ရေအိတ်အကြောင်း သိကောင်းစရာ


အမေး ။ ရေအိတ်ဘာကြောင့်ဖြစ်ရတာလဲရှင့်

အဖြေ ။ ဖြစ်ရတဲ့ အကြောင်း ရင်းကို အတိအကျ မပြော နိုင်ပေမဲ့နေထိုင်စား သောက်မှု ပုံစံ ပြောင်းလဲ လာတာ၊စိတ်ဖိစီး မှုများ လာ တာ တွေနဲ့အဓိကသက် ဆိုင်တယ်၊ ဓာတုဆိုးဆေးမကင်း တဲ့ အစား အ သောက်တွေအစား များ လာ တယ်၊ အဲဒီဆိုးဆေး၊ ပလတ်စတစ်၊ ဟော်မုန်းဆေး၊ တာရှည်ခံ ဆေးတွေထဲ မှာ xenon estrogen တွေ ပါလာတယ်၊ အဲဒါတွေ က အမျိုး သမီးတွေမှာသွားပြီး ဒုက္ခ ပေးတာ လို့ ပြော ပါတယ်။

သည်လိုရေအိတ်တည်တာက မျိုးရိုးနဲ့လည်း သက်ဆိုင်သလို ခပ် ဝဝ ဗိုက်ခေါက် ထူထူအမျိုးသမီး တွေမှာ ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုတယ်။ မမျိုးဥအိမ် မှာ အ ဓိက ဖြစ်တာက အလုံးအကျိတ်နှစ်မျိုး ရှိပါတယ်။ရေအိတ်တည်တာနဲ့ကင်ဆြာ ဖြစ်တာပါ။

သည်နေရာမှာ အရေးကြီးတာက screening test (ကြိုတင်စစ် ဆေးမှု) လည်း လုပ်လို့ မရသေးဘူး။ မမျိုးဥအိမ်ကင်ဆာက လက္ခဏာမပြ ပါ ဘူး။နောက်ကျ မှသိရတာများတာ ကြောင့် မမျိုးဥ အိမ်ကင်ဆာက ကြောက်စ ရာ ကောင်းတဲ့ ရောဂါတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။မမျိုးဥအိမ်မှာ ရေအိတ်တည် တာကလည်း လက္ခဏာမပြတတ်ဘူး။တခြားရောဂါ တစ်ခုခုကြောင့် သွားပြရင်း ဓာတ်မှန်ရိုက်မှ တွေ့တတ်တာမျိုးပါ။ရေအိတ်တည်တာ အမျိုးမျိုးရှိပါတယ်။

Demoid cyst ခေါ်တဲ့ ရေအိတ် တည် တာက အများ ဆုံး ဖြစ်တာ များပါ တယ်။ ၉၅ ရာခိုင်နှုန်းက ကင်ဆာ မ ဟုတ်ပါ ဘူး။

PCOS လို့ ခေါ်တဲ့ မမျိုးဥအိမ်မှာ အရေကြည်အိတ် ၁၂ လုံးအထက်ရှိတဲ့ရောဂါက အသက် ၃၀ ဝန်း ကျင်အမျိုးသမီးတွေမှာ အဖြစ်များ တယ်၊ ကလေးမရ နိုင်တဲ့အ ကြောင်း ရင်းတွေ ထဲမှာ င်္ဖှုံဆ ကြောင့် က ၃၀ ရာခိုင်နှုန်း လောက်သက်ဆိုင် တယ်၊ မမျိုးဥ အိမ်(PCOS)မှာ ရေအိတ် တည်တာကနောက်ဆက်တွဲ ပြဿနာ တွေအနေနဲ့ ရေရှည်မှာ ဆီးချို၊ သွေးတိုး ရောဂါ၊ သွေးတွင်း အဆီ များတာ၊ သားအိမ်ကင်ဆာ ဖြစ်နိုင် ခြေနဲ့လဲဆက်စပ်နေတယ်လို့ ပြောပါတယ်။

မမျိုးဥအိမ်မှာ ရေအိတ်တည် တာကသားဥကြွေတဲ့ အချိန်မှာ အ ဖြစ်များပါတယ်။ တချို့သူတွေမှာ ရေအိတ်ကြောင့် ပုံမှန်ရာသီမလာ ဘဲ နောက်ကျတာရှိသလို သွေး ဆင်းများတာတွေလည်း ဖြစ်လာ ပါတယ်။တချို့ကျတော့ ရေအိတ်ဖြစ် နေမှန်းကို မသိဘူး၊ ရေအိတ်က ကြီးပြီးတင်းလာမှ နာလာမှ၊ ပေါက် ထွက်သွားတာမျိုး၊အထဲမှာ လိမ်သွားပြီးနာလာမှ အရေးပေါ်ခွဲ စိတ်ကုသရတာလဲ ရှိတယ်၊

ရေ အိတ်တည်သူတွေ မှာ ဟော် မုန်းတွေ ပုံမမှန်ဖြစ်ပြီး ရာသီ မမှန်တာ၊ဝက်ခြံ ထွက်တာ၊မျက်နှာ မှာ အဆီတွေထွက်လာတာ၊အမွေး အမျှင်တွေ ထူလာတာ လည်း ရှိပါတယ်။ ဟော်မုန်း ပုံမမှန်ဖြစ်ရတဲ့ အ ကြောင်းရင်းများစွာထဲမှာ စိတ် ဝင် စားစရာက ဥပမာ- မွေးမြူရေး ဝက်တွေ စားသုံးတာနဲ့လည်း ဆက် စပ်နေတယ်လို့ ယူဆတယ်။ မွေုးမြူ ရေးဝက်တွေကပုံမှန် တစ်နှစ် လောက် နဲ့ ကြီးထွားရမှာကို အခု နောက်ပိုင်း ခြောက်လနဲ့ အ မြန် ကြီးထွားအာင် ဟော် မုန်း ဆေးတွေ ကျွေးလာကြတယ်လို့ ဆို တယ်။အဲသည်ဟော်မုန်းဓာတ် တွေက အမျိုးသမီးရဲ့ မမျိုးဥအိမ်မှာ ရေအိတ်တည်ဖို့ တွန်းအားပေးသလို ဖြစ်လာနိုင် တယ်လို့ ဆိုပါ တယ်။ရေအိတ်တည်တဲ့အခါ အမျိုး သမီးတွေကို အာထရာဆောင်း ရိုက်တာ၊ဟော်မုန်း ဠညေလေ စစ်တာတွေလုပ်ပြီး လိုအပ်ရင်သောက်ဆေးပေးတာ ပြုလုပ်ပါတယ်။

ရေ အိတ်အရွယ်အစားက နှစ်စင်တီမီတာ လောက်ဆို စောင့်ကြည့်တာ မျိုးရှိပေမဲ့ ငါးစင်တီမီတာအထက် ရှိနေမယ်။တဖြည်းဖြည်းနဲ့ ကြီး လာမယ်ဆိုရင် ခွဲစိတ်ပြီး ကုသ ရတယ် လို့ သိရတယ်။

အခု နောက်ပိုင်း ဆေးရုံဆေးခန်းတွေ မှာ ဒီလိုမျိုး လူနာတွေအတွေ့ရများ လာတယ်၊အမျိုးသမီးတွေအနေနဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲရမယ်၊ စိတ်ဖိစီးမှု နည်း အောင်နေရမယ်၊ လေ့ကျင့်ခန်း ပုံမှန် လုပ်သင့်တယ်၊ ကိုယ့်မှာ ရှိတဲ့ ကိုယ်အလေးချိန်ရဲ့ ငါးရာခိုင်နှုန်း လောက် ချဖို့ လို တယ်၊ အဝမလွန် စေနဲ့၊ နောက်ဓာတုဆိုးဆေး၊ပလတ်စတစ်၊ဟော်မုန်းဆေး၊ တာ ရှည်ခံဆေးတွေ ပါတဲ့ အစားအစာတွေ ကို တတ်နိုင်ရင် ရှောင်ရမယ်လို့ အ ကြံပြုပါတယ်။

ရာသီ သွေးဆင်း များခြင်း


ရာသီသွေး ဆင်းများခြင်းနဲ့ သွေးဆင်းရက် ကြာခြင်း တွေဟာ အများအားဖြင့် အပျိုဖော် ဝင်ခါစ မိန်းကလေး ငယ်တွေနဲ့ သွေးဆုံး ခါနီး အမျိုးသမီး တွေမှာ ဖြစ်တတ်ပေမယ့် တစ်ခါ တစ်ရံ အသက်၂၀ ကျော်နဲ့ ၃၀ ကျော်အရွယ် အမျိုးသမီး တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ရာသီသွေး ဆင်းများ လွန်ရင် ပြင်းပြင်း ထန်ထန် နာကျင်မှု၊ ပျို့ခြင်းနဲ့ မသက်မသာ ဖြစ်ခြင်းတွေကို ခံစားရပြီး ပုံမှန်နေ့စဉ် လုပ်ဆောင် နေကျ အလုပ်တွေကိုတောင် မလုပ်နိုင်တော့ တာမျိုး ဖြစ်တတ် ပါတယ်။ ပုံမှန်မဟုတ်ဘဲ ရာသီသွေး ရုတ်တရတ် အများကြီး ဆင်းရင် သားဖွား မီးယပ် အထူးကု ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။


ဖြစ်နိုင်သော အကြောင်းရင်းများ

ရာသီသွေး များများ ဆင်းစေနိုင်တဲ့ အကြောင်းအရင်းတွေ ကတော့ မျိုးဥအိမ်ရဲ့ လုပ်ဆောင်မှု မမှန်ခြင်းကြောင့် ဟော်မုန်း မညီမျှခြင်း၊ သားအိမ် အတွင်းမှာ ကင်ဆာ မဟုတ်တဲ့ အကျိတ် ဖြစ်ခြင်း ဒါမှမဟုတ် သားအိမ်နံရံမှာ အဖု အသီးဖြစ်ခြင်း၊ သန္ဓေတားဖို့ အတွက် သားအိမ် တွင်းထည့် ပစ္စည်းသုံးခြင်း၊ အရောင်ကျ ဆေးနဲ့ သွေးမခဲ ဆေးတွေကို မှန်မှန်သောက်ခြင်း စတာတွေ ဖြစ်နိုင် ပါတယ်။

ဒီထက်ပိုပြီး ပြင်းထန်တဲ့ အကြောင်းရင်း တွေလည်း ဖြစ်နိုင် ပါသေးတယ်။ သားအိမ် ကြွက်သား ထဲကို သားအိမ် အတွင်းမြှေးမှ ဂလင်းတွေက ထိုးဖောက် ဝင်ရောက် ကြီးထွားခြင်း၊ မျိုးဥအိမ်၊ သားအိမ် ဒါမှမဟုတ် သားအိမ်ခေါင်း ကင်ဆာ တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တစ်ခါတစ်ရံမှာ အလုပ် ပြင်းပြင်း ထန်ထန် လုပ်ခြင်း ဒါမှမဟုတ် စိတ်ပိုင်း ဆိုင်ရာ အကြီးအကျယ် ထိခိုက် ခံစားရခြင်းတွေ ကြောင့်လည်း ရာသီသွေး ဆင်းများ နိုင်ပါတယ်။ ကိုယ်ဝန် ပျက်ကျခြင်း ကြောင့်လည်း သွေးအများကြီး ဆင်းနိုင်ပါတယ်။

ဆောင်ရန်၊ ရှောင်ရန်

ရာသီသွေး များများ ဆင်ခြင်းကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် ခန်းခြောက်မှုနဲ့ မရှိမဖြစ် အာဟာရ ဓာတ်တွေ ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီသွေး ဆင်းများ သူဟာ ရေနဲ့ သစ်သီး ဖျော်ရည် များများ သောက်ဖို့၊ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့ အလွန်အရေး ကြီးပါတယ်။

ရာသီသွေး ဆင်းများရင် သံဓာတ် ဆုံးရှုံးမှုလည်း များတဲ့အတွက် သံဓာတ် ချို့တဲ့ သွေးအား နည်း ရောဂါ မဖြစ်အောင် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနဲ့ ပဲအမျိုးမျိုးတွေကို စားပေးဖို့ လိုပါတယ်။ ဒါမှ သွေးထဲက ဟေမိုဂလိုဘင် အဆင့်ကို ထိန်းသိမ်းပေးနိုင်ပြီး အားနည်းတာနဲ့ မောပန်း နွမ်းနယ် တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါမယ်။

စားတဲ့ အစားတွေထဲမှာ ချဉ်တဲ့ သစ်သီးတွေလိုမျိုး သဘာဝ ဗီတာမင်စီ ကြွယ်ဝတဲ့ အစာ တွေလည်း ပါဝင်သင့် ပါတယ်။ ရာသီလာစဉ် အတွင်း နာကျင်မှုနဲ့ စိတ်ဖိစီးမှု လျော့ပါးစေဖို့ ကဖင်းပါတဲ့ အရည်တွေ (ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ)ရှောင်ပြီး သဘာဝ လက်ဖက်ရည် (Herbal Tea) သောက်ပေးပါ။

အကိုက်အခဲ ပျောက်ဆေးတွေကို တတ်နိုင်သမျှ မသောက်ပါနဲ့။ လေ့လာမှုတွေ အရ တက်ကြွတဲ့ ဘဝနေထိုင်မှု ပုံစံရှိသူ အမျိုးသမီး တွေဟာ အထိုင်များတဲ့ အမျိုးသမီး တွေထက် ဒီပြဿနာ အဖြစ်နည်းတာကို တွေ့ရပါတယ်။ ရွရွပြေးတာ၊ ရေကူးတာ၊ အေရိုးဗစ် လေ့ကျင့်ခန်း လုပ်တာ ဒါမှမဟုတ် ယောဂ ကျင့်တာလိုမျိုး လေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ် အနည်းဆုံး တစ်နာရီခန့် လုပ်ပါ။

မေမြတ်နိုး Miss Asia Pacific World သရဖူပြန်သိမ်းခံရ

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

သရဖူဆုရှင်အဖြစ် ထိုက်တန်ခြင်းမရှိသောကြောင့် အလှမယ် မေမြတ်နိုးကို Miss Asia Pacific World 2014 ဆုရှင်အဖြစ်မှ ရပ်စဲကာ သရဖူသိမ်းလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံမှ Miss Asia Pacific World Organization က သြဂုတ် ၂၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

ယနေ့မှစပြီး မသီရိထက်အောင် (ခေါ်) မေမြတ်နိုးသည် Miss Asia Pacific World 2014 မဟုတ်တော့ကြောင်း အသိပေးအပ်ပါသည်။ ဆုရှင်တစ်ယောက်အဖြစ် ရွေးချယ်ရန်မှာ ကိုယ်ရည်ကိုယ်သွေးနှင့် အဖွဲ့အစည်းကို သစ္စာစောင့်သိမှု၊ နှစ်လိုဖွယ်ကောင်းသော အကျင့်စရိုက်တို့က အလွန်အရေးကြီးပါသည်။ သို့သော်လည်း မေမြတ်နိုး၏ သဘောထားများသည် Miss Asia Pacific World မယ်ဆုရှင်အဖြစ် မည်သည့်အခါမှ ထိုက်တန်ခဲ့ခြင်းမရှိပါဟု ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

‘‘လှနု တကယ်စိတ်မကောင်းဘူး။ ပထမဆုံးရခဲ့တဲ့ သရဖူလေ။ မြန်မာလူမျိုးတွေ တက်ညီလက်ညီ အကုန်လုံးလုပ်ခဲ့ကြတာလေ’’ဟု Miss Asia Pacific World Myanmar Organization မှ မလှနုထွန်းကပြောသည်။

မေမြတ်နိုးသည် မြန်မာနိုင်ငံရှိ Main Organization တာဝန်ရှိသူများ၊ မီဒီယာနှင့် ပရိသတ်များကို မလေးမစားပြုလုပ် လိမ်လည်မှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏မိခင်ဖြစ်သူကလည်း ကိုရီးယားသို့လိုက်ပါရန် တရားမဝင် သုံးလဗီဇာ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

မေမြတ်နိုးသည် အနုပညာအလုပ်များ လုပ်ကိုင်ရန် တောင်ကိုရီးယားနိုင်ငံသို့ သြဂုတ် ၁၈ ရက်က သွားရောက်ခဲ့ပြီး သုံးလကြာနေထိုင်မည်ဟု တောင်ကိုရီးယားသို့ မသွားမီက ပြောကြားခဲ့သည်။

မေမြတ်နိုးကို ယခုကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် ကြိုးစားသော်လည်း ပြည်ပရောက်နေခြင်းကြောင့် ဆက်သွယ်မရခဲ့ပေ။
7 day

မော်ဒယ်တွေ ROLE မြင့်လာပြီတဲ့


အနုပညာလောကတွင် မော်ဒယ်အလုပ် တစ်ခုတည်း သီးသန့် လုပ်ကိုင်သည့် ခင်နန်းထိုက်က ယနေ့ခေတ်တွင် မော်ဒယ်များ၏ အခန်းကဏ္ဍ သည် Role တစ်ခု ကဲ့သို့ မြင့်လာပြီဖြစ်ကြောင်း ပြောသည်။
မော်ဒယ်တစ်ယောက် အဖြစ် ရပ်တည်နေပြီး၊ အောင်မြင်ဖို့ အတွက် ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ ခင်နန်းတို့ နိုင်ငံအခြေအနေ ကလည်း မော်ဒယ်သီးသန့် အဖြစ် ရပ်တည်ဖို့ ဆိုတာက သိပ်တော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ အရင်က ထက်စာရင် မော်ဒယ်တွေ အတွက် Role တစ်ခု မြင့်လာ တယ်ပေါ့နော်။ တိုင်းပြည် တိုးတက်လာရင် တဖြည်းဖြည်းလည်း ဖြစ်လာမှာပါ။ ဒါက မြန်မာနိုင်ငံ အနုပညာလောက အခြေအနေ အရ ဖြစ်နေတာပေါ့။ မော်ဒယ်လည်း မော်ဒယ်ပေါ့။ မင်းသမီးလည်း မင်းသမီး နေရာပေါ့။ သူ့နေရာနဲ့သူ နောက်ထပ် ခြေလှမ်းလှမ်း သွားမယ် ဆိုရင်တော့ တဖြည်းဖြည်း ဖြစ် လာမယ်လို့ မျှော်လင့်ပါတယ်။ ခင်နန်းက ရှေ့လျှောက်မှာလည်း အနုပညာအလုပ်ကို မော်ဒယ်အဖြစ်ပဲ လုပ်မယ်။ သရုပ်ဆောင် အလုပ်ကိုတော့ လုပ်ဖို့ မရှိပါဘူး။ ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက် အနေနဲ့ပဲ ခင်နန်း ရပ်တည် သွားမှာပါ။ အခု လက်ရှိ အနေအထားကို ခင်နန်း အနေနဲ့ ကျေနပ်တယ် ဆိုပေမယ့် အများကြီး လိုပါသေးတယ် ဟု ခင်နန်းထိုက်က ပြောသည်။ ခင်နန်းထိုက်သည် မော်ဒယ်အဖြစ်သာ လုပ်ကိုင် သွားမည် ဖြစ်ကြောင်းနှင့် ယနေ့ ခေတ်တွင် မော်ဒယ်များ အတွက် အခွင့်အလမ်းကောင်းများလည်း ရှိလာနေပြီ ဖြစ်ကြောင်း ပြောသည်။

မေမြတ်နိုး Crown အသိမ်းခံလိုက်ရပါပြီ။


မေမြတ်နိုး Crown အသိမ်းခံလိုက်ရပါပြီ။
credit : we love miss myanmar

အင်္ဂလန် လက်ရွေးစင် ကစားသမားအဖြစ်မှ ဖရန့်ခ်လမ်းပတ် အနားယူ


အင်္ဂလန် ကွင်းလယ် ကစားသမား ဖရန့်ခ်လမ်းပတ်က နိုင်ငံအသင်း ကစားသမားအဖြစ်မှ အနားယူပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။


ဇူလိုင်လက ချယ်ဆီးမှ ထွက်ခွာပြီး မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးသို့ ပြောင်းရွှေ့ခဲ့သည့် အသက် ၃၆ နှစ်အရွယ် ကစားသမားသည် ခရိုအေးရှားနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး ပွဲစဉ်တွင် အင်္ဂလန်အသင်း ခေါင်းဆောင်ဖြင့် ကစားခဲ့သူ ဖြစ်သည်။

လမ်းပတ်သည် အင်္ဂလန်အသင်း၌ ၁၉၉၉ ခုနှစ်တွင် ဒေးဗစ်ပလတ် တာဝန်ယူချိန်မှ စတင်ကစားခဲ့ပြီး နိုင်ငံအသင်း အတွက် ၁၀၆ ပွဲ ကစားကာ ၂၉ ဂိုး သွင်းယူထားသူ ဖြစ်သည်။

“နိုင်ငံအသင်းကနေ အနားယူဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အရမ်းကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်က အင်္ဂလန်အသင်း အတွက် ကိုယ်စားပြုပြီး ကစားရတာကို အမြဲတမ်း ဂုဏ်ယူခဲ့သူပါ။ အင်္ဂလန်ဂျာစီကို ဝတ်ဆင်ခဲ့ရတဲ့ အချိန်အတိုင်း အမြဲဂုဏ်ယူခဲ့ရတာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော့် မိသားစုကို ဦးစားပေး စဉ်းစားရမယ့်အချိန် ရောက်လာပါပြီ။ နောက်ပြီး ကျွန်တော့်အနေနဲ့ နှစ်အနည်းငယ်အတွင်းမှာ ကလပ်အသင်း အတွက်ပဲ အာရုံစိုက်ချင်ပါတယ်။ လက်ရှိမှာ နိုင်ငံအသင်းကို တာဝန်ယူနေတဲ့ ရွိုင်းဟော့ဂ်ဆန် အပေါ်လည်း ယုံကြည်မှု အပြည့်ရှိပါတယ်။ သူ့အနေနဲ့ အနာဂတ်မှာ လူငယ် ကစားသမားတွေနဲ့အတူ အောင်မြင်မှု ရရှိပါလိမ့်မယ်” ဟု လမ်းပတ်က ပြောကြားခဲ့သည်။

Ref: Goal
Soccer Myanmar

ကျောင်းသူ ကျောင်းသားများအတွက် အထူးသတိထားရမည့် အင်တာနက်က လိင်ကိစ္စ

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မိဘတွေအတွက် သားသမီးတွေကို ထိန်းကျောင်း ပျိုးထောင်ရတာ အရင်လောက် မလွယ်ကူတော့ပါဘူး။ အရင်ခေတ်ကထက် ကြိုတင်ကာကွယ်ဖို့ရာ ပိုမိုခက်ခဲပြီး ပိုမိုရှုပ်ထွေးလှတဲ့ အန္တရာယ်တွေကနေ ကိုယ့်ရင်သွေးငယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်လာပါတယ်။ အရင်တုန်းကတော့ ကျောင်းဆင်းချိန် ကလေးတွေကို အပြင်ထွက်ကစားခိုင်းလိုက်ရင် သူတို့ဘာသာ ကစားကြပျော်ကြနဲ့ ညနေခင်းတစ်ချိန်လောက်တော့ ထိန်းရသက်သာနိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ အပြင်ထွက် ကစားခိုင်းရင် များပြားလှတဲ့ ကား၊ စက်ဘီး၊ ဆိုက်ကားတွေကြောင့် ရင်တမမ ဖြစ်နေရမှာပါ။ ဒီတော့ ငြိမ်ငြိမ် ကစားနိုင်မယ့် ဂိမ်းဆိုင်သွား၊ အင်တာနက်ဆိုင်သွားဆိုပြီး ဖြစ်လာပါတယ်။ ခေတ်သစ် ကလေးထိန်းနည်းပေါ့။ အဲဒီမှာ ဇာတ်လမ်းက စလာပါပြီ။

ခေတ်မီတိုးတက်တဲ့ ကမ္ဘာမှာ အင်တာနက်ကို အကောင်းဆုံး တီထွင်ဖန်တီးမှုအဖြစ် တင်စားချင်ရင် တင်စားလို့ရပါတယ်။ မောက်စ်တစ်ချက်နှိပ်လိုက်တာနဲ့ လိုချင်တဲ့ သတင်းအချက်အလက်၊ ဆက်သွယ်မှုပေါင်းများစွာ ကိုယ့်မျက်စိရှေ့မှောက်ရောက်အောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အရာပါ။ ဒီလို အံ့မခန်းအစွမ်းထက်တဲ့ အရာကို ကျွန်မတို့ သားသမီးတွေ ဘယ်လို အသုံးပြုနေကြသလဲဆိုတာ သတိမထားလို့ မရတော့ပါဘူး။ အခုအချိန်လို အင်တာနက်ကို ဖုန်းနဲ့ အလွယ်တကူ သုံးလို့ရနိုင်လာတဲ့ အချိန်မျိုးမှာ ဒီကိစ္စဟာ အရေးပေးစဉ်းစားစရာ ဖြစ်လာပါပြီ။ ငယ်ရွယ်တဲ့ကလေး တွေ အင်တာနက်ကို ဂိမ်းကစားရုံသက်သက်သာ အသုံးချမယ်ဆိုရင်တောင် အပြစ်မပြောချင်ပါဘူး။ ဂိမ်းကစားခြင်းက ဖြတ်ထိုးဉဏ်၊ အကွက်မြင်မှုနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို လေ့ကျင့်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ... ဒါပေမဲ့ပေါ့။

အင်တာနက်မှာ ကလေးတွေ (သူငယ်တန်းက တက္ကသိုလ်ဝင်တန်းအထိ) နဲ့ မအပ်စပ်မဆက်စပ်တဲ့ မတော်တရော်ပုံတွေ၊ အဖော်အချွတ်ဝက်ဆိုက်တွေနဲ့ ညစ်ညမ်းဝက်ဆိုက်တွေလည်း ရှိနေပါတယ်။ ဒါတွေဟာ ကျောင်းနေအရွယ် ကလေးငယ်များအတွက် အန္တရာယ်များပါတယ်။ အထူးသဖြင့် သားယောက်ျားလေးမွေးထားတဲ့ မိဘများ အထူး ဂရုစိုက်သင့်ပါတယ်။ အခုဆိုရင် အင်တာနက်အသုံးပြုတဲ့ အသက်အရွယ်ကလည်း ငယ်သထက် ငယ်လာပါတယ်။ နှစ်တန်း သုံးတန်းအရွယ်ဆို အင်တာနက်ကို ကောင်းကောင်း အသုံးပြုတတ်နေပါပြီ။ အဲလို ငယ်ရွယ်တဲ့ ယောက်ျားလေးတွေ အင်တာနက်ကြောင့် အရွယ်မတိုင်ခင် မဖြစ်သင့်တာ မဖြစ်ရအောင် စောင့်ကြည့်သင့်ပါတယ်။

နာမည်ကြီးပုဂ္ဂလိကကျောင်းရဲ့ ကျောင်းအုပ်ကြီးပြောပြတဲ့ အဖြစ်အပျက်က စိတ်မသက်သာစရာပါ။ သူ့ကျောင်းမှာ ခုနစ်တန်း ကျောင်းသားတစ်ယောက်ဟာ စာသင်ရင် ဘယ်တော့မှ ဂနာမငြိမ်ပါဘူး။ စာကို လုံးဝအာရုံမစိုက်နိုင်ဘဲ ကျောင်းဆင်းပြီဆိုတာနဲ့ ဟိုမိန်းကလေး လက်လှမ်းဆွဲ၊ ဒီမိန်းကလေးလွယ်အိတ် လှမ်းဆွဲ၊ ပခုံး လှမ်းဖက်နဲ့ အစအနောက်သန်နေပါတယ်။ စာသင်တာ လုံးဝစိတ်မ၀င်စားတဲ့အတွက် သုညရတဲ့ ဘာသာတွေလည်း များပါတယ်။သူ့မိဘတွေကတော့ သားကို အရမ်းချစ်တဲ့သူတွေဖြစ်တာကြောင့် တစ်ရက်မပျက် ကျောင်းကို လိုက်ပို့ လိုက်ကြိုပေးတဲ့အထိ ဂရုစိုက်ပါတယ်။ စာသင်တဲ့ ဆရာမတွေက သူ့ကြောင့် ကျန်တဲ့ကျောင်းသားတွေ စာသင်တာ အနှောင့်အယှက်ဖြစ်ရတယ်လို့ တိုင်ကြားကြတော့ ကျောင်းအုပ်က ခေါ်ယူစစ်ဆေးရပါတယ်။

အဲဒီတော့မှ ဆရာမတွေ မမြင်အောင် ဖွက်ထားတဲ့ ဖုန်းအကောင်းစားကို သွားတွေ့ပါတယ်။ ဖုန်းကို ဖွင့်ကြည့်တော့ အင်တာနက်က ညစ်ညမ်းခွေ ၂၀ ကျော် ထည့်သွင်းထားတာ တွေ့ရပါတယ်။ ပိုးစိုးပက်စက် ရိုက်ထားတဲ့ ညစ်ညမ်းခွေတွေပါ။ ဒါကြောင့် ခုနစ်တန်းအရွယ် ကျောင်းသားတစ်ယောက်ဟာ စာကို အာရုံမစိုက်နိုင်ဘဲ ဂနာမငြိမ် ဖြစ်နေတာပါ။ ခုနစ်တန်းအရွယ်လောက်မှာ ဒီကိစ္စတွေကို အရမ်းစိတ်ဝင်စားနေတာဟာ သူ့အတွက်ရော သူ့ပတ်ဝန်းကျင်က သူတွေအတွက်ရော အန္တရာယ်များလှပါတယ်။ သူနဲ့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေလည်း ဒီလို အသစ်အဆန်း အာရုံတွေကို စိတ်ဝင်စားသွားနိုင်ပါတယ်။ သူတို့ ပတ်ဝန်းကျင်က မိန်းကလေးတွေဆိုရင်လည်း အခန့်မသင့်ရင် သူတို့ စမ်းသပ်စရာ သားကောင် ဖြစ်သွားနိုင်ပါတယ်။ တရားခံရှာရင်တော့ အင်တာနက်ပါပဲ။ မိဘတွေက အင်တာနက်သုံးပြီး ဂိမ်းကစားတာပဲဆိုပြီး လွှတ်ထားရာက ဒီလို ဖြစ်လာရတာပါ။ သုံးတတ်ရင်တော့ အင်တာနက်က တကယ့် ကောင်းချီးမင်္ဂလာပါပဲ။ မသုံးတတ်ရင်တော့ ကလေးတွေအတွက် ကျိန်စာ ဖြစ်သွားနိုင်ပါတယ်။ ဒါကို မိဘတွေ သိထားဖို့ လိုပါတယ်။

ကျွန်မမိတ်ဆွေ သူနာပြုဆရာမ တစ်ယောက်ပြောပြတဲ့ သူ့အတွေအကြုံကလည်း ကြက်သီးထစရာပါ။ ငါးတန်းအရွယ် ယောက်ျားလေးနဲ့ နှစ်တန်းအရွယ် မိန်းကလေးနှစ်ဦးတို့ အရွယ်မတိုင်ခင် လိင်ကိစ္စ မဖွယ်မရာ ဖြစ်ကြပါတယ်။ အကြောင်းရင်း စစ်ကြည်တော့ ငါးတန်းကလေးက အင်တာနက်ဆိုင်မှာ ဂိမ်းကစားရင်း အခြားလူငယ်တွေ ကြည့်ကြတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို မြင်တွေ့ပြီး အိမ်နီးချင်းကစားဖော် မိန်းကလေးနှစ်ယောက်နဲ့ စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေကို သူများသားသမီးတွေမှာ ဖြစ်တာပဲလို့ ခပ်ပေါ့ပေါ့ မတွေးစေချင်ပါဘူး။ ကိုယ့်အိမ်မှာ အင်တာနက်သုံးတတ်တဲ့ ကလေးရှိရင် ဂရုစိုက်ဖို့ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေရဲ့ စိတ်ခံစားမှု၊ အနေအထိုင်တွေကို မသိမသာ စောင့်ကြည့်ပေးသင့်ပါတယ်။

နောက်ပြီး သမီးမိန်းကလေး ကျောင်းသူအရွယ်ရှိတဲ့ မိဘတွေ ပူပင်ရမှာကတော့ အင်တာနက်ချက်တင် (chatting) ကိစ္စ ပါပဲ။ ငါးတန်း၊ ခြောက်တန်းအရွယ် ကျောင်းသူလေးတွေဆို ချက်တင်စပြီး သုံးကြပါပြီ။ ကိုကိုတွေ၊ ညီမလေးတွေနဲ့ အချိန်ကုန်နေကြပါပြီ။ ကျောင်းနေအရွယ်မှာ ချက်တင်ကနေတစ်ဆင့် ရည်းစားထားတတ်လာပြီး စာဘက်မှာ အာရုံနည်းလာကြပြန်ပါတယ်။ ဘယ်လောက်ပဲ ကျောင်းစာသပ်သပ် အချစ်ရေးသပ်သပ် ခွဲခြားနိုင်တယ်ပြောပြော တစ်ခုခုမှာ အချိန်ပေးအာရုံစိုက်ရင် နောက်တစ်ခုမှာ အနည်းနဲ့အများတော့ ထိခိုက်တာပါပဲ။ သက်တမ်းရင့် ဆရာဆရာမတွေရဲ့ မှတ်ချက်အရ တက္ကသိုလ်ဝင်တန်းမှာဆိုရင် ရည်းစားသနာကိစ္စကြောင့် ဂုဏ်ထူး သုံးလေးခု ထွက်မယ့်ကလေးက သာမန်ပဲ အောင်ကြပြီး သာမန် အောင်ရုံအောင်နိုင်မယ့် ကလေးမျိုးဆိုရင် ကျဖို့ ၉၀ ရာခိုင်နှုန်း လောက် သေချာသွားပါတယ်။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီး ခြေလှမ်းဘယ်ကို ရောက်နေသလဲဆိုတာ သတိပြုရမှာပါ။

ဘာပဲပြောပြော သားသမီးအတွက် တာဝန်အရှိဆုံးက မိဘဖြစ်တာကြောင့် အလုပ်တွေ ပိနေလို့ အချိန်မရှိလို့ဆိုပြီး လျစ်လျူရှုနေရင် ကိုယ့်သားသမီးတွေရဲ့ ဘ၀လေးတွေ တလွဲတချော် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက်ကိစ္စမျိုးဆိုရင် ကလေးတွေ မှန်မှန်ကန်ကန် အသုံးချတတ်အောင် မိဘတွေက တည့်မတ်လမ်းပြပေးဖို့ လိုပါတယ်။

တကယ်တော့ မိဘတွေသာမကပါဘူး။ နိုင်ငံရဲ့ ပညာရေးစနစ်ကလည်း ဒီလိုကိစ္စရပ်တွေမှာ မှန်မှန်ကန်ကန် ထိန်းကျောင်း ပဲ့ကိုင်ပေးနိုင်တဲ့ စနစ်မျိုး ရှိသင့်ပါတယ်။ ဥပမာ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာဆိုရင် အရွယ်ရောက် မြီးကောင်ပေါက်ကလေးတွေကို လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး အန္တရာယ်ကင်းအောင်၊ ဘေးဥပါဒ်မရောက်အောင် (sex education) သွန်သင်ပြတာမျိုးတွေ၊ ကလေးတွေ အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်တဲ့ နည်းပညာတွေ၊ ဆော့ဝဲလ်တွေ ရှိပါတယ်။ ဘယ်လိုအရာတွေက သူတို့အတွက် အထောက်အပံ့ပေးပြီး ဘယ်အရာတွေက အဆိပ်အတောက်ဆိုတာ ရှင်းပြပေးထားကြပါတယ်။

တစ်ကမ္ဘာလုံးမှာ အင်တာနက်ကို သုံးပြီး ပညာရှာမှီးနေတဲ့ ကလေးတွေ ဒုနဲ့ ဒေးရှိပါတယ်။ ဒါကြောင့် ခေတ်မီတဲ့ နည်းပညာတွေ ပေါ်ထွက်လာမှုကို ကျွန်မတို့ ကြိုဆိုရမှာဖြစ်ပေမယ့် အင်တာနက် အရင်းအမြစ်တွေလို ကွန်ရက်နည်းပညာတွေဟာ ကလေးတွေရဲ့ အသုံးချမှုပေါ် မူတည်ပြီး အကောင်းအဆိုး ရလဒ် ကွဲပြားသွားနိုင်တာကြောင့် မိဘတွေအနေနဲ့ အလေးအနက် ထားကြဖို့ တင်ပြလိုက်ရပါတယ်။

From: Mizzima

မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံ၍ သေဆုံး


ရန်ကုန်၊ မဇ္ဈိမ။ ။ အသက် (၁၉)နှစ်အရွယ် တက်သစ်စမော်ဒယ် မအေးချမ်းမြတ်မိုးကို ၎င်း၏ရည်းစားဟုဆိုသူက သြဂုတ် ၂၆ရက် ည ၇နာရီက ဓါးဖြင့်ထိုး၍ သေဆုံးခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


ဒဂုံမြို့နယ်၊ ဦးဝိစာရအိမ်ရာဝင်းအတွင်း နေထိုင်သည့် မအေးချမ်းမြတ်မိုးသည် နေအိမ်တံခါးကိုခေါက်၍ "အမေရေ ကယ်ပါဦး" ဟုအော်ကာ လည်ပင်းတွင် သွေးထွက်ဒဏ်ရာဖြင့် လဲကျသွားခြင်းဖြစ်သည်ဟု အစ်မဖြစ်သူက ဆိုသည်။

ယင်းနောက် ၎င်း၏မိသားစုဝင်များက ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ပေးရာ လမ်းတွင်သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကို ရဲမှတ်တမ်းတွင်မူ ၎င်း၏ရည်းစားဖြစ်သူ မောင်အံ့ဖြိုးပိုင်နှင့် စကားများရန်ဖြစ်ရာမှ လည်ပင်းကို ဓါးဖြင့် အထိုးခံခဲ့ရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

သေဆုံးသူ၏ အစ်မဖြစ်သူ ပြောဆိုချက်အရ မောင်အံ့ဖြိုးပိုင်နှင့် ယခင်က မိတ်ဆွေအဖြစ် ပတ်သက်ဖူးသည်ဟု ဆိုပြီး နောက်ပိုင်းတွင် မိဘများက အဆက်အသွယ်ဖြတ်ရန် ပြောထားခဲ့သည်ဟု ဆိုသည်။

"ညီမလေးက သူ့သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတာ။ ပြီးခဲ့တဲ့ သုံးလလောက်ကစပြီး သူဘယ်သွားသွား အမေက အမြဲလိုက်တယ်။ အခု မလိုက်ဖြစ်တဲ့ တစ်ခေါက်မှာဖြစ်သွားတာ"ဟု သေဆုံးသူ၏အစ်မ မအေးချမ်းမြတ်ဖြိုးက မဇ္ဈိမကိုပြောသည်။

ဓါးဖြင့်ထိုးခဲ့သူမှာ တစ်ရပ်ကွက်တည်းနေထိုင်သူ ဖြစ်ပြီး သေဆုံးသူ၏ ဝဲဘက်လည်ပင်းကို ထိုးနှက်ခဲ့ခြင်းဖြစ်သည်ဟု ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူမှာ ဒဂုံတက္ကသိုလ်၊ အင်္ဂလိပ်စာ(ဒုတိယနှစ်)၊ အဝေးသင်တက်ရောက်နေသူ ဖြစ်ပြီး ဂျာနယ်နှင့် မဂ္ဂဇင်းအချို့တွင် မျက်နှာဖုံးမော်ဒယ်အဖြစ် ဖော်ပြခံရဖူးသည်ဟု အစ်မဖြစ်သူကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး သေဆုံးသည်အထိ ဓါးဖြင့်ထိုးခဲ့သူ အံ့ဖြိုးပိုင်အပေါ်အရေးယူပေးပါရန် အေးချမ်းမြတ်မိုး၏ မိသားစုဝင်များက တရားလိုပြု တိုင်တန်းချက်ကို ဒဂုံမြို့မရဲစခန်းက(ပ)၁၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
မဇ္ဈိမ

ကွတ်ခိုင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝ ပြားနှင့် ဘိန်းစိမ်း ၃ ဂရမ် ဖမ်းဆီးရမိ


သြဂုတ် ၂၃ ရက်က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်မြို့နယ်၊ ပန်ကိုင်ကျေးရွာအုပ်စု၊ လွယ်ကုန်ကျေးရွာနေ မအေးလှ ဆိုသူ၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝ ပြား နှင့် ဘိန်းစိမ်း ၃ ဂရမ်တို့အား သိမ်းဆည်းရမိသဖြင့် မအေးလှ (ခ) မအေးလာ (၂၇ နှစ်)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Credit to : ရဲဇာနည်

ပန်းသီးနှင့် တင်းနစ်စ်ဘောလုံး မှားမြိုချမိတဲ့ ရေမြင်းသေဆုံး


ဂျာမနီနိုင်ငံရှိ တရိစ္ဆာန်ရုံအတွင်းသို့ လာရောက်လည်ပတ်သူတစ်ဦး ပစ်ချခဲ့သော တင်းနစ်စ်ဘောလုံးအား ပန်းသီးဟု ထင်မှတ်မှားကာမြိုချမိသော အသက်(၃၉)နှစ်အရွယ် ရေမြင်း Maikel ဟာ နာကျင်စွာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Maikel ဟာ ထိုဝေဒနာကို လေးရက်ကြာ နာကျင်ခံစားခဲ့ရပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Tennis Ball in Maikel
သို့ပေမယ့် သူဘာကြောင့် ဘယ်လို ခံစားနေရတယ်ဆိုတာကို ဘယ်သူကမှ မသိရှိခဲ့ကြဘဲ ၎င်းသေဆုံးသွားပြီးမှ ထိုတင်းနစ်စ်ဘောလုံးအား ခွဲစိတ် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
Maikel ဟာ ပြီးခဲ့သည့်နှစ်က ထိုတရိစ္ဆာန်ရုံတွင် အနှစ်သက်ဆုံးသော တရစ္ဆာန်အဖြစ် လာရောက်လည်ပတ်သူများ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခံခဲ့ရသော အလွန်လိမ္မာပြီး ကျန်းမာသည့် ရေမြင်းတစ်ကောင် ဖြစ်ကြောင်း သိရသည်။
ကီလိုဂရမ် နှစ်ထောင်အလေးချိန်ရှိတဲ့ ထိုရေမြင်း Maikel ဟာ ဘာကိုဘယ်လို ခံစားနေခဲ့ရတယ်ဆိုတာကို တတ်ကျွမ်းသူများက နားလည်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြကြောင်း ၊ ထိုကဲ့သို့ တင်းနစ်စ်ဘောလုံး မြိုချခဲ့ခြင်းကို ၎င်းတို့ဘယ်လိုမှ သိမြင်နိုင်ခြင်း မရှိခဲ့ကြောင်း ၊ ပြီးခဲ့သည့် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ရေထဲပြုတ်ကျ သေဆုံးနေခဲ့သော Maikel အပေါ်သို့ သူနဲ့ တသက်လုံး အဖော်အဖြစ်နေလာခဲ့သည့် ရေမြင်း Petra က ၎င်းကိုယ်ပေါ်က အဖန်ဖန်အခါခါ ကျော်လွှားရေကူးရင်း Maikel ပြန်ရပ်လာဖို့ ကြိုးစားခဲ့ကြောင်း သိရသည်။
တရိစ္ဆာန်ရုံရှိ တာဝန်ရှိသူများက အခြား ကျန်ရှိသောရေမြင်းများ၏ ကျန်းမာရေးအတွက် Maikel အား ရင်ခွဲစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြရင်းမှ Maikel ဘာကြောင့် နာကျင်စွာ ခံစားသေဆုံးသွားသည်ဆိုတာ နားလည်ခဲ့ရကြောင်း သိရသည်။
Source : Dailymail

အရက်မူးပြီး ဆည်ထဲရေဆင်းချိုးသူ ရေနစ်သေဆုံး


မလှိုင်မြို့နယ်၊ နောကန်ရဲစခန်း အရှေ့ တောင်ဘက် (၁၆) မိုင်အကွာ၊ ညောင်ပင်သာ ကျေးရွာအနီး၊ ချောင်းဆုံ ရေလှောင်တမံအတွင်းတွင် သြဂုတ်လ (၂၃) ရက်နေ့ ညနေက အမျိုး သားတစ်ဦးရေနစ်သေဆုံးနေကြောင်း မလှိုင် မြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးငြိမ်းမှ နောကန် ရဲစခန်းသို့ ဖုန်းဖြင့် သတင်းပေး ပို့ချက်အရ နောကန် ရဲစခန်းမှူး ရဲအုပ် ကျော်ဇော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေများက သွားရောက်ဆယ်ယူ စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ ညောင်ပင်သာကျေးရွာ နေ ဦးပေါ်ဦး (၃၅) နှစ်ဖြစ်ပြီး အရက်မူးပြီး ချောင်းဆုံ ရေလှောင်တမံ အတွင်း ရေဆင်းချိုးရာမှ ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဦးပေါ်ဦး သေဆုံးမှုကို နောကန်ရဲ စခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၄ ဖြင့် ရေးဖွင့်ထားသည်။
Messenger 

Date Rape Drugs protection ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ

Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးတွေအကြောင်းအပြင် ဆေးရန်ဘေးရန်ကနေ ဘယ်လိုနည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ဆောင်ရွက်သင့်တယ်ဆိုတာရေးပြမှသာ ဆေးကြော်ညာမဖြစ်မှာပါ။

ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။ ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။ ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။ များသောအားဖြင့် GHB မှာ ငန်တဲ့အရသာ ရှိပါတယ်။ သင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။

အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် အဓမ္မကျင့်ခံရသည်ဟုထင်ပါက
• ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
• ဖြစ်နိုင်သမျှ ချက်ခြင်း၊ ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။
• Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
• တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပါနဲ့။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း၊ သို့မဟုတ် အဝတ်အစားလဲခြင်း၊ မပြုလုပ်ပါနဲ့။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုတဲ့ သက်သေများ ဖြစ်ပါသည်။
• အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊၊အပြစ်ရှိသလို ခံစားရခြင်း၊၊ ကြောက်လန့်ခြင်း၊နဲ့ တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်တဲ့ ပညာရှင်များ၏ အကြံဉာဏ် ရရှိရန် အရေးကြီးပါသည်။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနဲ့။ သူငယ်ချင်းများ စုပေါင်း သွားခြင်း၊ဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
• သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနဲ့ ခပ်ဝေးဝေးတွင်သာနေပါ။
• သင် အပြည့်အဝ ယုံကြည်နိုင်ခြင်းမရှိသူထံမှ ဘယ်တိုက်ကျွေးမှုကိုမျှ လက်မခံပါနဲ့။
• သင်သောက်နေသော ခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနဲ့။
• အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနဲ့ချောကလက်ဖျော်ရည်အပူ စတာထဲမှာ ထည့်ခတ်နိုင်ပါတယ်။ ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်တဲ့ဆေးဝါး များစွာရှိပြီး အများစုဟာ သောက်သုံးတဲ့ အရည်ထဲ အလွယ်တကူ မသိရှိနိုင်ပါ။
• ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအဝကို သင့်လက်မနဲ့ပိတ်ထားခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုလင်းကို စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့ရင် ပုလင်းအတွင်း ဘယ်သူက ဘာတွေ ထည့်လိုက်တယ်လို့ သိရှိနိုင်စွမ်း မရှိတော့ပေ။
• အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာတဲ့အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊၊ ပုံစံပြောင်းနေခြင်း၊၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း၊ သို့မဟုတ် အရသာ ထူးခြားနေခြင်း၊တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း၊ မပြုပါနဲ့။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနဲ့အတူ ပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
• တစ်ခွက်၊ နှစ်ခွက်မျှနဲ့ မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရတဲ့ မိတ်ဆွေ၊ ကလပ်ကလုံခြုံရေးဝန်ထမ်း ဒါမှမဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံကအကူအညီ ရယူပါ။ လုံခြုံစိတ်ချရတဲ့နေရာကို ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိဘို့ အရေးကြီးပါတယ်။
• သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ် မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။
• ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါတယ်။

ဒါတွေက ဆေးဝါး အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်ကို လျှော့ချဘို့ နည်းလမ်းတွေ ဖြစ်ပါတယ်။ သင်အပြင်သွားတဲ့အခါတိုင်း အဲဒီအချက်အလက်တွေကို မှတ်မိနိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဒါကြောင့် ဘယ်အချိန်မှာမဆို အထူးဂရုပြုသင့်ပါကြောင်း။

အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ Rape drugs အဓမ္မကျင့်ဘို့ သုံးကြတဲ့ ဆေးတွေကိုလဲ ဖတ်ပါ။ Nail polish to detect date-rape drugs ပါတီသွားရင်းအဓမ္မကျင့်ခံရနိုင်တဲ့ဆေးကို လက်သည်းဖျက်ဆေးနဲ့သိနိုင်မည်သတင်းက ဒီကနေ့ဘဲထွက်လာပါတယ်။

ဒေါက်တာတင့်ဆွေ

မိခင်ဗိုက်ထဲ ၃၆နှစ်ကြာ ရှိနေခဲ့တဲ့ သန္ဓေသားအရိုးစု ကို ခွဲစိတ်ဖယ်ရှား


အိန္ဒိယအမျိုးသမီးတစ်ဦးရဲ့ဝမ်းဗိုက်ထဲမှာ ၃၆နှစ်ကြာ ရှိနေခဲ့တဲ့ သန္ဓေသားရဲ့ အရိုးစုကို ဆရာဝန်တွေက ဖယ်ထုတ်ခဲ့ရပြီး ဒါဟာ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး သားအိမ်ပြင်ပသန္ဓေတည်ခြင်းဖြစ်လာနိုင်ကြောင်း ဆရာဝန်တစ်ဦးကပြောပါတယ်။
အခုချိန်မှာအသက် ၆၀ရှိနေပြီဖြစ်တဲ့ အမျိုးသမီးဟာ သူ့အသက် ၂၄နှစ်မှာ ကိုယ်ဝန်ဆောင်ခဲ့ပေမယ့် သန္ဓေသားဟာ သားအိမ် အပြင်ဘက်မှာ တည်ပြီး ကြီးထွားလာတာကြောင့် ကိုယ်ဝန်ပျက်ကျတဲ့ဝေဒနာခံစားခဲ့ရပါတယ်။
နိုင်ငံအလယ်ပိုင်းဆင်းရဲနွမ်းပါးတဲ့ ကျေး လက်ဒေသမှာနေထိုင်တဲ့ ယင်းအမျိုးသမီးဟာ သန္ဓေသားရဲ့အကြွင်းအကျန်တွေကိုဖယ်ရှားဖို့လိုအပ်ချိန်မှာ ခွဲစိတ်မှုလုပ်ရမှာကို ကြောက် ရွံ့နေခဲ့တဲ့အတွက် နာကျင်မှုသက်သာစေဖို့ သာမန်ဆေးခန်းတစ်ခုမှာပဲ ဆေးဝါးကုသမှုခံယူခဲ့ပါတယ်။
နာကျင်မှုတဖြည်းဖြည်းလျော့ပါးလာခဲ့ပေမယ့် နှစ်အတော်ကြီးကြာတဲ့အခါ ဝေဒနာပြန်ပေါ်လာပြီး မခံမရပ်နိုင်ဖြစ်မှ အမျိုးသမီးက အိန္ဒိယအနောက်ပိုင်း ကဆေးရုံတစ်ရုံမှာ သွားရောက်ပြသခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ဝမ်းဗိုက်ညာဘက်အောက်နားမှာ အလုံးတစ်လုံး စမ်းသပ်တွေ့ရှိခဲ့ပြီး ကင်ဆာဖြစ်နိုင်ကြောင်း စိုးရိမ်ခဲ့ကြပေမယ့် ထပ်မံစမ်းသပ်မှုတွေနဲ့ ဓာတ်မှန်တွေအရ မာကျောတဲ့အရာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
`ဓာတ်မှန်တွေကိုကြည့်ပြီးတာနဲ့ တွေ့ရတာက မာကျောနေတဲ့ အမြှေးအိတ်ငယ်တစ်ခုထဲမှာ လုံလုံခြုံခြုံရှိနေတဲ့ ကိုယ်လက်အင်္ဂါ ပြည်စုံပြီးသား အရိုးစုတစ်ခုဖြစ်နေတယ်။ ဒီလိုမျိုးအသက်၆၀ အရွယ်အမျိုးသမီးတစ်ဦးက ၃၆နှစ်ကြာအောင် ဗိုက်ထဲမှာ သန္ဓေသားရှိနေ နိုင်တာဟာ ဆေးလောကရဲ့အံ့ဖွယ်ဘနန်း ဖြစ်ရပ်တစ်ခုပါပဲ။ တစ်ခါမှမကြားခဲ့ဖူးဘူး ´ လို့ ခွဲစိတ်ဆရာဝန်ကြီး မာတာဇာအက်ခတာ က ပြောပါတယ်။
အခုအခါ အမျိုးသမီးရဲ့ သားအိမ်၊ အူ နဲ့ ဆီးအိမ်တို့ကြားမှာရှိနေတဲ့ ယင်းအရိုးတွေကို ဆရာဝန်တွေက အောင်မြင်စွာခွဲစိတ် ဖယ်ထုတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။
အရင်က ဘယ်လ်ဂျီယံအမျိုးသမီးတစ်ဦးဟာ အလားတူ သန္ဓေသားအကြွင်းအကျန်တွေနဲ့ ၁၈နှစ်ကြာနေထိုင်ခဲ့ကြောင်း တွေ့ခဲ့ရ ပြီး သက်တမ်းအကြာဆုံးဖြစ်စဉ်အဖြစ်မှတ်တမ်းရှိခဲ့ဖူးပါတယ်။

ဘာသာပြန်…….. ယွန်းစန္ဒီနန်းမွန်
Ref:AFP
Kumudra

Nail polish to detect date-rape drugs ပါတီသွားရင်းအဓမ္မကျင့်ခံရနိုင်တဲ့ဆေးကို လက်သည်းဆိုးဆေးနဲ့သိနိုင်မည်

• Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများအကြောင်းကို အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ရှိတုံးက တင်ထားပါတယ်။ ပြီးခဲ့တဲ့သင်္ကြန်ကာလမှာတော့ ‘ဖေ့စ်ဘွတ်’ မှာ တင်ခဲ့ပါသေးတယ်။ ‘ဖေ့စ်ဘွတ်’ ပရိတ်သတ်မှာ လူတမျိုးတွေပါတယ်။ ‘အဲလိုဆေးတွေအကြောင်း တင်တာဟာ သူခိုးလမ်းပြ၊ ဓါးပြအားပေးသလိုလုပ်ရာကျမယ်’ ဆိုတဲ့သဘောနဲ့ မှတ်ချက်ရေးတာခံရတယ်။ ကျွန်တော်လဲ ‘အနုမြူအကြောင်း ကျောင်းစာထဲမှာ မသင်ဘဲနေခိုင်းသလိုဖြစ်မနေဘူးလား’ လို့ ပြန်ရေးမိပါသေးတယ်။
• ချိန်းတွေ့ကျင့်ကြံဘို့သုံးနိုင်တဲ့ တရားမဝင်ဆေးတွေကို Date Rape Drugs လို့ခေါ်တယ်။ အများဆုံး သုံးနေကြတာတွေက Rohypnol, Xanax နဲ့ Gamma-Hydroxybutyric acid (GHB) ဆေးတွေဖြစ်တယ်။ တခြားလဲ ရှိပါသေးတယ်။
• ပါတီပွဲတွေ၊ ကလပ်တွေမှာ ယောက်ျားလေး၊ မိန်းကလေးတွေ ကျက်စားကြတယ်။ သောက်စားကြတယ်။ သောက်စရာတမျိုးမျိုးထဲကို ဒီလိုဆေးတမျိုးမျိုး မသိအောင်ထည့်ထားတာကို သောက်မိရင် သောက်တဲ့သူဟာ မေ့ဆေးပေးခံရသလို ဘာဆိုဘာမှ မသိတော့ပါ။ အဲဒီအချိန်မှာ လုပ်ချင်တာလုပ်လို့ရတယ်။ ပစ္စည်းယူမလား၊ လူယူမလား။ အများဆုံးက မုဒိန်းကျင့်တာခံရမယ်။
• ဆေးတွေက အရောင်အဆင်း၊ အနံ့၊ အရသာ မသိသာလို့ ဆေးခပ်ထားမှန်းမသိနိုင်ပါ။
• ကနေ့ထွက်တဲ့ ဆေးပညာသတင်းက ဒီလိုဆေးထည့်ထားမှန်း သိအောင်လုပ်နည်းဖြစ်တယ်။ နည်းကလွယ်တယ်။ လက်သည်းပြောင်လက်ဆေးလိုသုံးတယ်။ အသစ်ပေါ်ဆေး လိမ်းထားတဲ့လက်ချောင်းနဲ့ ကိုယ်သောက်မဲ့ အရည်-အရက်ကို မွှေပေးရတယ်။ အရောင်ပြာင်းသွားရင် မဟုတ်တရုတ်ဆေး ထည့်ထားတာသေချာပြီ။
• အမျိုးသမီးဘက်ကနေလိုက်ရေးလေ့ရှိတဲ့ နာမည်ကြီး Feministing ‘ဘလော့ခ်’ ကတော့ မိန်းကလေးတွေကို လိင်မှုပြုဘို့ Date Rape Drugs ဆေးတွေကိုသုံးတာ နည်းပါတယ်။ အရက်တိုက်ပြီး အဲလိုလုပ်ကြတာများတယ်လို့ ဆိုပါတယ်။ ဒီ ‘ဆိုဒ်’ ကနေဆက်ရေးတာကတော့ အခုလို စပါယ်ရှယ်လက်သည်းဖျက်ဆေးဟာ မိန်းကလေးတွေ ကိုယ်ကိုယ်ကို ခုခံကာကွယ်ရေးအတွက် အမြဲဆောင်ထားရမဲ့ နောက်တိုးပစ္စည်းတခု အမှန်ပါဘဲတဲ့။ Anti-rape underwear အဓမ္မကျင့်တာမခံရစေမဲ့ အတွင်းခံအဝတ်နဲ့ Pepper spray cameras ‘ငရုတ်သီး စပရေး ကင်မရာ’ လိုဘဲ ဒီဆေးကိုပါဆောင်ထားပါလို့ အကြံပေးထားပါတယ်။
• ဒီတီထွင်မှုကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်တက္ကသိုလ်က ကျောင်းသား ၄ ယောက်ကတွေ့တာ ဖြစ်တယ်။ သူတို့က လက်သည်းပြောင်လက်ဆေးလိုသုံးရတဲ့ဆေးအသစ်ကို Undercover Colors ‘ဖုံးကွယ်ထားသောအရောင်များ’ လို့ နာမည်ပေးထားပါတယ်။

ဒေါက်တာတင့်ဆွေ

KIA အဖွဲ့ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းနှောကျေးရွာအနီးတွင် ယမန်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံအမျိုးသမီးတစ်ဦး နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ဒွန်ဘုံကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ကုန်းနှောရွာနေ ဖခင်ဖြစ်သူ မကျန်းမာ၍ သွားရောက် ကြည့်ရှု့ပြီး ပြန်လာစဉ် မိုင်းနင်းမိသေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

“ မိုင်းကွဲသံကြားလို့ သွားကြည့်တော့ နေရာမှာပဲ ပွဲချင်းပြီး သေနေတာတွေ့တယ်၊ ဒီရွာကမဟုတ်ဘူး၊ နောက်မှ ဒွန်ဘုံရွာက အမျိုးသမီးဆိုတာ သိရတာ ” ဟု ကုန်းနှောရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် သေဆုံးသွားသော အမျိုးသမီးမှာ ဒေါ်ဖော်ယုတောင် (၄၈)နှစ်၊(ဘ) ဦးဖော်ယုဝမ်၊ ကချင်/ခရစ်ယာန်၊ ဒွန်ဘုံကျေးရွာ၊ မိုးမောက်မြို့နယ်နေသူ ဖြစ်ကြောင်း သိရပါသည်။

၎င်းမိုင်းပေါက်ကွဲဖြစ်စဉ် ဖြစ်ပွားခဲ့သော နမ့်ဆန်ချောင်း(ခ) ဆမားချောင်းသည် ဒွန်ဘုံကျေးရွာနှင့် ကုန်းနှော ကျေးရွာကြားတွင်ရှိပြီး KIA တပ်ရင်း(၂၇)နယ်မြေဖြစ်ကြောင်းနှင့် KIA တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာလျက် ရှိကြောင်း ဒွန်ဘုံရွာသားတစ်ဦးက ဆိုသည်။

“ မိုင်းနင်းမိလို့ လူသေတာကို KIA အဖွဲ့က ဂရုတောင် မစိုက်ပါဘူး၊ သူတို့ ထောင်ထားတဲ့ မိုင်းကို အပြစ် မရှိတဲ့ ဒေသခံတစ်ဦးက နင်းမိပြီး သေရတာပါ၊ အဲဒီအတွက် ကျန်ရစ်သူ မိသားစုကို တောင်းပန်တာမျိုး၊ ထောက်ပံ့ငွေ ပေးအပ်တာမျိုး တစ်ခုခုလုပ်ပေးသင့်တာပေါ့၊ ဒါပေမယ့် သူတို့ ထောင်တဲ့ မိုင်းကို နင်းမိတာတောင် နင်းမိသူက ပြန်လျော်ကြေးပေးရမယ်လို့ ပြောနေတယ်၊ ဒေသခံတွေရဲ့ ဘ၀ကတော့ KIA လက်အောက်မှာ ဖိနှိပ်အနိုင်ကျင့် သမျှ ခံနေကြရတာပါဘဲ ” ဟု မိုးမောက်မြို့ခံ သင်းအုပ်ဆရာတစ်ဦးက ပြောကြားသွားခဲ့သည်။
OE