မိမိရဲ့အလှအပကို သဘာဝအတိုင်း ထိန်းသိမ်းခဲ့တဲ့ ၅၉နှစ်အရွယ် နာမည်ကြီးမော်ဒယ်လ်


ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကြီးဟာ အသက် ၅၉ နှစ်အရွယ် ဖက်ရှင်မော်ဒယ်လ်တဦးဖြစ်တဲ့ Yasmina Rossi ဆိုသူပါ။ သူမဟာ Marks & Spencer ၊ Hermes နဲ့ Macy’s စတဲ့ နာမည်ကြီးထုတ်ကုန်ပစ္စည်း တော်တော်များများရဲ့ မော်ဒယ်လ်တဦးလည်းဖြစ်ပါတယ်။ Rossi ဟာ ၁၉၅၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ မွေးဖွားခဲ့တယ်ဆိုပေမယ့် Corsica ဆိုတဲ့ကျွန်းမှာ ကြီးပြင်းလာခဲ့သူပါ။



သူမကိုမြင်တဲ့သူတိုင်းက သူမရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးကို သူမ ဘယ်လို ထိန်းသိမ်းပြု ပင် သလဲဆိုတဲ့ လျို့ဝှက်ချက်ကို အလွန်ပင်သိချင်နေကြတာပါ။ ဒါကို သူမက “သူ့မှာ ကြီးကြီးမားမား လျို့ ၀ှက်ချက် မရှိပါဘူး” လို့ Sunday Times’ Style မဂ္ဂဇင်းမှာ ဖြေကြားခဲ့ပါတယ်။



“အခုလို ခေတ်ဆန်ဆန်လှပနေတဲ့သူဖြစ်မလာခင်မှာ ကျမအနေနဲ့ အော်ဂန်းနစ်အစားအစာမှန်သမျှကို ကြာရှည်စားသုံးလာခဲ့တာပါ။ ကျမရဲ့ ဆံပင်တွေကို မုန်းညင်းဆီ ထည့်ပါတယ်။ တပတ်ကိုတကြိမ် သံလွင်ဆီ နောက်ပြီး ကောင်းမွန်တဲ့ သကြားတို့နဲ့ ကျမရဲ့အသားအရည်ကို ချေးချွတ်တာတို့ ပွတ်တိုက်တာ လုပ်ဖြစ်ပါ တယ်။ နောက် အရေးပြားကိုလည်း အဆီသုတ်လိမ်းပေးပါတယ်။ တနေ့ကို ထောပတ်သီးတလုံး နဲ့ အော် ဂန်းနစ် အသားတွေ ငါးတွေကို စားဖြစ်ပါတယ်” လို့ Rossi က သူ့ရဲ့ လှပခြင်း လျို့ဝှက်ချက်ကို ပြောပြသွားပါတယ်။




Ref: NRJ Lebanon 99.1fm
ဧရာဝတီ

0 comments:

Post a Comment