Showing posts with label ဆေးဝါးအကြောင်းသိကောင်းစရာ. Show all posts
Showing posts with label ဆေးဝါးအကြောင်းသိကောင်းစရာ. Show all posts

ဆေးဝါးအန္တရာယ်


အရေပြား ရောင်ရမ်းသည့် ဆေးများဓာတုပစ္စည်း မှန်သမျှ အရေပြားနဲ့ ထိတွေ့တဲ့အခါ အဖုအပိန့် ထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်းတွေ ဖြစ်တတ်တယ်။ ဆပ်ပြာ၊ ပိုးသတ်ဆေးတွေ ကလည်း အရေပြားရောင်ရမ်း နိုင်တယ်။ ဘာစီကျူရိတ်ဆေး၊ ဆာလ်ဖာဆေး၊


ဗျူရိုပစင်ဆေး၊ အထရိုပင်းဆေးတွေဟာ အရေပြားမှာ ဝက်ခြံ၊ ပြည်ဖုများသဖွယ် အဖုအပိန့်ထပြီး ရောင်ရမ်းစေတယ်၊ အိုင်အိုဒင်းနှင့် ဘရိုမိုက်ဆေးများ ပါဝင်တယ်။ သမင်နီ၊ သမင်ဖြူအကွက်များ ထစေတယ်။ အချို့သော ဆေးများက အရေပြားမှာ ဝက်ခြံ၊ ပြည်ဖုများနှင့် အဖုအပိန့်များ ရောင်ရမ်းစေတယ်။ သိုင်းရွိုက် လည်ပင်းကြီး ရောဂါဖြစ်ရင် ကုသတဲ့ လူဂေါအိုင်အိုဒင်းနဲ့ ကော်တီဆုံးဆေးတွေဟာ ပြည်ဖုတည်စေတယ်။

အသည်း ထိခိုက်စေသော ဆေးများအချို့ဆေးတွေဟာ သက်ဆိုင်ရာရောဂါ အတွက်ကောင်း ပေမယ့် အခြားရောဂါတွေအတွက် ရေရှည်ထိခိုက်စေတယ်။ ဥပမာ- ပါရာစီတမောလ် အကိုက်ခဲ ပျောက်ဆေးက အသည်းပျက်စီးပြီး အသည်းရောဂါ ရစေတယ်။ တီဘီဆေး အများစုဟာ တီဘီရောဂါ ကုသနိုင်သော်လည်း အသည်းမှာ အဆိပ်ဖြစ်စေတယ်။ အက်စပရင်ပါတဲ့ ဆေးတွေက တစ်နေ့ ၂ ဂရမ်ထက် ပိုသောက်ရင် အဆိပ်ဖြစ်တယ်။ ဆေးပမာဏ အနည်းငယ်ဖြင့် အသည်းထိခိုက်စေတဲ့ ဆေးတွေမှာ အိုင်ဆိုနစ်၊ ပိုင်ရာဇိနမိုက်၊ မီသိုင်းဒိုပါ၊ ပိုတက်စီယမ် ပါမင်းဂနိတ်၊ ပီအေအက်စ် ဆေးတွေဟာ အသည်းကို ထိခိုက်စေတယ်။ ဆေးစားပြီးကြာမှ အသည်းရောဂါ ဖြစ်စေသော ဆေးများတွင် စီပီဇက် (CPZ) စိတ်ငြိမ်ဆေးများ၊ တော်ဗျူတမိုက် ပဋိသန္ဓေ တားဆေးတို့ ပါဝင်တယ်။ လူကို အဆိပ်ဖြစ်စေသော ဆေးများသွေး အားနည်းစေသော ပဋိဇီဝဆေးများမှာ ကလိုရမ်ဖီနီကော၊ ဆာဖို့နမိုက်၊ စထရပ်တိုမိုင်စင်၊ အဆစ်ရောင် ပျောက်ဆေးများ၊ ဖီနိုင်းဗျူကာဇုန်း၊ အမိုင်နိုဖိုင်လင်း၊ အောက်စီဇင့်ဗျူကာဇုန်း ဆေးများ၊ ဝက်ရူးပြန် ပျောက်ဆေးများ၊ ဆီးချိုပျောက် ဆေးများ၊ ကပ်ပါးကောင် သတ်ဆေးများဖြစ်သည့် အာဆင်နစ်၊ သိုင်းရွိုက်လည်ပင်း အကျိတ်ဆေးမှ ပိုတက်စီယမ် ပါမင်းဂနိတ်၊ ကာဘယ်မဇင်၊ ဘိုင်အိုယူရဆဲလ် တို့ဖြစ်ပြီး သွေးဖြူဥ နည်းစေသော ဆေးများမှာ အမိုင်နိုပါလင်း၊ ကွီနင်း၊ ကွီနင်ဒင်း၊ ဖီနိုင်းဗျူကာဇုန်း၊ ဆီးရွှင်ဆေး၊ ကလိုရမ်ဖီနီကော ဆေးတို့ပါဝင်တယ်။ သန္ဓေသား ထိခိုက်စေသော ဆေးများတာလီ ဒိုမိုက် အိပ်ဆေးများဟာ မိခင်ကို ထိခိုက်မှုမပေးဘဲ သန္ဓေသားကို မသန်မစွမ်းဖြစ်စေတယ်။ အချို့သော ဆေးများက ကလေးခန္ဓာ ကိုယ်မချို့ ယွင်းစေသော်လည်း ဒုက္ခအမျိုးမျိုး ပေးတတ်တယ်။ မော်ဖိန်းဆေးက ကလေးမွေးလာရင် တက်ခြင်း၊ ခြေလက်တုန်ခြင်း၊ အက်စပရင် (သွေးထွက်ခြင်း)၊ ရက်ဆပင်ဆေးက အိပ်ငိုက်ခြင်း၊ နှာရည်ယိုခြင်းတို့ ဖြစ်စေတယ်။

အင်ပျဉ်ထခြင်း၊ သွေးလန့်ခြင်းဖြစ်စေသော ဆေးများတွင် ပင်နဆလင်ဆေး မတည့်သော သူများ ထိုးမိပါက အင်ပျဉ်ထခြင်း၊ သွေးလန့်ခြင်းဖြစ်စေတယ်။ ဘားပလက်နှင့် ဆာလ်ဖာ မတည့်သူတွေမှာလည်း တွေ့ရတယ်။
မြ၀တီ