အားနည်းချက်တွေကို ပြုပြင်သွားမယ့် ဆောင်းယွန်းစံ


ကာရိုက်တာ အေးအေးလေးတွေနဲ့ တွေ့ရတတ်တဲ့ သရုပ်ဆောင် ဆောင်းယွန်းစံက ကာရိုက်တာပိုင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မှုပိုင်းမှာ အားနည်းနေသေးကြောင်း ပြောပြခဲ့ပါတယ်။ “ညီမကို ပရိသတ် တော်တော်များများက သရုပ်ဆောင် ကောင်းလာပြီလို့ ပြောကြပေမယ့် ညီမဘက်က အိုက်တင်ပိုင်းမှာ အများကြီး ကြိုးစားဖို့ လိုအပ်ပါသေးတယ်။ နောက်ပိုင်း ဘယ်လို အိုက်တင်ပဲ ဖြစ်ပါစေ မျက်နှာအနေအထားက အရမ်းအရေးကြီးလို့ ညီမယူဆတယ်။ အဲဒါကြောင့် ညီမဘက်က အနုပညာတွေကို တင်ဆက်နိုင်အောင် အများကြီး ကြိုးစားနေပါတယ်။ နောက်ပြီး ညီမဘက်က အခြားလိုအပ်တဲ့ သရုပ်ဆောင်ပိုင်းတွေကိုလည်း ပြင်ဆင်သွားမှာပါ။ ရှေ့မှာလည်း သရုပ်ဆောင် ထားတာတွေ ရှိပေမယ့် နောက်ထပ်လုပ်ခွင့်ရမယ့် အရာတွေမှာလည်း ဖြည့်စွက်ပြီး လုပ်ဆောင်သွားမှာပါ”လို့ ပြောပြခဲ့ ပါတယ်။ လက်ရှိမှာတော့ ဗီဒီယိုကားအချို့ ရိုက်ကူးထားကာ ဒါရိုက်တာ ရွှေပြည်ကတုံး ရိုက်ကူးမယ့် “ချစ်ခြင်းကို မခွဲပါနဲ့” ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အိချောပို တို့နှင့်အတူ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။


The Messenger

0 comments:

Post a Comment