ကိုယ်အလေးချိန်လျော့ချဖို့ လွယ်ကူထိရောက်တဲ့ နည်းလမ်းများ

ကိုယ်အလေးချိန်လျော့ချခြင်းအလုပ်ဟာ ကျွန်ပ်တို့နေ့စဉ်နေ့တိုင်း စားသုံးနေတဲ့ ကျန်းမာရေးအတွက်သင့်တော်တဲ့ အစားအသောက်အမျိုးအစားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ခရီးစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လမ်းကြောင်းပေါ်ရွေးချယ်ဆက်သွားနိုင်ဖို့ ဒီအချက်လေးတွေ တဖြည်းဖြည်းချင်း လိုက်လုပ်ကြည့်ပါ။

ကျန်းမာသန်စွမ်းခြင်းအတွက် နည်းလမ်းကောင်းများ
အလေးချိန်လျော့ကျမယ့် အတားအဆီးခလုတ်တွေကို ရှောင်လွဲဖို့ သင့်ရဲ့နေစဉ်ပုံမှန်အလုပ်များ ပြောင်းလဲလုပ်ဆောင်ပါ
ကြွက်သားစိုင်တွေဟာ ကယ်လိုရီဓာတ် ပိုမိုလျော့ကျစေတာကြောင့် မိနစ် (၂၀)ခန့်ကြာအောင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းကို တစ်ပတ် (၃)ကြိမ်လုပ်ပေးပါ။
ဗိုက်ချပ်လေ့ကျင့်ခန်းလုပ်ပေးပါ။ မိနစ် ၂၀ အတွင်း ပျှမ်းမျှအားဖြင့်လူတစ်ယောက် ကယ်လိုရီ ၄၀၀ လျော့ချနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ဗိုက်အဆီလျော့ချဖို့ တစ်ချက်တစ်ချက် အရှိန်ထည့်ပြေးပေးပါ။
နှလုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းကို (၅) မိနစ်ပိုလုပ်ပေးပါ။
အမြန်နှုန်းဖြင့် ခေါက်တုံ့ခေါက်ပြန်လျောက်တဲ့ စိတ်ငြိမ်မှုလေ့ကျင့်ခန်းမျိုး ရွေးချယ်ဆောင်ရွက်ပေးပါ။

Source: whm

အချစ်ရေးမှာ ပျော်ရွှင်တဲ့အကြောင်း ဖေ့စ်ဘွတ်ခ်မှာ အမြဲပို့စ်လုပ်တတ်သူ အများစုဟာ တကယ်တော့ မပျော်ရွှင်ကြပါ



သင့်ရဲ့သူငယ်ချင်းတွေထဲမှာ ဖေ့စ်ဘွတ်ခ်ပေါ် နေ့စဉ်နေ့တိုင်း သူတို့ချစ်သူနှစ်ဦး ဘယ်လောက်ချစ်ကြောင်း၊ ကြည်နူးကြောင်း၊ ဒီလိုချစ်သူမျိုးပိုင်ဆိုင်ရတာ ဘယ်လောက်ကံကောင်းကြောင်း စတေးတပ်စ်တင်တဲ့သူတွေ၊ ပို့စ်လုပ်တဲ့သူတွေ ရှိကြမှာပါ။ လေ့လာတွေ့ရှိချက်တွေအရတော့ ဒီလိုလူမျိုးတွေဟာ သူတို့အချစ်ရေးမှာ တကယ်ပျော်ရွှင်ကြတဲ့သူမျိုးများ မဟုတ်ကြပဲ ကိုယ့်အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်လုံခြုံမှု မရှိတာ၊ ကျေနပ်မှုမရှိတတ်တဲ့သူတွေသာ ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။ တစ်ဦးပေါ်တစ်ဦး ဆက်နွယ်မှုတွေ ပိုမိုရရှိစေဖို့နဲ့ လွှမ်းမိုးမှုပိုစေဖို့ ကြိုးစားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုထားကြပါတယ်။

ဒါ့အပြင် အချစ်ရေးမှာ အဆင်မပြေတဲ့သူတွေဟာလည်း သူတို့အချစ်ရေးအကြောင်း ဖေ့စ်ဘွတ်ခ်မှာ ဆက်တိုက်ဆိုသလို ပို့စ်လုပ်တတ်တာ၊ စတေးတပ်စ်တင်တာမျိုးတွေ လုပ်ကြပါတယ်တဲ့။ ဟန်ဆောင်ခြင်းလို့ ဆိုရမလားပါပဲ။ ဒီလို ဟန်ဆောင်မှုတွေကနေ အသိမိတ်ဆွေတွေက အားပေးတာ၊ ချီးကျူးတာ၊ အားကျတာမျိုးတွေ ခံရခြင်းဟာလည်း သူတို့အတွက် ဒီအချစ်ရေးကို ပိုမိုကောင်းမွန်လာစေနိုင်တယ်လို့ တွေးတာကြောင့်ပါပဲ။ အခြေခံအားဖြင့် ဆိုရမယ်ဆိုရင်တော့ သူတို့အချစ်ရေး ပြီးပြည့်စုံတယ်ဆိုတာ ပြသရင်း၊ ဒီလိုဖြစ်ချင်ပါတယ်ဆိုတဲ့ ဆန္ဒကို ဖော်ထုတ်ကြတာပါ။

ခုလိုဆိုလိုက်လို့ သူတို့အချစ်ရေးဟာ သုံးစားမရတော့အောင် ပြသနာတွေ တက်နေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်နေ့ကို ဆယ်ကြိမ်လောက် သူတို့အချင်းချင်း ဘယ်လောက်ချစ်တယ်ဆိုပြီး ပုံတွေတင်၊ စာတွေရေးတင်တတ်တဲ့ ဒီလိုလူမျိုးတွေဟာ သူတို့စိတ်ထဲ သူတို့အချစ်ရေးနဲ့ပတ်သက်ပြီး ယုံကြည်မှုအားနည်းတာကို ထောက်ပြချင်တာပါ။

Ref:cosmopolitan.com
Trend

နေ့စဉ်နေ့တိုင်း ကြုံနေရတဲ့ တစ်ခဏတာ စိတ်ဓာတ်ကျစရာ အချိန်အခါများ



ဘ၀မှာ စိတ်ဓာတ်ကျစရာ၊ စိတ်ပျက်စရာအချိန်အခါတွေ ခဏခဏကို ကြုံဖူးပါတယ်။ တစ်ချို့စိတ်ဓာတ်ကျစရာအချိန်တွေက နောက်တစ်နေ့ထိတော့ မကူးတတ်ပါဘူး။ ကြာရှည်စွာ စိတ်ပျက်နေရတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နေ့တိုင်းဒီလိုအခြေအနေတွေကိုတော့ တစ်မျိုးမဟုတ်တစ်မျိုး ကြုံရမှာပါ။ အဲ့ဒါတွေကတော့

၁။ရှုပ်ပွနေတဲ့ ဆံပင်ကို ရှင်းလို့မနိုင်တဲ့အခါ

ဒီနေ့ခေါင်းလျှော်တော့ ပျော့ဆေးထည့်မလျှော်မိလိုက်ဘူး။ အချိန်မရှိတာနဲ့ ဖြောင့်စက်လည်း ဆွဲမလာမိဘူး။ ဒီတော့ ခုလမ်းမှာ ပြသနာတက်တော့တာပေါ့။ လေနည်းနည်းတိုက်တာနဲ့ကို ပွရှုပ်နေတဲ့ဆံပင်ကို ဘယ်လိုသပ်ချသပ်ချ အဆင်မပြေနိုင်ဘူး။ ရုံးမှာလည်း တစ်နေ့လုံးဘယ်လိုများ လုပ်ရပါ့။ ကြည့်ရတာ တစ်နေ့လုံး ဒီလိုပုံစံနဲ့ အဆင်ပြေမယ့်ပုံကို မရှိတော့ပါဘူး။

၂။နေ့လည်စာကို ဘယ်မှာသွားစားရမယ်မှန်း စဉ်းစားလို့ မရတဲ့အခါ

နေ့စဉ်နေ့တိုင်း ရုံးနားက၊ ကုမ္ပဏီနားက ထမင်းဆိုင်တွေမှာ စားရတာ အဆင်မပြေတော့ဘူး။ အပြောင်းအလဲအနေနဲ့ တစ်ခုခု စားချင်ပေမယ့် နေရာကို စဉ်းစားရတာလည်း ဒုက္ခ။

၃။ရွယ်တူသူငယ်ချင်းတွေရဲ့ စေ့စပ်သတင်းတွေ ဖေ့စ်ဘွတ်ခ်မှာ ပလူပျံအောင်တွေ့ရတဲ့အခါ

ခုတစ်လော ငယ်သူငယ်ချင်းတွေ တော်တော်များများ စေ့စပ်တာတွေ၊ လက်ထပ်တာတွေ လုပ်လာကြတယ်။ ကွန်ဂရက်ကျူလေးရှင်းလို့ ဆိုနေရပေမယ့် စိတ်ထဲမှာတော့ ငါကတော့ ဆိုပြီး အမြဲတွေးမိနေတော့တာပဲ။

၎။သူဌေးကကိုယ့်ကိုစိတ်အလိုမကျတာ သိတဲ့အခါ

ဘော့စ်ကအမြဲတမ်း ပွစိပွစိ လုပ်တတ်တာမျိုးမရှိပေမယ့် ဒီနေ့လိုမျိုး စူပုပ်မနေတာတော့ ကြာပေါ့။ ကိုယ့်မှာ ဘာများအပြစ်ရှိလို့ပါလိမ့် ဆိုပြီး စဉ်းစားရတာ ခေါင်းတောင်ပေါက်ထွက်တော့မယ်။

၅။ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မိတဲ့အခါ

မနက်က အိပ်ပျော်သွားလို့ လေ့ကျင့်ခန်းမလုပ်ပဲ ထွက်လာမိတာ စိတ်ထဲ တစ်မျိုးဖြစ်နေတယ်။ ဒီနေ့ လေ့ကျင့်ခန်းမလုပ်လို့များ ဟိုနေ့က ကစားထားတာတွေ အခြေအနေပြောင်းကုန်မှာလား။ စိတ်ရှုပ်လိုက်တာ။

၆။ကားတွေပိတ်၊ ပွိုင့်တွေမိလို့ ကားပေါ်မှာရောက်နေတဲ့အခါ

အလုပ်လာ၊ အလုပ်ပြန်၊ ဒါမှမဟုတ် အလုပ်ကိစ္စကြောင့် အပြင်ထွက်ရရင်ဖြင့် အသွားအပြန်အချိန်နဲ့ နေ့တစ်ဝက်ကိုကျိုးရော။ အဆင်ကိုမပြေပါဘူး။

Ref:womenshealthmag.com
Trend

ဝဋ်နာ ကံနာလေလား အင်ဒိုနီးရှားက မြွေလူသား

အင်ဒိုနီးရှား နိုင်ငံမှ အသက် ၁၆နှစ် အရွယ် ယောက်ျားလေး တစ်ဦးသည် ၎င်း၏ ခြောက်သွေ့ သည့် အရေပြားက မြွေတစ်ကောင် ကဲ့သို့ အကြေးခွံများ ပါရှိနေပြီး ၄၁ ရက်တွင် တစ်ကြိမ်ကျ အရေခွံ လဲတတ် သောကြောင့် “မြွေလူသား” ဟုပင် အခေါ်ခံ နေရသည်။



စာသင်ခန်းအတွင်း သင်ခန်းစာများ လေ့လာနေသည့် ၀ီိဘိုဝို။ ဓာတ်ပုံ - Mirror

ဘန်တန် ပြည်နယ် တန်ဂါရန်တွင် နေထိုင်လျက် ရှိသည့် အရီဝီ ဘိုဝို ဆိုသည့် ဆယ်ကျောက်သက် ကျောင်းသားလေးသည် ၎င်း၏ အကြေးခွံ သဏ္ဍာန် အရေပြား များ ခြောက်သွေ့ ပက်ကြား အက်ကာ ကွာကျ တတ်သဖြင့် ရေမကြာခဏ ဆွတ်ပေး နေရ သလို အရေပြားကို လိမ်းသည့် အလှဆီများ ကိုလည်း သုံးနာရီ တစ်ခါ လူးလူး နေရသည်။

ကျောင်းသား လူငယ်လေး ဝီဘိုဝိုသည် လူနီရောဂါ အဖြစ် ခေါ်ဆိုသည့် အရေပြား ပျက်ဆီးမှု ရောဂါ Erythroderma ကို ခံစား နေရခြင်း ဖြစ်သည်။ ထိုရောဂါ ဆိုးကြောင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ အရေပြားများမှာ အကြေးခွံများ ကဲ့သို့ ဖြစ်နေပြီး မြွေများ အရေခွံလဲ သကဲ့သို့ ကွာကျခြင်း ဖြစ်သည်။

ဝီဘိုဝိုသည် ထိုရောဂါဆိုး အပြင် စကားသံထွက် ပြောဆို နိုင်စွမ်းတွင်လည်း ပြဿနာ ရှိနေကာ ညာမျက်လုံး တစ်ဖက်လည်း ဆိုးဆိုးဝါးဝါး ပျက်ဆီး နေသည်။ ကျန်မျက် လုံး တစ်ဖက်ကိုလည်း အမြဲတစေ မျက်စဉ်းခတ်ကာ နေရသည်။ ဝီဘိုဝို လေး၏ ရောဂါကို ဆရာဝန် များက လက်မှိုင်ချ ထားရပြီး မိသားစု များမှာလည်း သူ၏ စိတ်မချမ်းမြေ့ ဖွယ်ရာ အနေအထားကြောင့် ပတ်ဝန်းကျင်နှင့် ကင်းကင်း ရှင်းရှင်း နေကာ အထီးကျန် ဖြစ်နေရသည်။

ဝီဘိုဝို၏ မြွေကဲ့သို့ သွင်ပြင်ကြောင့် ရွာသူရွာသား များ၏ စက်ဆုပ်ရွံ့ ရှာစွာ ဆက်ဆံ ခြင်းကို ခံရပြီး ကလေး အချင်းချင်းကလည်း ၎င်းနှင့် ဆော့ကစားရန် ကြောက် ရွံ့ စေသည်။

ဝီဘိုဝိုလေး၏ ဓာတ်ပုံကို အသက် ၃၅ နှစ်ရှိ ဓာတ်ပုံ ဆရာ နော်ချိုလီအန် ဟာရီလူဘီ ဆိုသူက ၎င်း၏ မှတ်တမ်း အတွက် ရိုက်ယူ ခဲ့ခြင်း ဖြစ်သည်။ ထူးဆန်းသော လူသား ကောင်လေး၏ အိမ်တွင် ရှိနေစဉ် ပုံများ၊ ကျောင်းခန်း ထဲမှ ပုံများ၊ သက်ရွယ် တူများနှင့် အတူရှိချိန် ပုံများကို ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။

“တကယ့်ကို စိတ်မချမ်းမြေ့စရာ ကောင်းတယ်။ ကလေးရဲ့ ခေါင်းအစ ခြေအဆုံး တစ်ကိုယ်လုံးက အရေပြား တွေဟာ မြွေတွေလိုပဲ အကြေးခွံ တွေနဲ့ ။ နောက်ပြီး အရေခွံလည်း လဲတယ်။ တကယ်လို့ ကလေးက ရေမစိမ်ဘဲ နေမယ်၊ အသားထိမ်း အလှဆီတွေ မလိမ်းဘဲ နေခဲ့မယ် ဆိုရင် သူ့ တစ်ကိုယ်လုံးဟာ ခက်ထရော် ကြမ်းတမ်းပြီး သစ်သား ပန်းပုလိုမျိုး ဖြစ်သွား နိုင်တယ်”ဟု ဓာတ်ပုံဆရာ နော်ချိုက ပြောသည်။

Ref: Mirror
Mizzima News

အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ် Bill Gates ဖြစ်လာ

Microsoft ကုမ္ပဏီ တည်ထောင်ခဲ့သူ Bill Gates သည် စက်တင်ဘာလ ၂၉ ရက်က Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် နံပါတ် တစ် နေရာ၌ ရပ်တည်ခဲ့သည်ဟု CNET သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



(ဓာတ်ပုံ - news.com)

Forbes မဂ္ဂဇင်းက အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ် ၄၀၀ စာရင်း ထုတ်ပြန်ခဲ့ရာတွင် Bill Gates သည် ပိုင်ဆိုင်ငွေ ၈၁ ဘီလီယံဖြင့် နံပါတ် တစ်နေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်သည်။ Bill Gates ၏ ပိုင်ဆိုင်မှုသည် လွန်ခဲ့သော တစ်နှစ်အတွင်း Microsoft ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများ မြင့်တာလာသည့်အတွက် ကိုး ဘီလီယံခန့် တိုးပွားလာသည်ဟု Forbes ကဆိုသည်။

ထို့နောက် Forbes မဂ္ဂဇင်းက Bill Gates ၏ လူမှုရေး လုပ်ငန်းများအတွက် မတည်အလှူငွေများစွာ ထည့်ဝင်နေမှုကို ချီးကျူးဖော်ပြခဲ့သည်။ Bill & Melinda Gates ဖောင်ဒေးရှင်းသည် ၂၀၀၀ ပြည့်နှစ်မှ စ၍ ပိုလီယို လျှော့ချရေး၊ အမေရိကန် ပညာရေး စနစ် မြင့်တက်လာရေး တို့အတွက် ရန်ပုံငွေပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်လှူဒါန်းခဲ့ပြီးဖြစ်သည်။

“အခုအချိန်မှာတော့ သူတို့က ခြင်တွေကို နှိမ်နှင်းဖို့လုပ်နေပါတယ်၊ ငှက်ဖျားရောဂါက ၂၀၀၀ ပြည့်နှစ်က စပြီး ၂၅ ရာခိုင်နှုန်း လျော့ကျသွားပေမယ့် ကမ္ဘာတစ်ဝန်း ငှက်ဖျားရောဂါဖြစ်ပွားမှုပေါင်း သန်း ၂၀၀ ကျော်လောက် ရှိသေးတယ်”ဟု Forbes မဂ္ဂဇင်းက ဆိုထားသည်။

အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နည်းပညာလောကထဲက Oracle ကုမ္ပဏီတည်ထောင်သူ Larry Ellison သည် ပိုင်ဆိုင်မှု ဒေါ်လာ ၄၈ ဒသမ ၁ ဘီလီယံဖြင့် တတိယ နေရာတွင် ချိတ်ခဲ့ပြီး Facebook ပူးတွဲတည်ထောင်သူ အမှုဆောင်အရာရှိချုပ် Mark Zuckerberg သည် ပိုင်ဆိုင်မှု ၃၄ ဒသမ ၇ ဘီလီယံဖြင့် နံပါတ် ၁၁ နေရာတွင် ချိတ်ထားနိုင်ခဲ့သည်။
 CNET

KIO နှင့် အစိုးရတပ်တို့ ရှမ်းမြောက်တွင် တိုက်ပွဲပြန်ဖြစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရ၏ စစ်တပ်နှင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ်ခွဲ မုန်ဘောကျေးရွာအနီးတွင် စက်တင်ဘာလ ၂၉ ရက်က တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)အဖွဲ့မှ အမည်မဖော်လိုသည့် အရာရှိ တစ်ဦးက မဇ္ဈိမကို ပြောသည်။


ကချင်ပြည်နယ် လိုင်ဇာမြို့အတွင်းလုံခြုံရေးယူထားသည့် ကေအိုင်အေ တပ်သားများအား ဇူလိုင်လ ၂၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)

မုန်ဘော် ပြည်သူ့စစ်အခြေစိုက်သည့် နေရာအနီးတွင် အစိုးရ၏ တပ်မ ၈၈ နှင့် KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် ၃၈တို့ မိနစ် ၃၀ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၄ တပ်ရင်းမှူး တစ်ဦးက ပြောသည်။

“မနေ့က ညပိုင်း နာရီဝက်လောက်ကြာ မုန်ဘော်ပြည်သူစစ်ရဲ့ကုန်းအနားမှာ တိုက်ပွဲဖြစ်တာ။ ၃၆၊ ၃၈ မုန်ဘော်နယ်မှာ ဖြစ်တာ။ အစိုးရစစ်တပ်က ကျွန်တော်တို့ နယ်မြေထဲ လှုပ်ရှားနေတာကြာပြီ။ သူတို့ ပုံမှန်သွားလာနေတာ မနေ့ကတော့ တိုက်ပွဲဖြစ်တာပါ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသော မုန်းဘော်ကျေးရွာအနီးတွင် နှစ်ဖက်တပ်များ နီးကပ်စွာ စောင့်ကြည့်နေသဖြင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု အဆိုပါ တပ်ရင်းမှူးက ဆက်ပြောသည်။

“အစိုးရတပ်မတွေ အရမ်းထိုးလာနေပြီ။ ကျွန်တော်တို့ စောင့်ကြည့်နေကြတာ။ သိပ်နီးကပ်လာပြီ။ တိုက်ပွဲဒီညလား မနက်ဖြန်လား ပြန်ဖြစ်နိုင်တယ်။ အစိုးရ စစ်အင်အားက ၁၀၀၀ ဂဏန်းရှိမယ်။ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်မှုတော့ လုပ်နေတယ်။ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်” ဟု သူက ပြောသည်။

အစိုးရနှင့် ကေအိုင်အိုတို့ ပြီးခဲ့သည့် ရက်သတ္တပတ် ၃ ပတ်နီးပါးကြာ တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့သော်လည်း စက်တင်ဘာ ၂၉ ရက်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။

မန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ ဦးလှမောင်ရွှေကို တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ နှစ်ဖက်တိုက်ပွဲ အခြေအနေကို မသိရှိရသေး၍ ဖြေကြားနိုင်ခြင်း မရှိဟု ပြောကြားခဲ့သည်။
မဇ္ဈိမ

အချစ်ရေးနဲ့ အိမ်ထောင်ရေးအတွက် ဘာမှကြိုပြီးစိတ်ကူးယဉ်မထားဘူးလို့ ဆိုလိုက်တဲ့ နေမင်း


ပရိသတ်ကိုပေးတဲ့ အနုပညာကို အမြဲလတ်ဆတ်အောင်ထားတတ်တဲ့ နေမင်းဟာ သူ့ဖန်တီးတဲ့ အနုပညာရပ်နဲ့ ပတ်သက်ရင် တကယ်ကို ရူးသွပ်သူတစ်ယောက်ပါ။ သူက အနုပညာနဲ့ ပတ်သက်ပြီး “ကျွန်တော်ကိုယ်တိုင်ကိုက အနုပညာကို မရိုးအောင်ထားတယ်။ ကိုယ့်ကိုကိုယ် ဟောင်းသွားပြီ ဆိုရင်လဲ ကိုယ်တိုင်လဲ မလတ်ဆတ်တော့ဘူး။ ပရိသတ်ကို ပေးတဲ့ အနုပညာလဲ မလတ်ဆတ်တော့ဘူး။ စိတ်ပိုင်းဆိုင်ရာပိုင်းနဲ့ပတ်သတ်ပြီး ဒီအလုပ်နဲ့ ပတ်သတ်ပြီး ကိုယ့်ကိုကိုယ် အသစ်တစ်ယောက်လိုပဲ စိတ်ကို ထားထားတယ်။” လို့ ပြောပါတယ်။

အချစ်ကားတွေထက် ကြမ်းကြမ်းတမ်းတမ်းဇာတ်ရုပ်တွေနဲ့ ပိုတွေ့ရတဲ့ သူက “ခုခေတ်မှာဆို အနုပညာဖန်တီးမှုအရ နိုင်ငံပေါင်းစုံမှာ ဒီကောင်လေးနဲ့ကောင်မလေး ချစ်တာကိုပဲ ပုံစံမျိုးစုံ သုံးပြီးရိုက်တယ်။ သူ့ပတ်ဝန်းကျင်၊ သူ့အနေအထားပေါ်မူတည်ပြီး ပုံစံကွဲသွားကြတာပဲ ရှိတယ်။ ကိုယ်ကိုတိုင်ကတော့ အချစ်ကားလဲ ရိုက်တယ်။ ဒါပေမဲ့ ပရိသတ်တော်တော်များများကတော့ အချစ်အနုအရွကားနဲ့သိပ်မကြိုက်ကြဘူး။ ကြမ်းကြမ်းရမ်းရမ်းနဲ့ အပေအတေ ဇာတ်ရုပ်တွေကိုတော့ ပိုအားပေးကြတယ်”တဲ့။

ဘယ်အရာကိုမဆို စိတ်ကူးမယဉ်တတ်သလို လက်တွေ့သာလုပ်ဆောင်တတ်တဲ့ နေမင်းဟာ သူ့အချစ်ရေးအတွက် ကြိုတွေးထားတာမျိုးတော့ မရှိပါဘူးတဲ့။ “အချစ်ရေးကတော့ အကုန်လုံးက ဒီခေါင်းစဉ်အောက်မှာ ရှိနေတာပါပဲ။ အချစ်အပေါ်မှာ အမျိုးအမည်သတ်မှတ်ပြီး ပြောင်းလဲသွားကြတာမျိုးပဲ ရှိတယ်။ အစ်ကို့တွက်ကတော့ ၁၅၀၀ တွေ ၅၂၈တွေ ခွဲခြားမထားဘူး။ ချစ်တဲ့ပုံစံ မတူဘူးလို့ပဲသတ်မှတ်ထားတယ်။ အစ်ကို ကငယ်ငယ်ကတည်းက ဘယ်ကိစ္စမဆို စိတ်ကူးမယဉ်တတ်ဘူး။ လက်တွေ့ရှိတဲ့ ကာလပစ္စုပ္ပန်ကိုပဲတွေးတယ်။ ဘာလို့လဲဆိုတော့ များသောအားဖြင့်က ကြိုတွေး၊ ကြိုလုပ်တဲ့အရာတွေက လက်ရှိ ပစ္စုပ္ပန်ကို ဆုံးရှုံးစေတယ်။ ဥပမာ ကိုယ်ခုလက်ရှိမှာ ပိုင်ဆိုင်ထားတဲ့ အချိန်တွေ၊ အတွေးအခေါ်၊ အောင်မြင်မှုအားလုံးကို ဖျောက်ပြီးတော့ နောက်ထပ်တစ်ခုကို တွေးလိုက်တော့ ခုလက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေ အားလုံးကို ပျောက်ဆုံးသွားရော။ ခုလက်ရှိမှာဖြစ်နေတဲ့ ပစ္စုပ္ပန်ကိုပဲ အကောင်းဆုံးတွေးပါတယ်။ အချစ်နဲ့အိမ်ထောင်ရေးတွေအပေါ် ကြိုမတွေးထားဘူး။ ကြိုလဲစိတ်ကူး မယဉ်ထားဘူး။ သူရောက်သင့်တဲ့ချိန် ရောက်လာမှာပဲ။ တွေးသင့်တဲ့ချိန်လဲ တချိန်မဟုတ် တချိန်ရောက်လာမှာပဲ။ အဲ့ချိန်ကျမှပဲ အဲ့ဒါကို စဉ်းစားချင်ပါတယ်။ ဘယ်အရာကိုမှကြိုပြီးစိတ်ကူးမယဉ်ထားလို့ပါ။” လို့ သူက ဖွင့်ဟခဲ့ပါတယ်။
Trend

ဆေးခြောက်ကြိုက်သူတွေချည်း သီးသန့် ဒိတ်လုပ်နိုင်အောင် ဖွင့်ပေးထားတဲ့ ၀က်ဘ်ဆိုက်အသစ် ပေါ်ထွက်

သင်က ဆေးခြောက်သောက်တဲ့သူဆိုရင်တော့ သင်ဒိတ်လုပ်လိုက်တဲ့သူဟာ ဆေးခြောက်သောက်တတ်တဲ့သူလား၊ လုံးဝမသောက်တတ်ဘူးလားဆိုတာ စိတ်ထဲက သိချင်နေမှာအမှန်ပဲ။ ဒါပေမယ့် စပြီး ဒိတ်လုပ်မယ်ဆိုကတည်းက သူကိုယ်တိုင်လည်း ဆေးခြောက်သောက်တတ်တဲ့သူမှန်းသိထားတယ်ဆိုရင်တော့ စကားပြောရတာ ပိုအဆင်ပြေနေမှာဖြစ်သလို အကြိုက်ချင်းကလည်း တူနေပြီပေါ့။

ဒီလိုစိတ်ကူးရသွားတဲ့ ကယ်လီဖိုးနီးယား၊ မာရင်းလို့ခေါ်တဲ့ နိုင်ငံက အသက်၂၈နှစ်အရွယ် Ryan Moxon ကတော့ ဆေးခြောက်ကြိုက်သူတွေချည်းပဲ ဒိတ်လုပ်နိုင်အောင်လို့ သီးသန့်ဝက်ဘ်ဆိုက်လေးတစ်ခု ပြုလုပ်ထားတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။ သူကိုယ်တိုင်လည်း သောက်တဲ့သူမို့ သူ့လိုကောင်လေးတွေ ကိုယ်ဒိတ်မယ့် ကောင်မလေးက pot နဲ့တောင် ဆေးခြောက်သောက်မယ်ဆိုရင် ဘယ်လောက် ပျော်စရာကောင်းမလဲဆိုပြီး စိတ်ကူးယဉ်မိကြမှာပဲဆိုတာ သူသိပါသတဲ့။ ဒီတော့ သူက 420singles.net ဆိုတဲ့ ဆိုက်တစ်ခုကိုဖွင့်ခဲ့ပြီး ဖွင့်ပြီးမကြာတဲ့အချိန်အတွင်းမှာ အဖွဲ့ဝင် ၂၃၀၀၀ကျော်ရသွားတယ်လို့ သူက ဆိုပါတယ်။

ဆိုက်ရဲ့အဖွဲ့ဝင်တော်တော်များများက ၂၀၁၂မှာ စတင်ကာ ဆေးခြောက် မာရီဝါးနားကို တရားဝင်သောက်နိုင်နေပြီဖြစ်တဲ့ နိုင်ငံကလူတွေဖြစ်ပြီး တရားဝင်မဖြစ်သေးတဲ့ တစ်ချို့နိုင်ငံက လူတွေလည်း ပါဝင်ပါသတဲ့။ ဆိုက်က လူတွေဟာ ဆေးခြောက်အကြောင်း ပြောဆိုဆွေးနွေးတာမျိုးတွေလည်း ပြုလုပ်နိုင်တယ်လို့ သိရပြီး အဲ့ဒါကိုတော့ သူက "တစ်ခြားတော့မဟုတ်ပါဘူး၊ ခုလိုပြောဆိုတာ ရေးသားတာဟာ တစ်ဦးနဲ့တစ်ဦးပိုမိုခင်မင်သွားမယ်၊ ပျော်စရာလည်း ကောင်းလို့ပါ"တဲ့။

Ref:cosmopolitan.com

ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီးသွားနေစဉ် အဓ္ဓမပြုကျင့်ခံရ


ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသော Oktoberfest ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး အဓ္ဓမပြုကျင့်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

အသက် ၂၄နှစ်ရှိ ခရီးသွားဧည့်သည်သည် စနေနေ့ညက ပွဲတော်ကျင်းပရာနေရာနှင့် ဆက်စပ်လျက်ရှိသော ချုံများအကြား ဆီးသွားနေစဉ် ယင်းကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။


သူစိမ်းယောက်ျားတဦးက ယင်းဗြိတိန်နိုင်ငံသားထံ ချည်းကပ်လာပြီး ၎င်းနှင့် ကာမဆက်ဆံလိုကြောင်း ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့သည်ဟု ဘာဗေးရီးယန်းရဲများက ပြောသည်။

ကလန်ကဆန်လုပ်သောအခါ ၎င်း၏ ဦးခေါင်းကို အနောက်မှဆွဲ၍ မြေပြင်ပေါ်သို့လှဲချခဲ့ပြီး အခြားယောက်ျားတဦးက ၎င်းအား ဖိထားစဉ် မုဒိန်းကျင့်ခံခဲ့ရခြင်းဖြစ်သည်။

ကိစ္စပြီးသည့်နောက် ကျုးလွန်သူအမျိုးသား ၂ဦး ထွက်ပြေးသွားခဲ့ကြသည်။
မုဒိန်းပြုကျင့်ခံရသူမှာ Leeds မှဖြစ်သည်ဟု ဂျာမန်မီဒီယာများက ဖော်ပြသည်။

ယခုနှစ် Oktoberfest ပွဲတော်၌ မုဒိန်းမှုများ၊ လိင်ပိုင်ဆိုင်ရာ ဘလက်ကာယ ပြုမှုများအတွက် တိုင်ကြားမှုများ ရှိသော်လည်း ယခင်နှစ်ထက်စာလျှင် လျော့ကျသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

စနေနေ့အထိ လာရောက်လည်ပတ်သူ ၃ ဒသမ ၃ သန်းခန့်ရှိုနေပြီး ရာဇ၀တ်ပြစ်မှု ၆၇၀ခန့် တိုင်ကြားထားကြောင်း၊ ယင်းမှာ ယခင်နှစ်ကထက် ၂၀ % လျော့ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

Ref; The Independent

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဂျာမနီတွင် ပါဆယ်ကော်ပတာ ဒရုန်းဖြင့် ဆေးဝါးများ ပို့ဆောင်ခြင်း စတင်ပြုလုပ်မည်

DHL to Begin Deliveries by Drone in Germany




ဘာလင် ၊ ၃၀-၉-၂၀၁၄

ဂျာမနီနိုင်ငံ ထောက်ပံ့ ပို့ဆောင်ရေး ကုမ္ပဏီ DHL က အရေးပေါ် လိုအပ်ချက် များကို အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရန် အသက်ကယ် ဆေးဝါးနှင့် ပစ္စည်းများကို Parcelcopter ဒရုန်းများ အသုံးပြုကာ မည်မျှပင် ဝေးလံ သီခေါင်သော နေရာသို့ ဖြစ်စေ အချိန်မီ အရောက် ပေးပို့သွားမည် ဖြစ်ကြောင်းကြေညာသည်။

DHL က ပါဆယ် သယ်ဆောင် နိုင်သော ဒရုန်း အသေးစား များကို အသုံးပြုကာ ဆေးဝါးနှင့် အရေးပေါ် ဆေးပစ္စည်း ကိရိယာများကို ဂျာမနီနိုင်ငံ မြောက်ပိုင်း ပင်လယ်ကျွန်း Juist သို့ စတင်ပို့ဆောင် သွားမည် ဖြစ်သည်။ Juist သည် သီးခြား ကျွန်းတစ်ခု ဖြစ်ပြီး ဖယ်ရီ၊ ရထား အစရှိသည့် သယ်ယူ ပို့ဆောင်ရေး ယာဉ်များ အမြဲမရှိဘဲ ဖြစ်နေတတ်ရာ မသေသင့်ဘဲ သေဆုံးရ သူများ ရှိနေသောကြောင့် Parcelcopter ဒရုန်းများဖြင့် လိုအပ်သော ဆေးဝါးများကို အချိန်မီ ပို့ဆောင် ပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

DHL ၏ ပါဆယ် ကော်ပတာ များကို မြောက်ပိုင်း ပင်လယ်ပြင် လေပြင်း၊ မိုးပြင်းများကို ခံနိုင်အောင် အဆင့်ဆင့် ပြုပြင်ခဲ့ရသည်။ ယခု Parcelcopter သည် ၂ ဒသမ ဝ အမျိုးအစား ဖြစ်ပြီး ယာဉ်အလေးချိန် ၁၁ ပေါင်၊ ကုန်အလေးချိန် ၂ ဒသမ ၆ ပေါင်ကို သယ်ဆောင်ကာ အမြင့် ၁၆၄ ပေ၊ တစ်နာရီ အမြန်နှုန်း မိုင် ၄ဝ ရှိကာ ၄၅ မိနစ်ခန့် ကြာမြင့်မည့် ခရီးကို မနားတမ်း ပျံသန်းနိုင်သည့် အတွက် အနီးဆုံးမြို့ နှင့် ၇ ဒသမ ၅ မိုင်သာ ကွာဝေးသော Juist ကျွန်းသို့ အရေးပေါ် ဆေးပစ္စည်းများ ပို့ဆောင်ရန် အခက်အခဲမရှိ နိုင်ကြောင်း သိရသည်။

Parcelcopter များတွင် အလိုအလျောက် ပျံသန်းစနစ် Auto Pilot ပါဝင်သောကြောင့် မြေပြင်မှ ပျံတက်ခြင်း၊ သတ်မှတ် နေရာတွင် ဆင်းသက်ခြင်း၊ လမ်းခရီး ပျံသန်းခြင်း တို့အားလုံးကို အလိုအလျောက် လုပ်ဆောင် သွားနိုင်မည် ဖြစ်သည်။ ဂျာမနီနိုင်ငံ ကမ်းရိုးတန်း မြို့တစ်မြို့ဖြစ်သော Norddeich တွင် မြေပြင် ကွပ်ကဲရေးဌာန ကို ဖွင့်လှစ်ထားမည် ဖြစ်ပြီး ဒရုန်းယာဉ်မှူး များကလည်း လိုအပ်လျှင် ဒရုန်းကို ထိန်းချုပ်နိုင်ရန် အသင့်ရှိ နေမည်ဖြစ်ကြောင်း သိရသည်။

Parcelcopter က Juist သို့ ဆိုက်ရောက်လျှင် ပါဆယ်ထုပ်ကို ဝန်ထမ်းများက ဆက်လက် ပို့ဆောင်ပေးမည် ဖြစ်သည်။ လက်ရှိ အချိန်တွင် အများသုံး သယ်ယူ ပို့ဆောင်ရေးစနစ် အဆင်မပြေသော အချိန်များ တွင်သာ ဤဒရုန်းများ ကို အသုံးပြု သွားရန် စီစဉ်ထားပြီး ဂျာမနီနိုင်ငံ သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးဌာန ကလည်း Parcelcopter ဒရုန်းများ ပျံသန်းမည့် Juist လမ်းကြောင်းကို လေယာဉ် မပျံသန်းရဇုန် အဖြစ် သတ်မှတ်ပေး ထားကြောင်း သိရသည်။

PyiChitThar

ယောကျာ်းကို စိတ်ဆိုး၍ အမျိုးသမီးတစ်ဦး ကိုယ်တုံးလုံးချွတ်ပြီး လမ်းလယ်ခေါင် လျှောက်ပြေး

တရုတ်နိုင်ငံ Henan ပြည်နယ် Shangqiu မြို့မှာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ လမ်းလယ်ကောင်မှာ ကိုယ်တုံးလုံးချွတ်နဲ့ လျှောက်ပြေးခဲ့ပါတယ်။

Dahe News ရဲ့ဖော်ပြချက်အရ အမျိုးသမီးဟာ ယောကျာ်းဖြစ်သူနဲ့ စိတ်ဆိုးပြီး ဒီလိုလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အဖြစ်အပျက်ကို စောင့်ကြည့်ဖို့ ကားဒရိုင်ဘာတွေက ကားတွေကို ရပ်ခဲ့ကြတာကြောင့် ယာဉ်ကြောလုံခြုံ့ရေးကိုတောင် ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း လျင်မြန်တဲ့ ရဲအရာရှိတစ်ဦးဟာ ထီးတစ်လက်ကို အသုံးပြုပြီး အဝေးပြေးလမ်းမကနေ သူမကို ခေါ်ထုတ်သွားခဲ့ပါတယ်...

ဖိုးသူတော်

ကမ္ဘာ့အသန်မာဆုံး ဘုန်းကြီး အမည်တပ်ခံရတဲ့ အလေးမ စွမ်းအားရှင်



ကမ္ဘာ့ အသန်မာဆုံး ဘုန်းကြီးအဖြစ် နာမည်ပေးခံခဲ့ပြီးတဲ့ Rev. Dr. Kevin Fast ရဲ့ အလေးမစွမ်းရည်ဟာ ဘုရားသခင်ရဲ့ဆုကျေးဇူးဖြစ်ပါတယ်။ ၁၉ ရာစုရဲ့စွမ်းအားရှင်Louis Cyr ဆီမှ လှုံ့ဆော်မှု ရရှိပြီးတဲ့အချိန်မှစ နှစ်နဲ့ချီ မယုံနိုင်လောက်အောင် အလေးမစွမ်းရည်ကို အသက် ၅၁ နှစ်ရှိ ကနေဒါလူမျိုး Pastor ပြသလာခဲ့တာပါ။

တန်ချိန် ၁၈၉ အလေးချိန်ရှိ အလေးအများဆုံး လေယာဉ်ကို တစ်ယောက်အားဖြင့်ဆွဲတာ၊ အလေးဆုံး ထရပ်(ခ်)ကား လက်တစ်ဖက်တည်းဖြင့် ဆွဲတာ၊ အလေးလံဆုံး စက်ယန္တယားကို ပေတစ်ရာထိ ဒရွတ်တိုက်ဆွဲသွားတာ၊ ပုခုံးနှစ်ဖက်နဲ့ အလေးချိန် ၅၀၀ ကီလိုဂရမ်ကို အချိန်အကြာဆုံး ထမ်းထားနိုင်တာတွေဟာ ကမ္ဘာ့ ဂေးနစ်စ်ချိန်စံတွေကို မှတ်တမ်းစေနိုင်ခဲ့ပါတယ်။

တခြားထူးခြားတဲ့ လုပ်ဆောင်ချက်တွေက မီးသတ်ကားကို ပေတစ်ရာဆွဲသွားတာ၊ တန် ၄၀ ရှိအိမ်တစ်လုံးကို လမ်းမကြီးတစ်ခုဆီဆွဲသွားတာ၊ အမျိုးသမီး ၂၂ ယောက်ကို တစ်ချိန်တည်းမှာကျောကုံးပေါ် ထမ်းထားတာ စတာတွေလည်းပါဝင်တယ်။

သူဟာ မြောက်အမေရိက က Highland style games မှာ ကြေးစားအနေနဲ့ ပါဝင်ယှဉ်ပြိုင်ထားသူလည်းဖြစ်တယ်။

Source: Mirror

Trend Myanmar

သင့်နေ့စဉ်အစားအစာနဲ့ကျန်းမာရေး


တန်ဖိုးကြီးအစားအစာတွေကမှ ကျန်းမာရေးအတွက်ကောင်းကျိုးပြုပေးတယ်ဆိုတဲ့အတွေးကို
သင်စွန့်လွှတ်လိုက်ပါ။ သင့်ရေခဲသေတ္တာနဲ့ မီးဖိုချောင်က အစားအစာတွေက သင့်ကို အံ့သြဖွယ် ကောင်းကျိုးပြုနိုင်ပါတယ်။
၁။ မှို(Mushrooms)
ဗီတာမင်ဒီပမာဏမြောက်များစွာပါဝင်ပါတယ်။ ဟင်းချို၊ အသီးအရွက်တွေနဲ့ ရောချက်စားသုံးနိုင်ပါတယ်။


၂။ ခရမ်းချဉ်သီး
အန်တီအောက်စီးဒင့်က ခရမ်းချဉ်သီးရဲ့ အခွံမှာ များစွာပါဝင်ပါတယ်။ လေဖြတ်ခြင်းအတွက် အထူးသင့်တော်ပါတယ်။ ဖရဲသီး၊ ဂရိတ်ဖရုသီးတို့ကိုလည်း စားသုံးနိုင်ပါတယ်။ အော်ဂင်းနစ် အသီးအနှံကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၃။ ဘလူးဘယ်ရီသီး
လေ့ကျင့်ခန်းပြုလုပ်ပြီးချင်း ဘလူးဘယ်ရီသီး စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း အဆီလောင်ကျွမ်းမှုကို ပိုမိုအထောက်အကူပြုပါတယ်။

၎။ ဝိုင်အမျိုးမျိုး
နှလုံးကျန်းမာရေးကို အထောက်အကူပေးပါတယ်။ တစ်ပတ်ကို ဝိုင်ပမာဏ ၄ခွက်သောက်သုံးခြင်းက 
စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါကိုပါ လျော့နည်းစေပါတယ်။ ယမကာအမျိုးအစားဖြစ်တာကြောင့် ဝိုင်သောက်လေ့သောက်ထမရှိသူတွေ မရွေးချယ်သင့်ပါဘူး။

၅။ ချိစ်(Cheese)
ချိစ်ကြိုက်သူတွေအတွက်တော့ သတင်းကောင်းလေးပါ။ သွေးအားနည်းသူတွေအတွက် သင့်တော်ပါတယ်။ သွားတွေကို ခိုင်မာစေပြီး ကြွေလွှာတွေ ပျက်စီးဆုံးရှုံးမှုကို လျော့ချပေးပါတယ်။

၆။ ပန်းသီး
သွေးတိုးကျစေပါတယ်။ ဗီတာမင်နဲ့သတ္တုဓာတ်တွေ အမြောက်အများပါဝင်ပါတယ်။

၇။ ပြောင်းဖူးပေါက်ပေါက်
အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အရိုးပွသူတွေစားသုံးသင့်ပါတယ်။

၈။ ဖရုံစေ့
ကောင်းမွန်စွာ အိပ်မပျော်သူတွေအတွက် ဖရုံစေ့၊ ကြိုက်နှစ်သက်ရာအသီးအနည်းငယ်၊ ခရက်ကာမုန့်တို့ကို အိပ်ရာမဝင်မီ စားသုံးသင့်ပါတယ်။ အမိုင်နိုအက်ဆစ် ပါဝင်မှုများလို့ အိပ်ပျော်စေတဲ့ ဟော်မုန်းကို အားပေးပါတယ်။

အချစ်ဆိုတာ ရင်ခုန်ဖို့ပဲ လိုပါတယ်လို့ ဖွင့်ဟလာတဲ့ ရွှေစင်


အနုပညာလောကထဲမှာ သရုပ်ဆောင် မလုပ်ခင်ကတည်းက နာမည်ကြီးကျော်ကြားခဲ့တဲ့ ရွှေစင်က လက်ရှိသူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုများကို အခုလိုပဲ ပြောပြလာပါတယ်။ “ခုလတ်တလော ကိုကြီးသူထူးစံနဲ့ နှုတ်ခမ်းနီလေးနဲ့ကောင်မလေးဆိုတဲ့ကားလေးကို ရိုက်ထားတယ်။ ပြီးတော့ ချောင်းသာကို Samsaung ကြော်ငြာနဲ့ Fresh အဲ့ယားကွန်း ကြော်ငြာလေး သွားရိုက်ထားတယ်။ အဲ့ဒီကပြန်လာပြီးတော့ ရခိုင်မှာ ရန်ပုံငွေဖျော်ဖြေပွဲ လိုက်သွားတယ်။ အဲ့ဒီကပြန်လာပြီး ပြက္ခဒိန်တွေ တောက်လျောက်ရိုက်ဖြစ်တယ်။ ကားရိုက်အနေနဲ့က ကိုကြီးသူထူးစံနဲ့ ကနုတ်ပန်းဆိုတဲ့ ကားလေးရယ်၊ နိုင်တဲ့သူအကုန်ယူကြေးဆိုတဲ့ ကားလေးရယ်ကို မနက်တစ်ကား၊ ညတစ်ကား ၀င်နေပါတယ်။ ခု ၂ကားပြီးပြီးချင်း မန္တလေးသွားမယ်။ အဲ့ဒီမှာ နှစ် ၇၀၀ပြည့် ဗီစီဒီလေးရိုက်ဖို့ရယ်၊ စစ်ကိုင်းနဲ့မန္တလေးမှာပဲ ငွေထည်တွေတစ်ကိုယ်လုံးဆင်ပြီး ငွေထီး သုံးလက်တွက်ရိုက်ပေးရမယ်။ စစ်ကိုင်း နှစ် ၇၀၀ ပြည့်အတွက် စစ်ကိုင်းမှာပဲရိုက်မယ်။ နောက်ပြီး Glamours ရေပူရေအေး ကြော်ငြာလေးကတော့ ရွှေပြည်သာဟိုတယ်မှာရိုက်ပါမယ်”တဲ့။


ကားရိုက်တွေအတွက် ကာရိုက်တာရွေးချယ်မှုနဲ့ပတ်သတ်ပြီးတော့လဲ “ဇင် အနုပညာ လုပ်သက် ၄နှစ်ကျော် အတွင်းမှာ ၃နှစ်နီးပါး က ကြော်ငြာမော်ဒယ်အနေနဲ့ပဲ သီးသန့်ရပ်တည်ခဲ့တာလေ။ ဗီစီဒီလောက်ပဲ ရိုက်ဖြစ်ခဲ့တာဆိုတော့ ခုနောက်ပိုင်းမှ ကားရိုက်က လုပ်ဖြစ်တာဆိုတော့ ခုချိန်မှာ လုပ်ချင်တာတွေက တအားများနေတယ်။ ခုလက်ရှိ ရိုက်နေတဲ့ကာရိုက်တာတွေက နဲနဲလန်းလန်း လေးပေါ့။ ဖန်စီလေးပါပဲ။ ကားရိုက်လက်ခံဖြစ်ခဲ့ရင် တိုက်ဆိုင်မှုပဲလားမသိဘူး။ ဒရာမာ တွေများတယ်။ ခုနှစ်ကားက ဖန်စီပေါ့။

အချစ်ဆိုတာ ကိုယ့်အတွက် ချစ်နေရင်ပြီးရောလို့ သတ်မှတ်ထားတဲ့ သူမက “ငယ်ငယ်တုန်းကတော့ ကိုယ့်ချစ်သူက အသားဖြူရမယ်။ ဆရာဝန်ကြီးဖြစ်ရမယ်။ စဉ်းစားခဲ့ဖူးမှာပဲ။ ဒါပေမဲ့တကယ့် ဖူးစာရှင်တွေ့လာတဲ့ခါ လက်တွေ့ကျချင်မှကျမယ်။ ကျခဲ့ရင်တော့ အကောင်းဆုံးပေါ့နော်။ အချစ်ဆိုတာ ရင်ခုန်ဖို့ပဲလိုပါတယ်။ ခုလောလောဆယ်ကတော့ ဘာမှမရှိပါဘူး။ အေးဆေးပါပဲ။ ကိုယ်က အရမ်းအချစ်ကြီးတဲ့ထဲမှာပါတယ်။ ခုချိန်မှာအနုပညာနဲ့ အချစ်ရေး ကို မျှပြီး အချိန်ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့တွက် ဘာမှမရှိသေးပါဘူး။"လို့ ဖွင့်ဟသွားပါတယ်။

ခင်ဆွေသက်
Trend Myanmar

အဘိုး ဖြစ်သူမှ မြေးအား ဘီလူးစီးသည်ဟု ထင်ကာ သတ်မှုဖြစ်ပွား


ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၈၆) ရပ်ကွက်တွင် အဘိုး ဖြစ်သူမှ အသက် နှစ်နှစ်အရွယ် မြေးမလေးအား ထမင်းခွံ့ကျွေးရာမှ လက်ကိုကိုက် သဖြင့် ဘီလူးစီးသည်ဟု ထင်မှတ်၍ နေအိမ်အောက် ရေအောက်ထဲတွင် သတ်ပစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်း ဌာနမှ သိရသည်။

 ယင်းမှုခင်းသည် စက်တင်ဘာလ (၂၅) ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဒဂုံဆိပ်ကမ်း ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် (၂၀/၁၄) ဖြင့် ရေးဖွင့်ထားခဲ့ သော်လည်း အသိ သက်သေများကို စစ်ဆေးရာမှ တစ်ဆင့် လူသတ်မှုဟု ယူဆသဖြင့် (၂၈) ရက် နေ့တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် စခန်းမှူးက တရားလိုပြု လုပ်တိုင်တန်း ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြ ထားသည်။

 ကျီစု သုသာန်ဘက်မှာ ဖြစ်တာ။ ကွက်သစ် ဆိုတော့ လူတွေ အသွားအလာ နည်းပြီး အိမ်တွေလည်း နည်းတယ်။ အခု အကုန်လုံး မှတ်တမ်း တွေကို တိုင်းမှုခင်းရုံးအပ်လိုက် ပါပြီ ဟု ဒဂုံ ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ ရဲတပ်ကြပ် တစ်ဦးက The  Messenger Media သို့ ပြောသည်။ သေဆုံးသူ နှစ်နှစ် အရွယ် ကလေးငယ်အား မိဘနှစ်ပါးမှ အဘိုးဖြစ်သူထံ အပ်နှံထားခဲ့ပြီး၊ ခရီးထွက် ခဲ့ကြောင်း ၊ စက်တင်ဘာလ (၂၅) ရက်နေ့  (၁း၀၀)နာရီ အချိန် တွင် ကလေးငယ်၏ ငိုသံကြားရ ပြီးနောက် အငိုသံတိတ် သွား၍ သွားရောက် မေးမြန်းရာ အဘိုး ဖြစ်သူမှ ထမင်းခွံ ကျွေးရာမှ ၎င်း၏ လက်အား ကိုက်သဖြင့် ဘီလူးစီးသည်ဟု ထင်မှတ်၍ နေအိမ်အောက် ရေထဲတွင် သတ်ပစ်ခဲ့ကြောင်း၊ နေအိမ်အောက် ရေထဲတွင်ရှိကြောင်း ပြောပြီး အလောင်းအား ရေထဲမှ ဆယ်ယူ ပြသခဲ့ကြောင်း၊ ၎င်း နောက် အဘိုး ဖြစ်သူမှ အလောင်းအား ရဲကျော်သူရလမ်း ဘေးတွင် ပစ်ထားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် သဖြင့် အရေးယူ ထားကြောင်း ရဲမှုခင်း တွင် ဖော်ပြထားသည်။ သူ့အဘိုးက အထင်မှား ပြီးသတ်တာလို့ သိရတယ်၊ အခု ဖမ်းထားပါပြီ ဟု ယုဇန ဥယျာဉ်မြို့တော် ရပ်ကွက်ဥက္ကဋ္ဌ ဦးအေးမြင့် က The  Messenger Media သို့ပြောသည်။  ယင်းမှုခင်း လူသတ်မှုအား ဒဂုံဆိပ်ကမ်း မြို့နယ် ရဲစခန်းမှ (ပ)၄၀၈/၁၄၊ ပြစ်မှု ပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
Messenger