Showing posts with label ပရဟိတသတင်း. Show all posts
Showing posts with label ပရဟိတသတင်း. Show all posts

အင်းလျားကန်ဘောင်အတွက် ပေးဆပ်မှုများ.




အများပြည်သူ အပန်းဖြေလျှက်ရှိကြသည့် အင်းလျားကန်ဘောင်သို့ လာရောက်၍ အပန်းဖြေကြလ သော မိဘပြည်သူများတို့အတွက် စည်ပင်သာယာအဖွဲ့မှ အမှိုက်ပုံးများ ထားရှိပေးထားသော်လည်း စည်း ကမ်းမဲ့စွာ အသိတရားမရှိသော၊ နိုင်ငံကြီးသားမပီသ သူတစ်ချို့၏ စွန့်ပစ်ထားသောအမှိုက်များ၊ ပုလင်း များ၊ ရေသန့်ဗူး၊ ကြွပ်ကြွပ်အိတ်များ၊ သံဗူးများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် နှင့် အသင်းသား/သူများအပြင် သဘာဝ ပတ် ဝန်းကျင် သန့်ရှင်းရေးအား စိတ်ပါဝင်စားကြသော ရွှေပြည်သာမြို့နယ် "အာယုသုခ ပရဟိတလူငယ်များ" နာရေးအသင်း၊ မင်္ဂလာဒုံမြို့နယ် "ပုညကာရီ" နာရေးအသင်း၊ အင်းစိန်မြို့နယ် "ဗြဟ္မဝိဟာရ လူငယ် ပရဟိတအဖွဲ့" စုစုပေါင်း ပရဟိတအင်အား (၅ဝ) ဦးခန့်တို့ဖြင့် အင်းလျားကန်ဘောင်ပေါ်ရှိ မြက်ခင်းပြင်၊ အင်းလျားကန်လမ်းတလျှောက်နှင့် စားသောက်ဆိုင် ပတ်ဝန်းကျင်တဝိုက်ရှိ အမှိုက်များအပြင် ပြည်လမ်း အင်းလျားကန်ဘောင်တလျှောက် ရေမြောင်းကြီးများထဲရှိ ချိတ်တွယ်နေသော အမှိုက်များအား နံနက် (၇း၃ဝ) နာရီအချိန်မှ (၁၁းဝဝ) နာရီအထိ သွားရောက်၍ ကောက်ယူရှင်းလင်းပေးခဲ့သည်။


ထို့နောက် "ကိုယ့်အမှိုက် ကိုယ်ရှင်း" ဟူသော သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ရိုက်နှိပ် ထားသော စတေကာများအားလည်း ကန်ဘောင်ပေါ်ရှိအမှိုက်ပုံးများ၊ ဈေးဆိုင်ခန်းများတွင် စနစ်တကျ လိုက်လံ ကပ်ပေးခဲ့ခြင်းနှင့် လက်ကမ်းစာရွက်များ ဝေငှပေးခဲ့သည်။ ရေထဲ၌ အမှိုက်များအား ဆယ်ယူရာ တွင် ရွံနွံ့ထဲ နစ်မြှုပ်နေသော အရက်ပုလင်း၊ ဝိုင်ပုလင်း၊ ဘီယာပုလင်းကွဲများ တွေ့ရှိရ၍ အထူးသတိပြု ကောက်ယူရှင်းလင်းခဲ့ရသည်။ အများပြည်သူ အပန်းဖြေရာနေရာတစ်ခုတွင် ဤကဲ့သို့ အန္တရာယ်ဖြစ်နိုင် သည့်အမှိုက်များ၊ အမြင်မသင့်လျော်သော အမှိုက်များအား လူသားချင်း ကိုယ်ချင်းစာစိတ် မွေးဖွား၍ သတ် မှတ်ထားသော အမှိုက်စွန့်ပစ်ရာ အမှိုက်ပုံများတွင် စည်းကမ်းစနစ်ကျစွာ စွန့်ပစ်ခြင်းဖြင့် နိုင်ငံဂုဏ်အား မြှင့်တင်ကြပါရန် နှိုးဆော်လိုက်ရပါတော့သည်။

Kyaw Thu