Showing posts with label အသိပညာ. Show all posts
Showing posts with label အသိပညာ. Show all posts

မိန်းကလေးဆိုသည်မှာ -


(၁) မနက်မိုးလင်းရင် သွားပွတ်တံလေး ကိုက်ပြီး အိမ်ထဲလျှောက် သွားချင်သူ


(၂) ရှန်ပူဘူးပေါ်က စာလေးတွေ လိုက်ဖတ်တတ်သူ

(၃) တွေးမိတဲ့ဟာသကို သူများကိုမပြောပြခင် အခေါက်ခေါက်တွေးလိုက်ရီလိုက် လုပ်တတ်သူ

(၄) စာတစ်ပိုဒ်ကို နားမလည်ပဲလည်း ၁၀ခေါက်မက ဖတ်တတ်သူ

(၅) "ဆွဲပါ" ဆိုတဲ့ စာကို တံခါးပေါ်မှာ တွေ့တာတောင် တွန်းဝင် တတ်သူ

(၆) တစ်ခုခုကို လုံးဝနားမလည်ရင် ငြိမ်နေပြီးတော့ နားလည်ရင် "ဘာ" လို့ ပြန်မေးတတ်သူ

(၇) လေတိုက်လို့ ဆံပင်တွေရှုပ်ကုန်ရင် မကြိုက်တတ်သူ

(၈) ရေခဲသေတ္တာထဲက ဘာမှ မထုတ်ပဲနဲ့လဲ ဆယ်ကြိမ်မက အဖွင့် အပိတ် လုပ်တတ်သူ

(၉) ဖုန်းပျောက်လို့ ကိုယ့်ဖုန်းကိုကိုယ် နောက်တစ်လုံးကနေ ခဏခဏ ပြန်ခေါ်တတ်သူ

(၁၀) လက်ပတ်နာရီပတ်ထားပေမယ့် ဖုန်းက အချိန်ကိုပဲ ကြည့်တတ်သူ

(၁၁) ခေါင်းအုံးပူလာရင် အေးတဲ့ဘက် လှန်ပြီး အုံးတတ်သူ

(၁၂) ညအိပ်ရာဝင်နောက်ကျရင် ဘယ်လောက်ပဲ အိပ်ချိန်ကျန်တယ် ဆိုတာ တွေးပူတတ်သူ

(၁၃) ဒီစာကိုဖတ်ပြီးပြုံးတတ်သူ

(၁၄) မိန်းကလေးဖြစ်ရတာဂုဏ်ယူသူ

original: AjitJohnson

ရှေ့ဖြစ်ဟောကိန်းထုတ်သူတွေ၊ ဗေဒင်ဆရာတွေဆီ ဘာ့ကြောင့် မသွားသင့်သလဲဆိုတဲ့ အကြောင်းပြချက် (၅) မျိုး




လူတော်တော်များများဟာ သူတို့ရဲ့အနာဂတ်မှာ ဘာတွေဖြစ်မလဲ၊ ကြုံတွေ့ရမလဲဆိုတာကို ကြိုသိနေချင်တတ်ကြပါတယ်။ တစ်ချို့ကျတော့လည်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဗေဒင်ဆရာတွေဆီက အကြံဥာဏ်ကောင်းတွေ လိုချင်တတ်ကြပါတယ်။ ဒါပေမယ့် ခုလို သွားလိုက်လို့ ပြသနာတွေ ဖြေရှင်းနိုင်ကြမှာလား၊ ဒါမှမဟုတ် ရှေ့မှာဖြစ်လာမယ့်၊ ကြုံတွေ့မယ့်အရာတွေကို သိတော့ရော ဘယ်လိုအကျိုးကျေးဇူးတွေ ကြုံရမှာလဲဆိုတဲ့ မေးခွန်းတွေထပ်ပေါ်လာပါတယ်။ တစ်ခါတစ်လေ ဗေဒင်က ဟောလိုက်တော့မှ မသိချင်တာတွေ ကြိုသိရ၊ အဲ့ဒီမှာ စိတ်ဆင်းရဲပြီး မကြုံရသေးတဲ့အရာကို ကြိုတွေးပူနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီစတိုရီဟာ ဗေဒင်ဆရာတွေ မကောင်းကြောင်း ပြောတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေယ့် ဗေဒင်ဆရာဆီသွားမှာမျိုးထက် ကိုယ့်ရဲ့စိတ်ကို ခိုင်မာအောင် ကြိုးစားပြီး အနာဂတ်မှာ ကြုံတွေ့လာမယ့်အရာတွေကို ရင်ဆိုင်တာ ပိုကောင်းတယ်ဆိုတာ ထောက်ပြပေးသွားမှာပါ။

၁။သူတို့ဟာ သင့်ရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ သိကြပါတယ်။ ပြောနိုင်ကြပါတယ်။ ဒါဟာ သင့်အတွက် ကောင်းကျိုးထက်၊ ဆိုးကျိုးတွေ ပိုဖြစ်ပေါ်စေနိုင်တယ်။

လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်နိုင်ရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်းကို အရောက်လှမ်းနိုင်ပါတယ်။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ ဗေဒင်ဆရာတွေဟာ သူတို့ဆီလာတဲ့လူတွေရဲ့ မသိစိတ်ထဲ၊ သိစိတ်ထဲဘာတွေဖြစ်နေသလဲဆိုတာ သိကြပါတယ်။ ခန့်မှန်းနိုင်ကြပါတယ်။ တကယ်လို့များ သူတို့က သင့်ရှေ့ရေးနဲ့ ပတ်သက်ပြီး ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် တစ်ခုခုဟောလိုက်ပြီဆိုတာနဲ့ သင်ဟာ အဲ့ဒီအကြောင်းကို တစ်ချိန်လုံးတွေးမိနေပါလိမ့်မယ်။ တစ်ခါတစ်လေ အဲ့ဒီလိုမဖြစ်ဖြစ်အောင်ကို လိုက်လံဆောင်ရွက်နေမိပါလိမ့်မယ်။ ဗေဒင်ဆရာကောင်းတွေကတော့ သင်ကြုံတွေ့ရမယ့် ဆိုးဆိုးဝါးဝါးအရာတွေကို ပြောမပြတတ်ပါဘူး။ ချန်ထားပြီး တခြားကိစ္စရပ်တွေကိုသာ ပြောသွားပါလိမ့်မယ်။ ဒါပေမယ့် တစ်ချို့သော ဗေဒင်ဆရာတွေကတော့ သင့်ဘ၀နဲ့ပတ်သက်ပြီး ဆိုးရွားတဲ့အရာတွေကိုသာ အဓိကထား ပြောသွားတတ်ပါတယ်။ အဲ့ဒီလို ပြောလိုက်လို့ သင်က သိပ်စိတ်ဆင်းရဲသွားပြီဆိုရင် စိတ်ထာင်းကိုယ်ကြေဆိုသလို ကျန်းမာရေးချို့ယွင်းတာတွေ ကြုံလာနိုင်မယ်။ ဒါ့အပြင် သင်အရင်က လုပ်နိုင်တယ်လို့ ထင်ထားတဲ့အရာတွေကိုတောင် မလုပ်ချင်မကိုင်ချင် အလျှော့ပေးချင် ဖြစ်သွားမယ်ဆိုတာ မမေ့ပါနဲ့။

၂။ဗေဒင်မေးတယ်ဆိုတာ စွမ်းဆောင်အား မရှိတဲ့လူ၊ ကျရှုံးသူတွရဲ့ ရွေးချယ်မှုပါ။

ဘ၀မှာ အောင်မြင်ပျော်ရွှင်နေသေူတွေဟာ ဘယ်တော့မှ ဗေဒင်ဆရာဆီ မသွားတတ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်ရှိပါတယ်။ သူတို့ဘယ်လိုကြိုးစားရင် ဘယ်ကိုရောက်မယ်ဆိုတာကိုလည်း အတိအကျ သိနေကြလို့ပါပဲ။ စိတ်ပျော့တဲ့သူတွေကသာ တဲရော့ဒ်ပညာရှင်တွေဆီသွား၊ ဗေဒင်ဆရာတွေဆီသွားပြီး ရှေ့ရေးက ဘာဖြစ်မလဲ ဆိုတာ မေးချင် သိချင်ကြပါတယ်တဲ့။ ဗေဒင်ဆရာတော်တော်များများဟာ လာမေးတဲ့လူတွေရဲ့ စိတ်ခံစားချက် ဘာတွေဖြစ်နေမယ်ဆိုတာ ခံစားသိနေနိုင်တဲ့ စွမ်းရည်ရှိနေကြပါတယ်။ ဒါ့အပြင် လာမေးတဲ့သူတွေနဲ့ စကားပြောဆိုမှုလုပ်တဲ့အခါ သူတို့ကသာ ဦးဆောင်ထိန်းချုပ်ထားတတ်ကြပါတယ်။ ဒါကလည်း တစ်ဖက်လူက စိတ်ပျော့ညံ့တဲ့သူ၊ ယုံလွယ်တဲ့သူဖြစ်နေလို့ပါ။

၃။သိထားတာက နည်းလေလေ၊ ညဘက်တွေနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လေလေပါပဲ။

ဗေဒင်ဆရာက သင့်ရဲ့ရှေ့ရေးအကြောင်း တော်တော်များများ ပြောပြလိုက်ပြီဆိုရင် သေချာတာကတော့ သင်ဒါတွေကို ကြိုတွေးတော့မယ်၊ ကြိုပူတော့မယ်။ အခက်အခဲတွေ ကြုံရမယ်ဆိုတာ ကြိုသိထားရင် မကြုံခင်ကတည်းက ငါအဲ့ဒီအချိန်ကျရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကြိုစိတ်ပူနေပါလိမ့်မယ်။ စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရ တစ်ခါတစ်လေ ရှေ့ရေးအကြောင်း ကြိုသိ၊ ကြိုပူနေခြင်းဟာ သင့်စိတ်ကို အနာတရတောင် ဖြစ်စေပါတယ်တဲ့။ ဒါ့အပြင် သင်ကိုယ်တိုင်က မကောင်းတဲ့အရာတွေ ဖြစ်မှာပဲလို့ စိတ်ရောက်သွားရင် အကျိုးဆက်ဟာ ဘယ်တော့မှ မကောင်းတတ်ဘူးလို့ ဆိုထားကြပါတယ်။ အကြောက်တရားကြီးစိုးနေတဲ့ စိတ်ဟာ အမှန်တရားကိုတောင် မြင်ဖို့ ခက်ခဲသွားတတ်ကြပါတယ်။

၎။သင်ဟာ သင့်ကြံမ္မာကို ဖန်တီးတဲ့သူဆိုတာ မမေ့ပါနဲ့။

တကယ်တော့ လူတိုင်းဟာ သူတို့စိတ်ကို သူတို့ခိုင်းစေလို့ရသလို သူတို့ရဲ့ကံကြံမ္မာကိုလည်း သူတို့ကသာ ဖန်တီးနိုင်တာပါ။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာကလည်း ကိုယ်ခု ဘာတွေလုပ်နေသလဲ၊ ဘယ်လိုကြိုးစားရပ်တည်နေသလဲဆိုတာပေါ် မူတည်ပါတယ်။ မိနစ်တိုင်း၊ နေ့ရက်တိုင်းဟာ သင့်ကို ပြောင်းလဲမှုတွေ ယူဆောင်လာပေးနေပါတယ်။ ဒါကို မေ့ထားလို့ မရပါဘူး။ ကိုယ့်စိတ်တွေ ရှုပ်ထွေးသွားနိုင်တဲ့ ဗေဒင်ဆရာဆီသွားမယ့်အစား ခုဖြစ်ချင်တဲ့အရာတွေအတွက် အချိန်ပေးပိုကြိုးစားတာ အကောင်းဆုံးပါ။

၅။ဗေဒင်မေးခြင်းဟာ သင့်ရဲ့ အချစ်ရေးကိုတောင် ပျက်စီးသွားစေနိုင်ပါတယ်။

တစ်ခါတစ်လေ ဗေဒင်ဆရာက ဒီလူက သင့်ရဲ့နေ့နံနဲ့ မကိုက်ညီဘူးဆိုလို့ ကိုယ်တကယ်ချစ်ရတဲ့သူကို လမ်းခွဲလိုက်တာ၊ သင့်ရဲ့ဖူးစာရှင်က ပေါ်မလာသေးဘူးဆိုလို့ သင့်လက်ရှိတွဲနေတဲ့ ကောင်မလေးကို ဖြတ်ပစ်လိုက်တာမျိုးတွေဟာ တကယ်တော့ အူကြောင်ကြောင်နိုင်လွန်းတဲ့ လုပ်ရပ်တွေပါ။ သင်တကယ် ခံစားရတာ၊ ကြုံလာရတာမျိုး၊ သံသယဖြစ်ရတာမျိုး စတဲ့ ခံစားချက်တွေ ဘာမှမရှိပဲ ဗေဒင်ဆရာရဲ့စကားအရ ချစ်သူကို ဖြတ်ပစ်တာ၊ မောင်နှမတွေ စကားမပြောတော့တာ၊ အလုပ်ခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရောမ၀င်တော့တာတွေဟာ တကယ် ကောင်းကျိုးတွေ ရနိုင်ပါ့မလားဆိုတာ သေချာစဉ်းစားကြည့်ဖို့တော့ လိုပါတယ်။
TrendMyanmar

တော်သလင်းလပြည့်နေ့ (သို့) ဂရုဓမ္မအခါတော်နေ့


မြန်မာတို့ရဲ့ လ ၁၂လကို ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များနဲ့ ထူးခြားစွာ သတ်မှတ်ထားကြရာမှာ တော်သလင်းလရဲ့ လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ချက်ဟာလည်း တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် တော်သလင်းလပြည့်နေ့ ဖြစ်တဲ့ ဒီနေ့ကို ဘာသာရေးဆိုင်ရာ နေ့အဖြစ် ဂရုဓမ္မ အခါတော်နေ့လို့ ပြောဆိုသုံးနှုန်းကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေထဲက ကုရုဓမ္မဇာတကကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။

မူရင်းစကားမှာ ကုရုဓမ္မဖြစ်ပြီး နောက်ပိုင်းဝေါဟာရ အပြောင်းအလဲတစ်ခု အနေနဲ့ ဂရုဓမ္မလို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အဋ္ဌကထာများမှာတော့ ကုရုတိုင်းသားတို့ ကျင့်သုံးတဲ့ တရားဖြစ်တဲ့အတွက် ကုရုဓမ္မလို့ ဆိုခြင်းဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီကုရုဓမ္မခေါ် ဂရုဓမ္မဆိုတာ ပဉ္စသီလ ခေါ် ငါးပါးသီလကို ဆိုခြင်းပဲ ဖြစ်ပါတယ်။ အတိတ်ဘ၀တစ်ခုမှာ ဘုရားလောင်းဟာ ဣန္ဒပတ္တနဂိုရ်ပြည်ရဲ့ ကောရဗျဘုရင်အဖြစ် အုပ်ချုပ်စဉ်အခါက တိုင်းပြည်တစ်ပြည်လုံးကို ငါးပါးသီလစောင့်ထိန်းဖို့ ညွှန်ကြားပြီး သီလတရားနဲ့ ပြည့်စုံစေပါတယ်။

တစ်တိုင်းပြည်လုံး ပဉ္စသီလကို လုံခြုံအောင် စောင့်ထိန်းကြတဲ့အတွက် အဲဒီတိုင်းပြည်မှာ မိုးလေ၀သ မှန်ကန်ပြီး ကောက်ပဲသီးနှံနဲ့ ဆန်ရေစပါး ပေါများကာ တိုင်းသူပြည်သားတွေဟာ အေးအေးချမ်းချမ်း ငြိမ်းချမ်းတည်ငြိမ်တဲ့အပြင် သီလလုံခြုံကြတဲ့အတွက် အသက်ရှည်ပြီး ရောဂါဘယများလည်း ကင်းဝေးကြပါတယ်။

အဲဒီအချိန်မှာ တစ်ဘက်မှာရှိတဲ့ ကာလိင်္ဂမင်း အုပ်ချုပ်တဲ့ ဒန္တပူရပြည်မှာတော့ မိုးခေါင်ရေရှားဖြစ်ကာ ဆန်ရေစပါးရှားပါပြီး တိုင်းသူပြည်သားတွေဟာလည်း ဒုက္ခအမျိုးမျိုး ကြုံနေရပါတယ်။

ဒီတော့ ကလိင်္ဂမင်းဟာ ကောရဗျမင်းရဲ့ တိုင်းပြည်အခြေအနေကို စုံစမ်းပြီး ကောရဗျမင်း ကျင့်သုံးတဲ့ ကုရုဓမ္မကို လိုက်နာကျင့်သုံးစေကာ မိမိတိုင်းသူပြည်သားတွေကိုလည်း သီလနဲ့ ပြည့်စုံစေပါတယ်။

ဒီလို ကုရုဓမ္မကို ကျင့်သုံးတဲ့အတွက် ကလိင်္ဂမင်းရဲ့ တိုင်းပြည်မှာလည်း မိုးလေ၀သမှန်ကန်ကာ တိုင်းပြည်လည်း ငြိမ်းချမ်းသာယာ လာခဲ့ပါတယ်။ ဒါဟာ ကရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံစောင့်ထိန်းစေလို့ပဲ ဖြစ်ပါတယ်။ ဒါက ကုရုဓမ္မဇာတ်တော်ရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်ကို အကြောင်းပြုပြီး မြန်မာဗုဒ္ဓဘာသာများဟာလည်း ဆန်ရေစပါး စိုက်ပျိုးရာဖြစ်တဲ့ မိုးရာသီရဲ့ တော်သလင်းလမှာ မိုးလေ၀သ မှန်ကန်စေဖို့နဲ့ ဗုဒ္ဓဘာသာတွေ အနေနဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို အလေးထားပြီး စောင့်ထိန်းစေဖို့ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ အဖြစ် နေ့ထူးနေ့မြတ်တစ်ခု သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက အရေးကြီးဆုံး တရားက ဂရုဓမ္မ တရားပဲ ဖြစ်ပါတယ်။ ငါးပါးသီလရဲ့ အစွမ်းထက်မြက်မှုပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အနည်းဆုံး သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တာ၊ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုများမှ ရှောင်ကြဉ်တာ၊ လိမ်ညာပြောဆိုတာတွေမှ ရှောင်ကြဉ်တာ၊

အရက်သေစာ မူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာတွေမှ ရှောင်ကြဉ်တာတွေကို ပျောက်ပြက်မှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြမယ်ဆိုရင် တစ်ဦးချင်းရဲ့ စိတ်အစဉ်မှာ ငြိမ်းချမ်းနေပြီး အချင်းချင်း နှိပ်စက်ခြင်းတွေ ကင်းနေကြမှာ ဖြစ်ပါတယ်။

တစ်ခုချင်းရဲ့ စိတ်အစဉ်မှာ သီလတွေနဲ့ ထိန်းသိမ်းလို့ ငြိမ်းနေကြမယ်ဆိုရင် အဲဒီနိုင်ငံ၊ အဲဒီလူမျိုးတွေကို စောင့်ရှောက်ကြတဲ့ နတ်ဒေ၀တာတွေဟာလည်း စောင့်ရှောက်မှု အားကောင်းပြီး အဆိုးတွေမဖြစ်အောင် မစကြမှာဖြစ်ပါတယ်။

သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များရဲ့ အစောင့်အရှောက်ကို ခံကြရတဲ့ တိုင်းပြည်ဟာ မိုးလေ၀သ ရာသီဥတုမှအစ ကောင်းမွန်မှန်ကန်ပြီး ရာသီဥတု မှန်တဲ့အတွက် စိုက်ပျိုးရတဲ့ သီးနှံစပါးဟာလည်း ဖွံ့ဖြိုးတိုးတက်ကာ စားဝတ်နေရေးမှ အစ အစစအရာရာ ငြိမ်းချမ်းသာယာ နေကြမှာ ဖြစ်ပါတယ်။

ဒါဟာ အခြေခံဖြစ်တဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းနေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောရှိတဲ့အတွက် အကြောင်းကောင်းရင် အကျိုးလည်းကောင်းမှာဖြစ်လို့ အကျိုးပေးကောင်းချင်သူတွေ အနေနဲ့ အကြောင်းကောင်းအောင် လုပ်ကြဖို့နဲ့ တစ်ဦးချင်းရဲ့ အကြောင်းတွေ ကောင်းနေရင် တစ်ဦးချင်းရဲ့ အကျိုးလည်းကောင်းနေပြီး အကြောင်းကောင်းသူ တစ်ဦးချင်း ပေါင်းထားတဲ့ အများဟာလည်း အကျိုးကောင်းတဲ့ အစုအဖွဲ့ ဖြစ်လာမှာဖြစ်ကာ အစုအဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ တိုးတက်ဝပြောနေမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

အကြောင်းကောင်းဆိုတဲ့ ဂရုဓမ္မလို တရားများကို ကြိုးစားကျင့်ကြံနေထိုင်ခြင်းဖြင့် အကျိုးကောင်းအောင် အားထုတ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။ ဂရုဓမ္မခေါ် ငါးပါးသီလကို အခြေခံ အဆင့်အနေနဲ့ တည်တံ့အောင် ကြိုးစားပြီး အမြတ်ဆုံးပန်းတိုင်ကို လှမ်းကိုင်နိုင်အောင် အားထုတ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အကျင့်တရားတွေ အားနည်းပြီး သီလတရားတွေ လျော့ရဲလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ အများမိုးခါးရေ သောက်လို့ ကိုယ်လည်းလိုက်သောက်တဲ့ ပုံစံမျိုး မဖြစ်စေကြဘဲ အများမလုပ်နိုင်တဲ့ အလုပ်ကို တစ်ဦးချင်း အရင်ကြိုးစား လုပ်ကိုင်ရင်း အများအားဖြစ်လာအောင် အားထုတ်တဲ့အနေနဲ့ လူပဲဖြစ်ဖြစ်၊ ရဟန်းပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အခြေခံအဆင့် သီလများကို လုံခြုံအောင် စောင့်ထိန်းကြဖို့၊

လူတွေအနေနဲ့ တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မ တရားတွေ ထွန်းကားလာအောင် နေ့စဉ်စောင့်ထိန်းရမယ့် ငါးပါးသီလကို လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားကြဖို့၊ ဒီလို တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မတွေ ထွန်းကားလာမယ်ဆိုရင် အဲဒီသူ၊ အဲဒီမိသားစု၊ အဲဒီလူမျိုး၊ အဲဒီတိုင်းပြည်ဟာ အမှန်တကယ် ငြိမ်းချမ်းသာယာ ၀ပြောလာမှာ ဖြစ်လို့ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဒီဂရုဓမ္မကိုတော့ အတတ်နိုင်ဆုံး လုံခြုံကြစေဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။

သေချာတာကတော့ ဂရုဓမ္မတရားတွေ များများထွန်းကားလေ ကမ္ဘာလောကကြီး ငြိမ်းချမ်းလေ ဖြစ်မယ်ဆိုတာ အသေအချာပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း ဂရုဓမ္မအခါတော်နေ့ရဲ့ ထူးခြားမှုတစ်ခုအဖြစ် အသိပေးတင်ပြရင်း ဗုဒ္ဓဘာသာတွေအတွက် အနည်းဆုံး အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံခြုံအောင် ကျင့်သုံးကြဖို့ စေတနာစကား
မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

တဆင့် ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ

(ဗဟုသုတတိုးပွားပြီး ကုသိုလ်တရား ပွားများနိုင်ကြ
ပါစေခင်ဗျာ)

( ဤ Post ကို အများသူငါ ဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်
အတွက် ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်ယူ
နိုင်ကြပါသည်ခင်ဗျာ)

အမျိုးသမီးများ အိမ်ထောင်မပြုခင် ဒါလေးတွေတော့သိထားပါ…




ဒီလောက်ပြောနေတဲ့ကြားက အမျိုးသမီးများအနေနဲ့ အိမ်ထောင်ပြုမယ်များ ကြံရင်အောက်ပါ အမှန်တရားများကို လက်ကိုင်ထားကြစေချင်ပါတယ်…

(၁) အိမ်ထောင်ပြုလိုက်လို့ တစ်ကိုယ်ရေ နေရတဲ့ဘဝထက် ထူးပြီးစိတ်ချမ်းသာလာရမှာ မဟုတ်ဘူး။ သည်အချက်ဟာ နိဒါန်းမှာ ဖော်ပြခဲ့တဲ့သတင်းဆောင်းပါးပါ သိပ္ပံနည်းကျ သုတေသနအရ ထင်ရှားနေပါတယ်။

(၂) ယောကျာ်းတွေဟာ မရခင် ဖျာလိုလိပ်၊ ထိပ်ပေါ်တင်တတ်၊ ရပြီးရင်ဖျာလိုခင်းပြီး တက်နင်းတတ်တယ်။ သည်အချက်ကို မယုံရင် ကိုယ့်အမေ၊ကိုယ့်အဒေါ်အပါအဝင် အိမ်ထောင်သက် ကြာရှည်နေတဲ့ အိမ်ထောင်ရှင်များဆီက
သက်သေခံထွက်ချက်တွေ တောင်းကြည့်နိုင်ကြပါတယ်။

(၃) ယောကျာ်းတွေရဲ့ အိမ်ထောင်ရေးသစ္စာကို ဘယ်၊ ဘယ်သောအခါမှမယုံစားထိုက်ဘူး။ ခန္ဓာဗေဒသဘော၊ စိတ်ပညာအရ လူသတ္တဝါတွေမှာ ဖြစ်ပေါ်မြဲတပ်မက်စိတ်နဲ့ ရမ္မက်ဇော သဘောတွေမှာ ကျားနဲ့ မတို့ဟာ ဖြောင့်ဖြောင့်ကြီး
ဆန့်ကျင် ခြားနားလှတာမို့ အမျိုးသမီးများအနေနဲ့ ဘယ်လိုမှ နားလည်လို့မရနိုင်လောက်တဲ့ ပွေလီမှုအစုံဟာ ကျွန်တော်တို့ ယောက်ျားတွေကိုထုံမွှမ်းထားပါတယ်။ ခြွင်းချက်အနေနဲ့ ရဟန်းတော်များ၊ လိင်တူချင်းစုံမက်သူများသာ ရှိပါတယ်ခင်ဗျား။ ဘယ်သူကဖြင့် ဘယ်လို တည်ကြည်တာလို့ပတ်ဝန်းကျင်က မြင်မြင်ကရာကို အထင်တော် မကြီးလိုက်ကြပါနဲ့ဦး။တည့်တည့်ပြောပါရစေ။ နားရွက်နဲ့မနာ၊ ခြေထောက်နဲ့သာ နာတော်မူကြပါ။ ဟုတ်ကဲ့…
အခကြေးငွေ ပေးရတဲ့ အပျော်အဖော်ဆီသွားတယ်ဆိုတာ အမြန်ဆုံး ၁၅မိနစ်၊အကြာဆုံးမှ နှစ်နာရီပါ။ တချို့ကျပြန်တော့လည်း ညီအစ်ကိုရင်းချင်းတောင်လူလုံး မကွဲလောက်တဲ့ အကာလ ညအခါများမှာ တစ်ခါတလေ ကြတာပါ။ အဲဒါကိုပဲ၊
အိမ်ပြန်ရောက်တဲ့အခါ “အမေကြီးရေ… အဖေကြီးတော့ အပျော်အဖော်ဆီကပြန်လာတယ်ဟေ့”လို့ ဘယ်သူမှ ထုတ်မပြောပါဘူးခင်ဗျား။ သူ အဲသလို သွားလာနေတာကို ဘယ်သူကမှလည်း တော်တော်တန်တန် သိလိုက်မှာ မဟုတ်၊ ရိပ်မိလိုက်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူကဖြင့် ဘယ်လို တည်တံ့တာဆိုတဲ့စကားမျိုးနဲ့ဟုတ်နိုးနိုး မအောက်မေ့ကြပါနဲ့။ စာတစ်အုပ် ကောင်းမကောင်းကိုစာအုပ်အဖုံးနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတဲ့ သိုးဆောင်းဆိုရိုးကိုမမေ့ကြစေချင်ဘူး။

(၄) အိမ်ထောင်ပြုလိုက်တာနဲ့ မိန်းမသားတွေဟာ ဝန်ထုပ်ဝန်ပိုးစုံကိုလွယ်ရပါတော့မယ်။ လင့်တာဝန်၊ သားသမီးတာဝန်တွေ ထမ်းရတော့မှာကို ဆိုလိုတာပါ။ယောက်ျားတွေလည်း ထမ်းရတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က ဝင်ငွေကောင်းကောင်း ရှာပေးနိုင်ပြီဆိုရင် ကျန်တာတွေ ပေယျာလကန် ထားလို့ရပါတယ်။ အမျိုးသမီးမှာတော့ ကိုယ်ဝန်စတင်ဆောင်ကတည်းက ကာယိကဒုက္ခ စတင်ခံစားရပြီ။ သည်ကမှ ဆက်တိုက်ထမ်းရမယ့်ဝန်ဟာ အမယ်မင်း… အစုံ ခင်ဗျ၊ အစုံ၊အစုံ။

(၅) ယောက်ျားသားများရဲ့ ဝင်စားမှုဟာ အိမ်ထဲမှာ အလွန်ရှိခဲတယ်။ ဘောလုံးပွဲ၊ဂေါက်ကွင်း၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကျားဝိုင်း၊ ဘိလိယက်ဝိုင်း စတဲ့နေရာတွေမှာ ဘယ်သူတွေ နေရာ အယူဆုံးလဲဆိုတဲ့အချက်နဲ့တင် သည်အချက်ကလည်းဒက်ထိဖြစ်နေပါပြီ။ အားအား ရှိ၊ အိမ်က မိန်းမနား ကပ်နေတဲ့ ယောကျာ်းဆိုတာမပဋာ ရှာမတွေ့ခဲ့တဲ့ မုံညင်းဆီလောက်နီးနီး ရှားလှပါတယ်။ အဲ…ခြွင်းချက်တော့ ရှိသပေါ့။ အိုလာတဲ့အခါ၊ နာလာတဲ့အခါ၊
မစွမ်းတော့တဲ့အခါကျရင်တော့ အိမ်က ကြက်နာမကြီးနားမှာ တဖဝါး မခွာရှိတတ်တယ်။ မအို မနာသေးဘဲ စွမ်းနေသမျှတော့လား၊ အိမ်စောင့်နတ်နဲ့ရန်ဖြစ်ထားတဲ့အတိုင်းပဲ၊ ယမယ်မျိုးစုံ ရှာပြီး အိမ်ကခွာဖို့စဉ်းစားနေတတ်ကြတာ တစ်ရာမှာ ၉၅ယောက် အထက်ပါပဲ။ ဒါ အလေးခိုးပြီး ပြောတာ။လျှော့ပြောရင်တော့ ၆၀%ရဲ့အထက်မှာ ရှိနေတာတော့ အသေအချာပါပဲ။

ဘယ်လိုအမျိုးသမီးတွေ အိမ်ထောင်ပြုသင့်သလဲ?
ကိုယ်စွမ်းကိုယ်စ မရှိတဲ့ အမျိုးသမီးများဟာ အိမ်ထောင်ပြုသင့်တဲ့အမျိုးသမီးစာရင်းမှာ ထိပ်ဆုံးက ပါပါတယ်။ မိမိဘဝရပ်တည်မှုအတွက်၊နေသာဖို့အတွက် အိမ်ထောင်ပြုတာပဲပေါ့။

ဒုတိယအမျိုးအစားကတော့ လူရည် အင်မတန်လည်တဲ့၊ ပါးနပ်တဲ့ အမျိုးသမီးတွေအိမ်ထောင်ပြုသင့်ပါတယ်။ တစ်နည်းအားဖြင့် ယောက်ျားကျမ်း ကျေညက်သူတွေ အိမ်ထောင်ပြုတာကို ဩဘာပေးထိုက်ပါတယ်။ ယောက်ျားတွေရဲ့ ကောင်းကွက်တွေကိုသိသလို ညံ့ကွက်တွေကိုလည်း ကောင်းကောင်းကြီး သိနေပြီး ကောင်းကွက်တွေကိုအသုံးချ၊ ညံ့ကွက်တွေနဲ့ အညှာကိုင်တတ်မယ်ဆိုရင် အောက်သွားမပါတဲ့နွားပြာကြီးများ မွေးနိုင်ကြပါလိမ့်မယ်။ ဒါပေမယ့် အဲသလိုအရည်အချင်းမျိုးရှိဖို့ကလည်း တော်တော်တန်တန် ပါရမီမျိုးနဲ့ မလွယ်ပါဘူး။သူရို့ မအေတွေ ကိုယ်တိုင်က ကိုယ့်လင်သားကိုအပိုင်ကိုင်ထားပြမှရင်လည်းဖြစ်မယ်၊ သူတို့ကိုယ်တိုင်က ယောကျာ်းတော်တော်များများနဲ့ ရင်းနှီး ကျွမ်းဝင်စွာ နေတတ်ပြီး လှစ်လှစ်လှစ်လှစ်နေအောင် ပါးနပ်မှရင်လည်း ဖြစ်ပါမယ်။

သည်နှစ်မျိုးကလွဲရင် ကျန်တဲ့ အမျိုးသမီးတွေ အိမ်ထောင်ပြုဖို့ ဆိုရင်တော့အနည်းဆုံး ဆယ်ကြိမ်ဆယ်ခါ ပြန်စဉ်းစားစေချင်ပါတယ်။

အိမ်ထောင်မပြုသင့်ဆုံး အမျိုးသမီးတွေကိုယ်စွမ်းကိုယ်စ အပြည့်ရှိတဲ့ အမျိုးသမီးတွေ လုံးလုံး အိမ်ထောင်မပြုသင့်ပါဘူး။ ကိုယ့်ဝမ်းကိုယ် ကောင်းကောင်းကျောင်းနိုင်နေတဲ့အပြင် ပိုပိုလျှံလျှံ သုံးသုံးစွဲစွဲနေနိုင်တဲ့အမျိုးသမီးများ အိမ်ထောင်ပြုတာကို ကျွန်တော်ကတော့ အားကို မပေးချင်ဘူး။အဲသလို အမျိုးသမီးတွေ အိမ်ထောင်ပြုတာဟာ ဒုက္ခရှာတာလို့ချည်းမြင်နေလို့ပါပဲ။ မယုံမရှိပါနဲ့၊ ကျွန်တော့်ရဲ့ အတန်အသင့် ရင့်မာလာတဲ့လူမှုရေးအတိုင်ပင်ခံ သက်တမ်း တစ်လျှောက်မှာရော၊ ဘဝတစ်လျှောက်မှာပါအိုးဒယ်နစ်၊ နစ်နေရှာကြတဲ့ စွမ်းဆောင်ရှင် အမျိုးသမီးတွေ မကြာခဏတွေ့တွေ့နေရပါတယ်။ဒုတိယကတော့ ဘဝမှာ ဘယ်တုန်းကမှ စိတ်ချမ်းချမ်းသာသာ မနေဖူးသူတွေပါ။ ရှိတာ၊မရှိတာနဲ့မဆိုင်ပါဘူး။ ကိုယ့်ဟာလေးနဲ့ကိုယ် စိတ်လက် ချမ်းသာအောင်နေကျင့်ရှိခြင်း/မရှိခြင်းနဲ့ပဲဆိုင်ပါတယ်။ တကယ်လို့များ စာဖတ်သူဟာအခုအချိန်အထိ ဖြတ်သန်းခဲ့သမျှ ဘဝ တစ်လျှောက်မှာ စိတ်ချမ်းချမ်းသာသာသိပ်မနေဖူးခဲ့ရင် အိမ်ထောင်ပြုလိုက်မှ စိတ်ချမ်းသာလာမယ်ဆိုတဲ့အတွေးဟာတက်တက်စင်အောင် လွဲတော့မယ့် စိတ်ကူးဆိုတာ မြင်စေချင်ပါတယ်။

Credit: စိတ်ကူးပျော်ရာ

မလုံခြုံတော့သော ဆိုင်ကယ်မြို့တော် မန္တလေး


မြန်မာနိုင်ငံကြီးတခုလုံးမှာ ဗဟိုချက်မမြို့အဖြစ် တည်ရှိတဲ့မြို့။ နိုင်ငံရဲ့ အအလယ်ခေါင်တည့်တည့်မှာ ရှိလို့ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက် မြို့တွေအသီးသီး လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းကို ဖြစ်ထွန်းတဲ့မြို့။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းနေပြည်တော် အုပ်ချုပ်ခဲ့တဲ့မြို့။ အထက်က အချက်တွေ အားလုံးကတော့ မန္တလေးမြို့ကို ရည်ညွှန်းနေတယ်ဆိုတာ စာဖတ်သူတွေလည်း ရိပ်မိပြီး ဖြစ်လောက်ပါပြီ။

မြန်မာတွေရဲ့ ထီးဟန်နန်းဟန်တွေကို မြင်တွေ့နေရဆဲ ဖြစ်လို့ ယဉ်ကျေးမှုမြို့တော်ဆိုပြီး ခေါ်ဝေါ် သမုတ်ခဲ့ကြတဲ့မြို့။ မြို့သူမြို့သားတွေဟာ အရာရာကို တက်ညီလက်ညီနဲ့ စုပေါင်းစွမ်းရည်ကောင်းတဲ့မြို့ဆိုပြီး ဂုဏ်ဒြပ်တွေ ရှိခဲ့ပါတယ်။

ဒီညွှန်းဆိုချက်တွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဆိုရင်တော့ မှန်ကန်ကောင်းမှန်နိုင်ပေမယ့် ၂၁ ရာစုကို ရောက်တဲ့အချိန်မှာတော့ မန္တလေးမြို့ဟာ အထက်က ဆိုညွှန်းချက်တွေနဲ့ ကိုက်ညီမှု မရှိတော့ပါဘူး။ မန္တလေးမြို့မှာ နေထိုင်ရတာကို လုံခြုံမှု ရှိတယ်လို့လည်း မခံစားကြရတော့ဘူး။

မန္တလေးမြို့မှာ နေထိုင်ရတာ လုံခြုံမှု မရှိဖြစ်စေတဲ့ အဓိကအချက်တွေ အများကြီးရှိပေမယ့် ဆိုင်ကယ်နဲ့ ဆက်စပ်ပြီး မြို့သူမြိသားတွေ ထိတ်လန့်နေကြရတဲ့အချက်တွေကို ထုတ်နုတ် ဖော်ပြသွားပါမယ်။

အရင်က စက်ဘီးမြို့တော်ဆိုပြီး ကျော်ကြားခဲ့တဲ့ မန္တလေးမြို့ဟာ ဒီနေ့အချိန်မှာတော့ ဆို်င်ကယ်မြို့တော်ဆိုပြီး ပြောင်းလဲခေါ်ဝေါ်နေကြတာ အများစုက နှုတ်တောင်ကျိုးနေကြပါပြီ။ မန္တလေးမြို့တမြို့ထဲမှာကို မှတ်ပုံတင်ထားတဲ့ ဆိုင်ကယ်စီးရေပေါင်း ၂ သိန်းကျော်ရှိနေတယ်လို့ သန်းခေါင်စာရင်းမှာ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

ပေါများလာတဲ့ဆိုင်ကယ်တွေနဲ့အတူ မူးယစ်ရမ်းကားကြတဲ့ ဆိုင်ကယ်စီးသူတွေ၊ ခိုးမှုလုယက်မှုတွေကို ဦးတည်နေတဲ့ ဆိုင်ကယ်စီးသူတွေ ပိုမို ပေါများလာနေတယ်။ မန္တလေးမြို့တွင်း မှုခင်းဖြစ်စဉ်အများစုကလည်း ဆိုင်ကယ်တွေနဲ့ ဆက်စပ်မှု ရှိနေတယ်။

ဒီနေ့ခေတ် မန္တလေးမြို့မှာ ခပ်စိပ်စိပ် တွေ့နေရတဲ့ မှုခင်းဖြစ်စဉ်တွေကတော့ ဆိုင်ကယ်ပါဝင်တဲ့ လုယက်တာတွေပါပဲ။ မန္တလေးမြို့ရဲ့ညအချိန်တွေဟာ အရင်ကလို စက်ဘီးလေးစီးရင်း၊ ဆိုင်ကယ်လေးစီးရင်း သာသာယာယာ လေညှင်းခံနိုင်ဖို့ အဆင်မပြေတော့ပါဘူး။ ညနေမှောင်ရီတရောမှာ ဆိုင်ကယ်နဲ့ ထွက်ရမှာကို ထိတ်လန့်နေကြရပြီ ဖြစ်ပါတယ်။ မန္တလေးမြို့က သတင်းထောက်တချို့ဆိုရင် သတင်းရေးဖို့ ရဲစခန်းကိုသွားပြီး သတင်းယူရင်တောင် ဆိုင်ကယ်နဲ့ လုတဲ့မှုခင်းဖြစ်စဉ်တွေချည်း အတွေ့ရများလို့ သတင်းဖြစ်တယ်လို့တောင် မထင်ကြတော့တာတွေ ရှိနေပါပြီ။

အထူးသဖြင့် ၂၁ရာစုအစ၊ ၂၀၀၀ပြည့်နှစ် လောက်ကစပြီး မန္တလေးမြို့ကြီးဟာ စီးပွားရေးတွေ ထိုက်သင့်တာထက်ပိုပြီး တိုးတက်လာတယ်။ လူမှုအဆင့်အတန်းတွေလည်း တိုးတက်လာတယ်။ တဆက်တည်းလိုပဲ လူတွေရဲ့ လိုချင်လောဘဆန္ဒတွေဟာလည်း အလိုက်သင့် တိုးလာတယ်။ ကိုယ်ရှိတာနဲ့တင် မလုံလောက်နိုင်တဲ့အတွက် ငွေကြေးနည်းလမ်းတွေကို တရားမ၀င်နည်းနဲ့ ရှာလာကြတယ်။

ဆိုင်ကယ်နဲ့ လုယက်သူတွေဟာ အပြင်ပန်းကြည့်ရင်တော့ သာမာန်လူငယ်လူရွယ်လေးတွေသာ များပါတယ်။ ယိုးဒယားဆိုင်ကယ်အကောင်းတွေ စီးကြတယ်။ အမျိုးသမီးတွေကို အဓိကပစ်မှတ်ထားပြီး လုယက်ကြတယ်။ လုယက်တဲ့အခါမှာ စလင်းဘတ်အိတ်တို့၊ ဆွဲကြိုးတို့ကို ဦးတည်ပြီး လုယက်ကြတာ ရှိသလို တချို့ကလည်း အချီကြီးကြီးကို စောင့်ပြီး လုယက်ကြတာလည်း ရှိပါတယ်။

၂၀၁၄ ခုနှစ်ထဲမှာ ဖြစ်ခဲ့တဲ့အမှုတခုကို မှတ်မိသေးတယ်။ ဆိုင်ကယ်နဲ့ ငွေခံလာတဲ့ အမျိုးသမီး ၂ ယောက်ထဲက ငွေထုပ်ကို လုသွားခဲ့တဲ့ ဖြစ်စဉ်ပါ။ ငွေသိန်း ၁၀၀ လောက်ထည့်ထားတဲ့ အထုပ်ကို ပိုက်ပြီး ဆိုင်ကယ်နောက်က ထိုင်လိုက်လာတဲ့ ကောင်မလေးထဲကနေ ဆိုင်ကယ်တစ်စီးက လုသွားတာပါ။

နောက်ပိုင်းမှာ ဖုန်းအကောင်းတွေ အများကြီးပေါ်လာတဲ့နောက်ပိုင်းမှာလည်း ဆိုင်ကယ်နဲ့ ဖုန်းတွေ လိုက်လုတဲ့ ဖြစ်ရပ်တွေ ပေါ်လာပြန်တယ်။ ဆိုင်ကယ်စီးရင်း ဖုန်းပြောနေသူတွေ ၊ ဖုန်းကို လက်ကကိုင်ပြီး ဆိုင်ကယ်မောင်းသူတွေထဲက လုတဲ့ဖြစ်ရပ်တွေပေါ့။ တချို့လုယက်သူတွေများဆို သူတို့ လိုချင်တဲ့ပစ္စည်းတွေ ရပြီးရင် ဆိုင်ကယ်စီးအမျိုးသမီးကို ထိုးကြိတ်ကန်ကျောက်ခဲ့တာတွေတောင် ရှိပါသေးတယ်။

ဆိုင်ကယ်နဲ့ လုယက်မှုတွေတင် မဟုတ်ပါဘူး။ ဆိုင်ကယ်အသုံးပြုပြီး ရန်စတာတွေ ရှိနေပါသေးတယ်။ ညပိုင်းအလုပ်ကနေ မိန်းကလေးတယောက်တည်း ဆိုင်ကယ်နဲ့ ပြန်လာပြီဆိုရင် စသလိုနောက်သလို လိုက်ပြီး လုပ်တာ။ ကားကောင်းကောင်းစီးသူတွေကိုလည်း ရန်စသလို ထိကပါးရိကပါးနဲ့ ရန်စတာ။ များသောအားဖြင့် အဲ့ဒီလို လိုက်ရန်စတဲ့ဆိုင်ကယ်တွေမှာ ဘာဆိုင်ကယ်နံပါတ်မှလည်း မပါကြပါဘူး။

ဆိုင်ကယ်စီးတဲ့အခါမှာ မူးယစ်သောက်စားပြီး ဆိုင်ကယ်ကို ၀ုန်းဒိုင်းကျဲ ဒရကြမ်းစီးတာ။ ဆိုင်ကယ်အိပ်ဇောသံကြီးကို ဗြူးဗြဲဆိုပြီး အကျယ်ကြီးမြည်အောင်လုပ်မောင်းတာတွေကလည်း မန္တလေးမြို့နေသူ တွေကို အထိတ်တလန့် ဖြစ်စေပါသေးတယ်။ မကြာခင်ဆို ပွဲလမ်းသဘင်တွေ ပေါလာတော့မယ်။ ပွဲလမ်းသဘင်တွေ ရှိတဲ့အချိန်တွေဆို မန္တလေးမြို့က လမ်းမတွေပေါ်မှာ ဆိုင်ကယ်တွေ ပေါချင်းသောချင်း အများကြီး ပေါ်လာတော့မယ်။ အဲဒီလိုပွဲလမ်းရှိချိန်မျိုးတွေဆို မန္တလေးမြို့နဲ့ နီးစပ်ရာမြို့တွေက ဆိုင်ကယ်တွေနဲ့ တက်လာကြသူတွေကလည်း အများကြီး။ အဲဒီလိုရက်တွေ ဥပမာ သီတင်းကျွတ်လပြည့်တို့ တန်ဆောင်မုန်းလပြည့်တို့လို အခါကြီးရက်ကြီးတွေမှာဆို ဆိုင်ကယ်တွေ ပါဝင်တဲ့ ယာဉ်တိုက်မှုတွေ အများကြီးဖြစ်ကြပြီ။

မန္တလေးမှာ ဖြစ်တဲ့ ယာဉ်တိုက်မှုတွေထဲမှာ ဆိုင်ကယ်ပါဝင်တဲ့ ယာဉ်တိုက်မှုက အများဆုံးဖြစ်ပြီး ဆေးရုံရောက်သူ အများဆုံးလည်း ဖြစ်နေပါတယ်။ အသက်သေဆုံးတာတွေအထိကို ဖြစ်ကြသလို တချို့က ဦးခေါင်း၊ အရိုးစသဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသူတွေလည်း ရှိနေပါတယ်။

ဒီလို လုယက်မှုတွေ ဖြစ်လို့ ဒေသခံအစိုးရတာဝန်ရှိသူတွေက ယာဉ်ထိန်းရဲတို့၊ ရဲတို့ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးတာတွေ ပြုလုပ်ပေးနေပါတယ်။ ဒီလိုစစ်ဆေးတာကို ယာဉ်စည်းကမ်းလိုက်နာတဲ့သူတွေနဲ့ မြို့တွင်း တည်ငြိမ်အေးချမ်းလိုသူတွေကတော့ သဘောကျလှပေမယ့် ယာဉ်စည်းကမ်းမလိုက်နာသူတွေနဲ့ ဒုစရိုက်မှုကို ပြုလုပ်ဖို့ ကြံစည်နေသူတွေကတော့ သဘောမကျကြပါဘူး။

မန္တလေးမှာ ဆိုင်ကယ်တွေနဲ့ ကားတွေပေါသလောက် ယာဉ်စည်ကမ်းမလိုက်နာတဲ့သူတွေကလည်း ဒုနဲ့ ဒေး ရှိနေပါသေးတယ်။ မန္တလေးမြို့ရဲ့ လမ်းတိုင်း(အပြ)တိုင်းမှာ စည်းကမ်းချက်နဲ့ မညီတဲ့ (ဥပမာ- ဆိုင်ကယ်ဦးထုပ်မဆောင်းတာ၊ လမ်းပြောင်းပြန်မောင်းတာ၊ မြို့တွင်း မောင်းရမယ့် မြန်နှုန်းထက်ကျော်မောင်းတာ၊ ဆိုင်ကယ်ခြေနင်းခုံအပြားတွေအောက်မှာ ဓားတွေ ၀ှက်ပြီးသယ်ဆောင်တာ၊ အရက်တို့ ဆေးပြားတို့ကို သုံးပြီး မူးယစ်ရမ်းကားတာတွေ) အများကြီးပါ။

တာဝန်ရှိတဲ့ယာဉ်ထိန်းရဲက စစ်ဆေးရာမှာ ယာဉ်မောင်းလိုင်စင် မပါလို့ ချလံဖြတ်တာကို လက်မခံ နိုင်တဲ့အတွက် ယာဉ်ထိန်းကို ဆိုင်ကယ်စီးသူရဲ့အကိုက ဓားနဲ့ ထိုးသွားတဲ့ဖြစ်ရပ် ဒီလ စက်တင်ဘာလ ၂၄ ရက်နေ့က မန္တလေးမြို့ နန်းရှေ့အနီးမှ ဖြစ်သွားခဲ့ပါပြီ။ ယာဉ်ထိန်းကို အသက်သေစေတဲ့အထိ ကျူးလွန်ခဲ့တဲ့ ပထမဆုံးဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။

ဒီဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်း မန္တလေးမြို့မှာ စည်းကမ်းမဲ့ဆိုင်ကယ်တွေကို ယာဉ်ထိန်းတွေကပါ မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေပြီလားဆိုတဲ့ အတွေးဝင်မိပါတယ်။

အဲဒီလို အမှန်တကယ် မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့ မန္တလေးမြို့ရဲ့ အနာဂတ်ဟာ ကြောက်စရာ ကောင်းနေပါပြီ။ စည်းကမ်းပျက်ဆိုင်ကယ်တွေ မန္တလေးမြို့မှာ ပပျောက်ကင်းစင်သွားစေဖို့ ဆိုတာ ယာဉ်ထိန်းတွေ၊ ရဲတွေ၊ လုံခြုံရေးဝန်ထမ်းတွေမှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး။ မြို့သူမြို့သားတွအားလုံးမှာ တာဝန်ရှိလှပါတယ်။ မြို့ခံတွေ တက်ညီလက်ညီ ၀ိုင်းဝန်းဖြေရှင်းကြမှသာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ သေချာတာတခုကတော့ မြို့ခံတွေအင်အားပါ လိုနေပါပြီ။

အေးမွန်ရာပြည့် - DVB

ရောင်ရမ်းခြင်းအတွက် Arnica ပန်း

photo -sanasana.com

ဒေစီပန်းနဲ့ ခပ်ဆင်ဆင် ပန်းတမျိုးဖြစ်တဲ့ Arnica ပန်းပါဝင်တဲ့ Homeopathic ခရင်မ်တွေ၊ ဂျယ်တွေ လိမ်းဆေးတွေကို ရောင်ရမ်းခြင်းနဲ့ အတွင်းကြေခြင်းများအတွက် အသုံးပြုလာကြတာကြာပြီ ဖြစ်ပါတယ်။ နာကျင် ရောင်ရမ်းနေတဲ့နေရာကိုပွတ်လိမ်းပေးနိုင်ပါတယ်။ ဒါပေမယ့် အရေပြားတွေ ကျိန်းစပ် လာမယ်ဆို ရင်တော့ ဆက်မသုံးပါနဲ့။
ဧရာဝတီ

တောင်းသည့်ဆုများပြည့်စေချင်



တစ်ချို့ ပြင်းပြသော “စိတ်ဆန္ဒ ” ကို “စေတနာ” ဟု မှတ်ယူနေသည်။
“စေတနာ”သည်သာ “ကံ” ဖြစ်သည်။ “ကံ”သည် “အလုပ်” ဖြစ်သည်။
”ကံ”သုံးပါးကိုလူတိုင်းသိ၏။ စိတ်စေတနာသည် မည်သို့ကောင်းစေကာမူ
လက်တွေ့လုပ်ဆောင်ရသော “ကာယကံအမှု” သည် ချွတ်ချော်ပါ က “ကံ”မကောင်းနိုင်တော့။
ကောင်းကံ ပျက် လျှင် မိမိ၏ စေတနာ သည် သေထဲရေသွန် အချည်းအနှီးဖြစ်ရလေသည်။

သာဓက တစ်ခုဆောင်ရသော်……ရဟန်း၊သံဃာ တို့ ဆွမ်းဘုန်းပေးလျှင် ၊ လက်နှစ်ဖက်ဖြင့် မသုံးရပါ။
ကိုက်ဖဲ့ ဆွဲဖဲ့၍ လည်း မသုံးရပါ။ အာပတ်သင့်၏။ ဤသည်ကို မသိ၍ အသားဟင်းဆွမ်း ကပ်သည်ဆိုပါစို့။
အလှူရှင်က စေတနာဗလဗွ နှင့် လူတွေကိုကျွေးမွေးသလို လက်သီးဆုပ်လောက်အတုံးကြီးများ ချက်၍
ဆွမ်းကပ်မည်ဆိုလျှင်…………ဘုန်းဘုန်းတို့ မည်သို့ သုံးဆောင်ရမည်နည်း။
ဤဒါနသည် စိတ်စေတနာ ကောင်းမွန်သော်လည်း..ကာယကံအမှုလွဲချော်၍ ဒါနမမြောက်နိုင်တော့။
မိမိချက်လှူတဲ့ အသားဟင်း ဘုန်းဘုန်းတို့ မသုံးဆောင်တော့ အလှူရှင်မှာလည်း
စိတ်ချမ်းသာနိုင်မည်မဟုတ်တော့။
————————————————————————————
ဒါနအမှု၊သီလအမှု တို့ကို မနောကံ ဖြင့်ပြုလုပ်လျှင်မည်သို့မျှ ပြည့်စုံနိုင်မည်မဟုတ်ပါ။
ကာယကံ၊၀စီကံတို့ဖြင့်သာ ပြုလုပ်ရသောအမှုတို့ဖြစ်ပေသည်။
သို့အတွက် မည်သို့ပင်စိတ်ကောင်းရှိစေကာမူ အ ဂါဝရ ဖြစ်သော ကိုယ်အမူအရာ။နှုတ်အမူအရာသည်
ဒါန၏အကျိုးကို ပြည့်စုံစွာခံစားရမည်မဟုတ်ပါ။ သို့အတွက် ဘုရားရှင်ရှေ့သို့ရောက်နေသော
မိမိ၏အပြုအမူကိုအမြဲသတိပြုရာသည်။
အ ဂါဝရ ကိုရှောင်လျက် ဂါရ၀တရားအပြည့်ဖြင့် ရိုသေလေးမြတ်စွာ ဘုရားရှင်အား ပူဇော် ဒါနပြုကြပါစို့။
————————————————————————————–
ဘုရားရှင်အား ကျွန်ုပ်တို့ အောင်သပြေ၊ပန်း ၊ရေချမ်း၊ဆီမီးများ ကပ်လှူ ပူဇော်ကြ၏ ။
ဒါနပြုကြ၏။ ဘုရားမသုံးသောဝတ္ထုပစ္စည်းများ ကို ကျွန်ုပ် တို့ ကပ်လှူပူဇော်နေခြင်းသည်..
ကံ ၊ ကံ၏အကျိုးကို လုံးဝဥဿုံ ယုံကြည်၍ ပဲ မဟုတ်ပါလား။
လောကီ။လောကုတ် နှစ်ဖြာအကျိုးအတွက် ကောင်းခြင်းမင်္ဂလာ အဖြာဖြာကိုရယူပိုင်ဆိုင်၍
နောက်ဆုံး ဘ၀တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သောအထောက်အပံ့ကောင်းကိုရလိုသောကြောင့်
သက်တော်ထင်ရှားဘုရားရှင်ဟုရည်မှတ်လျက် ဒါနအမှုကို ပြုလုပ်ခြင်းဖြစ်သည်မှာ ထင်ရှားလှ၏။
————————————————————————————–
ဤသည်တို့ကို ထောက်ရှုလျှင် ဘုရားရှင်အား လှူဒါန်းဆက်ကပ်သည်ဆိုသည်မှာ…
တကယ်တော့ ကျွန်ုပ်တို့ သည် ဗုဒ္ဓဘုရားရှင်ထံတော်အပါးတွင် ကျန်ုပ်တို့ လိုချင်သောအရာကို
တောင်းခံနေခြင်းသာဖြစ်ပေတော့သည်။
===============================================

ဒါန ဟူသည် အလှူ ၊ ပေးကမ်းစွန့်ကြဲခြင်း စသည့်အဓိပ္ပာယ်ကို ဆောင်သည်ဖြစ်ရာ
တစ်ခါခါ ကျွန်ုပ်တို့အမှတ်မှားလေ၏ ။

ဒါနသည် အလှူခံပုဂ္ဂိုလ်အပေါ်လိုက်၍ ရရှိသောအကျိုးကျေးဇူးမှာ ကွဲပြားခြားနားလေသည်။
သို့သော် ပါရမီမြောက်ဒါနအတွက်ဆိုလျှင်မူ အလှူခံပုဂ္ဂိုလ် ရွေးချယ်ရန်မလို။
ဒါနဖြစ်မြောက်ရန်သာ လိုရင်းအဓိကဖြစ်လေသည်။
အမှန်တကယ် မကွယ်ဝှက်တမ်း ၀န်ခံရမည်ဆိုလျှင်အလှူခံပုဂ္ဂိုလ်သည် မိမိထက် သီလ၊သမာဓိ ၊ ပညာ ၊
ပိုမြင့်နေလျှင်(သို့မဟုတ်)ရာထူး၊ ဓနဥစ္စာ ပိုကြီးသောသူများ ဖြစ်နေလျှင် မိမိပြုသောဒါနသည် ပေးကမ်းစွန့်ကြဲခြင်းမဟုတ်ဘဲ၊ ၄င်းပုဂ္ဂိုလ်ထံ မှ တစ်ခုခုကို
တောင်းခံခြင်းဖြစ်ကြောင်း မှာ သိသာထင်ရှားလှသည်။
ဂါရ၀တရားဖြင့်ပူဇော်ပါ
ဗုဒ္ဓဘာသာဝင် တို့၏ အိမ်တိုင်း၌ ဘုရားကျောင်းဆောင်ရှိ၏ ။သက်တော်ထင်ရှားဘုရားအမှတ်ဖြင့်
ကိုးကွယ်ပူဇော်လေ၏။
သို့အတွက်လည်းအိမ်၏ကျက်သရေ တိုးမြင့်လေ၏။ သို့သော် တခါခါ ကျွန်ုပ်တို့မေ့လျော့လေ၏။
အိမ်ဦးခန်း ကျောင်းဆောင်အတွင်း၌ ဘုရားရှင်သီတင်းသုံးနေသည်ကို မေ့လျော့လေ၏။
ဤသို့သောအခါမျိုးတွင် အိမ်ပေါ်၌ ကြမ်းတမ်းသောစကားများ၊အမနာပစကားများပြောဆိုမိကြလေ၏။
ရုတ်ရင်းသောအမှုများကိုလည်းပြုလုပ်မိကြလေ၏။ သင့် တော်ပါ၏လော။

ဤသို့နှိုင်းယှဉ်ကြည့်ပါ။

မိမိအိမ်ပေါ်တွင် ရာထူးကြီး ဧည့်သည်တစ်ယောက်ရှိလျှင်ပင် ကြမ်းတမ်းသောစကားများမပြောဆိုပဲ
ရုတ်ရင်းသောအမှုများ မပြုလုပ်ဘဲ ရှောင်ကျဉ်တတ်သာ သူများသည်….
လူနတ်ဗြဟ္မာအပေါင်းတို့၏ပူဇော်ခြင်းအထူးကိုခံယူတော်မူထိုက်သော သုံးလောကထွဋ်ထား မြတ်ဘုရား
အရှေ့ကျတော့ ပြောချင်ရာပြော၊လုပ်ချင်ရာလုပ်၍ ဖြစ်ပါမည်လော။

မိမိအိမ်ပေါ်တက်သည်နှင့် ဘုရားရှင်ရှိနေပါလားဆိုသော အသိသတိအမြဲကပ်လျက် နေသင့်လှပေ၏။
ဤသို့သော အခြေခံအချက်များအစပြင်ဆင်နေထိုင်လျက် ။ ဘုရားရှင်အား အလေးအမြတ်ထား ဂါရ၀တရားဖြင့်ပူဇော်မှသာ လျှင်..

ညောင်သီးမျှလောက်သောအလှူသည် ညောင်ပင်ကြီးလောက်ရရှိပေလိမ့်ဖြစ်ပေတော့သည်။
—————————————————————————
“ပန်း”
ပန်း တို့ မည်သည် မြင်ရသူတို့၏ စိတ်ကို ကြည်လင်စေ၏။ လက်တွေ့တွင် ဒီပန်းကလေးတစ်ပွင့်
လှ လှချည်ရဲ့ဆိုပြီး ချွေဖဲ့ ဖျက်ဆီး သွားသူများကို ကျနော်မတွေ့ဖူးပါ။(ဗွီဒီယို၊ရုပ်ရှင် ရိုက်ကွက် မှအပ)

ပန်းမကြိုက်သူများပင်လျှင် ပန်းကိုမြင်လျှင် စိတ်ကိုလန်းဆန်းစေသဖြင့် မြတ်နိုးစိတ်များဝင်ရောက်၍
ချစ်ခင်ကြပေ၏။

သို့အတွက် ပန်းသည် လူတို့အတွက်အသုံးတော်ခံဖြစ်လာရပေသည်။

-မိမိစိတ်များကြည်လင်လန်းဆန်းစေရန် အိမ်၌ပန်းပင်စိုက်ခြင်း ၊ အလှပန်းအိုးများပြင်ဆင်ခြင်းဖြင့်လည်းကောင်း
- ချစ်သူ၏စိတ်ကို ပြောင်းလဲစေရန် ချစ်သူ့လက်ဆောင်ဖြင့်လည်းကောင်း
- လူမမာများ စိတ်အားငယ်မှုကိုဖြေဖျောက်ရန်ပန်းစည်းလက်ဆောင်အဖြစ်လည်းကောင်း
-နောက်ဆုံး မိမိနှင့်အလွန်ကျွမ်းဝင်သူ၏ နောက်ဆုံးခရီးတွင် စိတ်လက်ပေါ့ပါးစွာ ခရီးဆက်နိုင်အောင်
အသုဘပို့ရာတွင် ပန်းခွေ၊ပန်းခြင်း၊ပန်းစည်းများဖြင့် လိုက်ပါပို့ဆောင် နှုတ်ဆက်ကြလေသည်။

တချို့ပန်းသည် ရနံ့မရှိ၊ အချို့ပန်းများသည် ရနံ့ရှိ၏။ ပန်းတို့ရနံ့သည် လေသင့်ရာ မွှေးပျန့်ကြိုင်လှိုင်ပေရာ…..

ဘုရားရှင်ထံတော်ပါး ဂါရ၀တရားအပြည့်ဖြင့် ပိုးကိုက်ပွင့်ဖတ် နှင့် ညှိုးနွမ်းနေသောပန်း မပါသော
လန်းဆန်းသန့်စင်သည့်ပန်းများကိုဆက်ကပ်လှူဒါန်းခြင်းသည်..

“မျက်နှာမြင် ချစ်ခင်စေမည့် အကျိုးကို ယခုဘ၀တွင်ပင်မုချ ရရှိနိုင်ပေမည်။”
“မိမိ၏ဂုဏ်သတင်းကျော်ဇောမှုသည်လည်း လူသတင်းလူချင်းဆောင်လျက်
ပန်းရနံ့ ကဲ့သို့ပြန့်နှံ့မည် ” ဖြစ်ပေတော့သည်။
——————————————————————————————————
“ရေ ချမ်း”
ရေ သည် အေးမြခြင်း၊စီးဆင်းခြင်း၊ကြည်လင်စေခြင်း၊သန့်ရှင်း စင်ကြယ်စေခြင်း၊စုစည်းမှုကိုပေးခြင်း၊စိုပြေလန်းဆန်းစေခြင်း၊
ဆာလောင်မွတ်သိပ်မှုကိုပြေပျောက်စေနိုင်ခြင်း စသည့်ဂုဏ်ရည်သတ္တိများရှိ၏။

“ရေအသက်တစ်မနက်”ဆိုသကဲ့သို့ ရေသည် လူတို့အသက်ရှင်ရန်အတွက် မရှိမဖြစ်လိုအပ်သောဓာတ်တစ်မျိုးဖြစ်ပေသည်။

သို့အတွက် ဘုရားရှင်အားဆက်ကပ်မည့် “သောက်တော်ရေချမ်း” ကို အမှုံ အမွှား ကင်းစင်အောင်သေချာစွာစစ်၍ ၊သန့်ရှင်းသောခွက်တွင်ထည့်ပြီး
ရိုသေလေးမြတ်စွာဆက်ကပ်ပါက…အထက်ကပြဆိုခဲ့သော ရေ၏ ဂုဏ်သတ္တိ များ ကို သင် မုချရရှိပေမည်။

အထူးသဖြင့် ..
အသက်ရှည်ခြင်း၊အသားအရည်စိုပြေခြင်း၊ စိတ်အေးချမ်းခြင်း၊စိတ်ကြည်လင်ချမ်းမြေ့ခြင်း၊အငတ်ဘေးမကြုံခြင်း၊ဆွေမျိုးမိတ်သင်္ဂဟ ပေါများခြင်း၊
ခေါင်းဆောင်နိုင်မှုစွမ်းရည်၊အတွေးအကြံများနှင့်ကျင့်စဉ်များတွင် မောဟကင်းခြင်း ..စသော အကျိုးတို့ကိုယခုလက်ရှိဘ၀မှာပင် ခံစားရပေမည်။

ရေလှူအကျိုး(၁၀)ပါးရှိသည်ကို အရွယ်ရောက်ပြီး ဗုဒ္ဓဘာသာဝင်တိုင်းသိ၏ ။
ဤအကျိုး(၁၀)ပါးသည် အလှူခံပုဂ္ဂိုလ်က ရသောအကျိုးများသာဖြစ်၏။
ဒါနပြုသူအနေနှင့်မူ ဤရေဒါနကြောင့် အလှူခံပုဂ္ဂိုလ်သည် ဤအကျိုးကျေးဇူးများကို
ခံစားရပေသည်။ရရှိပါပေသည်ဟု နှလုံးသွင်းလျက် ဖြစ်ပေါ်လာသော ပီတိကိုပွားများရာ၏။

ကျန်ုပ်၏ လက်တွေ့လုပ်ဆောင်ချက်များအရ ၊ဘုရားသောက်တော်ရေခွက် သည် ဖန်ခွက် အစား ကြေး(ကြီး)ခွက်ကို အသုံးပြုလျှင် ပိုမိုအကျိုးပေးမြန်ကြောင်း သိရှိရပါသည်။
————————————————————-
“ ဆီမီး ”
“မီး” သည် အလင်းဓာတ်ကို ထုတ်လွှတ်သည်။ သို့အတွက် အမှောင်ကိုပယ်ခွင်းနိုင်၏။
ထိုအလင်းဓာတ်သည် အလွန်လျင်မြန်သော သွားနှုံးရှိ၏။ မိုင်ပေါင်းလွန်စွာကွာဝေးသော်လည်း
အမှောင်တွင် ထိုအလင်းကိုမြင်နိုင်စွမ်း၏။ တစ်တိုင်သောဆီမီးဖြင့် မြောက်များစွာသော ဆီမီးများသို့
ပုံတူပွားကူးသော်လည်း မူလဆီမီး၏ အလင်းဓာတ်သည် လျော့ကျသည်ဟုမရှိ…စသော ဂုဏ်သတ္တိဖြင့်
ပြည့်စုံလေသည်။

သို့အတွက်..သက်တော်ထင်ရှားဘုရားရှင်အားရည်မှန်း၍ ဆီမီး(သို့မဟုတ်)
ဖြောင့်စင်းနေသောအလင်းတိုင်(ဖယောင်းတိုင်)မီး
ပူဇော်ခြင်းဖြင့် အထက်ပါ ဆီမီး၏အကျိုးကျေးဇူးများရရှိနိုင်လေသည်။

အထူးသဖြင့်…ပညာသင်ကြားရာတွင်တတ်မြောက်ရန်လွယ်ကူခြင်း၊လျင်သောဥာဏ်ပညာ၊
ဇ၀နဥာဏ်ကောင်းခြင်းအတတ်ပညာဖြင့်ကျော်ဇောခြင်း။ အ၀ိဇ္ဇာကိုပယ်ဖျောက်နှိင်သော
ဝိဇ္ဇာဟုခေါ်သော “အသိ”ပညာရရာရကြောင်း၏ ကောင်းသောအထောက်အပံ့ကိုရခြင်း..
စသည်တို့ကို ယခုမျက်မှောက်ဘ၀တွင်မုချ ရရှိမည်ဖြစ်သည်။
………………………………………………………………….
ပန်း၊ရေချမ်း၊ဆီမီး ၊အလင်းတိုင်များဖြင်ဘုရားရှင်အားဆက်ကပ်လှူဒါန်း ရသောဤဒါနသည် ငွေကုန်ကြေးကျအနည်းဆုံး
ဖြင့် ၍ နေ့စဉ်နေ့တိုင်း အိုးမကွာ အိမ်မကွာ ကရိကထမများဘဲ ပြုလုပ်နိုင်သော ဒါနမျိုးဖြစ်ပေရာ.
အာစိဏ္ဏကံမြောက်ဒါနလည်းဖြစ်ပေ၏။

ညောင်သီးလောက်လှူ၍ ညောင်ပင်ကြီးလောက်ရနိုင်သည့်အလှူမျိုးဖြစ်ပေသည်။

အထူးအကြံပေးလိုသည်မှာ
ဗုဒ္ဓဘာသာဝင်မိဘများအနေဖြင့် မိမိနေအိမ်ရှိဘုရားကို ပန်း၊ရေချမ်း၊ဆီမီး ကပ်လှူရသောအလုပ်ကို
တစ်ဦးတစ်ယောက်တည်း ပုံမှန်မလုပ်ဆောင်ဘဲ မိသားစုဝင်အားလုံးပုံမှန် အာစိဏ္ဏကံ ကုသိုလ်ရကြ
လေအောင် ဆောင်ရွက်ကြပါဟု အကြံပြုပါသည်။

မိမိပြုသည့်“ကံ” မိမိထံ အမှန် ပဲ့တင်ပြန် လိမ့် မည် ”ဟုသင်ယုံကြည်လျှင်……..

ဘုရားရှင်ထံချဉ်းကပ်စဉ် မှ ဒါနပြုပူဇော်ပြီး ပြန်ထွက်လာ သည်အထိ “ကံ”သုံးပါးစလုံး သည်
ဂါရ၀တရားအပြည့်ဖြင့်ရိုသေလေးမြတ် ကျိုးနွံ စွာ ကျင့်ဆောင် ဒါနပြုကြပါစို့။

ပန်း၊ရေချမ်း၊ဆီမီး ၊အလင်းတိုင်များဖြင်ဘုရားရှင်အာဆက်ကပ်လှူဒါန်းပူဇော်၍
”အရဟံ” ဂုဏ်တော်ပုတီး ၉ ပတ် ရွတ်ဆိုပွားများမည်ဆိုလျှင်…..
ရန်သူပင် ချစ်ခင်စိတ်ဝင်လာမည်ဖြစ် ၍ အထက်ပြဆိုခဲ့သော ပန်း၊ရေချမ်း၊ဆီမီးတို့၏
အကျိုးများကို မုချ ရကြမည်ဖြစ်ပေတော့သည်။

အကျိုးကျေးဇူးမခံစား ရပါက သင်၏ လုပ်ဆောင်ချက်“ကံ” သုံးပါးတွင်တစ်ခုခုလွဲချော်နေ၍ ဖြစ်ပေမည်။

တောင်းသည့်ဆုများပြည့်ကြပါစေ။ ဆုတောင်းတိုင်းလည်းပြည့်ကြပါစေ။

Credit : lwintmgmg

သူငယ်ချင်းလေးကို အကြင်နာ ပိုမိပြီဆိုရင် သင့်အနေနဲ့ စဉ်းစားရမယ့် အချက်များ


အချစ်သီချင်းတွေထဲမှာ သူငယ်ချင်းစည်းကို ကျော်မိတာမှာမို့ ဘာလုပ်ရမလဲ၊ ရှေ့ဆက်တိုးရမလား၊ နောက်ပြန်ဆုတ်ရမလားဆိုတဲ့ မေးခွန်းလေးတွေ အမြဲပါနေတတ်ပါတယ်။ ဟုတ်ပါတယ် သင်ဟာ အခင်မင်ဆုံး သူငယ်ချင်းကို ချစ်မိသွားတဲ့အခါ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတတ်ပါတယ်။ တစ်ဖက်ကရော အခြေအနေ ဘယ်လိုရှိသလဲဆိုတာ မသေချာရင် ပိုစဉ်းစားရခက်နေပါလိမ့်မယ်။ ဒီတော့ တစ်ဖက်လူ မသိခင် သင့်အနေနဲ့ အရင်ဆုံး ကြိုတင် တွေးထားသင့်တဲ့ အရာလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။သူကလည်း သင့်လိုပဲ ခံစားနေရပါလိမ့်မယ်။

ဒါကတော့ ဖြစ်နိုင်ခြေကိုပဲ ပြောတာပါ။ အခင်မင်ဆုံး သူငယ်ချင်းတွေ ဆိုမှာတော့ သင်ခံစားရသလို သူလည်း ခံစားနေရနိုင်တာပေါ့။ ဒီလိုသေချာရင်တော့ သင့်ဘက်က စအသိပေးလိုက်လည်း ကိစ္စမရှိပါဘူး။ နှစ်ဦးစလုံး အဆင်ပြေပြီး တစ်ဆင့်တက်နိုင်လေလေ သင်တို့နှစ်ဦးစလုံးအတွက် ပျော်စရာဘ၀သစ်လေးတစ်ခု ဖန်တီးနိုင်လေလေပေါ့။

၂။သူက သင့်လို မခံစားမိဘူး။

ကံမကောင်းစွာနဲ့ သူက သင့်ကို အခင်ဆုံး အချစ်ဆုံး သူငယ်ချင်းထက် မပိုဘူးဆိုရင်ရော။ ဒီအချက်ကိုလည်း သင်တွေးထားရပါလိမ့်မယ်။ သူ့အနေနဲ့ သင့်ကို အချစ်ရဆုံး သူငယ်ချင်းထက် ပိုသလား မပိုဘူးလားဆိုတာ သင့်ဘက်က သေချာအောင် အရင်လုပ်ဖို့ လိုပါတယ်။ အဆိုးဆုံးက သူက သင့်ကို သူငယ်ချင်းထက် မပိုတဲ့အပြင် သူ့မှာ တိတ်တခိုး စိတ်ဝင်စားနေတဲ့သူ ရှိမရှိဆိုတာပါပဲ။

၃။သင်တို့ရဲ့ ဆက်ဆံရေးဟာ အရင်လို ပြန်မဖြစ်နိုင်တော့ပါဘူး။

တစ်ဖက်လူက သင်သူ့ကို ချစ်နေတာကို သိသွားတယ်ဆိုတာနဲ့တင် သူသင့်ကို ပြန်ချစ်ချစ် မချစ်ချစ် အရင်လို ဆက်ဆံရေးမျိုးတော့ မရနိုငတော့ပါဘူး။ အထူးသဖြင့် သင့်က တရားဝင် ချစ်တယ်လို့ ပြောလိုက်ရင် ပိုဆိုးတာပေါ့။ အရိပ်အမြွက်လောက်ဆိုရင်တော့ သူလည်း ရိပ်မိရုံလောက်နဲ့ တစ်မျိုးဖြစ်သွားနိုင်ပေမယ့် ဖွင့်ပြောလိုက်ရင်တော့ သူ့ဘက်က နောက်ပိုင်းမှာ ပွင့်လင်းမှုရှိနိုင်ပါတော့မလားဆိုတာ စဉ်းစားရပါလိမ့်မယ်။

၎။ ခုလက်ရှိအခြေအနေကို ထည့်စဉ်းစားပါ။

သင်တို့နှစ်ယောက်စလုံးမှာ သက်ဆိုင်သူတွေ ရှိနေတယ်ဆိုရင် ဒီဇာတ်လမ်းကို အသစ်စဖို့ ချက်ချင်းလုပ်ဆောင်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် သင်ချစ်နေတဲ့ သင့်သူငယ်ချင်းမှာ သက်ဆိုင်သူရှိနေတယ်ဆိုရင် သင့်ဖက်က ဇွတ်တိုးဖို့ ဘယ်လိုမှ မကြိုးစားသင့်ပါဘူး။ ဒါပေမယ့် သူ့ဘက်ကလည်း သင့်ကိုပဲ စိတ်ရောက်နေတယ်ဆိုတာ သေချာရင်၊ သူနဲ့ လက်ရှိတွဲနေတဲ့သူကို ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာရင် အဲ့ဒီတစ်ယောက်ကို သူ လမ်းခွဲစကားပြောပြီး ဖြတ်လိုက်တဲ့အချိန်ထိ သင်စိတ်ရှည်သင့်ပါတယ်။ သင်ဝင်ဖျက်လို့ ပြတ်တဲ့ သဘောမျိုး မဖြစ်အောင် ဂရုစိုက်ရပါလိမ့်မယ်။

၅။သင်နဲ့သူ့ကြားက သူငယ်ချင်းကို အကူအညီတောင်းသင့်တောင်းပါ။

သူ့စိတ်ထဲ သင်နဲ့ပတ်သက်ပြီး ဘယ်လိုရှိနေတယ်ဆိုတာ မခန့်မှန်းနိုင်ဘူးဆိုရင် သင်တို့နှစ်ယောက်စလုံးနဲ့ ခင်မင်နေတဲ့ သူငယ်ချင်းကို အကူအညီတောင်းကြည့်ပါ။ သူက ပါးစပ်ဖွာ ဟိုစကားဒီပို့ ဒီစကားဟိုပို့ မလုပ်တတ်တဲ့သူ ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။

Ref:yourtango
Trend Myanmar

ကိုယ်ပြောင်းရွှေ့လိုက်ရတဲ့ မြို့အသစ်မှာ သူငယ်ချင်းသစ်တွေ ရဖို့ဆိုရင်



မြို့အသစ်တစ်ခုကို အကြောင်းအမျိုးမျိုးကြောင်း ပြောင်းရွှေ့လိုက်ရတယ်ဆိုပါစို့။ ကိုယ်နဲ့တွဲသွားတွဲလာ၊ တိုင်ပင်ဖော် တိုင်ပင်ဖက် အဲ့ဒီမြို့လေးက သူငယ်ချင်းသစ်တွေ လိုလာပြီပေါ့။ ဒီတော့ သူငယ်ချင်းသစ်ရနိုင်တဲ့ နည်းတစ်ချို့ကို အကြံပေးလိုက်ပါရစေ။

၁။ကိုယ်နှစ်သက်တဲ့ ကစားပွဲ၊ ပြိုင်ပွဲမှာ မြို့နယ်အသင်း၊ ကိုယ့်ကျာင်းအသင်းကို အားပေးပါ။

ကိုယ်က ဘောလုံးပွဲနှစ်ခြိုက်သူလား၊ ဘော်လီဘောပွဲ ကြည့်လေ့ရှိသူလား၊ ဒါမှမဟုတ် တစ်ခြား ကြက်တောင်ရိုက်အားကစားပွဲတွေကို လက်လွတ်မခံတတ်သူလား။ ဘယ်လိုပဲဖြစ်ဖြစ် သင်ပြောင်းရွှေ့လာတဲ့ မြို့ကိုယ်စားပြု ၀င်ပြိုင်တဲ့ အသင်းတစ်ခုခုကို အားပေးဖို့ အားကစားရုံကို သွားလိုက်ပါ။ ကိုယ်ကကျောင်းတက်နေသူဆိုရင်လည်း ကိုယ့်ကျောင်းကိုယ်စားပြု အသင်းကို အားပေးလိုက်ပါ။ ဒီလိုအချိန်မှာ ကိုယ့်ဘေးက ကိုယ်နဲ့အတူ စိတ်တူကိုယ်တူ ကိုယ့်မြို့နယ်ကို အားပေးနေတဲ့၊ ကိုယ့်ကျောင်းအတွက် အားပေးနေတဲ့ သူငယ်ချင်းမျိုး ရဖို့လွယ်ပါတယ်။ နောက်ပိုင်း အားကစားပွဲတွေ မဟုတ်တော့ပဲ အပြင်မှာပါ ရင်းနှီးလာမယ်ဆိုတာ မယုံမရှိပါနဲ့။

၂။ပါတီပွဲ၊ ဒင်နာပွဲ စတဲ့ အဖိတ်ခံထားရတဲ့ ပွဲမျိုးတွေ သွားပါ။

ကိုယ်က အေးဆေးနေတတ်သူပဲဖြစ်ဖြစ် တစ်ခါတစ်လေတော့ ညလုံးပေါက် သောင်းကျန်းတတ်တဲ့ သူငယ်ချင်းမျိုးကတော့ လိုတာပါပဲ။ ဒီလိုသူငယ်ချင်းမျိုးကို ရှာချင်တယ်ဆိုရင်တော့ ဒင်နာပါတီပွဲတွေမှာ၊ မွေးနေ့ပွဲတွေမှာပဲ ရှိလို့တွေ့မှာပါ။ ဒီလိုပွဲမျိုးမှာ မိတ်ဖွဲ့ဖို့လည်း လွယ်ကူပါတယ်။ ဘယ်ကျောင်းကလဲ၊ ဘယ်မှာနေတာလဲ စတာလေးတွေ မေးပြီး သူငယ်ချင်းဖြစ်နိုင်ပါတယ်။

၃။ကိုယ်လက်လေ့ကျင့်ခန်းလုပ်နိုင်တဲ့ သင်တန်းမျိုး၊ GYM စတဲ့နေရာတွေ သွားပါ။

အိမ်မှာပဲ ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ့်အစား သင်တန်းတစ်ခုခုသွားတာမျိုး၊ GYM သွားဆော့တာမျိုးက သင့်အတွက် မိတ်ဆွေတိုးစေမှာ သေချာစေတဲ့အရာပေါ့။ သင်တန်းပြီးသွားရင်လည်း သူငယ်ချင်းနဲ့ အပြင်သွားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ smoothie လေးသောက်၊ သူငယ်ချင်းလည်းရ၊ အဆီလည်းကျ ဘယ်လောက်မိုက်သလဲ။

၎။ကိုယ်ကြိုက်တဲ့ ရှိုးပွဲ၊ ဖျော်ဖြေပွဲတစ်ခုခုသွားပါ။

ကိုယ်နှစ်သက်တဲ့ ဂီတအမျိုးအစားတစ်ခုခု၊ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ band တစ်ခုခုရဲ့ ဖျော်ဖြေပွဲသွားတဲ့အခါ သင့်ဘေးနားက လူတွေအားလုံးကလည်း ဒီအဖွဲ့၊ ဒီအဆိုတော်ကို ကြိုက်လို့ပဲ ရောက်လာကြတယ်ဆိုတာ စဉ်းစားကြည့်စရာတောင် မလိုပါဘူး။ ကိုယ်နဲ့ အကြိုက်တူတဲ့ လူတွေနဲ့ သူငယ်ချင်းဖြစ်ရတာလောက် ကောင်းတဲ့အရာရှိနိုင်ဦးမလား။

၅။လုပ်ငန်းခွင်က သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဖို့ မတွန့်ဆုတ်ပါနဲ့။

လုပ်ငန်းခွင်ဘ၀နဲ့ အပြင် လူမှုဆက်ဆံရေးဘ၀ကို ပေါင်းစပ်လိုက်ဖို့ ကြောက်ရွံစရာမလိုပါဘူး။ ကိုယ့်လုပ်ငန်းခွင်က လူတွေနဲ့ အပြင်မှာပါ သူငယ်ချင်းဖြစ်ပြီ၊ မိတ်ဆွေဖြစ်ပြီဆိုရင် လုပ်ငန်းခွင်မှာလည်း အရင်ထက် ပိုမိုပျော်ရွှင်လာပါလိမ့် မယ်။ ရုံးချိန်အတွင်း ရုံးအလုပ်လုပ်ရတယ်ဆိုပေမယ့် ရုံးချိန်ကျော်လွန်သွားတဲ့အခါ တစ်နေရာရာသွားကြ၊ စားကြ၊ သောက်ကြနဲ့ ပျော်စရာ ဘယ်လောက်ကောင်းသလဲ။

Ref:cosmopolitan.com
Trend

စာဖတ်အလေ့ မပျောက်စေချင်ပါ


စာရေးသူ၏ စာဖတ် ဝါသနာ သည် ငယ်စဉ် ကလေးဘဝ ကပင် စတင်ခဲ့ ပါသည်။ ဦးလေး တော်သူက မြို့နယ် သတင်းထောက် နှင့် သတင်းစာ ကိုယ်စားလှယ် တစ်ဦး ဖြစ်ခြင်းကြောင့် ဟု ဆိုရပါမည်။

မနက် မိုးလင်းသည် နှင့် ရန်ကုန်မြို့ကြီး မှ ရထားနှင့် ဖြစ်စေ၊ ကားနှင့် ဖြစ်စေ ပို့လိုက်သော သတင်းစာ အထုပ်ကြီး၊ အထုပ်ငယ် တို့သည် စာရေးသူ၏ အိမ်သို့ ရောက်ရှိ လာသည်။ ထိုမှ သတင်းစာ ပို့သူ လူငယ်များက သတင်းစာ များကို အမျိုးအစား ခွဲသည်။ ပြီးမှ သတင်းစာ ယူသည့် အိမ်အရောက် ပို့ဆောင် ကြသည်။

ဤမြင်ကွင်း များမှာ စာရေးသူ နေ့စဉ် တွေ့မြင် ရသော မြင်ကွင်း များပင် ဖြစ်သည်။ ထို့ကြောင့် စာရေးသူသည် မနက် မိုးလင်းသည် နှင့် သတင်းစာ မျိုးစုံကို ဖတ်ရှုရခြင်း ဖြင့် စာဖတ် ဝါသနာ မျိုးစေ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။စာရေးသူတို့ ငယ်စဉ်က စွဲလမ်းခဲ့ ရသည့် ကာတွန်း ဇာတ်ကောင်များမှာ ကာတွန်း အောင်ရှိန် ၏ ဦးစံရှား နှင့် ဦးဒိန်းဒေါင်၊ ကာတွန်း မြင့်သိန်း ၏ စံရွှေမြင့်၊ ကာတွန်း ဝင်းမောင် ၏ မိမော်မေ စသည်တို့ကို အမှတ်ရ နေမိသည်။

စာရေးသူသည် မိသားစုနှင့် အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ရှိ ရပ်စောက်မြို့ သို့ ပြောင်းရွှေ့ ရသော်လည်း စာပေ ရေးသားခြင်းနှင့် စာဖတ် ဝါသနာ ကတော့ ဆက်လက် ရှင်သန်လျက် ရှိခဲ့သည်။

ရပ်စောက်မြို့ရှိ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေးရုံး တွင် ဗဟုသုတ ဖြစ်ဖွယ်ရာ စာအုပ်များမှာ စုံလင်လှသည်။ သတင်းစာ၊ ဂျာနယ်၊ သုတ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးများ အပြင် စာပေ ရေချမ်းစင်တွင် ပါဝင်သည့် စာစဉ် ၁၃ မျိုးကို လစဉ် လဲလှယ်၍ ထားရှိသည်။
ယခုအချိန်သည် ကျောင်းဖွင့်သော ရာသီ ဖြစ်သောကြောင့် ကျောင်းသူ၊ ကျောင်းသားများ အားလပ်ရက် ဖြစ်သည့် စနေ၊ တနင်္ဂနွေ တွင် စာကြည့်တိုက် ပိတ်ရက် ဖြစ်သဖြင့် ကျောင်းနေအရွယ် ကလေးများ လာရောက် ဖတ်ရှုရန် မဖြစ်နိုင်တော့ပါ။ ထို့အတွက်ကြောင့် စာရေးသူက စာကြည့်တိုက်မှ တာဝန်ရှိ သူများကို ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုနိုင်ရန် ရက်နှင့် အချိန်ကို ညှိနှိုင်း ပေးပါရန် အကြံပြု ပေးခဲ့သည်။

ယနေ့ စာရေးသူတို့ နိုင်ငံအတွင်းရှိ လုပ်သားပြည်သူ အပေါင်း တို့သည် စာတတ်မြောက် ထားကြသော်လည်း စာဖတ်သည့် အလေ့အထများ နည်းပါး လာသည်ကို တွေ့မြင် နေရသည်။ စာဖတ်သည့် အလေ့ နည်းပါးရခြင်း အကြောင်း နှစ်ချက် ရှိသည်။ ပထမတစ်ချက်မှာ မြို့ပြနှင့် ကျေးလက်ရှိ လုပ်သားပြည်သူ များသည် မိမိတို့၏ စားဝတ်နေရေး အတွက် ရုန်းကန်လှုပ်ရှား နေရခြင်း၊ ဒုတိယ အချက်မှာ ဖျော်ဖြေရေး အခန်းကဏ္ဍများ တိုးတက်များပြားလာခြင်း နှင့် ခေတ်မီလှသည့် လက်ကိုင်ဖုန်း များတွင် ပါဝင်သည့် အင်တာနက် ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်း များကို လူငယ်များ စွဲလမ်းလှသည့် အတွက်ပင် ဖြစ်သည်။

မြို့နယ်နှင့် ကျေးလက်တို့တွင် စာကြည့်တိုက် များရှိလင့် ကစား စာဖတ်သည့် အလေ့အကျင့် နှင့် စာဖတ်ရှိန် မြှင့်တင်ပေးရန် အရေးကြီး လာပါပြီ။ စာရေးသူ ဖတ်ခဲ့၊ မှတ်ခဲ့ ရသည့် ဆောင်ပုဒ် အချို့ကို ပြန်လည်ဝေငှ လိုပါသည်။ ''အလှအတွက် မှန်ကြည့်သလို ဘဝအတွက် စာကြည့်ပါ''၊ ပညာရှိ မာကရက်ဖူလာ ၏ အဆိုမှာ ''သင့်ဆီမှာ ပညာ ဗဟုသုတေ တွရှိရင် တခြားသူတွေ ဆီကိုလည်း ဖယောင်းတိုင် မီးညှိသလို ဖြန့်ဝေ ပေးလိုက်ပါ''၊ ''စာဖတ်ခြင်းဖြင့် ဘဝကို အလှပြင် နေသောသူနှင့် စာမဖတ်ဘဲ အသက်ရှင် နေသောသူတို့ အချိန် ကြာလာလျှင် တဖြည်းဖြည်း သိသာ လာလိမ့်မည်'' ဟူ၍ ဖြစ်သည်။
ယခုအခါ စာဖတ် ပရိသတ်များ၊ စာပေ ရေချမ်းစင်များ တိုးပွား လာသည်ကို အားရဖွယ် တွေ့မြင် နေရသည်။ အချို့သော ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများ တွင်ပင် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများ ထားရှိ လာသည်ကို တွေ့ရှိ လာရသည့် အတွက် စာဖတ်သည့် အလေ့အထ ကောင်းများ တစ်နယ်လုံး အတိုင်းအတာ မှသည် မြန်ပြည် တစ်ဝန်းလုံးသို့ ပျံ့နှံ့စေ ပါရန် စာရေးသူမှ ဆုမွန်ခြွေအပ် ပါသည်။

Themyawadydaily

"ပန်းလိုချင် အပင်ပျိုးတတ်မှ"


ကျွန်တော်တို့ ခေတ်ပေါ်လူ့အဖွဲ့အစည်းရဲ့ မိဘလုပ်သူတွေဟာ 
သူတို့ကလေးငယ်တွေကို မူကြိုကျောင်း အစောကြီးပို့ပြီး ကလေးတွေရဲ့ 
ဦးနှောက်ထဲကို ပညာရေးတွေ ရိုက်သွင်းချင်နေကြပါတယ်။ ကလေးတွေ 
အရွယ်မရောက်ခင်မှာ စာဖတ်တတ်အောင်၊သင်္ချာတွက်တတ်အောင် ၊
ပြီးတော့ ဘာသာစကားနှစ်မျိုးလောက် ပြောတတ်အောင် အတင်းအကြပ် 
ပုံသွင်းပေးချင်နေကြတဲ့ မိဘတွေအများကြီးရှိပါတယ်။ 

မူကြိုကျောင်း သင်ရိုးညွှန်းတမ်း ထဲမှာ ဆော့ကစားချိန်များများထည့်ထားရင် 
မိဘတွေက သိပ်မကြိုက်ချင် လှပါဘူး။အသိဥာဏ်ကောင်းကောင်းမဖွံ့ဖြိုးခင်မှာ 
စာတွေအတင်း သင်စေချင်နေကြပါတယ်။ 

သားသမီးတွေကို ကျောင်းစောစောထားဖို့ စိတ်ကူးနေတဲ့မိဘတွေအနေနဲ့ 
မေးခွန်းနှစ်ခုကို အရင်ဆုံး ဖြေကြည့်သင့်ပါတယ်။သားသမီးကို အချက်အလက် 
ကိန်းဂဏန်းတွေ ထုတ်လုပ်ပေးနိုင်တဲ့ စက်ယန္တရား တစ်ခုလိုမျိုးဖြစ်စေချင် 
တာလား။ဒါမှမဟုတ် ဘဝအခက်ခဲတွေကို ရင်ဆိုင်ဖို့ပြင်ဆင်ပြီးသား 
လူတစ်ယောက် အဖြစ် ကြီးပြင်းစေချင်တာလား။ 

တကယ်တော့ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ပြည့်ဝရင့်ကျက်ခြင်း၊ 
လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ ကျမ်းမာသန်စွမ်းခြင်း စတဲ့ အခြင်းအရာတွေ 
အပြည့်အဝရှိနေစေ မှသာလျှင် ကြီးပြင်းလာတာနဲ့အမျှ လူတိုင်းနဲ့ အံဝင်ခွင်ကျ 
ပေါင်းသင်းဆက်ဆံတတ်မှာ ဖြစ်ပါတယ်။ ဒီလိုအရည်အသွေး ပိုင်ဆိုင်စေချင် 
ရင်တော့ ဆော့ကစားခြင်းကို ခွင့်ပြုပေးရပါလိမ့်မယ်။ 

ဆော့ကစားခြင်းရဲ့ အထူးခြားဆုံး အရည်အသွေးတစ်ခုက စိတ်ကူးယဉ်ခြင်း၊
စူးစမ်းရှာဖွေခြင်းနှင့် တီထွင်ဖန်တီးခြင်းတို့ကို လွတ်လပ်စွာ လုပ်ဆောင်တတ် 
စေပါတယ်။ 

ဆော့ကစားခြင်းဆိုတာ သဘာဝလုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး အပြုသဘော 
ဆောင်တဲ့ ရလာဘ်တွေ ဖြစ်လာစေ ပါတယ်။ကလေးငယ်တွေကို 
ကစားဖို့အတင်းအကျပ် တိုက်တွန်းစရာမလိုပါဘူး။ ဗီဇလလှုံ့ဆော်မှုအရ 
သူ့ဖာသာ ဆော့ကစားလာမှာ ဖြစ်ပါတယ်။ ဆော့ကစားလိုစိတ်နဲ့ 
စူးစမ်းလိုစိတ်ကြောင့် ကလေးငယ်တွေဟာ အသိပညာ အသစ်တွေရရှိလာပြီး 
အနာဂါတ်အတွက် လုပ်ဆောင်ရမယ့် သင်ယူခြင်း လုပ်ငန်းစဉ်ကို အလွယ်တကူ
လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။ 

ပြင်ပကမ္ဘာကိုလည်း အဆင်ပြေပြေ၊နွေးနွေးထွေးထွေး ပွေ့ဖက် လာနိုင် 
ပါလိမ့်မယ်။ ဒီအရည်အသွေးတွေက စာဖတ်တတ်ဖို့၊စာရေးတတ်ဖို့၊
တစ်နှစ်သုံးလေး ရေတွက်တတ်ဖို့ အပြင် ကျွန်တော်တို့ကမ္ဘာကြီး အတွက် 
အရေးတကြီးလိုအပ်နေတဲ့အရာတွေပဲ မဟုတ်ပါလား…..။

ဒါဖြင့် ဒီနေ့ခေတ် ကလေးသူငယ်တွေဟာ ဘယ်လိုကစားနည်းတွေနဲ့ 
ဆော့ကစားနေကြပါသလဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက Outdoor Games 
တွေဖြစ်တဲ့ ရွှေစွန်ညို၊ ပုန်းစလုတ်တောက်တဲ့၊ ညောင်ပင်တစ္ဆေ၊ တူတူပုန်းတမ်း၊ 
စိန်ပြေးလိုက်တမ်း တို့ကို ကစားခဲ့ကြပါတယ်။ အဲဒီကစားနည်းတွေဟာ အခြေခံ 
အားဖြင့် ကိုယ်လက်ကြံ့ခိုင်မှုကို အထောက်အကူပေးပါတယ်။ ပြီးတော့ 
စုပေါင်းစိတ်ဓာတ်ကိုလည်း ဖွံ့ဖြိုးလာစေပါတယ်။ 

ဒီနေ့ကလေးငယ်တွေရဲ့ အဓိက ကစားစရာဟာ တီဗွီဖန်သားပြင်တွေ 
ဖြစ်နေပါပြီ။ တီဗွီ ရှေ့မှာ နာရီပေါင်းများစွာထိုင်ရင်း အချိန်ကုန်ကြပါတယ်။ 
တီဗွီအပြင် ကွန်ပြူတာဂိမ်း၊ ဗွီဒီယိုဂိမ်း တို့လည်း ရှိနေပါသေးတယ်။ဒါတွေကို 
နည်းပညာရဲ့ အသီးအပွင့်တွေလို့ သတ်မှတ်ကြမလား၊ဒါမှ မဟုတ် 
သဘာဝကျကျ ဆော့ကစားခြင်းအတွက် အနှောင့်အယှက် တစ်ခုလို့ 
ယူဆကြမလား….။

မိဘတွေအနေနဲ့ကတော့ ကလေးငယ်ကို နည်းပညာအသစ်နဲ့ ယဉ်ပါးစေပြီး 
တစ်ချိန်တည်းမှာပဲ ဖျော်ဖြေမှုပေးစွမ်းနိုင်တာကြောင့် သဘောကျကောင်း 
ကျနိုင်ပါလိမ့်မယ်။ဒါပေမယ့် သိထားရမှာက နည်းပညာဆိုတာ 
ကောင်းကျိုးရှိသလို၊ဆိုးကျိုးလည်း ပေးစွမ်းနိုင်ကြောင်း ရှိကြောင်းပါပဲ။ 

နည်းပညာ အသစ်အဆန်းတွေဟာ ကလေးငယ်တွေရဲ့ ကိုယ်ခန္ဓာ ကျန်းမာရေး 
သာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေကြောင်း ပညာရှင်တွေက ထောက်ပြ 
နေကြပါပြီ။ 

တစ်ချို့ကလေးငယ်တွေဟာ ကွန်ပြူတာတွေကို ဘိန်းစွဲသလို စွဲနေကြပါတယ်။
ပြင်ပ ကမ္ဘာနဲ့ လုံးဝအဆက်ပြတ်သလို ဖြစ်သွားပြီး ကွန်ပျူတာဂိမ်းရဲ့ 
ထောင်ချောက်ထဲမှာ ပိတ်မိနေကြပါတယ်။ သူ့ပတ်ဝန်းကျင်မှာ 
ဘာတွေဖြစ်နေဖြစ်နေ ဂရုမစိုက်တော့ပါဘူး။သူသိတာက ဂိမ်းအနိုင်ရဖို့ 
တစ်ခုပါပဲ။

ဒီလိုနဲ့ကလေးငယ်တွေဟာ မိသားစုအဝန်းယိုင်းထဲမှာတောင် အထိအတွေ့ 
နည်းလာကြပါတယ်။ ကွန်ပြူတာရှေ့မှာတစ်ယောက်ထဲနေရလေလေ 
သာယာလေလေ ဖြစ်လာပါတယ်။ 

ဒီလိုအခန်းအောင်းပြီးဂိမ်းဆော့ခြင်းရဲ့ အကျိုးရလာဘ်အဖြစ် မျက်စိအဝေးမှုန် 
ဖြစ်လာကြပါတယ်။ ရန်လိုစိတ်ကြီးမားလာမယ်။ ကွန်ပျူတာရှေ့မှာ မထစတမ်း 
ဆော့ကစားရင်းစားသောက်ဖို့ပါ အချိန်မပေးနိုင်လောက်အောင်
ဖြစ်လာကြပါတယ်။ ဒီတော့ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အပြင် အဟာရချို့တဲ့မှုပါ ထပ်ဆင့်လိုက်တဲ့ အခါ ကျမ်းမာရေးထိခိုက်လာ၇တော့တယ်။ 

လေ့လာမှုစစ်တမ်းတစ်ခုအရ ဂိမ်းဆော့တဲ့ကလေးငယ်တွေဟာ ကစားပွဲ 
တစ်ခုအတွင်း လက်ကိုင်ခလုတ်ကို အကြိမ် တစ်ရာ့ငါးဆယ်မှ သုံးရာအထိ
နှိပ်ကြရပါတယ်။ ကြာလာတဲ့အခါ လက်ချောင်းတွေမှာ ဒဏ်ဖြစ်ပြီး 
အဆစ်အမြစ်ဝေဒနာ ကပ်ငြိခံစားရပါတယ်။ ဆေးပညာအရ အဲဒီဝေဒနာကို De 
Quervain’s stenosing Tenosynovitis လို့ အမည် ပေးကြပါတယ်။

ဒီတော့ကလေးငယ်တွေကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေတဲ့ 
ရိုးရာကစားနည်းတွေ နေရာမှာ နည်းးပညာ ကစားနည်းတွေ 
အစားထိုးဝင်ရောက်လာခြင်းဟာ ဆိုးကျိုးကိုသာ ပိုများလာစေပါတယ်။ 

ကလေးဆိုတာ ခံစားမှု နုနယ်တယ်၊တွေးခေါ်ချင့်ချိန်နိုင်မှု အားနည်းတယ်။ 
သူတို့အတွက် ဆိုးကျိုးဖြစ်စေမယ့် ကိစ္စတွေက လွတ်မြောက်အောင် 
လူကြီးတွေက ကူညီပံ့ပိုးပေးရမှာဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ 
ပတ်ဝန်းကျင်နဲ့ စုပေါင်းကစားနည်းတွေကို ကလေးတွေအာရုံဝင်စားလာအောင် 
လုပ်ဆောင်ပေးကြရပါမယ်။ 

နည်းပညာဂိမ်းတွေဟာ ကလေးငယ်တွေအသိဥာဏ် ဖွံ့ဖြိုးစေရေးအတွက် 
အထောက်အကူ ဖြစ်ကောင်း ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ 
ကမ္ဘာကြီးမှာ အသိဥာဏ်ဖွံ့ဖြိုးမဥ တစ်ခုတည်းကိုသာ လိုအပ်နေတာ 
မဟုတ်ပါဘူး။ 

fact တွေအပေါ်အခြေခံတဲ့ knowledge ရှိရမှာဖြစ်သလို၊ value တွေအပေါ် 
အခြေခံတဲ့ wisdom ရှိဖို့လည်း လိုအပ်ပါတယ်။ဒီတော့ ကလေးငယ်တွေ 
အိမ်အပြင်ထွက်ပြီး လွတ်လွတ်လပ်လပ် ဆော့ကစားကြပါစေ………………။

ကြက်သွန်နီလှီးတဲ့အခါ မျက်ရည်မယိုအောင် ရှောင်ရှားနိုင်မယ့် နည်းလမ်းတစ်မျိုး


ကြက်သွန်နီမှာ Lachrymatory factor (LF) လို့ခေါ်တဲ့ မျက်လုံးကျိန်းစပ်ကာ မျက်ရည်ယိုးစီးစေတဲ့ ဓာတ်ငွေတစ်မျိုး ထုတ်လွှတ်ပါတယ်။ ဂျပန်သုတေသီတွေက LF ထုတ်ပေးဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ အင်ဇိုင်းမပါတဲ့ ကြက်သွန်နီတစ်မျိုး စိုက်ပျိုးခဲ့ကြပါတယ်။ ဒါကြောင့် မျက်ရည်ယိုတာတွေ မဖြစ်တော့ဘူး။ ဒါပေမယ့် အဲဒီကြက်သွန်နီမှာ အကျိုးပြုပေးတဲ့ ဆာလဖာပေါင်းပါဝင်မှုတွေ မရှိတော့ပါဘူး။ ကြက်သွန်နီ လှီးတဲ့အခါ မျက်ရည်တွေကျလာတာ အဆင်သိပ်မပြေမယ့် အဲဒီအချက်ကပဲ သူ့မှာပါဝင်တဲ့ ကျန်းမာရေးအကျိုးပြု အာနိသင်များစွာရောစပ်ပါဝင်နေကြောင်း သိသာစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ World’s Healthiest Foods က ကြက်သွန်နီလှီးတဲ့အခါ မျက်လုံးအနှောက်အယှက်ဖြစ်စေမှုနဲ့ မျက်ရည်ယိုခြင်းလျော့နည်းသက်သာစေမယ့် ကြက်သွန်နီလှီးနည်းတချို့ ထပ်ဆင့်ဝေမျှပေးထားပါတယ်။

ကြက်သွန်နီလှီးလို့ မျက်စိကျိန်းစပ်လာရင် သင်လက်တွေ့ အသုံးချနိုင်တဲ့ နည်းတစ်ချို့ရှိပါတယ်။ ဓားထက်ထက်တစ်လက် အသုံးပြုပြီး အမြဲတမ်းမတ်သပ်ရပ် လှီးပါ။ ဒီနည်းနဲ့ဆိုရင် မျက်စိကို ကြက်သွန်နဲ့ ဝေးနိုင်သလောက် ဝေးစေပါလိမ့်မယ်။ ကြက်သွန်နီလှီးတော့မယ်ဆိုရင် ပြတင်းပေါက်နား သွားဖို့ သတိရပါ။ အဲဒီလိုလုပ်လို့မှ မျက်ရည်တွေ ပေါက်ပေါက်စီးကျနေသေးတယ်ဆိုရင် မျက်မှန် သို့မဟုတ် Googles မျက်မှန် တပ်ကြည့်ပါ။

မလှီခင်ဖြစ်စေ ကြက်သွန်နီကို တစ်နာရီလောက် အေးနေအောင်ထားတာကလည်း ကြက်သွန်ရဲ့ ဓာတ်ပြောင်းလဲမှုနှေးကွေးစေတာကြောင့် LF ဓာတ်ငွေ့ ထုတ်လုပ်မှုနှုန်း လျော့နည်းစေပါတယ်။ အေးစေပြီးမှလှီးတာ၊ ပြီးတော့ စီးနေတဲ့ရေထဲ ကြက်သွန်လှီးတာ မျက်စိကျိန်းစပ်သာသက်ဖို့ အသုံးပြုတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းဟာ ရေးစီးမှုကြောင့် ကြက်သွန်နီမှာပါဝင်တဲ့ အာဟာရဓာတ်တစ်ချို့ကို ဆုံးရှုံးစေနိုင်တဲ့အတွက် ဒုတိယမြောက်အကောင်းဆုံး နည်းအဖြစ်သာ သတ်မှတ်ထားကြပါတယ်။

Source: HTB
Trend

"ကျွန်မသားလေးကို ကြည့်လို့ရမလား.."


အနှီးနဲ့ထုပ်ထားသော မွေးကင်းစကလေးကို မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ အသာအယာ ထည့်ပေးလိုက်ကြသည်။ မိခင်က ကလေးရဲ့မျက်နှာကို မြင်ရအောင် အနှီးစလေးကို သပ်လိုက်သောအခါ ဆရာဝန်မှ အလျင်အမြန် မျက်နှာလွှဲလိုက်ပြီး ဆေးရုံပြတင်းပေါက်ကို အဓိပ္ပါယ်မရှိ ငေးကြည့်နေလိုက်သည်။ ကလေးသည် ချစ်စရာကောင်းသော ကလေးတစ်ယောက်ဖြစ်သည်။ ဘ၀ကံအကြောင်းမလှပသောကြောင့်သာ နားရွက်တစ်ဖက် ပါမလာခဲ့ခြင်းဖြစ်သည်။


အချိန်တန်၍ကလေးကို စမ်းသပ်ကြည့်သောအခါ ကလေးမှာ အကြားအာရုံ ပုံမှန်အတိုင်းကောင်းမွန်ကြောင်း တွေ့ရသည်။ နားရွက်တစ်ဖက်၏ အပြင်ပိုင်းသာ မွေးရာပါ ပါမလာခြင်းဖြစ်သည်။ အဆိုးထဲက အကောင်းဟုပင် ပြောနိုင်သည်။ ကျောင်းတက်သည့်အရွယ်သို့ ရောက်သောအခါ ကလေးကျောင်းမှ ပြန်လာတိုင်း မိခင်ဖြစ်သူ တွေးမိသည့်အချက်တစ်ချက်ရှိသည်။ ကလေးကြီးလာသောအခါ ဘ၀တွင် စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေ အများကြီး ကြုံတွေ့နိုင်သည်ဟူသော အချက်ဖြစ်သည်။

ကောင်လေးအသက်တဖြည်းဖြည်းကြီးလာသည်။ နားရွက်တစ်ဖက် မပါသည်ကလွဲလျှင် ကောင်လေး၏ ဘ၀သည် ကုသိုလ်ကံ အလွန်ကောင်းသည်ဟုပြောနိုင်သည်။ ကောင်လေးသည် ရုပ်ရည်ချောမောပြေပြစ်သည်။ ကျောင်းတွင် နာမည်ကျော်ကြားသည်။ ကျောင်းစာထူးချွန်သည်။ ဂီတအနုပညာတွင် ထူးချွန်သည်။ အမေဖြစ်သူက သားကို တစ်ခြားကောင်လေးတွေထက် တော်သည်ဟု မကြာခဏ ချီးမွမ်းနေသော်လည်း စိတ်ထဲမှာတော့ သားအပေါ် သနားကြင်နာစိတ်တွေ ယိုဖိတ်နေသည်။

အဖေဖြစ်သူသည် သား၏ နားတစ်ဖက်ကို ကောင်းမွန်အောင် ပြုလုပ်နိုင်မည့်နည်းလမ်းများကို မိသားစုဆရာဝန်နှင့်တိုင်ပင်သည်။

"နားတစ်ဖက်လှူမယ့်သူသာ ရှိမယ်ဆိုရင် နားကို အကောင်းအတိုင်းဖြစ်သွားအောင် ပြန်ဆက်ပေးလို့ရပါတယ်။"

အဖေဖြစ်သူသည် သူ၏သားအတွက် နားတစ်ဖက်လှူပေးမည့် အလှူရှင်ကို ရှာဖွေသည်။ နှစ်နှစ်ခန့်ကြာသောအခါ ကံကောင်းထောက်မစွာဖြင့် နားအလှူရှင်ကို တွေ့သည်။

"သား.. မင်းရဲ့နားကို အစားထိုး ခွဲစိတ်ကုသရမယ်။ အမေနဲ့ အဖေတို့ သားအတွက် နားတစ်ဖက်ပေးမယ့် အလှူရှင်ကို တွေ့ထားတယ်။ ဒါပေမယ့် အလှူရှင်က သူလှူတယ်ဆိုတာကို ဘယ်သူ့ကိုမှ အသိမပေးဘဲ လျှို့ဝှက်ထားချင်တယ်တဲ့.."

နားအစားထိုးခွဲစိတ်ကုသမှုသည် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး သားဖြစ်သူအား လူသစ်တစ်ယောက်ဖြစ်စေခဲ့သည်။ ပင်ကိုယ်ချောမောပြေပြစ်မှု၊ ထက်မြက်ထူးချွန်မှုများနှင့် ယခုပြုပြင်လိုက်သော ချွတ်ယွင်းချက်မရှိမှုတို့ ပေါင်းစပ်လိုက်သောအခါ သားဖြစ်သူသည် ကျောင်းတွင် ပြီးပြည့်စုံသော ယောက်ျားလေးတစ်ယောက်အဖြစ် ထင်ပေါ်ကျော်ကြားလာခဲ့သည်။ 
သားဖြစ်သူသည် အိမ်ထောင်ကျပြီး အလုပ်အကိုင်ဖြင့် တည်တည်ငြိမ်ငြိမ်ဖြစ်လာသောအခါ မိမိအား နားတစ်ဖက် လှူပေးခဲ့သည့် ကျေးဇူးရှင်ကို သိချင်စိတ် ပြင်းပြလာသည်။

"ကျွန်တော့်အနေနဲ့ သိသင့်ပါတယ် အဖေ.. ဘယ်သူက ကျွန်တော့်အတွက် ဒီလောက်တောင် ရက်ရက်ရောရော ပေးကမ်းလှူဒါန်းခဲ့ရတာလဲ..ကျွန်တော်သူ့အတွက် တစ်ခုခုပြန်လုပ်ပေးချင်ပါတယ်။ ကျွန်တော့်မှာ ကျေးဇူးပြန်ဆပ်နိုင်တဲ့ အရည်အချင်းလဲ ရှိနေပါပြီ.."

"အဖေကတော့ မထင်သေးဘူးကွာ.. သားကို နားတစ်ဖက်လှူခဲ့တဲ့သူကို သားသိဖို့ အချိန်မတန်သေးဘူး.."

နှစ်တွေတဖြည်းဖြည်းကြာသွားပြန်သည်။ သားတစ်ယောက်အတွက် စိုးရိမ်ပူဆွေးမှု အဖြစ်ရဆုံးအချိန်ကို ရောက်ရှိလာခဲ့သည်။ မိခင်ဖြစ်သူကွယ်လွန်သည့်နေ့ဖြစ်သည်။

သားအဖနှစ်ယောက် မိခင်ဖြစ်သူ၏ ရုပ်အလောင်းဘေးတွင် ပူဆွေးသောကရောက်နေကြသည်။ အဖေဖြစ်သူသည် ရုပ်အလောင်း၏မျက်နှာမှ ဆံဆများကို လက်တစ်ဖက်ဖြင့် တယုတယ သပ်လိုက်ပြီး သားဖြစ်သူကို တိုးညှင်းစွာ ပြောလိုက်သည်။

"မင်းရဲ့အမေက သူ့ရဲ့ဆံပင်တွေကို မညှပ်ဘဲထားခဲ့တာ နှစ်တော်တော်ကြာသွားပြီ.. ဘယ်သူကမှလည်း မင်းအမေကို အလှလျော့သွားတယ်လို့ မပြောကြဘူး မဟုတ်လား.."

အဖေဖြစ်သူ သပ်လိုက်သော ဆံပင်အောက်မှာတော့ နားရွက်တစ်ဖက်လစ်လပ်နေသော အမေ့ရဲ့မျက်နှာ..

--------------------------------------------------------------

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားဆိုတာ အသိမခံဘဲ ချစ်ပြတာပါ…

လိပ်ပြာ

Ref : A Gift of Love

ချစ်သူတွေ တစ်ဦးနဲ့တစ်ဦး ချစ်တဲ့အကြောင်း ဘာ့ကြောင့် နေ့တိုင်းပြောပေးသင့်တယ်ဆိုတာ


YouGov ရဲ့ စစ်တမ်းကောက်ချက်အရ ချစ်သူရည်းစားစုံတွဲ တော်တော်များများဟာ အချိန်နည်းနည်းကြာမြင့်လာတဲ့အခါ တစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားမှုတွေ လျော့နည်းလာကြတဲ့အပြင်၊ စိတ်ခံစားချက်တွေပါ ပြောင်းလဲကုန်ကြတာဟာ ချစ်တယ်ဆိုတဲ့ စကားကို နေ့တိုင်းမပြောတော့တာကြောင့်လို့ ဆိုထားပါတယ်။ သူတို့စစ်တမ်းကောက်ထားတဲ့ ဦးရေ ၂၀၇၁ယောက်ရှိပြီး လက်ထပ်ထားတဲ့သူ ၉၅၉ယောက် နဲ့ ရည်းစားအဆင့်သာရှိကြတဲ့ လက်မထပ်ရသေးတဲ့သူ စုစုပေါင်း ၄၉၄ယောက်ကို မေးမြန်းစစ်တမ်းကောက်ခဲ့ကြတာပါ။

အစပိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦး ချစ်တယ်ဆိုတာကို ပြောမ၀ကြပါဘူးတဲ့။ မင်းကိုချစ်တယ်လို့ တစ်ယောက်ကပြောလိုက်ရင် ကျန်တဲ့တစ်ယောက်က ကိုယ်ကပိုချစ်တာပါလို့ ပြန်ပြောဖို့ ၀န်မလေးပါဘူး။ စုံတွဲအသစ်လေးတွေဆို ပိုတောင်ဆိုးပါသေးတယ်။ အတွဲတွေထဲမှာ ချစ်သူနဲ့တွဲလာတာ သုံးနှစ်ကနေ ငါးနှစ်အတွင်းရှိတဲ့ ခုနမေးမြန်းထားသူဦးရေ တစ်ဝက်လောက်ကတော့ ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း နေ့တိုင်းပြောဖြစ်တယ်လို့ ဆိုပါတယ်။ ၀မ်းနည်းစရာကောင်းတဲ့နောက်တစ်ချက်က ငါးနှစ်ကနေ ၁၀နှစ်အတွင်း တွဲလာတဲ့သူ၊ လက်ထပ်ထားသူတွေထဲက ၃၃ရာခိုင်နှုန်းသာ မင်းကိုချစ်တယ်၊ ရှင့်ကိုချစ်တယ် ဆိုတာကို နေ့တိုင်းပြောဆိုဖြစ်ကြတော့တာပါပဲ။ နှစ်ငါးဆယ်လောက် တွဲပြီးသွားပြီ၊ အတူနေထိုင်နေသူတွေဆိုရင်တော့ ၁၈ ရာခိုင်နှုန်းသာ ချစ်တဲ့အကြောင်း နေ့တိုင်းပြောဖြစ်ပါသတဲ့။ အမှန်တော့ ချစ်သူစုံတွဲတွေဟာ ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်တယ်ဆိုတာကို ဖွဲ့နွဲ့မပြောဖြစ်ကြရတောင် တစ်ဦးနဲ့တစ်ဦး ရေရှည်မှာ ပိုမိုခိုင်မြဲတဲ့သံယောဇဉ်ကြိုးကို ချည်နှောင်ထားနိုင်ဖို့အတွက် ရှင့်ကိုချစ်တယ်၊ မင်းကိုချစ်တယ် ဆိုတဲ့စကားကို နေ့တိုင်းပြောဆိုပေးဖို့ လိုကိုလိုအပ်တာပါ။ ဒါဟာ ကြားရသူအတွက် ခွန်အားဖြစ်စေသလို၊ ပြောသူအတွက်လည်း ပီတိပျော်ရွှင်မှုကို အနည်းဆုံးခံစားနိုင်တယ် မဟုတ်ပါလား။

Ref:cosmopolitan.com
Trend

စိတ်ကောင်းမမွေးနိုင်သရွေ့ လူကောင်းတစ်ယောက်ဖြစ်လာမည် မဟုတ်ပေ


စိတ်သည် မမြင်နိုင်သော အရာတစ်ခုဖြစ်သည်။ စိတ်သည် အလွန်ပင် ထိန်းချုပ်ရ ခက်ပါသည်။ အထူးသဖြင့် မကောင်းတဲ့ အရာတွေမှာဆိုရင် ထိန်းချုပ်နိုင်ဖို့ ခက်ခဲလှပါသည်။ စိတ်ကို အသိဥာဏ် ဖြင့်သာ ထိန်းချုပ်ပါ။

အလွယ်တကူ ပျံ့လွင့်နေသော စိတ်ဟာ တစ်စုံတစ်ယောက် အပေါ် တွေးတော
ကြံစည်ရန် လွယ်လှပါသည်။ ဒါကြောင့် စိတ်ကောင်းထားဖို့ လိုပေမည်။ စိတ်ကောင်း မထားနိုင်သ၍ လူကောင်း တစ်ယောက် ဖြစ်လာမည် မဟုတ်ပါဘူး။ အပေါ်ရန်က
ပြုံးရွှင်သော မျက်နှာထားနဲ့ အတွင်းစိတ် ကောက်ကျစ် သူများသည် ကြောက်စရာ ပိုမို၍ ကောင်းသည်။ 

ဒါကြောင့် မျက်နှာမှ ပြုံးမပြချင်နေပါ ရင်ထဲမှာတော့ မမုန်းလိုက်ပါနဲ့။ စိတ်ကို ကောင်း မွန်စွာမွေးမြူ နိုင်ကြပါစေ။

ကျော်လင်းနိုင် (ရိုးရာလေး)

ညီမဖြစ်သူကိုထပ်မံယူလိုက်တဲ့မိန်းမနှစ်ယောက်နဲ့ ရင်နာ စရာဇာတ်လမ်း (အသိခေါက်ခက် အဝင်မနက်ကြပါနဲ့)

ဒီဆောင်းပါးကို ဖော်ပြရခြင်းအဓိက ရည်ရွယ်
ချက်ကတော့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေ အိမ်ထောင်ပြုကြတဲ့အခါ အိမ်ထောင်ဘက်
အရွေးမမှားရလေအောင် ဆင်ခြင်နိုင်ဖို့ ဖြစ်
ပါတယ်။ မနက်က ဦးဇင်း ဒကာမကြီးတစ်ယောက်


အိမ်ကို ဆွမ်းစားကြွပါတယ်။

အဲဒီမှာ အနီးအနားရဲ့ လူနေထိုင်မှုအခြေအနေတွေ မေးကြည့်တယ်။ ဘာသာခြားတွေရဲ့ အခြေအနေတွေကိုပေါ့။ သူတို့အိမ်နား မနီးမဝေးမှာ ကုလားတစ်အိမ်ကလွဲလို့ ဘာသာခြားမရှိတဲ့အကြောင်းပြောပြပါတယ်။ မိန်းကလေးတွေ များတဲ့အိမ်ဖြစ်နေတော့ ဆွမ်းဒါနအကြောင်းကို နည်းနည်းလေးပဲဟောပြီး အမျိုး ဘာသာ သာသနာနဲ့ ပတ်သတ်တာလေးတွေကိုပဲ ဟောဖြစ်ခဲ့ပါတယ်။

ဒီရပ်ကွက် ဒီအနီးအနားဝန်းကျင် ဘာသာခြားတွေရောက်လာရင် သတိထား ဂရုတစိုက်ရှိဖို့နဲ့ မျက်နှာစိမ်း ဘာသာခြားများ နေထိုင်တွေ့ရှိလို့ မသင်္ကာရင် ရပ်ကွက်ရုံး မြို့နယ်ရုံးနဲ့ ဘုန်းတော်ကြီးကျောင်းများကို သတင်းပေးဖို့။ ပြီးရင် ဈေးဝယ်တဲ့အခါမှာလည်း (၉၆၉) ဆိုင်တွေမှာဈေးဝယ်ဖို့။ အပေါင်းအသင်းထားတဲ့အခါ ဘာသာတူအချင်းချင်း ပေါင်းသင်းဆက်ဆံဖို့၊ အိမ်ထောင်ပြုတဲ့အခါမှာ ဘာသာတူအချင်းချင်း အိမ်ထောင်ပြုဖို့ကိုပဲ ဟောပြောခဲ့ပါတယ်။

ဘာသာခြားကို လင်လုပ်လို့ ဒုက္ခရောက်နေသူတွေအကြောင်း၊ ဘာသာခြား အင်အား ကြီးလာရင် အိမ်ရှင်ကိုရိုက်ပြီး အိမ်လုတတ်ကြောင်း ထင်ရှားတဲ့ဥပမာအရ ရခိုင်ပြည်နယ်အခြေအနေ၊ မိတ္ထီလာအခြေအနေ၊ ဥက္ကံအခြေအနေ၊ အခုလားရှိုးအခြေအနေ ၊ အနောက်နိုင်ငံအခြေအနေတွေကို အနာဂတ်ရဲ့ မျိုးဆက်သစ် မိန်းကလေးများအားလုံးကို ဆုံးမပေးခဲ့ပါတယ်။

ဆွမ်းကိစ္စအားလုံးပြီးသွားတဲ့အခါ ဒကာမကြီးပြောခဲ့တာ ကုလားအိမ်တစ်အိမ်အကြောင်းကို စိတ်ဝင်စားတာနဲ့ ဆက်ပြီး မေးမြန်းကြည့်လိုက်ပါတယ်။ အဲဒီကုလားက အရင်တည်းက မိန်းမနှစ်ယောက်ရှိကြောင်း၊ နောက် ဗမာမိန်းကလေးတစ်ဦးနဲ့ချစ်ကြိုက်ပြီး ယူလိုက်ကြောင်း၊

အဲဒီဗမာမိန်းကလေးမှာလည်း ညီမငယ်တစ်ဦးရှိကြောင်း ၊ အနေနီးစပ်တာလား၊ ဘယ်လိုပြောရမှန်းမသိ၊ အဲဒီကုလားက သူရဲ့ဗမာမိန်းမရဲ့ ညီမဖြစ်သူကိုပါ ထပ်မံ၍ယူလိုက်ကြောင်း ပြောပြပါတယ်။

အသားတွေ တဆတ်ဆတ်တုန်လောက်အောင် နာကြဉ်မိပါတယ်။ အဲဒီစကားကို ကြားလိုက်တဲ့အခါမှာပေါ့။ နောက်ဆက်ပြီးပြောပြပါတယ်။ အဲဒီအငယ်မကတဲ့ သူအစ်မယောက်ျား သူ့ခဲအိုကုလားကို ယူပြီး ကုလားဇာတ်ထဲဝင်တယ်တဲ့။ ကုလားဘာသာကိုယူလိုက်တယ် ဆိုရင်ပဲ အရင်ကကြည်ညို မြတ်နိုး လက်အုပ်မိုးကာ ရှိခိုးပူဇော်ခဲ့တဲ့ မြတ်စွာဘုရားပုံတော်တွေ၊ ပိဋကတ် ကျမ်းစာတွေ၊ သံဃာတော်အရှင်မြတ်များ၊ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးများရဲ့ ပုံတော်တွေကို နင်းချေ ဖျက်စီးပြီးဖြစ်ပါလိမ့်မယ်။


အဲဒီအကုသိုလ်ကံက နောက်ဘဝတောင်မခြားဘဲ ယခုဘဝမှာပင် အဲဒီ ညီမဖြစ်သူ ကောင်မလေး
ခဗျာ လေဖြတ်သွားတယ်လို့လည်း ပြောပြပါတယ်။ လေဖြတ်တော့လည်း သူ့ယောက်ျား ကုလားရဲ့
လုပ်စာကို စားရတယ်မထင်နဲ့။ အစ်မကြီးကနေ ပြန်လည် စောင့်ရှောက်ထားလို့သာ အသက်ရှင်
လျက်ရှိနေတာပါ။ ဒါပေမယ့် ရှင်လျက်နဲ့သေနေပါပြီ။

ညီမနှစ်ယောက်လုံးယူထားတယ်ဆိုပေမယ့် ပစ္စည်းဥစ္စာတောင့်တင်းတဲ့ ကုလားမဟုတ်ဘဲ၊ လက်လုပ်လက်စားသမားသာဖြစ်ကြောင်း ဘယ်လိုကနေ ဘယ်လိုကြောင့် ညီမနှစ်ယောက်လုံးမှာ အဲဒီကုလားရဲ့ ကာမကျွန်ဖြစ်သွားတယ်ဆိုတာကို မသိကြောင်းကို ရင်နာနာနဲ့ဒကာမကြီးကပြောသလို နားထောင်ရသူဦးဇင်းမှာလည်း အတော့်ကို နာနာကြင်ကြင်နဲ့ နားထောင်ခဲ့ရပါတယ်။

ဦးဇင်းပြောပြချင်တာက ဗုဒ္ဓဘာသာမိန်းကလေးများ ဆရာတော်များရဲ့ ဆုံးမမှု၊ မိဘ ဆရာသမားများနှင့် ကိုယ့်ထက် အသက်ဂုဏ်ဝါ သိက္ခာကြီးသူများက ဘာသာခြားကို လင်မလုပ်ကြဖို့ ဆုံးမတဲ့အခါ တိတိကျကျ လိုက်နာစေချင်ပါတယ်။ အသိခေါက်ခက် အဝင်မနက်ကြပါနဲ့လို့ပြောချင်ပါတယ်။

အသိခေါက်ခက် အဝင်နက်လို့ ဘာသာခြားကို လင်လုပ်တဲ့အခါ ပစ္စုပ္ပန်မှာလည်း ဆင်းရဲမှုမျိုးစုံ ကြုံတွေ့ခံစားရမှာဖြစ်သလို သေလွန်တဲ့အခါမှာလည်း မိစ္ဆာဒိဋ္ဌိ အယူကြောင့် ငရဲကို မုချရောက်မည်ဖြစ်တာရယ်၊ ဒီဘဝမှာလည်း အမျိုးဖျက်မ ဘာသာဖျက်မ ဘဝကို ရောက်မည်ဆိုတာရယ်၊ ဘာသာခြားကိုလင်လုပ်လို့ ခံစားရမည့် အပြစ်များကို အသိတရားကိန်းအောင် ဆုံးမပေးလိုက်ပါသည်။

ဘာသာတူအချင်းချင်းသား အိမ်ထောင်ပြုကြပါလို့ အနူးအညွတ်တိုက်တွန်းလိုက်ပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

အသည်းကွဲလို့သေနိုင်သလား

ယုံချင်ယုံ၊ မယုံချင်နေ ချစ်ရသူတစ်ယောက်ဆုံးရှုံးသွားခြင်း ကြောင့် လူတစ်ယောက်အသည်းကွဲပြီး သေဆုံးနိုင်သည်။ ဗြိတိန်နိုင်ငံဘာမင်ဂန်တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုအရ ဝမ်းနည်းပူဆွေးခြင်း၊ ရင်နာခြင်းနှင့် ဆုံးရှုံးလိုက်ရသည့် စိတ်ခံစားချက်များကဲ့သို့ ပြင်းထန်သော စိတ်ခံစားချက်များကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကိုဆိုးရွားစွာ ပျက်စီးစေနိုင်သဖြင့် အသက်အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။


ချစ်ရသူတစ်ယောက်ဆုံးရှုံးလိုက်ရခြင်းကြောင့် နမိုးနီးယားရောဂါပိုးကဲ့သို့ ဘက်တီးရီးယားများကို တိုက်ဖျက်ရာတွင် ကူညီပေးသောနူထရိုဖီးလ် (neutrophils)ဟုခေါ်သည့် သွေးဆဲလ်များအပေါ် ထိခိုက်မှုများကို သုတေသီများလေ့လာခဲ့ကြသည်။ များမကြာမီက ချစ်သူခင်သူတစ်ယောက်ဆုံးရှုံးထားသူများထံမှ သွေးနမူနာများကို သုတေသီများကရယူပြီး ၎င်းတို့၏ နူထရိုဖီးလ်များက ဘက်တီးရီးယားများကို တိုက်ဖျက်ရာတွင် မည်သို့အကျိုးရှိကြောင်း လေ့လာခဲ့သည်။

ဝမ်းနည်းပူဆွေးမှုဒဏ်ခံစားခဲ့ရသည့် လူငယ်များ၏ နူထရိုဖီးလ် များမှာ များစွာမပြောင်းလဲဘဲရှိနေသ်ာလည်း အသက် (၆၅)နှစ်နှင့် အထက် ပုဂ္ဂိုလ်များမှာ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်ခြင်းမရှိ တော့ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

ယင်းအချက်အပြင် ချစ်သူခင်သူတစ်ယောက်သေဆုံးသွားပြီးနောက် အသက်အရွယ်ကြီးသူများမှာ ရုတ်တရက်အထီးကျန်သွားသည်ဟု ခံစားကြရသဖြင့် ၎င်းတို့မှာနာမကျန်းဖြစ်၍ အားလျော့သွားတတ်ကြသည်။

ဇနီးသည်ကို ဆုံးရှုံးလိုက်ရသော မုဆိုးဖိုတစ်ဦး၏သေဆုံးနိုင်မှု အန္တရာယ်မှာ နှစ်ဆမြင့်မားပြီး သေဆုံးဖွယ်ခြောက်ဆမြင့်မားကြောင်း သုတေသီများ၏ လေ့လာမှုက ဖော်ပြသည်။

အိမ်ထောင်သက်ကြာရှည်သော ဇနီးမောင်နှံများမှာ ၎င်းတို့၏ ဘဝလက်တွဲဖော်ကို ဆုံးရှုံးလိုက်ရပြီးနောက် သေဆုံးနိုင်မှုအန္တရာယ်ပို၍မြင့်မားပြီး အသက်ရှင်ကျန်ခဲ့သူတစ်ဦးအဖို့ ပထမဆုံးနှစ်အတွင်း သေဆုံးနိုင်မှုအန္တရာယ်အမြင့်မားဆုံးဖြစ်ကြောင်း သိရသည်။

—Ref: TOI