သရုပ်ဆောင်ပိုင်းကူးမယ့် နန်းစန္ဒာလှထွန်း


Miss Myanmar 2nd Runner Up ဆုရှင် နန်းစန္ဒာလှထွန်းက သူမအနေနဲ့ သရုပ်ဆောင်ပိုင်းကို ကူးဖို့အတွက် ပြင်ဆင်နေပါတယ်လို့ ပြောပြခဲ့ပါတယ်။ “ညီက အခုအချိန်မှာ ကင်မရာနဲ့လည်း မစိမ်းတော့ပါဘူး။ ထိုက်သင့်တဲ့ ပရိသတ်လည်း ရှိပြီဆိုတော့ သရုပ်ဆောင်ပိုင်းကူးဖို့ ကြိုးစားနေပါပြီ၊ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သင်တန်းတွေ မတက်ခဲ့ရပေမယ့် အိမ်မှာ လေ့ကျင့်တာမျိုးတွေ နောက်ပြီး MTV အတွေ့အကြုံလည်း ရှိပြီဆိုတော့ သရုပ်ဆောင်ပိုင်းကူးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ညီမအခွင့်အရေး ရခဲ့မယ်ဆိုရင်တော့ သရုပ်ဆောင် ကြည့်ချင်ပါတယ်။ အဲဒီအတွက် အနုပညာဝမ်းစာကို တတ်နိုင်သလောက် ဖြည့်ထားပါတယ်။ ကိုယ်တိုင်လည်း ၀ါသနာ ပါတယ်။ Miss ပြိုင်ပွဲတွေကလည်း အတွေ့အကြုံကောင်းတွေ ရခဲ့သလို သရုပ်ဆောင်ပိုင်းမှာလည်း ရချင်ပါတယ်။ တကယ်လို့ ဇာတ်လမ်း ရိုက်ခွင့်ရမယ်ဆိုရင် ဒရာမာလေးတွေကို ရိုက်ချင်ပါတယ်”ဟု ပြောပြခဲ့ပါတယ်။ နန်းစန္ဒာလှထွန်းသည် လက်ရှိတွင် Photo တွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်။


The Messenger

0 comments:

Post a Comment