ဒေါ်လာ၆၀၀၀တန် ဆာဂျရီပြုလုပ်ခွင့်ရရှိခဲ့ပေမယ့် ဒါကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တဲ့ အလှမယ်လေး


မန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် ရွေးချယ်ခံထားရတဲ့ Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာဟာ အလှအပနဲ့ပတ်သက်ပြီး ဒေါ်လာ ၆၀၀၀တန် ခွဲစိတ်ပြုပြင်ခွင့်ရရှိထား တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆာဂျရီခွဲစိတ် ပြုပြင်သွားဖို့ရှိမရှိ ကိုမေးကြည့်လိုက်တော့ “ညီမ ခွဲစိတ်ပြုပြင် ဖို့ အစီအစဉ်မရှိပါဘူး။ ညီမရရှိထားတဲ့ အလှအပပြင်ဆင်ခွင့်က အဓိက ဆာဂျရီလုပ်တာပေါ့နော်။ ညီမက ဆာဂျရီလုပ်ဖို့ စိတ်ကူးမရှိပါဘူး။ ညီမမှာ ဆာဂျရီလုပ်ချင်တဲ့ စိတ်ကူးမရှိတာနဲ့ သူတို့ဆီမှာ ညီမ body treatment ပဲ လုပ်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သွားအရောင်တင် ဖြစ်ပါတယ်။ ဒီလောက်ပဲ လုပ်ဖြစ်ပါတယ်။ ညီမကိုယ်တိုင်ကတော့ ဆာဂျရီလုပ်တာကို လုံးဝမကြိုက်ပါဘူး။ ညီမအနေနဲ့ ပြောရရင်တော့ ဆာဂျရီ မလုပ်ချင်ဘူး။ ဆာဂျရီလုပ်တာ မကောင်းဘူးလို့တော့ ပြောတာ မဟုတ်ပါဘူး။ ဆာဂျရီလုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ခံယူချက်နဲ့ ကိုယ်ပေါ့နော်။ ညီမကျတော့လည်း လိုအပ်တဲ့ နေရာတစ်ခုကို လေ့ကျင့်ခန်း လုပ်ပြီးတော့ပဲ ထိန်းဖို့ စီစဉ်ထားပါတယ်။ သဘာဝနည်းအတိုင်းပဲ ကောင်းပါတယ်။ သဘာဝအတိုင်း လုပ်ရတာကိုပဲ ကြိုက်ပါတယ်။ ဆာဂျရီကလည်း ညီမက ကြောက်တတ်တော့ မလုပ်ရဲတာလည်း ပါပါတယ်။”လို့ သူမက ပြောပါတယ်။

ပြိုင်ပွဲအတွက် ဝတ်ဆင်မယ့် အဝတ်အစားနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ကရော ဘာတွေလုပ်နေလဲဆိုတော့ သူမက “ညီမလတ်တလောမှာတော့ ပြိုင်ပွဲ မှာ အကောင်းဆုံးယှဉ်ပြိုင် နိုင်ဖို့အတွက် ကြိုတင်လေ့လာပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ရင်တွေလည်း အရမ်းခုန်နေပါတယ်”တဲ့။

သူမဟာ ပြိုင်ပွဲမှာဝတ်ဆင်မယ့် national costume ဝတ်စုံကိုတော့ စာနယ်ဇင်း ရှင်းလင်းပွဲနှင့်အတူ ပြသမိတ်ဆက် သွားပါမယ်လို့ ဆိုပါတယ်

စန္ဒီ
Trend

တီးလုံးအတိုင်း ကွက်တိ ရင်သားလှုပ်ပြနိုင်တဲ့ မော်ဒယ်လေးSara X

အရင်တုန်းက သီချင်းသံစဉ်တွေအတိုင်း မျက်ခုံးပင့်ပြတာ၊ နှာခေါင်းလှုပ်ပြတာမျိုးတွေ သင်တွေ့ဖူး၊ ကြည့်ဖူးမှာပါ။ ဒီတစ်ခေါက်တော့ အရင်အခါတွေနဲ့ ကွဲပြားခြားနားတဲ့ အနေအထားတစ်ခုကို သင်မြင်တွေ့ရပါလိမ့်မယ်။ Sara X လို့ ခေါ်တဲ့ မော်ဒယ်တစ်ယောက်က သူ့ရင်သားတွေကို Mozart ရဲ့ Eine Kleine Nachtmusik သံစဉ်အတိုင်း ကွက်တိကို ဘယ်ညာ၊ အပေါ်အောက် လှုပ်ပြသွားနိုင်ခဲ့တာပါ။

ဒါဟာ တကယ်ရော ဟုတ်ရဲ့လားလို့ သင်ထင်ပါလိမ့်မယ်။ ပါးစပ်အဟောင်းသားနဲ့ မဖြစ်နိုင်ဘူးလို့လည်း သင်ရေရွတ်နိုင်ကောင်း ရေရွတ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ တကယ့်ဖြစ်ရပ်မှန်ပါပဲ။ လှုပ်ရှားဖို့ ခက်ခဲတဲ့ ရင်သားတွေကို သံစဉ်နဲ့ ကွက်တိလှုပ်ပြသွားနိုင်ခဲ့တာမို့ ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး ထွက်လာခဲ့တဲ့ အငြင်းအခုန်တွေကို Sara X က "ရှင်တို့ပြောသလို ကျွန်မရင်သားတွေက အတုတွေဆိုရင်တောင် ရှင်တို့ကြည့်လိုက်ရတဲ့ ဗီဒီယိုကတော့ အစစ်ပါ။ ဘာ effect မှသုံးမထားတဲ့ ဗီဒီယိုအစစ်ပါ။ ကျွန်မရင်သားတွေကို ခွဲစိတ်ပြုပြင်ထားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ခွဲစိတ်ထားတဲ့သူတိုင်း ရင်သားလှုပ်နိုင်ကြလို့လားဆိုတာ ပြန်စဉ်းစားကြည့်ပါဦး။ ကျွန်မကတော့ ကျွန်မဗိုက်သားတွေကို နည်းနည်းလေး ကစားပေးလိုက်တာနဲ့ ရင်သားတွေကို လိုသလို ဘယ်ညာ၊ အပေါ်အောက် လှုပ်ရှားနိုင်စွမ်းရှိပါတယ်"လို့ ဆိုသွားပါတယ်။

ဒါ့ကြောင့်လည်း ထူးဆန်းတဲ့လုပ်ရပ်၊ လုပ်နိုင်စွမ်းအားတွေကို ဆုပေးလေ့ရှိတဲ့ NSFW talent ရှိုးမှာ သူမက အနိုင်ရသွားခဲ့တာပေါ့။ ကဲ ဟုတ်မဟုတ်သိရအောင် ဗီဒီိယိုလေး တစ်ချက်ကြည့်လိုက်ပါဦး။
အောက်လင့်လေးကနေကြည့်ပါ
https://www.youtube.com/watch?v=UDXUDehUgIQ

Ref:cosmopolitan.com

တစ်နေ့ကို ဘီယာ တစ်ပိုင့်ခန့် သောက်သုံးခြင်းဟာ အမျိုးသားတွေအတွက် မျိုးပွားနိုင်စွမ်းကို နှစ်ဆတိုးပေးနိုင်


တစ်နေ့ကို ဘီယာ တစ်ပိုင့် ခန့် သောက်သုံးခြင်းဟာ အမျိုးသားတွေအတွက် မျိုးပွားနိုင်စွမ်းကို နှစ်ဆတိုးပေးပြီး ဖခင်ဖြစ်နိုင်ချေ ရာခိုင်နှုးန်ကို တိုးမြှင့်ပေးနိုင်တယ်လို့ သုတေသီတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါပေမယ့် ရည်ရွယ်ချက်တူညီတဲ့ လေ့လာမှုတွေအရတော့ မိသားစုတစ်ခုကို စတင်တည်ထောင် တော့မယ့် အမျိုးသားတွေဟာ ကော်ဖီကိုဖြတ်တောက်ဖို့လိုတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို ကော်ဖီနှစ်ခွက် သောက်သုံးခြင်းဟာ မျိုးပွားနိုင်မှုကို ထိခိုက်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားလေ့လာမှုအရ အသားမစားပဲ အသီးအရွက်ပဲ စားသုံးတဲ့ အမျိုးသားတွေဟာ အခြားအသားစားတဲ့ အမျိုးသားတွေထက် သုတ်ကောင်ရေ ထွက်ရှိမှုနည်းပြီး ထိုထွက်ရှိတဲ့ သုတ်ကောင်တွေဟာလည်း မျိုးပွားနိုင်ခြင်းမရှိတဲ့ အရည်အသွေးတွေသာ ရှိနေလိမ့်မယ်လို့ ဆိုပါတယ်။

သောက်သုံးတဲ့ ယမကာ ပမာဏဟာလည်း ဖခင်ဖြစ်လာနိုင်မှုကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ သိရပါတယ်။ တစ်နေ့ကို အများဆုံး ၃ ယူနစ်သာသောက် သုံးသင့်တယ်လို့ သိရပါတယ်။ ဘီယာ တစ်ပိုင့်မှာ ၂.၇ ယူနစ်ပါဝင်ပါတယ်။ ကဖိန်း မှီဝဲတဲ့ သူတွေရဲ့ မျိုးပွားနိုင်မှုနှုန်းထားလည်လည်း ကဖိန်းမှီဝဲတဲ့ ပမာဏပေါ် မူတည်နေပါတယ်။ တစ်နေ့ကို ကဖိန်း ၂၆၅ မီလီဂရမ် အထက်မှာ သောက်သုံးပါက မျိုးပွားနိုင်မှုကို ထိခိုက်စေတယ်လို့ဆိုပါတယ်။ ကော်ဖီ မတ်ခွက်တစ်ခွက်မှာဆိုရင် ကဖိန်း ၁၄၀ မီလီဂရမ်ပါဝင်ပါတယ်။

Ref:dailymail.co.uk
trend

ထူးခြားတဲ့ အတွေ့အကြုံကို ခံစားရရှိ စေမယ့် စားသောက်ဆိုင်များ





အေသင်အောင်

ကမ္ဘာကြီးမှာ ထူးခြားတဲ့ အပြင်အဆင်တွေနဲ့ စားသောက်ဆိုင် တွေကို ဖွင့်လှစ်လေ့ ရှိကြ ပါတယ်။ အချို့စားသောက်ဆိုင်တွေ ကတော့ ကောင်းမွန်တဲ့ ဟင်းလျာတွေနဲ့ စားသုံးသူ တွေကို ဆွဲဆောင်လေ့ရှိ ပါတယ်။ ဒါပေမဲ့ အချို့ စားသောက်ဆိုင်တွေ ကတော့ ကောင်းမွန်တဲ့ ဟင်းလျာတွေ အပြင် ထူးခြားတဲ့ စိတ်ကူးစိတ်သန်း တွေနဲ့ စားသုံး သူတွေကို ဆွဲဆောင်လေ့ရှိ ပါတယ်။ ကမ္ဘာအနှံ့မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် အများအပြားရှိ ကြပြီး အဲဒီထဲက မတူညီတဲ့ ပုံစံတွေနဲ့ စားသုံး သူတွေကို ဆွဲဆောင်နေတဲ့ ထူးခြားတဲ့ စားသောက်ဆိုင်တွေ အကြောင်းကို ကောက်နုတ် ဖော်ပြပေးလိုက် ပါတယ်။

(၁) တိတ်ဆိတ်စွာနဲ့ စားသုံးရမယ့်ဆိုင်

အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ် မြို့မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ဟာ အခြားဆိုင်တွေနဲ့ လုံးဝ မတူပါဘူး။ အဲဒီ ဆိုင်ကို နီကိုးလက်စ် နယူးမန်းလို့ အမည်ပေးထား ပါတယ်။ စားသောက်ဆိုင် ပိုင်ရှင် နယူးမန်းဟာ အိန်္ဒိယနိုင်ငံကို သွားရောက်စဉ်မှာ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းကို ရောက်ရှိ သွားခဲ့ပါတယ်။ အဲဒီမှာ ဘုန်းတော်ကြီးတွေဟာ အစားအသောက် ဘုဉ်းပေးရာမှာ လုံးဝ အသံထွက်ခြင်း မရှိပါဘူး။ အဲဒါကြောင့် ဒီလို ပုံစံမျိုးနဲ့ စားသောက်ဆိုင် တစ်ဆိုင်ကို ဖွင့်လှစ်ဖို့ နယူးမန်းက စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။ နယူးမန်းရဲ့ စားသောက်ဆိုင်ဟာ ကျဉ်းမြောင်းပေမယ့် ဆိုင် အတွင်းမှာ စကား ပြောဆိုခွင့် လုံးဝမရှိတာမို့ ထူးခြားတဲ့ စားသောက်ဆိုင် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရ ပါတယ်။

(၂) အ၀တ်အစားမဲ့ စားသောက်ဆိုင်

အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ်မြို့ရှိ မက်ဟာတန် အရပ် ဒေသမှာ လာရောက် စားသုံးသူ တွေကို ပျော်ရွှင်မှုရစေဖို့ တစ်လ တစ်ကြိမ် ထူးခြားတဲ့ အစီအစဉ်တွေ ပြုလုပ်ပေးခဲ့ ပါတယ်။ အဲဒါကတော့ စားသုံးသူ တွေဟာ အ၀တ်အစားမဲ့ စားသုံးရခြင်း ဖြစ်ပါတယ်။ စားသုံး သူတွေဟာ လက်သုတ် ပ၀ါကိုသာ ခန္ဓာကိုယ်ပေါ်မှာ တင်ခွင့်ရှိပြီး အ၀တ်အစားမဲ့ စားသုံးရခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ စားသုံးသူတွေကို ချွေးထွက်စေမယ့် စွပ်ပြုတ် လို ဟာမျိုးကို ကျွေးမွေးလေ့ မရှိဘူးလို့ ဆိုထားပါတယ်။ နောက်ပြီး စားသုံး သူတွေကို လွတ်လပ်စွာ စားသောက်နိုင်ဖို့ အပြင်ကနေ ရုတ်တရက် မမြင်နိုင် အောင် အထူး စီမံပြုလုပ်ပေး ထားပါတယ်။

(၃) ကာတွန်း ဇာတ်ကောင်တွေ ထဲက ပုံစံပြုလုပ်ထားတဲ့ဆိုင်

ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် ကတော့ ကာတွန်း ဇာတ်ကောင်တွေ ထဲက ပုံစံမျိုး ပြုလုပ်ထား ပါတယ်။ Alice In Wonderland ဇာတ်ကောင် တွေထဲက ပုံစံအတိုင်း စားသောက်ဆိုင်ကို ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ စားသောက်ဆိုင် ဖွဲ့စည်းမှု ကလည်း ကာတွန်း ဇာတ်ကားထဲ ကအတိုင်း ဖြစ်ပါတယ်။ နောက်ပြီး စားသောက်ဆိုင်က စားပွဲထိုးတွေ ကလည်း ကာတွန်း ဇာတ်ကောင် ထဲက ပုံစံအတိုင်း ၀တ်ဆင်ရလေ့ ရှိပါတယ်။

(၄) သေခြင်းတရားကို ပြသထားတဲ့ဆိုင်

အိန်္ဒိယနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် တစ်ဆိုင်ကတော့ သေခြင်းတရားကို သိမြင်နိုင်ဖို့ ပြသပေးထား ပါတယ်။ စားသောက်ဆိုင် ထဲကို ၀င်လိုက်တာနဲ့ တစ်ပြိုင်တည်း ခေါင်းတလားတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ခေါင်းတလားတွေကို စားပွဲဝိုင်းတွေ နားမှာ ချထားမှု ပြုလုပ်ထား ပါတယ်။ စားသောက်ဆိုင်ကို အာမန် ဒါဘက်မြို့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး နယူးလပ်ကီး စားသောက်ဆိုင်လို့ အမည်ပေးထားပါတယ်။ စားသောက်ဆိုင် ပိုင်ရှင်ဟာ ဒီလိုပြုလုပ်ခြင်းကြောင့် စီးပွားရေး တိုးတက်လာမယ်လို့ ယုံကြည်ထားပါတယ်။

(၅) စားပွဲတစ်လုံးသာ ချထားပေးတဲ့ ဆိုင်

စားသောက်ဆိုင်တွေ တော်တော် များများဟာ လာရောက် စားသုံးသူတွေ အဆင်ပြေ စေဖို့ စားပွဲဝိုင်းတွေကို အကောင်းဆုံး ပြင်ဆင်ပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် တစ်ဆိုင်ကတော့ ဆိုင်ထဲမှာ လူတစ်ယောက်သာ ထိုင်နိုင်တဲ့ စားပွဲတွေကိုသာ ချထားပေးပါတယ်။ လာရောက် စားသုံးသူ တွေသာ စားပွဲဝိုင်း တစ်ဝိုင်းမှာ တစ်ယောက်သာ စားသုံးရမှာ ဖြစ်ပါတယ်။ အထီးကျန်စွာ စားသုံးရမှာ ဖြစ်ပေမယ့် ထူးခြားတဲ့ အတွေ့အကြုံတွေ ရရှိမှာ ဖြစ်ပါတယ်။

(၆) ငါးနှစ် ကြိုတင်မှာ ကြားရတဲ့ဆိုင်

အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ် မြို့မှာရှိတဲ့ နာမည်ကြီး စားဖိုမှူး ဒါမွန်ဘာဟာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်မှာ သွားရောက် စားသုံးဖို့ ဆိုရင် ကြိုတင်မှာကြားမှု ပြုလုပ်ထားဖို့ လိုပါတယ်။ စားသောက်ဆိုင် အပြင်အဆင်ဟာ သိပ်ပြီး မထူးခြားပေမယ့် အရသာ ကောင်းမွန်တဲ့ အစား အစာတွေကို ကိုယ်ပိုင် စိုက်ပျိုးထားတဲ့ အသီးအနှံတွေနဲ့ ချက်ပြုတ်တာမို့ လာရောက် စားသုံးသူတွေ အများအပြား ရှိတတ်ပါတယ်။ဒီဆိုင်မှာ စားသောက် ချင်တယ်ဆိုရင် အနည်းဆုံး (၅)နှစ် ကြိုတင်ပြီးမှာ ကြားဖို့ လိုပါတယ်။ အဲဒီလိုမှာ ကြားမှသာ နေရာ တစ်နေရာစာ ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီဆိုင်မှာ ရောင်းချတဲ့ အစားအသောက်တွေရဲ့ ဈေးနှုန်းတွေက အလွန်တရာ ကြီးမြင့်ပေမယ့် လာရောက်စားသုံးဖို့ ကြိုတင် စာရင်းပေးထား သူတွေ အများအပြား ရှိတယ်လို့ ဆိုပါတယ်။



(၇) ဘီယာနဲ့ ရေချိုးလို့ ရတဲ့ နေရာ

ချက်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် တစ်ခုမှာ ဘီယာနဲ့ ရေချိုးလို့ ရအောင် စီစဉ်ပေးထား ပါတယ်။ ဒီဆိုင်ဟာ ချက်နိုင်ငံမှာ နာမည်ကြီး တဲ့ စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေ အများအပြား လာရောက်လေ့ရှိ ပါတယ်။ ဘီယာနဲ့ ရေချိုးလို့ရှိရင် ကျန်းမာရေး ပိုမို ကောင်းမွန်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေချိုးကန်ထဲမှာ ဘီယာတွေ သောက်သုံးရင်း ဘီယာတွေနဲ့ ရေချိုးလေ့ရှိ ပါတယ်။
Messenger

တယ်လီနောဆင်းမ်ကတ်နိုင်ငံတကာသို့ ယူဆောင်နိုင်



တယ်လီနောဆင်းမ်ကတ်ကို နိုင်ငံတကာသို့ခရီးသွားရာတွင် ယူဆောင်၍ ဖုန်း
ခေါ်ဆိုခြင်းနှင့် အ၀င်လက်ခံခြင်းများကို အသုံးပြုနိုင်မည်ဖြစ်ပြီး ခေါ်ဆိုမှု နှုန်းထားသည်
ရောက်ရှိသည့် နိုင်ငံ၏ နှုန်းထားသတ်မှတ်ချက်အတိုင်းဖြစ်ကြောင်း တယ်လီနောမြန်မာမှ
အောက်တိုဘာ ၁၉ ရက်က သိရသည်။

တယ်လီနောဆင်းမ်ကတ်ကို လက်ရှိတွင် နိုင်ငံငါးနိုင်ငံသို့ ယူဆောင်စတင်အသုံး
ပြုနိုင်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၃၄ နိုင်ငံသို့ ဖုန်းခေါ်ဆိုမှုရရှိရန်ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း သိရသည်။ ခရီးသွားရာတွင် ဆင်းမ်ကတ်ယူဆောင်အသုံးပြုလိုပါက ရောက်ရှိ
သည့်နိုင်ငံအလိုက် ခေါ်ဆိုခနှုန်းထားမတူညီသည့် နှုန်းထားကို လေ့လာထားရန် လိုအပ်
ကြောင်း သိရသည်။

ခေါ်ဆိုရန် လွယ်ကူသည့် နိုင်ငံများသို့ ဆက်သွယ်ပါက တစ်မိနစ်လျှင် အနည်းဆုံး
ကျပ် ၁၀၀ အထိ သက်သာမည်ဖြစ်ပြီး ခေါ်ဆိုရန်ခက်ခဲသည့်နိုင်ငံများသို့ ဆက်သွယ်ပါက
အနည်းဆုံး ကျပ် ၈၀၀၀ အထိ ကျသင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

'တယ်လီနောကတ်ကို စ၀ယ်ကတည်းRoamingပါပြီးသားဖြစ်လို့ နိုင်ငံ
တကာကို ဖုန်းခေါ်နိုင်ပါတယ်။ လောလောဆယ်တော့ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စတဲ့ ငါးနိုင်ငံကို အရင်ဆုံးခေါ်ဆိုလို့ရမယ်။ ဒါပေမဲ့ လစဉ်ခေါ်
ဆိုနိုင်မယ့် နိုင်ငံအရေအတွက် တိုးသွားမယ်။ ခေါ်ဆိုခနှုန်းထားတွေကလည်း အရမ်း
သက်သာမှာဖြစ်ပါတယ်။ တယ်လီနောဆင်းမ်ကတ်တွေကို တယ်လီနောပါတနာရှိထား
တဲ့နိုင်ငံတွေမှာ ယူဆောင်အသုံးပြုနိုင်မှာဖြစ်ပါတယ်'ဟု တယ်လီနောမြန်မာမှ အမှု
ဆောင်အရာရှိချုပ်Mr. Peter Furbergက စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်ခဲ့ သည့်
သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

နိုင်ငံတကာသို့ ခရီးသွားစဉ် ဆင်းမ်ကတ်ယူဆောင်၍ ဖုန်းခေါ်ဆိုမှုများ၊ ဖုန်းအ၀င်
လက်ခံမှုများပြုလုပ်ခြင်းအပြင် အီးမေးလ်အသုံးပြုခြင်းများ၊ အင်တာနက်အသုံးပြုခြင်း
များကိုလည်း ၀န်ဆောင်မှုပေးသွားရန်ရှိကြောင်း တယ်လီနောမြန်မာက ပြောသည်။
ထို့ကြောင့် နိုင်ငံခြားခရီးသွားမည်ဆိုပါက အနည်းဆုံးဖုန်းဘေလ်ကျပ် ၂၅၀၀၀ ခန့်
ဖြည့်ထားသင့်ကြောင်း၊ လိုအပ်မည်ဆိုပါက ဖုန်းငွေဖြည့်ကတ်ကိုလည်း ယူဆောင်
သွားနိုင်မည်ဖြစ်ပြီး ယင်းအတွက်အပိုဆောင်းကောက်ခံခြင်းမျိုးရှိမည်မဟုတ်ကြောင်း
သိရသည်။

'မြန်မာက တယ်လီနောဆင်းမ်ကတ်ကို ထိုင်းမှာစမ်းတော့ တယ်လီနောအမည်နဲ့
မြန်မာဖုန်းနံပါတ်အတိုင်း ပေါ်ပါတယ်။ မြန်မာပြည်မှာသုံးတဲ့ ကုဒ်နံပါတ်တွေအတိုင်း
ထိုင်းမှာငွေစစ်လို့ရသလို ၀န်ဆောင်မှုတွေလည်း သုံးလို့ရတယ်။ မြန်မာတယ်လီနောဖုန်းကို
ထိုင်းကိုယူလာပြီး ထိုင်းဖုန်းဆင်းမ်ကတ်နဲ့ ဖုန်းခေါ် ကြည့်တာလည်း ဖုန်းခေါ်လို့ရတယ်။
ထိုင်းနဲ့မြန်မာကို ပြည်တွင်းခေါ်ဆိုခအတိုင်းသာ ခေါ်ဆိုနိုင်မယ်ဆိုရင်တော့ တယ်လီနော
က မြန်မာတယ်လီကွန်ဈေးကွက်သုံးပုံတစ်ပုံလောက်ကို ရနိုင်ပါတယ်။ ဘာကြောင့်လဲ
ဆိုတော့ ထိုင်းမှာမြန်မာလုပ်သားအများအပြားရှိနေလို့ပါ'ဟု ထိုင်းနိုင်ငံရောက် မြန်မာ
အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ဆက်သွယ်ရေးအော်ပရေတာများဖြစ်သော မြန်မာ့ဆက်
သွယ်ရေးနှင့် အူရီဒူးနှစ်ခုလုံးက နိုင်ငံခြားဖုန်းခေါ်ဆိုမှုများကို ဆောင်ရွက်နိုင်သော်လည်း
သင့်တင့်သည့်နှုန်းထားအဖြစ် အော်ပရေတာများက မသတ်မှတ်သေးဘဲ တယ်လီနော
မြန်မာဝန်ဆောင်မှုကို စောင့်မျှော်နေကြကြောင်း သိရသည်။ တယ်လီနောမြန်မာကလည်း
နိုင်ငံခြားဖုန်းခေါ်ဆိုမှုကို နိုင်ငံအလိုက် တရားဝင်မကြေညာသေးသော်လည်း သက်သာ
နှုန်းထားဖြစ်စေမည်ဟု ကတိပေးပြောကြားမှုများရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင်
တယ်လီနောက တစ်ကြိမ်ကျပ် ၃၀ ဖြင့် အခြားနိုင်ငံများသို့ SMSပးပို့နိုင်မည်ဖြစ်ကြောင်း
ကြေညာထားသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ တွင် ညလွှတ်မီးကြီး ပထမဆုကို ငွေကျပ် သိန်း ၆၀ ချီးမြှင့်မည်

မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော်တစ်ခု ဖြစ်သည့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော် မီးပုံးပျံပြိုင်ပွဲ ကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ညလွှတ်မီးကြီး ပြိုင်ပွဲ၌ ပထမဆုကို ငွေကျပ် သိန်း ၆ဝ သတ်မှတ်ချီးမြှင့် ပေးသွားမည်ဟု တန်ဆောင်တိုင် ပွဲတော် ကျင်းပရေး ကော်မတီမှ သိရသည်။


၂ဝ၁၃ ခုနှစ် မီးပုံးပျံပြိုင်ပွဲ ညလွှတ်မီးကြီး ပြိုင်ပွဲတွင် ပထမဆု ကို ငွေကျပ် ၄၅ သိန်း၊ ဒုတိယဆု ကို ငွေကျပ် ၃၅ သိန်း၊ တတိယဆု ကို ငွေကျပ်သိန်း ၃ဝ၊ စတုတ္ထဆု ကို ငွေကျပ် ၂၅ သိန်း၊ ပဉ္စမဆု ကို ငွေကျပ် ၂၁ သိန်းနှင့် ဂုဏ်ပြုဆုကို ငွေကျပ် ငါးသိန်း သတ်မှတ် ချီးမြှင့် ခဲ့သည်။


ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် ပွဲတော် မီးပုံးပျံပြိုင်ပွဲ တွင် ညလွှတ်မီးကြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်ရန် ညလွှတ်မီးကြီး ၈၅ လုံးကို အောက်တိုဘာ ၁၆ ရက်အထိ ပြိုင်ပွဲ ဝင်စာရင်းတွင် လက်ခံရရှိ ထားပြီး ဖြစ်သည်။ ယမန်နှစ် မီးပုံးပျံပြိုင်ပွဲ တွင် ညလွှတ်မီးကြီး ၆၈ လုံး ပါဝင် ယှဉ်ပြိုင် ခဲ့သည့်အတွက် ယခုနှစ် တွင် ပြိုင်ပွဲဝင် အရေအတွက် ပိုမို တိုးမြင့် လာသည်ဟု သိရသည်။ အောက်တိုဘာ ၁၆ ရက်ထိ ရရှိထားသော စာရင်းများအရ ညလွှတ် စိန်နားပန် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မီးပုံး ၃၆ လုံး ပါဝင်ယှဉ်ပြိုင် ရန် စာရင်းရရှိ ထားသည်ဟု သိရသည်။


တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် မီးပုံးပျံ ပြိုင်ပွဲအဖြစ် ညလွှတ်မီးကြီး ပြိုင်ပွဲ၊ စိန်နားပန် ပြိုင်ပွဲ၊ အရုပ်ပြိုင်ပွဲ (အုပ်စုလိုက် ပြိုင်ပွဲ) အဖြစ် သတ်မှတ်ထားပြီး အရုပ်ပြိုင်ပွဲ (ဝဲပုံ) တွင် ခြေလေးချောင်း အရုပ်ပြိုင်ပွဲ နှင့် ခြေနှစ်ချောင်း အရုပ်ပြိုင်ပွဲ ဟူ၍ ခွဲခြား သတ်မှတ် ထားသည်ဟု သိရသည်။


အဆိုပါ ပြိုင်ပွဲများ အပြင် မီးပဒေသာ လှည့်ပြိုင်ပွဲ၊ အလွတ်တန်း ဓာတ်ပုံပြိုင်ပွဲ (ဓာတ်ပုံပြိုင်ပွဲ တွင် မီးပုံးပျံ ပြိုင်ပွဲ အမျိုးအစား တစ်ခုချင်း အလိုက် ဝင်ပြိုင်နိုင်သည့် ပြိုင်ပွဲ အမျိုးအစား များကို ခွဲခြား သတ်မှတ် ထားသည်)၊ မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင် လှည့်လည်ပွဲ နှင့် ရပ်ကွက်မီး အလှဆင် ထွန်းညှိ ထားရှိမှု ပြိုင်ပွဲများလည်း ပါဝင်ပြီး ဆုများချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။


Themyawadydaily

ဖြူးမြို့နယ်၌ စိတ်မနှံ့သူက ဓားဖြင့်ခုတ်၍ လူသေမှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး ဖြူးအရှေ့ အုတ်ဖြတ် ကျေးရွာအုပ်စု အိုးဘိုကုန်း ကျေးရွာတွင် စိတ်ဖောက်ပြန် နေသူက မိခင်၊ ညီမနှင့် သံဃာတော် တစ်ပါးအား ကိုင်းခုတ်ဓားမဖြင့် ခုတ်၍ လူသေမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခွဲတွင် အုတ်ဖြတ်ကျေးရွာအုပ်စု အိုးဘိုကုန်းရွာနေ ဒေါ်သန်းနွဲ့ (၆၇)နှစ်နှင့် သမီးဖြစ်သူ မနီနီဝင်း(၂၃)နှစ် တို့သည် နေအိမ်တွင်ရှိနေကြစဉ် အတူနေသားဖြစ်သူ ငမျိုး(ခ)မျိုးသိန်း (၃၃)နှစ်သည် စိတ်ဖောက်ပြန်လာပြီး မိခင်ဒေါ်သန်းနွဲ့နှင့် ညီမ မနီနီဝင်းတို့အား ဓားမ၊ ပေါက်တူးတို့ဖြင့်ခုတ်၍ ဒေါ်သန်းနွဲ့၏ ဝဲနဖူး ပြတ်ရှဒဏ်ရာတစ်ချက်၊ မနီနီဝင်း၏ ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိသေဆုံးခဲ့ပြီး ငမျိုး(ခ)မျိုးသိန်းမှာ ရွာလမ်းအတိုင်း ထွက်ပြေးရာ ရွာဦးဘုန်းတော်ကြီး မြရောင်ခြည် ကျောင်းမုခ်ဦး တန်းလျားတွင် ထိုင်နေသော ဦးပညာသာမိ(ခ)ဦးမြသန်း(၅၅)နှစ် သုံးဝါကို ဆက်လက်ခုတ်သဖြင့် ဦးခေါင်းနောက်စေ့အောက် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိသေဆုံးသွားသည်။

ပြစ်မှုကျူးလွန်သူ ငမျိုး(ခ)မျိုးသိန်းမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်က ဦးခေါင်းခွဲစိတ်ခံထားရပြီး စိတ်ဖောက်ပြန်နေသူတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရပြီး အမှုကို ဖြူးမြို့မရဲစခန်းမှူး ဒုတိယရဲမှူးစံလှ၊အုတ်ဖြတ်ရဲကင်းစခန်းမှူး ရဲအုပ်သန်းမင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်တို့က တရားခံဖမ်းဆီးရမိရေးကို အချိန်နှင့်တစ်ပြေးညီ လိုက်လံစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူအား ထိုနေ့ည ၁ဝ နာရီခန့်တွင် ရွာအရှေ့ ဘက်တစ်မိုင်ခန့် လယ်ကွင်းထဲ၌ ဒဏ်ရာများဖြင့်လဲနေသည်ကို တွေ့ရှိပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

(ဖြူးမြင့်ဦး)
The Mirror Daily

ခေါင်းလျှော်ဆိုင်သွား သတိထား



ခေတ်လည်းမှီတယ် လွယ်လည်းလွယ်တယ်ဆိုပြီး အများအားဖြင့် ဆံကေသာအတွက် ဆိုင်မှာလျှော်ခြင်း ၊ ဆံပင်နှင့်ပတ်သက်သည့်ပေါင်းတင်ခြင်း ၊ အရောင်ဆိုးခြင်း အပါအဝင် ဆံကေသာအလှတွက် လုပ်ဆောင်နေကြပါတယ် ။ အားလုံးအတွက် အစဉ်ပြေပေမဲ့ ကျန်းမာရေးအတွက် သတိလေးတော့ ပေးချင်လို့ ပါ ။

လူတစ်ဦးတိုင်းတွင် ဓာတ်တည့်ခြင်း မတည့်ခြင်းဆိုသည့် ဇီဝဖြစ်စဉ်တွေအများအပြားရှိပါတယ် ။ များသောအားဖြင့် အမျိုးသမီးများတွင် တစ်ယောက်က ဆံကေသာကိုဒါလေးလုပ်ထားတယ် လှတယ် အစဉ်ပြေပေမဲ့ နောက်တစ်ယောက်အတွက်ကျတော့ လူု့ အရေပြားမှာ တစ်ခြားတစ်ယောက်သုံးစွဲသော ခေါင်းလျှော်ရည် ၊ မိတ်ကပ် နှင့် အရောင်ဆိုခြင်းတွေတွင် ဓာတ်တည့်ချင်မှ တည့်ပါလိမ့်မယ် ။ အဲလိုမျိုးတွေရှိပါတယ် ။ ခေါင်းလျှော်နေသည့် ဦးခေါင်းအနီးတွင် ပန်ကာလေခံခြင်း ၊ အဲယာကွန်းလေ တည့်တည့်ကျရောက်နေရာမျိုးတွင် ခေါင်းလုံးဝ လျှော်ခြင်း မပြု့ လုပ်သင့်ပါ ။

လျှော်ပေးသူသည် တစ်ကိုယ်ရည်သန့် ရှင်းရန်လည်း လိုအပ်ပါတယ် ။ လူအများအပြားဥိးခေါင်းကို ကိုင်တယ်ရသဖြင့် အရေပြားကူးစက်ပိုးများသည့် လက်သည်းကြားအတွင်းမှနေ တစ်ခြားကို ဝင်ရောက်ကူးစေတက်လို့ ပါ ။ လက်သည်ရှည်ထားပြိး မသန့် ရှင်းခြင်း ၊ တစ်ဦးလျှော်ပြီးလျှင် လက်ကို ပိုးသတ်ဆေးရည်များဖြင့် မဆေးကြောခြင်းကြောင့် တစ်ခြားတစ်ဦးကို ရောဂါ ကူးစေတက်သည် ။

ခေါင်းလျှော်ပြီးလို့  နှိပ်နယ်ပေးခြင်းသည် အလွန်သတိထားဖွယ် ကိစ္စတစ်ခုဖြစ်ပါတယ် ဒါကို မသိနားမည်ဘဲ ခေါင်းနဲ့ ဂုတ်ပိုးများကို နှိပ်နယ်ခံယူတက်ကြပါတယ် ။ ခေါင်းလျှော်စင်ပေါ်တွင် အိပ်နေသည့်နေအထားဖြစ်နေပြီး ခေါင်းကိုမပြီး နှိပ်နယ်ပေးခြင်း နားနောက်နေရာတွင် နှိပ်နယ်ပေးခြင်း နားထင်များကို နှိပ်နယ်ပေးခြင်း အများဆုံးလုပ်ဆောင်ခြင်း ခံကြရပါတယ် ။ တစ်ချို့ က အဲလိုလုပ်မှ ကောင်းတယ် လူကိုပေါ့သွားတယ် အကြောတွေပြေတယ် ခေါင်းကြည်တယ်လို့ ပြောပါတယ် ။
နားထဲ့ကိုလည်း ရေဝင်အောင်လုပ်လည်း လုပ်ဆောင်နည်းတစ်မျိုးထပ်လုပ်ကြပါတယ် ။ ကျန်းမာရေးအတွက် အထူးသတိထားရန် အရေးကြီးပါတယ် ။ အကြောဆိုင်ရာ အာရုံကြောဆိုင်ရာ ရောဂါမျိုးဖြစ်တက်ပါတယ် ။ အသက်အရွယ်ရလာသည့်အခါတွင် အဲလိုမျိုးတွေ များနေခဲ့ရင် ဦးခေါင်းပိုင်း တုန်တုန်ဖြစ်နေခြင်း ၊ အကြားအာရုံအလွန်နည်းလာခြင်း ၊ ခေါင်းကျင်ဝေဒနာစွဲကပ်လာနိုင်ခြင်းတို့ ဖြစ်လာတက်ပါတယ် ။ နားအတွင်းရေဝင်ခြင်းကြောင့် ကျန်ရှိနေခဲ့ပါက မှိုရောဂါကျရောက်တက်သလို နားအူခြင်း ၊ နားကိုက်ခြင်း နှင့် နားပြည်တည်ခြင်း တို့ ဖြစ်တက်ပါတယ် ။

ဆံကေသာအရောင်ဆိုခြင်းသင့်လုပ်ဆောင်ပါက လူတစ်ချို့ တွင် ဦးခေါင်းယားယံခြင်း ၊ ပူစပ်သလို ခံစားမိခြင်း ၊ ခေါင်းကိုက်ခေါင်းခဲသလို ခေါင်းမကြည်ခြင်းသုံးရက်ကျော်ကျော် ခံစားနေရလျှင်နီးစပ်ရာဆေးခန်းတစ်ခုကိုပြသပေးရန် လိုအပ်ပါသည် ။ ရက်ကြာလာပါက ဦးခေါင်းအရေပြားနီရဲပြီး ကုတ်ခြစ်ရာများကြောင့် ပိုးဝင်ပြီး မှိုတက်ရောဂါဖြစ်လာတက်ပါသည် ။ ဘောက်ဖတ်လိုလို အနာဖတ်များဖြစ်လာပြီး ဦးရေတစ်ခုလုံး အနာများပေါက်ပြိး ကုသမှု့ ကြာရှည်တက်ပါတယ် ။

အသက်ရာကျော် ရှည်ပါစေ
Credit to Mg Mandalay

ထိုင်းရုပ်သံနဲ့ အငြင်းပွားဖွယ် လိင်ပိုင်းဆိုင်ရာစော်ကားမှုဇာတ်ဝင်ခန်း

ထိုင်းနိုင်ငံရဲ့ အခန်းဆက်ရုပ်သံဇာတ်လမ်း “The Power of Shadows” ထဲမှာ အရက်မူးလာတဲ့မင်းသားက မင်းသမီးကို မတရားပြုကျင့်တယ်။

နောက်ပိုင်းမှာတော့ သူက မင်းသမီးကို ခွင့်လွှတ်ဖို့ တောင်းပန်တယ်။ သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီး ပျော်ရွှင်စွာ ဇာတ်သိမ်းလေတယ်။

တွေ့ကြဆုံကြတယ်။ မတရားကျင့်လိုက်တယ်။ လက်ထပ်ကြတယ်။ ဒါဟာ ထိုင်း အခန်းဆက်ရုပ်သံဇာတ်လမ်းတွေထဲမှာ ရိုးနေပါပြီ။
ဒီပုံစံရိုက်ကူးနေတာတွေကို ပြုပြင်ပြောင်းလဲကြဖို့ တောင်းဆိုတာတွေလည်း များပြားလာပါတယ်။

နိုင်ငံလူဦးရေရဲ့ လေးပုံတပုံ စောင့်ကြည့်ကြတဲ့ ရုပ်သံဇာတ်လမ်းတွဲများကို ရိုက်ကူးသူတွေကတော့ သူတို့ဇာတ်လမ်းတွေထဲ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ထည့်သွင်းတာဟာ လိုအပ်ချက်အရလို့ ဆိုပါတယ်။

ဒါရိုက်တာ Sitthiwat Tappan ကတော့ ပြည်သူကို ပညာပေးတဲ့အနေနဲ့ မုဒိမ်းကျင့်တဲ့ပြကွက်တွေ ထည့်သွင်းရပါတယ် တဲ့။

“အမျိုးသမီးတယောက် ဆွဲဆောင်မှုရှိရှိဝတ်ထားမယ်၊ (အရက်)သောက်နေတဲ့အမျိုးသားနားကို ဖြတ်သွားမယ် ဆိုရင် အဲဒီလူက ရမ္မက်ဇော ထလာမယ်၊ ဒီအမျိုးသမီးကို တပ်မက်လာမယ်၊ နောက်ဆုံး...ဒီအမျိုးသမီး နိုင်ထက်စီးနင်းလုပ်ခံရမယ်” လို့ သူက ဆိုပါတယ်။

“အမျိုးသမီးတွေ တယောက်တည်းခရီးသွားတာမျိုး၊ ပေါ်အောင် ၀တ်တာမျိုး မလုပ်သင့်ဘူး။ ပြီးတော့ အမျိုးသားတွေလည်း (အရက်)မသောက်သင့်ဘူး ဆိုတာကို ရုပ်သံကနေ ပညာပေးနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။

သို့သော်လည်း ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ မုဒိမ်းကောင်တွေကို အပြစ်ပေးအရေးယူတာမျိုး ရိုက်ပြတာ နည်းပါးလွန်းပါတယ်။ 
သူတို့မတရားကျင့်လိုက်သူတွေကလည်း ဒီဖြစ်ရပ်တွေအကြောင်း ထုတ်ဖော်ပြောဆိုမှု နည်းလွန်းပါတယ်။
ပြင်ပလောကကိုလည်း ဒီပြကွက်တွေက သက်ရောက်မှု ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မုဒိမ်းကျင့်ခံရ၊ မတော်တရော်အလုပ်ခံရသူတွေ အရေးပေါ်ဖုန်းလိုင်းကို ၃၁,၈၆၆ ကြိမ် ခေါ်ဆိုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရဲဌာနကတော့ သူတို့ဆီကို အမှုလာဖွင့်တာ ၃,၃ဝဝ ရှိတယ်၊ ဖမ်းဆီးထိန်းသိမ်းမှု အရေအတွက်က ၂,၂၄၅ ရှိတယ်လို့ ဆိုတယ်။

အရေးပေါ်ဖုန်းလိုင်းကို ခေါ်ဆိုမှု သုံးသောင်းကျော် ဆိုတာက အမှန်တကယ် မတရားကျင့်ခံရတဲ့ အရေအတွက်ထက် အများကြီး လျော့နည်းမယ်လို့ ယူဆရပါတယ်။

မနှစ်ကပဲ ညရထားပေါ်မှာ ၁၃ နှစ်အရွယ် မိန်းကလေးတယောက် မတရားကျင့် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ကြောင့် မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေက ထိုင်းတနိုင်ငံလုံး ပွက်လောရိုက်သွားပါတယ်။ ဒီအကြောင်း ရေးထားတဲ့
ရထားပေါ်သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုကျူးလွန်သူကို ထိုင်းမှာ သေဒဏ်ချမှတ် ဆိုတဲ့ သတင်းကို 
http://blog.irrawaddy.org/2014/09/blog-post_968.html
မှာ ဖတ်ပါ။

ဒီအမှုအတွက် အသက် ၂၂ နှစ်အရွယ် အမျိုးသားတဦးကို တရားရုံးက သေဒဏ် အပြစ်ပေးခဲ့တာပါ။ ရထားဌာနကလည်း အမျိုးသမီးတွေ ကလေးတွေ သီးသန့်စီးနင်းနိုင်မယ့် အမျိုးသမီးရဲအရာရှိစောင့်ကြပ်တဲ့ ရထားတွဲ အစီအစဉ်ကို အကောင်အထည်ဖော်ပါတယ်။

သတင်းစာနဲ့ရုပ်သံဆွေးနွေးခန်းတွေမှာ ဒီဖြစ်ရပ်အကြောင်း အကြီးအကျယ် ဆွေးနွေးခဲ့ကြပြီး ရုပ်သံဇာတ်လမ်းတွဲတွေထဲ ချစ်လို့ မုဒိမ်းကျင့်တဲ့ ဇာတ်ကွက်မျိုးတွေ ရပ်တန်းက 
ရပ်ကြဖို့ တောင်းဆိုတဲ့ အွန်လိုင်း သဘောထားလက်မှတ်ကောက်ယူရာမှာ လက်မှတ်ပေါင်း သုံးသောင်းကျော် ရပါတယ်။

“ထိုင်းနိုင်ငံရဲ့မုဒိမ်းမှုတွေဟာ ရုပ်သံဇာတ်လမ်းတွဲတွေကြောင့် ဖြစ်တယ်ဆိုပြီး ပြောနေတာ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီဇာတ်လမ်းတွဲတွေဟာ ပြဿနာရဲ့ အစိတ်အပိုင်းတခုလို့တော့ ယူဆရပါတယ်” လို့ လက်မှတ် ကောက်ခံမှု အစပြုခဲ့သူ အသက် ၃၆ နှစ်အရွယ် Nitipan Wiprawit ဆိုသူက ပြောပါတယ်။

“မုဒိမ်းကျင့်တာဟာ လက်ခံနိုင်စရာဖြစ်တယ်ဆိုတဲ့သဘော ရုပ်သံဇာတ်လမ်းတွဲတွေမှာ တွေ့ရပါတယ်။ ဒီလို ရိုက်ပြနေတာတွေကို ရပ်ရမှာဖြစ်ပါတယ်”

ဒီလို သဘောထားကောက်ခံတဲ့လှုပ်ရှားမှုရဲ့ရလဒ်လို့ပဲ ဆိုရမလား... ရေဒီယိုရုပ်သံထုတ်လွှင့်မှုကော်မရှင်က ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူတို့ကို ကျန်းမာရေး၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကို စုဝေးစေပြီး ရုပ်သံဇာတ်လမ်းတွဲတွေက ဘာပေးချင်တာလဲ ဆိုတဲ့ အချက်ကို စကားဝိုင်းဖွဲ့ဆွေးနွေးစေခဲ့ပါတယ်။Thai Soaps Trigger Outcry Over Romanticizing Rape 
သတင်းအပြည့်အစုံကို www.irrawaddy.org/asia/thai-soaps-trigger-outcry-romanticizing-rape.htmlမှာ ဖတ်ရှုနိုင်ပါတယ်။
ဧရာဝတီ

နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ် ပွဲတော် ကျင်းပမည်

ဂန္ထ၀င်ရုပ်ရှင် များကို ရည်စူး အထိမ်းအမှတ် ပြုထားသည့် ''အမှတ်တရ'' အမည်ရှိ နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ် ပွဲတော်ကို မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပသွား မည်ဖြစ်ကြောင်း Memory Cinema Association ရုပ်ရှင် အမွေအနှစ် ထိန်းသိမ်းရေး ဆေးရောင်စုံ ဖောင်ဒေးရှင်း မှ သိရသည်။


အဆိုပါ ရုပ်ရှင်ပွဲတော် သည် Memory Cinema Association ရုပ်ရှင် အမွေအနှစ် ထိန်းသိမ်းရေး ဆေးရောင်စုံ ဖောင်ဒေးရှင်း နှင့် မြန်မာနိုင်ငံရှိ ပြင်သစ် ယဉ်ကျေးမှုဌာန တို့ ပူးပေါင်း၍ ကျင်းပခြင်း ဖြစ်ပြီး ၄င်းရုပ်ရှင်ပွဲတော် တွင် အမေရိကန်၊ မွန်ဂိုလီးယား၊ ပြင်သစ်၊ ဂျပန် နှင့် အင်္ဂလန် အစရှိသည့် ကမ္ဘာတစ်ဝန်းမှ ဟာသများကို အဓိက အကြောင်းအရာ အဖြစ် ရိုက်ကူးထားသည့် ရှေးဟောင်း ရုပ်ရှင်ကား ကိုးကားကို ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံ၌ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ အခမဲ့ ပြသပေး သွားမည် ဖြစ်ကြောင်း သိရသည်။


ရုပ်ရှင် အမွေအနှစ် ပွဲတော်တွင် ပြသမည့် ရုပ်ရှင် ဇာတ်ကားများမှာ ဒါရိုက်တာ ချာလီ ချက်ပလင် ရိုက်ကူးထားသည့် ''ဆပ်ကပ်အဖွဲ့''၊ ဒါရိုက်တာ လိုဒိုဂျင်း တူဒက်ဗ် ရိုက်ကူး ထားသည့် ''ရာထူးမတက်ခင်''၊ ဒါရိုက်တာ အလက်ဇန်းဒါး မက်ကင်းဒရစ် ရိုက်ကူး ထားသည့် ''အမျိုးသမီး လူသတ် သမားများ''၊ ဒါရိုက်တာ ရာဇူဂျီရိုးအိုဇု ၏ ''မင်္ဂလာ နံနက်ခင်း''၊ ဒါရိုက်တာ ဖရက်စီ နျူးမေယာ နှင့် စပ်တေလာ တို့၏ ''လုံခြုံရေးဟာ နောက်ဆုံးပဲ''၊ ဒါရိုက်တာ ဂျာ့က်တာတီ ၏ ''ကစားချိန်''၊ ဒါရိုက်တာ ဘတ်စတာ ကီတန် ၏ ''ဗိုလ်ချုပ်''၊ ဒါရိုက်တာ ပျဲအေတက်စ် ၏ ''ပျော်ရွှင်ဖွယ် နှစ်ပတ်လည်နေ့''၊ ''မဟာမေတ္တာ'' အစရှိသည့် ရုပ်ရှင် ဇာတ်ကားများ ဖြစ်ကြောင်း သိရှိရသည်။
Themyawadydaily

ဟောင်ကောင်သပိတ်စခန်းကို ရဲတပ်ဖွဲ့ အင်အားသုံးကာ ဝင်ရောက်စီးနင်း


ဟောင်ကောင်မြို့လယ် ဒေသရှိ ဒီမိုကရေစီ အင်အားစုများ နေရာယူ ဖွင့်လှစ်ထားသော သပိတ်စခန်းကို ရာပေါင်းများစွာသော ရဲတပ်ဖွဲ့ဝင်များက သောကြာနေ့ နံနက်အရုဏ်မတက်မီ အချိန်တွင် ဝင်ရောက်စီးနင်း ဖယ်ရှားပစ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 


သပိတ်စခန်း ဝင်ရောက်စီးနင်းမှုကို သောကြာနေ့ နံနက်အစောပိုင်း ဆန္ဒပြသူများ ရွက်ဖျင်တဲများနှင့် တာလပတ် အမိုးအကာများအောက် အိပ်မောကျနေခိုက် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်များက သံခမောက်များ၊ ပလတ်စတစ် ဒိုင်းများနှင့် လက်ကိုင်တုတ်များ ကိုင်ဆောင်ကာ စီးနင်းခဲ့ကြခြင်း ဖြစ်သည်။


မည်သို့မှ မထင်မှတ်ထားသော အချိန်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၈၀၀ ခန့်က ဆန္ဒပြသူများကို ရုတ်တရက် ပိတ်ဆို့ ဟန့်တားထားခဲ့ကြကြောင်း၊ သို့သော် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြသူ အများစုက ပြန်လည်ခုခံမှု မပြုဘဲ ဆုတ်ခွာသွားခဲ့ကြကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောကြားသည်။ 


တရုတ်ပြည်မကြီးအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ရဲတပ်ဖွဲ့က ယခုကဲ့သို့ အင်အားသုံးကာ သပိတ်စခန်း ဖြိုခွင်းလိုက်မှုကြောင့် နောက်ထပ်ဆန္ဒပြမှုများ ပေါ်ထွက်လာနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။ 


“အခုလိုမျိုး ရက်ရက်စက်စက် ဖြိုခွင်းရှင်းလင်းလိုက်တဲ့ အတွက်ကြောင့် ဟောင်ကောင်ပြည်သူတွေ အင်အား အလုံးအရင်းနဲ့ လမ်းမပေါ်ထွက် ဆန္ဒပြလာနိုင်ပါတယ်” ဟု ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဝေါင်ယန်တက်က ပြောကြားသည်။


ဟောင်ကောင်မြို့လယ် ဒေသ၊ အချက်အချာကျသော မွန်ရပ်ကွက်ရှိ သပိတ်စခန်းကို ရဲတပ်ဖွဲ့များ ဝင်ရောက်စီးနင်းမည့် ကိစ္စသည် လွန်ခဲ့သော ရက်ပိုင်းများကတည်းက မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်ဟု ဆန္ဒပြသူများက ဆိုသည်။ 


“ဆန္ဒပြသူတွေကို ထိန်းချုပ်လို့ မရနိုင်တဲ့ ဗျူဟာသုံးပြီး ဆန္ဒပြကြဖို့ ကျွန်တော်တို့ တိုက်တွန်းထားတယ်။ အဲဒါမှ ဟောင်ကောင်လမ်းမတွေကို ထိန်းချုပ်ထားနိုင်မှာပါ” ဟု ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ဝေါင်ကဆိုသည်။ 


ပြီးခဲ့သည့် နှစ်ရက်ခန့်က ဖြစ်ပေါ်ခဲ့သော ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်များက လက်ထိတ်ခတ် ခံထားရသော ဆန္ဒပြသူတစ်ဦးကို ကြမ်းတမ်းစွာ ရိုက်နှက်ခဲ့ရာ ဟောင်ကောင် ကျောင်းသားများနှင့် ပြည်သူများအကြား မကျေမနပ်ဖြစ်လျက် ရှိသည်။ 


ဟောင်ကောင် လူငယ်တက္ကသိုလ် ကျောင်းသားများနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများက ဟောင်ကောင်ကို အပြည့်အဝ ဒီမိုကရေစီပေးမည် ဟူသော အခြေခံဥပဒေဆိုင်ရာ ကတိကဝတ်များအတိုင်း လိုက်လျောပေးရန် တရုတ်ပြည်မကြီးမှ ကွန်မြူနစ်ပါတီ ခေါင်းဆောင်များကို တောင်းဆိုလျက် ရှိသည်။

The Voice Weekly

ပီတိဖြစ်တတ်တဲ့ စိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် နမ်းလေ့ရှိတဲ့ စုံတွဲတွေဟာ မိဘ ကောင်းတွေ ဖြစ်လာတာကိုတွေ့ရ


တစ်ယောက်နဲ့တစ်ယောက် ပုံမှန် နမ်းလေ့ရှိပြီး စိတ်ဝင်စားမှုတွေကို ဝေမျှတတ်တဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ကောင်းမွန်စွာ ကြီးပြင်းစေနိုင်တယ်လို့ သုတေသနအသစ် တစ်ခု ကဖော်ပြလိုက်ပါတယ်။ မိသားစု ၅၀၀၀ ခန့်ကို လေ့လာကြည့်ခဲ့ရာမှာ ပီတိဖြစ်တတ်တဲ့ စိတ်ပိုများပြီး တစ်ယောက် နဲ့တစ်ယောက် နမ်းလေ့ရှိတဲ့ စုံတွဲတွေဟာ မိဘ ကောင်းတွေ ဖြစ်လာတာကိုတွေ့ရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ အချစ်စစ်နဲ့ ပြည့်နေတဲ့ ဘ၀ဟာ အောင်မြင်တဲ့ မိဘ တွေ ဖြစ်လာစေဖို့ ဦးတည်ပေးပြီး ဖခင်ကောင်း တစ်ယောက်ဖြစ်လာဖို့ ဖော်ပြခြင်းကို ကူညီပေးပါတယ်။

ဒါ့အပြင် ပီတိဖြစ်တတ်တဲ့စိတ် ရှိတဲ့ ဖခင်တွေ ရော မိခင်တွေ ရော ဟာ သူတို့ရဲ့ ကလေးတွေကို အော်ဟစ် ကြိမ်းမောင်း လေ့မရှိတာကို တွေ့ရပါတယ်။ မကြာမကြာ ကွာရှင်းကြဖို့ ပြောပြီး တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင် ငြင်းခုံနေတတ်တဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို အော်ဟစ်ကြိမ်းမောင်းလေ့ရှိတာ ကိုတော့ အံ့အားသင့်စရာမရှိပါဘူး။

ထိုလေ့လာမှု အရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အိမ်ထောင်ရေးမှာပို ပြီး အကောင်းမြင်တတ်တာကို လည်းတွေ့ရပါတယ်။ ထိုလေ့လာမှုဟာ အရှေ့ Anglia တက္ကသိုလ်က NatCen လူမှုရေး သုတေသန နဲ့ Thomas Coram သုတေသနအဖွဲ့တွေက ဖခင်ဘ၀ နဲ့ ပတ်သက်ပြီး လေ့လာမှုပြုလုပ်ရင်း သိခဲ့ရတာဖြစ်ပါတယ်။

Ref:dailymail.co.uk
Trend

မြန်မာအသင်း UAE ကို အနိုင်ရပြီး ကမ္ဘာ့ဖလား ဝင်ခွင့်ရပြီ


AFC U 19 ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပတာမှာ မြန်မာ အသင်း ဟာ UAE ကို ၁ ဂိုး သုညနဲ့ ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ အနိုင်ရ လိုက်တဲ့ အတွက် ဆီမီးဖိုင်နယ်ကိုလည်း တက်ရောက်ခွင့် ရသွားပြီဖြစ်သလို မြန်မာ ယူ ၂ဝ အနေနဲ့ ကမ္ဘာ့ဖလားကို ဝင်ခွင့်ရ သွားခဲ့ပါတယ်။ 

သမိုင်းဝင် အနိုင်ရလိုက်မှုကြောင့် မြန်မာနိုင်ပြီဆိုတဲ့ ကြွေးကြော်သံက သုဝဏ္ဏအားကစားကွင်းအတွင်းမှာ ဘဝဂ်ညံနေခဲ့ပါပြီ။ ပရိသတ်တွေရဲ့ ဖေ့စ်ဘုတ်ပေါ်က ပြန်ကြားရေး ဝန်ကြီးကို တောင်းဆိုခဲ့ကြလို့ မြန်မာ့ အသံ က ပြန်လည် ထုတ်လွှင့်ပေးဖို့ စီစဉ်နေပါပြီတဲ့။




ဘရာဇီး စိတ္တဇ လူသတ်သမားက လူပေါင်း ၃၉ ဦးထိ သတ်ဖြတ်ပစ်ခဲ့သည်ဟု ၀န်ခံ

အသက် ၂၆နှစ်အရွယ် ဘရာဇီး လုံခြုံရေး အစောင့်တစ်ဦးသည် လူပေါင်း ၃၉ ယောက်အထိ သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံလိုက်ရာ ကမ္ဘာ့ အဆိုးဆုံး စိတ္တဇ လူသတ်သမား တစ်ဦး အဖြစ် စာရင်းဝင် သွားခဲ့ပြီ ဖြစ်သည်။



ဂိုမက်စ်ကို ရဲများက ဖမ်းဆီးလာစဉ်။ ဓာတ်ပုံ - Daily Mail

တီယာဂို ဟန်းရစ် ဂိုမက်စ် ဒါရိုချာ ဆိုသူကို ဇန်နဝါရီလ အတွင်းက ဆိုင်ကယ် နံပါတ်ပြား တစ်ခု ခိုးယူခြင်း အတွက် ပြီးခဲ့သည့် အင်္ဂါနေ့က ရဲတပ်ဖွဲ့မှဖမ်းဆီး စစ်ဆေးစဉ် လူသတ်မှုများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဂိုမက်စ်က ၎င်း၏စိတ်တွင် အစစအရာရာကို ဒေါသဖြစ် လာပြီး ဒေါဟုန် ပြင်းထန်လာကာ လူများလိုက်သတ်မိပြီး ထိုသို့ သတ်လိုက်မှသာ စိတ်ဒေါသများ အနည်ပြန်ထိုင် ကာ ငြိမ်သက်သွား ရကြောင်း ဝန်ခံထွက်ဆိုသည်။

ထိုစိတ္တဇ လူသတ်သမား ဂိုမက်ဇ် သတ်ဖြတ်ပစ်ခဲ့သူ အများစုမှာ မိန်းမသားများ ဖြစ်ပြီး ဂိုယာနီယာ မြို့ တွင်းမှ အမျိုးသမီး ၁၄ ယောက်အထိ သတ်ဖြတ်ခဲ့သည်။ ဂိုမက်စ်၏ သတ်ဖြတ်ခြင်း ခံရသည့် အမျိုးသမီးများတွင် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးပင် ပါခဲ့သည်။ ထိုမိန်းကလေး ကို ဇန်နဝါရီလအတွင်းက ပန်းခြံတစ်ခု အတွင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် အတွင်း အသက် နှစ်ဆယ် အရွယ် မိန်းကလေး နှစ်ဦး ကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

မိန်းမလျာ များနှင့် အိမ်ရာမဲ့ များသည် စိတ္တဇ လူသတ်ကောင် ဂိုမက်ဇ်၏ အဓိက သားကောင်များ အဖြစ် သတ်ဖြတ်ခံရကြောင်း ရဲကပြော သည်။ ဂိုမက်စ်သည် မိခင်ဖြစ်သူနှင့် အတူနေထိုင်သူဖြစ်ပြီး လက်သည် မပေါ်သည့် လူသတ်မှု များကြောင့် လူထု အကြား ခြောက်ခြား နေ သဖြင့် အထူးရဲတပ်ဖွဲ့ က ထောင်ဖမ်းစဉ် ဖမ်းဆည်း မိခဲ့ခြင်း ဖြစ်သည်။

ဂိုမက်စ်ကို ဖမ်းဆီး လိုက်ပြီးနောက် ၎င်းအိမ်ကို ရှာရာတွင် ခြောက်လုံးပြူးတစ်လက်နှင့် ဆိုင်ကယ်နံပါတ်ပြား အတုများကိုပါ တွေ့ ရှိခဲ့သည်။ ထို့အပြင် လူသတ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် တူတစ်လက်၊ ဓားနှစ်လက်နှင့် လက်ထိပ် တစ်ခုကိုလည်း တွေ့ရှိခဲ့ရသည်။ ဂိုမက်စ်သည် သူ၏ လူသတ်မှုများကို ဖုံးကွယ်နိုင်ရန် အတွက် ဆိုင်ကယ် နံပါတ်ပြားများကို ပြောင်းလဲ အသုံးပြုခဲ့ကြောင်း ယုံကြည်ရသည်။ ဂိုမက်စ်သည် ဖမ်းဆီး ခံရ၍ အချုပ်ခန်းတွင်း ရှိစဉ် ဗုဒ္ဓဟူးနေ့က မီးသီးကွဲဖြင့် လက်ကောက်ဝတ် သွေးကြောကို ဖြတ်ကာ ကိုယ့်ကိုကို သေကြောင်းကြံရန် ကြိုးစားခဲ့သေးသည်။

စိတ္တဇ လူသတ်သမား ဂိုမက်ဇ်ကြောင့် အသတ်ခံရသူ၏ မိသားစုဝင်များက ရဲဌာနကို ဆန္ဒပြမှုများလည်း ပေါ်ပေါက်ခဲ့ သေးရာ မျက်နှာ မဖော်နိုင်ဖြစ်နေခဲ့သည့် ရဲဌာနအတွက် ပြန်လည်သိက္ခာ ဆည်နိုင်ပြီ ဖြစ်သည်။ ဂိုမက်ဇ်အား အရေးယူပြီးခဲ့လျှင် ၎င်းသည် ကမ္ဘာ့ အကြမ်း ကြုတ်ဆုံး လူသတ်ကောင် စာရင်းတွင် တစ်ဦး အဖြစ်စာရင်းဝင်မည် ဖြစ်သည်။

အကြမ်းကြုတ်ဆုံး လူသတ်သမား ၁၅ဦး စာရင်းတွင် ထိပ်ဆုံးမှ ရှိသူမှာ ကလေးငယ်များကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည် ကိုလံဘီယာ နိုင်ငံ သား လူးဝစ် ဂါရာဗီတို ဖြစ်သည်။ ၎င်းကို သေမင်းရထား သို့မဟုတ် သားရဲကြီး ဟုလည်း ခေါ်တွင်ကြပြီး ကလေးငယ်ပေါင်း ၄၀၀ကျော် သတ်ခဲ့မည် ဟု ခန့် မှန်းကြသည်။ တရားဝင်သိရှိနိုင်သည့် အသတ်ခံရသူဦးရေသည် ၁၃၈ဦးရှိသည်။
Mizzima News

KIA အဖွဲ့မှ ဆက်ကြေး ၃ ဆတိုးမြှင့်ကောက်ခံလာ၍ ဒေသခံ ကချင်တိုင်းရင်းသားများ စိတ်ပျက်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်သောဒေသ ခံတိုင်းရင်းသားများ အား အောက် တိုဘာ ၁၆ ရက်နေ့တွင် ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) အဖွဲ့မှ ပုံမှန်ထက် ၃ ဆမြှင့် ကာ ဆက်ကြေး ငွေများ လာရောက်ကောက်ခံသွားကြောင်း သတင်းရရှိသည်။


KIA အဖွဲ့မှ ဆက်ကြေးလာရောက်ကောက်ခံထားသော အဆိုပါမြို့နယ်အတွင်း၌ နမ္မတီး၊ အကျဲဂတ် ရှာ ယန်၊ ဆောင်းခါ၊ နန့်ဟိုင် စသည့်ကျေးရွာများ ပါဝင်ကြောင်းသိရသည်။


``ပုံမှန်ကောက်ခံတဲ့ ဆက်ကြေးထက် ၃ ဆထက်လောက်များလာတော့ ရွာသူရွာသားတွေလည်း ဒုက္ခ ရောက် နေတယ်၊ အချို့စားဝတ်နေရေး အဆင်မပြေတဲ့အိမ်တွေဆိုရင် ဆက်ကြေးငွေမပေးနိုင်လို့ ဒုက္ခ ရောက် နေကြ တယ်´´ဟုအမည် မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။


အဆိုပါကျေးရွာများသည် KIA တပ်ရင်း(၁၁) လှုပ်ရှားနယ်မြေဖြစ်ပြီး ဗဟိုဌာနချုပ်မှ ထောက်ပံ့ငွေ အပြည့်အ၀ မရတော့ သဖြင့် ကျေးရွာများအား ဆက်ကြေးတိုးမြှင့်ကောက်ခံလာခြင်းဖြစ်ကြောင်း KIA အ ဖွဲ့နှင့် နီးစပ်သူ တစ်ဦးကဆိုသည်။


``ဒေသခံရွာသူရွာသားတွေဆီက နှစ်စဉ်ဆက်ကြေးကောက်ခံနေပေမယ့် တစ်ခုထူးခြားတာက ရွာ သူ ရွာ သား တွေအတွက်တော့ ဘာအကျိုးမှ မပြုဖူးသေးတာဘဲ၊ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ရင် ရွာလုံး ကျွတ် ထွက် ပြေးရမယ်၊ ယောက်ျားတွေဆိုရင် စစ်ပါတိုက်ရတယ်၊ ကချင်ပြည်သူတွေကို ကာကွယ် နေ တယ် လို့ ပြောနေကြ ပေမယ့် တကယ်တော့ ဒေသခံတွေကို သူတို့အဖွဲ့က အသုံးချနေတာ´´ဟု မိုးကောင်း မြို့ခံ တစ်ဦးကပြော သည်။


KIA အဖွဲ့သည် သစ်မှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခို၊ ကျောက်စိမ်းမှောင်ခိုလုပ်ငန်းများဖြင့် ၀င်ငွေ ရရှိနေ သော် လည်း ဒေသခံများထံမှ ယခုကဲ့သို့ ဆက်ကြေးငွေကောက်ခံနေခြင်းမှာ ၀န်ထုပ် ၀န်ပိုးဖြစ် နေပြီး ဒေသခံများလည်း စိတ်ပျက် နေကြကြောင်း သိရှိရပါသည်။
KDN