Showing posts with label ဒေါ်စုသတင်း. Show all posts
Showing posts with label ဒေါ်စုသတင်း. Show all posts

ဒေါ်စုကို အသေရေဖျက်မှုဖြင့် ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးအား စွဲဆိုသည့်အမှု ပလပ်ခံရ

ရန်ကုန်(မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပါက ဘာသာခြားနိုင်ငံ ဖြစ်သွားမည်ဟူသော စာဖြန့်ဝေမှုဖြင့် ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးအား တရားစွဲဆိုထားခြင်းကို ကာယကံရှင် (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင် လျှောက်ထားခြင်း မဟုတ်၍ဟုဆိုကာ မြို့နယ်တရားရုံးက စက်တင်ဘာ ၂၅ ရက်က ပလပ်လိုက်သည်ဟု ပေါက်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲထွန်းဝင်းက ပြောသည်။



၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးရန် ၂၀၁၄ ခုနှစ် မေလ ၂၇ ရက်က နေပြည်တော်၌ စည်းရုံးဟောပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ပေါက်မြို့နယ်၊ မြောက်ဖက်ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး ဦးမြင့်ငြိမ်းကို အဆိုပါ ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက အသရေဖျက်မှုဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်ပုတ်ခတ်တာဖြစ်တဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားစွဲမှ တရားရုံးက လက်ခံမယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

အမှုကို သြဂုတ် ၁၈ ရက်တွင် ပေါက်မြို့နယ် တရားရုံးကလက်ခံခဲ့ပြီး သုံးကြိမ်မြောက်ရုံးချိန်းတွင် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ တရားရုံး၏ သီးခြား အတည်ပြုချက်ရရန် မဇ္ဈိမက ကြိုးပမ်းသော်လည်းမရပေ။

“အမှန်ဆိုရင် ပထမဆုံး ဦးတိုက်လျှောက်ထားတည်းက ပြောပေါ့ဗျာ” ဟု ဦးရဲထွန်းဝင်းက ဆိုသည်။

တရားစွဲဆိုခံရသည့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ဦးမြင့်ငြိမ်းကမူ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများကို ကန့်ကွက်ထားသည့် စာသားများပါဝင်သော အထုပ်ကို သြဂုတ်လ ၁၀ ရက်က ရွာနှင့် လေးဖာလုံခန့် ဝေးသော ပေါက်မြို့သို့ ဈေးဝယ်သွားရာမှ အပြန်၊ မြို့ပတ်လမ်းပေါ်တွင် တွေ့ရှိခဲ့သည်ဟု ဩဂုတ်လ ၁၉ ရက်က မဇ္ဈိမကို ပြောထားသည်။
Mizzima

NLD သည် ဗမာသီးခြားပါတီ မဟုတ်ဘဲ တိုင်းရင်းသား တန်းတူအခွင့်အရေး ဆောင်ရွက်နေသည့် ပါတီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


တိုင်းရင်းသားပါတီအချို့ ဦးဆောင်လှုပ်ရှားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ရေးဆွဲရေးပွဲများ တက်ရောက်ခြင်း မရှိသောကြောင့် ဝေဖန်မှုအချို့ ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) သည် ဗမာလူမျိုးများအတွက် သီးခြား တည်ထောင်ထားသည့် ပါတီမဟုတ်ဘဲ တိုင်းရင်းသား တန်းတူအခွင့်အရေး ဆောင်ရွက်နေသည့် ပါတီဖြစ်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
“ကျွန်မတို့ ပါတီကို ပြည်ထောင်စု ပါတီအဖြစ် ခံယူထားပါတယ်” ဟု ၎င်းကဆိုသည်။


ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နှင့် ဘားအံမြို့တို့မှ လွှတ်တော်သို့ လာရောက်လေ့လာသည့် ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကရင်လူမျိုး အချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ထံ ဝင်ရောက်ခဲ့မှုကြောင့် အခက်အခဲနှင့် ဒုက္ခများစွာ ခံစားခဲ့ရကြောင်း၊ သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပူးပေါင်း ပါဝင်ပေးကြရန် တိုက်တွန်းကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ယင်းကဲ့သို့ တိုင်းရင်းသား အားလုံး ပူးပေါင်းပါဝင်မှသာ ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

NLD ပါတီသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်အပြီး ဆက်လက်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွက် နိုင်ငံရေး ပါတီများဘက်မှ ဆွေးနွေးပွဲ မူဘောင် တစ်ခုတည်း ဖြစ်ရေးအတွက် နိုင်ငံရေးပါတီ ၅၀ ကျော် ပါဝင်သော ဆွေးနွေးပွဲများကို တက်ရောက်ရန် ငြင်းဆိုခဲ့ခြင်းကြောင့် တိုင်းရင်းသားပါတီ အချို့၏ ဝေဖန်မှုများ ရှိခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ NLD ပါတီ၏ မိတ်ဖက် အဖွဲ့အစည်း ဖြစ်သော (UNA) သည်လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။

“NLD ပါတီရဲ့ ဥက္ကဋ္ဌပြောတာ ပါတီရဲ့ မူဝါဒပဲ ဖြစ်မှာပါ။ သူများရဲ့ မူဝါဒကို မဝေဖန်လိုပါဘူး။ ဒါပေမဲ့ မူဝါဒချထားရင် အဲဒီအပေါ်မှာပဲ ဆက်လျှောက်သင့်တယ်” ဟု ဖက်ဒရယ် မဟာမိတ်ပါတီ FUP ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောကြားသည်။

အဆိုပါ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် နိုင်ငံရေးပါတီများဘက်မှ ဆွေးနွေးပွဲမူဘောင် တစ်ခုတည်း ဖြစ်ရေး ဆွေးနွေးပွဲများသို့ တက်ရောက်ရန် NLD ပါတီနှင့် UNA အဖွဲ့ကို ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲကို ဦးဆောင်သည့် တိုင်းရင်းသား ပါတီများထံမှ သိရှိရသည်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်၏ အတွေးထဲတွင် ပါဝါ၊ အာဏာများမရှိဟု ဦးတင်ဦးဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ အတွေးထဲတွင် ရာထူး၊ အာဏာနှင့် ပါဝါထက်တိုင်းပြည်လူ ငယ်များ၏ တိုးတက်မြင့်တင်ရေးသာ ရှိသည်ဟုNLD နာယက ဦးတင်ဦးက ပြောကြားလိုက်သည်။



သြဂုတ်လ ၃၀ ရက်က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လူငယ်မျိုးဆက် များ တွေ့ဆုံပွဲတွင်ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးနှောက်ထဲမှာ ပါဝါ အာဏာ ဒါတွေ ခေါင်းထဲမှာရှိတာမဟုတ်ပါဘူး။ သူဟာ စလာကတည်းက ဒီတိုင်ြး ပည်မှာရှိတဲ့ လူငယ်တွေဟာသူတို့ရဲ့ဘ၀ ရည်ရွယ်ချက်တွေပျောက်ကင်းနေတယ် ဆိုတာ ကောင်းကောင်းသိတယ်။ ဘဝရဲရှေ့ရေး
ပြန်လည်ထူထောင်ဖို့အတွက် အဓိကကျတဲ့ ပညာရေးကို လုပ်နိုင်သမျှ တက်နိုင်သမျှလုပ်တာတွေရှိတယ်”ဟုဦးတင်ဦးက ပြော သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံကို ဇူလိုင်လ ၅ရက် နှင့် ၆ ရက်တွင်ရန်ကုန် မြို့တော်ဝင်နှင်းဆီးခန်းမပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကအဖွင့်မိန့်ခွန်း တက်ရောက်ပြောကြားခဲ့သည်။

ယင်းညီလာခံတွင်အမျိုးသမီးခုနစ်ဦးနှင့် တိုင်းရင်းသားလူငယ်များ အပါအဝင် NLDလူငယ်ခေါင်းဆောင် ၁၅ ဦးရွေးချယ်ခဲ့သည်။
Mizzima

အစ္စရေးအစိုးရရဲ့ ၃၅ နှစ်အတွင်း ပထမဆုံး တရားဝင် မြန်မာခရီး

အစ္စရေး ဒု နိုင်ငံခြားရေး ဝန်ကြီး Tzachi Hanegbi ဟာ နှစ်ပေါင်း ၃၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး တရားဝင် ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ စတင်ဖို့ရှိတယ်လို့ သိရပါတယ်။ 

အစ္စရေးခေါင်းဆောင် မူရှေဒါယန်းက နိုင်ငံခြားရေး ဝန်ကြီး တာဝန် ထမ်းဆောင်စဉ် မြန်မာနိုင်ငံကို ၁၉၇၉ ခုနှစ်က နောက်ဆုံး အလည် အပတ် လာခဲ့ပါတယ်။ 

အစ္စရေးနဲ့ မြန်မာဟာ ၁၉၅၀ ခုနှစ်က ၂ နိုင်ငံ ဆက်ဆံရေးစတင်ခဲ့ကြပြီး ကာလရှည်တလျှောက် မိတ်ဆွေတွေ အဖြစ်နဲ့ ရပ် တည်လာကြတာပါ။ 

၁၉၅၉ ခုနှစ်က မြန်မာဝန်ကြီးချုပ် ဦးနုကလည်း အစ္စရေးကို အလည်အပတ်သွားခဲ့သလို ၁၉၆၁ ခုနှစ် က အစ္စရေးခေါင်းဆောင် ဒေးဗစ် ဘန်ဂူရီယန်လည်း မြန်မာနိုင်ငံနဲ့ အပြန်အလှန် လည်ပတ်ခဲ့ပါသေးတယ်လို့ အစ္စရေး နိုင်ငံ ခြားရေး ဝန်ကြီးဌာန ပြောခွင့်ရဗျူရိုကြေညာချက်ကို ကိုးကားပြီး အစ္စရေး Haaretz သတင်း ဌာနက ရေး သားထားပါတယ်။ 

မန်မာနိုင်ငံရဲ့ စီးပွားရေး ပွင့်လင်း လွတ်လပ်မှုတွေ ဖော်ဆောင်လာမှုဟာ အစ္စရေးက စီးပွားရေးလုပ်ငန်း ရှင်တွေ နဲ့ ရင်းနှီး မြှုပ်နှံသူတွေကို ဆွဲဆောင်နေတာဖြစ်တယ်လို့လည်း အစ္စရေးရဲ့ ကြေညာချက်မှာ ဖော်ပြ ထား ပါတယ်။ 

ဒီခရီးစဉ်ဟာလည်း အစ္စရေးစီးပွားရေး စွန့်ဦးတီထွင်သူတွေနဲ့ ဆွဲဆောင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ပါ။ 

အစ္စရေး ဒု နိုင်ငံခြားရေး ဝန်ကြီး Hanegbi ဟာ ယခင် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တဖြစ် လဲ မြန်မာနိုင်ငံခြား ရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဖို့ ရှိသလို ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် 
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ပါတီ များက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ 

အစ္စရေး ဒု နိုင်ငံခြားရေး ဝန်ကြီးရဲ့ တရားဝင် မြန်မာနိုင်ငံခရီးစဉ်ဟာ သောကြာနေ့ထိ ဖြစ်ပြီး ခရီးစဉ် အတွင်းမှာ ယဉ်ကျေး မှု နဲ့ အားကစား ကဏ္ဍတွေမှာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် သဘောတူ စာချုပ်တခုလည်း လက်မှတ်ရေးထိုးဖို့ ရှိတယ် လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~

ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်


ရန်ကုန်တိုင်းအစိုးရက မြို့သစ်တခုတည်ဆောက်မယ့်စီမံကိန်းကို တင်ဒါမခေါ်ပဲ ကုမ္ပဏီတခုကို ပြိုင်ဖက်မရှိခွင့်ပြုခဲ့တာဟာ ပွင့်လင်းမြင်သာမှုကင်းမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒီကိစ္စဟာ လက်ရှိအစိုးရ တာဝန်ယူခဲ့ချိန်ကစပြီးပြောဆိုခဲ့တဲ့ ကတိစကားတွေနဲ့ ကွဲလွဲနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။


"ဒီအစိုးရစတက်ကတည်းကပြောနေတာ ဘယ်လောက်ပေးဆပ်မှုလည်းဆိုတာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုဆိုပြီးတော့ ခုကျတော့ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုလို့ရှိရင် good government ဆိုတဲ့ဒီသဘောတရားကို လက်လျော့လိုက်ပြီလားဆိုတာ မေးရတော့ မလိုဖြစ်နေပါတယ်"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဦးနဲ့တစ်ဦး သဘောထားလွဲလွဲမှုနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ လူတွေမှာ

တူညီတဲ့ ရည်ရွယ်ချက်ရှိမယ်ဆိုရင် မတူညီတဲ့အမြင်တွေကို ညှိနှိုင်းလို့ရမှာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

RFA Burmese

ဒီမိုကရေစီကရေစီအတွက် စိတ်ဓာတ်တော်လှန်ရေးလုပ်ရန် ဒေါ်စုတိုက်တွန်း



၂၀၁၄ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ကျင်းပသော စာပေအနုပညာရှင်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟိန်းထက်

၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် အရေးတော်ပုံကို ဒီမိုကရေစီတော်လှန်ရေးဟု သတ်မှတ်ကြသော်လည်း တကယ့် ဒီမိုကရေစီစနစ်ကို ရရှိရန်အတွက် စိတ်ဓာတ်တော်လှန်ရေးလုပ်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်သည့် တတ်သိပညာရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်က “၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကို တချို့က ဒီမိုကရေစီတော်လှန်ရေးလို့ ခေါ်ကြတယ်။ အဲဒီတုန်းကတည်းက ကျွန်မပြောပါတယ်၊ တကယ့်တော်လှန်ရေးဆိုတာ စိတ်ဓာတ် တော်လှန်ရေးပဲလို့။ ဒီလို စိတ်ဓာတ်ကို တော်လှန်မှ၊ စိတ်ဓာတ်ကို ပြောင်းလိုက်မှ တကယ့်တော်လှန်ရေးဖြစ်မယ်လို့ ပြောခဲ့ပါတယ်”ဟု အဖွင့်စကားတွင် ပြောသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးစနစ်တစ်ခုကို ပြောင်းလဲလိုက်ယုံဖြင့် မရနိုင်ဘဲ ယဉ်ကျေးမှုတစ်ခုအဖြစ် ထူထောင်မှသာလျှင် အောင်မြင်မည်ဟုလည်းဆိုသည်။ ထိုသို့ထူထောင်ရန် စာပေနှင့် အနုပညာရှင်များ၏ အခန်းကဏ္ဍမှာအရေးကြီးကြောင်း ပြောကြားသည်။

အပြောင်းအလဲများ အောင်မြင်မှုရရှိရန် အားလုံးတွင် တာဝန်ရှိသည်ဟု ပြောသည်။

ထို့နောက် စာရေးဆရာ ဆရာဖေမြင့်က ပုံနှိပ်ထုတ်ဝေဥပဒေနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း NLD ပါတီ၏ ရပ်တည်ချက်ကို မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က “သတင်းလွတ်လပ်ခွင့် ဘယ်လောက်အရေးကြီးတယ်ဆိုတာလည်း ကျွန်မသဘောတူပါတယ်။ ပုံနှိပ်ထုတ်ဝေမှု ဥပဒေမှာ NLD က လုပ်သင့်သလောက် မလုပ်သွားဘူးဆိုတာ မျှမျှတတဖြစ်အောင် စာနယ်ဇင်းဘက်ကလည်း ကျွန်မတို့ ဘက်ကို မညှိပါဘူးလို့ ကျွန်မ ထုတ်ပြောပါရစေ။ ဒီဥပဒေကို မကန့်ကွက်ရတဲ့အကြောင်းက စာပေသမားများနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးပြီ။ သဘောတူပြီးလို့ တင်တာပါလို့ ကျွန်မဒီလိုနားလည်ခဲ့လို့ပါ။ အားလုံးက သဘောတူပြီးဆိုရင် ကျွန်မတို့ကလည်း ကန့်ကွက်စရာ မရှိဘူးလို့ ဒီလိုမြင်ခဲ့လို့ပါ” ဟု ပြန်လည်ဖြေကြားသည်။

ထို့ကြောင့် စာပေပညာရှင်များနှင့် အတိုက်အခံများကြား ယခုထက် ပိုမိုထိတွေ့ရန် လိုအပ်ကြောင်းကိုလည်း ပြောကြားသည်။ ထို့နောက် ဦးဝင်းထိန်၊ ဦးမိုးသူတို့နှင့်တိုင်ပင်ကာ စာပေပညာရှင်များနှင့် ပိုမိုထိတွေ့ရန် စီစဉ်မည့်အကြောင်းကိုလည်း ပြောကြားသည်။

ထို့အပြင် ပြည်သူများ ပိုမိုစဉ်းစားချင့်ချိန်နိုင်ရေးအတွက် စာပေပညာရှင်များက ကူညီဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀မရသေးသော်လည်း အချို့နိုင်ငံများမှာ ဒီမိုကရေစီအပြည့်အ၀ရနေပြီဟု ထင်မြင်နေကြသောကြောင့် စာပေပညာရှင်များက အခြေအနေ အမှန်အတိုင်း သိရှိစေရေးအတွက် ရေးသားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထိုသို့ တွေ့ဆုံခဲ့သည့်အပေါ်တွင် စာရေးဆရာမ ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ)က “မြန်မာပြည် ဒီကနေ့ဖြစ်နေတာတွေက အရေးပါတဲ့ ကိစ္စရော၊ အရေးမပါတဲ့ ကိစ္စရော ရှုပ်ရှက်ခတ်နေပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ အင်မတန်အရေးကြီးတဲ့ ကာလပါ။ ဒါကြောင့် ဒီရှုပ်နေတဲ့ ကိစ္စတွေကို စာရေးဆရာတွေ၊ ကာတွန်းဆရာတွေက တစ်နိုင်တစ်ပိုင်ရှင်းနေတာ တွေ့ရပါတယ်။ ၄၃၆ လို့ဆိုတာနဲ့ မန္တလေးကိစ္စဖြစ်လာတယ်၊ ပီအာလ်ဆိုတာနဲ့ ခေါင်းလောင်းကြီးကို ဆယ်လိုက်ကြတာမျိုးတွေ လုပ်နေတာကို တွေ့ရပါတယ်။ ဒါမျိုးကိစ္စတွေကို ပြည်သူကြားမှာ ဝေေ၀၀ါးဝါး မဖြစ်စေရအောင် သတိထားပေးဖို့ စာပေနဲ့ အနုပညာရှင်တွေကို မေတ္တာရပ်ခံချင်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

ထိုပွဲသို့ စာပေပညာရှင် ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရွေ့လျားစာကြည့်တိုက်အတွက် စာအုပ်များကိုလည်း ပေးလှူသည်။
Mizzima