Showing posts with label ထူးထူးခြားခြားသတင်းလေးများ. Show all posts
Showing posts with label ထူးထူးခြားခြားသတင်းလေးများ. Show all posts

အုန်းသီးအခွံကို သွားနဲ့ ခွာပြနိုင်သူ

ဖိလစ်ပိုင်လူမျိုး အမျိုးသားတဦးဟာ သူ့ရဲ့သွားတွေနဲ့ အုန်းသီးအခွံကို ကျွမ်းကျင်စွာ ခွာထုတ်ပြနိုင်ခဲ့ တာကြောင့် စိတ်ဝင်တစား လာရောက်ကြည့်ရှုသူတွေ များပြားလို့နေပါတယ်။



ဖိလစ်ပိုင်နိုင်ငံရဲ့ Bohol ကျွန်းမှာနေထိုင်တဲ့ ဘူကို ကင်း(Buko King) ဆိုသူ အမျိုးသားတဦးဟာ အုန်းသီး တလုံးကို စက္ကန်အနည်းငယ်အတွင်းမှာတင် အခွံခွာပြနိုင်ခဲ့တာပါ။



ဘူကိုကင်းဟာ ကြည့်ရှုသူပရိတ်သတ်များကို ဆွဲဆောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ ကြည့်ရှုသူပရိတ်သတ်တွေ ပြောတာကတော့ သူတို့ကို အဲ့သလို အချိန်တိုအတွင်း အုန်းသီးရဲ့အပေါ်ခွံတွေကို ခွာပြနိုင်တာ တွေ့မြင်ခဲ့ရပေမယ့် အတွင်းပိုင်းအသားကိုတော့ အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ပြနိုင်တာ မတွေ့ရဘူးလို့ ဆိုပါ တယ်။





Ref: CCTV news
ဧရာဝတီ

အင်္ဂလန်က ဧရာမ ကဏန်းကြီး

ဆိပ်ကမ်းမြို့ များတွင် ကရုကမာ၊ ကဏန်းများဖြင့် ပနံရနေသည်က ဓမ္မတာ သဘာဝ တစ်ရပ် ဖြစ်သည်။ ဗြိတိန်ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်သည့်ဝှစ်စ်ဘလီမြို့ တွင် အလွန်တရာ ကြီးမားသည့် ဧရာမ ကဏန်းကြီး တစ်ကောင် ပေါ်သည်ဆိုကာ ဖမ်းမိနိုင်ရေး ကြိုးပမ်း နေကြသည်။



အွန်လိုင်းတွင် ပျံ့ နှံ့ သွားသည့် ဓာတ်ပုံတွင် ယင်းဆိပ်ကမ်းမြို့ ရေပြင်တွင် ဧရာမ ကဏန်းကြီး တစ်ကောင်ကို တွေ့ မြင်ခဲ့ကြခြင်းဖြစ်သည်။ ရေတွင် ကဏန်းကြီး ၏ အရိပ်ကို မြင်တွေ့ သည်မှာ အလုံးအထည်မှာ ပေ ၅၀ခန့် ရှိသည့် ကဏန်းကြီး တစ်ကောင် ဖြစ်သည်။

အဆိုပါ ကဏန်းကြီးနှင့် ပတ်သက်ကာ တချို့ က ဂျပန်ပင့်ကူ ကဏန်းမျိုး(Crabzilla)ဖြစ်သည်ဟု အခိုင်အမာ ပြောဆို နေကြ သော်လည်း လက်မခံသူများ ကမူ ရေအောက်သဲပြင် ပုံမှန် မဟုတ်သည့် သဏ္ဍန်ပေါ်ခြင်း၊ သို့မဟုတ် ပါကလည်း အတုအယောင်ထွင်လုံး တစ်ရပ်သာ ဖြစ်မည်ဟု ငြင်းဆိုကြသည်။

ဓာတ်ပုံတွင် မြင်တွေ့ ရသည်မှာ ကန့် ဆိပ်ကမ်းတွင် ငါးဖမ်းသဘောင်္များ ထားရာ ဘောတံတားနားတွင် အဆိုပါဧရာမကဏန်းကြီးကို မြင်တွေ့ ရခြင်းဖြစ်သည်။ ကဏန်းကြီးသည် ဗြိတိန် ရေပြင်တွင် တွေ့ ရသော လူအများ စားသုံး၍ ရသည့် ကဏန်း မျိုးစိတ်နှင့် ပုံစံတူသည့် ကဏန်းကြီး ဖြစ်သည်။ သို့ သော်လည်း ထိုမျိုး စိတ်မျိုးမှာ ပျမ်းမျှ ငါးလက်မ ခန့် သာ ကြီးထွား ကြသည့် ကဏန်း မျိုးစိတ်များ ဖြစ်သည့် အတွက် တွေးရခက်နေ ကြသည်။

"တပည့်တစ်ဦးပို့ လို့ ပုံကို တွေ့ ရတယ်။ ပထမတော့ ရေအောက်သဲပြင်ရဲ့ ပုံသဏ္ဍန်ကြောင့် ဖြစ်ရတယ်လို့ ထင်မိတယ်။ သေချာ ကြည့်ပြီးတော့မှ ဒါဟာ ရေနေ သတ္တ၀ါကြီး တစ်ကောင်ပဲ ဖြစ်ရမယ်လို့  ယုံကြည်မိတယ်"ဟု မြို့ ရှိပြတိုက်မှ ပြတိုက်မှုး ကွင်တန်ဝင်းတားက ပြောသည်။

ဂျပန်ပင့်ကူကဏန်းဟု ဆိုရန်မှာလည်း ယင်းကဏန်းများ၏ကိုယ်ခန္ဓာမှာ၁၂ ပေခန့် သာကြီးနိုင်ပြီးရှည်လျားသည့်လက်များရှိကာပင့်ကူတစ်ကောင်နှင့်သဏ္ဍာန် တူလှရာ ယခုတွေ့ရှိ ခဲ့သည့် ကဏန်းကြီးနှင့် ပုံစံလုံးဝ ကွဲပြားနေသည်။ ယခုဓာတ်ပုံကို Weird Whitsble ဆိုသည့် မြို့ ၏ထူးခြားဆန်းကြယ် ဖြစ်ရပ် ဓာတ်ပုံများ ကို တင်သည့် ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားခြင်း ဖြစ်သည်။
 Mizzima

ကမ္ဘာ့အသန်မာဆုံး ဘုန်းကြီး အမည်တပ်ခံရတဲ့ အလေးမ စွမ်းအားရှင်



ကမ္ဘာ့ အသန်မာဆုံး ဘုန်းကြီးအဖြစ် နာမည်ပေးခံခဲ့ပြီးတဲ့ Rev. Dr. Kevin Fast ရဲ့ အလေးမစွမ်းရည်ဟာ ဘုရားသခင်ရဲ့ဆုကျေးဇူးဖြစ်ပါတယ်။ ၁၉ ရာစုရဲ့စွမ်းအားရှင်Louis Cyr ဆီမှ လှုံ့ဆော်မှု ရရှိပြီးတဲ့အချိန်မှစ နှစ်နဲ့ချီ မယုံနိုင်လောက်အောင် အလေးမစွမ်းရည်ကို အသက် ၅၁ နှစ်ရှိ ကနေဒါလူမျိုး Pastor ပြသလာခဲ့တာပါ။

တန်ချိန် ၁၈၉ အလေးချိန်ရှိ အလေးအများဆုံး လေယာဉ်ကို တစ်ယောက်အားဖြင့်ဆွဲတာ၊ အလေးဆုံး ထရပ်(ခ်)ကား လက်တစ်ဖက်တည်းဖြင့် ဆွဲတာ၊ အလေးလံဆုံး စက်ယန္တယားကို ပေတစ်ရာထိ ဒရွတ်တိုက်ဆွဲသွားတာ၊ ပုခုံးနှစ်ဖက်နဲ့ အလေးချိန် ၅၀၀ ကီလိုဂရမ်ကို အချိန်အကြာဆုံး ထမ်းထားနိုင်တာတွေဟာ ကမ္ဘာ့ ဂေးနစ်စ်ချိန်စံတွေကို မှတ်တမ်းစေနိုင်ခဲ့ပါတယ်။

တခြားထူးခြားတဲ့ လုပ်ဆောင်ချက်တွေက မီးသတ်ကားကို ပေတစ်ရာဆွဲသွားတာ၊ တန် ၄၀ ရှိအိမ်တစ်လုံးကို လမ်းမကြီးတစ်ခုဆီဆွဲသွားတာ၊ အမျိုးသမီး ၂၂ ယောက်ကို တစ်ချိန်တည်းမှာကျောကုံးပေါ် ထမ်းထားတာ စတာတွေလည်းပါဝင်တယ်။

သူဟာ မြောက်အမေရိက က Highland style games မှာ ကြေးစားအနေနဲ့ ပါဝင်ယှဉ်ပြိုင်ထားသူလည်းဖြစ်တယ်။

Source: Mirror

Trend Myanmar

ခွဲစိတ်ပြုပြင် မထားဘဲ ဘာဘီအရုပ်နဲ့ ခွဲမရအောင် တူတဲ့ အသက် ၁၆ နှစ် အရွယ် ယူကရိန်းသူလေး



ခါသေးသေး ရင်ချီချီနဲ့ ကမ္ဘာကျော် ဘာဘီ (Barbie) အရုပ်မလေးတွေကို လူတိုင်း သိကြမှာပါ။ ဒီအရုပ်မလေးတွေနဲ့ တူတဲ့ လူသားမိန်းကလေးတွေလည်း ကမ္ဘာတစ်ဝှမ်းမှာ အများကြီး ပေါ်ထွက်ခဲ့ဖူးပါတယ်။ အဲဒီအထဲက ဘာဘီအရုပ်မလေးတွေနဲ့တူတဲ့ အသက်အငယ်ဆုံး မိန်းကလေးတစ်ယောက်ကတော့ ယူကရိန်းနိုင်ငံက အသက် ၁၆ နှစ်အရွယ် မိ လိုလီတာ ရီချီပဲ ဖြစ်ပါတယ်။
အချိုးကျတဲ့ ခန္ဓာကိုယ်၊ ရှင်းသန့်တဲ့ မျက်နှာ၊ လက်မ ၂၀ ရှိတဲ့လက်ကောက်ဝတ်၊ ဘရာဆိုက် 32 F နဲ့ သူမဟာ တကယ့် ဘာဘီရုပ်ကလေး တစ်ရုပ်လိုပါပဲ။ ၀ိုင်းစက်တဲ့သူမရဲ့ မျက်လုံးမှာ မျက်ကပ်မှန်လေး တပ်ဆင်လိုက်တာကြောင့် ဘာဘီအရုပ်မလေး စိုက်ကြည့်နေသလိုမျိုး ပိုပြီး အသက်ဝင်စေပါတယ်။
ငယ်ငယ်တုန်းကတော့ လိုလီတာဟာ ကစားမက်ပြီး လှလှပပမနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ အရုပ်တွေနဲ့ကစားဖို့ အတွေးမရခဲ့ဘဲ အပြင်ထွက်ပြီး ယောက်ျားလေးတွေနဲ့သာ ကစားတယ်လို့လည်း သူမက ၀န်ခံခဲ့ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှ လိုလီတာဟာ ဘာဘီအရုပ်မလေးနဲ့တူအောင် ပြင်ဆင်ခဲ့တာပါ။ နောက်ပိုင်းမှာ သူမရဲ့ဓာတ်ပုံတွေကို ရုရှား ဆိုရှယ်ကွန်ယက်တစ်ခုဖြစ်တဲ့ VK မှ လွှင့်တင်ခဲ့ပြီး လူသိများ ထင်ရှားလာပါတော့တယ်။
“ကျွန်မကြည့်ကောင်းချင်တာကြောင့် ဒီလိုမျိုး ၀တ်ဆင်ချယ်သတာပါ”
သူမရဲ့ အသွင်သဏ္ဍာန်ဟာ သဘာဝအတိုင်း မဟုတ်ဘူးလို့ ဝေဖန်မှုတွေ အမျိုးမျိုးရှိနေပေမယ့် သူမကတော့ ဓာတ်ပုံတွေကို ဖိုတော့ရှော့လုပ်တာ၊ ဘာဘီအရုပ်မနဲ့တူအောင် အစားရှောင်တာမျိုး၊ ခွဲစိတ်ထားတာမျိုး မလုပ်တဲ့အကြောင်း ရှင်းလင်းခဲ့ပါတယ်။
“နဂိုကတည်းက အချိုးကျတဲ့ အသွင်သဏ္ဍာန် ကျွန်မမှာရှိပြီး ဒါတွေကို ဖွံ့ဖြိုးအောင်သာ လုပ်တာပါ။ ကျွန်မရဲ့ ကြီးမားတဲ့ရင်နှစ်မွှာဟာလည်း သဘာဝအတိုင်းပါ။ သူတို့ကို ပိုပြီး ဖွံ့ထွားအောင်လို့ ဘရာခပ်ကျပ်ကျပ်တွေ ၀တ်တာပဲ ရှိပါတယ်”
ကိုယ့်ရဲ့အလှအပနဲ့ ပတ်သက်ပြီး မာနကြီးလေ့ရှိကြတဲ့ မိန်းကလေးတွေရဲ့ ထုံးစံအတိုင်း လိုလီတာဟာလည်း သူမရဲ့ အလှအပအတွက် မာနအနည်းငယ်တော့ ရှိနေပြန်ပါတယ်။
“မိန်းကလေးတော်တော်များများက ကျွန်မလိုပုံစုံမျိုး ဖြစ်ချင်ကြပါတယ်။ တစ်ချို့လူတွေကလည်း ကျွန်မ သိပ်လှတာကို သူတို့ မနာလိုကြဘူးလို့ ပွင့်ပွင်းလင်းလင်းပဲ ပြောကြပါတယ်။ ကျောင်းမှာဆို ကောင်လေးတွေအားလုံး ကျွန်မကို ကောင်းကောင်း ငမ်းကြတယ်လေ။ ဒါပေမယ့် ကျွန်မကတော့ တစ်ယောက်ကိုမှမကြိုက်ပါဘူး”
ဒါပေမယ့် သူမရဲ့အချစ်ကို ရရှိနိုင်တဲ့ အမျိုးသားက ဘယ်လိုလူမျိုးလဲဆိုတာကို လိုလီတာက အရွှန်းဖောက်ပြီး ဖွင့်ဟခဲ့ပါတယ်။
“အရင်က ကျွန်မ သိပ်ချစ်ရတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ ဒါပေမယ့် သဘောထားတစ်ချို့ မတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့တာပါ။ ယဉ်ကျေးတဲ့၊ ဆင်ခြင်တုံတရားရှိတဲ့ ယောက်ျားမျိုး၊ ပြဿနာတွေကို ရှောင်မပြေးတတ်တဲ့ ယောက်ျားမျိုးကို ကျွန်မ လိုချင်ပါတယ်။ ပြီးတော့ အဲဒီယောက်ျားဟာ ဆံပင်လည်း ကောင်းရပါမယ်။ ထိပ်ပြောင်တဲ့သူမျိုးကို ကျွန်မ မကြိုက်ပါဘူး”
သူမရဲ့လှပမှု ကျော်ကြားမှုနဲ့ပတ်သက်ပြီး ကဲ့ရဲ့တာမျိုးရှိနေပေမယ့် ဒါတွေကို လစ်လျူရှုတဲ့အကြောင်း၊ ကျော်ကြားမှုအတွက် ပျှော်ရွင်မိတဲ့အကြောင်း လိုလီတာက ဆိုပါတယ်။
ဘာဘီအရုပ်မလေးလို လှနေပေမယ့် သူမရဲ့ ဘ၀ရည်မှန်းချက်ကတော့ စိတ်ပညာရှင် တစ်ယောက်ဖြစ်ဖို့သာဖြစ်တယ်လို့ လိုလီတာက ပြောကြားခဲ့ပါတယ်။
Ref: dailymail

အိန္ဒိယတွင် သခင်၏ သင်္ချိုင်းမြေပုံအနီး နှစ်ပတ်ကြာ စောင့်ရှောက်နေ သည့် ခွေးကလေးကို ကယ်တင်ခဲ့ရ



အိန္ဒိယ နိုင်ငံတွင် သခင်ဖြစ်သူကို မြှုပ်နှံထားသည့် မြေပုံနံဘေးမှ နှစ်ပတ်လုံးလုံး မခွာဘဲ တွယ်ကပ်နေသည့် သစ္စာရှိ ခွေးကလေး တစ်ကောင်ကို တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ထမ်းတစ်ဦးက ကယ်တင်ကာ သက်ဆိုင်ရာ မိသားစုထံ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အသက်(၁၈)နှစ်ရှိ ဘက်စခါရှရီသည် ယာဉ်မတော်တဆမှု တစ်ခုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်ခဲ့ရသည်။ ၎င်းသည် လွန်ခဲ့သော (၅)နှစ်က ခွေးကလေး တော်မီကို မွေးစားထားခဲ့ပြီး ၎င်းသေဆုံးချိန်တွင် တော်မီက မြေပုံနံဘေးတွင် မခွာစတမ်း စောင့်ရှောက်နေခြင်း ဖြစ်သည်။ ဆောက်လုပ်ရေး လုပ်သားတစ်ဦးဖြစ်သည့် ဘက်စခါ၏ မြေပုံအနီးတွင် တော်မီသည် (၁၅)ရက်လုံးလုံး ခွေနေခဲ့ပြီး အစာလည်းမစား၊ ရေလည်းမသောက်ဘဲ ပိန်လှီ အားယုတ်လာခဲ့သည်။

ချန်နိုင်းရှိ သင်္ချိုင်းနေရာ တစ်ခုတွင် ဘက်စခါကို မြှုပ်နှံထားရာ တော်မီက သခင်ဖြစ်သူ၏ နောက်ဆုံး လှဲလျောင်းရာ နေရာကို နေ့နေ့ညည မခွဲခွာစတမ်း စောင့်ရှောက်နေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အိန္ဒိယရှိ တိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်နေသည့် ဒေါန်ဝီလျံစ်က ခွေးကလေးကို တွေ့ရှိပြီး ကယ်တင်နိုင်ခဲ့သည်။

သူမက “ဩဂုတ် လဆန်းလောက်ကပေါ့။ မြေပုံအသစ်လေး တစ်ခုနားမှာ ခွေးညိုလေးတစ်ကောင် ထိုင်နေတာကို ကျွန်မ ပထမဆုံး သတိထားမိတယ်။ ဒါပေမဲ့ မေ့မေ့ပျောက်ပျောက်ပဲ သဘောထားပြီး ဘေးက ဖြတ်သွားခဲ့တယ်။ တခြားဘာမှ မတွေးမိဘူး။ ဒါပေမဲ့ ဩဂုတ် (၁၃)ရက်မှာ အဲဒီနေရာနား နောက်တစ်ခေါက် ထပ်ရောက်တော့ ခွေးလေးကို ထပ်တွေ့တယ်။ အရင်တုန်းက နေရာမှာပဲ မပြောင်းအလဲ ထိုင်နေတယ်။ ကြည့်ရတာ တစ်ပတ်လုံးလုံး နေရာမရွှေ့ခဲ့ဘူး ထင်တယ်”ဟု ဆိုသည်။

ဝီလျံစ်က “ခွေးကလေးက ပူဆွေးသောက ရောက်နေရှာတယ်။ ကျွန်မ အနားကို ကပ်သွားတော့ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ မြင်နေရတယ်။ တော်တော်လည်း အခြေအနေ ဆိုးနေပြီ။ ငတ်ပြတ်ပြီး လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ ကျွန်မက ရေရယ်၊ ဘီစကွတ် မုန့်လေးတွေရယ် ကျွေးတော့ သူစားပါတယ်။ ဒါပေမဲ့ နေရာကတော့ အရွှေ့မခံဘူး။ နောက်တော့ ဒီခွေးလေးကို သိသလားလို့ ပတ်ဝန်းကျင်ကို ကျွန်မနဲ့ ကျွန်မရဲ့ အဖွဲ့သားတွေ လိုက်မေးကြည့်တယ်။ ခွေးလေးနာမည်က တော်မီဖြစ်တဲ့အကြောင်း၊ သူ့သခင်ရဲ့ မြေပုံကို စောင့်နေတဲ့အကြောင်း အဲဒီကျမှ သိလာတာပါ”ဟု ရှင်းပြခဲ့သည်။

ဝီလျံစ်သည် ဇစ်မြစ်ကို ခြေရာခံရင်း နောက်ဆုံးတွင် ဘက်စခါ၏ မိခင် ရှရီမာတီ ဆွန်ဒါရီနှင့် တွေ့ဆုံခွင့် ရခဲ့သည်။ သူမသည်လည်း သားဖြစ်သူကဲ့သို့ပင် ဆောက်လုပ်ရေး လုပ်သားတစ်ဦး ဖြစ်သည်။ “ရှရီမာတီကို တော်မီ့ဆီ ခေါ်သွားပါတယ်။ အဲဒီတော့ ခွေးကလေးက အားယူပြီးထလာတယ်။ ရှရီမာတီကို လျှာနဲ့လျက်ပြီး နှုတ်ဆက်တယ်။ ပြီးတော့ သူ့ခေါင်းကို ရှရီမာတီရဲ့ ခြေထောက်ပေါ် တင်ပြီး နားနေတယ်။ ကြည့်ရတာ သူကောင်းကောင်း မှတ်မိပုံပဲ”ဟု ဝီလျံစ်က ဆိုသည်။
ဘက်စခါတို့သည် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင်ပင် တပူးတွဲတွဲ ရှိနေတတ်ကြောင်း ရှရီမာတီက ရှင်းပြသည်။ သို့သော်လည်း ဘက်စခါ သေဆုံးပြီးနောက် ဩဂုတ် (၂)ရက်နေ့ ကတည်းက တော်မီသည် နေအိမ်မှ ထူးဆန်းစွာ ပျောက်ဆုံးသွားကြောင်း သူမက ဆိုသည်။ ထိုစဉ်က တော်မီသည် ပိုင်ရှင်သစ် တွေ့သွားပြီဟုသာ ရှရီမာတီက ပေါ့ပေါ့တန်တန် တွေးမိခဲ့သည်။

“တော်မီ ပြန်ရောက်လာလို့ ရှရီမာတီ တော်တော်လေး ပျော်နေပါတယ်။ သူက တော်မီကို မိသားစုအတွက် သစ္စာရှိတဲ့ မိတ်ဆွေလေးလို့ သတ်မှတ် လိုက်ပါတယ်။ အခုတော့ သူ့သားရဲ့ သူငယ်ချင်းကို ကောင်းကောင်း စောင့်ရှောက်ပြီး မွေးထားမယ်လို့လည်း ပြောတယ်”ဟု ဝီလျံစ်က ဆိုသည်။ သူမက “သူတို့တွေ ထွက်သွားတော့ ကျွန်မစိတ်ထဲ ဝမ်းနည်းသွားမိတယ်။ ဘာပဲဖြစ်ဖြစ် တော်မီက သူ့ပိုင်ရှင် မိသားစုနဲ့ ပြန်ပေါင်းဆုံခွင့် ရခဲ့တာကိုတော့ ကြည်နူးမိပါတယ်။ ရှရီမာတီရဲ့ သောကတွေကို တော်မီက ကူညီပြီး ဖြေဖျောက်ပေးမယ်လို့ ကျွန်မ ယုံကြည်တယ်။ ခွေးတွေဟာ စိတ်ခံစားချက်ပိုင်းမှာ အံ့ဩလောက်စရာ တိရစ္ဆာန်လေးတွေပါပဲ”ဟုလည်း ပြောကြားခဲ့သည်။

_Ref: Dailymail

ခရမ်းချဉ်သီး ပွဲတော် ဘယ်လိုဆင်နွှဲ ကြလဲ



စပိန်နိုင်ငံမှာ နှစ်စဉ် ခရမ်းချဉ်သီးပွဲတော်ကို ၁၉၄၅ ခုနှစ်က စတင်ပြီး ကျင်းပ ပြုလုပ်လာခဲ့တာပါတဲ့။
နှစ်စဉ် သြဂုတ်လ မှာ ကျင်းပပြုလုပ်တာဖြစ်ပြီး စပိန်နိုင်ငံ မြေထဲပင်လယ် ကမ်းခြေဖြစ်တဲ့ မြို့မှာ ကျင်းပ ခဲ့ တာဖြစ်ပါတယ်။ လူထောင်ပေါင်းများစွာဟာ ပွဲတော်အချိန်မှာ ခရမ်းချဉ်းသီးများနဲ့ အချင်း ချင်းပစ်ပေါက်
ကြပြီး ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်။

အမျိုးသား တဦးက သူ့ခေါင်းပေါ်က ခရမ်းချဉ်သီးကို စဖြစ်လိုက်တာနဲ့ ထောင်နဲ့ချီတဲ့ လူတွေဟာ အချင်းချင်း ခရမ်းချဉ် သီးတွေနဲ့ ပစ်ပေါက်ကြတော့တာပါဘဲ။

ဒီအတွက် ခရမ်းချဉ်သီးတွေတန်ချိန်နဲ့ချီပြီး အသုံးပြုကြတာပါ။ ၁၉၄၅ ခုနှစ်မှာ ကလေးတွေအကြား အစားအသောက်နဲ့ ရန်ဖြစ်ကြတဲ့ ကိစ္စကို အစပြုပြီး ခရမ်းချဉ်သီး စစ်ပွဲလို့လည်း သမုတ်ပြီး နှစ်စဉ် ကျင်းပကြတာ အခုထိလို့ ပြောကြရေးကြပါတယ်။

ပွဲတော်ကုန်ကျငွေမှာ ယူရို ငွေ ၃ သောင်း ကုန်ကျပါပြီး ခရုမ်းချဉ်သီးကို တန် ၁၄၀ ကျော် သုံးစွဲကြရ ပါတယ်တဲ့။ ထိုပွဲတော်မှာ လူကြီးလူငယ်မရွေး ပျော်ရွင်စွာ ပါဝင် ဆင်နွှဲကြပါတယ်။ ပွဲတော်ကို ၁၉၉၀ ခုနှစ် မှ စတင်ပြီး နိုင်ငံတော်ပွဲတော်အဖြစ် တရားဝင် ဆင်နွှဲခွင့်ပြုခဲ့ တာဖြစ်ပါတယ်။ 
ဧရာဝတီ

နှစ်ပေါင်း ၄၆ နှစ်တိုင်တိုင် ကိုယ်ဝန်ဆောင်ခဲ့ရပြီး ကျောက်တုံး သန္ဓေသားကို မွေးခဲ့တဲ့ အမျိုးသမီး

၁၉၅၅ ခုနှစ်၊ Casablanca ဒေသပြင်ပက ရွာငယ်လေးတစ်ရွာမှာ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး Zahra Aboutalib ဟာ သူမရဲ့ပထမဆုံးကလေးကို ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ သူမကလေးမိခင်ဖြစ်ရတော့မှာကို ပျော်ရွှင်နေခဲ့ပေမယ့် ခက်ခဲတဲ့ အလုပ်ကြမ်း ၄၈ နာရီကို လုပ်ကိုင်ဖြတ်သန်းအပြီး သူမဌာနေဆေးရုံကို ပြေးရပါတော့တယ်။ ဆရာဝန်တွေက ကလေးကိုခွဲစိတ်မွေးဖွားပေးရမယ်လို့သူမကိုပြောခဲ့ပါတယ်။ Zahra ဟာ ဆေးရုံလူနာခန်းထဲမှာ ကလေးမွေးရင်း ပြင်းထန်တဲ့ နာကျင်မှုကိုခံစားရပြီးသေဆုံးခဲ့တဲ့ အမျိုးသမီတစ်ဦးကိုတွေ့ခဲ့ရပါတယ်။ Zahra ဟာသူမဆေးရုံမှာဆက်နေမယ်ဆိုရင် အလားတူ ကြမ္မာဆိုးကိုကြုံတွေ့နိုင်မယ်ဆိုတဲ့ ကြောက်စိတ်နဲ့ ဆေးရုံကိုစွန့်ခွာခဲ့ပါတယ်။

နောက်ပိုင်းနေ့ရက်တွေမှာတော့ Zahra တစ်ယောက် အလုပ်ကြမ်းကြောင့် အလွန်ပြင်းထန်တဲ့ နာကျင်မှုကိုခံစားခဲ့ရပါတယ်။ ဒါပေမယ့် ကလေးငယ်ကသူမရဲ့သားအိမ်ထဲမှာ ခိုင်ခိုင်မာမာပဲရှိနေခဲ့ပါသေးတယ်။ ရက်အနည်းအငယ်ကြာမှာ နာကျင်မှုတွေပျောက်ကင်းသွားပြီး ကလေးရဲ့လှုပ်ရှားမှုရပ်တန့်သွားပါတယ်။ မော်ရိုကန် ယဉ်ကျေးမှုအရ ကလေးငယ်ဟာ မိခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ အိပ်စက်နေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ Zahra ကအဲဒီ့အစွဲကို ယုံကြည်ခဲ့ပြီး ကိုယ်ဝန်ကို စိတ်ထဲမှာမထားတော့ပါဘူး။ သူမက ကလေးသုံးယောက်ကိုမွေးစားခဲ့ပြီး အချိန်ကာလအရ သူတို့ကြောင့် သူမ အဖွားတစ်ဦးဖြစ်ခဲ့ပါတယ်။

နှစ်ပေါင်းများစွာအကြာ Zahra အသက် ၇၅ နှစ်အရွယ်ရောက်ခဲ့ပြီး နာကျင်မှုရုတ်တရက် ပြန်ပေါ်လာပါတယ်။ မွေးစားမိခင်ဖြစ်သူရဲ့ကျန်းမာရေးကို ကောင်းမွန်စေလိုတဲ့ မွေးစားသားဖြစ်သူက သူမကို ကျွမ်းကျင်သမားတော်နဲ့ တွေ့စေချင်ခဲ့ပါတယ်။ ဒါကြောင့်သူတို့က ပရော်ဖက်ဆာ Taibi Ouazzani ရှိတဲ့ Rabat မြို့ကိုသွားခဲ့ပါတယ်။ သူက သူမရဲ့ ဖောင်းထွက်နေတဲ့ ဝမ်းဗိုက်ဟာ သားဥကျူမာကြောင့်ဖြစ်တယ်လို့ သံသယရှိခဲ့ပြီး သူမဓာတ်မှန်ရိုက်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီ့ဓာတ်မှန်ကနေ သူအမျိုးအမည်ခွဲခြားမပေးနိုင်တဲ့ ကြီးမားတဲ့ အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။

ထပ်တိုးကောက်ချက်ချဖို့အတွက် Ouazzani ဟာ ကျွမ်းကျင်တဲ့ ရေဒီယိုဂရပ်ဖာဆီကိုသွားဖို့ ညွှန်းလိုက်ပါတယ်။ ဒါဟာ ထုံးကျောက်ဖြစ်တည်နေတဲ့ အရာဝတ္ထုတစ်ခုဖြစ်နေပြီး MRI scan မှာတော့ အသေးစိပ်အနေနဲ့ ဒါဟာ Zahra လွန်ခဲ့တဲ့ ၄၆ နှစ်က ရခဲ့တဲ့ကိုယ်ဝန်ဖြစ်ကြောင်း အသေးစိပ်သိခဲ့ရပါတယ်။

သန္ဓေသားကို ကြိုးစားပြီးဖယ်ထုတ်ဖို့ အန္တရာယ်ကင်းပါ့မလားဆိုတာဆုံးဖြတ်ဖို့ ပရော်ဖက်ဆာ Ouazzania တစ်ယောက်တော်တော် အကျပ်ရိုက်ခဲ့ပါတယ်။ သန္ဓေသားဟာ ၇၁ ပေါင်လေးပြီး အရှည်က ၄၂ စင်တီမီတာရှိပါတယ်။

ခွဲစိပ်မှုပြုတဲ့အခါ သန္ဓေသားဟာ ထုံးကျောက်အဖြစ်ဖြစ်တည်နေပြီး မာကျောတဲ့ အစိုင်အခဲတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်။ တကယ်တော့ဒါဟာ ကျောက်တုံးကလေးငယ် (Stone-Baby) ဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ အဲဒီ့သန္ဓေသားက မိခင်ရဲ့ ဝမ်းဗိုက်နံရံ၊ အဓိကအင်္ဂါတွေနဲ့တစ်သားထဲဖြစ်နေတာဖြစ်ပါတယ်။

၎ နာရီနီးပါးအကြာမှာ ခွဲစိပ်ဆရာဝန်တွေက အဲဒီ့ ထုံးကျောက်သန္ဓေသားကို Zahra ဆီကနေခွဲထုပ်နိုင်ခဲ့ပြီး ခွဲစိပ်မှုအောင်မြင်ကြောင်းကြေငြာနိုင်ခဲ့ပါတယ်။

မိခင်ဝမ်းဗိုက်ပြင်ပ သန္ဓေသားကြီးထွားမှုဖြစ်စဉ်မှာ တကယ်လို့မိခင်ရဲ့ခန္ဓာကိုယ်ထဲပြန်လည်ပေါင်းထည့်ဖို့ သန္ဓေသားကအလွန်ကြီးမားနေခဲ့ရင်၊ သန္ဓေသားဟာ မိခင်ရဲ့ခုခံအားစနစ်ရဲ့ပြင်ပ

ခန္ဓာကိုယ်တစ်ခုဖြစ်သွားပါတယ်။ သူ့ကိုယ်သူ ကူးစက်နိုင်ချေရှိတဲ့ ရောဂါတွေကနေကာကွယ်ပေးဖို့အတွက် မိခင်ခန္ဓာကိုယ်ဟာ သန္ဓေသားကို ကယ်လ်ဆီယမ်ဓာတ်ပါဝင်တဲ့ အရာဝတ္ထုနဲ့ဖုံးအုပ်စေပြီး တစ်သျှူးတွေသေဆုံးကာ အရည်ဓာတ်ခြောက်ခမ်းစေတာဖြစ်ပါတယ်။

ကယ်လ်ဆီယမ်နံရံဖြစ်ပေါ်လာတဲ့အခါမှာ သန္ဓေသားကို မမ်မီကဲ့သို့ထုတ်ပိုးထိမ်းသိမ်းလိုက်တာဖြစ်ပြီး lithopedion သို့မဟုတ် ကျောက်တုံးကလေးငယ် (Stone Baby) အနေအထားကိုရောက်ရှိသွားတာဖြစ်ပါတယ်။


Ref: mymultiplesclerosis.co.uk

Trend Myanmar

မိကျောင်းတွေကို အနီးကပ် လေ့လာနိုင်မယ့် ရေငုပ်စရာနေရာ


သြစတေးလျနိုင်ငံက ငါးပြတိုက် တစ်ခုမှာ ဖြစ်ပြီး သူ့ကို Cage of Death လို့ အမည်ပေးထားပါတယ်။ သြစတေးလျနိုင်ငံမှာသာ မြင်တွေ့နိုင်တဲ့ အသားစား ဧရာမ မိကျောင်းကြီးကို အနီးကပ် လေ့လာခွင့် ရစေမယ့် အခွင့်အရေး ဖြစ်ပါတယ်။

Cage of Death ဟာ ရေဖိအားနဲ့ တိုက်ခိုက်အား အတော်လေး ခံနိုင်တဲ့ ဖန်သားနဲ့ ပြုလုပ်ထားတဲ့ ဖန်လုံအိမ်တစ်ခု ဖြစ်ပြီး မိကျောင်း လေ့လာချင်သူတို့ အတွက် အောက်အရောက်ပို့ပေး ပါတယ်။ တစ်ဦး ဖြစ်စေ၊ နှစ်ဦး ဖြစ်စေ ၀င်ရောက်နိုင်ပြီး အပေါ်ကနေ စက်ယန္တရားနဲ့ ရေအောက်ထဲကို ထည့်ပေး ပါတယ်။ အသားနှံ့ရနေတဲ့ မိကျောင်းကတော့ ဖန်အိမ်ကနေ မခွာနိုင်ပဲ ပတ်ပတ်လည်ကို လာရောက် ကြည့်ရှုပါလိမ့်မယ်။ ရေအောက် ကင်မရာ ပါသူ အချို့က ယင်းချက်ကောင်းကို စောင့်လို့ ဓာတ်ပုံရိုက်ကြခြင်း ဖြစ်ပါတယ်။


စွန့်စားချင်သူများအတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး ဖြစ်ပြီး စွန့်စားရဲသူ အချို့က ဆင်းကြ ပါတယ်။ ယနေ့အချိန်ထိတော့ ဘာအက်ဆီးဒန့်မှ မဖြစ်သေး ပါဘူး။ သြစတေးလျ မိကျောင်းကို အနီးကပ်လေ့လာဖို့ အတွက် ကမ္ဘာလှည့်ခရီးသည် များက အစ Cage of death ထဲကို ၀င်ရောက် ကြကြောင်း သိရ ပါတယ်။
.
Ref: crocosauruscove.com
အောင်ခမ်း (ရိုးရာလေး)

တရုတ်ပြည်မှ ကလေးပုံစံ သစ်တော်သီးများ





တရုတ်နိုင်ငံမှ စိုက်ပျိုးရေး သမားများဟာ သစ်တော်သီးများကို ကလေးပုံစံ ပြုလုပ်၍ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါတယ်။ ၎င်းတို့ဟာ သစ်တော် သီးများကို ကလေးပုံ ပလပ်စတစ် ခွက်ထဲမှာ ကြီးထွားစေတာဖြစ်ကြောင်း သိရှိရပါတယ်။

တစ်ချို့ကတော့ ထိုကလေးပုံစံ သစ်တော်သီးများကို Buddha pear များလို့လည်း ခေါ်ဝေါ်ကြကြောင်း သိရှိရပါတယ်။ တရုတ်နိုင်ငံမှ စိုက်ပျိုးရေး သမားများဟာ သခွာသီး ဖရဲသီး စတဲ့ အသီးများကိုလည်း ပုံစံသွင်းပြီး ဖြန့်ချီကြကြောင်း သိရှိရ ပါတယ်။


၎င်းပလပ်စတစ်ပုံသွင်း ကလေးပုံစံ သစ်တော်သီးများကို အသေးစိတ် သိရှိလိုပါက -


ကျော်လင်းနိုင် (ရိုးရာလေး)

ရေအောက် တွင် ကြီးမား သော ငါး သင်္ချိုင်းကြီး တွေ့ရှိ






အန်ဂိုလာ နိုင်ငံ ကမ်းခြေ အလွန်က ပင်လယ် ရေအောက် ကြမ်းပြင် မှာ ရှာဖွေ တွေ့ ရှိခဲ့တဲ့ ရေအောက် သင်္ချိုင်း အကြောင်း ကို မကြာ သေး မီက ထုတ်ဖော် ပြသ ခဲ့ပါတယ်။ ပင်လယ်ရေ သတ္တ၀ါကြီး တွေ ဖြစ်တဲ့ ငါးမန်းဖြူ ရုပ်ကြွင်း အပါအ၀င် ငါးလိပ် ကျောက်ကြီး အသေကောင် သုံးကောင် တို့  ကို တစ်နေရာ တည်း မှာ တွေ့ ရှိ ခဲ့ရခြင်း က သုတေသီ တို့ ကို မှင်တက် စေခဲ့ပါတယ်။ ဒီ ပင်လယ် သတ္တ၀ါကြီး လေးကောင် ရဲ့ ရုပ် အလောင်း တစ်ခုစီ တိုင်းမှာ အသေကောင် စားတဲ့ ငါး အကောင် ရေ ၅၀ ခန့်  ၀ိုင်းအုံနေ တာကို လည်း တွေ့ ရှိ ခဲ့ရပါတယ်။ ဒါဟာ အချိန် အတော်ကြာ ပဟေဋိ ဖြစ်နေတဲ့ ပင်လယ် အကောင်ကြီး တွေ သေဆုံး သွားတဲ့ အခါ ဘယ်လို ပြန်လည် အသုံးချ ခံရလဲ ဆိုတဲ့ အပေါ်မှာ အမြင်သစ် တစ်ခု ပေးနိုင် ခဲ့ပါတယ်။


ဒီ ရှာဖွေ တွေ့ ရှိမှု ဟာ ပင်လယ် အကောင်ကြီး တွေ သေဆုံးမှု နောက်ဆက် တွဲ ကို ရှာဖွေ ထုတ်ဖော် ဖို့ အတွက် သိပ္ပံ ပညာရှင် တွေ ကို အထောက် အကူ ပြုနိုင်မှာ ဖြစ်ကြောင်း ကျွမ်းကျင် သူတွေ က ဆိုပါတယ်။ “ ဝေလ ငါးကြီး တွေ သေဆုံးမှု ကို လေ့လာမှု တော်တော် များများ ရှိပေမယ့် ကျွန်တော် တို့ ဟာ တခြား ပင်လယ် သတ္တ၀ါကြီး တွေ ပင်လယ် ကြမ်းပြင် မှာ သေဆုံး နေမှုကို တစ်ခါ မှ မတွေ့ ရှိ ခဲ့ဖူး ပါဘူး” ဒီ ရှာဖွေမှု ကို ဦးဆောင် သူ ပလိုင်းမောက် ရေကြောင်း ပညာ တက္ကသိုလ် က Dr.Nick Higgs ပြောပြ ခဲ့တာပါ။

ပင်လယ် ကြမ်းပြင် အောက်မှာ လဲလျောင်း နေတဲ့ ပင်လယ် အပေါ်ယံ ရေလွှာ နေ ကျောရိုးရှိ ငါးသတ္တ၀ါ ကြီး တွေရဲ့ ရုပ် အလောင်း ဟာ ရေနက် ပိုင်း သတ္တ၀ါ တွေ အတွက် အစား အသောက် ကောင်းကောင်း ရမှာ ဖြစ်ပါတယ်။ သဘာ က သူတို့ အတွက် အစား အသောက် ဘယ်လို ထောက်ပံ့ လဲ ဆိုတာ ကတော့ ရှာတွေ့ ဖို့ ခဲယဉ်း ပါသေး တယ် လို့  လေ့လာရေး အဖွဲ့ က ရေးသား ခဲ့ပါတယ်။ လူမဲ့ ထိန်းချုပ် ရေငုပ် ယာဉ်ရဲ့ ပင်လယ် ရေအောက် ကြမ်းပြင် လေ့လာမှု ကနေ တစ်ဆင့် ဒီ ဖြစ်ရပ် ကို ရှာဖွေ တွေ့ ရှိ ခဲ့တာ ဖြစ်ပါတယ်။

Trend Myanmar

၁၆ နှစ်သာရှိသေးပြီး ပလပ်စတစ်ဆာဂျရီခွဲစိပ်မှု မလုပ်ထားကြောင်းဆိုတဲ့ နောက်ထပ် လူသားဘာဘီ တစ်ယောက်ပေါ်ထွက်





Ukarine နိုင်ငံ Kiev မြို့က အသက် ၁၆နှ စ်အရွယ် Lolita Richi ဟာ သူမရဲ့အသွင်အပြင်ကို mattelရုပ်ရဲ့ပြီးပြည့်စုံတဲ့ပုံတူပွားဖြစ်အောင် ပြောင်းလိုက်တဲ့နောက်ဆုံးလူသား ဘာဘီဖြစ်ပါတယ်။ သူ့အရင်ကတော့ Alina Kovalevskaya နဲ့ Valeria Lukyanov တို့က အလားတူလုပ်ရပ်မျိုး လုပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် Lolita ရဲ့အသွင်အပြင်ကူးပြောင်းမှုက မြင်ဖူးသမျှထဲမှာ ထိပ်လန့်စရာ အကောင်းဆုံးဖြစ်နိုင်ပါတယ်။
သူမမှာ လက်မ ၂၀ ရှိတဲ့ ခါးနဲ့ အလွန်တရာကြီးမားနေတဲ့ ရင်သားတွေရှိတဲ့အတွက် ဒီလိုမျိုးဘာဘီစံပြပုံစံအ သွင်အပြင်ရဖို့အတွက် ပလပ်စတစ်ဆာဂျရီခွဲစိပ်မှုပြုလုပ်ထားတယ်လို့ ထင်စရာရှိပေမယ့် ဆယ်ကျော်သက် ယူကရိန်းကောင်မလေးကတော့ ခွဲစိပ်မှုတွေ၊ အစာလျော့စားမှုတွေနဲ့၊ photoshop (ဓာတ်ပုံဖြတ်ညှပ်ကပ်) တွေမပြုလုပ်ထားဘူးလို့ အခိုင်အမာဆိုပါတယ်။
‘ကျွန်မ အခြားသူတွေ ထက်ပိုကောင်းတဲ့ ပုံသဏ္ဍန်ရနေပြီလို့ ကျွန်မထင်ပါတယ်။ ကျွန်မက လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု အရှိဆုံးသူပါ။ Valerua Lukyanove (အခြားနာမည်ကြီး လူသားဘာဘီ) ကို ကျွန်မကြားတောင်မကြားဖူးပါဘူး’ လို့ပြောပါတယ်။
သူမရဲ့ကိုယ်ပိုင်စေ့ဆော်မှုကို မေးတဲ့အခါမှာတော့ သူမက ပြီးပြည့်စုံတဲ့အသွင်အပြင်ရှိချင်ပြီး အမျိုးသမီးတွေ အားလုံး ဒါကိုလိုချင်သင့်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကောင်လေးတွေဆီကလာတဲ့ စိတ်ဝင်စားမှု ကိုပြောပြတဲ့အခါမှာလည်း Lolita တစ်ယောက်ရှက်ကြောက်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူမရဲ့စိတ်ဝင်စားမှုကို ဘယ်သူကမှ မတားဆီးနိုင်ခဲ့ဘူးလို့ပြောဆိုပါတယ်။
‘လူတွေက သူတို့ကျွန်မကို ဘယ်လို မနာလိုဖြစ်တာနဲ့ ကျွန်မဘယ်လို လှပတာကို ပွင့်ပွင့်လင်းလင်းပြောကြတယ်။ ကျောင်းကကောင်လေးတွေအားလုံး ကျွန်မကိုကြိုက်ကြတယ်။ ဒါပေမယ့် ကျွန်မသူတို့ထဲက တစ်ယောက်ကိုမှ မကြိုက်ဘူး။ သူတို့က ကျွန်မစိတ်ကြိုက်မဟုတ်ဘူးလေ’ လို့ ပြောပါတယ်။

မလေးရှားသို့ ပင့်ဆောင်ကိုးကွယ်သည့် ဘုရားတစ်ဆူမှ မျက်လုံးတော်ပွင့်



မလေးရှား နိုင်ငံရှိ မြန်မာလူမျိုးအိမ်တွင် ကိုး ကွယ်ထားသည့် ပန်းပေါင်းစုံဘုရား ဆင်းတုတော်မှ ယာဘက်မျက်လုံး တော်ပွင့်လာကြောင်း သိရသည်။
အဆိုပါဆင်းတုတော်မှ မျက် လုံးတော်ပွင့်နေခြင်းကို သြဂုတ်လ ၁၇ရက်တွင် စတင်ဖူးမြော်ရခြင်းဖြစ် ပြီး ကိုးကွယ်သူ မြန်မာနိုင်ငံသား ဦးကျော်ကျော်တိုးမှာ ဃမပျအွေျှူသမွှိုမလေနျူ ရွှသကမ ကုမ္ပဏီဖွင့်လှစ် ထားပြီး ယင်းကဲ့သို့ မျက်လုံးတော်ပွင့် နေသည်ကို မိသားစုဝင်တစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးကျော် ကျော်တိုးက ရှင်းပြပြောဆိုသည်။
''ကျွန်တော်တို့အိမ်မှာ အတူနေ တဲ့ညီလေးကစတွေ့တာ ညနေအလုပ် ကပြန်လာတော့ ဘုရားဆီမီးရေချမ်း ကပ်မယ်ဆိုတော့ တွေ့တာ။ ပျော်လဲ ပျော်တယ်။ ကိုယ့်အိမ်မှာ ထူးထူး ခြားခြားဖြစ်တယ်ဆိုတော့ စီးပွားရေး သမားတစ်ယောက်အနေနဲ့ အလုပ် အကိုင်တွေ အဆင်ပြေမယ်လို့ မျှော် လင့်တယ်'' ဟု ဦးကျော်ကျော်တိုးက ပြောသည်။
ယခုလက်ရှိတွင် ဘုရားဆင်းတု တော်ကို ယင်းတို့ကိုးကွယ်သည့် ဆရာ တော်မှပဋ္ဌာန်းရွတ်ခြင်း၊ ဘုရားအနေ ကဇာတင်ခြင်းများကိုပြုလုပ်ထားပြီး မလေးရှားနိုင်ငံရှိ မြန်မာလူမျိုးများ ဖူးမြော်နိုင်ရန် ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ တွင် ဘုရားဆင်းတုတော်အချို့မှ မျက်လုံးတော်ပွင့်ခြင်း ဖြစ်ရပ်များမှာ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး မြန်မာ လူမျိုး ဗုဒ္ဓဘာသာများအနေဖြင့် အကျိုးထူးပေးတတ်သည်ဟုလည်း ယုံကြည်ကြကြောင်း သိရသည်။
''နယ်ဘက်တွေမှာတော့ မျက်လုံး တော်ပွင့်တာတို့၊ မွေးညင်းထွက် တာတို့က မကြာခဏဖြစ်ပေါ်တတ် တယ်။ ဒီလိုဖြစ်ရပ်တွေက ဘာပဲဖြစ် ဖြစ်ထူးခြားပြီး အမြဲတမ်းကောင်း တာတွေပဲ ဖြစ်တတ်ပါတယ်'' ဟု အသက် ၅ဝကျော်အရွယ်ရှိ အဘဥာဏ်က ပြောသည်။
ယင်းဆင်းတုတော်ကို မြန်မာ နိုင်ငံမှ မလေးရှားသို့ ပင့်ဆောင်ကာ ကိုးကွယ်ထားခြင်းဖြစ်ပြီး ဥာဏ်တော် တစ်ပေခန့်ရှိကာ ၂ဝဝ၂ခုနှစ်မှစတင် ကိုးကွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
YMG

အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ကူးတဲ့ အသက်အကြီးဆုံး စံချိန်တင်မယ့်သူ


ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံကို ခြားထားတဲ့ အင်္ဂလိပ် ရေလက်ကြားကို အသက် အကြီးဆုံး ရေကူး ဖြတ်ကျော် နိုင်သူအဖြစ် စံချိန် တင်နိုင်ဖို့ သြစတြေးလျ နိုင်ငံသား အသက် ၇၀ အရွယ် အမျိုးသား တစ်ဦးက ကြိုးပမ်းနေပါတယ်။

ဆစ်ဒနီ မြို့ Bondi Beach မှာ နေထိုင်သူ မစ္စတာ Cyril Baldock က ဒီည မြန်မာ စံတော်ချိန် ၈ နာရီခွဲ လောက်မှာ စတင် ရေကူးမှာ ဖြစ်ပါတယ်။

ငယ်ရွယ်စဉ်က ရေကြောက်သူ မစ္စတာ Baldock ဟာ ၁၉၈၅ ခုနှစ်တုန်းကလည်း အင်္ဂလိပ် ရေလက်ကြားကို ရေကူး ဖြတ်သန်း ခဲ့ဖူးပါတယ်။

လက်ရှိ အသက်အကြီးဆုံး ဖြတ်ကူးနိုင်သူ အဖြစ် စံချိန်တင်ထားသူက Guernsey က အငြိမ်းစား ခွဲစိတ်ကု ဆရာဝန် Roger Allsopp ဖြစ်ပြီး အခု စံချိန်တင်ဖို့ ကြိုးစားနေတဲ့ မစ္စတာ Baldock က သူ့ထက် ၄ လ အသက် ပိုကြီးပါတယ်။

BBC Burmese

နယူးယော့ခ်က ကိုယ်ပျောက်ဖက်ရှင်


လတ်တလော အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတာကတော့ နယူးယော့ခ်မြို့က ကိုယ်ပျောက်ဖက်ရှင်ဒီ ဇိုင်းပါပဲ။ အသက်(၃၃)နှစ်အရွယ်ရှိ ခန္ဓာကိုယ် ဆေးခြယ်ပညာရှင် ထရီနာမာရီက နယူးယော့ခ်မြို့ရဲ့ အထင်ကရ နေရာတွေမှာ ကိုယ်ပျောက်ဖက်ရှင် ဖန်တီးပြခဲ့တာဖြစ်ပါတယ်။


ကိုယ်ပျောက် ဖက်ရှင် သက်ဝင်ဖို့ အဓိကကျတာက ပတ်ဝန်းကျင်ရှုခင်းနဲ့ ခန္ဓာကိုယ် ဆေးရောင် လိုက်ဖက်ဖို့ပါပဲ။ ယာဉ်အသွားအလာ၊ လူအသွား အလာစတဲ့ ပြင်ပအနှောင့်အယှက်တွေ မရှိဖို့လည်း လိုပါတယ်။ ကိုယ်ပျောက်ဖက်ရှင် သရုပ်ပြခဲ့ချိန်မှာ ထရီနာ မာရီရဲ့ မော်ဒယ်အမျိုးသမီး တွေဟာ ခန္ဓာကိုယ် အပေါ်ပိုင်းဗလာကျင်းနေလို့ နယူးယော့ခ်မြို့ ရဲတပ်ဖွဲ့တွေ လာရောက်မေးမြန်းခဲ့ကြပေမယ့် အနုပညာ ဖန်တီးမှုတွေ လုပ်ဖို့အတွက်ဆိုရင် လမ်းမပေါ်မှာ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းနဲ့ နေခွင့်ရှိတဲ့ ဥပဒေ နယူးယော့ခ်မှာရှိလို့ ထရီနာမာရီရဲ့ ဖန်တီးမှု အခုလို ပုံပေါ်လာခဲ့တာပါ။



Ref: Dailymail
@z (ရိုးရာလေး)