'ဝဋ်ကြွေးရှိရင် ဒီဘဝဒီမျှသာကျေပါစေဘုရား'ဟုရေးပြီး ရဲတပ်သားတစ်ဦး အမေသီချင်းဖွင့်ကာ မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား

မွန်ပြည်နယ် ရေးမြို့နယ်၊ မြို့မ ရဲစခန်းအပိုင် ဇီးဖြူသောင် ရဲကင်းရှိ နေအိမ်လိုင်းခန်း အတွင်း စာတစ်စောင်ရေးသားခဲ့ပြီးနောက် ရဲတပ်သား တစ်ဦးက မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အဆုံးစီ ရင်မှုတစ်ခု သြဂုတ်၂၁ရက် ည၆း၃ဝနာရီ၌ ဖြစ်ပွားခဲ့ ကြောင်း ရေးမြို့နယ်ရဲစခန်းမှ သိရသည်။

''သေသူ ရဲတပ်သားရဲ့ဘေးမှာ ဝဋ်ကြွေးရှိ ရင် ဒီဘဝဒီမျှသာကျေပါစေ ဘုရားဆိုပြီး စာရွက်နဲ့ရေး ပြီး ချထားတာတွေ့ပါတယ်။ ကျည်ဆံကမေးရိုးကိုဖောက် ပြီး ဦးခေါင်းနောက်စေ့ပွင့်ထွက်သွားခဲ့တာပါ''ဟု ရဲတပ် ကြပ်တစ်ဦးက ပြောသည်။

မိမိကိုယ်ကိုအဆုံးစီရင်သူသည် ရဲတပ်သား အောင်ကိုမြင့်ဆိုသူဖြစ်ပြီး အသက်၂၆နှစ်ရှိကြောင်း၊ ၄င်းသည် ရဲတပ်သား ဆန်းနိုင်ဆိုသူနှင့် ကင်းလဲပြီး နောက် M22 သေနတ်တစ်လက်၊ ကျည် ၂ဝတောင့်နှင့် အတူ ၄င်း၏နေအိမ်လိုင်းခန်းသို့ထွက်သွားခဲ့ပြီး ခဏ အကြာ ၄င်း၏နေအိမ်လိုင်းခန်းအတွင်းမှ သေနတ်သံ တစ်ချက်ကြားသဖြင့် စခန်းမှတာဝန်ရှိသူများသွားရောက် ကြည့်ရှုရာမှ အိပ်ရာပေါ်တွင် ပက်လက်အနေအထား ဖြင့် သေနတ်ပိုက်ပြီး လည်မျိုတွင်သေနတ်ထိမှန်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ် သည်။

အဆိုပါရဲတပ်သား အောင်ကိုမြင့်သည် ၂ဝ၁၄ခုနှစ်စပိုင်းမှစတင်၍ မော်လမြိုင်မြို့ ယာဉ်ထိန်း တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ရေးမြို့မ ရဲစခန်းအပိုင် ဇီးဖြူသောင်ရဲကင်း၌ သေဆုံးခဲ့ခြင်းဖြစ် သည်။

''ရွာမှာတော့ အေးအေးဆေးဆေးပါပဲ။ သူမသေခင် ကျွန်တော်သိရတာက အမေကို သတိရကြောင်း ပြောတတ်တယ်။ နောက်ပြီး အမေနဲ့ပတ်သက်တဲ့ သီချင်းတွေ အမြဲတမ်းဖွင့်ထားတယ်။ သေချိန်မှာတောင် အဲဒီသီချင်း ဖွင့်ရက်သားပါ။ ကျွန်တော် ကြားပါတယ်'' ဟု ဇီးဖြူသောင်ကျေးရွာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရဲတပ်သားအောင်ကိုမြင့်သည် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာဇာတိ ဖြစ်ပြီး အလောင်းအား ရေးမြို့ ပြည်သူ့ဆေးရုံသို့ပို့အပ်ကာ စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့စည်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ မိမိကိုယ်ကို အဆုံးစီရင် မှုကို အမှုဖွင့်လှစ်ထားခြင်းမရှိဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Flower News Journal

ဝါဆိုမိုးဦး သံတမန်တစ်ဦး ဖြစ်ပြီ


အနုပညာသက်တမ်း တစ်လျှောက်တွင် ပထမဆုံး သံ တမန် ခန့်အပ်ခံရခြင်းအဖြစ် ၂၀၁၅ခုနှစ်တွင် ကျင်းပမည့် ရိုးမ- ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်လှုပ်ရှားမှုအတွက် လူမှုကူညီ ထောက်ပံ့ရေးပရဟိတသံ တမန်အဖြစ် ခန့်အပ်ခံခဲ့ရသဖြင့် ပျော်ရွှင်မိကြောင်း သရုပ်ဆောင် ၀ါဆိုမိုးဦးကပြောသည်။ 

‘‘သံတမန်အနေနဲ့ဒါက ပထ မဆုံးပဲ။ ၀ါဆိုလည်း ပရဟိတကို တစ်ခါတလေကျရင် ကူညီဖြစ် တယ်။ မာရသွန်က မနှစ်ကလည်း သွားဖွင့်ပေးတယ်လေ။ အားလုံး နဲ့ခင်လည်း ခင်နေတော့ သံတမန် အနေနဲ့ပါဝင်ပေးပါဆိုလို့ ပါဝင် ဖြစ်တာပါ။ အနုပညာသက်တမ်း တစ်လျှောက်မှာ ပထမဆုံးဆောင် ရွက်ရမှာဖြစ်တဲ့အတွက် အရမ်း ပျော်ပါတယ်’’ဟု ၀ါဆိုမိုးဦးက ပြောသည်။ 

အဆိုပါပြိုင်ပွဲကျင်းပရန် အ ချိန်လိုသေး၍ ပါဝင်ဆောင်ရွက်ရမည့် အသေးစိတ်အချက်အလက် ကို မသိရှိရသေးသော်လည်း အဖွဲ့အစည်း၏ အမိန့်အတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀ါဆိုမိုးဦးကပြောသည်။ 

လူမှုကူညီထောက်ပံ့ရေးပရ ဟိတသံတမန်အဖြစ် ယင်းအဖွဲ့ အစည်းမှ ခန့်အပ်ထား သော လေး ဦးတွင် အနုပညာရှင် သုံးဦးပါဝင် ပြီး ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေ ဇင်ထိုက်၊ အဆိုတော် အမွန်း၊ မော်ဒယ်၊ သရုပ်ဆောင် ၀ါဆိုမိုး ဦးတို့ဖြစ်သည်။ 

၂၀၁၅ ခုနှစ်တွင် တတိယ အကြိမ်မြောက်ပြုလုပ်မည့် ရိုးမ -ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာ ရသွန်အပြေးပြိုင်ပွဲမှ ပထမဆုံး အနေဖြင့် လူမှုကူညီထောက်ပံ့ ရေးပရဟိတသံတမန်များ ရွေး ချယ်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ခန့်အပ် ခံရသူများက အဖွဲ့အစည်းနှင့် အတူ ပရဟိတအပြင် ပြိုင်ပွဲ၏ အခြားလှုပ်ရှားမှုများကို လက်တွဲလုပ်ဆောင်သွားရမည် ဖြစ် ကြောင်း ရိုးမ-ရန်ကုန်အပြည် ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲ၏ ကြေညာချက်အရ သိရ သည်။ 

7Day Daily

ဖလားယူခဲ့သည့် မြန်မာယူ-၁၉ အသင်းအား အာရှဖလားတွင် အောင်မြင်မှုရရန် ပရိသတ်များ အထူးမျှော်လင့်နေ

ဘရူနိုင်းဘုရင့်ဖလား ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့သည့် မြန်မာအသင်း အောင်ပွဲခံနေစဉ် (ဓာတ်ပုံ-မြတ်ကိုမင်း)ဘရူနိုင်းဘုရင့်ဖလား ဆွတ်ခူး၊ မြန်မာ့ဘောလုံး အနာဂတ်အတွက် အလားအလာကောင်းသည့် အသင်းအဖြစ် မျှော်လင့်နေကြသည်။ဘရူနိုင်းဘုရင့်ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဩဂုတ် ၂၃ ရက်က ကျင်းပရာ မြန်မာ ယူ-၁၉ အသင်းက ဗီယက်နမ် ယူ-၁၉ အသင်းကို (၄-၃) ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာအသင်းမှာ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာအသင်းမှာ ပထမပိုင်း၌ ကစားပုံ လိုအပ်ချက်အချို့ ရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် ပုံစံကောင်းရရှိကာ အနိုင်ဂိုးများသွင်းယူပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းမှာ ဆီမီးဖိုင်နယ်တွင် မလေးရှားအသင်းကို အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ အနည်းငယ်ပြုလုပ်ခဲ့ပြီး ခံစစ်ကစားပုံ အမှားယွင်းများခဲ့သောကြောင့် ဗီယက်နမ်အသင်းကို သုံးဂိုးအထိပေးခဲ့ရခြင်းဖြစ်သည်။ ၁၇ မိနစ်တွင် မျိုးကိုထွန်းက မြန်မာအသင်းအတွက် ဂိုးစတင်သွင်းယူ ပေးခဲ့သော်လည်း ၃၉ မိနစ်တွင် ဖန်ဗန်လောင်က ချေပဂိုးနှင့် ၄၇ မိနစ်တွင် ဟောင်ထရန်သီက ဗီယက်နမ်အတွက် ဦးဆောင်ဂိုးသွင်းယူ ခဲ့သောကြောင့် မြန်မာအသင်း အရှုံးမှလိုက်ကစားခဲ့ရသည်။ ၅၈ မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် မျိုးကိုထွန်းက ချေပဂိုးပြန်လည် သွင်းယူပေးခဲ့ပြီး မိနစ် ၆ဝ တွင် ငြိမ်းချမ်းအောင်၏ ဖန်တီးပေးမှုမှတစ်ဆင့် မောင်မောင်စိုးက တတိယဂိုးသွင်းယူပေးခဲ့သည်။ မိနစ် ၇ဝ တွင် ငုယင်ကောင်ဖောင်က ဗီယက်နမ်အတွက် ချေပဂိုးသွင်းယူ ပေးခဲ့သော်လည်း ၈၁ မိနစ်တွင် အောင်သူက မြန်မာအသင်း ချန်ပီယံဖြစ်စေမည့် အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။ 

ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြကစားခဲ့သည့် မြန်မာ ယူ-၁၉ အသင်းမှာ ယခုဗိုလ်လုပွဲတွင် အမှားအယွင်းအချို့ ရှိခဲ့သော်လည်း ချန်ပီယံဆုနှင့် ထိုက်တန်သည့် ခြေစွမ်းမျိုး ပြသနိုင်ခဲ့သည်။ ၂ဝဝ၅ ပြိုင်ပွဲနှင့် ၂ဝဝ၇ ပြိုင်ပွဲတို့တွင် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာအသင်းမှာ ဗိုလ်လုပွဲရလဒ်ဆိုးများကို ချေဖျက်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့ ခြင်းလည်းဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းမှာ လာမည့်အောက်တိုဘာလ အတွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး ယခုပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ ယင်းပြိုင်ပွဲအတွက် များစွာအထောက်အကူ ပြုစေမည်ဖြစ်သည်။

မြန်မာဘောလုံးပရိသတ်များကလည်း မြန်မာ ယူ-၁၉ အသင်းကို မြန်မာ့ဘောလုံး အနာဂတ်အတွက် အလားအလာကောင်းသည့် အသင်းအဖြစ် လက်ခံထားကြပြီး အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

Eleven

၁၁ နှစ်အရွယ် မိမိသမီးအား မကြာခဏလိင်ဆက်ဆံသူကို မတားသည့်အပြင် ကိုယ်ဝန်ရှိလာမှ ငွေညှစ်သောမိခင်

အသက် ၁၁ နှစ်အရွယ်သာ ရှိသေးသည့် သမီးငယ်၏ လိင်မှုကိစ္စကို တားမြစ်ခြင်း မရှိသည့် အပြင် ကိုယ်ဝန် ရှိလာချိန်တွင် ငွေညှစ်ခဲ့သည့် မိခင်ဖြစ်သူကို ရဲတပ်ဖွဲ့ စွဲချက်တင်ကာ စစ်ဆေးမှု ပြုလုပ်လျှက် ရှိသည်။

နယူတန် မြို့တွင် နေထိုင်သည့် အသက် ၃၇ နှစ် အရွယ် မစ္စစ် ဒူးရန့်သည် အသက် ၁၁ နှစ်အရွယ်သာ ရှိသေးသည့် သမီးငယ်နှင့် ယင်းတို့ မိသားစု မိတ်ဆွေ ဂျက်ကော့ဝှိုက်တို့၏ လိင်ကိစ္စများကို သိသော်လည်း မျက်ကွယ်ပြုခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် သမီးငယ် ကိုယ်ဝန်ရှိလာ ခဲ့ချိန်တွင် ဂျက်ကော့ဝှိုက် ကို ငွေညှစ် ခဲ့ခြင်း ဖြစ်သည်။ အသက် ၂၄ နှစ် ရှိပြီဖြစ်သည့် ၀ှိုက်သည် ယင်းထက် အသက်ထက်ဝက်ခန့် ငယ်သူ မိန်းကလေးငယ်နှင့် ပြီးခဲ့သည့် ဧပြီနှင့် မေလများတွင် မိန်းကလေး၏ အိပ်ခန်းအတွင်း တောက်လျှောက် အိပ်စက် ခဲ့ကြခြင်း ဖြစ်သည်။

ရဲမှတ်တမ်းများ အရ မိန်းကလေးက ဂျက်ကော့ဝှိုက်၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို မိခင်ဖြစ်သူထံ ပြောကြားခဲ့ သော်လည်း မိခင်က နားမထောင် ခဲ့ကြောင်း သိရသည်။ ယင်းကိစ္စ အတွက် မစ္စစ် ဒူးရန့်ကို လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်း ထားခြင်း မရှိသေး သော်လည်း သမီးငယ်နှင့် အဆက်အသွယ် မလုပ်ရန် တားမြစ်ထားသည်။

အိမ်နီးချင်း မျက်မြင် သက်သေ တစ်ဦးဖြစ်သည့် ဂေါ်ဒွန်ဂျုံးစ်က ငွေညှစ်ခဲ့သည့် မစ္စစ် ဒူးရန့်၏ အပြုအမူအား အံ့အား သင့်စရာ မရှိကြောင်း ဆိုသည်။ “ဒီလိုဖြစ်တာ ဘာမှ အံ့အားသင့်စရာ မရှိဘူးဗျ။ သူတို့အိမ်လောက် အ၀င်အထွက် ရှုပ်တဲ့အိမ် ရှိမယ် မထင်ဘူး။ လူတွေက ၀င်ချင်တိုင်း ၀င်၊ ထွက်ချင်တိုင်း ထွက်နေကြတာ။ ဘယ်သူက ဘယ်အချိန် ၀င်သွားလဲ၊ အချိန်တော်လား၊ အချိန်မတော်ဘူးလား၊ မသိနိုင်ဘူးဗျ”ဟု ပြောသည်။

မိန်းကလေးမှာ လက်ရှိတွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်ပြီး အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင် ခြင်းကြောင့် အန္တရာယ် ရှိနေသည်။ မိန်းကလေးကို ကိုယ်ဝန်ရှိစေ ခဲ့သူ ဂျက်ကော့ဝှိုက်မှာမူ တတိယအဆင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုဖြင့် တရားစွဲဆို ခံထားရသည်။

Ref: Daily Mail, whotv.com, newtondailynews
Mizzima

ဟင်းအိုးတွင်းမှ မြွေခေါင်းပြတ်ကိုက်၍ စားဖိုမှူး သေဆုံး

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် ဖိုရှန်မြို့ စားသောက်ဆိုင်တစ်ခုတွင် မြွေသား ဟင်းချိုချက်နေ သည့် စားဖိုမှူးအား အိုးအတွင်းမှ မြွေခေါင်းပြတ်က လက်ကိုကိုက်မှုကြောင့် အဆိပ်သင့်ပြီး အာရုံကြောစနစ် ထိခိုက်ပျက်စီးကာ သေဆုံးသွားကြောင်း သိရသည်။ 


စားဖိုမှူးပန်ဖန်းသည် အဆိုပါ အင်ဒိုချိုင်းနားမြွေဟောက်အား အကိုက်မခံရမီ မိနစ် ၂၀ ကျော်ကပင် ခုတ်ဖြတ်ခဲ့ပြီး ချက်ပြုနေစဉ် မြွေ၏ခေါင်းအား အိုးအတွင်းမှ ဖယ်ရှားရန် ဆယ်ယူစဉ် အကိုက်ခံခဲ့ရခြင်း ဖြစ်သည်။ 

ထိုအချိန်တွင် ဆိုင်အတွင်း ဇနီးသည်နှင့်အတူ စားသောက်ရန် ရောက်ရှိနေသည့် အသက် ၄၄ နှစ်အရွယ် လင်ဆင်းက “ကျွန်တော်တို့ ဆိုင်ထဲမှာ စားသောက်နေတုန်း ချက်ပြုတ်ခန်းထဲက စူးစူးဝါးဝါး အော်သံကြား လိုက်ရတယ်။ ခဏနေတော့ ဆရာဝန်ရောက်လာတဲ့အချိန်မှာ စားဖိုမှူး သေဆုံးနေပါပြီ။ ကျွန်တော်တို့လည်း ဆက်မစားနိုင်တော့ဘဲ ပြန်လာကြတယ်” ဟု ပြောကြားသည်။ 

မြွေဟောက်သားဟင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည်ဟု သတ်မှတ်ပြီး ဂွမ်ဒေါင်းပြည်နယ်ရှိ ဈေးကြီး စားသောက်ဆိုင်များတွင် ရောင်းချလေ့ရှိသည်။ အင်ဒိုချိုင်းနားမြွေဟောက်အဆိပ်သည် အာရုံကြောစနစ် အား ထိခိုက်ပြီး အသက်ရှူရပ်တန့်သေဆုံး စေကြောင်း သိရသည်။ 

ရဲအရာရှိတစ်ဦးက “အင်မတန်ဖြစ်ခဲတဲ့ ဖြစ်စဉ်ပါ။ စားဖိုမှူးဟာ အဆိပ်သင့်မသေခင် ပြင်းပြင်းထန်ထန် ခံစားခဲ့ရ ပါတယ်” ဟု ပြောကြားသည်။ 

ြေ
ာက်များအကြောင်း နှစ် ၄၀ ကြာ လေ့လာထားသူ ယန်ဟောင်ချန်က တွားသွားသတ္တ၀ါအား လုံး သည် ၎င်းတို့ ကိုယ်အင်္ဂါအစိတ် အပိုင်းများ အား ဖြတ်တောက်ခံရပြီး တစ်နာရီအထိ တုန့်ပြန်မှု လုပ်ဆောင်နိုင်သေးကြောင်း ပြောကြားသည်။ 
မြေ
ဟာ

“မြွေခေါင်းက အသက်ရှင်နေသေးပြီး စာဖိုမှူးရဲ့ လက်ကို ကိုက်လိုက်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ မြွေ က ခေါင်းပြတ် သွားပေမယ့် သူ့ရဲ့ အာရုံကြောစနစ်က အလိုအလျောက် တုန့်ပြန်မှုတွေ ကျန်နေပါသေး တယ်။ ဒါ့ကြောင့် ဒီမြွေဟောက်က ကိုက်မိသွားတာဖြစ်ပါတယ်” ဟု ယန်ဟောင်ချန် ပြောကြားသည်။ 

အင်ဒိုချိုင်းနားမြွေဟောက်များသည် အရှေ့တောင်အာရှမျိုးရင်းများဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ လာအိုနှင့် မြန်မာနိုင်ငံများတွင် တွေ့ရှိရသည်။ 

Ref:Daily Mail 
Mizzima

စင်ပေါ်တွင်လုပ်ပြသည့် အပြု အမူအချို့မှာ ရိုင်းပျ၍ အရှက် ကင်းမဲ့သည်ဟုဆိုကာ ရှိုးပွဲ ပိတ်ပင်ခံရသော နာမည်ကျော်အဆိုတော်

ဒိုမီနစ်ကန်သမ္မတ နိုင်ငံတွင် ပြုလုပ်မည့် မိုင်လေ ဆိုင်းရပ်စ်ဖျော်ဖြေပွဲမှာ အကျင့် စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြ ချက်ဖြင့် ပိတ်ပင်ခြင်း ခံရသည်။ 

ဒိုမီနစ်ကန်နိုင်ငံ၏ ပြည်သူ့ ဖျော်ဖြေရေးကဏ္ဍကို ကြီးကြပ် သော အစိုးရကော်မရှင်အဖွဲ့ သည် အကျင့်စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် စက်တင် ဘာ ၁၃ ရက်တွင် ပြုလုပ်မည့် မိုင် လေဆိုင်းရပ်စ် ဖျော်ဖြေပွဲကို တား မြစ်ထားသည်ဟု ကြေညာလိုက် သည်။ 

မိုင်လေဆိုင်းရပ်စ်သည် ဒိုမီ နစ်ကန်နိုင်ငံဥပဒေအရ အပြစ် ဒဏ်ထိုက်သော အပြုအမူများကို မကြာခဏ လုပ်လေ့ရှိသော ကြောင့် ၎င်း၏ ဖျော်ဖြေပွဲကို တားမြစ်ခြင်းဖြစ်သည်ဟု အဆိုပါ ကော်မရှင်အဖွဲ့က ပြောသည်။ ဖျော်ဖြေရေး စတိတ်စင်ပေါ်၌ မိုင် လေဆိုင်းရပ်စ်လုပ်ပြသည့် အပြု အမူအချို့မှာ ရိုင်းပျ၍ အရှက် ကင်းမဲ့သည်ဟု ဝေဖန်သူအချို့က ပြောသည်။ 

စက်တင်ဘာလတွင် ဆန်တို ဒိုမင်ဂိုမြို့တော်၌ ပြုလုပ်မည့် မိုင် လေဆိုင်းရပ်စ်ဖျော်ဖြေပွဲ လက် မှတ်ရောင်းဈေးမှာ အမေရိကန် ဒေါ်လာ ၂၇ ဒေါ်လာမှ ဒေါ်လာ ၃၇၀ အထိရှိပြီး ဇူလိုင်လကတည်း က စတင်ရောင်းချလျက်ရှိသည် ဟု သိရသည်။ 

ဖျော်ဖြေပွဲ ပိတ်သိမ်းခံရမှု နှင့်ပတ်သက်၍ မိုင်လေဆိုင်းရပ်စ် ကိုယ်စားလှယ်နှင့် ပွဲစီစဉ်သူများ က မည်သည့်မှတ်ချက်မျှ မပေး သေးပေ။
—Ref: AP 

7Day Daily

စက်တင်ဘာလတွင် ကြေညာမည့် iPhone 6 နှင့် ပတ်သက်ပြီး အသေးစိတ်တည်ပြုချက်များ China Telecom ဆီမှ ထွက်ပေါ်လာ



Apple ရဲ့ iPhone 6 ဟာ လာမယ့် ရက်သတ္တပတ်အတွင်း ထွက်ရှိလာတော့မယ်ဆိုတာကတော့ အားလုံး သိပြီးဖြစ်ပါတယ်။ ဒါပေမယ့်လို့ တကယ်တမ်း ဘယ်လိုဒီဇိုင်းမျိုးဆိုတာကတော့ တိတိကျကျ ထွက်ရှိလာခြင်း မရှိသေးပါဘူး။ ယခုအချိန်မှာတော့ China Telecom ကနေပြီး စက်တင်ဘာလမှ ကြေညာတော့မယ့် iPhone 6 နဲ့ ပတ်သက်တဲ့ အချက်အလက် အသေးစိတ်တွေကို ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ အချက်အလက်တွေဟာ တရုတ်နိုင်ငံရဲ့ နာမည်ကျော်လူုမှုကွန်ယက်တစ်ခုဖြစ်သည့် Weibo ဆီကနေ ရရှိလာတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

နည်းပညာဘလော့ဂ်တစ်ခုဖြစ်သည့် BER ရဲ့ အဆိုအရတော့ china Telecom ရဲ့ သတင်းဟာ Weibo ကနေ ရရှိလာတဲ့ အချက်အလက်တွေကို ရယူပြီး မကြာမီ ကြေညာတော့မယ့် မျိုးဆက်သစ် iPhone ရဲ့ အချက်အလက်တွေ ဖြစ်လိမ့်မယ်လိှု့ဆိုပါတယ်။ အဆိုပါ ဖုန်းအတွင်းမှာ အမျိုးအစားစုံလင်တဲ့ မိုဘိုင်းနက်ဝက်ဘ် တွေအတွက် ပါဝင်ပြီး TDD-LTE, FDD-LTE, WCDMA, CDMA2000, GSM နှင့် CDMA1X တို့အားလုံးအတွက် ပါဝင်ပါတယ်။ အဆိုပါဖုန်းဟာ တရုတ်နိုင်ငံအတွင်းမှာ ရှိတဲ့ နက်ဝက်ဘ်အားလုံးအတွက် unlock အနေနဲ့ မိုဘိုင်းကယ်ရီယာအမြောက်အများကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

iPhone 6 ဟာ အားလုံးမျှော်လင့်ထားတဲ့ ပုံစံအတိုင်း ဒီဇိုင်းအသစ်နဲ့ ပွဲထွက်လာဖွယ်ရှိပြီး မျက်နှာပြင်အကျယ် 4.7 လက်မရှိနိုင်ပါတယ်။ China Telecom ကနေ ထွက်လာတဲ့ ဓာတ်ပုံတွေအရတော့ အဆိုပါဖုန်းကို အရောင် သုံးမျိုး နဲ့ ရရှိနိုင်မှာဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာ ၀ယ်လို့ရနိုင်မယ်လို့ ဆိုပါတယ်။

Ref : Pocket-Lint

လေထဲမှာ 3D ဒီဇိုင်း လက်တန်းဆွဲနိုင်ပြီ


လေထဲမှာ 3D ဒီဇိုင်း လက်တန်းရေးဆွဲနိုင်တဲ့ 3D pen ကို အမေရိကန် အခြေစိုက် ဟမ်မာချာရှလမ်မာ ကုမ္ပဏီက ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ 3D pen ဟာ မင်အစား အေးခဲလွယ်တဲ့ ကော်ရည်ကို အသုံးပြုထားတာပါ။ ဒီဇိုင်းဆွဲချင်တဲ့အခါ 3D penထဲမှာ ကော်ချောင်းထည့်ပြီး စက္ကန့်အနည်းငယ် အပူပေးရပါတယ်။ ကော်ရည်ပျော်လာရင် ခလုပ်နှိပ်ပြီး လေထဲမှာ ကိုယ်လိုချင်တဲ့ပုံစံ ဆွဲနိုင်ပြီး ရေးခြစ်လိုက်တဲ့အခါ ထွက်လာတဲ့ ကော်ရည်က ခဏချင်းအေးခဲသွားမှာဖြစ်ပါတယ်။


ကော်ရည်ပျော်နှုန်း ချိန်ညှိဖို့အတွက် ရေးဆွဲမှုနှုန်း (၃)မျိုး ထည့်သွင်းပေးထားပြီး အမည်း၊ အနီ၊ အ၀ါ၊ အစိမ်း၊ အပြာဆိုတဲ့ ကော်ချောင်းအရောင် (၅)မျိုး အသုံးပြုနိုင်ပါတယ်။ နာမည်ကျော် အဆောက်အဦးတွေကို ပုံစံငယ် ဖန်တီးချင်တဲ့ ဒီဇိုင်းပညာရှင်တွေအနေနဲ့လည်း အဲဒီအဆောက်အဦးပုံကို အရွယ်အစားချုံ ကူးယူပြီး 3D penနဲ့ ကိုယ်တိုင် ပြန်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ လျပ်စစ် ဓာတ်အားသုံး 3D pen အရွယ်အစားဟာ အရှည် ၇.၅လက်မ၊ လုံးပတ် (၁.၅)လက်မ ရှိပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၁၀၀)ပါ။
ရိုးရာလေး

တောင်ငူတွင် မိုဘိုင်းဖုန်းဆိုင်ဝန်ထမ်းတစ်ဦးမှ ငွေဖြည့်ကတ်ကျပ်သိန်း ၂ဝ ကျော်ဖိုးခိုးယူ


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ မိုဘိုင်းဖုန်း လက်လီလက်ကား အရောင်းဆိုင်ရှိ ကြိုတင်ငွေဖြည့်ကတ် အရောင်းတာဝန်ခံ ဝန်ထမ်းတစ်ဦးမှ ဆိုင်ရှိဖုန်းငွေဖြည့်ကတ် ၂၅ဝ၊ တန် ကြေးကျပ် သိန်း ၂ဝဖိုးခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၈ ရက်က တောင်ငူမြို့ အမှတ် (၁၇)ရပ်ကွက် ကုန်သည်ကြီးလမ်းပေါ်ရှိ ဝင်းကမ္ဘာမိုဘိုင်းဖုန်း လက်လီလက်ကားအရောင်းဆိုင် ပိုင်ရှင်ဖြစ်သူသည် ညီတစ်ဝမ်းကွဲ တော်စပ်သူ GSM ၁ဝဝဝဝ ကျပ်တန် ငွေဖြည့်ကတ်နှင့် ၅ဝဝဝ ကျပ်တန် ငွေဖြည့်ကတ်များ ကုမ္ပဏီပေါက်ဈေးထက်သက်သာ၍ ဝယ်ထားကြောင်း ပြောသဖြင့် ၎င်းငွေဖြည့်ကတ်များအား တောင်းယူကြည့်ရှုရာ ၎င်းဆိုင်မှ ပျောက်ဆုံးနေသော elite company မှ ဝယ်ယူထားသည့် ငွေဖြည့်ကတ် Serial-No နံပါတ်များဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ ၍ တောင်ငူမြို့မရဲစခန်းမှ ကတ် ၈ဝ တန်ဖိုးကျပ် ခုနစ်သိန်းအား သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ယင်းမိုဘိုင်းဆိုင်မှ ငွေဖြည့်ကတ်အရောင်းဝန်ထမ်း မခိုင်ယုမွန် (၃၃)နှစ် တစ်ဆင့်ပြန်ရောင်းချပေးသူ မမီးမီး(ခ)မစုစုလှိုင် (၃၅)နှစ်တို့အား ခေါ်ယူစစ်ဆေးရာ ဝန်ခံထွက်ဆိုထားပြီး ဆက်စပ်တရားခံ နှစ်ဦးအား ရမန် ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကြေးမုံသတင်းစာ

ရှီဟိုက်ပြည်သူ့စစ်များ ဗလီအတွင်းရှိ အီရတ်ဆွန်နီဒါဇင်ပေါင်းများစွာကို သတ်ဖြတ်


အီရတ်ရှိဟိုက်ပြည်သူ့ စစ်များသည် ဒီယာလာပြည်နယ်၏ ကျေးရွာ ဗလီတစ်ခု အတွင်းရှိနေသော ဆွန်နီ မွတ်စလင်များကို သောကြာနေ့က စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ ၆၈ ဦးသေဆုံးသွားကြောင်း ပြည်နယ် ရင်ခွဲရုံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref : Reuters

Credit To :Yangon Media Group

လေကြောင်းလိုင်းအခက်အခဲကြောင့် အီဘိုလာသွေးအဖြေစစ်ဆေးရန် အိန္ဒိယဓာတ်ခွဲခန်းသို့ ပို့ဆောင်နိုင်ခြင်းမရှိသေးဟုဆို


အီဘိုလာရော ဂါသံသယလူနာ၏ သွေးအဖြေအား အိန္ဒိယနိုင်ငံရှိ ဓာတ်ခွဲခန်းသို့ပေးပို့ နိုင်ရန်မှာ လေကြောင်းလိုင်းအခက် အခဲရှိနေခြင်းကြောင့် သြဂုတ် ၂၂ရက် အထိ မပေးပို့နိုင်သေးကြောင်း ကျန်း မာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရော ဂါတိုက်ဖျက်ရေးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောသည်။
''သွေးအဖြေပို့ဖို့အတွက်ကို ဒီ နေ့မနက် (သြဂုတ် ၂၂ရက်)အထိ အကြီးအကျယ်ညှိနှိုင်းဆောင်ရွက် နေရဆဲဖြစ်ပါတယ်။ ခရီးသည်တင် လေကြောင်းလိုင်းတွေက ဒီလိုပစ္စည်း တွေကိုမတင်ရဘူးလို့ အပြည်ပြည် ဆိုင်ရာ လေကြောင်းပို့ဆောင်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တှဲု့ဗွှဗ က သတ်မှတ်ညွှန်ကြားထားတော့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကလဲ ကြားထဲက နေပြီးတော့ ဝင်ညှိပေးနေပါတယ်။ ဘယ်လိုပုံစံနဲ့ သယ်ဆောင်သင့်တယ် ဆိုတာကှိုဗွှဗ က ဆုံးဖြတ်လိမ့် မယ်''ဟု ဒေါက်တာထွန်းတင်က ထပ်မံပြောသည်။
အဆိုပါ သွေးအဖြေအား ယူ ဆောင်ထားပြီး မည်သည့်လေယာဉ် ပေါ်သို့ တင်ဆောင်ရမည်ကို စောင့် ဆိုင်းလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအ စိုးရအဖွဲ့အစည်း၊ ဓာတ်ခွဲခန်းမှလည်း စစ်ဆေးခွင့်စသည့် ခွင့်ပြုစာများ လည်း တောင်းထားပြီးဖြစ်ကြောင်း သိရသည်။
''ဒီပစ္စည်းကို လေယာဉ်ပေါ် တင်ဖို့တစ်ခုတည်းပဲ အခက်အခဲ ဖြစ်နေတာ။ တချို့မီဒီယာတွေမှာ ဘယ်နေ့သွေးအဖြေထွက်မယ်ဆို တာတွေက ပို့လိုက်ပြီထင်ပြီး ရက် တွက်ပြီးတော့ ပြောကြတာပါ''ဟု ဆိုသည်။
လေကြောင်းဖြင့် ပို့ဆောင်ခွင့် ရရှိရန်အတွက် IAFA ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ဗဟိုရုံးချုပ်မှ စာ ထုတ်၍ ညှိနှိုင်းနေကြောင်း မြန်မာနိုင် ငံတစ်ခုတည်းသာမက မည်သည့်နိုင် ငံတွင်မဆို ယင်းပစ္စည်းအား ခရီး သည်တင်လေယာဉ်များမှ တင် ဆောင်ခွင့်မရှိကြောင်း သိရသည်။
အီဘိုလာ သံသယလူနာ၏ လက်ရှိကိုယ်အပူချိန်မှာ ပုံမှန်အခြေ အနေရှိနေပြီး ကျန်းမာရေးတိုးတက် ကောင်းမွန်လာပြီဖြစ်ကြောင်းသိရ သည်။
''တကယ်တမ်း အီဘိုလာရော ဂါဆိုရင်တော့လဲ သူ့ရဲ့ရောဂါဖြစ်ပွား တဲ့အနေအထားတွေ ရောဂါလက္ခ ဏာတွေက ပိုပိုပြီးတော့ ဆိုးလာမှာ ပေါ့။ ကုသမှုအောင်မြင်တယ်ဆိုရင် တော့လဲ တစ်မျိုးပေါ့။ အဲဒါဆိုရင် ရောဂါလက္ခဏာတွေ သက်သာလာ မယ်။ ကုသမှုမအောင်မြင်သေးဘူး ဆိုရင်လဲ ရောဂါလက္ခဏာ ပိုဆိုးလာ မယ်ပေါ့''ဟု ယင်းကဆက်လက်ပြော သည်။
ယင်းလူနာသက်သာပျောက် ကင်းသွားမည်ဆိုပါက သွေးအဖြေ လွှာယူ၍ လူနာသည် အီဘိုလာ ရောဂါဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုသည် ကို ဆုံးဖြတ်ပေးနိုင်ရန် လိုအပ်သေး ကြောင်း သိရသည်။
''သွေးအဖြေပို့ဖို့အတွက်ကို ကျွန်တော်တို့ ကြိုးစားဆောင်ရွက် နေပါတယ်။ အဲဒီပစ္စည်းကို လေ ကြောင်းလိုင်းပေါ်တင်လို့ရပြီဆို တာနဲ့ ဘယ်တော့အဖြေရမယ်ဆို တဲ့ရက်ကို တွက်လို့ရပြီ၊ ဟိုဘက်မှာ ကအဆင်သင့်ပဲ၊ စာတွေလဲ ပို့ပြီး သွားပြီ၊ ဓာတ်ခွဲခန်းကိုလဲ ဆက်သွယ် ပြီးပြီ'' ဟုဒေါက်တာထွန်းတင်က ပြောသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူး စက်ဖြစ်ပွားနေသောနိုင်ငံများ၊ အ ထူးသဖြင့်(အနောက်အာဖရိကနိုင် ငံများ)သို့ သွားရောက်ခဲ့သူများ (သို့မ ဟုတ်) နိုင်ငံတကာခရီးသွားသူများ၊ ကူးစက်မြန်အီဘိုလာရောဂါလူနာ အား တိုက်ရိုက်ပြုစုကုသထိတွေ့ ကိုင်တွယ်ခဲ့သူများ၊ ရောဂါရှိသော တောရိုင်းတိရစ္ဆာန်များအား ထိတွေ့ ကိုင်တွယ်သူများတွင် ဖျားခြင်း၊ အား အင်ချည့်နဲ့ခြင်း၊ ကြွက်သားများ နာ ကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အ ရည်ဝမ်းသွားခြင်း စသည်တို့ဖြစ် တတ်ကြောင်း သိရသည်။
''ဒီလူနာက အဓိကကတော့ ငှက်ဖျားရောဂါဖြစ်နေတယ်။ အဲဒီ တော့ အီဘိုလာမဖြစ်ဖို့တော့များ တယ်။ အခုငှက်ဖျားရောဂါကုသလို့ လဲ သက်သာနေပြီးဆိုတော့ ကျွန် တော့်အထင် သိပ်ပြဿ နာမရှိလောက် ပါဘူး'' ဟု မြန်မာနိုင်ငံ ဆရာဝန်အ သင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရဲမြက ပြောသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါပိုး သည် အသည်းနှင့်ကျောက်ကပ်များ၊ ပျက်စီးနိုင်သဖြင့် ခန္ဓာကိုယ်အတွင်း နှင့်အပြင် သွေးယိုထွက်မှုရှိခြင်းကြောင့် အသက်အန္တရာယ်ဖြစ်နိုင်ကြောင်း၊ ရောဂါပိုးရှိသောသူ (သို့မဟုတ်)တိ ရစ္ဆာန်၏ တံတွေး၊ သွေး၊ ခန္ဓာကိုယ်မှ ထွက်သော အရည်တို့နှင့် တိုက်ရိုက် ထိတွေ့ကိုင်တွယ်ခြင်း၊ အဆိုပါသွေး နှင့်ခန္ဓာကိုယ်မှ အရည်များ ထိတွေ့ ထားသော အရာဝတ္ထုများနှင့် ထိတွေ့ ကိုင်တွယ်ခြင်းတို့မှ ကူးစက်နိုင် ကြောင်း သိရသည်။
MTZ

ကြက်သွန်နီကို များများစားပါ


ကြက်သွန်အနီနှင့် အဖြူဆိုပြီး နှစ်မျိုးရှိရာ ကြက်သွန်နီ အကြောင်း အနည်းငယ် ပြောပြပါရစေ။
ကြက်သွန်နီဟာ လူတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိပါတယ်။ အဲဒါတွေ ကတော့ လူတွေ ဝမ်းဗိုက် အတွင်းထဲမှာ
ဖြစ်စေတဲ့ ကင်ဆာရောဂါ တွေကို ကာကွယ်ပေးနိုင် ပါတယ်။ဒါ့အပြင် ကိုလက်စရော ဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိလို့ အဝလွန်
သူများ စားသင့်ပါတယ်။ တုပ်ကွေးရောဂါများ ဖြစ်ပါတယ် ကြက်သွန်နီကို မှီဝဲပေးပါက သက်သားစေနိုင်ပါတယ်။
ဒါတင် မကသေးပါဘူး ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ သွေးတွေ အတွက် ကောင်းမွန်စေ ပါတယ်။
အသားအရေ အတွက် ကောင်းမွန်စေ တာကြောင့် အမျိုးတွေ စားသင့်ပါတယ်။
ဒီလို အချက်တွေကြောင့် ကြက်သွန်နီကို ဟင်းချက်ရာတွင် မပါမဖြစ် ထည့်ချက်သင့်ပါတယ်။

ခင်ပွန်းဟောင်းမှ မကျေနပ်၍ မြို့ လည်ခေါင် ဓားဖြင့် ထိုး


ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဈေးပိုင်းရပ်တွင် သြဂုတ်လ ၂၀ ရက်နေ့ ၊ နံနက် ၈ နာရီ အချိန် တွင် ခင်ပွန်းဟောင်းဖြစ်သူမှ ဓားထိုးမှု့ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက် ရွှေကျွန်း ဟိုတယ် ရှေ့လမ်းပေါ်တွင် ခင်ပွန်းဟောင်းဖြစ်သူ မျိုးမင်းသန့်မှ ဇနီးဟောင်းအား အသင့်ပါလာသော အရိုးအသွား ၁၅ လက်မခန့်ရှိ ဓါးဖြင့် (၄)ချက်ခန့် ထိုးသွင်းခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ ပို့ဆောင်စဉ် သေဆုံးခဲ့သည် ဟုရဲစခန်း ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူ အမျိုးသမီးအား သြဂုတ်လ ၂၁ ရက်နေ့ မနက်တွင် တိုင်းရင်းသား သုသာန်သို့ မီးသဂျိုခဲ့ကြောင်း လိုက်လံ ပို့ဆောင်ပေးခဲ့သူ မမီးမီးက ပြောဆိုသည်။

ဓားဖြင့် ထိုးသူ ခင်ပွန်းဟောင်း နှင့် သေဆုံးသူ အမျိုးသမီးတို့ တွင် ၃ နှစ်အရွယ် ကလေးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ဓါးဖြင့် ထိုးသတ်ခဲ့သူ မှ ၄င်းကိုယ်တိုင် ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ပြီး တောင်ကြီးမြို့ ၊ အမှတ် ၁ မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ရဲထုတ်ပြန်ချက်အရ သိရသည် ။

တောင်ကြီးဂျာနယ်

ဇာထိုးပန်းထိုး အိမ်တွင်းမှုလုပ်ငန်း ဝါယာရှော့ ဖြစ်ကာ မီးလောင်မှုဖြစ်


၂၁.၈.၂၀၁၄ရက်နေ့ ၁၆၃၅အချိန် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ ဦးဖိုးလတ်လမ်းရှိ နေအိမ်တစ်အိမ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အား ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်နေ ကိုဇော်မျိုးသန့်မှ ငှားရမ်းနေထိုင်ပြီး ဇာထိုးပန်းထိုး အိမ်တွင်းမှုလုပ်ငန်း လုပ်ကိုင်လျက်ရှိရာ ၎င်းလုပ်ငန်းခွင်တွင် အသုံးပြုသော လျှပ်စစ်မီးပူ ဝါယာကြိုး အပူရှိန်လွန်ကဲ၍ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ် (၁၁)စီးရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၇၀၀အချိန်တွင် မီးငြိမ်း သွားခဲ့ပါသည်။

မီးလောင်မှုကြောင့် ဇာထိုးပန်းထိုးစက် (၂)လုံး၊ အဝတ်အထည်များနှင့် မျက်နှာကျက် အထပ်သားများ ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။

ယင်းသို့ လျှပ်စစ်မီးပေါ့ဆစွာအသုံးပြုသူ ကိုဇော်မျိုးသန့်အား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်း(ပ) ၄၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လီဗာပူးလ်သို့ မပြောင်းရွှေ့မီ မီလန်အသင်းဖော်များကို ဘာလော့တယ်လီ နှုတ်ဆက်


လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဟု သတင်းများ ထွက်ပေါ်နေချိန်၌ မာရီယို ဘာလော့တယ်လီက အေစီမီလန် အသင်းကို နှုတ်ဆက်စကား ပြောဆိုခဲ့ကြောင်း သိရှိရသည်။

အီတလီ စီးရီးအေ ကလပ်အသင်းသည် အသက်(၂၄)နှစ်ရှိ တိုက်စစ်မှူးအတွက် လီဗာပူးလ်က ယူရို (၂၈)သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းမှုကို ကနဦးအဆင့် လက်ခံထားပြီဟု သတင်းများက ဖော်ပြခဲ့ကြသည်။ အီတလီ လက်ရွေးစင် တိုက်စစ်မှူးကလည်း ယင်းအခြေအနေတွင် မီလန်အသင်းဖော်များကို လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ ဘာလော့တယ်လီ ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်တွင် ကစားလိုခြင်းကြောင့် လီဗာပူးလ်၏ ကမ်းလှမ်းမှုအပေါ် လိုလိုလားလား ရှိနေကြောင်း သတင်းများက ဆိုသည်။

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် ဘာလော့တယ်လီ၏ ယခင် အမူအကျင့်ဆိုးများကို ဆင်ခြင်ဖယ်ရှားရန် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ဘာလော့တယ်လီသည် ကြာသပတေးနေ့ထိ မီလန်နှင့်အတူ လေ့ကျင့်ခန်း ဆင်းနေဆဲ ဖြစ်သော်လည်း ၎င်း၏အေးဂျင့် မိုင်နို ရိုင်အိုလာသည် အင်္ဂလန်သို့ ရောက်ရှိနေကာ အပြောင်းအရွှေ့ ကိစ္စအတွက် ဆက်လက် ဆွေးနွေးလျှက် ရှိသည်။ မီလန်အသင်းက “ဘာလော့တယ်လီဟာ မီလန်အားကစား စင်တာကနေ ညနေပိုင်းက ထွက်ခွာသွားတဲ့နောက် အသင်းဖော်တွေကို နှုတ်ဆက်သွားပါတယ်။ အဲဒီအပြင် မီလန်အသင်းရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ အဖွဲ့ကိုလည်း နှုတ်ဆက်စကား ပြောသွားခဲ့ပါတယ်”ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
soccer myanmar