဘာလ အလှူကိုတော့ ရုပ်ရှင် အစည်းအရုံး သက်ကြီး ပူဇော်ပွဲ အတွက် လှူဒါန်း မှာဖြစ်တယ်လို့သိရပါတယ်။
ပေါ်ပြူလာ

အာဆီယံ-တရုတ် လှယဉ်ကျေးမယ်ပြိုင်ပွဲက သရဖူဆောင်းတဲ့ အိန္ဒြာသီရိကို


တရုတ်နိုင်ငံ တာ့လျန် မြို့တွင် ကျင်းပခဲ့သော (၁၀) ကြိမ်မြောက် ‘‘အာဆီယံ-တရုတ် လှယဉ်ကျေးမယ်’’ ပြိုင်ပွဲကို မြန် မာနိုင်ငံကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ခဲ့သည့် အိန္ဒြာသီရိကိုက သရဖူဆု ဆွတ်ခူးခဲ့ကြောင်း သ တင်းရရှိသည်။


ထို့အပြင် အိန္ဒြာသီရိနှင့်အ တူ မြန်မာနိုင်ငံကိုယ်စားပြုဝင် ရောက် ယှဉ်ပြိုင်သော ချောစု လင်းဖြူသန့်သည်လည်း Inter-national Friendship ဆု ရရှိခဲ့ သည်။

ထို့ကြောင့် ၎င်းတို့ဆုရှင်နှစ် ဦးသည် ယနေ့ သြဂုတ် ၃၁ ရက် တွင် မြန်မာနိုင်ငံသို့ တရုတ်လေ ကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း Myan-mar Tourism Srevice မှ တာဝန်ရှိသူ မမျိုးသီရိမော်က ပြောသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တာ့လျန်မြို့သို့ သြဂုတ် ၂၀ ရက် တွင် သွားရောက်ကာ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကို သြဂုတ် ၁၉ ရက်တွင် ပြုလုပ်ခဲ့ သည်။

အဆိုပါ ပြိုင်ပွဲကို အာဆီယံ - တရုတ် လှယဉ်ကျေးမယ်ရွေး ချယ်ရေးကော်မတီက ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး အာဆီယံ ကိုး နိုင်ငံမှ အလှမယ်များနှင့် တရုတ် နိုင်ငံမှ အလှမယ်များ စုစုပေါင်း အလှမယ် ၆၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပွဲတော် အလံကိုင်များဖြင့်သာ ကျင်းပခဲ့သော Miss 27 Sea Game Myanmar 2013 ပြိုင်ပွဲတွင် Winner ဆိုသူ အိန္ဒြာ သီရိကိုနှင့် 1st runner up ဆုရှိ ခဲ့သော ချောစုလင်းဖြူသန့်တို့ကို ရွေးချယ်ကာ ယဉ်ကျေးမှုဝန်ကြီး ဌာန ဦးဆောင်မှုဖြင့် ယင်းပြိုင်ပွဲ သို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ရိုမေးနီးယား ရုပ်ရှင်ပွဲတော်မှာ မြန်မာဇာတ်ကား အထူးဆုရရှိ


မြန်မာလူငယ်ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ The Monk (ရဟန်း) ဆိုတဲ့ ဇာတ်လမ်းရုပ်ရှင်ဟာ ရိုမေးနီးယားနိုင်ငံ ရုပ်ရှင်ပွဲတော်မှာ အထူးဆု ဆွတ်ခူးသွားပါတယ်။

ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့မှာကျင်းပတဲ့ ၁၁ ကြိမ်မြောက် anonimul International Independence Film Festival အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ Premiere Special အထူးဆု ရရှိတာပါ။

မြန်မာ့ကျေးလက်က ကိုရင်ငယ်ဘ၀ကနေ အရွယ်ရောက်လာတဲ့ ရဟန်းတစ်ပါးကို ဇာတ်အိမ်တည်ထားတဲ့ အဲဒီဇာတ်ကားဟာ ပြသချိန် ၉၄ မိနစ်ရှိပြီး တောင်ကိုရီးယားနိုင်ငံမှာ ဒီနှစ် အောက်တိုဘာ ၂ ရက်နေ့ကနေ ၁၁ ရက်နေ့အထိကျင်းပမယ့် ၁၉ ကြိမ်မြောက် ဘူဆန်းရုပ်ရှင်ပွဲတော်မှာ ပြသဖို့လည်း ရွေးချယ်ခံထားရပါတယ်။

A Window on Asian Cinema အာရှရုပ်ရှင်ပြတင်းဆိုတဲ့ အစီအစဉ်မှာ ပြသမှာဖြစ်ပြီး ဒီကဏ္ဍဟာ အရည်အချင်းရှိ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ ရုပ်ရှင်ကားသစ်တွေကို အဓိကရွေးချယ်ပြသတာ ဖြစ်ပါတယ်။

RFA Burmese

အကယ်ဒမီကို အပိုဆု အဖြစ် သဘောထားပါတယ် ဆိုတဲ့ သက်မွန်မြင့်


”အကယ်ဒမီ ဆိုတာ လိုချင်တိုင်း ရတာမဟုတ်ဘဲ တစ်ခါတလေ မမျှော်လင့် ဘဲရတာလည်း ရှိကြတယ်။ အကယ်ဒမီ က သက်မွန် အတွက် အပိုဆု တစ်ခုလို့ သဘော ထားပါတယ်” ဟု သက်မွန်မြင့် က ပြောသည်။

အကယ်ဒမီ ရခဲ့သည့် ဇာတ်ကား မှာ သရုပ်ဆောင်ရင်း ဒဏ်ရာရပြီး အကယ်ဒမီဆု တက်ယူသည် အထိ ဒဏ် ခံခဲ့သည်ဟု ၄င်းထံမှ သိရသည်။

”ကိုယ်က လူများ အလုပ်ကို လက် ခံရိုက်တယ် ဆိုရင် ဒီကာရိုက်တာ ပီပြင် ဖို့ ကြိုးစား ရတယ်။ ကိုယ့်နေရာ ကိုယ့် တာဝန်ကို ကျေပွန်အောင် ကြိုးစားရ တယ်” ဟု သက်မွန်မြင့် ကပြောသည်။

”သက်မွန်ကံပဲ ပြောရမယ်။ သက် မွန် ကားတော်တော် များများ ပရိသတ် ကြိုက်တယ်။ အဲဒီလို ကားမျိုး ဆိုရင် လည်း အသေအလဲ ကြိုးစားရတယ်။ ကြိုးစားတာ ခက်ခဲ ပင်ပန်းပေမယ့် ပရိ သတ် အားပေးသံ ကို ကြားရင် ပီတိ ဖြစ် တယ်”ဟုလည်း ဆိုသည်။
Popular

မြန်မာအလှမယ်မေမြတ်နိုး သရဖူရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းမည်


မြန်မာအလှမယ် မေမြတ်နိုးသည် သရဖူရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ မီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ကိုရီးယားနိုင်ငံသို့ လေ့ကျင့်မှုများသွားရောက်ပြုလုပ်လျက်ရှိသည့် မြန်မာအလှမယ် မေမြတ်နိုးအား ဩဂုတ် ၂၇ ရက်တွင် Miss Asia Pacific World Organization မှ သရဖူရုပ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် မေမြတ်နိုးနှင့် မိခင်ဖြစ်သူတို့သည် မြန်မာနိုင်ငံသို့ ဩဂုတ် ၂၈ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြန်မာအလှမယ် မေမြတ်နိုးသည် ကိုရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များကို မီဒီယာများရှေ့တွင်ရှင်းလင်းသွားမည်ဖြစ်ကာ မေးမြန်းလိုသည်များကိုလည်း ယင်းနေ့တွင်သာ မေးမြန်းရန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကိုရီးယားနိုင်ငံမှာဖြစ်ပျက်ခဲ့တာတွေ ပတ်သက်လို့ မီဒီယာတွေနဲ့တွေ့ဆုံပြီး ရှင်းလင်းသွားပါမယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ပြုလုပ်သွားမှာပါ။ မေးချင်တာတွေကိုလည်း အဲဒီနေ့ကျမှပဲ မေးမြန်းစေချင်ပါတယ်။လောလောဆယ်တော့ ဘာမှဖြေကြားလို့ မရသေးပါဘူး”ဟု မြန်မာအလှမယ် မေမြတ်နိုးထံ ဆက်သွယ်မေးမြန်းရာဖြေကြားခဲ့သည်။

အလှမယ်မေမြတ်နိုးနှင့် ပတ်သက်၍ Miss Asia Pacific World Organization ၏ National Director မှ မလှနုထွန်းက“လှနုကို Organization ဘက်က အကြောင်းကြားထားပါတယ်။ မီဒီယာတွေရှေ့မှာ Crown ကို ပြန်လည်လက်ခံဖို့ပါ။ ကိုရီးယားမှာ သူတို့ဖြစ်ခဲ့တာတွေကို လှနု အားလုံးသိပြီးပေမယ့် ဘာမှမပြောချင်တော့ပါဘူး။ အဓိက ကတော့ လှနုကို အမြန်ဆုံး Crown ပြန်အပ်စေချင်ပါတယ်။ Organization ကလည်း အဲဒီလိုပဲပြောထားတယ်။ အဲဒီလိုမှ မဟုတ်ရင် အခုထက်ပိုပြီး ပြဿနာတွေရှုပ်ထွေးလာမှာစိုးလို့ပါ။ လှနု အခုချိန်မှာပြောချင်တာကတော့ မြန်မာကိုယ်စားပြု Miss တစ်ယောက်အနေနဲ့ပြုမူခဲ့တာတွေအတွက် သူနဲ့ သူ့အမေတို့ကိုယ်စား တောင်းပန်ပါတယ်။ လှနုတို့ ဒီပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့ကြတုန်းက Teamwork ရှိရှိနဲ့ကြိုးစားခဲ့ကြတာပါ။ သရဖူရဖို့ကိုလည်း အရမ်းကိုကြိုးစား အားထုတ်ခဲ့ကြတယ်။ သရဖူရပြီးမှ ပြောင်းလဲသွားတဲ့စိတ်အတွက်ကိုတော့ ဘာမှမတတ်နိုင်ပါဘူး။ အဲဒီလိုပဲပြောချင်ပါတယ်” ဟု ဆိုပါသည်။

Miss Asia Pacific World Organi-zation အနေဖြင့် National Director မလှနုထွန်းထံ ဆက်သွယ်ကာ သရဖူကိုပြန်လည်သိမ်းယူရန် အကြောင်းကြားထားခြင်းဖြစ်ပြီး မေမြတ်နိုးအား သရဖူရုပ်သိမ်းကြောင်းကြေညာချက်တွင် Winner ဆုနှင့် အရည်အချင်း ထိုက်တန်သူတစ်ဦးကို ရွေးချယ်သွားရန် စီစဉ်ထားကြောင်း ရေးသားထားသည်။

Eleven

ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးနေသည့် ညီထွဋ်ခေါင်


ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးနေ သည့် “ကောက်စားမယ်” ဇာတ်ကားကို မိန်းမရှာဇာတ်ရုပ်နှင့် ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးနေသည်ဟု သရုပ်ဆောင် ညီထွဋ်ခေါင်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော် ဇာတ်ကားတွေလည်း အများကြီး ရိုက်ဖြစ်ခဲ့တယ်။ ဒီဇာတ်ကားလေးမှာကျတော့ ကျွန်တော်တစ်ယောက်တည်း ခေါင်းဆောင်မင်းသား အနေနဲ့ ရိုက်ဖြစ်တာက ပထမဦးဆုံး ဇာတ်ကားလေးပါ။ ဒီဇာတ်ထဲ မှာလည်း မိန်းမလျာဇာတ်ရုပ်ကို ဘာကြောင့် စရိုက်ဖြစ်တာလဲ ဆိုတော့ ဒါရိုက်တာ ကျော်ဇောလင်းကို ယုံကြည်ပြီး ရိုက်ဖြစ်တာပါ။ ဇာတ်ကိုလည်း ကျွန်တော် ကြိုက်တယ်။ ဒီလို ကာရိုက်တာမျိုးကို ကျွန်တော့်အနေနဲ့ တစ်ကားလုံးကို တစ်ယောက်တည်းလည်း မလုပ်ဖူးသေးဘူး။ အဲဒါကြောင့် ထူးထူးခြားခြားလေးလည်း ဖြစ်အောင် ပရိသတ်အမြင်မှာ အမြင်ဆန်းအောင် ရိုက်ဖြစ်တာပါ" လို့ ၎င်းက ပြောသည်။

ယင်းဇာတ်ကားတွင် သွန်းဆက်နှင့်အတူ သရုပ်ဆောင်များစွာ ပါဝင်ထားသည်။ ညီထွဋ်ခေါင်သည် ၂ဝ၁၃ ခုနှစ် ကထွက်ရှိခဲ့သည့် ရွှေမှုံရတီနှင့် ရိုက်ကူးထားသည့် "မျက်လုံးလေး ကလည်ကလည် " ဇာတ်ကားတွင် ပရိသတ်၏ သတိပြုအားပေးခြင်း ခံခဲ့ရသူဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်က အနုပညာလောကကို ဝင်ရောက်ခဲ့သူ ဖြစ်သည်။

mizzima

ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရတဲ့အပေါ် မော်ဒယ် သန္တာလိုင် တုံ့ပြန်

မော်ဒယ် သန္တာလိုင်က သူမကို ယခုရက်ပိုင်း အွန်လိုင်းပေါ်က တဆင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက် ခံထားရတာနဲ့ ပတ်သက်ပြီး သူရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျာက်နှာမှာ တုံ့ပြန်လိုက်ပါတယ်။ 



ဓာတ်ပုံ- Thanda Hlaing ဖေ့စ်ဘွတ် စာမျက်နှာ


'' အနုပညာအလုပ် လုပ်ပြီဆိုကထည်းက သူများတွေ ပြောဆိုတာနှင့် ပတ်သက်ပြီး အရေထူရမယ်ဆိုတာ လုံးဝသိပြီးသားပါ။ ဒါကြောင့်လည်း တော်ရုံတန်ရုံ ပြောကြရေးကြတာတွေအကုန်လုံးကို ကိုယ်က တုံ့ပြန် 
လေ့မရှိပါဘူး။ တကယ်တန်း အဆင့်အတန်းရှိရှိ ဝေဖန်ကြတာမျိုးဆိုရင်တော့ ဗဟုသုအဖြစ်အောင် ဖတ်ဖြစ် တာရှိပေမယ့် အောင်တန်းကျကျ ထိုးနှက်တာမျိုးဆိုရင်တော့ အချိန်ကုန်ခံပြီးတော့တောင် ဖတ်မနေဖြစ် 
တော့ တာ ကြာလှပါပြီ။ 

အခုပြောမှာက အဲဒီ အဆင့်အတန်းမရှိဘူးဆိုတဲ့အထဲမှာ ထိပ်ဆုံးကပါတဲ့ စာတစ်ပုဒ်ပါ။ သူရေးတဲ့အထဲ မှာပါတဲ့ အရေးအသားနှင့် အချက်အလက်တွေကတော့ ဘယ်သူဖတ်ဖတ် မဟုတ်တာ ရေးထားမှန်း သိသာ လွန်းလောက်အောင်ကို အဆင့်နိမ့်ကျလွန်းလို့ ပြန်ပြောမနေတော့ပါဘူး။ 

ကိုယ်ပြောချင်တာက အဲလောက်အဆင့်အတန်းမရှိတဲ့ စာမျိုးကို ဖော်ပြဖို့ကို သူ့ခင်မျာ တော်တော်ကို အပင်ပမ်းခံပြီး အကုသိုလ်ပွားထားတာကို အံ့သြမိလို့ပါ။ အဲလိုဖော်ပြဖို့ အချိန်တွေပေးသလိုများအကျိုး ရှိမယ့် နေရာမှာ အသုံးချ လိုက်မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့လဲ သူ့အတွက် 
နှမြောမိပါသေးတယ်။

မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေက ခုရက်ပိုင်းအတွင်းမှာ ခွက်ထိုးခွက်လှန်ရယ်ပြီး ကိုယ်နှင့် ပတ်သက်တဲ့ ဟာသတစ်ပုဒ်ကို ဓာတ်ပုံတွေဘာတွေတောင် အတုလုပ်ပြီး လူတစ်ယောက်က တင်ထား တယ်ဆိုတာ လာပြောပြကြတယ်။ 

အဲဒီလူနာမည်က ဂိုရှယ်လေးတဲ့။ အဲဒါနှင့်ပဲ သူက ဘယ်လိုလူစားမျိုးမို့ ကိုယ့်ကအကြောင်းကို အဲလို အချိန်နှင့်စွမ်းအားတွေ ရက်ရက်ရောရော စိုက်ထုတ်ပြီး အောက်တန်းကျကျလုပ်နေရတာလဲလို့ နားလည်တဲ့လူတွေကို မေးကြည့်လိုက်တော့ တော်တော်လေး အံ့အားသင့်စရာတစ်ခုတွေ့လိုက်ရတယ်။


အဲဒီဂိုရှယ်လေးဆိုတဲ့ လူရဲ့ ဓာတ်ပုံကို တိတိကျကျ လိုက်ခိုင်းလိုက်တော့ သူ့ရုပ်က သရဲသဘက်လို လဲမ ဟုတ်ဘူး။ သူလိုကိုယ်လို လူရုပ်ပါပဲ။ ပိုဆိုးတာက ကိုယ်တွေ့တဲ့ပုံမှာ သူ့ပုံဘေးဘက်ကြည့်လိုက်တော့ ဇနီးနှင့် ကလေးနှစ်ယောက်နှင့် သာယာတဲ့ မိသားစုလေးတည်ဆောက်ထားတဲ့ပုံဖြစ်နေပြန်တယ်။ 

အဲတော့ အခုစာရေးရတဲ့ ရည်ရွယ်ချက်က ပုံပမ်းသဏ္ဍန်ကလည်း အထူးတလည် ကောက်ကျစ်ယုတ်မာပြီ မကောင်းဆိုးဝါး ဘီလူးတစ်ကောင်လို မဟုတ်တဲ့လူတစ်ယောက်က အဲလောက် အဆင့်အတန်း မရှိဘဲ 
နောက် နောင်သူ့ရဲ့ မျိုးဆက်တွေဖတ်မိရင်တောင် အရှက်ရမယ့် အောင်တန်းစားစာမျိုးကို ရေးမိတဲ့ အချိန်မှာ ဘေးမှာရှိနေတဲ့ ဇနီးနှင့် ကလေးလေးတွေရဲ့မျက်နှာကိုမှ ထောက်ထားမိရဲ့လားဆိုတာပါပဲ။ 

အခုလို ပိရိလှပါချည်ရဲ့ဆိုတဲ့ သူတွေကိုတောင် နည်းပညာနှင့် ဖော်ထုတ်နိုင်တဲ့ ခေတ်မျိုးမှာ ကိုယ့်လက်ရာ ဆိုတာများပေါ်သွားခဲ့ရင် အဲလိုအောင်တန်းစားစာမျိုးကိုတင်ခဲ့တဲ့ သူရဲ့ ဇနီးနှင့် ကလေးနှစ်ယောက်အဖြစ် မျက်နှာမဖော်ရဲလောက်အောင်ကို သိက္ခာကျမယ်ဆိုတာကို တွေးမိခဲ့ရဲ့လားလို့လည်း စိတ်ထဲမှာမေးမိတယ်။

ကလေးကအစဖတ်မိရင် မဟုတ်မဟတ်တွေရေးထားမှန်းသိနိုင်တာမို့ အရေးခံရသူဖက်ကတော့ ဘာတစ် ခုမှ နစ်နာစရာမရှိပါဘူး။ အမေရိကန်နိုင်ငံက ဓာတ်ဆီဆိုင်တွေမှာ ရောင်းတဲ့ အပျင်းပြေ ဟာသစာ 
စောင်တွေမှာဆို ဒုသမ္မတ ဒစ်ချိန်နီ (Dick Cheany) က အင်္ဂါဂြိုဟ်သားကြီးဖြစ်တယ်၊ အဆိုတော် လေဒီ ဂါဂါ (Lady Gaga) က ညဖက်ဆိုရင် သွေးစုပ်ဖုတ်ကောင်ဖြစ်သွားတယ် စသည်ဖြင့် photoshop ဓာတ်ပုံတွေနှင့် လုပ်ဇတ်တွေရေးကြတာ အားလုံးအသိပါ။ 

အတိုင်းတာတစ်ခုထိ လူစိတ်ဝင်စားတဲ့သူမှန်ရင် အဲလိုရေးခံရတာမို့ ဘာမှ မထိခိုက်ပါဘူး။ ဒါပေမယ့် အခုဖော်ပြလိုက်တဲ့ ဓာတ်ပုံထဲက အမျိုးသမီးနှင့် ကလေးတွေကိုတော့ ကိုယ်ကသနားမိတယ်။ 

အဲလိုအောင်တန်းစားစာမျိုးရေးတတ်တဲ့ လင်သားနှင့် ဖခင်ရထားလို့။ သြော်ဒါနှင့် နောက်ဆုံးတစ်ခုပြော ရဦးမယ်။ အဲလိုနောက်ကို အောက်တန်းစားစာမျိုးရေးမယ်ဆိုရင် ဒီထက်ပိုရသမြောက်တဲ့ စာအရေး အသားမျိုးရေးတတ်အောင် လေ့ကျင့်ထားလိုက်ပါဦးလို့။ နောက်ပြီး ဓာတ်ပုံအတု အင်ထုတာကြီးကလည်း ဒီထက် ယုတ္တိ ရှိရှိ အသုံးကျတဲ့ အဆင့်ပုံမျိုးဖြစ်အောင် ကြိုးစားလိုက်ပါဦးလို့။"
ဧရာဝတီ

ကိုယ့်ကိုနားလည်ပေးတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတာမို့ အချစ်ရေးက အေးအေးဆေးဆေးပါပဲလို့ ဖွင့်ဟလိုက်တဲ့ သွန်းဆက်


အနုပညာလောကထဲကို ပဟေဠိ နန်းတော်မှတဆင့် အကယ်ဒမီဗန်းကိုင် ၊ အဲ့ဒါတွေပြီးတဲ့အချိန်မှ ဒုတိယမင်းသမီးအဖြစ်ကနေ စပြီး ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ဇာတ်ကားတွေ ရိုက်လာရတဲ့သူကတော့ သွန်းဆက်ပါပဲ။ ဇာတ်ကားတွေ ပိုမိုရိုက်ကူးလာရလေလေ၊ ကိုယ့်လိုအပ်ချက်က ဘာတွေဆိုတာ သိလာလေလေ ဖြစ်ကြတာမို့ သူမနဲ့ သရုပ်ဆောင်ပိုင်းကို မေးမြန်းကြည့်လိုက်တော့ “သမီးဆရာ အန်ကယ်လေးကတော့ ပြောတယ်။ သူပြောတဲ့ စကားကြောင့် အရမ်းပျော်သွားတယ်။ သမီးအရမ်း တိုးတက်လာတယ်တဲ့။ အဲ့ဒါကြောင့် အရမ်းပျော်သွားတယ်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ကိုယ်တိုင်က ပြောတာဆိုတော့ အရမ်းပျော်တာပေါ့နော်။ ပရိသတ်ဆီကလဲ တစ်ကားနဲ့တစ်ကား တိုးတက်လာတယ်ဆိုတာကြားရတော့ ပီတိဖြစ်မိပါတယ်။ အခုနောက်ပိုင်း ကမ်းလှမ်းတဲ့ခါ ဇာတ်အရမ်း ဟဲဗီးကြီးတွေဆို သွန်းစက်မလုပ်ဘူး။ ခုချိန်က ပရိသတ်ဆီမှာ စပြီးနာမည်ယူကာစ ဆိုတော့ မင်းသမီးအသစ်တစ်ယောက်အနေနဲ့ပရိသတ်က ကိုယ့်ကို မြင်မြင်ခြင်းမှာ မုန်းသွားမှာစိုးတဲ့အတွက် ခုချိန်မှာ ဟဲဗီးဇာတ်ရုပ်တွေဆိုရင်တော့ သွန်းဆက် မလုပ်သေးဘူးပေါ့နော်။ ခုသွန်းဆက် အသစ်ဆိုတော့ ရွေးချယ်ပိုင်ခွင့် မရှိသေးဘူး။ သူတို့ ပေးလာတဲ့ ဇာတ်အပေါ်မှာ အကောင်းဆုံးကြိုးစားသွားမယ်ပေါ့နော်။ ပရိသတ်တွေဆီကတော့ စစချင်းတုန်းက အသံကနဲနဲလေး ကလေးသံပေါက်တယ်တဲ့။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ ထိန်းထိန်းပြီး ပြောလာနိုင်ပြီပေါ့နော်။ ပြီးတော့ အရမ်း sexy ဖြစ်တဲ့ ဖက်ရှင်တွေကို မ၀တ်ပါနဲ့တဲ့ သူတို့မကြိုက်ဘူးလို့တော့ ဝေဖန်ကြပါတယ်။ သွန်းဆက် ဖက်ကလဲအဲဒါလေးတွေကို အတတ်နိုင်ဆုံး ပြင်သွားပါ့မယ်” လို့ သူမက ပြောပြပါတယ်။
လက်ရှိအချစ်ရေးနဲ့ပတ်သတ်ပြီးတော့လဲ သူမက “အချစ်ရေးက အေးအေးဆေးဆေးပါပဲ။ မပူလောင်ဘူး။ အေးချမ်းတယ်။ အရင်လူနဲ့ပါပဲ။ ကြာပါပြီ။ သူကလဲ နားလည်ပေးတယ်။ သွန်းဆက်တို့အလုပ်က ကိုယ့်ကို အဓိက နားလည်ပေးရမဲ့သူ ကိုယ့်ကို နားလည်ပေးရင် အကုန်လုံး အဆင်ပြေတာပေါ့နော်။ အဲ့လိုမှမဟုတ်ပဲ အရမ်းချုပ်ချယ်သ၀န်တိုနေမယ်ဆိုရင် အဆင်မပြေဘူးလေ။ သွန်းဆက်တို့လို အနုပညာရှင်တွေက အပြင်မိန်းကလေးတွေထက်ကို ပိုပြီးနားလည်ပေးမှ ရမယ်လေ။ မဟုတ်ရင် ကွဲတာတွေ ဘာတွေ ဖြစ်တတ်တော့လေ။ ခုချိန်ထိတော့ သွန်းဆက်က ကံကောင်းနေတုန်းပါပဲ။ နောက်ပိုင်းတော့ ဘယ်လိုလာဦးမလဲ မသိဘူး။ ကံတွေဘာတွေ ကိုလဲ သွန်းဆက်က ယုံတော့လေ။ စောင့်ကြည့်ရဦးမှာပေါ့”တဲ့။
ခင်ဆွေသက် 
Trend Myanmar

မေမြတ်နိုး Miss Asia Pacific World သရဖူပြန်သိမ်းခံရ

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

သရဖူဆုရှင်အဖြစ် ထိုက်တန်ခြင်းမရှိသောကြောင့် အလှမယ် မေမြတ်နိုးကို Miss Asia Pacific World 2014 ဆုရှင်အဖြစ်မှ ရပ်စဲကာ သရဖူသိမ်းလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံမှ Miss Asia Pacific World Organization က သြဂုတ် ၂၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

ယနေ့မှစပြီး မသီရိထက်အောင် (ခေါ်) မေမြတ်နိုးသည် Miss Asia Pacific World 2014 မဟုတ်တော့ကြောင်း အသိပေးအပ်ပါသည်။ ဆုရှင်တစ်ယောက်အဖြစ် ရွေးချယ်ရန်မှာ ကိုယ်ရည်ကိုယ်သွေးနှင့် အဖွဲ့အစည်းကို သစ္စာစောင့်သိမှု၊ နှစ်လိုဖွယ်ကောင်းသော အကျင့်စရိုက်တို့က အလွန်အရေးကြီးပါသည်။ သို့သော်လည်း မေမြတ်နိုး၏ သဘောထားများသည် Miss Asia Pacific World မယ်ဆုရှင်အဖြစ် မည်သည့်အခါမှ ထိုက်တန်ခဲ့ခြင်းမရှိပါဟု ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

‘‘လှနု တကယ်စိတ်မကောင်းဘူး။ ပထမဆုံးရခဲ့တဲ့ သရဖူလေ။ မြန်မာလူမျိုးတွေ တက်ညီလက်ညီ အကုန်လုံးလုပ်ခဲ့ကြတာလေ’’ဟု Miss Asia Pacific World Myanmar Organization မှ မလှနုထွန်းကပြောသည်။

မေမြတ်နိုးသည် မြန်မာနိုင်ငံရှိ Main Organization တာဝန်ရှိသူများ၊ မီဒီယာနှင့် ပရိသတ်များကို မလေးမစားပြုလုပ် လိမ်လည်မှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏မိခင်ဖြစ်သူကလည်း ကိုရီးယားသို့လိုက်ပါရန် တရားမဝင် သုံးလဗီဇာ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

မေမြတ်နိုးသည် အနုပညာအလုပ်များ လုပ်ကိုင်ရန် တောင်ကိုရီးယားနိုင်ငံသို့ သြဂုတ် ၁၈ ရက်က သွားရောက်ခဲ့ပြီး သုံးလကြာနေထိုင်မည်ဟု တောင်ကိုရီးယားသို့ မသွားမီက ပြောကြားခဲ့သည်။

မေမြတ်နိုးကို ယခုကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် ကြိုးစားသော်လည်း ပြည်ပရောက်နေခြင်းကြောင့် ဆက်သွယ်မရခဲ့ပေ။
7 day

မော်ဒယ်တွေ ROLE မြင့်လာပြီတဲ့


အနုပညာလောကတွင် မော်ဒယ်အလုပ် တစ်ခုတည်း သီးသန့် လုပ်ကိုင်သည့် ခင်နန်းထိုက်က ယနေ့ခေတ်တွင် မော်ဒယ်များ၏ အခန်းကဏ္ဍ သည် Role တစ်ခု ကဲ့သို့ မြင့်လာပြီဖြစ်ကြောင်း ပြောသည်။
မော်ဒယ်တစ်ယောက် အဖြစ် ရပ်တည်နေပြီး၊ အောင်မြင်ဖို့ အတွက် ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ ခင်နန်းတို့ နိုင်ငံအခြေအနေ ကလည်း မော်ဒယ်သီးသန့် အဖြစ် ရပ်တည်ဖို့ ဆိုတာက သိပ်တော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ အရင်က ထက်စာရင် မော်ဒယ်တွေ အတွက် Role တစ်ခု မြင့်လာ တယ်ပေါ့နော်။ တိုင်းပြည် တိုးတက်လာရင် တဖြည်းဖြည်းလည်း ဖြစ်လာမှာပါ။ ဒါက မြန်မာနိုင်ငံ အနုပညာလောက အခြေအနေ အရ ဖြစ်နေတာပေါ့။ မော်ဒယ်လည်း မော်ဒယ်ပေါ့။ မင်းသမီးလည်း မင်းသမီး နေရာပေါ့။ သူ့နေရာနဲ့သူ နောက်ထပ် ခြေလှမ်းလှမ်း သွားမယ် ဆိုရင်တော့ တဖြည်းဖြည်း ဖြစ် လာမယ်လို့ မျှော်လင့်ပါတယ်။ ခင်နန်းက ရှေ့လျှောက်မှာလည်း အနုပညာအလုပ်ကို မော်ဒယ်အဖြစ်ပဲ လုပ်မယ်။ သရုပ်ဆောင် အလုပ်ကိုတော့ လုပ်ဖို့ မရှိပါဘူး။ ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက် အနေနဲ့ပဲ ခင်နန်း ရပ်တည် သွားမှာပါ။ အခု လက်ရှိ အနေအထားကို ခင်နန်း အနေနဲ့ ကျေနပ်တယ် ဆိုပေမယ့် အများကြီး လိုပါသေးတယ် ဟု ခင်နန်းထိုက်က ပြောသည်။ ခင်နန်းထိုက်သည် မော်ဒယ်အဖြစ်သာ လုပ်ကိုင် သွားမည် ဖြစ်ကြောင်းနှင့် ယနေ့ ခေတ်တွင် မော်ဒယ်များ အတွက် အခွင့်အလမ်းကောင်းများလည်း ရှိလာနေပြီ ဖြစ်ကြောင်း ပြောသည်။

မေမြတ်နိုး Crown အသိမ်းခံလိုက်ရပါပြီ။


မေမြတ်နိုး Crown အသိမ်းခံလိုက်ရပါပြီ။
credit : we love miss myanmar

မွေးနေ့ကျရင် ချောင်းသာမှာရှိနေရမှာဖြစ်ပေမယ့် We Love Nay Toe အဖွဲ့နဲ့အတူ အလှူအတန်းတွေတော့ လုပ်သွားမှာပါလို့ ဖွင့်ဟလာတဲ့ နေတိုး

ကိုယ်လုပ်သမျှအရာရာတိုင်းဟာ အနုပညာအတွက် ဖြစ်နေရမယ်လို့ သတ်မှတ်ပြီး ကြိုးစားနေသူတွေထဲမှာ နေတိုးလည်း တစ်ဦးအပါအ၀င်ပါ။ သူကျရာဇာတ်ရုပ်မှာသာမက၊အငြိမ့်ဆိုလည်း အငြိမ့်၊ အဆိုဘက်မှာလည်းမလစ်ဟာရအောင် သူ့ဝါသနာကို အရင်းတည်ပြီး သူချစ်တဲ့ ပရိသတ်ကို ချပြပေးနေကျ။ ဒါ့ကြောင့်လည်း သူ့ကိုချစ်တဲ့ပရိသတ်တွေ ဖွဲ့ထားတဲ့ We Love Nay Toe လို အဖွဲ့မျိုးတွေအထိတောင် ပေါ်ပေါက်လာတာသာ ကြည့်ပါတော့။

ခုလည်း စက်တင်ဘာ၉ရက်နေ့မှာ ကျရောက်မယ့် သူ့မွေးနေ့အတွက် သူအနေနဲ့ရော We Love Nay Toe အဖွဲ့လေးကပါ ဘာတွေစီစဉ်ထားတယ်ဆိုတဲ့အကြောင်း နေတိုးက “မွေးနေ့က ကျွန်တော်ချောင်းသားမှာ ရှိနေမယ်ဆိုတော့ အနီးအနားမှာရှိတဲ့ သူတွေနဲ့ပဲ မွေးနေ့ပွဲ ကျင်းပဖြစ်မှာပါ။

းနေ့အလှူက အွန်လိုင်းမှာရှိတဲ့ we love nay toe ဆိုတဲ့ အုပ်စုက လွန်ခဲ့တဲ့နှစ်ကလဲ အလှူငွေတွေနဲ့ ရန်ကုန်မှာရှိတဲ့ တချို့သော လိုအပ်နေတဲ့ နေရာမျိုးစုံ နေရာစုံကို သွားလှူကြတယ်။

မြးေ

ဒီနှစ်ကတော့ အရင်နှစ်ထက်ပိုပြီး အလှူငွေတွေ ပိုရထားတာတွေ့ရတယ်။ ကျွန်တော့်အနေနဲ့လဲ အလှူငွေကို ထပ်တိုးပြီး မန္တလေးနဲ့ရန်ကုန်ကို သိန်း၂၀စီလှူထားတယ်။ အဲ့ဒါကို ကျွန်တော့်မွေးနေ့မှာ သွားလှူဖို့ စီစဉ်ထားတယ်။ အဲ့လိုမျိုး ပရိသတ်တွေနဲ့ရောလှူတာမျိုးပဲ ရှိပါတယ်။

ဆင်တူ စတေကာအင်္ကျံလေးတွေ ၀တ်ပြီး we love nay toe အဖွဲ့က သွားလှူကြပါလိမ့်မယ်။ ချောင်းသာမှာ မွေးနေ့ပွဲကို အထိမ်းအမှတ်တစ်ခုအနေနဲ့ပဲ လုပ်မှာပါ။ နှစ်တိုင်းက မွေးနေ့ကို သိပ်အကြီးကြီး မလုပ်ဖြစ်ဘူး ဆိုတော့ ဒီလိုပဲ ရှုတင်မှာဖြတ်သန်းရင်းနဲ့ပဲ ကုန်ဆုံးမှာပါ။” လို့ ဆိုပါတယ်။

ရှေ့ဆက်ရမယ့် အနုပညာလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ရော ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖြစ်တဲ့ အချက်လေးတွေအကြောင်းပါ မေးကြည့်လိုက်တော့ သူက “အသက်ကြီးလာတာနဲ့အမျှ ကျွန်တော့်အနေနဲ့ကတော့ ရှေ့ဆက်ရမဲ့လမ်းမှာ အလုပ်တွေ ပိုများလာတယ်။ အသက်အရွယ် ကြီးလာတဲ့အပေါ် သိပ်ပြီး serious မရှိပါဘူး။

ကျွန်တော်ရသမျှသော အနုပညာကြေးတွေကို ရာခိုင်နှုန်း တော်တော်များများ ၉၀ ရာခိုင်နှုန်းလောက်ကို အနုပညာထဲမှာပဲ မြှုပ်နှံဖို့ကို စိတ်ကူးထားတယ်။ ကျွန်တော်သည် အနုပညာရှင်တစ်ယောက်ဆိုတာထက် အနုပညာရှိလို့ ရှင်သန်နေရတဲ့ သူတစ်ယောက်လို့ကိုယ့်ကိုယ်ကို ခံယူထားတယ်။

ဒီအနုပညာကို ဒီ့ထက်မက ရှင်သန်နိုင်ဖို့အတွက် ဒီပရိသတ် အားပေးမှုကြောင့် ရလာတဲ့ အကျိုးအမြတ်တွေ အားလုံးကို ပရိသတ်တွက်ပဲ ပြန်အသုံးချသွားမှာပါ။ အချစ်ရေးကတော့ အလုပ်ထဲမှာ ညှပ်နေပါတယ်”တဲ့။

Treand Myanmar

လေးယောက်မြောက် ယောင်္ကျားယူအုံးမည့် နာမည်ကျော်အဆိုတော်


မကြာမီက ဂျေလိုသည် အသက် ၂၇ နှစ်အရွယ်Casper Smart နှင့် တွဲနေမှုကို ရည်ညွှန်း၍" ရှင် ကောင်ငယ်ငယ်လေးတွေကို သဘောကျလား" ဟု မေးလိုက်သည် ။
တီဗွီရုပ်သံ အစီအစဉ်မှူး Chelsea Handlerချဲလ်ဆီးဟန်ဒလာ နှင့် တွေ့ဆုံမေးမြန်းခန်း 

တစ်ခုတွင် အဆိုတော် ဂျနီဖာလိုပက်ဇ်က -
"ကျွန်မ နောက်ထပ် အိမ်ထောင်ပြုအုံး၊ ကျွန်မ ဆက်ဆံပေါင်းသင်းရတာကို ကြိုက်တယ်၊ အပျက်မလို လျှောက် မနေချင်ပါဘူး။ အဲဒါမျိုး မလုပ်ဘူး၊ ကျွန်မ ဒီလို အစားထဲက မဟုတ်ဘူး"ဟု သုံးကြိမ်တိုင်တိုင် လက်ထပ်ဖူးသူ အသက် ၄၅ နှစ်အရွယ် ဂျေလိုက ပြောသည်။

ယခုအခါတွင် တတိမြောက် ယောက်ျားနှင့် ကွာရှင်း ထားသူ၊ ကလေးနှစ်ယောက် မိခင် ဂျနီဖာလိုပက်ဇ်က" ဟုတ်တယ်။ ကျွန်မ လူငယ်လေး တစ်ယောက်နဲ့ တွဲနေတယ်။ ကျွန်မ နောက်ဆုံး ချစ်သူပေါ့"ဟု ၎င်းကပြောသည်။ ၎င်းက ပြောပြရာတွင် အရင်က လက်ထပ်ခဲ့သည့် နာမည်ကျော် ယောက်ျားများနှင့် ရည်းစား ချစ်သူ အများစုမှာ ၎င်းထက် အသက်ပိုကြီးသူ သို့မဟုတ် သက်တူ ရွယ်တူများသာ ဖြစ်ကြောင်း ၎င်းသည်အဓိကအားဖြင့် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိသူကိုသာ စိတ်ဝင်စားကြောင်း ပြောသည်။

ယခင်က Ben Affleck, Sean Diddy Combs တို့နှင့် တွဲခဲ့ဖူးပြီး Marc Anthony နှင့် ၁ဝ နှစ် တိုင် လက်ထပ်ခဲ့ဖူးသူ ဂျနီဖာက "ကျွန်မ ကကြိုတင်စီမံကိန်းတွေ ဆွဲမထားပါဘူး။ သူ့အလိုအလျောက် ဖြစ်ဖြစ် လာကြတာပါ။ ကျွန်မ စီမံကိန်း ကောင်းကောင်း ဆွဲဖို့တော့ လိုနေပြီ ထင်တယ"်ဟု အဆိုတော် ဂျနီပါလိုပက်ဇ်က ပြောသည်။

Mizzima News Daily

အောင်မြင်မှု ရေရှည် တည်တံ့နေဖို့ အရည်အချင်း ဆိုတဲ့ ဒေါက်တစ်ခုလည်း လိုတယ်ဆိုတဲ့ အိမ့်ချစ်


လတ်တလောတွင် နယ်ရှိုးပွဲများ ဆက်တိုက် သီဆိုနေရပြီး မကြာသေးမီက ထွက်ရှိထားသည့် ''အချစ်ရေး'' တေးသီချင်းအတွက် ဗီစီဒီ ရိုက်ကူးနေမှုများ ပြုလုပ်နေသည့် အဆိုတော် အိမ့်ချစ်က အောင်မြင်နေမှု ရေရှည် တည်တံ့နေရန် အတွက် အရည်အချင်းဆိုသည့် ဒေါက် တစ်ခု ရှိရန်လို အပ်ကြောင်း ယခုလို ပြောပြခဲ့သည်။

''ပေါ်ထွက်လာတဲ့ အနုပညာရှင် အသစ်တွေက သေချာ လေ့လာ သင်ယူပြီးမှ ထွက်ပေါ် လာတဲ့ အဆိုတော်တွေ များပါတယ်။ ဖြစ်ချင်ရုံ တစ်ခုတည်းနဲ့၊ အသံလေးကောင်းရုံနဲ့ ထဆိုရင်တော့ မ ဖြစ်နိုင်ဘူးပေါ့။ ကံအရမ်းပါလာရင်တော့ ဖြစ်သွားလိမ့်မယ်။ အရည်အချင်း ရှိဖို့လည်း လိုပါတယ်။ အဲဒီတော့ ကိုယ့်ဘာသာ ဖြစ်နိုင်ခြေ ရှိလားဆိုတာ အရင် စဉ်းစား ရမယ်။ ဖြစ်နိုင်ခြေ ရှိပြီဆိုရင် ကိုယ့်ယုံကြည်ချက်အတိုင်း ဖြစ်နိုင်အောင် ကြိုးစားဖို့ပဲ လိုပါတယ်။ အောင်မြင်မှု ရဖို့ဆိုတာက ကြိုးစားရင် လွယ်ပါတယ်။ ဒါပေမဲ့ နေရာတစ်ခုကို ထိန်းထား နိုင်ဖို့ ဆိုတာ အရမ်းခက် ခဲပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို မကျအောင် ကြိုးစား ရမယ်။ အမြဲတမ်း တီထွင်ဆန်းသစ် နိုင်ရမယ်။ ပြီးတော့ကိုယ့်ရဲ့ ကံတို့၊ ဆန်းတို့ ကျမသွားဖို့ ဆိုတာ ကလည်း ဘာသာတရားနဲ့ ထိန်းထား နိုင်ရမယ်။ အများကြီး အဘက်ဘက် ကနေ ဒေါက်တွေ ထောက်ထား နိုင်ရမယ်။ အဲဒါမှ နေရာတစ်နေရာမှာ အောင်မြင်စွာ ရပ်တည် နိုင်မှာပါ''ဟု သူမက ပြောပြခဲ့သည်။


သူမ၏ ''အချစ်ရေး'' အခွေ ထွက်ရှိပြီးသည့် နောက်ပိုင်းတွင် ပရိသတ်များ စိတ်ဝင်စား လျက်ရှိ နေသေးသည့် အိမ့်ချစ်၏ အချစ်ရေး အကြောင်းကိုလည်း ''အိမ့်ချစ်တို့က လူငယ်တွေ ဖြစ်တဲ့ အတွက်ကြောင့် ချစ်ကြိုက်ကွဲညား ဇာတ်လမ်းတွေကတော့ ရှိတာပေါ့နော်။ အိမ်ထောင်ပြုဖို့ ကိုတော့ အခုချိန်မှာ မစဉ်းစား သေးပါဘူး။ ညီမကကိုယ့် ဘာသာ လွတ်လွတ်လပ်လပ် နေရ တာကို ကြိုက်တယ်။ နောက်ပြီးတော့လည်း ကိုယ့်ရဲ့နောက်မှာ ကိုယ့်ကို အမှီပြု နေရတဲ့ မိသားစုလည်း ရှိသေးတဲ့အတွက် အိမ်ထောင်ပြု ပြီးတော့ ရုန်းထွက်သွားတယ်ဆိုတဲ့ တစ်ကိုယ်ကောင်း ဆန်တာမျိုး ကိုတော့ အခုချိန်မှာ မလုပ်ချင်သေးပါဘူး'' ဟု ဆက်လက် ပြောပြခဲ့သည်။

မေးတဲ့ မေးခွန်းတွေကို ပြန်ဖြေဖို့ အချိန်ယူတာများသွားတာကြောင့် 1st Runner Up ဆု ရရှိခဲ့တာလို့ ဆိုတဲ့ မေဘရဏီသော်


Miss People 2013ရဲ့1st Runner Up ဆုရှင်တစ်ယောက်ဖြစ်တဲ့ မေဘရဏီသော် ဟာ Miss Myanmar International ပြိုင်ပွဲမှာလည်း 1st Runner Up ဆုကို ထပ်မံရရှိခဲ့တာကြောင့် အဲ့ဒါနဲ့ပတ်သက်ပြီး သူမ “ညီမ Miss Myanmar International ပြိုင်ပွဲမှာ1st Runner Up ဆုရရှိခဲ့လို့ အရမ်းပဲ ပျော်တယ်။ အရမ်းလည်း ဝမ်းသာမိပါတယ်။ ညီမအတွက် Miss Myanmar International လိုမျိုးပြိုင်ပွဲကြီးက ပထမ ဆုံးဝင်ရောက်ယှဉ်ပြိုင်ဖူးခြင်း ဖြစ်ပါတယ်။ ညီမက ဆုရမယ်၊ မရဘူးဆိုတာထက် ကိုယ်ကိုယ်တိုင် ကြိုးစားခဲ့တဲ့အရာကိုပဲ အကောင်းဆုံးဖြစ်ရမယ်ဆိုပြီးတော့ပဲ ပြိုင်ခဲ့တာပါ။ ညီမကိုယ်တိုင် အစွမ်းကုန် လုပ်ခဲ့ရတဲ့အတွက် ကိုယ့်ရဲ့ ကြိုးစားမှုကအသိအမှတ် ပြုခံရလို့ ကျေနပ်ပါတယ်။” လို့ သူမက ဆိုပါတယ်။


1st Runner Up ရရှိခဲ့တာဟာ ဆုရသွားတဲ့သူနဲ့ယှဉ်ရင် အားနည်ချက်အနေနဲ့ ဘာများဖြစ်မလဲရယ်လို့ သူမကို မေးကြည့်လိုက်တဲ့အခါမှာတော့ သူမက “ညီမ ကိုယ့်ကိုကိုယ် အင်္ဂလိပ်စာညံ့တယ်လို့တော့ မမြင်ပါဘူး။ ညီမကိုမေးတဲ့ မေးခွန်းတွေကို အချိန်ယူ ပြီးစဉ်းစားခဲ့တာ နည်းနည်း များသွားတာကြောင့်လို့ ထင်ပါတယ်။ အဲဒါက ညီမအတွက် မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုပါပဲ။ နောက်ပြိုင်ပွဲတွေ အတွက် သင်ခန်းစာတစ်ခုအနေနဲ့ ရသွားတာပေါ့။ ညီမက ဆုရရှိပြီးသွားတဲ့ နောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုထက် ကိုယ်ဝါသနာပါတဲ့ မော်ဒယ်လ်အလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ။ ပြီးတော့ လူမှုရေးလုပ်ငန်းတွေနဲ့ ပတ်သက်ရင် ညီမက အရင်ကတည်းက လုပ်နေကျဆိုတော့ ထပ်ပြီး လုပ်သွားဖို့ပဲ ရှိပါတယ်”တဲ့။

လတ်တလောမှာတော့ သူမဟာ မြန်မာToursim Fedration နဲ့အတူတူ ဗီယက်နမ်နိုင်ငံကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားဖို့ရှိနေတယ်လို့ သိရပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကတော့ လုပ်ဖြစ်ရင်တော့ အချိန်အများကြီးယူရဦးမယ်လို့ ဖွင့်ဟသွားပါတယ်။

Trend Myanmar