Showing posts with label ကချင်သတင်း. Show all posts
Showing posts with label ကချင်သတင်း. Show all posts

ငြိမ်းချမ်းရေးယူချင်သောအရာရှိအား တပ်ကြပ်ကြီးဖြစ်သူမှ သေနတ်ဖြင့် ပစ်သတ်မူ ကေအိုင်အေ တွင်ဖြစ်ပွား


ကေအိုင်အေတပ်ရင်း (၂၈) ဘွမ်မရွန်းမှ ဒုတိယဗိုလ်အဆင့်ရှိ ကလောင်းယိန်းဇုံး နှင့် တပ်ကြပ်ကြီးအဆင့်ရှိ 
ရှန်းတိန်းနော်ဆန်း တို့  (၂) ဦးသည် ကေအိုင်အေတပ်ရင်း (၂၈) ရိပ်သာ တွင် အရက်အတူတကွ သောက်စားခဲ့ရာမှစကားများပြီး တပ်ကြပ်ကြီးမှ အထက်အရာရှိအား ပစ္စတိုဖြင့် ပစ်သတ်ခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာအရက်သောက်စားရာမှ ခေါင်းဆောင်ပိုင်းတာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်အစိုးရ နှင့် ငြိမ်းချမ်း
ရေး ယူသင့်သည်၊ မယူသင့်သည်ကို အချင်းချင်းပြောဆိုခဲ့ကြပါသည်။ 

ထိုသို့ ပြောဆိုရာမှာ အရာရှိဖြစ်သူမှ " တိုက်ပွဲများဖြစ်ပွားမနေသင့်ဘဲ မိမိသာ လူကြီးနေရာတွင်ရောက်ရှိနေလျှင် ဒီလိုအဓိပ္ပာယ် မရှိတဲ့တိုက်ပွဲတွေ တိုက်မနေဘဲ နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်နေသော ငြိမ်းချမ်းရေးသာ ရယူမည်ဖြစ်ကြောင်း"ပြောဆိုခဲ့ပါသည်။


ထိုသို့ ပြောဆိုမူအပေါ် တပ်ကြပ်ကြီးအဆင့်ရှိသူ ရှန်းတိန်းနော်ဆန်း မှ ကျေနပ်လက်ခံခြင်းမရှိဘဲ မိမိ အထက်အရာရှိဖြစ်သူ ကလောင်းယိန်းဇုံး အား "ဘယ်သူသေသေမသေသေ ဂရုစိုက်စရာမလိုဘူး မင်းလိုကောင်တွေရှိနေတာငါတို့ လူမျိုး သိက္ခာကျတယ်" ဟုပြောဆိုပြီး အမ်(၂၀)ပစ္စတိုဖြင့် တလောင်းယိန်းဇုံးအား ပစ္စတိုဖြင့် ပစ်သတ်ခဲ့သည်ဟုသိရှိရသည်။

ကေအိုင်အေတပ်ဖွဲ့ ဝင်များသည် အရာက်သေစာသောက်စားမူးယစ်ပြီး အချင်းချင်းပစ်ခတ်သည့်ဖြစ်စဉ်များ
မကြာခဏ ဖြစ်ပွားလျက်ရှိပြီး အချင်းချင်းစည်းလုံးညီညွတ်မှု၊အထက်အောက်လေးစားမူ မရှိခြင်းတို့ ကြောင့် ကေအိုင်အေခေါင်းဆောင်ပိုင်းအုပ်ချုပ်မူဖြစ်စဉ်များ အများအပြားဖြေရှင်းနေရသည်။ ထို့ အပြင့် အပြင် အထက်လူကြီးပိုင်းများသာ ကောင်းစားကာ အောက်ခြေရဲဘော်များမှာ ဆင်းရဲငတ်ပြတ်နေပြီးစစ်ပွဲများကို စိတ်ကုန်နေပြီ ငြိမ်ချမ်းရေး ရယူလိုသော တပ်ဖွဲ့ ဝင်များလည်း
အလွန်များပြားလျက်ရှိကြောင်း သိရှိရပါသည်။
ခွန်နောင်း
From: ကချင်သတင်းစဉ်

ကချင်နှင့် ရခိုင်ဒုက္ခသည်စခန်းက ကလေးအနည်းငယ်သာ ပညာသင်ကြားခွင့်ရ


ကချင်နဲ့ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ ကလေးအယောက် ၁၀၀ မှာ ၈ ယောက်လောက်သာ ပညာသင်ကြားဖို့ အခွင့်အလမ်း ပုံမှန်ရရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မြန်မာပြည်ဆိုင်ရာ မဟာဗျူဟာစီမံကိန်း အချက်အလက် တုတ်ပြန်ချက်ချက်မှာ ကချင်နဲ့ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည် ကလေးငယ် ၂ သိန်းကျော်ရဲ့ ပညာရေးအခြေအနေနဲ့ ပတ်သက်ပြီး ထည့်သွင်းဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်စခန်းတွေမှာ ကလေး ၈ ရာခိုင်နှုန်းခန့်သာ အလယ်တန်းပညာကို သင်ကြားခွင့်ရပြီး မြန်မာနဲ့ သချာင်္ ၂ ဘာသာကိုပဲ တနေ့ ၂ နာရီ သင်ကြားခွင့်ရနေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့နဲ့ Save the Childrenတို့ ပူးပေါင်း အကောင်ထည်ဖော် ဆောင်ရွက်နေတဲ့ အရေးပေါ်ပညာရေး ကဏ္ဍ ညှိနှိုင်း ဆောင်ရွက်ရေးမှူး အာလို ကစ်ချာမင်က ပြောပါတယ်။

“လက်ရှိမှာတော့ အသက် ၅ နှစ်နဲ့ ၁၁ နှစ်အောက်ကလေးတွေက တနေ့ ၂ နာရီ သချာင်္နဲ့ မြန်မာ ဘာသာကို သင်ယူခွင့်ရနေပါတယ်။ တခြားလူမှုရေး သင်ခန်းစာတွေကို သင်ပေးဖို့အတွက်တော့ အရင်းအမြစ်မရှိပါဘူး။”

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ကလေး ၁ သိန်း ၅ သောင်း ၆ ထောင်လောက်ရှိနေတာပါ။

ကချင်ပြည်နယ် စခန်းတွေမှာ ကလေး ၅ သောင်း ၆ ထောင်လောက်ရှိနေပြီး အစောပိုင်း ကာလ မူကြိုကလေးသူငယ် စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (ECCD)၊ မူလတန်းနဲ့ အလယ်တန်းပညာ သင်ကြားဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

ကလေးတွေက မူလတန်းပညာကို သင်ကြားခွင့်ရပေမယ့် အလယ်တန်းကို ဆက်လက် သင်ကြားချင်တယ်ဆိုရင်တော့ ပဋိပက္ခတွေကြောင့် အဝေးမှာသွားရောက် ပညာသင်ကြားရသလို တရုတ်-မြန်မာ နယ်စပ်တွေမှာ သွားရောက်သင်ကြားတဲ့ ကလေးတွေအတွက် လူကုန်ကူးခံရနိုင်တဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ အာလိုကစ်ချာမင်က ပြောပါတယ်။

ကလေးတွေက သူတို့ရဲ့ ရပ်ရွာကို မစွန်ခွာချင်ပေမယ့် ပညာသင်ရဖို့ အဝေးကို သွားရသလို ကလေးကာကွယ်ရေးကိစ္စတွေအတွက် ဆရာဆရာမကို သင်တန်းတွေ ပေးရတယ်လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာက ကျောင်းသားတွေက များပြီး ကျောင်းအဆောက်အဦတွေ မလုံလောက်သလို ကျောင်းသားမိဘတွေဆီကနေ ငွေကြေးကောက်ခံဖို့လည်း အခက်အခဲရှိတယ်လို့ ပြောပါတယ်။

ရခိုင်နဲ့ကချင်ပြည်နယ် ရွှေ့ပြောင်း ဒုက္ခသည်စခန်းတွေမှာ ကလေး ၂ သိန်း ၂ ထောင်လောက် ရှိပါတယ်။

အသံဖိုင်နားဆင်ရန်
https://soundcloud.com/dvbradio/kh-children-16092015

တိုက်ပွဲများရပ်ဆိုင်းရေးအပါအဝင် အချက်သုံးချက်ကို တပ်မတော်နှင့် ကေအိုင်အေအကြား ဆွေးနွေး


အစိုးရတပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲများရပ်ဆိုင်းရေး၊ မူးယစ်ဆေး ဝါးများပူးပေါင်းတိုက်ဖျက်ရေး၊ ဖားကန့် မြို့ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း များစသည့်အချက်သုံးချက်အား ပူးပေါင်း ကိုင်တွယ်ဖြေရှင်းသွားရန် စက်တင် ဘာ ၅ရက်က မြစ်ကြီးနားမြို့တွင် နှစ် ဖက်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် အစိုးရကိုယ် စားလှယ်အဖွဲ့အနေဖြင့် ကချင်ပြည်နယ် နယ် လုံဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ကဦးဆောင်ခဲ့သလို KIO အဖွဲ့ကိုယ် စားလှယ်အနေနှင့် ဗိုလ်မှူးကြီးဇော်ဒေါင် က ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိ ရသည်။

''အစိုးရကိုယ်စားလှယ်တွေနဲ့ KIO ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ်။ နှစ်ဖက် တပ်ဖွဲ့ဝင်တွေ နောက်ထပ်တိုက် ပွဲတွေမဖြစ်အောင်လို့ ဆွေးနွေးခဲ့တယ်။ နောက် တစ်ခုက မူးယစ်ဆေးဝါးကို အ စိုးရနဲ့ပူးပေါင်းပြီးတော့ ဖြေရှင်းသွား မယ်လို့ KIO ဘက်ကနေ သဘောတူ လိုက်တယ်။ အခုလိုနှစ်ဖက်အဖွဲ့ဝင်တွေ ပြေလည်မှု ရတာဟာ ကောင်းတဲ့လက္ခ ဏာပဲဖြစ်တယ်'' ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာ က ပြောသည်။

ယခုဆွေးနွေးပွဲမပြုလုပ်ခင် သြ ဂုတ်၈ရက်နှင့် ၁ဝရက်နေ့များတွင် ကချင် ပြည်နယ် ဖားကန့်ဒေသအတွင်း၌ အ စိုးရတပ်မတော်နှင့် ကချင်လွတ်မြောက် ရေးတပ်မတော်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ် ပွားခဲ့ပြီး ယခုအချိန်အထိတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိတော့သလို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့နှင့်လည်း အပစ်အခတ်ရပ်စဲထားပြီး ၂ဝ၁၄ ခုနှစ် မကုန်ခင်အချိန်တွင် တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးစာချုပ်အား လက် မှတ်ရေးထိုးနိုင်မယ်လို့လည်း မျှော်လင့် ထားသည်ဟု ဦးလမိုင်ဂွန်ဂျာက ယခု လို ပြောသည်။

အစိုးရတပ်မတော်နှင့်ကချင်လွတ် မြောက်ရေးတပ်မတော် KIA တို့အ ကြား ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကိုယ်စား လှယ်များ တစ်လတစ်ကြိမ်တွေ့ဆုံဆွေး နွေးရန် အတွက် သဘောတူထားသော ကြောင့် ယခုစက်တင်ဘာ၅ရက်က မြစ် ကြီးနားမြို့၌ပြုလုပ်ခဲ့သော တပ်မတော် နှင့် KIA တို့၏ တွေ့ဆုံပွဲသည် ခြောက် ကြိမ်မြောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကချင်မှာ ရိုဟင်ဂျာတပ်ထောင်ရန် တောင်းဆိုတာမရှိဟု ဗိုလ်ချုပ်ဂွန်မော်ပြော


ကချင်လွတ်လပ်ရေး အဖွဲ့နယ်မြေမှာ ရိုဟင်ဂျာ လွတ်မြောက်ရေးတပ် ထူထောင်ခွင့်ပြုဖို့ ဘယ်သူကမှ တရားဝင်လာရောက် တောင်းဆိုတာ မရှိဘူးလို့ ကေအိုင်အို ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကေအိုင်အိုအဖွဲ့က ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်ကို မြန်မာရိုဟင်ဂျာလွတ်မြောက်ရေး အဖွဲ့တာဝန်ရှိသူတဦးက ကေအိုင်အို နယ်မြေအတွင်းမှာ တပ်ထောင်ခွင့် ပြုခွင့်တောင်းဆို တယ်ဆို တာကလည်း သူတို့ချင်း ပုဂ္ဂိုလ်ရေးရင်းနှီးမှု စကားဝိုင်းမှာ ပြောဆိုခြင်းသာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်က အပြင်မှာရှိတဲ့အခါကျတော့ သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက သူတို့ရဲ့ ဆန္ဒကို ဆွေးနွေးတဲ့ သဘောပါပဲ။ တရားဝင် ဆွေးနွေတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ ဗဟိုကော်မတီကို ဗိုလ်မှူးကြီး လွန်းဒေါင်ကလည်း တင်ပြတာ မရှိဘူး။ သူတို့ကလည်း ရင်းနှီးမှုအရ ဆွေးနွေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဒီသဘောထားတွေနဲ့ အလှမ်းဝေးပါတယ်။ အထဲမှာ ဖြစ်ပေါ်နေတဲ့ ပြဿ နာ တစုံတရာမှာ ကျနော်တို့က လက်နက်တပ်ဆင်ပေးတာတို့ သင်တန်းပေးတာတို့ မလုပ်သင့်ပါဘူး။ ပြီးတော့ ဒီကိစ္စက သိပ်ရှုပ်ထွေးတဲ့ အခါ ဗဟိုကော်မတီမှာ တခါမှ မဆွေးနွေးခဲ့ဖူးဘူး။ ကျနော့်တို့ဆီကို တရားဝင်လာပြီး တောင်းဆိုတာမျိုးလည်း မရှိသေးပါဘူး။ ဒီလိုဟာမျိုးက မိတ်ဆွေအချင်းချင်း အပြင်မှာရောက်နေတဲ့လူတွေဟာ မကြာခဏတွေ့ဆုံတတ်ပါတယ်။ သို့သော်လည်းပဲ ဒီလိုအချိန်မှာ ဒီသတင်းတွေ ထုတ်ပြန်လိုက်တယ်ဆိုတာ စဉ်းစားစရာ အများကြီး ရှိပါတယ်။ ကျနော်တို့က လောလောဆယ်မှာ ဒီကိစ္စအတွက် ဘာမှအစီအစဉ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ အင်မတန် ရှုပ်ထွေးတဲ့ ကိစ္စတခု ပြီးလို့ရှိရင် လက်နက်ကိုင်ပြီးတော့ ပြဿ နာ တခုကို အစပြုဖို့ဆိုတာ မလွယ်တဲ့ ကိစ္စပါ။ အင်မတန် ရှုပ်ထွေးတဲ့ ကိစ္စပါ ကျနော်တို့ဆီမှာ ဘာမှ အစီအစဉ်မရှိပါဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အွန်လိုင်းပေါ်တက်လာတဲ့ ဗွီဒီယိုမှတ်တမ်းတခုမှာ သူ့ကိုယ်သူ ရိုဟင်ဂျာခေါင်းဆောင်လို့ မိတ်ဆက်သူတဦးက ကချင်နယ်မြေမှာ သူတို့ တပ်ထူထောင်ချင်တယ်။ ဘယ်ပုံစံနဲ့ နေရာတခုစီစဉ်ပေးနိုင်မလဲလို့ မေးခွန်းထုတ် ပြောဆိုခဲ့တာ တွေ့ရပါတယ်။

ဒီဗွီဒီယိုဖိုင် တက်လာချိန်ဟာ အစိုးရနဲ့ ကေအိုင်အိုပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေ တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးရေး နီးစပ်လာနေချိန်လည်း ဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ကာယကံရှင် ကေအိုင်အို ဗဟိုကော်မတီဝင် ဂျိမ်းစ်လွန်းဒေါင်ကို ဆက်သွယ်မေးမြန်းရာမှာ ဒီအဖြစ်အပျက်ဟာ သူနဲ့ ရင်းနှီးပြီး ကချင်အမျိုးသမီးတဦးရဲ့ အိမ်ထောင်ဖက်ဖြစ်တဲ့ အမေရိကန်နိုင်ငံသားမိတ်ဆွေရဲ့ ညစာထမင်းဖိတ်ကြွေးတဲ့ မနှစ် နှစ်ကုန်ပိုင်းက အဖြစ်အပျက်ဖြစ်ကြောင်းနဲ့ သွားရောက်တဲ့အခါ မမျှော်လင့်ဘဲ မလေးရှားနဲ့ ရခိုင်ပြည်နယ်ဘက်က မွတ်ဆလင် ၇ ဦးခန့် ရောက်ရှိနေတာဖြစ်ပြီး မျက်နှာစိမ်းတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီနောက် မိတ်ဆက်ပြီး ရိုဟင်ဂျာ ခေါင်းဆောင်ဆိုသူက နယ်မြေခွင့်ပြုဖို့ ထည့်သွင်းပြောဆိုတာဖြစ်ကြောင်း ဒီကိစ္စကို ဟာသ အဖြစ်သာ သဘောထားကြောင်း ပြောပါတယ်။

“ဒါက တရားဝင်တကယ်ပြောတဲ့ဟာမှ မဟုတ်ပဲ။ ဒါပေမယ့် အဲဒီမှာ မစ္စတာလန်းဝတ်ရက် ဆိုတဲ့ ပုဂ္ဂိုလ် အဲဒီက ထိုင်းအစိုးရရဲ့ အင်ဖော်မေးရှင်းစင်တာမှာ အဲဒါတွေ လုပ်တယ်။ သူက ကျနော့်ကို ထမင်းဖိတ်ကျွေးတယ်။ နောက်သူက အစအဆုံး ထိုင်နားထောင်တယ်။ သူ့မိန်းမက ကချင် ဖြစ်တယ်။ အဲဒါကြောင့် ကျနော်လည်း တန်ဖိုးထားပြီးတော့မှ သူ့ကို ခဏစကားပြောပေးတာ။ ဒါပဲ ရှိတယ်။ အဲဒါမှ လွှဲပြီးလို့လည်း အဲဒါမျိုး မဟုတ်က ဟုတ်က အဓိပ္ပါယ်မရှိတဲ့ စကားပြောဖို့လည်း ကျနော် ၁ မိနစ်မှ မပြောချင်ပါဘူး။”

ဒီအဖြစ်အပျက်ကို ယူကျုမှာ ဖြန့်ဝေနေတာဟာ ကေအိုင်အိုအဖွဲ့အတွင်း အချေအတင်ဖြစ်အောင် လုပ်လိုပုံရတယ်လို့ သူက ပြောပါတယ်။

“ကျနော်အဲဒါတွေကို စိတ်လည်း မ၀င်စားဘူး။ လူများက တဖက်သတ် ဦးနှောက်ခြောက်အောင် လုပ်တဲ့ ပရိယာယ်တွေ အများကြီး ရှိတယ်။ အဲဒီအထဲမှာ ကျနော်က သွားပြီး မပါပါဘူး။ နောက်ပြီးတော့မှ ဒီလိုရှိတယ်။ ဒီအချိန်မှာ အစိုးရက ကချင်တယောက်ကို တနေရာမှာပဲ အကြီးအကျယ်တိုက်နေတယ်။ တနည်းအားဖြင့် ကျနော်တို့ ကချင်ကြား၊ ကေအိုင်အိုကြားမှာ ရန်ဖြစ်လာအောင် ငြင်းဆိုမှု ဖြစ်လာအောင် အဲဒါလုပ်တဲ့ဟာ။ ဒါက စိတ်ဓာတ်အရ တိုက်တဲ့ ရန်ပေါ့။ ကေအိုင်အိုသည် အမွှေးတချောင်းမှ မတုန်လှုပ်ပါဘူး။”

ကချင်နယ်မြေမှာ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ (အာအက်စ်အို) ထူထောင်ရေး မှတ်တမ်းဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ကေအိုင်အို ဗဟိုကော်မတီဝင် ဂျိမ်းစ်လွန်းဒေါင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

ကချင်ဒေသ ဒုက္ခသည်တွေကို နေရာ ရွှေ့ဖို့ အာဏာပိုင်တွေ စီစဉ်

ကချင်ပြည်နယ်က IDP စစ်ပြေး ဒုက္ခသည် တွေ၊ ရွာပုန်း ရွာရှောင် ဒုက္ခသည်တွေကို နေရာရွှေ့ပြောင်းဖို့ အာဏာပိုင် အဖွဲ့အစည်း တွေဘက်က စီစဉ်နေကြပါတယ်။

KIO နယ်မြေမှာ ရှိတဲ့ ဒုက္ခသည်တွေကို နေရာ ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက တရားဝင် ပြောဆို တာမျိုး မရှိပေမယ့် မြစ်ကြီးနားမှာ ရှိတဲ့ IDP ရွာပုန်း ရွာရှောင် ဒုက္ခသည်တွေကို အစိုးရ စီမံကိန်းနဲ့ နေရာ ရွှေ့ပြောင်း ချထားတယ်လို့ သိရကြောင်း လိုင်ဇာ စစ်ပြေး ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌဌ ဦးဒွဲဘီဇား က ဘီဘီစီကို ပြောပါတယ်။

တန်ဖိုးနည်း စီမံကိန်းအနေနဲ့ သတ်မှတ်ထားတဲ့ နေရာမှာ အစိုးရက အိမ်ခြေ ၁၀ဝလောက် ဆောက်ထားပေးပြီး ပြောင်းရွှေ့လိုသူတွေကို ပြောင်းရွှေ့ပေး နေတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေအနေနဲ့ ကိုယ့်နေရပ်ရင်းကို ပြန်လိုကြပေမယ့် ခုလောလောဆယ်မှာ လုံခြုံရေးအရ ပြန်လို့ ရမယ့် အခြေအနေမျိုးမှာ မရှိသေးဘူးလို့ လိုင်ဇာ စစ်ပြေး ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌဌ ဦးဒွဲဘီဇား က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)



ကချင်ဒေသက စစ်ပြေး ဒုက္ခသည်တွေ နေရပ်ရင်းကို ပြန်လိုတဲ့ ဆန္ဒရှိပေမယ့် လုံခြုံရေး အရ အခြေအနေ မပေးသေး


ကချင်ပဋိပက္ခ ဖြေရှင်းရေး ကော်မတီ တွေ့ဆုံ


မြစ်ကြီးနား မှာ စက်တင်ဘာ ၅ ရက်နေ့ က၊ ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို နဲ့ အစိုးရကြား နှစ်ဘက် ကိုယ်စားလှယ်တွေ နဲ့ ဖွဲ့စည်းထား တဲ့ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး ကော်မီတီရဲ့ ပုံမှန် ဆွေးနွေးပွဲ လုပ်ခဲ့ပါ တယ်။

လောလောဆယ် အခြေအနေမှာ တော့ နှစ်ဘက်ကြား တိုက်ပွဲတွေ မရှိပေမယ့်၊ ကချင် ပြည်နယ် တွင်းက အစိုးရ တပ်စခန်းတွေ လုံခြုံရေး လှည့်တဲ့အခါ၊ ကေအိုင်အို နဲ့ ထိတွေ့ ပစ်ခတ်မှုတွေ ရှောင်ရှား နိုင်အောင် ဘယ်လို ကြိုတင် ညှိနှိုင်း အကြောင်းကြား မလဲ ဆိုတဲ့ ကိစ္စမျိုး ကို ထည့်သွင်း ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

နောက် အဓိက ဆွေးနွေးကြတဲ့ အထဲ၊ ကေအိုင်အို ဘက်က မူးယစ် ဆေးဝါး ရောင်းချသူ တွေ သုံးစွဲသူတွေ ကို ဖမ်းဆီးတဲ့ အခါ၊ သက်ဆိုင်ရာ ပြည်နယ် အစိုးရ အပါအဝင် ပြည်နယ် ရဲတပ်ဖွဲ့ တို့ နဲ့ ညှိနှိုင်းစေလို တဲ့ အစိုးရ ဘက်က သဘောထား ကို လည်း ဆွေးနွေး ကြောင်း အဲဒီ ဆွေးနွေးပွဲ မှာ လေ့လာသူ အဖြစ်တက်ခဲ့ တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကျိုးဆောင်အဖွဲ့ က ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလမိုင်ဂွန်ဂျာ က ပြောပါတယ်။

တခါ၊ ဖါးကန့် မှာ အခု စက်တင်ဘာလ ၁ ရက်နေ့ က ကျောက်စိမ်း မိုင်းတွေကို ပုဂ္ဂလိက လုပ်ငန်းရှင် ကုမ္မဏီ တွေကို အစိုးရ က ပြန်လည် လုပ်ကိုင်ခွင့် ပေးပြီလို့ ကြေညာခဲ့တဲ့ အပေါ် ကေအိုင်အို က သဘောမတူဘူး ဆိုတဲ့ သတင်းတွေ ထွက်တာလည်း မဟုတ်မှန်တဲ့ အကြောင်း ၊ ကေအိုင်အေ ၊ ကေအိုင်အို ဘက် က ဒီလို သဘောထားတွေ မရှိတဲ့အကြောင်း ဆွေးနွေး ကြတယ် လို့ ဆိုပါတယ်။

အိုင်ဒီပီလို့ ခေါ်တဲ့ စစ်ဒဏ်ကြောင့် အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးလာသူ တွေ နေရင်း ရွာတွေ ပြန်နိုင်ရေး ကို ဆွေးနွေးကြပေမယ့်၊ လောလောဆယ် မိုင်းတွေ မရှင်းရသေးတဲ့ ပြဿနာ၊ လုံလောက်အောင် တည်ငြိမ်မှု မရှိသေးတဲ့ ပြဿနာ တွေ ကြောင့် အဖြေမထုတ် နိုင်ကြသေး ကြောင်း လည်း သိရပါ တယ်။

အခုလို ကိစ္စ ၄ ရပ် အပေါ် အဓိက အခြေခံ ဆွေးနွေး ခဲ့ကြပေမယ့် အပစ်အခတ် ရပ်စဲရေး အတွက် အလားအလာ မျှော်လင့်ချက် ဘယ်လောက် ရှိနေလဲ ဆိုတဲ့ အပေါ်တော့ နှစ်ဘက် ကိုယ်စားလှယ် တွေ မဆွေးနွေး ကြပါဘူး လို့ ဦးလမိုင်ဂွန်ဂျာ က ပြောပါတယ်။

ဒီပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ ကို အစိုးရဘက် က ကချင်ပြည်နယ် နယ်စပ် ဒေသ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် ၅ ယောက် နဲ့ ကေအိုင်အို ဘက်က ဗိုလ်မှူးကြီး ဇော်တောင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် ၅ ယောက် တို့ ပူးပေါင်း ဖွဲ့စည်း ထားတာ ဖြစ်ပြီး ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲ တွေ လာမယ့်လ တွေ မှာ လည်း ဆက်လက် လုပ်ဆောင် သွားမယ် လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

UNFC ဥက္ကဋ္ဌအဖြစ် ကေအိုင်အိုခေါင်းဆောင် သုံးကြိမ်မြောက်ရွေးချယ်ခံရ


ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ဥက္ကဋ္ဌအဖြစ် ကချင်လွတ်မြောက်ရေး အဖွဲ့မှ ဗိုလ်ချုပ်ကြီးအင်ဘန်လက သုံး ကြိမ်ဆက်တိုက် ဆက်လက်တာဝန် ယူရန် ဗဟိုအလုပ်အမှုဆောင် ကော် မတီဝင်အသစ်များက ပြန်လည်ရွေး ချယ်ခဲ့ကြောင်း သိရသည်။

UNFC ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဥက္ကဋ္ဌကို ယခင်ဥက္ကဋ္ဌ ကချင်လွတ်မြောက်ရေးအဖွဲ့မှ ဗိုလ် ချုပ်ကြီးအင်ဘန်လက ဆက်လက် တာဝန်ယူပြီး ဒု-ဥက္ကဋ္ဌ(၁)တာဝန်ကို ယခင်အထွေထွေအတွင်းရေးမှူး မွန် ပြည်သစ်ပါတီမှ ဦးနိုင်ဟံသာ၊ အထွေ ထွေအတွင်းရေးမှူးတာဝန်ကို ယခင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ မှ ခူးဦးရယ်၊ တွဲဖက်အထွေထွေအတွင်း ရေးမှူး(၁)တာဝန်ကို ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ကို ရွေးချယ်ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂ရက်အထိ ကျင်းပသည့် UNFC ၏ ပထမအကြိမ် ညီလာခံအပြီး ယခုကဲ့သို့ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်အသစ်များ ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ဒုဥက္ကဋ္ဌ(၂)တာ ဝန်ကို အဖွဲ့ဝင်အဖြစ်မှ ပါဝင်မှု ယာယီ ရပ်ဆိုင်းကြောင်း အသိပေးထားသည့် ကရင်အမျိုးသားအစည်းအရုံးအတွက် သတ်မှတ်ထားခဲ့ကြောင်း သိရသည်။

UNFC တွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း ၁၁ဖွဲ့ဖြင့်ဖွဲ့စည်း ထားကာ အဖွဲ့တစ်ခုချင်းစီမှကိုယ်စား လှယ်နှစ်ဦးမှ လေးဦးအထိ ကိုယ်စား ပြုခွင့်ရှိပြီး အဖွဲ့ဝင်ကိုယ်စားလှယ် ၂၂ဦး ဖြင့် ဖွဲ့စည်းထားကာ ၁ဝဦးမှာ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ အဖြစ် တာဝန်ပေးအပ်ထားကြောင်း သိရသည်။

ညီညွတ်သော တိုင်းရင်းသားလူ မျိုးများ ဖက်ဒရယ်ကောင်စီသည် ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာအတွင်း ဖွဲ့စည်းခဲ့ သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်း ရေးကော်မတီကို ပြောင်းလဲ ဖွဲ့စည်း ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရန်၊ ဖက်ဒရယ်တပ်မတော်တစ် ခုထူထောင်ရန်နှင့် တိုင်းရင်းသားဒေသ များအား အကာအကွယ်ပေးရန် ရည် မှန်းချက်ဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‪TheYangonTimes‬

ကချင်ပြည်နယ်မှာ တရုတ်ရေအားလျှပ်စစ်စီမံကိန်း ၂ ခု ပြီးစီး


ကချင်ပြည်နယ်မှာ မြစ်ဆုံစီမံကိန်းအပါအဝင် ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုကို အစိုးရနဲ့ တရုတ်ကုမ္ပဏီ ၃ ခုတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေရာမှာ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားပြီးနောက်ပိုင်း လက်ရှိအချိန်ထိ စီမံကိန်း ၂ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။


မြစ်ကြီးနားခရိုင်က ၉၉ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားထုတ်နိုင်တဲ့ ချီဖွေငယ်နဲ့ ဗန်းမော်ခရိုင်က ၂၄၀ မဂ္ဂါဝပ် ထုတ်နိုင်တဲ့ တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်တယ်လို့ ကချင်ပြည်နယ် လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက ပြောပါတယ်။

"ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနပေါ့လေ၊ အမှတ် ၅ တည်ဆောက်ရေး ညွှန်ကြားရေးမှူးရုံး မြို့ပြရုံးခွဲနဲ့ သက်ဆိုင်ရာကုမ္ပဏီများ၊ ကျနော်တို့ CPI ရယ်၊ YPIC ရယ်၊ DUHD ရယ် ဒီ ၃ ခုနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိတယ်၊ အားလုံးက ၁၄ ခုပေါ့လေ၊ မြစ်ဆုံကလွဲလို့ ကျန် ၁၃ ခုမှာ ကျနော်တို့ ချီဖွေငယ် စီမံကိန်းနဲ့ တာပိန် (၁) စီမံကိန်းက ၁ဝဝ ရာခိုင်နှုန်း ဆောက်ရွက်ပြီးသားဖြစ်ပါတယ်၊ ကျန်တဲ့ရေအားလျှပ်စစ်စီမံကိန်းက အကျိုးတူဆောင်ရွက်ဖို့ ကျနော်တို့ စူးစမ်းလေ့လာနေဆဲဖြစ်ပါတယ်"

အစိုးရနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီ ၃ ခုက Yunnan Provincial Investment Holding Group၊ China Power Investment နဲ့ Datang United Hydropower Developing ကုမ္ပဏီတွေ ဖြစ်ပါတယ်။

စီမံကိန်းပြီးစီးခဲ့တဲ့ ချီဖွေငယ်စီမံကိန်းက ထွက်ရှိလာတဲ့ ဓါတ်အားတွေကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ပြည်နယ်အတွင်းမှာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနေပြီး တာပိန်(၁) စီမံကိန်းကထွက်တဲ့ ဓါတ်အားတွေထဲက ၁၉ ရာခိုင်နှုန်းကို ပြည်နယ်အတွင်းမှာ ဖြန့်ဖြူးနေသလို တရုတ်ပြည်ဘက်ကို တင်ပို့နေတယ်လို့လည်း သိရပါတယ်။

လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၆၀၀၀ ထွက်မယ့် ဧရာဝတီ မြစ်ဆုံစီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။

RFA Burmese