“နိုင်ငံသားဖြစ်ပြီဆိုတော့ မြန်မာကိုပဲ အားပေးရမှာပေါ့ ”ဟု မြေပုံတောင်ပေါ်စခန်းမှ ဘင်္ဂလီအချို့ဆို


“မြန်မာနဲ့ မလေးရှားဘောလုံးကန်ရင် မြန်မာကိုပဲ အားပေးရမှာပေါ့။ ကျွန်တော်တို့က မြန်မာနိုင်ငံ သား ဖြစ်ပြီလေ။ မြန်မာနိုင်ငံသားအတိုင်းနေရမှာပါ။ ဝမ်းသာပါတယ်။ အခုလို ကျနော်တို့ကို မြန်မာနိုင်ငံသားအဖြစ် လုပ်ပေးတဲ့ အစိုးရကိုရော ရခိုင်တွေကိုလည်း ကျေးဇူးတင်ပါတယ်“

မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုလိုက်ပြီးနောက် မြန်မာနိုင်ငံသားများအတိုင်း လက်ခံကျင့်သုံးသွားမည်ဟု မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသည့် မြေပုံမြို့နယ် တောင်ပေါ်စခန်းမှ ဘင်္ဂလီများကပြောသည်။

Shwe Myitmakha Media Group

Facebook တည်ထောင်သူ Mark Zuckerberg နဲ့ Priscilla Chan တို့ဆီမှ သင်ယူရရှိနိုင်တဲ့ သမီးရည်းစား ဆက်ဆံရေး အချက် (၅) ချက်


အင်တာနက်ကို တခေတ်ဆန်းသစ်လာအောင် စွမ်းဆောင်ပေးခဲ့သူ Mark Zuckerberg ဟာ သူ့ဘဝလက်တွဲဖော်လည်းဖြစ်၊ သူ့အနာဂတ်ဇနီးလောင်းလည်းဖြစ်တဲ့ Priscilla Chan ကို ပါတီတစ်ခုမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် သူတို့နှစ်ဦး ဒိတ်လုပ်ခဲ့ကြတာဖြစ်ပြီး ခုဆိုရင် Mark နဲ့ Priscillaတို့ အတူလက်တွဲနေထိုင်ခဲ့ကြတာ ၁၂ နှစ်နှီးပါး တောင် ရှိနေပါပြီတဲ့။ အချိန်တွေ ဒီလောက်ကြာမြင့်စွာ နှစ်ဦးသား ဖြတ်သန်းခဲ့ကြတာဟာ တကယ်ကို မယုံနိုင်စရာကောင်းပါတယ်။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာအသိုက်အမြုံလေးက တဆင့် သမီးရည်းစားဆိုင်ရာ သင်ခန်းစာအချို့ သင်ယူရရှိနိုင်မယ်ဆိုရင် ဒါဟာ ဘာတွေများဖြစ်လိမ့်မလဲ။

(၁) ဘယ်လောက်အလုပ်တွေရှုပ်ရှုပ် ချစ်သူအတွက် အမြဲတမ်းအချိန်ပေး

Mr Zuckerberg နဲ့ လက်တွဲပြီး သမီးရည်းစားဘဝထဲ ဝင်ရောက်လာတဲ့အချိန်မှာ သူတို့နှစ်ဦးတွေ့ဆုံဖို့၊ ဒိတ်လုပ်ဖို့အတွက် ကြပ်တည်းတဲ့ အချိန်၊ အခက်အခဲတွေ ရှိနေတယ်ဆိုတာ သိနေကြပါတယ်။ ဒါပေမယ့် ဘယ်လိုအခက်အခဲတွေပဲရှိရှိ၊ ဘယ်လောက်အလုပ်တွေရှုပ်ရှုပ် နှစ်ဦးသား တစ်ပတ်ကို တစ်ညလောက် အနည်းဆုံးအတူရှိဖို့ Mark ကို Priscilla က မေတ္တာရပ်ခံထားပါတယ်။ နာမည်ကြီး၊ လူသိများပြီး အင်မတန် အလုပ်ရှုပ်တဲ့ လူတွေအတွက် အပြင်ထွက်၊ အချိန်ဖြုန်းပျော်ပါးနေဖို့ဆိုတာ အတော်ခက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ချစ်ရတဲ့သူအတွက် အချိန်ပေးတယ်ဆိုတာ မလွဲမသွေ လိုက်နာရမယ့် နိယာမတစ်ခုပဲလေ။

(၂) တစ်ဦးနဲ့တစ်ဦး အမြဲတမ်း အပြန်အလှန်ချီးမွမ်းအားပေးစကားဆို

သူ့ ယုံကြည်ချက်တွေနဲ့ ရှေ့ရေးကို ကြိုတင်သိမြင်မှုတွေကြောင့် Mark ဟာ ဥာဏ်ရည်ထက်မြက်တယ်ဆိုတာ လူသိများပြီးသားဖြစ်မှာပါ။ မီဒီယာအသံလွင်ဌာနတစ်ခုနဲ့ တွေ့ဆုံပြောဆိုမှု တစ်ခုမှာ ဒီလိုလူသားဆန်တဲ့ လုပ်ငန်းတွေ စတင် ခြေလှမ်းလုပ်ဆောင်လာနိုင်တာဟာ Ms Chan ကြောင့်လည်း အများကြီးပါတယ်လို့ Mr. Zuckerberg က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူမဟာ ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် သူမလူနာတွေအကြောင်း နှစ်ဦးသား ပြန်လည်ပြောဆိုရာကနေ သူ့အလုပ်အတွက် အသိ၊ အိုင်ဒီယာတွေလည်း ရရှိခဲ့ပါတယ်တဲ့။

(၃) လူမှုမီဒီယာ ဖန်တီးသူရဲ့ ပထမဦးဆုံး အမျိုးသမီးဖြစ်ပေမယ့် ကိုယ့်ကိုကိုယ် ထက်မြက်တဲ့သူဖြစ်အောင် ကြိုးစား

ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရပ်တည်နိုင်သလို စဉ်းစားတွေးခေါ်တတ်တဲ့ အမျိုးသမီးဖြစ်တဲ့ Priscilla ဟာ Silicon Valley ရဲ့ ပထမဦးဆုံး အမျိုးသမီးမဖြစ်ခင်မှာကတည်းက အောင်မြင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ Havard University မှာ ဇီဝဗေဒဘာသာရပ်ကို လေ့လာသင်ကြားခဲ့ပြီး San Francisco မြို့ California တက္ကသိုလ်မှာ ဆေးပညာနဲ့ ကျောင်းပြီးထားတဲ့ Priscilla က ခုလက်ရှိမှာတော့ UCSF Benioff Childern’s Hospital မှာ တာဝန်ထမ်းဆာင်နေပါတယ်။ Priscilla ဟာ ယခုလက်ရှိနေရာရောက်လာအောင် အလုပ်ကိုကြိုးကြိုးစားစား လုပ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ဒုက္ခသည် မိဘနှစ်ပါးမှ မွေးဖွားခဲ့တဲ့ Priscilla ဟာ မိသားစုဝင်တွေထဲမှာတော့ ပထမဦဆုံးကောလိပ်ကျောင်း တက်ဖူးသူ တစ်ဦးဖြစ်ပါတယ်။ သူမနဲ့ Mark တို့ရဲ့ ပညာရေးအကြောင်းကို ပြန်လည်ထောက်ရှုတဲ့အခါမှာ သူတို့စုံတွဲနှစ်ဦးစလုံးက ပညာရေးဖောင်ဒေးရှင်း တစ်ခု တည်ထောင်ဖို့ ကြေငြာခဲ့ကြပါတယ်။ နှစ်ယောက်အတူ နှစ်ပေါင်းများစွာ လက်တွဲပြီးတဲ့နောက် နှစ်ယောက်အတူ ခိုင်မာတဲ့ ခံယူချက်တစ်ခု ရရှိကြတာပါ။

(၄) ဟာသဥာဏ် အမြဲရှိပါစေ

ကွန်ပျူတာ ဂျပိုးတစ်ယောက်ရဲ့ ချစ်သူတစ်ဦးဖြစ်နေရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ သက်သာမှုရစေတာက Mark နဲ့ Priscilla နှစ်ယောက်စလုံးမှာ ဟာသကို နားလည်ခံစားတတ်ကြပြီး ဟာသဥာဏ်လေးတွေ ရှိကြပါတယ်။

(၅) အိမ်မွေးတိရိစ္ဆာန်တွေ ချစ်တတ်အောင် ကြိုးစား

Zuckerberg နဲ့ Priscilla နှစ်ယောက်ဟာ ဟန်ဂါရီ သိုးခွေး Beast ရဲ့ အုပ်ထိန်းသူတွေဖြစ်ကြပါတယ်။ အဲဒီခွေးလေးဟာ ဖေ့စ်ဘုတ်ခ်ပြီးရင် Mark ရဲ့ ဒုတိယဦးစားပေးဖြစ်ကြောင်း ဟိုးအရင်အင်တာဗျူးတစ်ခုမှာ Priscilla က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အချစ်တော်ခွေးလေး ပျော်ရွှင်မှုရရှိစေဖို့ တစ်နေ့တစ်နေ့ မိနစ် ၃၀ လောက် အချိန်ပေးကြတယ်။ ခွေးလေးတစ်ယောက်ကို အတူတကွ ထိန်းကျောင်းယုယပေးတာ ဂရုစိုက်မှု၊ ချစ်ခြင်းမေတ္တာ၊ စိတ်ခံစားချက်တွေနဲ့ အတူတကွ အားစိုက်ထုတ်မှုတွေကြောင့် သူတို့စုံတွဲအတွက် အမှန်တကယ် ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်တဲ့။

Source: Menxp
Trend

ထောပတ်သီးမှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ


(၁) ဦးနှောက်ကို ကျန်းမာစေပါတယ်။
(၂) နှလုံးကို ကျန်းမာစေ ပါတယ်။
(၃) ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။
(၄) သွေးတိုးရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါတယ်။
(၅) သွေးတွင်း သကြားဓာတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။
(၆) ဗိုက်အောင့်ခြင်း အတွက်လည်း ကောင်းမွန်စေပါတယ်။
(၇) မျက်စိကိုလည်း ကြည်လင်စေပါတယ်။
(၈) ဖောလစ်အက်စစ်ဓာတ်ကိုလည်း ကြွယ်ဝစေပါတယ်။
(၉) အိုမင်း ရင့်ရော်ခြင်း အတွက်လည်း ကောင်းမွန်ပါတယ်။
(၁၀) အကိုက်အခဲများကိုလည်း သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
Ref-healthnews

နာမည်လေးလုံးပိုင်ရှင် အမျိုးသမီးအဆိုတော်နဲ့ လုံးဝမဟုတ်ပါဘူးလို့ ငြင်းဆိုသွားတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထွန်းကိုကို


ဖက်ရှင်ဒီဇိုင်းဆန်းဆန်းပြားပြားနဲ့ စတိုင်လ်ကျကျ ဝတ်ဆင်တတ်ပြီး၊ မာန်ပါပါ ဟန်ပါပါအပြည့်နဲ့ တေးသီချင်းတွေကိုသီဆိုတတ်သူ နာမည်လေးလုံးပါ မြန်မာနိုင်ငံရဲ့ လက်ရှိမှာ ထိပ်တန်းစာရင်းဝင် အဆိုတော်တစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်လို့ နာမည်ထွက်နေတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထွန်းကိုကို ကို ထွက်ရှိနေတဲ့ သတင်းပေါ် မေးမြန်းကြည့်လိုက်တဲ့အခါ “ကျွန်တော်နဲ့ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တောင် အလုပ်ကိစ္စနဲ့ သူနဲ့နှစ်ခါလောက်ပဲ အပြင်မှာဆုံဖူးပါတယ်။ နောက်ပြီး အဲဒီ့လောက်ထိ တရင်းတနှီး ပတ်သက်ရလောက်တဲ့ ခင်မင်ရင်းနှီးမှုမျိုးလည်း မရှိပါဘူး။ ကျွန်တော် တောင် ကြားကြားချင်း အရမ်းအံ့သြသွားတယ်။ ဘာပြောရမှန်းတောင် မသိလောက်အောင်ပါပဲ”လို့ ငြင်းဆိုသွားပါတယ်။

သုံးသလောက်သာကောက်မည့် အစီအစဉ် အော်ရီဒူး ကြေညာလိုက်ပြီ



အော်ရီဒူးမြန်မာ က စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၆ နာရီကစပြီး တယ်လီဖုန်းခေါ်ဆိုခ နှုန်းထားကို စက္ကန့်နဲ့ တွက်ချက်ယူမယ့်နှုန်းထားကို ပြောင်းလဲကျင့်သုံးမယ်လို့ ကြေညာလိုက်ပါတယ်။

အော်ရီဒူးမြန်မာရုံး က လူမှုဆက်ဆံရေး နဲ့ ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက “အော်ရီဒူးကနေ အော်ရီဒူး အချင်းချင်း ခေါ်ဆိုရင် ၁ မိနစ်ကို ၂၅ ကျပ်ဆိုတော့ စက္ကန့် ၆၀ နဲ့ စားပေါ့။ ကျသလောက် စက္ကန့်နဲ့ ပြော သမျှပဲ ကောက်ခံမှာပါ” လို့ ပြောပါတယ်။

အော်ရီဒူး ဆင်းကတ်ကနေ မြန်မာ့ဆက်သွယ်ရေးက အမ်ပီတီဆင်းကတ်နဲ့ ဖုန်းကို ခေါ်ဆိုရင်တော့ ၁ မိနစ်ကို ၃၅ ကျပ်နှုန်းထားနဲ့ ၁ စက္ကန့်ချင်း သုံးစွဲသလောက် တွက်ချက် ကောက်ခံမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဒီနှုန်းထားမတိုင်မီက ဖုန်းခေါ်ဆိုခတွေကို ၁ စက္ကန့်ကျော်တိုင်း ၁ မိနစ်စာ (၆၀ စက္ကန့်) နှုန်းထား ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အော်ပရေတာ တင်ဒါအောင်ခဲ့တဲ့ အော်ရီဒူးမြန်မာဟာ လွန်ခဲ့တဲ့လဆန်းပိုင်းကစလို့ တယ်လီဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှုပေးနေသလို လက်ရှိမှာ မြန်မာ့ဆက်သွယ်ရေး အမ်ပီတီနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နေပြီး တယ်လီဖုန်းဆင်းကတ် ၁ သန်းကျော် ရောင်းချထားပြီးဖြစ်ပါတယ်။

အော်ရီဒူးမြန်မာရဲ့ အမှုဆောင်အရာရှိချုပ် Ross Comack က “ကိုယ်သုံးသလောက်ပဲ ကျသင့်တယ်ဆိုတာ အင်မတန်အရေးကြီးတယ်လို့ ကျနော်တို့ရဲ့ သုံးစွဲသူ မိဘပြည်သူများ ပြောပြချက်အရ သိရပါတယ်။ ကျနော်တို့ရဲ့ အသံအရည်အသွေးမြင့် ခေါ်ဆိုမှုတွေကို ဒီအယူအဆနဲ့ ထပ်ပေါင်းခြင်းအားဖြင့် သုံးစွဲသူ မိဘပြည်သူများကို ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံနဲ့ ပိုမိုသက်သာတဲ့ နှုန်းထားတွေကို ၀န်ဆောင်မှု ပေးနိုင်တော့မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်သီရိကြာညိုက အော်ရီဒူးမြန်မာဟာ ပထမဆုံးအနေနဲ့ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့နဲ့ အနီးဝန်းကျင်က ၆၈ မြို့နယ်ကို စတင်ဝန်ဆောင်မှုပေးနေတဲ့အနက် နေပြည်တော်နဲ့ မန္တလေးမှာ ကြည်လင်ပြတ်သားပြီး မြန်နှုန်းမြင့်အင်တာနက်ရပေမယ့် လူနေသိပ်သည်းတဲ့ ရန်ကုန်ုမှာတော့ ၄၅ မြို့နယ်အနက် မြို့နယ် ၂၆ ခုမှာသာ အပြည့်အ၀ ၀န်ဆောင်မှုပေးနိုင်သေးတယ်လို့ ရှင်းပြပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန်တခွင်လုံး ၀န်ဆောင်မှုပေးနိုင်အောင် တာဝါတိုင်တွေ တိုးမြှင့်ဆောက်လုပ်နေရာမှာ ဆီဒိုးနားနဲ့ မီကာဆာဟိုတယ်တွေအပေါ်မှာ တာဝါတိုင်တည်ဆောက်ရေးအတွက် လုပ်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၅ ရက်နောက်ပိုင်းမှာ လှည်းကူး၊ ရေနံချောင်း၊ အုတ်ကန်၊ သုံးဆယ်၊ သာယာဝတီ၊ နတ်မောက်၊ မရမ်းကုန်း၊ ကော့မှူး၊ ပခုက္ကူ။ တောင်ငူ၊ ပုဂံ၊ ညောင်ဦး ကြည့်မြင်တိုင်၊ မြင်းခြံ၊ ဖြူး၊ သနပ်ပင်၊ ပန်းတနော်၊ ဒလ၊ နတ်တလင်း မင်းလှမြို့နယ်တွေမှာ အော်ရီဒူးဆင်းကတ်ဖုန်းတွေ သုံးနိုင်တော့မယ်လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတွေအဖြစ် မြန်မာ့ဆက်သွယ်ရေး၊ (အမ်ပီတီ)၊ အော်ရီဒူးနဲ့ ယှဉ်ပြိုင်ရောင်းချနေကြပြီး လာမယ့် အောက်တိုဘာလဆန်းပိုင်းကျရင် အော်ပရေတာအောင်ထားတဲ့ တယ်လီနောမြန်မာက ဈေးကွက်မှာ ၀င်ရောက်ယှဉ်ပြိုင်ရောင်းချတော့မှာဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးကတော့ ၁ မိနစ်ဖုန်းခေါ်ဆိုခ ၅၀ ကျပ် ကျသင့်နေပြီး ခေါ်ဆိုသည့်အချိန် ၆ စက္ကန့်တိုင်း တခါ ကောက်ခံတဲ့စနစ်ကျင့်သုံးနေတယ်လို့ သိရပါတယ်။

လက်ရှိကာလမှာ ဈေးကွက်အခြေအနေအရ မြန်မာ့ဆက်သွယ်ရေးတယ်လီဖုန်းဆင်းကတ်တွေဟာ ဈေးကွက်မှာ ၁၅၀၀ တန်ဆင်းကတ်တခုဟာ ၁ သောင်းခွဲကနေ ၂ သောင်းထိ ဈေးပေါက်နေပြီး အ၀ယ်လိုက်နေပါတယ်။
DVB

လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ သီချင်းမျိုးတွေကို အသက် ၁၄နှစ်ကတည်းက ရေးသားခဲ့တယ်လို့ ဆိုလိုက်တဲ့ အဆိုတော်မလေး



အရင်ကထက် ပိုနာမည်ကြီးလာတဲ့ Ariana Grande ကတော့ သူမရဲ့ ဒုတိယအယ်လ်ဘမ်ဖြစ်တဲ့ My Everything ထွက်ရှိပြီးတဲ့နောက် အောင်မြင်ပြီးရင်း အောင်မြင်တယ်လို့ပဲ ပြောရမှာပေါ့။ ခုဆို သူမဖြစ်ချင်တဲ့၊ လိုချင်တဲ့ အနေအထားကိုလည်း ရောက်လာခဲ့ပြီလေ။ တကယ်တော့ သူမဟာ အသက် ၁၄နှစ်ကတည်းက R&B အယ်လ်ဘမ်တစ်ချပ်ဖန်တီးဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ။ သူမရဲ့ပြောစကားအရတော့ သူမအသက် ၁၄နှစ်အရွယ်တုန်းက အဲ့ဒီအရွယ်နဲ့မလိုက်တဲ့ ရင်ကျင့်တဲ့ အတွေးအခေါ်တွေနဲ့ သီချင်းတော်တော်များများကို ရေးသားခဲ့ပါတယ်တဲ့။
သူမက အဲ့ဒီတုန်းကအကြောင်းနဲ့ ပတ်သက်ပြီး "ကျွန်မအသက် ၁၄နှစ်တုန်းက Higher ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို ရေးဖူးတယ်။ အဲ့ဒီသီချင်းမှာ လိင်ပိုင်းဆိုင်ရာဘက် နည်းနည်းရောက်တဲ့သီချင်းဆိုပေမယ့် အရမ်းလည်း ရင့်ကျက်တဲ့ သီချင်းမျိုးပေါ့။ အဲ့သီချင်းစာသားတွေကို အမေက တွေ့တော့ ဟာ သီချင်းက အရမ်းကောင်းတာပဲ။ ဒါပေမယ့် ညည်းအသက်အရွယ်နဲ့ ဒီသီချင်းမျိုး ဘယ်လိုရေးလိုက်သလဲလို့တောင် တအံ့တသြဖြစ်ရတယ်လို့ အဲ့ဒီတုန်းက ကျွန်မကိုပြောသေးတယ်"တဲ့။
ဒါ့အပြင်သူမရဲ့ ဖန်တီးမှုတွေနဲ့ သူမရဲ့ တကယ့်အပြင်ကာရိုက်တာတွေကတော့ ကွဲပြားမှုတွေရှိနေမှာပါ။ သီချင်းထဲက ကောင်မလေးပုံစံဟာ သူမရဲ့ပုံစံမဟုတ်ဘူးလို့လည်း Ariana Grande က ဆိုဖူးပါတယ်။
"ခုဆို ကျွန်မရဲ့ဆံပင်အနက်တွေကို အညိုရောင်ပြောင်းဆိုးလိုက်ပြီ။ ပြီးတော့ ဗီဒီယိုထဲမှာလည်း ရက်ပ်ပါတစ်ယောက်နဲ့ ချစ်တဲ့အခန်းမျိုးတွေ ပါချင်ပါမယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလို သရုပ်ဆောင်ကြည့်ချင်လို့။ လူတွေရှေ့မှာ တစ်ခြားတစ်ယောက်လို အကြာကြီးဟန်ဆောင်ပန်ဆောင် နေရပြီးတဲ့နောက်မှာတော့ ကျွန်မလုပ်ချင်တာလေးတွေ လုပ်ဖို့ တော်တော်လေး စိတ်လှုပ်ရှားနေတယ်"လို့လည်း သူမက Marie Clarie အင်တာဗျူးမှာ ပြောသွားပါတယ်။
Ref:starpulse.com
မေသော် 
Trend Myanmar

အင်တာနက်ကနေ မျက်ကပ်မှန်တွေ တိုက်ရိုက်ဝယ်ယူခြင်းဟာ မိမိရဲ့အမြင်အာရုံ အတွက် စွန့်စားနေတာဖြစ်တယ်လို့ မျက်စိပညာရှင်တွေက သတိပေး


မျက်ကပ်မှန်တပ်ဆင်တဲ့သူတွေဟာ မျက်မှန်ရောင်းသူတွေဆီမှာ မ၀ယ်ယူပဲ အင်တာနက်ကနေ မျက်ကပ်မှန်တွေတိုက်ရိုက်ဝယ်ယူခြင်းဟာ မိမိရဲ့ အမြင်အာရုံအတွက် စွန့်စားနေတာဖြစ်တယ်လို့ မျက်စိ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

မျက်ကြည်လွှာကို အစားထိုးလို့မရနိုင်တဲ့ ထိခိုက်မှု မျိုးဖြစ်စေနိုင်တဲ့ Acanthamoeba လို့အမည်ရတဲ့ရောဂါတစ်မျိုး ဖြစ်ပွားမှုနှုန်းက ၂၀၁၀ ခုနှစ်က စတင်ပြီး နှစ်ဆမြင့်တက်လာကြောင်း လန်ဒန် Moor Fileds မျက်စိ ဆေးရုံက ပရော်ဖက်ဆာ John Dart ကပြောပါတယ်။

ပရော်ဖက်ဆာရဲ့ပြောကြားချက်အရ အင်တာနက်ကနေ မျက်ကပ်မှန်တွေ ၀ယ်ယူမှုဟာလည်း မြင့်တက်လာတာကိုတွေ့ရတယ်လို့ သိရပါတယ်။ မျက်ကပ်မှန် ရဲ့ သန့်ရှင်းမှုကို လူတွေအားလုံး သိဖို့လိုအပ်ပြီး မျက်စိနဲ့ ပတ်သက် တဲ့ရောဂါတွေ ဖြစ်လာရင် ဘယ်လို သိနိုင်မလဲဆိုတာတွေ က အရေးကြီးတယ်လို့ဆိုပါတယ်။

ကျောင်းသားကျောင်းသူတွေနဲ့ ငယ်ရွယ်သူတွေဟာ ပိုက်ဆံကို ချွေတာတဲ့ အနေနဲ့ အင်တာနက် ကနေ မျက်ကပ်မှန်တွေ ၀ယ်ယူကြပြီး သူတို့ဟာ မျက်ကပ်မှန်တွေကို စစ်ဆေးမှု မလုပ်ကြဘူးလို့သိရပါတယ်။အဲဒီ စစ်ဆေးမှုတွေ ဟာ မျက်စိ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တယ် လို့ ပရောဖက်ဆာက Dart ကပြောပါတယ်။ 

Ref:dailymail.co.uk
Trend

ကေအန်ယူ တပ်သားတဦး မြ၀တီတွင် အသတ်ခံရ


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ တပ်မဟာ ၆ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) အထူးစစ်ကြောင်းက တပ်သားတဦးရဲ့ ရုပ်အလောင်း မြ၀တီမြို့နယ်မှာ တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူဟာ ကေအန်အယ်လ်အေ အထူးစစ်ကြောင်းက ဗိုလ်ကြီးလမင်းရဲ့ တပ်သား စောတာနိုးဆိုသူ ဖြစ်ပြီး သူအလောင်းကို စက်တင်ဘာ ၂၂ ရက်နေ့မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


ရုပ်အလောင်းတွေ့ရှိချိန် လက်ထိတ်ခတ်ထားပြီး ရုပ်ပျက်ဆင်းပျက် အသတ်ခံထားရ တယ်လို့ ကေအန် ယူရဲ့ မြ၀တီဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူ စောဇောရိုးက ပြောပါတယ်။

သေဆုံးသူ တပ်သား စောတာနိုးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ သူတာဝန်ကျရာ မြ၀တီခရိုင် မယ်ထော်သလေး ဒေသကနေ သူ့တပ်ရင်းကို အပြန်မှာ ပျောက်ဆုံးခဲ့တာလို့ ပြောပါတယ်။

စောတာရိုးကို နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၂၂ က လက်ထိတ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ပြန်လွှတ်ခံရတဲ့ တက္ကစီသမားရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဗိုလ်မှူး စောဇော်ရိုးက ပြောပြပါတယ်။

“တာဝန်ကျတဲ့ဆီကနေ တပ်ရင်းရုံးကို ပြန်ဖို့ ဘီဂျီအက်ဖ် (နယ်ခြားစောင့်တပ်) တပ်ရင်း ၂၀၂၂ ကို ဖြတ်အလာမှာ သူတို့ခေါ်ပြီး စစ်ဆေးမေးမြန်းတယ်။ သူစီးလာတဲ့ ဆိုင်ကယ်တက္ကစီကိုတော့ မင်းနဲ့မဆိုင်ဘူး၊ ပြန်သွားပါဆိုပြီးတော့ ဆိုင်ကယ်က ပြန်လာတယ်။ အဲဒီကနေစပြီးတော့ ပျောက်သွားတယ်။ နောက်ဆုံးတော့ မနေ့က အလောင်းပေါ်လာတော့ လက်ထိတ်တန်းလန်းကြီးနဲ့ ပေါ်လာတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူတပ်မဟာ ၆ က နယ်ခြားစောင့် တပ် ၁၀၂၂ က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒီသေဆုံးမှုဟာ သီတင်းတပတ်အတွင်း ကရင်လက်နက်ကိုင်တပ်သား ထပ်မံ သေဆုံးခဲ့ရမှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း မြ၀တီမြို့မှာ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်လင်းနိုင်ဟာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

ဒီကေဘီအေအဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်သွားတဲ့အဖွဲ့ ဖြစ်သလို နယ်ခြားစောင့်တပ်ဟာလည်း ဒီကေဘီအေကနေ ခွဲထွက်ပြီး နယ်ခြားစောင့်တပ်အစီအစဉ်မှာ အစိုးရ တပ်မတော်လက်အောက်ခံအဖြစ် ပူးပေါင်းတာဝန်ထမ်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
DVB

အသက်တစ်ချောင်းကို.... အမှိုက်တစ်စကဲ့သို့ .... စွန့်ပစ်ခဲ့ခြင်း.... (သို့ဟုတ်) တာဝန်မဲ့သောမိဘများ၏ ရက်စက်ယုတ်မာမှု ။


မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ ၊ အုန်းတော(၂)ရပ်ကွက် ၊ အပိုင်း(၁) ၊ ပညာပျိုးခင်းလမ်း တွင် မွေးကင်းစကလေးငယ် တစ်ဦး၏ ရုပ်အလောင်းတစ်ခု ယနေ့ စက်တင်ဘာလ(၂၂) ရက် မနက်(၈)နာရီခွဲ အချိန် ခန့်က တွေ့ရှိခဲ့သည်။ အဆိုပါ မွေးကင်းစကလေးငယ်၏ ရုပ်အလောင်းအား ပတ်ဝန်းကျင် ပြည်သူတစ်ဦးက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ သတင်းပေး ပို့ခဲ့သဖြင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ကာ မြို့နယ်ဆေးရုံသို့ လိုအပ်သော ဆေးစစ်မှုများ ပြုလုပ်နိုင်ရန်ပို့အပ်လိုက်ကြ သည်။ ကလေးငယ်မှာ မိန်းကလေးတစ်ဦးဖြစ်ပြီး မွေးပြီးကာစ ချက်ကြိုးတန်း လန်းဖြင့် စွန့်ပစ်ခံခဲ့ရခြင်း ဖြစ်ကာ မသေဆုံးမီ(သို့) သေဆုံးပြီးမှ စွန့်ပစ်ခံခဲ့ရသည် ကို စုံစမ်းမှုများပြုလုပ်လျှက် ရှိသည်။ ထိုသို့ပြုမူလုပ်ဆောင် ခဲ့ခြင်းသည် လူမှုရေးပြဿနာ များကြောင့် ဥပဒေကိုမျက် ကွယ်ပြုကာ စာနာမှုကင်းစွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင် ကြောင်း ဒေသခံများကြားတွင် ဝေဖန်မှုများပြောဆိုနေကြ သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို စုံစမ်း ဖော်ထုတ်ကာ ထိရောက်ပြင်း ထန်သောအရေးယူ ဆောင် ရွက်မှုများ အမြန်ဆုံးဆောင် ရွက်နိုင်ရေးကိုလည်း ဒေသခံ များက တိုက်တွန်းဆန္ဒပြုနေ ကြသည်။

အာဖရိကန် ရွှေ့ပြောင်းအကျဉ်းသား ၂၀၀၀ ခန့် အစ္စရေး ပြန်လွှတ်ပေးမည်

အစ္စရေးတရားရုံးက အာဖရိကန်ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းထားတဲ့ ဌာနတခုကို တရားမဝင်ကြောင်း ကြေညာပြီး အကျဉ်းသား အယောက် ၂ ထောင်လောက်ကို တရားစွဲမှု မရှိဘဲ လာမယ့် ၃ လအတွင်း ပြန်လွှတ်ပေးဖို့ အမိန့်ချလိုက်ပါတယ်။

ဒီဇင်ဘာလက ကျင်းပတဲ့ အစ္စရေးလွှတ်တော် အစည်းအဝေး အတွင်း ရွှေ့ပြောင်း နေ ထိုင်သူတွေကို ထောင်ချဖို့ အတည်ပြုခဲ့လို့ လူ့အခွင့်အရေးအုပ်စုတွေ က ဝေဖန်ရှုတ်ချခဲ့ကြ ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူအများစုကတော့ ဆူဒန်နဲ့ အီရီထရီးယားနိုင်ငံတွေက လာသူတွေပါ။

အစ္စရေးခေါင်းဆောင်တွေက ရွှေ့ပြောင်းနေထိုင်သူတွေကို စိမ့်ဝင် ထိုးဖောက်နေ သူတွေလို့ ရည်ညွှန်းပြီး အစ္စရေးအတွက် အန္တရာယ်ရှိတယ်လို့ လူသိရှင်ကြား စွပ်စွဲရှုတ်ချခဲ့ပါတယ်။

သူတို့ မဝင်ရောက်နိုင်အောင် တားဖို့ အီဂျစ်နယ်စပ်မှာ ၂၀၁၂ ခုနှစ်က ခြံစည်းရိုး ကာခဲ့ပါတယ်။

အဲဒီနောက် ထောင်နဲ့ ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးပြီး နိုင်ငံတွင်းက ထွက်ဖို့ သဘောတူသူတွေကို ဘဏ္ဍာရေးမက်လုံးတွေ ကမ်းလှမ်းခဲ့ပါတယ်။

ခုတော့ လူ့အခွင့်အရေးအုပ်စုတွေရဲ့ အသနားခံမှုကြောင့် အစ္စရေးအာဏာပိုင်တွေက ဆုံးဖြတ်ချက် ပြောင်းခဲ့တာပါ။

အစ္စရေးတရားရုံးက နိုင်ငံတောင်ပိုင်းနဲ့ ဂဲ့ဗ်ကန်တာရမှာ လွန်ခဲ့တဲ့ ၁ နှစ်က ဖွင့်ခဲ့တဲ့ ဟိုလော့ ထိန်းသိမ်းရေးစခန်းကို ပိတ်ပြီး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့ အာဏာပိုင်တွေကို အမိန့်ပေးခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ အစ္စရေးက ၃ လ အချိန်ရပါတယ်။ ဒါပေမယ့် ဟိုလော့ထောင်သားတွေကို ချက်ချင်းလွှတ်ပေးမှုကို လာမယ့် စက်တင်ဘာ ၂၄ ရက်နေ့မှာ စလုပ်ရမယ်လို့လည်း အမိန့်ပေးထားပါတယ်။ သူတို့က ထောင်မှူးဆီ သတင်းပို့တာကိုလဲ တရက် ၃ ကြိမ်အစား ၂ ကြိမ်သတင်းပို့ဖို့လည်း ခွင့်ပြုထားပါတယ်။
By ဒီဗွီဘီ

နောက်အိမ်ထောင်ပြုမယ့် အသိမိတ်ဆွေတစ်ယောက်ကို မပြောသင့်၊ မမေးသင့်တဲ့ အရာများ


ကိုယ့်အသိ၊ ကိုယ့်သူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က ပထမအိမ်ထောင်နဲ့ကွဲပြီး နောက်အိမ်ထောင်ပြုဖို့ စီစဉ်နေသူလား။ သူနဲ့တွေ့တဲ့အခါ ဘယ်လိုစကားမျိုးတွေက နောက်အိမ်ထောင်ပြုမယ့်သူအတွက် မေးဖို့၊ ပြောဖို့ မသင့်တော်ဘူးလဲဆိုတာ သိထားရမှာပါ။ ဒီလိုမဟုတ်ပဲ သူ့ကို ပြောလိုက်၊ မေးလိုက်မိတယ်ဆိုရင် သူအနေနဲ့ အနေရခက်တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာမျိုးတွေ ကြုံရမှာ အသေအချာပါ။

၁။နင်ပြောတော့ နောက်ထပ်အိမ်ထောင် မပြုတော့ဘူးဆို

အမှန်ပဲ။ ပြောခဲ့ဖူးတာပေါ့။ အိမ်ထောင်ကွဲကွဲချင်း ခံစားချက်ကို အိမ်ထောင်ကွဲဖူးသူတွေပဲ သိမှာလေ။ ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေ့လာတော့လည်း ဘယ်သူက တင်းခံနိုင်မှာပဲ။ ဘ၀ကို တစ်ယောက်တည်း ဘယ်သူကများ ဖြတ်သန်းချင်မှာလဲနော်။

၂။ဒီတစ်ခါ အရင်နဲ့ မတူဘူးလို့ ခံစားနေရလား

အူကြောင်ကြောင်နိုင်လွန်းတဲ့ မေးခွန်းမျိုးပါ။ ပထမနဲ့ ဒုတိယ ခွဲခြားတာထက် နောက်ထပ်အိမ်ထောင်တစ်ခုက ဘယ်လိုအခြေအနေမျိုးနဲ့သွားမလဲဆိုတာပဲ ပိုစဉ်းစားရမှာ မဟုတ်ဘူးလား။

၃။ဒီမင်္ဂလာဝတ်စုံလေးက ပထမတစ်စုံထက် ပိုလှတယ်

သူများပျော်ရွှင်နေချိန်မှ အရင်အိမ်ထောင်ကွဲဖူးတယ်ဆိုတာမျိုးကို အစဖော်ချင်တာမျိုးလားလို့တောင် တွေ့ရတော့မယ်။

၎။အဲ့ဒါဆို ငါ့ facebook မှာတင်ထားတဲ့ နင့်အရင်မင်္ဂလာဆောင်ပုံတွေကို ဖျက်ပစ်ရတော့မလား

ဖျက်ချင်ရင်ဖျက်၊ မဖျက်ချင်ရင်လည်း အမှတ်တရသိမ်းထားလိုက်တော့။

၅။နင့်အရင်လူကြီးကို မင်္ဂလာပွဲကို ဖိတ်မှာလား

ဒါလည်း စိတ်ပူချင်ယောင်ဆောင်တဲ့ လှည့်ကွက်မေးခွန်းပါပဲ။ သိချင်ရင် အဲ့ဒီရောက်မှသာကြည့်လို့ ပြောပစ်လိုက်ချင်တယ်။

၆။ဒီတစ်ခါကျရင်တော့ နည်းနည်းကျဉ်းတဲ့အခန်းမှာပဲ ပွဲလုပ်မှာမလား

မင်္ဂလာဆောင်တာ ဒုတိယအကြိမ်ဖြစ်လို့ အတွေ့အကြုံရနေပြီးသား အပိုတွေ မလိုတော့ဘူးလို့ ဆိုချင်တာလား။

၇။နင့်ယောက္ခမတွေက အရင်တစ်ယောက်ရဲ့ ယောက္ခမထက်တော့ သာမယ်ထင်တယ်နော်

မလိုအပ်တာတွေ ခုလို လိုက်စိတ်ဝင်စားမယ့်အစား ကိုယ့်အကြောင်း ကိုယ်တွေးနေတာ ပိုကောင်းပါတယ်။

၈။မင်္ဂလာဦးညကျရင်တော့ နင်ပထမဆုံးအခေါက်တုန်းကလို စိတ်လှုပ်ရှားစရာ မလိုတော့ပါဘူး

ဒါလည်း စော်ကားပြောဆိုခြင်း တစ်မျိုးပဲပေါ့။

၉။နင်ကသာ နှစ်ခါလောက် မင်္ဂလာဆောင်ဖြစ်သွားတယ် ငါကတော့ တစ်ယောက်တည်းပဲ

ချီးမွမ်းတာလား၊ ကဲ့ရဲ့တာလား၊ ကိုယ့်ကိုကိုယ် အားငယ်သွားတာလား ဘာဖြစ်ချင်တာလဲ ဆိုတာ စဉ်းစာစရာစကားပေါ့။

၁၀။နင်ကြောက်နေလား

ကြောက်စရာ ဘာများရှိလို့လဲ။ ဒုတိယအကြိမ် မင်္ဂလာဆောင်မယ့်သူက ဒီတစ်ခါရော ဘယ်လိုများဖြစ်ဦးမှာလဲဆိုပြီး ကြောက်နေရမှာလား။

Ref:womenshealthmag.com
Trend

အနုပညာရှင်များကြားက မူးယစ်ဆေးပြဿနာ


မကြာသေးမီရက်ပိုင်းအတွင်းက နာမည်ရသရုပ်ဆောင်မင်းသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား တစ်ရာကျော်နှင့်အတူ ဖမ်းဆီးလိုက်သည့်သတင်းမှာ ပရိသတ်အတွက် အထူးအဆန်းမဟုတ်တော့ပါ။ အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးပြဿနာ ရောထွေးနေမှုများမှာ ပရိသတ်များနှင့် ရင်းနှီးနေပြီဖြစ်သည်။

“တချို့ရုပ်ရှင်ထုတ်လုပ်ရေး တိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာ ပန်းကန်နဲ့ချထားပြီ ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက်လုပ်တော့ လူစည်တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊ မင်းသမီးကို ဆေးဝယ်ပေးချင်တဲ့၊ ဆေးသယ်ပေးချင်တဲ့သူတွေ တစ်ပုံကြီး၊ ပွဲတော်ကြီးလိုဖြစ်နေတာ”

ယနေ့ အနုပညာလောကအတွင်း ကြီးကြီးမားမားစိမ့်ဝင် နေရာယူထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ၏ အခန်းကဏ္ဍမြင်ကွင်းကို အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဖွင့်ဟပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ပေါ်၌ ဘိန်းကို အလွယ်တကူဝယ်ယူရရှိနိုင်သည့် ကာလတုန်းက သုံးစွဲသည့် အနုပညာရှင်အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှုမရှိသလောက် နည်းပါးခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့ဖူးသူ ဒါရိုက်တာဝိုင်းက ဆိုသည်။

ယနေ့ခေတ်တွင်မူ သုံးစွဲရုံသာမက ကိုယ်တိုင်ရောင်းဝယ်ဖောက်ကားသည့် အနုပညာရှင်အချို့ ရှိလာပြီဖြစ်သည်။ ၎င်းတို့သည် ငွေကြေးရလိုမှုတစ်ခုအပြင် ဆေးကို စည်းရုံးသိမ်းသွင်းသည့် လက်နက်တစ်ခုသဖွယ် သုံးစွဲလာသည်မှာ အနုပညာလောကအတွက် အန္တရာယ်ဖြစ်လာကြောင်း မူးယစ်ဆေးဝါးသံသရာထဲက ယတိပြတ် ရုန်းထွက်ခဲ့ပြီး ယခုနာမည်ကြီး ဒါရိုက်တာတစ်ဦးအဖြစ် ပြန်လည်ရပ်တည်နေသူ ဒါရိုက်တာဝိုင်းက ပြောသည်။

နာမည်ရသရုပ်ဆောင်အချို့၊ အဆိုတော်အချို့၊ ဒါရိုက်တာ အချို့ ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရချိန်တွင် ပရိသတ်များကြားထိပင် သိရှိနေသည့် ဆေးဝါးရောင်းဝယ်မှုများနှင့် ပတ်သက်နေသော အနုပညာရှင်များ ဖမ်းဆီးခံရမှုသတင်းများ မတွေ့ရသေးသည်ကို မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရန်ကုန်)မှ ဒုတိယရဲမှူးကြီး ခင်မောင်သိန်းက အဖြေပေးပါသည်။

“သိသိကြီးနဲ့ မဖမ်းဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ သိရင်တောင်မှ သူဘယ်ဟိုတယ်မှာ သုံးနေတာလဲ။ In Position ဖြစ်နေလား ကြည့်ပြီးမှ လုပ်ရတယ်။ ဘယ်သူကတော့ သတင်းကျော်ဇောမှုရှိတယ်ဆိုတာ ပြောလို့မရဘူး။ ရှိတာကတော့ အနည်းနဲ့အများရှိကြတယ်။ စောင့်ကြည့်နေတယ်။ ကိုယ့်ဘက်က သေချာပိုင်နိုင်ရင် အနုပညာရှင်မကလို့ ဘာကြီးပဲဖြစ်နေဖြစ်နေ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တယ်ဆိုရင် ပြတ်ပြတ်သားသား အရေးယူတာပါပဲ”

သို့သော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် ကျော်ဇောသတင်း ရထားတိုင်းလည်း ၀င်ရောက်ဖမ်းဆီးရန်မှာမူ အခက်အခဲအတားအဆီးများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“သရုပ်ဆောင်တွေထဲလည်း သုံးတာရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ Position ရှိမှ အရေးယူလို့ရမှာ။ သတင်းတက်လာတာနဲ့ အိမ်ပေါ်တက်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်လို့မရဘူး။ မမိရင် သိက္ခာချတယ်။ ကျင့်ဝတ်ချိုးဖောက်တယ်လို့ ဖြစ်လာနိုင်တယ်။ ဥပဒေက ရှိသေးတယ်” ဟု အဆိုပါ ရဲမှူးကြီးက ပြောသည်။

မအိပ်မနေ လန်းဆန်းတက်ကြွစွာဖြင့် အနုပညာအလုပ်များ လုပ်ကိုင်နိုင်ပြီး ဆန်းသစ်သော စိတ်ကူးများ၊ အတွေးအခေါ်များ ထွက်ပေါ်နိုင်သည်ဟူသည့် ယူဆချက်များကြောင့် နီးစပ်ရာအနုပညာရှင်အချို့ ဟိုတယ်ကဲ့သို့သော အခန်းများအတွင်း အုပ်စုဖွဲ့၍ ဆေးဝါးမှီဝဲခြင်းများရှိသည်။ နာမည်ကျော် အနုပညာရှင်များကို ဆေးဝါးများ အခမဲ့ပံ့ပိုးပေးခြင်း၊ အလွယ်တကူရှာဖွေပေးနိုင်ခြင်းတို့ဖြင့် စည်းရုံးထားနိုင်ပါက လုပ် ငန်းအဆင်ပြေနိုင်မည်ဟု ယူဆ ကြသည့် ထုတ်လုပ်ရေးတိုက်အ ချို့က ယင်းနည်းလမ်းကို သုံးစွဲကြ သည်ဟု ဆိုကြသည်။

“အနုပညာရှင်အချင်းချင်းလည်း ရောင်းတယ်။ အပြင်ကလူတွေကလည်း နာမည်ကြီးတစ်ယောက်နဲ့ ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့ သူတွေနဲ့ ချိတ်မိသွားပြီး အရောင်းအ၀ယ်တွေဖြစ်ကြတယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်၊ လာစစ်တယ်လို့ မကြားဖူးဘူး။ သူတို့ဟာ အင်မတန်လွတ်လပ်စွာနဲ့ လုပ်ချင်ရာ လုပ်နိုင်နေကြတယ်” ဟု အမည်မဖော်လိုသူ ဒါရိုက်တာတစ်ဦးက ပြောသည်။

“တချို့ဆေးရောင်းသူတွေက သူတို့လိုအင်ဆန္ဒအတွက် စပေးသုံးတုန်းက ပိုက်ဆံပေးစရာ မလိုဘူး။ နောက်ပိုင်းကျတော့ ရောင်းရော။ မူးယစ်ဆေးဝါးသုံးစွဲပြီးရင် နောက်ဆက်တွဲလိင်ကိစ္စတွေပါ ပါလာကုန်တယ်။ အခုဟာက အနုပညာရှင်အချင်းချင်းကိုပဲ ရောင်းတာမဟုတ်ဘဲ လူတကာကို ရောင်းနေတာ” ဟု ယင်းဒါရိုက်တာက ပြောသည်။ အနုပညာရှင်အချို့သည် မူးယစ်စေပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မှီဝဲသုံးစွဲမှ ဖန်တီးထုတ်လုပ်သည့် အနုပညာထုတ်ကုန်များ အရည်အသွေး တောက်ပြောင်ထူးချွန်သည်ဟု တလွဲယူဆချက်မှာ ဆေးဝါးနွံထဲမှ ရုန်းမထွက်နိုင်သည့် အဓိကအချက်ဖြစ်နေကြောင်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးစီမံချက် ဒါရိုက်တာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးဒေါက်တာလှဌေးက ဆိုပါသည်။

“အရင်ခေတ်က ဘိန်းက သုံးပြီးရင် ငြိမ်တော့ အကျခေတ်ပေါ့။ အခုက အကြွခေတ်။ များသောအားဖြင့် မအိပ်မနေနဲ့ ဖျော်ဖြေရေးလိုင်းသွားတဲ့ ကလေးတွေက စိတ်ကြွဆေးတွေကို တလွဲသုံးစွဲကြတယ်။ အဆိုတော် ကောင်လေးတစ်ယောက်ဆို ဒါသုံးလို့ ပိုဆိုနိုင်တယ်လို့ပြောတယ်။ ဒါတော်တော်လေး လွဲမှားတယ်။ ရှိသမျှခွန်အားကို တစ်ထိုင်တည်းနဲ့ သုံးတဲ့အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအရ ရုတ်တရက်သေဆုံးတဲ့ ဖြစ်ရပ်တွေ အခုနောက်ပိုင်းများလာတာ တွေ့နိုင်တာပဲ” ဟု ဒေါက်တာလှဌေးကပြောသည်။

အနုပညာရှင်များအကြား ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသရသည်ဟုဆိုကာ ဆေးလွန်သွားသဖြင့် ကုသမှုခံယူရသည့် သတင်းများကလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက ဖမ်းဆီးမှုများရှိသလောက် လက်လှမ်းမီ အလွယ်တကူရနိုင်သည့် ဆေးဝါးမှာလည်း အဆိုပါ WY စာတန်းပါ ဆေးပြားများ ဖြစ်နေကြောင်း တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်နေသည့် ဒေါက်တာလှဌေးက ဆိုသည်။ ရုပ်ရှင်ရိုက်ကွင်းအချို့တွင်ပင် တရားဝင်သဖွယ် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများ ရှိနေပြီး အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူမှုမှာ အားနည်းနေကြောင်း ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါးအပေါ်ထားတဲ့ တစ်ဦးချင်းရဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။ ဒါပေမဲ့ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်က အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ တော်တော်လေး ကြီးမားပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မသုံးစွဲသင့်ပါဘူး” ဟု အကယ်ဒမီထွန်းအိန္ဒြာဗိုက ပြောကြားသည်။

တိုင်းပြည်ကို ပြန်လည်ထူထောင်နေသည့် ကာလတွင် လူ့စွမ်းအားအရင်းအမြစ်များထဲမှ အဓိကအရေးပါသည့် လူငယ်ထု၏ အသက်အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသော စိတ်ကြွရူးသွပ်ဆေးဝါးကို အမြစ်ဖြတ်သုတ်သင်ရန် အစိုးရတွင် တာဝန်အပြည့်အ၀ရှိကြောင်း ဒါရိုက်တာရီဇော်က ပြောသည်။

“လွယ်လွယ်နဲ့ ၀ယ်မရဘူးဆို ဘယ်သူမှ သုံးမနေဘူး။ တိုင်းပြည်ပြန်ထူထောင်မယ့်အချိန်မှာ ပညာတတ်တွေ စွမ်းအားအရင်းအမြစ်တွေ နည်းရတဲ့အထဲ မူးယစ်ဆေးဖျက်ဆီးခံနေရတာ ၀မ်းနည်းဖို့ ကောင်းပါတယ်။ အစိုးရမှာလည်း သူ့အကျပ်အတည်းနဲ့ သူရှိမှာပါ။ ဒါပေမဲ့ ဒီဆေးဝါးပြဿနာကိုတော့ အရေးပေါ်စီမံချက်တစ်ခု အနေနဲ့ နှိမ်နင်းသင့်ပါပြီ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းရှိ မူးယစ်ဆေးဝါးကိစ္စများကို အုပ်ချုပ်ရေးပိုင်းက လျစ်လျူရှုထားပြီး အရေးမယူကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများသည် လွန်ခဲ့သည့် သုံးနှစ်ကထက် ပိုမိုများပြားလာနေကြောင်း မေလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် ဒီချုပ်ဗဟိုဦးစီးအစည်းအဝေးတွင် ပြောကြားထားသည်။

တရားဝင်ဈေးကွက်ကြီးသဖွယ် အနုပညာသမားများ၏ စွမ်းအားများးကို ခြိမ်းခြောက်ဖြိုဖျက်သော မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကို မိမိတို့၏ ကိုယ်ပိုင်အသိခံယူချက်တို့ဖြင့်သာ တွန်းလှန်ရမည် ဖြစ်သည်။ ပရိသတ်များ ချစ်ခင်အားပေးသည့် အနုပညာရှင်ဖြစ်လာရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲရန် မလိုပါ။ မူးယစ်ဆေးဝါး မှီဝဲရန် မလိုပါ။ ပင်ကိုအရည်အသွေးကို မှတ်ကျောက်တင်နိုင်သည့် အနုပညာဝမ်းစာပြည့်ဝသော ပါရမီရှင်များကိုသာ ပရိသတ်ကတောင့်တသည်။ မူးယစ်ဆေးအကူအညီကြောင့် အောင်မြင်ကျော်ကြားပြီး ကျန်းမာချမ်းသာစွာဖြင့် အသက်ရှည်ရပ်တည်နိုင်သော အနုပညာရှင် မရှိသေးပါ။ ရှိမည်လည်း မဟုတ်ပါ။ “အနုပညာရှင် ကျွန်တော့်လူနာတွေ ဆုံးပါးသွားကြတာ တော်တော်တောင်ကြာသွားပါပြီ”ဟု လမ်းလွဲသွားသူ ကြွေလင့်အနုပညာရှင်အချို့အကြောင်း ဆရာဝန်ကြီးဒေါက်တာလှဌေး၏ မှတ်ချက်က ယနေ့ မူးယစ်ဆေးဝါးနွံထဲက ရုန်းမထွက်နိုင်သေးသော အနုပညာရှင်အချို့အတွက် မှတ်သားစရာပင် ဖြစ်ပါသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News

မွေးဖွားပြီး ပထမဆုံး ရက်သတ္တပတ်များ မွေးကင်းစကလေး၏ သွင်ပြင်လက္ခဏာများ


(၁) အရေပြားအရောင်
မွေးကင်းစကလေးငယ်ရဲ့ ခန္ဓာကိုယ်မှာ အဖြူရောင်အဆီခဲ၊ အဆီဖတ်များနဲ့ ဖုံးလွှမ်းနေတတ်ပါတယ်။ အချို့ကလေးများရဲ့ နောက်ကျောကုန်း(သို့) ပခုံးပေါ်မှာ မွှေးညှင်းနုထူထူအကွက်များဟာ ရှိတတ်ပြီး တစ်ပတ်လောက်ကြာတဲ့အထိ ရှိနေတတ်ပါတယ်။ ကျန်းမာတဲ့ မွေးကင်းစကလေးငယ်ရဲ့ အသားရောင်ဟာ နီညိုအကွက် အပြောက်များနဲ့လည်း ရှိနေတတ်ပါတယ်။ သွေးလည်ပတ်မှု မတည်ငြိမ်သေး၍ ဖြစ်ပါတယ်။
ရင်သွေးငယ်ရဲ့ အရေပြားတွေဟာ တွန့်နေပြီး ခြောက်သွေ့နေတတ်ပါတယ်။ တချို့ဟာ ခြောက်သွေ့ပြီး ကွာကျတတ်တယ်။ သင့်ရင်သွေးငယ်၏ တွန့်ပြီးခြောက်သွေ့နေတဲ့ သဘာဝအရေပြားအတွက် Babi Mild Baby Lotion with Vitamin E ကို လိမ်းပေးခြင်းဖြင့် ခြောက်သွေ့ကွာကျမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။


(၂) ချက်ကြိုး
မွေးကင်းစကလေးငယ်ရဲ့ ချက်ကြိုးငုတ်တိုဟာ မွေးပြီး (၁၀) ရက်မှ ရက်သတ္တပတ် အနည်းငယ်အတွင်း သူ့သဘာဝအတိုင်း ကြွေသွားပါလိမ့်မည်။
သန့်စင်သော ဂွမ်းစတွင် အရက်ပျံအနည်းငယ်ထည့်၍ ဆေးကြောသန့်စင်ပေးရမှာဖြစ်ပါတယ်။ ချက်ကြိုးမှာ သာမန်ထက် သွေးထွက်များနေခြင်း၊ ချက်တိုင်ပတ်လည်မှာ အရေပြားနီရဲနေခြင်း၊ ရောင်ရမ်းနေခြင်းတွေ့ရရင် ဆရာဝန်နဲ့ အမြန်ပြသပါ။
ရင်သွေးငယ်မွေးဖွားစဉ် ပြုလုပ်ခဲ့ရသော မိခင်၏ မွေးလမ်းကြောင်း အသေးစားခွဲစိတ်မှုနှင့် ဆက်စပ်သော ချုပ်ရိုးနှင့်အနာသို့ ရောဂါပိုးမွှားဝင်ရောက်မှုကို ကာကွယ်ရန်နှင့် အနာကျက်စေရန် အတွက် အရက်ပျံဆွတ်ထားသော ဂွမ်းလုံးလေးကို နေ့စဉ်အနည်းဆုံး (၂) ကြိမ် (သို့) ကိုယ်လက်သန့်စင်မှု ပြုလုပ်ပြီးတိုင်း အသုံးပြုသင့်ပါသည်။

(၃) ငယ်ထိပ်နဲ့ဦးခေါင်း
ရင်သွေးငယ်ရဲ့ ဦးခေါင်းအရှည်ဟာ ခန္ဓာကိုယ်အလျားရဲ့ လေးပုံတစ်ပုံရှိပါတယ်။ မွေးပြီးစကလေးရဲ့ ငယ်ထိပ်နေရာမှာ ဦးခေါင်းရိုးများ မဆက်သေးတာတွေ့ရပါမယ်။ ငယ်ထိပ်နေရာမှာ သွေးခုန်နှုန်းနဲ့ အတူလှုပ်ရှားနေတာတွေ့ရပါတယ်။ ငယ်ထိပ်နေရာမှာ ဦးနှောက်ကို ကာကွယ်ပေးထားတဲ့ အထူးစပါယ်ရှယ် အလွှာတစ်ခုရှိပါတယ်။ အထဲကို ထိခိုက်မှု ဒဏ်မှ အတော်အတန်ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် အဲဒီနေရာမှာ အပေါ် ဦးခွံအပေါ် သန့်ရှင်းရေး စိတ်ချလက်ချလုပ်နိုင်ပါတယ်။

(၄) မွေးရာပါ အမှတ်အသားများ
ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်တွင် တွေ့ရတဲ့ မွေးရာပါ တချို့အမှတ်အကွက်တွေဟာ ကလေးကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ ကလေးရဲ့ လက်ချောင်းကလေးတွေမျာ အသားမာတက်သလိုဖြစ်ပြီး အပူလောင်ဖူတွေ တွေ့ရတတ်ပါတယ်။ မွေးလမ်းကြောင်းတစ်လျောက် ထွက်လာစဉ်အတွင်း အချိန်ကြာ ခဲ့တဲ့ အချို့ကလေးငယ်တွေရဲ့ မျက်နှာဟာ ပြာနှမ်း၊ ရောင်ရမ်း နေတတ်ပါတယ်။ စိတ်မပူပါနဲ့။ ရက်အနည်းငယ်အတွင်းမှာ ပျောက်သွားမှာ ဖြစ်ပါတယ်။

ဒေါက်တာ အိအိခင်(ကလေး)

ဧရာဝတီဘဏ်က Mobile Banking ကို အောက်တိုဘာတွင် မိတ်ဆက်မည်


ဧရာဝတီဘဏ်သည် လက်ရှိ အချိန်၌ Internet Banking စနစ် ကို ဝန်ဆောင်မှုပေးအပ်နေပြီး လာမည့် အောက်တိုဘာလဆန်းပိုင်း၌ Mobile Banking စနစ်ကို ထပ်မံ ဝန်ဆောင်မှုပေးအပ်မည်ဟု ဧရာဝတီဘဏ်၏ အီလက်ထရွန်နစ်ဌာနမှ ကိုမျိုးဝင်းရည်ကပြောသည်။ Internet Banking စနစ်ကို ဇွန်လ ၂၇ ရက်နေ့တွင် စတင်ဝန်ဆောင်မှုပေးအပ်ခဲ့သည့် ဧရာဝတီဘဏ်သည် Mobile Banking စနစ်ကိုဝန်ဆောင်မှုပေးအပ်နိုင်ရန် ပြင်ဆင်နေခြင်ဖြစ်ပြီး အဆိုပါ Mobile Banking စနစ်၌ Internet Banking စနစ်နှင့်မတူညီသော ဝန်ဆောင်မှုသစ်များကို ထည့်သွင်းထားသည်ဟုသိရသည်။
ဧရာဝတီဘဏ်၏ Internet Banking စနစ်၌ ကျပ်ငွေစနစ်တစ်ခုကိုသာ ဖော်ပြပေးနိုင်သော်လည်း Mobile Banking စနစ်၌ ယူရို ၊ အမေရိကန်နှင့် စင်ကာပူငွေကြေး စနစ်များကို ဖော်ပြပေးနိုင်သည်ဟု သိရသည်။ ထို့အပြင် Mobile Banking စနစ်၌ SMS စနစ်ကို အပိုဆောင်းအနေဖြင့် အသုံးပြုနိုင် မည်ဖြစ်သည်။ SMS စနစ်ကြောင့် အင်တာ နက်ကွန်ရက်မလိုအပ်ဘဲ ငွေကြေး များကို လွှဲပြောင်းပေးအပ်နိုင်မည့် အပြင် အခြားသောဝန်ဆောင်မှုများ ဖြစ်သည့် နိုင်ငံတကာသုံးစမတ် ကတ်များဆီသို့လည်း Internet Banking နှင့် Mobile Banking စနစ်ကိုအသုံးပြု၍ ငွေကြေးလွဲ ပြောင်းအသုံးပြုနိုင်မည်ဟု သိရသည်။ ထို့အပြင် ATM စက်များ ၏ တည်နေရာများကို ကြည့်ရှုနိုင် ခြင်းနှင့် မိုဘိုင်းဖုန်းများဆီသို့ ငွေကြေးဖြည့်သွင်းနိုင်ခြင်း ၊ ဈေးဝယ် စင်တာများ၌ ငွေကြးပေးချေနိုင် ခြင်းတို့ကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ Mobile Banking စနစ်ကို အင်းဝဘဏ် ၊ CB ဘဏ်နှင့် အခြားသောဘဏ်တစ်ခု တို့က စတင်ဝန်ဆောင်မှုပေးအပ်နေ ပြီဖြစ်ပြီး ဧရာဝတီဘဏ်က လေးခုမြောက်ဘဏ်အဖြစ် Mobile Banking ကို ၀န်ဆောင်မှုပေးအပ် မည်ဖြစ်သည်။ အင်းဝဘဏ်၏ Mobile Banking စနစ်၌ အသုံးပြု သူ ၅ သောင်းကျော်ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း အခြား သောဘဏ်များကမှု ထုတ်ပြန်ပြော ဆိုခဲ့ခြင်းမရှိပေ။ ဧရာဝတီဘဏ်သည် Internet Banking စနစ်နှင့် Mobile Banking စနစ်အသုံးပြုသူများအတွက် ငွေကြေးစာရင်းဇယားများကို အချိန် နှင့်တစ်ပြေးညီအသုံးပြုနိုင်စေရန် အင်တာနက်မှတစ်ဆင့် ဘဏ်ခွဲ အားလုံးကို ကွန်ရက်တစ်ခုချိတ် ဆက်ထားကြောင်း သိရသည်။ လက်ရှိအချိန်၌ ဧရာဝတီဘဏ် သည် ဘဏ်ခွဲပေါင်း ၇၉ ခုကို ဖွင့်လှစ်ထားပြီး လာမည့် ၂၀၁၅ ခုနှစ် မတ်လ၌ ဘဏ်ခွဲပေါင်း ၁၂၀ ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထား သည်။ လက်ရှိအချိန်၌ ဧရာဝတီဘဏ်တွင် Internet Banking အသုံးပြုသူ ၄၃၀၀ ဝန်းကျင်ရှိသည်။

မြဝတီ နည်းပညာ

အမေရိကန် နှင့် မိတ်ဖက် အာရပ်နိုင်ငံတို့ ဆီးရီးယားရှိ IS စစ်သွေးကြွများကို ဗုံးကြဲတိုက်ခိုက်


အမေရိကန်နှင့် မိတ်ဖက် အာရပ်နိုင်ငံအချို့သည် ဆီးရီးယားရှိ IS စစ်သွေးကြွပစ်မှတ်များကို အင်္ဂါနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဒဏ်ပိနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်က ထိုးစစ်ဆင်နွှဲခြင်း ဖြစ်သည်။
ယခုလေကြောင်း တိုက်ခိုက်မှုများမှာ IS တို့က ၄င်းတို့၏ မြို့တော်အဖြစ် ကြေညာထားသော ရက်ကာမြို့ကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း အခြားနေရာများလည်းပါဝင်ကြောင်း သိရသည်။

တိုက်ခိုက်မှု၌ ဗုံးကြဲလေယာဉ်များ၊ တိုက်လေယာဉ်များနှင့် တိုမဟော့ ဒုံးကျည်များ ပါဝင်ကြောင်း အမေရိကန်စစ်အရာရှိကြီး တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

Ref : CNN