စကိတ်စီးပြီး ကား( ၅၃) စီးအောက်ထဲ ဖြတ်သန်းပြခဲ့တဲ့ ကလေးငယ်


အသက်ရှစ်နှစ်သာ ရှိသေးသော်လည်း အံ့အားသင့်စရာ စွမ်းဆောင်ရည်ကြောင့် ဂင်းနစ်စံချိန်ဝင်ရန် မျှော်လင့်နိုင်တော့မည် ဖြစ်သည်။ အိန္ဒိယနိုင်ငံသား ပါရာဆက်သည် မြေကြီးနှင့် ( ၇) လက်မသာ ကွာသည့် ကား( ၅၃) စီးအောက်ကို စကိတ်စီးပြီး ဖြတ်သန်းပြခဲ့သည်။ Limbo စကိတ်စီး ကစားသမား ပါရာဆက်သည် တီယူပါတီ အရပ်ဒေသမှာ နေထိုင်ပြီး မီတာ (၁၀၀) အရှည်ရှိသည့် ကား( ၅၃)စီး တန်းစီရပ်ထားခြင်းကို ဖြတ်သန်းပြခဲ့ခြင်း ဖြစ်သည်။ ယခင်စံချိန်မှာ မီတာ(၃၀)သာ ဖြစ်သည်။ ပါရာဆက်သည် ယင်းသို့ ပြုလုပ်ရန် အတွက် အချိန် ( ၂၂ ဒသမ ၅၉ ) စက္ကန့် အချိန်ယူခဲ့ရသည်။


ပါရာဆက်သည် ငယ်စဉ်ကတည်းက စကိတ်စီးခြင်းကို ၀ါသနာပါခဲ့သည်။ မိသားစုကလည်း အားပေးခဲ့သောကြောင့် ကျောင်းမှ ပြန်ရောက်သည့် အခါတိုင်း လေ့ကျင့်ခဲ့သည်။ ဖခင်ဖြစ်သူက သားဖြစ်သူ ပါရာဆက်ကို သင်ကြားပေးခဲ့ပြီး စွမ်းဆောင်မှုများကို ဗီဒီယိုရိုက်ကာ ပြန်ပြလေ့ရှိသည်။ အကြိမ်ကြိမ် လေ့ကျင့်ခဲ့ခြင်းကြောင့် ပါရာဆက်သည် စံချိန်များကို ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

The Messenger

0 comments:

Post a Comment